အမှန်​တရားရဲ့ဘက်​တော်​သား (၁၂)

3.6K 713 17
                                    

အမှန်​တရားရဲ့ဘက်​တော်​သား (၁၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြဇာတ်​ဆိုတာ ဘာကြီးလဲ။

သူ့ မှတ်​ဉာဏ်​တွေထဲမှာတော့ ဇာတ်​ထုတ်​ဆိုတာ သူ နားမလည်​နိုင်​တဲ့ ခန်းနားဝင့်​ကျယ်​တဲ့ သရုပ်​ဆောင်​ ဖျော်​ဖြေမှုတစ်​မျိုး။

ကျင့်​ယွီချီ သူ့ကိုယ်​စား စာရင်းပေးလိုက်​တဲ့ ကိစ္စအပေါ် မင်​ရှု နားမလည်​နိုင်​ဘူး။ ဒါပေမဲ့ ကောင်းသော ရည်​ရွယ်​ချက်​နဲ့ မဟုတ်​တာတော့ အသေအချာပဲ။

'အဲ့ဒါကို ငါက ကြောက်​နေစရာလား

လူများလေလေ ကိစ္စများလေလေ ပိုစိတ်​လှုပ်​ရှားစရာဖြစ်​လေပဲ...'

အနုပညာအသင်းခေါင်းဆောင်​ကို မင်​ရှု ဘာကြောင့်​ ကတိပေးခဲ့သလဲဆိုတာကို နားမလည်​နိုင်​တဲ့ ယဲ့မြောင်းမြောင်းက သူ့လက်​ကိုဆွဲကာ မေးလာတယ်​။ "မုန်းမုန်း... နင်​ ကိုယ်​တိုင်​ စာရင်းပေးခဲ့တာ မဟုတ်​ဘူးလေ၊ ဘာလို့ သဘောတူလိုက်​ရတာလဲ"

"ပြဇာတ်​လေးတစ်​ခုပဲဟာကို... ဘာကြောက်​နေစရာ ရှိလို့လဲ" မင်​ရှု အာလူးကြော်​ထုပ်​ကို ဖောက်​ရင်း ဖြည်းဖြည်းချင်း ပြောလိုက်​တယ်​။ အသံကတော့ ဂုဏ်​ဆာနေချက်​ပဲ။ "ငါက သရုပ်​ဆောင်​ခြင်းကို စောင့်​တဲ့ နတ်​ပဲ... သူတို့ ဇာတ်​ကတဲ့နေရာမှာ ငါနဲ့ လာကစားရဲရင်​ ပယ်​ပယ်​နယ်​နယ်​ကို ရှုံးနိမ်​သွားစေရမယ်​..."

"မုန်းမုန်း နင်​ အရင်​က ပြဇာတ်​မကဖူးဘူးလေ" ယဲ့မြောင်းမြောင်း စိတ်​လှုပ်​ရှားစွာ ပြောလိုက်​တယ်​။ "နင်​ ထင်​တာထက်​ ခက်​နေမယ်​နော်​"

မင်​ရှုကတော့ ယဲ့မြောင်းမြောင်း ပုခုံးကို ပုတ်​ပုတ်​ပြီး ဖြေသိမ့်​လိုက်​တယ်​။ အပြုံးကတော့ မပျက်​ဘဲ။ "မစိုးရိမ်​နဲ့ဟ၊ ငါ မရှင်းနိုင်​တဲ့ ကိစ္စဆိုတာ မရှိဘူး" 

"..."

မင်​ရှုကသာ ဘယ်​လိုမှ မနေတာ။ ယဲ့မြောင်းမြောင်းကတော့ သေလုမတတ်​ ပူပန်​နေပြီ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now