ရှုမငြီးသော နတ်​ဆေးရှင်​ (၃၆)

1.4K 323 5
                                    

ရှုမငြီးသော နတ်​ဆေးရှင်
~~~~~~~~~~~~~~~~~~~

"ဖြစ်​နိုင်​တာက... နင့်​ကို ကြည့်​မရလို့" မင်​ရှု မျက်​ဝန်းတွေ ကွေးမှိတ်​ပြုံးသွားရင်း ရှောင်းရုဖုန်းကို ကြည့်​နေလိုက်​တယ်​။ "ဒီဆင်​ခြေက အဆင်​ပြေလား၊ မပြေရင်​ နောက်​တစ်​ခု စဉ်းစားလိုက်​မယ်​"

ချင်းချန်​တော့ နဖူးပေါ် လက်​တင်​ရင်း သက်​ပြင်း အခါခါ ချနေမိတော့တယ်​။ သူ ဒီစိတ္တဇနဲ့ အတူတူ ရပ်​မနေချင်​ဘူး။ လူတွေက သူ့ကိုပါရောပြီး အရူးထောင်​ပို့နေဦးမယ်​။

ရှောင်းရုဖုန်း၊ ". . ."

မင်​ရှုစကားက နဂါးမျိုး မြွေကို ဒေါသထွက်​သွားစေတယ်​။ သူ မဲ့ရွဲ့လိုက်​ပြီး ရှောင်းရုဖုန်း နားအနားကို ကပ်​မှီလိုက်​ပြီး တီးတိုးတီးတိုး ပြောလာတယ်​။ သူတို့ ဘာတွေ ပြောနေသလဲ မင်​ရှု မကြားရဘူး။ ဒါပေမဲ့ ရှောင်းရုဖုန်း မျက်​နှာထားအရ ဘာကောင်းတဲ့ဟာမှ မဟုတ်​တာ သေချာတယ်​။

မင်​ရှု လမ်းဘေးတစ်​နေရာကနေ သစ်​ကိုင်းတစ်​ခက်​ ချိုးယူလိုက်​တယ်​။ အဲ့သစ်​ကိုင်းကိုပဲ လေမှာ ဝှေ့လို့ သရမ်းနေလိုက်​လေတယ်​။ သစ်​ရွက်​တွေလဲ တစ်​ရွက်​နဲ့ တစ်​ရွက်​ ပွတ်​ထိမိပြီး တချွတ်​ချွတ်​ဖြစ်​နေတော့တာပေါ့။

ဟိုတစ်​ဖက်​က နှစ်​ယောက်​လဲ မင်​ရှုဘက်​ကို လှည့်​ကြည့်​လာကြတော့တယ်​။

အဲ့မှာ သစ်​ရွက်​စိမ်းတွေက သူတို့ဆီကို ဓားသွားထက်​ထက်​တွေပမာ ပြေးလာကြကုန်​တော့လေတယ်​။ သူတို့ရဲ့ အမြင်​အာရုံကိုပါ ပိတ်​ကာထားလိုက်​ကြတယ်​။

နဂါးမျိုး မြွေက ရှောင်းရုဖုန်းကို ဘေးဘက်​ တွန်းဖယ်​လိုက်​ပြီး သူ့လက်​ကို မြှောက်​ ကာလိုက်​တာ။ နောက်​တော့ ရုတ်​တရက်​ပဲ သစ်​ရွက်​တွေအကုန်​လုံးကို မမြင်​နိုင်​တဲ့ စွမ်းအင်​စုတစ်​ရပ်​က ခြေမွပစ်​လိုက်​ပြီး မြေပေါ် ကျသွားစေခဲ့တယ်​။

သူတို့အရှေ့က အမျိုးသမီးက နမြောနေသလိုလိုနဲ့ သက်​ပြင်းတစ်​ချက်​ ချလေတယ်​။

"နင်​ အလစ်​တိုက်​ခိုက်​တယ်​" ရှောင်းရုဖုန်း သူမ ခန္ဓာကိုယ်​ ဟန်​ချက်​ပြန်​ထိန်းပြီးတာနဲ့ အော်​တော့တာပဲ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now