မိုးမြေခစား

By SummerMaung

563K 21.3K 826

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
My Apology

ဇာတ်သိမ်းပိုင်း

14.1K 514 44
By SummerMaung

💌 Part - 66 💌
---------------

I've said those words before
(ဒီစကားတွေကို အရင်တုန်းက ပြောခဲ့ဖူးပေမယ့်)

But it was a lie
(အဲ့ဒါလိမ်တဲ့စကားတွေပါ)

And you deserve to hear them a thousand times
(ပြီးတော့ မင်းက ဒီစကားတွေကို အကြိမ်ပေါင်းထောင်ချီမက ကြားရဖို့ ထိုက်တန်တဲ့သူပါ)

"ငါလည်း မင်းကိုအကြိမ်ပေါင်း ထောင်ချီပြီးချစ်တယ်ဆိုတဲ့အကြောင်းပြောဦးမှာ မင်းမကြားချင်တော့တဲ့အထိ ပြောမှာ"

လူအလစ်မှာ သူမခါးလေးကိုဖက်ကာ လည်တိုင်လေးကိ ငုံ့နမ်းရင်း နားနားလေးကပ်ပြောမိတော့ မိုးမြေကပြုံးမြသွားကာ သူ့ဘက်လှည့်လာလေသည်။
ဒီနေ့ညDinnerအတွက် ကမ်းခြေတစ်ခုလုံးငှားထားသောကြောင့် သူတို့လူစုသာရှိနေပြီး ခပ်ငြိမ့်ငြိမ့်သီချင်းသံတွေ၊ စကားသံတွေဖြင့် စည်ကားသိုက်မြိုက်နေ၏။
ထို့ကြောင့် သူတို့နှစ်ယောက်က လွတ်လပ်နေကာ မိုးမြေက သူ့ကိုခြေဖျားလေးထောက်ပြီး သူ့နှုတ်ခမ်းတွေကို မော့နမ်းလာသည်။

"ပြီးတော့ရော"

"ဘဝမှာပထမဦးစားပေးက မင်းပဲ Baby"

"ပြီးတော့ရော"

"မိုးမြေခစားဆိုတဲ့အတိုင်းပဲ အရာအားလုံးမှာ မင်းကိုပဲဦးစားပေးမယ် မင်းကိုပဲ ဝပ်ပြားနေအောင်ခစားမယ်"

"အဲ့ဒါဆို နမ်း"

ပြုံးစိစိဖြင့် မျက်နှာလေးမော့ပေးလာသည့်အခါ သူ မငြင်းနိုင်တော့ဘဲ ခါးလေးကိုသိုင်းဖက်ကာ မက်မောရလွန်းသောနှုတ်ခမ်းလေးကို ဖိကပ်နမ်းရှိုက်မိသည်။
သူမသည်သာ တစ်ဘဝလုံးအတွက် အမြတ်နိုးရဆုံးအရာလေးမို့...

"ငါမင်းကိုအရမ်းချစ်တယ် မင်းရှိနေရင် တစ်ဘဝလုံးပြည့်စုံပြီလို့ ခံစားရတဲ့အထိပဲ ငါ့ကိုခွင့်လွှတ်ပြီး ပြန်လက်ခံပေးတာကိုလည်း တကယ်ကျေးဇူးတင်တယ်
Babyရယ် မင်းကငါ့အတွက် တကယ်Soulmateပါပဲ"

မိုးမြေကိုငုံ့ကြည့်ရင်းပြောနေရာမှ သူသည် ကလေးတစ်ယောက်လို မျက်ရည်တွေရစ်ဝဲလာသလို သူ့ပုံစံသည် ယုယုယယပွေ့ဖက်နှစ်သိမ့်ချင်လောက်အောင် ချစ်စရာကောင်းနေတော့၏။
သူ့ရင်ခွင်ထဲတိုးဝင်ရင်း ကျောပြင်ကျယ်ကြီးကိုသိုင်းဖက်ကာ သူ့မေးဖျားလေးကိုမော့နမ်းမိတော့ မိုးမြေရဲ့လူဆိုးလေးဟာ သဘောတကျပြုံးလာသည်။

