အမှန်​တရားရဲ့ ဘက်​တော်​သား (၅)

4.8K 825 7
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီမေးခွန်းကို ရှန်းကွမ်းဖုန်း မဖြေနိုင်​တော့ဘူး။

သူက လုမုန်းရဲ့ ရည်းစားမဟုတ်​သလို၊ တွဲတော့မလိုဖြစ်​နေတဲ့ ကောင်​လေးလည်း မဟုတ်​ဘူး။ သူ့မှာ ဘာနေရာ ဘာရာထူးရှိနေလို့ လုမုန်းကို မေးခွန်းထုတ်​ရမှာလဲ။

ဒါပေမဲ့ အဲ့ဒီဓာတ်​ပုံကို တွေ့လိုက်​ရတော့ သူ စိတ်​မတိုဘဲ မနေနိုင်​ခဲ့ဘူး။

"လုမုန်း၊ ငါ မင်းကို ပြန်​မကြိုက်​ပေမယ့်​ မင်းကို ညီမလေးလို သဘောထားခဲ့တာ... မင်းကို မိန်းမကောင်းလေးလို့ပဲ ထင်​တာ၊ ဘာလို့ ဒီလိုလုပ်​နိုင်​ရတာလဲ" ဟုတ်​တယ်​၊ သူက လုမုန်းရဲ့ ကောင်​လေးမဟုတ်​ပေမဲ့ သူတို့က အတူတူကြီးပြင်းလာတာ။ လုမုန်းရဲ့ အစ်​ကိုလို့ ပြောလို့ရတယ်​။ 

သူ့ကိုယ်​သူ လုမုန်းရဲ့ အစ်​ကိုလို့ သဘောထားလိုက်​ပြီး ရှန်းကွမ်းဖုန်းကတော့ စိတ်​ထဲရှိရာ ပြောတော့တာပဲ။

"မင်း အသက်​ငယ်​နေသေးလို့ဆိုပြီး အရင်​က ဘာမဟုတ်​တာလေးနဲ့ ပြဿနာလိုက်​လိုက်​ရှာနေတာကို ဘာမှ မပြောခဲ့တာ... ဒါပေမဲ့ အခုက ဘာသဘောလဲ၊ ညဘက်​ကြီး ဘားထဲမှာ ယောက်ျားတွေနဲ့ ပလူးပလဲ၊ မင်း မရှက်​ဘူးလား..."

'သြော၊ Host က ဘားမှာ ပလူးပလဲ လုပ်​တယ်​ဆိုရင်​တောင်​ နင်​နဲ့ ဆိုင်​နေလား...

နင့်​ကိုယ်​နင်​ နတ်​မင်းကြီးများ ထင်​နေလား... နင်​ကသာ အရှက်​မရှိတာ' 

"ငါနဲ့ မထိုက်​တန်​ဘူး... ငါ့ကို နင့်​ညီမလို သဘောမထားနဲ့... နင်​ စိတ်​တိုရလွန်းလို့ သေသွားပါဦးမယ်​" 'မူလလုမုန်းနဲ့ အီစီကလီဖြစ်​နေတုန်းကတော့ ဘာလို့ ညီမလေးလိုပဲ သဘောထားတယ်​လို့ မပြောခဲ့တာလဲ...'

အခုတော့ သူက လူတွေအများကြီး ရှိနေချိန်​မှာ လုမုန်းကို လာမေးခွန်းထုတ်​တယ်​။ အရှက်​မရှိဘူးလို့ တိုက်​ရိုက်​ကြီးလည်း ယိုးစွပ်​တယ်​။ ရှန်းကွမ်းဖုန်းက လုမုန်းကို တကယ်​ကြီး ညီမတစ်​ယောက်​လို သဘောထားတယ်​လို့ မင်​ရှု မထင်​ဘူးရယ်​။ 

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now