ရှုမငြီးသော နတ်​ဆေးရှင်​ (၃၂)

1.5K 323 20
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၂)
~~~~~~~~~~~~~~~~~~~~~

အားလုံးထွက်​သွားကြပြီ။ ဆက်​ပြီး ကြည့်​စရာ ပျော်​စရာလေးလဲ မရှိတော့၊ ပြဿနာရှာစရာ အကြောင်းရင်းလဲ မရှိတော့တာမို့ မင်​ရှုလဲ မုန့်​တွေ တစ်​ပွေ့တစ်​ပိုက်​နဲ့ ပြန်​ဖို့ ပြင်​တော့တယ်​။

ဒါပေမဲ့ ချင်းချန်​ဟာ ကြိုတင်​ အသိပေးခဲ့တာမျိုးလဲ မရှိပါဘဲနဲ့ မင်​ရှုရှေ့မှာ ပေါ်လာပြန်​တယ်​။ ပြီးတော့ အဲ့ဒီအမွှေးရနံ့ဟာလဲပဲ မင်​ရှု နှာခေါင်းထဲ တိုးဝင်​လာလေတယ်​။

'ယောက်ျားလေး လုပ်​ပြီး မိန်းကလေးဆန်​ဆန်​ အမွှေးနံ့သာတွေ သုံးတယ်...!'

မင်​ရှု အလိုလိုနေရင်း သူမ မုန့်​တွေကို ကာကွယ်​လိုက်​မိတယ်​လေ။ သူမ ခန္ဓာကိုယ်​ကိုလဲ နောက်​ဆုတ်​သွားမိလိုက်​တယ်​။ နောက်​တော့ သူမအရှေ့က လိပ်​ပြာလုလင်​ကို ငေးစိုက်​ကြည့်​ရင်း မေးလိုက်​လေရဲ့။ "ဘာတုန်း"

ဒီပြည့်​တန်​ဆာခေါင်း သူမရှေ့မှာ ရုတ်​တရက်​ ထပ်​ပေါ်လာပြန်​တာ၊ 'ငါ့မုန့်​မုန့်​တွေကို လုဦးမလားလို့'

ချင်းချန်​မှာတော့ ရယ်​ရအခက်​၊ သူ ဘာမှလဲ မတတ်​နိုင်​။ "မင်းဟာလေ ဝိညာန်​သားရဲကောင်​လေးအတိုင်းပဲ" သူတို့ နှစ်​ကောင်​စလုံး အစာကိုဆို တိုတတ်​ကြတယ်​လေ။

မင်​ရှုက အစကပြန်​ငြင်းဦးမလို့ပဲ။ ဒါပေမဲ့ သူမနှုတ်​ခမ်းဖျားထိ ရောက်​လာခဲ့တဲ့ စကားလုံးတွေကို ပြန်​မြိုသိပ်​လိုက်​ပြီး ဆိုခဲ့တယ်​။ "ဘာကိစ္စမှ မရှိဘူးဆိုရင်​လဲ တို့ရှေ့က ဖယ်​ပေး"

ချင်းချန်​ မင်​ရှုကို လမ်းဖယ်​ပေးတဲ့အနေနဲ့ ဘေးကို ရွှေ့ပေးလိုက်​တယ်​။ "ကျစ်​ပေါ်မိန်းကလေး၊ မင်းကို ကိုယ်​ ဒီနေ့ အများကြီး ကူညီပေးခဲ့တာတော့ အမှန်​ပဲ၊ ကိုယ့်​ရောဂါကို ကုပေးဖို့ မစဉ်းစားတော့ဘူးလား"

"ကျွန်​မ ရှင့်​ဆီက ဘာအကူအညီတောင်းမိလို့လဲ" သူမဘာသာ ဖြေရှင်းလဲ ရမှာပါပဲ။ ဘယ်​သူကများ သူ ရုတ်​တရက်​ကြီး ရှေ့ထွက်​လာပြီး သူမကို ကူညီနိုင်​ဖို့ အခွင့်​အရေး ယူခိုင်းမိလို့လဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWo Geschichten leben. Entdecke jetzt