မာနမင်းသမီး (၂)
~~~~~~~~~~~~~ချန်ကျင့်ရှိုးကတော့ ကျပ်မပြည့်တဲ့ မင်းသားကို ပယ်မထား၊ ပစ်ပစ်ခါခါမပြုခဲ့။ အခက်အခဲပေါင်းများစွာ အတူခံစားကြုံတွေ့ခဲ့ကြတယ်။ နောက်ဆုံးမှာတော့၊ ရူးပေါပေါ မင်းသားက ချန်ကျင့်ရှိုးကို လက်ခံသွားပြီး အဖိုးတန်ရတနာသဖွယ် တန်ဖိုးထားတော့လေတယ်။
အဲ့ဒီ အရူးမင်းသားဆိုတာ ဒီလောကရဲ့ အဓိက ဇာတ်လိုက်မင်းသားပဲ။
ချန်ကျင့်ယွင် ဇာတ်လိုက်အတုမကတော့ ချန်မိသားစုရဲ့ ရွေးခြယ်မှုမှား၊ ရပ်တည်ချက်မှားခဲ့တဲ့အကြောင်းကြောင့် ရောယောင် ဒုက္ခရောက်ရလေတယ်။ သူမတို့ အိမ်တော်မျိုးနွယ် အပြစ်ပေးခံရတဲ့အခါမှာကျတော့ သူမရဲ့ ခင်ပွန်းလင်က ချန်မိသားစုကို ပစ်ပယ်သွားတော့တာ။
သနားကြင်နာတတ်တဲ့ ဇာတ်လိုက်မ ပီပီ၊ ချန်ကျင့်ရှိုးက သူမရဲ့ မိသားစုကို ညှာတာပေးဖို့ အရူးမင်းသားထံပါး တောင်းပန်ပေးခဲ့လေတယ်။ ဒါ့ကြောင့်လည်း ချန်မိသားစု သေဒဏ်တော့ မကျခဲ့။ သို့ပေမဲ့ သာမန်လူအဆင့်သာသာ ကျန်တော့လေတယ်။ အဲ့ဒီအချိန်ကစပြီး ချန်မိသားစုရဲ့ သြဇာအာဏာတွေလည်း ဆုံးခမ်းတိုင်သွားတော့တာပဲ။
ချန်မိသားစုက ဒီအရာတွေ အကုန်လုံးကို ချန်ကျင့်ယွင်အပေါ်မှာသာ အပြစ်ဖို့ခဲ့တယ်။ ဆွေမျိးသားချင်းတိုင်းက ချန်ကျင့်ယွင် အရူးမင်းသားကို လက်မဆက်ခဲ့တာကြောင့်လို့ အပြစ်တင်ကြတယ်။ ချန်ကျင့်ယွင်မှာ မိသားစုရဲ့ ပစ်ပစ်ခါခါ ဆက်ဆံခြင်းကို ခံခဲ့ရရှာတယ်။ သူမကလည်း သူမရဲ့ နာကျည်းမှုအားလုံးကို ချန်ကျင့်ရှိုးအပေါ် ပုံချလိုက်တော့တယ်။ ချန်ကျင့်ရှိုးက သူမရဲ့ ပိုင်ဆိုင်မှုတွေကို လုယူသွားလို့ဆိုပြီး စိတ်ထဲတေးမှတ်ထားလိုက်တော့လေသတဲ့။
ဒါပေမဲ့ သူမ ဘယ်လိုမှ မတုန့်ပြန်လိုက်နိုင်။ သူမ ဝမ်းစာကိုတောင် သူမ အနိုင်နိုင်ရှာနေရတာ။
နောက်ဆုံး၊ ချန်ကျင့်ယွင် သူမကိုယ်ကို ကိုယ်ဝန်ရနေကြောင်း သိလိုက်ရတယ်လေ။ အခက်အခဲတွေကို ရင်ဆိုင်အံ့တုနိုင်ခြင်း မရှိတော့တဲ့ အဆုံးမှာတော့၊ သူမ ဟိုလူ့ငနွား ခင်ပွန်းဟောင်းဆီ ပြန်သွားရတော့တာပေါ့။ ရလဒ်အနေနဲ့ အဲ့ဒီခင်ပွန်းဟောင်းရဲ့ ဇနီးသစ်က သူမနဲ့ သူမရင်သွေးကို သတ်ပစ်လိုက်တယ်။ နောက်ဆုံး သူမကို မြေချပေးခဲ့သူက ချန်ကျင့်ရှိုး။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...