ကောလဟလ ဘုရင်​မ (၆)

5.8K 1.1K 40
                                    

ကောလဟလ ဘုရင်​မ (၆)
~~~~~~~~~~~~~~~~~~~~

နောက်​ဆုံးတော့၊ အိုက်​လင်းသာ စိတ်​ဆိုးပြီး ထွက်​သွားရတော့တယ်။ မင်​ရှုကတော့ လက်​ထဲမှာ အားအားယားယား ဖုန်းပွတ်​နေရင်း အွန်းလိုင်းပေါ်က comment တွေ လိုက်​ဖတ်​နေလေရဲ့။ စားပွဲပေါ်မှာတော့ လက်​ဖက်​ရည်​တစ်​ခွက်​နဲ့၊ နောက်​လက်​တစ်​ဖက်​မှာက သရေစာမုန့်​တစ်​ထုပ်​။

"မမကျန့်​ညန်​... အဲ့မုန့်​ထုပ်​ ဘယ်​က ရလာပြန်​တာလဲ..." အိုက်​လင်းကို အပေါက်​ဝထိလိုက်​ပို့ပေးပြီး ပြန်​လာတာနဲ့ ထျန်းယွမ်​ကို ကျန့်​ညန်​ မုန့်​စားနေတဲ့ မြင်​ကွင်းက ဆီးကြိုလျက်​ရှိနေလေတယ်။ သူမ မုန့်​ထုပ်​ကို ပိတ်​လိုက်​ပြီး ပြောလိုက်​တော့တယ်။ "မစားနဲ့တော့...! ဝလာရင်​ ဘယ်​လိုလုပ်​မလဲ..."

ထျန်းယွမ်​ ငိုချင်​လာမိပြီ။ 'ငါ့မှာ အမအိုက်​လင်းတစ်​ယောက်​နဲ့တောင်​ သေမလိုဖြစ်​နေတာ... အခုတော့ အမကျန့်​ညန်​ကပါ ဘာလို့ ထူးဆန်းနေရတာလဲ...'

မင်​ရှု သူမမုန့်​ကို ပြန်​လုယူဖို ကြိုးစားလိုက်​သေးတယ်။ ထျန်းယွမ်​ကို ပျော့ပျောင်းတဲ့ အကြည့်​တွေနဲ့ ကြည့်​ပေးလိုက်​တယ်။ "ယွမ်​ဇီလေး ပြန်​ပေးလို့..."

"မပေးဘူး... အမအိုက်​လင်းက အမကို အစာလျှော့စားခိုင်းတာကို..." ထျန်းယွမ်​ မုန့်​ထုပ်​ကို ပြန်​ပိတ်​လိုက်​ကာ နောက်​ပြန်​ဆုတ်​သွားလိုက်​တယ်။

'အမကျန့်​ညန်​က အစားစားလို့ ဝင်​သေးတယ်​လား... မခံမရပ်​နိုင်​မှုတွေ စိတ်​သောကတွေကို ဆာလောင်​မှုနဲ့ အစားထိုးတယ်​ဆိုတာ ဒီလိုမျိုးကို ပြောတာလား...'

သူမရဲ့ အစ်​မကျန့်​ညန်​မှာ ဒီလိုအကျင့်​မျိုး အရင်​ကတော့ မရှိခဲ့။

အခုမှ အသစ်​ဖြစ်​လာတာများလား. . .

သူမ အတွေးတွေကို ပြန်​လည်​စုစည်းလိုက်​ကာ ထျန်းယွမ်​ မင်​ရှုအား နှင့်​သိမ့်​ ချော့မြူ ကြည့်​မိတယ်။ "အမကျန့်​ညန်​ရယ်​ ဒီကိစ္စက အရမ်းအကြီးကြီးလည်း မဟုတ်​ဘူးလေ... သိပ်​ပြီး စိုးရိမ်​မနေပါနဲ့နော်​... အမအိုက်​လင်း နည်းလမ်းရှာပြီး လိုက်​ရှင်းပေးလိမ့်​မယ်​..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now