ကောလဟလ ဘုရင်​မ (၁၈)

4.9K 856 13
                                    

ကောလဟလ ဘုရင်​မ (၁၈)
~~~~~~~~~~~~~~~~~~~~~

{ဘုံဖျားအလွန်​}ရုပ်​ရှင်​ရဲ့ အဓိကဇာတ်​ဆောင်​အမျိုးသမီးနေရာရွေးချယ်​တာရဲ့ ရလဒ်​က လူတော်​တော်​များများကို အံ့သြသွားရစေတယ်​။ မင်းသမီးက နာမည်​ကြီး ကြယ်​ပွင့်​ဟုတ်​မနေသလို၊ နောက်​ခံအင်​အားတောင့်​တဲ့ သူဋ္ဌေးသမီးလိုလည်း မဟုတ်​ဘူး။ ဒီအတိုင်း တက်​သစ်​စလေးပဲ။

ဘယ်​သူမှ အင်​တာနက်​မှာတောင်​ မတွေ့ဖူးသေးတဲ့ မျက်​နှာသစ်​လေး။

နောက်​တော့ လူမှုကွန်​ယက်​အသုံးပြုသူတစ်​ဦးက သူ့အကြောင်းတွေကို ဖော်​ထုတ်​လိုက်​တယ်​။ သူက ကြယ်​ရောင်​ Entertainment က တင်​ပေးတဲ့ မင်းသမီး။ ပြီးတော့ ရုပ်​သံပိုင်းဆိုင်​ရာ နာမည်​ကြီးတက္ကသိုလ်​ကနေ ဘွဲ့ရထားတာ။ ကျောင်းမှာ အမှတ်​တွေ အဆင့်​တွေ ကောင်းမွန်​ထူးချွန်​သလို၊ ဂုဏ်​သတင်း သန့်​ရှင်းပြီး လှပတယ်​။ ဒါပေမဲ့ ဖျော်​ဖြေရေးလောကမှာတော့ သူ ထင်​သလောက်​မအောင်​မြင်​ဘူး။ သူ့အကျင့်​စရိုက်​ကြောင့်​ လူတော်​တော်​များများကို သွားပြီး မျက်​စိဆံပင်​မွေးစူးထားစေပုံပဲ။ ဒါ့ကြောင့်​ သူ ကျောင်းပြီးကတည်းက ဘယ်​ကားမှ မည်​မည်​ရရ မရိုက်​ရသေးတာ။ 

{ဘုံဖျားအလွန်​}ရဲ့ ဇာတ်​ဆောင်​နေရာကို မရလိုက်​တော့ နဉ်​ခယ့်​ချင်း အိနြေ္ဒရရတောင်​ မနေနိုင်​တော့ဘူး။ သူ ရလဒ်​အဖြေကို စောင့်​နေတုန်းကဆို သူ ဒီနေရာ မရဘူးဆိုရင်​တောင်​ ကျန့်​ညန်​ ရသွားလို့ပဲနေမှာလို့ ထင်​ခဲ့တာ။ ဒါပေမဲ့ ဒီနေရာရသွားတဲ့သူက မျက်​နှာသစ်​သရုပ်​ဆောင်​လို့ ပြောတယ်​။

ကြယ်​ရောင်​ Entertainment ရဲ့ မျက်​နှာသစ်​လေး။

နဉ်​ခယ့်​ချင်း ဒါကို လက်​မခံနိုင်​တာ။

သူ လီရှောက်​နန်​ဆီ သွားလိုက်​တယ်​။ ဒါပေမဲ့ လီရှောက်​နန်​က ခုနောက်​ပိုင်း သူ့ကို လက်​ခံမတွေ့တော့ဘူး။ သူ လီရှောက်​နန်​ကို ကုမ္ပဏီမှာ မတွေ့တော့ သူ့တိုက်​ခန်းကို လိုက်​သွားလိုက်​တယ်​။

ဒါပေမယ့်​ နဉ်​ခယ့်​ချင်း သူ့ကို မတွေ့ရသေး။ သူ တိုက်​ခန်းမှာလည်း ရှိမနေဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now