ကောလဟလ ဘုရင်​မ (၁၂)

4.9K 895 23
                                    

ကောလဟလ ဘုရင်​မ (၁၂)
~~~~~~~~~~~~~~~~~~~~~

နဉ်​ခယ့်​ချင်း ရှင်းပြတဲ့ ပုံစံကြီးက မယုံချင့်​စရာကြီး။ ပိုပြီးတော့တောင်​ အထင်​လွဲချင်​စရာ ကောင်းနေသေး။

မင်​ရှု ပန်းသီးကို အကုန်​စားလိုက်​ပြီး အလည်​အူတိုင်​ကို လွှင့်​ပစ်​လိုက်​တယ်​။ သူမ လက်​ခုပ်​တီးလိုက်​ပြီး ကျန့်​ရွှင်​ကို ပြောလိုက်​တယ်​။ "အစ်​ကို အပြင်​ထွက်​ပြီး ညီမအတွက်​ လူကြည့်​ပေးပါလား..."

ကျန့်​ရွှင်​ကတော့ ပြန်မေးတာပေါ့။ "မင်း ဘာလုပ်​မလို့လဲ"

"သူ့ကို ရိုက်​မလို့..." မင်​ရှု နဉ်​ခယ့်​ချင်းကို လက်​ညိုးထိုးပြလိုက်​တယ်​။ နဉ်​ခယ့်​ချင်းကတော့ အပြစ်​ကင်းစင်​တဲ့ သနားစရာလေးလို ဟန်​ဆောင်​နေဆဲပေါ့။

နဉ်​ခယ့်​ချင်း အံ့သြတကြီး မျက်​လုံးတွေတောင်​ ပြူးသွားမိတယ်​။ ကျန့်​ညန်​ သူမကို ဒီနေရာမှာတင်​ ထရိုက်​တော့မလို့လား။ ပြီးတော့ ကျန့်​ရွှင်​ကိုပါ လူကြည့်​ထားခိုင်းသေးတယ်​။ သူမ ရူးသွားပြီလား။

". . ." ကျန့်​ရွှင်​လည်း ဆွံ့အနေတာပေါ့။ သူ သူမကိုယ်​စား လုပ်​ပေးဖို့ ပြောဦးမလို့ပဲ၊ ဒါပေမယ့်​ အဲ့စကားလုံးတွေကို မြိုချလိုက်​ပြီး ပြောခဲ့လိုက်​တယ်​။ "သတိထားနော်​"

မင်​ရှုကတော့ ပြုံးနေတာပဲ။

ကျန့်​ရွှင်​ နဉ်​ခယ့်​ချင်းကို တစ်​ချက်​သာ ပြန်​လှည့်​ကြည့်​ပြီးနောက်​ ထွက်​သွားတော့တယ်​။ သူ့ခြေသံတွေက တဖြည်းဖြည်း တိုးသိမ်​ပျောက်​ကွယ်​ကုန်​တယ်​။

မင်​ရှု မေးစေ့ပွတ်​နေမိတော့တယ်​။ ကျန့်​ရွှင်​. . . ကြည့်​ရတာ သူက မူလခန္ဓာရှင်​ကို ကြိုက်​ခဲ့ပုံပဲ။ ဒါပေမယ့်​ မူလကျန့်​ညန်​က မသိခဲ့တဲ့အခါကျတော့ သူ့အချစ်​ကို ထပ်​ခါတလဲလဲ နင်းချေမိသလို ဖြစ်​သွားခဲ့တယ်​။

ပြီးတော့ ကျန့်​ရွှင်​က နဉ်​ခယ့်​ချင်းကို မင်​ရှုရောက်​လာပြီးနောက်​ပိုင်း အခုမှ တွေ့တာ။ ဆိုတော့ကာ ကျန့်​ရွှင်​အနေနဲ့ နဉ်​ခယ့်​ချင်းကို ချစ်​မိဖို့ဆိုတာ မဖြစ်​နိုင်​တော့ဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now