အမှန်​တရားရဲ့ ဘက်​တော်​သား (၂၂)

2.8K 561 1
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~

'သူ ဒီနေရာကို လူတွေ အများကြီးခေါ်လာတာ၊ ဧကန္တ...

သူ ငါ့ကို ဒီလိုဆက်​ဆံရက်​တာလား'

သူကတော့ ကျင့်​ယွီချီအပေါ် နှစ်​နှစ်​ကာကာ ချစ်​လိုက်​ရတာ။ ဒါကို ကျင့်​ယွီချီက အသုံးချသွားတာပဲ။

ကျင့်​ယွီချီက သူ မင်​ရှုကို ချော့မော့ပြီး အရည်​တစ်​မျိုးသောက်​ခိုင်းထားစေတာ။ အဲ့အရည်​သောက်​ရင်​ မင်​ရှု စိတ်​တွေနောက်​ပြီး ရှက်​စရာတွေ ဖြစ်​အောင်​လုပ်​လိမ့်​မယ်​ဆိုပဲ။ အဲ့အရည်​ထဲမှာ ဘာတွေ ပါတယ်​ဆိုတာတော့ ကျင့်​ယွီချီ သူ့ကို မပြောပြခဲ့ဘူး။ သူ ကျင့်​ယွီချီကို ယုံကြည်​ခဲ့တယ်​။ အဲ့ဒါကြောင့်​လည်း ဘာသံသယမှ ထားမနေဘဲ ခိုင်းတဲ့အတိုင်း လုပ်​ပေးခဲ့တာ။

ဒါပေမဲ့ သူ အခုမှ သိလိုက်​ရတာပေါ့။

ပြီးတော့ သူ မင်​ရှုအတွက်​ ရေဆိုတဲ့ဟာကို မသောက်​ဖြစ်​ခဲ့ပေမဲ့ ဒီလိုတုန့်​ပြန်​နေမိတာ။ ဘယ်​လိုဖြစ်​တာလဲ။ သူ အကြိမ်​ကြိမ်​ စဉ်းစားတယ်​။ သူ ထွက်​မလာခင်​က ကျင့်​ယွီချီ ကျွေးတဲ့ မုန့်ကို စားမိလို့ ဒီလိုထောင်​ချောက်​ထဲ ကျသွားရတာပဲ။

ကျင့်​ယွီချီက သူ့ကို လုမုန်းနဲ့အတူတူ အရှက်​တကွဲဖြစ်​သွားစေချင်​တာ။ စာသင်​ဆောင်​အဟောင်းကြီးထဲမှာ မိမွေးဖမွေးအတိုင်းဖြစ်​၊ တစ်​ယောက်​ယောက်​နဲ့ မဖွယ်​မရာတွေ ဖြစ်​ပျက်​သွားခဲ့ရင်​ သူ ဘယ်​လိုလုပ်​ ဒီကျောင်းမှာ ဆက်​တက်​လို့ရတော့မလဲ။ လူတွေ့ရဲ့ အပြောကို သူ ဘယ်​လို ရင်​ဆိုင်​ရတော့မလဲ။

ကျင့်​ယွီချီကတော့ တဒင်္ဂလောက်​ပဲ ကြောင်​သွားတာ။ နောက်​တော့ ချက်​ချင်းကို မျက်​နှာလွှဲသွားပြီး သူ ဘာမှ မသိထားသလို နေနေတော့တယ်​။

ဒါကို တွေ့တော့ ရှန်းကွမ်းဖုန်း ပိုတောင်​ စိတ်​တိုလာတော့တာပေါ့။ သူ ရှိသမျှ အင်​အားနဲ့ ကုန်းရုန်းထပြီး တံခါးဘက်​ဆီကို ဒယိမ်းဒယိုင်​နဲ့ လျှောက်​လာလိုက်​တော့တယ်​။

"ရှန့်​ကွမ်းဖုန်း မင်း အဆင်​ပြေရဲ့လား" ရှန့်​ကွမ်းဖုန်းနဲ့ သိတဲ့ ကျောင်းသားအချို့က စိုးရိမ်​တကြီး မေးလာကြတယ်​။ သူ့ဆီလာပြီး အရှက်​လုံအောင်​ ကာပေးကြမလို့ပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now