ရှုမငြီးသော နတ်ဆေးရှင် (၁၃)
~~~~~~~~~~~~~~~~~~~~~~~မင်ရှု ဟိုလူ့လက်ထဲက ဥကို အမြန်ပြန်လုယူလိုက်နိုင်ပေမဲ့ သူ့လက်ထဲ ဥရောက်ရောက်ချင်း တစ်ခုခုလွဲမှားနေတာကို ခံစားမိတော့တယ်။
'သေသွားပြီ...?
အသက်မဲ့သွားတဲ့ ဥကို ငါ စားလို့ရပါဦးမလား'
[…] 'အခုချိန်က သက်မဲ့ဥကို စားလို့ ရ မရ စဉ်းစားရမဲ့ အချိန်လားလို့၊ ဒီရက်ပိုင်းအတွင်း ဥကို သူ့ကိုယ်ပိုင် စိတ်ဝိညာန်စွမ်းအားနဲ့ အနွေးဓာတ်ပေးပြီး အသက်ဆက်ထားတာ... စားဖို့သက်သက်ပဲလား...' Harmony System စဉ်းစားနေမိတော့တယ်။
ဒီအတွေးက ကြောက်ဖို့တော့ကောင်းနေတယ်။ ဒါပေမဲ့ ဘာ့ကြောင့်ရယ်မသိ၊ ဒီအတွေးက အမှန်တရားနဲ့ နီးစပ်မယ်လို့ Harmony System ခံစားမိပြန်တယ်။
မွန်းကြပ်ဖွယ်ရာ အမှန်တရားကြီးပါလား။
မင်ရှု ဥအပေါ် အာရုံရောက်နေတာကို အခွင့်ကောင်းယူပြီး ဟိုလူ အခိုးအငွေ့တွေအဖြစ် ပြောင်းသွားပြန်တယ်။ သူ့ခြေထောက်အောက်မှာ နင်းထားတဲ့ လူလည်း မရှိတော့ရော၊ မင်ရှု ဟန်ချက်ပျက်သွားပြီး လဲကျသွားတော့မလို့။
". . ." 'ဒီဘီလူးလေးက ဘာသဘောလဲ...
သူ ဥကလေးကိုလည်း သတ်သွားသေးတယ်၊ တာဝန်ကျမယူဘဲ တိတ်တိတ်လေး လစ်ချင်တယ်ပေါ့...
ဒါ...! လုံးဝ...! မဖြစ်နိုင်ဘူး...!'
ဒါပေမဲ့ အဲ့ဒီလူက ထွက်ပြေးမယ့် အစီအစဉ် မရှိပုံပဲ။ လေအလယ်မှာ လွင့်ပျံနေရင်း သူ အထုအထည်ရှိတဲ့ လူအသွင်ပြန်ယူလိုက်တယ်။ နဂိုကတည်းက ဖုန်မှုန် မကပ်တွယ်နေတဲ့ သူ့ဝတ်ရုံကို လက်ချောင်းသွယ်တွေနဲ့ ခါသပ်နေလေတယ်။ "တောင်ကြားသခင်၊ မင်းလက်ထဲကဟာ ဘာလဲ သိရဲ့လား..."
"အစာလေ..."
ခုနလေးတင်က ဒီဟာလေးမှာ အသက်ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ သေအောင် ဆော့ခံလိုက်ရပြီ။
မင်ရှု စိတ်ထဲမှာ သွက်သွက်ခါနေမိပြီ။ သူ ဥကို ဘေးခဏချထားပြီး သစ်ကိုင်းတစ်ကိုင်းကို တရွတ်ဆွဲလာလိုက်တော့တယ်။ ဘေးကနေ မီးတွေပါ ပွင့်လာရောပဲ။ မင်ရှုကတော့ ခက်ထန်စွာ၊ သွက်လက်လျင်မြန်စွာပဲ အဲ့ဒီ့လူဘက်ကို သစ်ကိုင်းနဲ့ ပစ်လိုက်လေတယ်။ သစ်ကိုင်းထိပ်မှာ မီးပွင့်ထားတဲ့နေရာဟာ လေထုထဲမှာ မီးဟုန်းဟုန်းထတောက်သွားပြီး မီးတောက်တွေနဲ့အတူ သူ့ဆီကို ချဉ်းကပ်ပြေးဝင်လာတော့တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...