"ငါလည်းနင့်ကိုအရမ်းချစ်တယ် ခစားရယ်.. ငါတို့ဘဝချင်း၊ စိတ်ဓာတ်ချင်းတူကြတယ် အကျင့်စရိုက်ချင်းရော၊ အတွေးအခေါ်ချင်းလည်းတူကြတယ် အဲ့ဒါဘာလို့လဲသိလား"

"မသိဘူး"

"ငါကနင့်အတွက် မွေးဖွားလာလို့ပေါ့"

"ဟား!.. ခြွေတယ်ကွာ ငွေသရဲမကတော့"

"အေးပါ FBIက ဝူတန်ဂိုဏ်းချုပ်ကြီးရယ်"

တစ်ယောက်ကိုတစ်ယောက် အောက်ဖဲလှန်ရင်း သူ့လည်ပင်းကိုခိုတွဲလိုက်တော့ ခစားက သူမခါးလေးကိုသိမ်းဖက်ပြီး မွှေ့ယမ်းပစ်လိုက်လေသည်။
ရင်ထဲလှပ်ခနဲဖြစ်သွားသလို လူမမြင်အောင် ခိုးနမ်းလာသော နှုတ်ခမ်းစိုစိုတို့ကလည်း ရင်ခုန်ချင်စရာအတိ...
ချစ်တယ်၊ အရမ်းချစ်တယ် ယောကျာ်း...

💌💌💌💌💌💌

ခစားဝယ်ထားသော အိမ်အသစ်ကလေးက မိုးမြေတို့နေခဲ့သောတိုက်ခန်းနှင့် သိပ်မဝေးသလို ဆိတ်ငြိမ်ရပ်ကွက်လည်းဖြစ်သောကြောင့် အေးအေးဆေးဆေးနေလို့ရသည်။
သူပြောခဲ့ဖူးသလို ခြံကျယ်ကျယ်လေးဖြင့် မြက်ခင်းစိမ်းလေးတွေလည်းရှိကာ ခြံရှေ့မှာပန်းပင်လှလှလေးတွေလည်း ရှိသောကြောင့် အိမ်ရှေ့မျက်နှာစာလေးဟာ စိမ်းစိုနေ၏။

အိမ်ကလေးကတော့ နှစ်ထပ်ဖြစ်ပြီး သားသားအတွက် အောက်ထပ်မှာနေရာပေးထားကာ မိုးမြေတို့အခန်းကတော့ အပေါ်ထပ်မှာဖြစ်သည်။
မိုးမြေကတော့ ကိုယ့်အခန်းထက် သားသားအခန်းကိုသာ အရင်ကြည့်ချင်သူမို့ ပစ္စည်းနေရာချပြီးသည်နှင့် သားသားအခန်းထဲကိုသာ အရင်ဝင်လာခဲ့သည်။

"မိုးသားက မျက်စိသွေးကြောတွေပေါက်နေပြီလို့ပြောတယ် ဒီအတိုင်းဆို အမြင်အာရုံက ၃လလောက်ပဲ အချိန်ရှိတော့မယ်တဲ့"

သူက တိုးတိုးလေးပြောလာသည့်အခါ ကြိုသိထားသောကိစ္စမို့ မိုးမြေခေါင်းလေးကိုသာ ညိတ်ပြလိုက်ရင်း သားသားအခန်းကိုသာ ဝေ့ကြည့်လိုက်မိသည်။
ဗီရိုတွေကလည်း နံရံကပ်တွေဖြစ်ပြီး ခုတင်၊ စားပွဲတွေကအစ ပွတ်လုံးလေးတွေဖြင့် သေချာလုပ်ထားသောကြောင့် သူမတစ်ချက်ပြုံးလိုက်မိသည်။
အကယ်၍ သားသားမျက်စိမမြင်တော့ရင်တောင် ဒီလိုထောင့်မရှိသော ပွတ်လုံးအချောလေးတွေကြောင့် ထိခိုက်မိရင်တောင် နာမှာမဟုတ်...

