ရှုမငြီးသော နတ်ဆေးရှင် (၁)
~~~~~~~~~~~~~~~~~~~~~~#ကုန်းမြေတိုက်ကြီး အထူးသတင်း: ကျစ်ပေါ်တစ်ယောက် မကျေနပ်တာရှိတိုင်း အရူးထဖောက်နေပြန်ပြီ#
နောက်တော့ မင်ရှုနဲ့ ချန်ယန်တို့ နှစ်ယောက်စလုံး ကိုယ့်ဘဝနဲ့ကိုယ် သီးသန့်ပဲ နေတော့တယ်။ တစ်ယောက်ကို တစ်ယောက်လည်း လိုက် မပတ်သက်တော့ဘူး။ ချန်ယန်ကတော့ တစ်သက်လုံး အိမ်ထောင် မပြုရှာဘူး။ တစ်သက်လုံးလို့ အတိအကျတော့ ပြောလို့မရပေမဲ့ မင်ရှု အဲ့ဒီလောကကနေ ထွက်သွားတဲ့ အထိတော့ ချန်ယန်ဟာ လူပျိုလူလွတ်ဖြစ်နေဆဲပါပဲ။
အဲ့ဒီ့လောကမှာ မင်ရှုက ယာဉ်မတော်တဆမှုကြောင့် သေသွားတာ။ ကားအစင်းပေါင်းများစွာ ဆင့်တိုက်တဲ့ မတော်တဆမှု။ သူ အသက်ရှင်ကျန်နေအောင် ရှောင်လို့ ရကောင်းရနိုင်မှာ ဖြစ်ပေမဲ့ သူ့မြင်ကွင်းရှေ့ကို အဖြူရောင်အလင်းတွေ ရုတ်တရက် စူးထိုးလာလို့။ နောက်တော့ တိမ်ဖြူဖြူ အခန်းကျယ်ထဲ သူ ပြန်ရောက်သွားခဲ့တယ်။
စိတ်ပျက်စရာ မကောင်းလွန်းဘူးလား။
[လုမုန်းရဲ့ ရှိရင်းစွဲ သက်တမ်း ကုန်လွန်သွားလို့ပါ] Harmony System ကြီးက ရှင်းပြရှာတယ်။
မင်ရှု မျက်လုံးမှာတော့ အပြုံးတွေ အဝေမပျက်ပါပဲ။ "နောက် နောက် နောက် ဘဝတွေကျရင် သုံးစားမရတဲ့ တစ်ဖက်သက်လာကြိုက်တဲ့ ကောင်တွေ ထည့်မထားပါနဲ့တော့လား...?" ပိုအဓိကကျတာက သူတို့တွေ တစ်ဖက်သက်ကြိုက်တာဟာ မင်ရှုကို ကြိုက်တာတောင် ဟုတ်မနေဘူး။
'နင် ငါ့ကို ဘာထင်နေတာလဲ၊ ငါက ဘာလဲ၊ အမှိုက်ကျုံးသမားလား...'
[အဲ့ဒါကတော့ ကျွန်ုပ် လုပ်ပိုင်ခွင့်ကို ကျော်လွန်နေလို့ပါ] ဇာတ်ကောင် ဇာတ်ရုပ်တိုင်းမှာ အခြေအနေတစ်ခုရှိတယ်။ ဘဝဇာတ်ကြောင်းရှိတယ်။ ဒါကို သွားပြောင်းလဲလို့ မရဘူး။
တိမ်ဖြူရောင် ဖန်သားပြင်ကြီး ပေါ်လာပြန်တယ်။
အမည် : မင်ရှု
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...