အမှန်တရားရဲ့ ဘက်တော်သား (၁၄)
~~~~~~~~~~~~~~~~~~~~~~~~~~~~~ယဉ်ကျေးမှုပွဲတော်က တဖြည်းဖြည်း နီးကပ်လာပြီ။ အားကစားကွင်းကို နေ့တိုင်း လှည်းကျင်းရမယ်ဆိုတဲ့ အပြစ်ဒဏ်ရက်စေ့မယ့်နေ့လည်း တဖြည်းဖြည်း နီးကပ်လာပြီ။ အဲ့အချိန်အတောတွင်းမှာ ချန်ယန် လုံးဝ ပေါ်မလာခဲ့ဘူး။ ကမ္ဘာပေါ်ကနေ အငွေ့ပျံသွားခဲ့တဲ့အတိုင်းပဲ။
"အာ... ရီဟာဇယ်ကြီး ပြီးသွားခဲ့ပြီ..."
"သွားရအောင် မုန့်သွားစားကြမယ်... ငါ ဗိုက်ဆာနေပြီ...!"
"နင် စိတ်လှုပ်ရှားနေတာလား...?"
"ဟေ့အေး မလှုပ်ရှားဘူးဟယ်..."
ရီဟာဇယ်ပြီးသွားတဲ့ ကျောင်းသား ကျောင်းသူတွေအကုန် တစ်ယောက်ပြီးတစ်ယောက် ပြန်ကုန်ကြတယ်။ မင်ရှုနဲ့ သူ့အတန်းဖော်တွေကတော့ ဆက်ဇာတ်တိုက်နေတုန်းပဲ။ တစ်ယောက် နောက်ကျနေလို့လေ။
သူတို့ ဇာတ်တိုက်လို့ ပြီးတဲ့ အခါကျတော့ ကျန်တဲ့ ကျောင်းသားတွေအကုန်ပြန်သွားနှင့်ကြပြီ။
"မုန်းမုန်း မြန်မြန်လာ... ငါ နင့်ကို အစားအသောက်ကောင်းတွေ လိုက်ဝယ်ကျွေးမလို့..." ပြဇာတ်ဝတ်စုံတောင် မချွတ်ရသေးတဲ့ မင်ရှုကို ဆွဲခေါ်ရင်း ယဲ့မြောင်းမြောင်း ပြေးထွက်လာတယ်။
'အစားအသောက်ဆိုပဲ...!'
မင်ရှု မျက်လုံးတွေ ချက်ချင်း အရောင်တောက်သွားတော့တာပေါ့။ ဒါပေမဲ့ သူ ယဲ့မြောင်းမြောင်းကို တားထားပြီး အဝတ်အစားအရင်လဲတယ်။ အဲ့ဒါကြီးဝတ်ပြီး အပြင်ထွက်ရင် သူ့ကို လူတွေ အရူးထောင်ဝိုင်းပို့ကြမှာစိုးလို့။
ယဲ့မြောင်းမြောင်းက ကျောင်းနားက ဟော့ပေါ့ဆိုင်တစ်ဆိုင်ဆီ မင်ရှုကို ခေါ်သွားတယ်။
ဒီဆိုင်မှာ သူတို့ လာစားဖူးတာ ဒါ ပထမဆုံးပဲ။ ယဲ့မြောင်းမြောင်းလည်း ဘာမှာလို့ မှာရမှန်း သိပ်တော့ သိမနေဘူး။ ဒီတော့ သူ အစပ်ကဲကဲဘက်ကို မှာလိုက်တယ်။ ရလဒ်အနေနဲ့ စားရင်းသောက်ရင်း သူ ပူလောင်နေတော့တာပဲ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...