မာနမင်းသမီး (၁)

2.7K 303 10
                                    

မာနမင်းသမီး (၁)
~~~~~~~~~~~~~

# ရွှေနန်းတော်​မှ သတင်းကြီး၊ ရှန်စီ ရှေ့ဖြစ်​ဟောအတတ်​ကို သုံး၍ အစာရှာပြန်​ပြီ#

ချွတ်​ ရွှတ်​ ရွှတ်​ ရွှတ်​ -

ပဲကြီးစေ့အရွယ်​လောက်​ မိုးသီးမိုးပေါက်​တွေက မြင်းလှည်းပေါ် မညှာမတာ အားမနာတမ်းရွာကျနေတယ်။ မိုးကျသံတို့က စစ်​ချီတေးအလား။ ပြတင်းအပြင်​ဘက်​မှာတော့ မိုးရေသံတို့ကို ထိုးခွင်းလျက်​ တိုက်​ခိုက်​သံများ၊ ငိုယိုအော်​ဟစ်​သံများ ကျယ်​လောင်​စွာ ဟိန်းထွက်​နေလေရဲ့။ သွေးညှီနံ့တို့ ပျံ့လွင့်​မြောလို့ သွေးချောင်းတသွင်​သွင်​ စီးနေခဲ့တာပေါ့။

"မင်းသမီး... မင်းသမီး" ခေါ်သံသဲ့သဲ့က မင်​ရှုနားအနားက ကပ်​လျက်​ပဲ။ 

မင်​ရှုက သတိရတစ်​ချက်​၊ မရတစ်​ချက်​။ အတော်​အတန်​ကြာတော့မှ ခေါင်းပြန်​ကြည်​လာတာ။

"မင်းသမီး နေသာရဲ့လား..." မိုးလေသံတွေအကြားမှာ သူမအသံက တုန်​ယင်​နေတယ်​။ ပူပင်​သောက ကြီးစိုးနေတယ်။

မင်​ရှု တစ်​ကိုယ်​လုံးကတော့ နာကျင်​ကိုက်​ခဲနေတာပဲ။ သူမ ထထိုင်​နိုင်​အောင်​ ကြိုးစားသေးပေမဲ့ ကောင်းကောင်း မထိုင်​နိုင်​သေးခင်​မှာပဲ လှည်းယိုင်​သွားတာမို့ ရှေ့ထိုးလဲကျသွားပြီး သစ်​သားတန်းနဲ့ ခေါင်းဆောင့်​မိတော့လေတယ်။

'နာသဟ...!

တကယ်​ကြီးလား... ဒီလိုမျိုးကြီး နှုတ်​ခွန်းဆက်​စရာ မလိုဘူးလေနော့...!'

"မင်းသမီး...!" မိန်းကလေးရဲ့ အော်​သံက ညံကနဲထွက်​လာတော့တာပဲ။

နောက်​တော့ မင်​ရှုကို တုန်​ရင်​နေတဲ့ လက်​တစ်​စုံက တွဲထူမပေးလာတယ်။ အဲ့ဒီလက်​တစ်​စုံမှာ ချွေးစေတွေ ပြန်​နေပုံက လက်​ပိုင်​ရှင်ရဲ့ စိုးရွံ့တုန်​လှုပ်​နေတဲ့ စိတ်​ အခြေအနေကို အထင်းသား ပြပေးနေသလိုလို။ မင်​ရှု အဲ့ဒီလက်​ကနေ​ လိုက်​ကြည့်​မိလိုက်​တော့ ပိန်​လှီသေးသွယ်​တဲ့ ကိုယ်​ဟန်​ကိုပဲ တွေ့လိုက်​ရတော့တယ်။

မင်​ရှု ခုနကလေးတင်​ သစ်​သားတန်းနဲ့ တိုက်​မိထားတဲ့သူမရဲ့ နဖူးကို ပြန်​စမ်းနေမိတယ်။ သူမ နံရံကို သေချာအားပြုမှီလိုက်ရင်း အပြင်​ဘက်​က အသံတွေကို နားထောင်​ကြည့်​လိုက်​တယ်။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now