ရှုမငြီးသော နတ်​ဆေးရှင်​ (၂၃)

2.2K 475 14
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၂၃)
~~~~~~~~~~~~~~~~~~~~~~~

"ဟုတ်​ပါပြီ၊ စိတ်​လျှော့ကြပါဦး... တို့က ငြင်းခွင့်​ မပေးမိလို့လား... ဘာလို့ အော်​နေတာလဲလို့ပဲ မေးရသေးတာလေ" မင်​ရှု အပြစ်​ကင်းဟန်​လေးနဲ့ လက်​နှ်း​ဖက်​ကို ဖြန့်​တန်းပြလိုက်​တော့တယ်​။ "အသံကျယ်​ကြောင်း အာပြဲကြောင်းကို ကြွားပြနေတာလား... လုပ်​စမ်းပါ၊ အိပ်​ချိန်​ရောက်​မှ အဲ့အသံကို သုံးလေ... တို့တွေရှေ့မှာ လာအော်​ပြနေစရာ လိုမနေဘူး..."

"…"

ကြားရသူအပေါင်းလည်း မင်​ရှု ပြောတဲ့ အဓိပ္ပါယ်​ကို နားမလည်​ချင်​ယောင်​သာ ဆောင်​နေကြရတော့တယ်​။

သခင်​ကြီးပိုင်​ မျက်​နှာထားလည်း တဒင်္ဂလောက်​ မှုန်​ကုပ်​သွားမိတာပေါ့။ နောက်​တော့ သူ မဲ့သွားပြီး ခက်​ထန်​စွာ ပြောလိုက်​တော့တယ်​။ "ကျစ်​ပေါ် ကျုပ်​တို့ကို အာရုံလွှဲဖို့ မကြိုးစားနဲ့...! ရဲမက်​တို့၊ သူ့ကို ဖမ်းချုပ်​ကြစမ်း...! ဒီနေ့တော့ သေမင်းတောင်​ကြားသခင်​ကိုယ်​တိုင်​ ရောက်​လာရင်​တောင်​ သူလည်းပဲ ရှီးလင်​မြို့လုံခြုံရေးအတွက်​ မင်းကို စတေးခံမှာပဲ..."

မင်​ရှု ရယ်​မိပြီ။ "ရှင်​က သေမင်းတောင်​ကြားသခင်​မို့လား... သခင်​က တို့ကို အစတေးခံမယ်​လို့ ဘာကြောင့်​ သိပ်​သေချာနေတာလဲ..."

'ငါက ငါ့ကိုယ်​ငါ စတေးခံမယ်​တဲ့... တကယ်​ကြီးလား...'

"သေမင်းတောင်​ကြားက လူတွေကို ကုသပေးရာမှာ ကျော်​ကြားတယ်​၊ သမားတော်​တွေဆိုတာဟာလည်း နှလုံးလှသူတွေပဲ... လောကကြီးကို ကယ်​တင်​တယ်​ဆိုတာ သူတို့ လုပ်​ရမဲ့ အလုပ်​ပဲလေ..." ပိုင်​သခင်​ကြီးက ယုံကြည်​မှု အပြည့်​အဝနဲ့ ပြောလာတယ်​။ ပါးစပ်​ပါတိုင်း ပြောချင်​ရာပြောနေတာပဲ။

မင်​ရှုကတော့ ပိုင်​သခင်​ကြီးကို ပြုံးပြီး ကြည့်​နေလိုက်​တယ်​။ "အေး၊ ပိုင်​သခင်​ ဒီတစ်​ခါခန့်​မှန်းတာတော့ မှားသွားပြီ... တို့ ကိုယ့်​ကိုယ်​ကို အစတေးမခံနိုင်​ပါဘူးနော်​..."

". . .ဘာ" သခင်​ကြီးပိုင်​ တော်​တော်​ကြာတဲ့အထိ ကြောင်​နေသေးတယ်​။ ပြီးမဇ သူ သဘောပေါက်​သွားတာ။ "မင်းကများ သေမင်းတောင်​ကြားသခင်​ ဟန်​ဆောင်​ဝံ့တယ်​ပေါ့လေ... ဘယ်​ကနေ သတ္တိရလာတာလဲ"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now