"အားလုံးကပွတ်လုံးတွေနဲ့အဝိုင်းတွေချည်းပဲ နင်သေချာယူထားတာလား"

"အင်း"

"ငါတောင်မစဥ်းစားမိဘူးရယ်"

"ငါလည်းမတွေးမိပါဘူး Furnitureဆိုင်က အကြံပေးလာလို့ ဝယ်ဖြစ်သွားတာ ဟိုကောင် ဒီအခန်းမှာ အသားကျသွားရင် ဘာမှမထိခိုက်တော့ပါဘူး နောက်မှ ဒီအခန်းမှာ ကတ္တီပါကော်ဇော်ခင်းပေးလိုက်မယ်"

"ကျေးဇူးတင်တယ်သိလား"

မိုးသားအတွက် အဲ့လောက်ထိစဥ်းစားပေးခြင်းဟာ တကယ်ကျေးဇူးတင်စရာပဲမဟုတ်လား...
ထိုစကားကို လေးလေးနက်နက်ကြီးပြောရင်း အလိုလိုမျက်ရည်ဝဲလာသည့်အခါ ခစားက သူမပခုံးကိုဖက်ပြီးပြုံးပြ၏။
ထိုအပြုံးဟာ မိုးမြေကို ချစ်မြတ်နိုးသောအငွှေ့အသက်တွေနှင့် ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က အလိုလိုက်ခွင့်ရနေသောအပြုံးမျိုး။
သူဟာ မိုက်ရိုင်းတတ်သူ၊ အရွဲ့တိုက်တတ်သူဖြစ်ပါလျက် သူ့နှလုံးသားသည် ဘာကြောင့်များ ဒီလောက်ထိနူးညံ့သိမ်မွေ့ရသလဲ..

"ဘာလို့ကျေးဇူးတင်နေတာလဲ မိန်းမရယ် မင်းနဲ့ငါဆိုတာက Soulmateတွေလေ ကျေးဇူးတင်စရာလည်းမလိုဘူး ကျေးဇူးတင်ခံချင်လို့လည်း လုပ်ပေးတာမဟုတ်ဘူး
နည်းနည်းသောက်ချိုးမပြေပေမယ့် မိုးသားကိုလည်း ငါကသံယောဇဥ်ရှိပြီသားပါ"

"သူလည်း အဲ့လိုပြောတာပဲ"

"ဒါကြောင့်လည်း ငါ့ယောက်ဖဖြစ်လာတာ အဟွန်း.."

သဘောတကျရယ်နေသော သူသည် မျက်လုံးတွေမှိတ်သွားသည့်အခါ ကလေးတစ်ယောက်နှင့်ပိုတူသွားသောကြောင့် ခြေဖျားလေးထောက်ကာ သူ့နှုတ်ခမ်းပါးတွေကို ဖိနမ်းပစ်လိုက်၏။
ထင်မှတ်ထားပုံမရ၍ ခေတ္တတော့ကြောင်သွားပေမယ့် သူက ပြန်လွှတ်မပေးတော့ဘဲ အနမ်းတွေဖြန့်ကျဲလာကာ မိုးမြေကိုခပ်တင်းတင်းပွေ့ဖက်လာသည်။

"ခင်ဗျားတို့ကလည်းဗျာ ကျွန်တော့်အခန်းထဲလာပြီး.."

အခန်းတံခါးဝမှ ထွက်လာသော သားသားအသံကြောင့် မိုးမြေ သူ့ရင်ဘတ်ကိုတွန်းဖယ်ပစ်ပြီး ပြန်ရုန်းထွက်လိုက်မိသည်။
ထို့နောက် သားသားကိုကြည့်မိတော့ ဒင်းလေးဟာ သူမတို့လင်မယားကို ဂြိုဟ်ကြည့်ကြည့်နေ၍ ခစားကရယ်ကျဲကျဲဖြင့် လည်ပင်းကိုပွတ်နေရင်း...

"မဟုတ်ပါဘူး မင်းရဲ့အခန်း အဆင်ပြေလားလို့ဝင်ကြည့်တာပါ"

"ပြေတယ် လစ်တော့"

"ဟ!"

