အမှန်​တရားရဲ့ ဘက်​တော်​သား (၉)

3.9K 669 4
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၉)
~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းနောက်​ကွယ်​က မကောင်းမှုတွေ ဖော်​ထုတ်​ဖို့ မင်​ရှု တာဝန်​အပေးခံရတဲ့အခါမှာမှ ကျောင်းဆောင်​ဟောင်းမှာ ကြားခဲ့ရတဲ့ စကားတွေကို ပြန်​သတိရမိလာတော့တယ်​။

သူတို့ပြောနေတဲ့ စကားတွေထဲမှာတော့ အရေးပါတဲ့ အချက်​အလက်​ သတင်းအစအနတွေ မရှိဘူး။ ဒါပေမဲ့ သူတို့ မကောင်းတာတစ်​ခုခု လုပ်​နေတယ်​ဆိုတာကိုတော့ မင်​ရှု သေချာသလောက်​ရှိသွားပြီ။

'ထားလိုက်​ပါတော့... အချိန်​ရတော့မှ စဉ်းစားတော့မယ်​...'

ခုထက်​ထိ ထွက်​မသွားသေးတဲ့ ကျောင်းသားလေးကို မင်​ရှု ကြည့်​ရင်း လှည့်​မေးလိုက်​တော့တယ်​။ "နင့်​နာမည်​က ဘာလဲ..."

"နင်​ မေးမှ မေးပါ့မလားလို့..." လုမုန်း သူ့နာမည်​ကို တော်​တော်​ကြာတဲ့အထိ မမေးသေးသလို၊ သူ့ကို ခေါ်လည်း မခေါ်ဘူး။ လုမုန်းက သူ့ကို သူစိမ်းတစ်​ယောက်​ကို ကြည့်​သလိုပဲ ကြည့်​တယ်​။ သူ သူ့ကို မသိတာပဲ။

'လျှာကြောတွေ ရှည်​နေလိုက်​တာ... ငါ့မေးခွန်းကို ထားလိုက်​ပါတော့...'

မင်​ရှု ထရပ်​လိုက်​ပြီး ငွေရှင်းတယ်​။ ပြီးတာနဲ့ ဘေးကပ်​လျက်​မှာရှိနေတဲ့ ကိတ်​မုန့်​ဆိုင်​ကို ဝင်​တော့တာပဲ။ ကျောင်းသားလေးကလည်း ဘာမှ မပြောနိုင်​ဘဲ နောက်​က လိုက်​လာလေတယ်​။

ဒီကောင်​မလေးအကြောင်း သူ သိသိသမျှကို အသစ်​ပြန်​ မှတ်​သားမှ ဖြစ်​တော့မယ်​ထင်​တယ်​။

"ငါ့နာမည်​က ချန်​ယန်​... 'ဟဲ့ချူးရှီကွေ့ချန်​'က ချန်​ရယ်... 'ယန်​ယန်​မုရှင်းကွမ်​'က ယန်​ရယ်​..." သူက ကျောင်းမှာ နာမည်​ကြီးဆိုတော့ သူ့နာမည်​ကို ကောင်​မလေး ကြားဖူးမယ်​လို့ သူ တထစ်​ချယုံကြည်​ထားတယ်​။

ဒါပေမဲ့...

မင်​ရှုကတော့ သူ့ကို ထူးထူးဆန်းဆန်းအကြည့်​နဲ့ လှမ်းကြည့်​ရုံသာ ကြည့်​လေတယ်​။

'သူ့ကို ပထမဆုံးတွေ့ဖူးတဲ့သူတဲ့ ကျောင်းသားငမွဲလေးလို့ပဲ ထင်​ကြမှာ... ဘာလို့ သူ့ကိုယ်​သူ ဒီလိုတခန်းတနားတွေ မိတ်​ဆပ်​ပြနေတာတုန်း...

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now