ကောလဟလ ဘုရင်မ (၁၁)
~~~~~~~~~~~~~~~~~~~~~မင်ရှု စကားစကို ဖြတ်ပြီး အစားစားတဲ့ဆီ ပြန်လာခဲ့လေတယ်။
သိပ်မကြာခင်၊ သူမမှာ လုပ်စရာတွေ များလာတော့မှာ။ အခုကတည်းက ဝဝလင်လင် စားထားရမယ်။
ဒါကြောင့်မို့၊ ကျန့်ရွှင် သူ့ညီမကို ပြန်ရှာတွေ့တော့ သူမက ထောင့်တစ်နေရာမှာ ကုပ်ကုပ်ကလေး အစာထိုင်စားနေသတဲ့။
သူ ဘေးဘီဝဲယာကြည့်လိုက်တော့ သူမကို ဘယ်သူမှ သတိမထားမိကြတာ တွေ့ရတယ်။ သူ သူမအနား လျှောက်လာလိုက်ပြီး ချောင်းဟန့်လိုက်တယ်။ ပြီးတော့ သူမကို လေသံခပ်တိုးတိုးနဲ့ သတိပေးကြည့်တာပေါ့။ "ညန်ညန်၊ အနေအထိုင် ဆင်ခြင်ပါဦး..."
"ဗိုက်ဆာလို့..." မင်ရှုက ပါးလုပ်ပါးလောင်းနဲ့ ပြန်ဖြေတယ်။
"မနက်ကလည်း အများကြီးတွေ စားထားတာလေ၊ အခုထိ ဗိုက်ဆာနေတုန်းပဲလား" ကျန့်ရွှင် နားမလည်နိုင်။ သူမ အရင်နေ့တွေကလည်း အဆန့်မပြဲတွေ စားနေတာ သူ သတိထားမိတယ်။ သူမ ဗိုက်က မပြည့်နိုင်တော့ဘူးလား။
အရင်က သူမ အိမ်ပြန်လာတဲ့အခါတွေမှာ၊ အခုလို ဖြစ်တာမျိုး သူ မကြုံခဲ့ဖူးဘူး။
သရုပ်ဆောင်ကြယ်ပွင့်တစ်ယောက်အနေနဲ့၊ သူမ ဝလာမှာ မကြောက်တော့ဘူးလား။
မင်ရှု သူမပန်းကန်ထဲက နောက်ဆုံးသော မုန့်တစ်ဖက်ကို စားလိုက်တယ်။ ပန်းကန်လွတ်ကို ခါရင်း ပြန်ပြောလိုက်သေးတယ်။ "အစ်ကိုက ညီမမှ မဟုတ်တာ၊ ညီမ ဗိုက်ဆာတာ ဘယ်နားလည်ပါ့မလဲ... ဗိုက်ဆာတာ အပြစ်လား..."
'ငါ့မှာ အစာတောင် အေးအေးလူလူ မစားရဘူး...'
". . ."
ကျန့်ရွှင် နောက်ပြန်လှည့်ကြည့်ရင်း ပြောလိုက်တော့တယ်။ "မင်းက မိန့်ခွန်းတွေပြောရဦးမှာလေ... ဝလာဦးမယ်... သိပ်စားမနေနဲ့"
မင်ရှုကတော့ ဆက်သာပြုံးနေတယ်။ "ဘယ်လိုပဲဖြစ်ဖြစ်၊ ဝလာမယ့်သူက အစ်ကိုမှ မဟုတ်ဘဲလေ..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
הומורဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...