ရှုမငြီးသော နတ်​ဆေးရှင်​ (၇)

2.3K 520 13
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၇)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှုတစ်​ယောက်​ သစ်​ပင်​ကြီး တစ်​ပင်​ရဲ့ အကိုင်းထက်​ကနေပြီး အောက်​က တိုက်​ပွဲကို ကြည့်​နေလေတယ်​။ "ဟွေ့ရွှယ်​၊ ဒီကောင်​တွေက ဒီကုန်းမြေတိုက်​ကြီးရဲ့ အင်​အားအကြီးဆုံး ကျောင်းတော်​မှာ တက်​နေတဲ့ ကျောင်းသားတွေရော ဟုတ်​ရဲ့လား"

'ဝိညာန်​သားရဲကောင်​တွေ သနားမှ ချမ်းသာရာရမယ့်​ အခြေအနေနဲ့ သူတို့တွေကလေ...?

ငါ့ကို လာနောက်​နေတာလားပဲ'

"သခင်​မလေး၊ ဒါတွေ အားလုံး ဆဌမအဆင့်​ရှိတဲ့ သားရဲကောင်​တွေလေ၊ လျိုဖုန်းတောင်​မှ အနိုင်တိုက်​ဖို့ ခဲယဉ်းတာကို..." အနီးအနား သစ်​ရွက်​တွေကြားကနေ မျက်​နှာတစ်​ခု ပြူထွက်​လာတော့တယ်​။ (လျိုဖုန်းမျက်​နှာ/ သူ့နာမည်​ကြားလိုက်​လို့) "ပြီးတော့... တော်​ဝင်​ကျောင်းတော်​ကြီးရဲ့ ကျောင်းသားတိုင်းက ပါရမီရှင်​တွေ မဟုတ်​နေဘူး၊ တချို့ အိမ်​တော်​ကြီးတွေရဲ့ မျိုးဆက်​တွေဆို သတ်​မှတ်​ချက်​တွေ ပြည့်​မှီလို့သာ ကျောင်းတက်​ခွင့်​ရနေတာ..."

"သူတို့ ကျောင်းကို နောက်​ဖေးပေါက်​ကနေ ဝင်​လာတာလို့ ပြောချင်​တာလား"

ဟွေ့ရွှယ်​ နင်​သွားရတယ်​။ ဒါပေမဲ့လည်း မင်​ရှုစကားက ငြင်းလို့ မရအောင်​ မှန်​နေတာပဲ။ "သခင်​မလေး အဲ့သလို ပြောမယ်​ဆိုလည်း ဟုတ်​တယ်​..."

မင်ရှုကတော့ အဲ့အကြောင်းအရာအပေါ် သိပ်စိတ်​မဝင်​စားတော့ဘူး။ "ပျင်းဖို့ကောင်းလိုက်​တာ... လာ သွားကြမယ်​..."

"ဘယ်​သွားကြမှာလဲ ဟင်​..."

"ညလည်​စာ အဆာပြေလေး ဘာလေး စားဖို့..."

"…"

#သခင်​မလေး အစားအစာကို ပိုပိုပြီး စွဲလမ်းလာတဲ့ ပြဿနာကို ဘယ်​လို ဖြေရှင်းရမလဲ၊ အရေးပေါ် အဖြေလိုချင်​ပါတယ်​... online ကနေ စောင့်​နေပါမယ်​#

မင်​ရှု ညလယ်​စာ စာပြီး ပြန်​လာတော့ အဲ့ဒီစခန်းချထားတဲ့ နေရာမှာ လူတွေနဲ့ သားရဲတွေ တိုက်​ပွဲဖြစ်​နေဆဲပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိOpowieści tętniące życiem. Odkryj je teraz