အမှန်​တရားရဲ့ ဘက်​တော်​သား (၂၇)

2.7K 513 4
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၇)
~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ့ဒီသောကြာနေ့ ညနေခင်းမှာ အကြမ်းဖက်​မှု နှိမ်​နင်းတိုက်​ဖျက်​ရေး ဌာနဘက်​ကနေ e mail တစ်​စောင်​ လက်​ခံရရှိခဲ့တယ်​။ အထက်​တန်းကျောင်းတစ်​ကျောင်းရဲ့ ဂျူနီယာတန်း စာကြည့်​တိုက်​ထဲမှာ ချိန်​ကိုက်​ဗုံးသုံးလုံး ထောင်​ထားပါတယ်​ဆိုပြီး၊ ည ဆယ်​နာရီမှာ ဒီဗုံးပေါက်​ကွဲမှာပါဆိုပြီး စာထဲမှာ ပါတယ်​။

ဒီတော့ အကြမ်းဖက်​မှု နှိမ်​နင်းတိုက်​ဖျက်​ရေးဘက်​ကနေ စာကြည့်​တိုက်​ကို ဝိုင်းထားဖို့ ရဲတွေကို ညွှန်​ကြားတော့တယ်​။

စာကြည့်​တိုက်​ထဲမှာ စာလေ့လာနေကြတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ရဲတွေက ထွက်​သွားစေတယ်​။ စာကြည့်​တိုက်​ကြီး တစ်​ခုလုံး ရှာပြီးတာတောင်​ စာထဲမှာ ဖော်​ပြထားတဲ့ ဗုံးနှစ်​လုံးကိုပဲ ရှာတွေ့တယ်​။ နောက်​တစ်​လုံးကို မတွေ့သေးဘူး။

ရှာဖွေရေးအတောအတွင်းမှာပဲ လက်​နက်​ကိုင်​ရဲသားတစ်​ယောက်​က မြေအောက်​ခန်းကို ဆင်းတဲ့ လမ်းတစ်​ခု တွေ့သွားတယ်​။ အဲ့ဒီမြေအောက်​ခန်းဟာ သူ ခန့်​မှန်းထားတာထက်​ကို အတော်​လေး ကျယ်​နေတာပဲ။ သူလည်း အထက်​အရာရှိကို ချက်​ချင်း သတင်းပို့ တင်​ပြခဲ့တယ်​။

မြေအောက်​ခန်းထဲမှာ ကျောင်းသားကျောင်းသူတွေတင်​ ရှိနေတာ မဟုတ်​ဘူး။ ကြေးရတတ်​ သူဌေးကြီးတွေ၊ ရာထူးကြီးကြီး အကောင်​ကြီးတွေ အဝတ်​အစား မလုံမလဲတွေ ဖြစ်​နေတာပါ တွေ့တော့တယ်​။ အတော်​လေးကို အသေးစိတ်​ကျကျ ပြင်​ဆင်​မွန်းမံထားတဲ့ အခန်းတွင်း အပြင်​အဆင်​ဒီဇိုင်းတွေရယ်​က အားလုံးကို အံ့သြမဆုံးဖြစ်​သွားရစေတယ်​။

အကြမ်းဖက်​မှုနှိမ်​နင်းရေးအဖွဲ့ခွဲလည်း အခြေအနေက အရေးကြီးနေ၊ ပြင်းထန်​နေတာကို သဘောပေါက်​သွားပြီး သူတို့ အထက်​ကို ပြန်​တင်​ပြတော့တယ်​။ အသက်​မပြည့်​သေးတဲ့ ကလေးသူငယ်​တွေ ပါဝင်​ပတ်​သက်​နေပါတယ်​ပေါ့။ မြို့တော်​ကလာတဲ့ စစ်​ဆေးရေးအဖွဲ့ မပြန်​သေးတာနဲ့လည်း ကြုံကြိုက်​နေပြန်​တယ်။ ဒီသတင်းကြားတာနဲ့၊ သူတို့က အထူးတပ်​ဖွဲ့တစ်​ဖွဲ့ ချက်​ချင်း စေလွှတ်​တယ်​။ အကောင်းဆုံး အတော်​ဆုံး စုံထောက်​တွေ လွှတ်​ပြီး စစ်​ဆေးစေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now