"Singleလေးရှေ့ လာလာပြီးRoပြနေကြတာ အားနာသမှုကိုမရှိဘူး မျက်စိကိုနောက်တယ်"

"ငါတို့က အခုမှပြန်ချစ်ရလို့ပါဟ"
"အေးလေဟယ် ၄နှစ်တောင်ကွဲနေခဲ့တာ"

"ဘာနေနေ သွား.. ထွက်တော့ ခင်ဗျားတို့ကို ပေးစားမိတဲ့ကျွန်တော်ပဲမှားတာ"

တဖျစ်တောက်တောက်ဖြင့် ဇွတ်မောင်းထုတ်နေသော သားသားကြောင့် မိုးမြေနှင့်သူသည် ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဒင်းလေး ဆူဆောင့်နေသည့်တိုင် ဘာမှလည်းပြန်မပြောရဲ။
အခန်းထဲက ခပ်ကုတ်ကုတ်ဖြင့်ပြန်ထွက်ခဲ့ရရင်း အခန်းအပြင်ရောက်မှ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်လိုက်မိသည်အထိ။
ပြီးမှ ခစားက အပေါ်ထပ်ကအခန်းဆီ မျက်စပစ်ပြသောကြောင့် သူမနှုတ်ခမ်းလေးကိုက်လိုက်မိကာ သူ့ရင်ဘတ်ကိုဖွဖွလေးထုလိုက်၏။

"အခုမှအိမ်ပြန်ရောက်တာကို"

"အေးလေ.. အိမ်ပြန်ရောက်လို့ သေသေချာချာနားရမှာပေါ့ မင်းအိပ်မပျော်ဖြစ်နေမှာစိုးလို့"

"အဲ့လိုမရှိဘူး ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်.. အမေ့!"

သူက စွေ့ခနဲပွေ့ချီပစ်လိုက်၍ မိုးမြေလန့်ဖျပ်သွားပြီး သူ့လည်ပင်းကိုဖက်ထားလိုက်မိတော့ ထိုလူယုတ်မာကောင်က မိုးမြေကို မျက်စိတစ်ဖက်မှိတ်ပြသည်။
ပြီးမှအပေါ်ထပ်ကိုတက်လာသောကြောင့် အမြင်ကတ်ကတ်ဖြင့် မျက်စောင်းထိုးမိရုံမှတစ်ပါး သူမ ဘာမှမတတ်နိုင်တော့...

စောစောက အပြီးမသတ်သေးခဲ့ရသည့်အနမ်းတွေသည် ဒုတိယအကြိမ်ပြန်အစပျိုးလာခဲ့ပြီးနောက် မွေ့ရာပေါ်ကျောကပ်မိသည်နှင့် သူကပိုပြီးအရိုင်းဆန်လာခဲ့သည်။
ပြင်းပြသောအသက်ရှူသံနှင့် နူးညံ့သည့်အထိအတွေ့ထဲမှ ရုန်းမထွက်နိုင်အောင်ဖြစ်ရပြီး သူ့ပခုံးကိုသာဖက်ထားရင်း ဘယ်နှကြိမ်လောက်အထိ ပျော်ဝင်နေမိခဲ့သလဲမသိတော့...

"ချစ်တယ်"

ဆိုသည့်စကားကိုလည်း အတားအဆီးမရှိပြောနေပြီဖြစ်သော ထိုနှုတ်ခမ်းတွေကိုလည်း သူမ နမ်းရှိုက်မိကာ သူ့ရင်ခွင်ထဲကိုသာ နှစ်နှစ်ခြိုက်ခြိုက်တိုးဝင်နေမိသည်အထိ။
နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျသွားတော့မှ မိုးမြေကိုယ်လေးကို တင်းတင်းဖက်ကာ နဖူးလေးကို သူ နမ်းရှိုက်လာတော့ သူ့ကိုမော့ကြည့်ရင်း အလိုလိုပြုံးမိသွား၏။

