ရှုမငြီးသော နတ်​ဆေးရှင်​ (၃၄)

1.3K 300 2
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၄)
~~~~~~~~~~~~~~~~~~~~~

မင်​ရှု အစာတွေ အလုခံလိုက်​ရတာနဲ့ ရုတ်​တရက်​ကြီး သွေးပေါင်​ကျသွားသလို ခံစားရတော့တာပဲ။ သူ့ကိုယ်​ထဲမှာ ပကောင်​တွေ ရှိနေတယ်​ဆိုတာကြောင့်​ အံ့သြမင်​သက်​နေရတဲ့ ချင်းချန်​တောင်​ သူမရဲ့ ပုံမှန်​မဟုတ်​တဲ့ "အခြေအနေ"ကို သတိထားမိသွားတယ်​။

"မင်း ဘယ်​သွားမလို့လဲ" ချင်းချန်​ မင်​ရှု လက်​ကို ဆွဲထားလိုက်​ပြီး မေးတော့တယ်​။ "လုပ်​ပါဦး၊ သမားတော်​ကြီးရယ်​၊ ကျုပ်​ ကိုယ်​ထဲက အကောင်​တွေ ထုတ်​ပေးပါ"

သူ့ကိုယ်​ထဲမှာ မျှော့လို သံလို အကောင်​တွေ ရှိနေတာကို စဉ်းစားမိရုံနဲ့ ချင်းချန်​ တစ်​ကိုယ်​လုံး ယားလာမိသလိုလိုပဲ။

မင်​ရှုကို ချင်းချန်​ ဆွဲထားတုန်း အကောင်​ငယ်​လေးကတော့ မြက်​ရိုင်းတောထဲမှာ ပုန်းစရာနေရာရှာပြီးနေပြီ။ ဘာသဲလွန်​စ ခြေရာလက်​ရာမှ မချန်​ရစ်​ခဲ့ဘူး။

'လခွမ်း ဒီအရူး တမင်​တကာ လုပ်​တာမဟုတ်​လား၊ ဟိုပိန်းတိန်းလေး ငါ့မုန့်​မုန့်​တွေ ခိုးသွားလို့ရအောင်​ ကူညီပေးနေတာ...!'

မင်​ရှု နေရာမှာတင်​ စက္ကန့်​ပိုင်းလောက်​ ဆက်​ရပ်​နေပြီးတော့မှ ပြန်​ထိုင်​ချလိုက်​လေတယ်​။

"မသေနိုင်​တဲ့ ပိုးကောင်​တွေအကြောင်း ကြားဖူးလား"

"မသေနိုင်​တဲ့ ဖုတ်​ကောင်​တွေပဲ ကြားဖူးတယ်​" ချင်းချန်​ အမှန်​အတိုင်းပဲ ပြန်​ဖြေလိုက်​တာ၊ မင်​ရှုက ရယ်​ပါလေရော။

'ဒီမိန်းမက အပြုံးတစ်​ခုနဲ့တင်​ ခံစားချက်​တွေ အကုန်​ဖော်​ပြနိုင်​တာပဲ' ချင်းချန်​ မင်​ရှုကို သဘောကျမိတော့တယ်​။

"ဖုတ်​ပိုးမွှားဆိုတာ လူ့ခန္ဓာကိုယ်​မှာ တွယ်​ကပ်​ပြီးနေတဲ့ ကပ်​ပါးကောင်​တစ်​မျိုးပဲ၊ လူရဲ့ အာဟာရနဲ့ အသက်​ဓာတ်​ကို စုပ်​ယူပြီးအသက်​ဆက်​ကြတယ်​၊ လက်​ခံကောင်​ဖြစ်​တဲ့ လူသားမှာ တစ်​ခုတစ်​လေ နှလုံးခုန်​မြန်​တာ၊ အသက်​ရှူရခက်​တာ စတဲ့ လက္ခဏာတွေ ခံစားရပြီး အသက်​ ၃၀ ကျော်​တဲ့အထိ အသက်​မရှင်​ဘူး...

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now