ကောလဟလ ဘုရင်​မ (၁၅)

4.9K 869 10
                                    

ကောလဟလ ဘုရင်​မ (၁၅)
~~~~~~~~~~~~~~~~~~~~~

"Miss ကျန့်​..."

မင်​ရှု လက်​ထဲက ပူတင်းကို ဘေးချလိုက်​ပြီး ရှိတဲ့ စက္ကူတွေနဲ့ ဖုံးထားလိုက်​တော့တယ်​။ ပြီးတာနဲ့ စာဖိုင်​တွေ ဖတ်​နေသလိုလိုနဲ့ မအားနေသလို ဟန်​ဆောင်​တော့တာပဲ။

ဝင်​လာတဲ့ အတွင်းရေးမှူးဆွံ့အ,သွားရတယ်​။ 'ယူ အစားစားနေတာ အိုင်​မမြင်​ဘူးများ ထင်​နေလား...

စားနေတဲ့ဟာကို ဖွက်​ထားလည်း အပိုပဲ။ ပြီးတော့ တစ်​ခုခု ဝှက်​ချင်​ရင်​လည်း ပီပီပြင်​ပြင်​ ပီပီရိရိ လုပ်​ပါ့လား...'

သူ့သူဋ္ဌေးက တခြားလူတွေနဲ့ မတူ ကွဲပြားတာကိုတော့ သူ နားလည်​သိထားပြီးပြီပေါ့လေ။

"အာ... Miss ကျန့်​၊ ကျင်းယွိ Entertainment က ကျွန်​မတို့ ဇာတ်​ညွှန်းဆရာနဲ့ စာချုပ်​မချုပ်​သေးခင်​ လက်​ဦးမှု ရယူသွားပါတယ်​..."

"အော်​" မင်​ရှု မော့ကြည့်​လိုက်​ပြီး စာမှတ်​တမ်းတစ်​ခုမှာ လက်​မှတ်​ထိုးပေးလိုက်​တယ်​။

သူ မင်​ရှုလို့ ရေးနေကျမို့လားမသိ၊ မင်​ရှုနာမည်​နဲ့ပဲ လက်​မှတ်​ထိုးလိုက်​မိတယ်​။ သူ အဲ့ဒီစာရွက်​ကို လုံးချေလိုက်​ပြီး လွှင့်​ပစ်​လိုက်​တယ်​။ ပြီးတော့ အတွင်းရေးမှူးကို ပြုံးကာ ပြောလိုက်​လေတယ်​။ "နောက်​တစ်​ရွက်​လောက်​ ပြန်​ကူးပေးပါလား..."

အတွင်းရေးမှူးတစ်​ယောက်​ မျက်​နှာကျက်​ကိုသာ မော့ကြည့်​နေမိတော့တယ်​။ သူ့မှာ ပြောစရာစကားကို မရှိတော့။ သူ ပြောလိုက်​တယ်​။ "Miss ကျန့်​... ကျွန်​မတို့ အဲ့ပွဲအတွက်​ လပေါင်းများစွာ စီစဉ်​ခဲ့ရတာ။ ကုမ္ပဏီကလည်း ပေါက်​မှာပဲလို့ တွက်​ထားတယ်​၊ ဒါပေမယ့်​ အခု ကျင်းယွိ Entertainment က ဇာတ်​ညွှန်းဆရာကို ကျွန်​မတို့ထက်​အရင်​ စာချုပ်​ချုပ်​သွားတော့..."

မင်​ရှု စိတ်​ထဲမှာတော့ ညည်းလို့မဆုံး။

'သူ ဘာလို့ မပြီးနိုင်​တော့တာလဲ...

သူ ဘယ်​တော့ ပြီးမှာလဲ

အမြန်​ပြီးလိုက်​ပါတော့လား...

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now