ကောလဟလ ဘုရင်​မ (၉)

4.8K 872 19
                                    

ကောလဟလ ဘုရင်​မ (၉)
~~~~~~~~~~~~~~~~~~~~

ထမင်းစားခန်းတွင်​. . .

တူသံ ခက်​ရင်းသံ ရံဖန်​ရံခါ ထွက်​လာတာကလွဲရင်​ စားပွဲဝိုင်းကြီးတစ်​ခုလုံး တိတ်​ဆိတ်​လို့နေတယ်​။ မင်​ရှုကတော့ ၁၀၀ ရာခိုင်​နှုန်းလုံး အစားစားဖို့ပဲ အာရုံရောက်​နေတာ။ မျက်​နှာချင်းဆိုင်​ကလူတွေ သူမကို ထိုင်​ကြည့်​နေတာလည်း မမှုဘူး။

"အဟမ်း..." ဖေဖေကျန့်​ ချောင်းဟန့်​သံပြုလိုက်​ပြီး မျက်​နှာကြောတင်းတင်းနဲ့ ဆိုလာတယ်​။ "ကျန့်​ညန်​၊ အိမ်​ကို ဘာလာလုပ်​တာလဲ..."

"ဒင်​နာ လာစားတာလေ..." မင်​ရှုက ပြန်​ဖြေတယ်​။ ပါးလုပ်​ပါးလောင်းနဲ့ ဖြေတာဆိုတော့ အသံတောင်​ သိပ်​မပီချင်​ဘူး။

". . ."

မေမေကျန့်​ကတော့ စားပွဲအောက်​ကနေပြီး သူမယောက်ျားကို ကန်​လိုက်​တယ်​။ ပြီးတော့ မင်​ရှု ပန်းကန်​ထဲ ဟင်းတွေ ပိုထည့်​ပေးရင်း အကျေနပ်​ကြီးစွာ ပြုံးနေလေရဲ့။ "ကလေးက အိမ်​မှာ ရှားရှားပါးပါး ထမင်းလာစားတာကို၊ ပြောစရာရှိတာတွေ နောက်​မှ ပြော... လာ ညန်​ညန်​ ရော့၊ ဒီငါးသိုင်းဟင်းက သမီးအကြိုက်​ဆုံးလေးပဲ..."

အရင်​ကဆို၊ သူမ အိမ်​ပြန်​လာတယ်​ဆိုရင်​တောင်​ သူတို့နဲ့ စကားများ အငြင်းပွားဖို့လောက်​ပဲ။ အခုလို ညစာကို တိတ်​တိတ်​ဆိတ်​ဆိတ်​ လက်​ဆုံစားရတယ်​လို့ မရှိတာ ဘယ်​လောက်​ကြာနေပြီလဲ။

ကျန့်​ရွှင်​ကတော့ မင်​ရှုဘေးတစ်​ဖက်​မှာ ထိုင်​နေတာ။ သူ့တူတွေကတော့ လှုပ်​မနေတော့ဘူး။ သူ ဘာမှ မယ်​မယ်​ရရမစားဖြစ်​ပဲ၊ တစ်​စုံတစ်​ရာကိုသာ ငူငူကြီး ထိုင်​စဉ်းစားနေတယ်​။

မင်​ရှုကတော့ စားပွဲပေါ်က ဟင်းပွဲတိုင်းလိုလိုကို အပြောင်​တီးသွားတာပဲ။ ကျန့်​မေမေမှာ ကျေနပ်​ရမလို၊ စိုးရိမ်​ရမလိုတွေကို ဖြစ်​လို့။ သူမရဲ့ သမီးရတနာလေး အပြင်​မှာ ဝဝလင်​လင်​ရော စားရရဲ့လားလို့ သံသယတွေ ဝင်​လာမိပြီ။

"ညန်​ညန်​၊ အမေတို့နဲ့ လာနေပါတော့လားကွယ်... ကြည့်​ပါဦး သမီးလေး ပိန်​သွားလိုက်​တာ၊ သမီး အပြင်​မှာ တစ်​ယောက်​တည်းနေနေတာ စဉ်းစားမိရင်​ မေမေ စိတ်​ပူတယ်​ကွယ်​" ကျန့်​မေမေ မျက်​ရည်​လည်​လာပြန်​တယ်​။ သူမက ချစ်​သမီးလေးကို မျက်​ရည်​တွေ ဝဲလာရင်း ကြည့်​နေပြန်​ရော။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWo Geschichten leben. Entdecke jetzt