ရှုမငြီးသော နတ်​ဆေးရှင်​ (၃၉)

1.5K 333 14
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၉)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှု အဝတ်​အစားတွေ အကုန်​လုံး သွေးတွေ စိုရွှဲနစ်​ကာ စွန်းထင်းနေတယ်​။ အတွင်းဝတ်​တွေအထိကို နီရဲနေတာပဲ။ သူတို့ တောင်​ခြေကို ပြန်​ဆင်းလာတော့ ဟွေ့ရွှယ်​ မင်​ရှု ပုံကို ကြည့်​ပြီး သိပ်​စိုးရိမ်​နေရတော့တာပဲ။

နောက်​တော့ သူမ မင်​ရှု ဒဏ်​ရာမရတာကို အတည်​ပြုပြီးတော့မှ ရင်​ဘတ်ထဲ တစ်​နေတဲ့ အလုံးကြီး ပြန်​ကျသွားသလို ခံစားရလေတယ်​။

ဟွေ့ရွှယ်​ ပြင်​ဆင်​ပေးတဲ့ အဝတ်​အစားအသစ်​တွေကို မင်​ရှု လဲဝတ်​လိုက်​ပြီး ရှောင်းရုဖုန်းကို ဝိညာဉ်​သားရဲတစ်​အုပ်​ဆီ ဆွဲခေါ်သွားခဲ့တယ်​။ ပြီးတော့ သူမကို အဲ့ဒီ သားရဲကောင်​အုပ်​ထဲ ပစ်​ထည့်​လိုက်​သတဲ့။

အဲ့သလို အန္တရာယ်​များနေတဲ့ အခြေအနေမှာတောင်​ ဇာတ်​လိုက်​ အရှိန်​အဝါရဲ့ ကာကွယ်​ပေးမှုကြောင့်​လားမသိ၊ ရှောင်းရုဖုန်းဟာ သားရဲကောင်​တွေရဲ့ တိုက်​ခိုက်​မှုကို ရှောင်​နိုင်​တယ်​။ အသက်​ဘေးကနေ လွတ်​ လွတ်​သွားလေတယ်​။

ဒါပေမဲ့ ကံမကောင်းချင်​တော့ သူမ သားရဲကောင်​တွေ ဝိုင်းထားတဲ့ကြားက ထွက်​လိုက်​နိုင်​တိုင်း မင်​ရှု သူမရှေ့ကို ရောက်​ ရောက်​လာတတ်​တယ်​။ ရှောင်းရုဖုန်းရဲ့ နာကျည်း မုန်းတီးနေတဲ့ အကြည့်​တွေကို ဂရုစိုက်​မနေဘဲ သူမကို တခြား ဝိညာဉ်​သားရဲအုပ်​စုဆီခေါ်သွားပြီး ပစ်​ချလိုက်​ပြန်​တယ်​။

ဒီလိုမျိုး အကြိမ်​ကြိမ်​ အဖန်​ဖန်​ လုပ်​ပြီးတဲ့အခါမှာတော့ အမုန်းရမှတ်​ ပြည့်​သွားပြီဖြစ်​တဲ့အကြောင်း Harmony System က မင်​ရှုကို ပြောလာလေတယ်။

'တာဝန်​ပြီးမြောက်​သွားပြီ...!' မင်​ရှု အချိန်​တစ်​ချက်​ကလေးမှ မဆိုင်းဘဲ လှည့်​ထွက်​သွားတော့တယ်​။ ရှောင်းရုဖုန်းကို တွေဝေမနေဘဲ ထားခဲ့တော့တာပေါ့။ 'ကောင်းလိုက်​တာ၊ အခု လူနာကို ခေါ်ပြီး အစာရှာထွက်​ဖို့ပဲ ကျန်​ပြီ...

အဲ၊ မဟုတ်​သေးပါဘူး... နဂါးရှာထွက်​ရမယ်​ ပြောတာ'

နဂါးရှာတွေ့ဖို့က ခက်​ခဲလှတယ်​။ မင်​ရှု နဂါးရိုးတောင်​ကြောတစ်​ခုလုံး မြေလှန်​မတတ်လိုက်​ရှာခဲ့ပေမဲ့ နဂါးနဲ့တူတာ ဘာဆို ဘာမှ မတွေ့ရဘူး။ ဒါပေမဲ့ အဲ့တစ်​ဝိုက်​က စားလို့ရတဲ့ ဟာမှန်​သမျှတော့ မင်​ရှု မြည်းစမ်း စားကြည့်​ပြီးသွားခဲ့တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now