ကောလဟလ ဘုရင်​မ (၁၆)

4.8K 882 11
                                    

ကောလဟလ ဘုရင်​မ (၁၆)
~~~~~~~~~~~~~~~~~~~~~~

'နင်​ ငါနဲ့ နှစ်​ယောက်​တည်း စကားပြောချင်​တယ်​၊ ဆိုတော့ ငါ့အတွက်​ ထောင်​ချောက်​ဆင်​ထားတာမျိုးရှိနေနိုင်​တယ်​...

အဲ့သလိုထောင်​ချောက်​တွေအကြောင်း ငါ လေ့လာထားပြီးပြီ... ထုံးစံအရဆို၊ ငါသာ သူ့နောက်​လိုက်​သွားမိရင်​ ထောင်​ချောက်​မိရင်​ မိ... မမိရင်​ သူ ငါ့ကို လက်​စတုံးမှာပဲ။ ဘယ်​လိုပဲဖြစ်​ဖြစ်​ နောက်​ဆုံးမှာ ငါ ဒုက္ခရောက်​သွားမယ်​...

ဆိုတော့

ငါ ဘာလို့ သွားနေမလဲ...

မသွားဘူးဟာ...!'

နဉ်​ခယ့်​ချင်း အံ့အားသင့်​သွားပြီး ဘယ်​လိုဖြေရမလဲ မသိတော့ဘူး။

"အစ်​မကျန့်​ညန်​၊ ကျွန်​မ ရှင်​နဲ့ စကားပြောချင်​ရုံလေးပါ... တခြား ဘာသဘောမှ မပါဘူး..." နဉ်​ခယ့်​ချင်း သူ့အသံကို ပိုနူးညံ့အောင်​ လုပ်​ပြောပြောပြီး ရုပ်​ကိုလည်း အပြစ်​ကင်းယောင်​ဆောင်​ထားလိုက်​တယ်​။

"ငါမှ မပြောချင်​တာ..." မင်​ရှု ပြုံးလိုက်​တယ်​။ "နင်​ ငါ့ရှေ့မှာ မျက်​နှာပြရဲသေးရင်​ နင့်​ကို ရိုက်​ထုတ်​မိတော့မယ်​...!"

ဒီစကားတစ်​ခွန်းကြောင့်​ နဉ်​ခယ့်​ချင်းလည်း အရင်​ကဘာတွေဖြစ်​ခဲ့တယ်​ဆိုတာ ပြန်​အမှတ်​ရသွားပြီး မျက်​နှာပျက်​သွားတော့လေတယ်​။ အဲ့အဖြစ်​က သူ့ကို တော်​တော်​လည်း ထိခိုက်​နစ်​နာသွားစေတယ်​။ အဲ့အဖြစ်​ကို ပြည်​ဖုံးကားချနိုင်​ဖို့အတွက်​ လီရှောက်​နန်​လည်း အချိန်​တွေကုန်​၊ ငွေတွေ ဖြုန်းခဲ့လိုက်​ရတယ်​။

"အစ်​မကျန့်​ညန်​၊ ဘာတွေ ကြောက်​နေတာလဲ" နဉ်​ခယ့်​ချင်းကတော့ လက်​မလျှော့။ သူ့ကို လာထိခိုက်​ရင်​ ခွင့်​လွှတ်​နိုင်​စရာအကြောင်းမရှိဘူးဆိုတာ ကျန့်​ညန်​ ဒီနေ့ပဲ သိသွားစေရမယ်​။

"တော်​ကြာ ငါ နင့်​ထက်​ ပိုလှသွားမှာစိုးလို့..."

"…" သူ့အဖြေကြီးက ရန်​စလွန်းရာမရောက်​ဘူးလား။

နဉ်​ခယ့်​ချင်း ဘေးဘီဝဲယာကြည့်​လိုက်​တော့ ဒီဘက်​မှာဖြစ်​ပျက်​နေတာတွေကို ဘယ်​သူမှ အာရုံမစိုက်​ကြတာကို တွေ့လိုက်​ရလေတယ်​။ မျက်​လုံးတွေမှာ အမုန်းမီးဟုန်းဟုန်းတောက်​လျက်​ သူ ရှေ့ဆက်​လှမ်းလိုက်​တယ်​။ ပြီးတော့ ခြေထောက်​ခေါက်​လဲချင်​ယေူင်​ဆောင်​ပြီး မင်​ရှုကို ခုန်​အုပ်​ပါလေရော။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now