မာနမင်းသမီး (၆)

512 73 1
                                    

မာနမင်းသမီး (၆)

Name:Coming of the Villain Boss! 
Author:Mo Ling

"မင်းသမီး၊ ကျွန်မကပဲ အရှင့်သားကို နန်းဆောင်ဆီ ပြန်ပို့ဆောင်ပေးလိုက်ပါမယ်"

မင်းသမီးရုန်ဟွားရဲ့ နောက်လိုက်တွေ မုကျယ်ကို ဆွဲခေါ်သွားတော့မဲ့အချိန်မှာပဲ ခပ်ပြတ်ပြတ် မိန်းကလေးသံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။ နောက်တော့ မုကျယ်ဘေးနားမှာ တောက်ပတက်ကြွနေတဲ့ လူတစ်ယောက် လာရပ်နေတော့တယ်။

"ချန်ကျင်းယွင် ဒါ မင်းနဲ့ ဘာမှ မဆိုင်ဘူး" ရုန်ဟွားမင်းသမီးလည်း တတ်နိုင်သမျှ ဒေါသကို ချိုးနှိမ်ထားပြီး ပြန်ပြောတာပေါ့။

'ဒီအရူးက ဘာကြောင့်များ ဘုရင့်သားတော်နေရာကို ယူထားရတာလဲ'

"အရှင်မင်းသမီး၊ ကျွန်မနဲ့ သက်ဆိုင်နေမှာကို စိုးရွံ့မိပါတယ်၊ ကျွန်မက အရှင့်သားရဲ့ ကြင်ယာတော်အလောင်းလျာပါ၊ ဘယ်လိုလုပ်ပြီး ကျွန်မနဲ့ မဆိုင်ဘူးလို့ ဆိုနိုင်မှာလဲ" ချန်ကျင်းယွင်ရဲ့ စကားလုံးတွေက နှိမ့်ချရိုကျိုးဟန်ရှိပေမဲ့ လေသံကတော့ ကျယ်တယ်။ ကြောက်ရွံ့တုန်လှုပ်တဲ့ အမူအရာမျိုးလည်း တစ်စက်ကလေးမှ မရှိဘူး။

ချန်ကျင်းယွင်က ရိုးရှင်းတဲ့ အဝတ်အစားကိုသာ ဝတ်ဆင်ထားတယ်ဆိုပေမဲ့ သိပ်လှတဲ့ မျက်နှာတစ်ခုရှိတော့ လူတကာရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိလေတယ်။ သူမအတွက်တော့ သားနားကြော့ရှင်းတဲ့ အဝတ်အစားတွေကို မလိုအပ်ပုံပဲ။

"ချန်အိမ်တော်ရဲ့ သခင်မလေးက ဒီလောက်အရှက်မဲ့တတ်မယ်လို့ တို့ မထင်ထားမိဘူး၊ အခုထိ အပြင်လူတစ်ယောက်သာ ဖြစ်နေသေးပေမဲ့ သူ့ကိုယ်သူ အခုကတည်းက သူများမယားလို့ သတ်မှတ်နေပုံရတယ်" ရုန်ဟွားမင်းသမီးကလည်း အားနာမနေဘဲ ခနဲ့တဲ့တဲ့ ပြန်ချေပလေတယ်။

"ကျွန်မရဲ့ ခင်ပွန်းလောင်းအတွက် ရှေ့ထွက်ရပ်တည်ပေးတာ ဘာမှ မမှားဘူးလို့ ထင်တာပဲ" ချန်ကျင်းယွင် မေးကို ရှေ့ထိုးထားပြီး လေသံ ခပ်မာမာနဲ့ပဲ ပြန်ပြောတော့လေတယ်။

မင်းသားက ကျပ်မပြည့်ဘူးဆိုတာ လူတိုင်း သိထားတယ်။ ချန်ကျင်းယွင်က မင်းသားအတွက် အခုလို ကာစီးပေးတာတွေ့တော့၊ ထီးမွေနန်းလျာ ပြိုင်ပွဲကြီးမှာ ဘယ်နေရာ ရပ်တည်ရမှန်း မသေချာသေးတဲ့ လူတွေရဲ့ အမြင်က ကြည့်ရင်တောင်မှ ချန်ကျင်းယွင်ကို သစ္စာရှိတဲ့ မိန်းမမြတ်လို့ အထင်ရောက်သွားစေနိုင်တယ်လေ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now