ရှုမငြီးသော နတ်​ဆေးရှင်​ (၂၁)

2.1K 460 7
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၁)
~~~~~~~~~~~~~~~~~~~~~~

"အေး ဘာမှ မစိုးရိမ်​နဲ့၊ ကျွန်​မလက်​နဲ့ ဆက်​ဆက်​ ရှင့်​ကို သတ်​ပေးမယ်​..." မူလခန္ဓာရှင်​က သေမင်းတောင်​ကြားသခင်​ဖြစ်​လာနိုင်​တာ အစွမ်းထက်​ဆုံး ဆေးစွမ်းပညာ တတ်​ကျွမ်းထားလို့ပဲ ဖြစ်​မယ်​။ ဒါပေမဲ့... မင်​ရှုကတော့ လူ့အသက်​ကယ်ဖို့ သေချာပေါက်​ငြင်းဆန်​နေမှာပဲ။ ရောဂါကုပေးတယ်​ဆိုတာ သူ့အတွက်​တော့ အချိန်​ဖြုန်းတာ၊ အသက်​ဓာတ်​တွေ ဖြုန်းတီးနေတာလိုမို့။

သူ့မျက်​နှာချင်းဆိုင်​မှာ ရပ်​နေတဲ့ မိန်းကလေးရယ်​၊ အပြုံးမျက်​နှာလှလှလေးနဲ့ သူ့ကို ပြုံးကြည့်​နေလေတယ်​။ ဒီမြင်​ကွင်းအရ ခက်​ထန်​တဲ့ အငွေ့အသက်​တွေ တစ်​စိုးတစ်​စိလေးတောင်​ မတွေ့ရဘူး။ ဒါပေမဲ့ ဒီလို "ချိုသာ"တဲ့ မိန်းကလေးကနေ အပေါ်က စကားလုံးမျိုး ပြောထွက်​လာတယ်​ဆိုတော့၊ ကြားရသူရင်​မှာ သူ့ကို သတ်​ပြီး တစ်​စစီ ဖြုတ်​ပစ်​ချင်​စိတ်​ ပေါက်​မိလာတာပေါ့။ 

ချင်းချန်​ အသက်​ပြင်းပြင်းရှူသွင်းလိုက်​တော့တယ်​။ "ကျစ်​ပေါ် မိန်းကလေး မင်း ဆေးပညာတတ်​တယ်​ဆိုတာ အမည်​ခံသက်​သက်​ဖြစ်​နေတာတော့ မဟုတ်​လောက်​ပါဘူးနော်​...?"

"အိမ်း... ရှင်​ စမ်းကြည့်​ချင်​လား... သိချင်​ သိရမှာပေါ့..." 'ငါ ရောဂါပျောက်​အောင်​ မကုတတ်​ပေမဲ့ အသက်​ပျောက်​အောင်​တော့ ထုတတ်​တယ်​...' မင်​ရှု တွေးနေလိုက်​တယ်​။

"သခင်​မလေး အခုက စကားပြောနေဖို့ အချိန်​မဟုတ်​ဘူးနော်​" ဟွေ့ရွှယ်​ သူတို့ကို ဝင်​တားလိုက်​တယ်​။ မဟုတ်​ရင်​ အရှိန်​တွေတက်​ပြီး နှစ်​ယောက်​သား ဆက်​ငြင်းနေကြဦးမှာ။ "မြွေကြီး ဒီဘက်​လာနေပြီ"

အပျက်​အစီးပုံတွေကြားကနေ မြွေကြီးဟာ လျင်​မြန်​စွာ လျှောတိုက်​လို့ သူတို့ဆီ တွားလာတယ်​။ သူ့ကို တိုက်​ခိုက်​နေတဲ့ လူတွေကလည်း နောက်​ကနေ ထက်​ကြပ်​မကွာပဲ။ ဒါပေမဲ့ သူ့ကို ထိခတ်​လာတဲ့ ချီစွမ်းအားပမာဏဟာ ယားလို့ ကုတ်​နေသလောက်​ပဲ ရှိတယ်​။ သေလောက်​အောင်​ မထိရောက်​နေဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now