ကောလဟလ ဘုရင်​မ (၁၉)

4.7K 840 30
                                    

ကောလဟလ ဘုရင်​မ (၁၉)
~~~~~~~~~~~~~~~~~~~~~~

နောက်​ဆုံးတော့ ဖေဖေကျန့်​ကပဲ ဆိုင်​ရွေးလိုက်​ရတယ်​။ သူတို့အတွက်​ လူရှေ့သူရှေ့ သိပ်​ထွက်​ပြတာမျိုး မဖြစ်​ချင်​တော့ သီးသန့်​ဆန်​ပြီး အေးဆေးတဲ့ ဆိုင်​ဖြစ်​ဖို့ လိုတယ်​။

မင်​ရှုအတွက်​ကတော့ အစာရတဲ့နေရာ ဖြစ်​ဖို့ပဲ လိုတယ်​။

"ညန်​ညန်​၊ ကုမ္ပဏီအခြေအနေကရော ဘယ်​လိုလဲ..." အဖေကျန့်​က မေးလိုက်​တယ်​။ သူ့သမီး အုပ်​ချုပ်​နေတဲ့ Entertainment ကုမ္ပဏီကြီး ဒေဝါလီခံလိုက်​ရပြီလား သိချင်​သွားလို့။

"ဒါတိုင်းလိုပါပဲ..." မင်​ရှုကတော့ အမှုမဲ့ အမှတ်​မဲ့ ပြန်​ဖြေတယ်​။ သူ့လောဘမျက်​လုံးတွေက ဝက်​ခြေထောက်​ကနေ ခွာကို မခွာတော့ဘူး။

'ဟင်းလာချပေးတာကလည်း နှေးလိုက်​တာ၊ ငါ ငတ်​သေတော့မှာပဲ...'

ဖေဖေကျန့်​ကတော့ မင်​ရှုရဲ့ အရေးတယူမရှိ အမူအရာမျိုးကို မကျေမနပ်​ဖြစ်​မိတာပဲ။ ဒီတော့ သူ ခေါင်းငိုက်​စိုက်​နေတဲ့ ကျန့်​ရွှင်​ဘက်​လှည့်​မေးတော့တယ်​။ "ရွှင်​အာ၊ သားပဲ အဖေ့ကို ပြောပြတော့"

သူ့နာမည်​ကြားတော့မှ ကျန့်​ရွှင်​ ခေါင်းမော့လာပြီး မျက်​နှာတည်​တည်​နဲ့ ပြန်​ဖြေတယ်​။ "ညန်​ညန်​ စီမံခန့်​ခွဲတာ ကောင်းပါတယ်​"

"သား သူ့ကို ကာပြောပေးစရာမလိုဘူး... သူ ပေါ့ပေါ့တန်​တန်​နေပုံမျိုးနဲ့ဆို ဘာမှ ဖြစ်​မြောက်​နေမှာ မဟုတ်​ဘူးဆိုတာ သိပြီးသား... သားတို့ ဝန်​ထမ်းတွေ တော်​တော်​များများ ထွက်​ကုန်​ပြီဆို ဟုတ်​လား" ဖေဖေကျန့်​ သူ့သမီးအကြောင်း သိတာပေါ့။

"ဟုတ်​တယ်​၊ ညန်​ညန်​ စီမံခန့်​ခွဲတာကတော့ တကယ်​ကောင်းတယ်​... ထွက်​သွားတဲ့ ဝန်​ထမ်းတွေနေရာမှာလည်း အသစ်​တွေ ခန့်​အပ်​ထားပြီးပါပြီ... အခုချိန်​မှာ အားလုံး ပုံမှန်​အတိုင်း လည်​ပတ်​နေပြီ" 'ကျွန်​တော်​တို့ကို ကျင်းယွိက လိုက်​ပိတ်​နေတာလေး တစ်​ခုပဲ...'

ဒါပေါ့၊ အဲ့ဒီနောက်​ဆုံးတစ်​ခွန်းကိုတော့ ကျန့်​ရွှင်​ မြိုသိပ်​လိုက်​ရတာပေါ့။ ဒါပေမဲ့ ဖေဖေကျန့်​ ဒီလောက်​စိတ်​ဝင်​စားနေပုံထောက်​ရင်​ သိပြီးသားလည်း ဖြစ်​နိုင်​တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now