သူ့အနားမှာ အမြဲရှိပေးနေရင်း
သူစိတ်ဆိုးနေချိန်တိုင်း ကလေးလိုချော့ရင်း
သူငိုသည့်အချိန်တိုင်း သူ့ကိုဖက်ထားရင်း
သူ့ရင်ဘတ်ပေါ် လက်ကလေးတင်ရင်း
သူ့ပခုံးပေါ်ခေါင်းလေးမှီရင်း
သူ့ဆီက စီးကရက်နံ့ရောသောရေမွှေးနံ့လေးအား အမြတ်တနိုးနမ်းမွှေးရင်း
ဒီဘဝရဲ့နေ့ရက်တိုင်းကို သူမ ကုန်ဆုံးသွားချင်ပါ၏။

💌💌💌💌💌💌

Grave

"အလောင်းအစားသမားကို မိန်းမတော်ထားရတော့ ချစ်စခင်စမှာတောင် ကျူခုံလာရတယ်လို့.. မကြားဖူးပေါင်ဗျာ"

ကားပေါ်ကဆင်းဆင်းချင်း မိုးမြေကိုကြည့်ကာ ခနဲ့သလိုပြောလာသော သူ့ကို မျက်စောင်းလေးချီမိပေမယ့် မရောက်တာကြာပြီဖြစ်သောGraveကို မော့ကြည့်လိုက်မိသည်။
လွန်ခဲ့သောလေးနှစ်ကျော်က ဒီနေရာသည် မိုးမြေရဲ့စားကျက်ဖြစ်ခဲ့ဖူးသည်။
ခစားရဲ့လာဘ်ကောင်လေးအဖြစ် Customerတွေကို ညှို့ယူပြီး ပိုက်ဆံတွေသိမ်းကျုံးယူခဲ့ဖူးသည်။
ခစားကိုအရွဲ့တိုက်ကာ Señoritaသီချင်းဖြင့် Sexyက, ကပြခဲ့ဖူးသည်။
သူနှင့်အတူတူ လက်ချင်းတွဲကာ ဒီနေရာကို တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာခဲ့ဖူးသည်။
သူနှင့်မိုးမြေအကြားက အဆုံးမဲ့သောအနမ်းတွေ၊ အဆုံးမရှိသော ချစ်ခြင်းတရားတွေဟာ ဒီနေရာက,စခဲ့တာမို့...

"Bossလာပြီ"

Snookerခန်းရောက်သည်နှင့် ဂျာကြီးအသံကြားလိုက်ရပြီးနောက် ဖောင်းခနဲအသံနှင့်အတူ သူတို့နှစ်ယောက်အပေါ်ကျလာသော အလက်လက်အမှုန်လေးတွေ။
ထို့နောက် ဂစ်တာသံတွေနှင့်အတူ သူတို့နှစ်ယောက်ဆီသို့ လျှောက်လာသော Grave၏ဝန်ထမ်းတွေကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်မိသည်က ဘာလဲဆိုသော အကြည့်တွေဖြင့်...

"ဘာလဲ နင်ငါ့ကိုSurpriseကျွေးတာလား"

"မဟုတ်ပါဘူး ငါလည်းမသိဘူး"

🎶ဘယ်အချိန်ထိတို့ ရှိနိုင်မလဲ ငါတို့အတိအကျမသိနိုင်လည်း🎼
🎵အတူတူရှိတဲ့အခိုက်အတံ့လေးတိုင်းလှစေမယ်🎶
ပါးရေနားရေတွန့်တဲ့အထိပါကွယ်🎼
🎵နင်အမြဲငါ့အတွက်ကလေးပါပဲ🎶
ဘာကြောင့်ဒီလောက်တောင်ချစ်မိသွားလဲ...🎵

ဆိုသော Bunny Phyoe၏သီချင်းကြောင့် မိုးမြေက နှုတ်ခမ်းလေးတွေကိုအုပ်ကာ အသံထွက်သည်အထိ တအားအော်ရယ်ပြီး သူ့ရင်ဘတ်ကို ဖွဖွလေးထုလာ၏။
ထိုအခါမှ တစ်ဆိုင်လုံးပေါင်းပြီး သူတို့နှစ်ယောက်ရဲ့လက်ထပ်ခြင်းအတွက် celebrateလုပ်မှန်းသဘောပေါက်လိုက်ကာ သူပါလိုက်ရယ်မိတော့သည်။
မိုးမြေကတော့ သူ့လက်ကိုလွှတ်ကာ ထိုဝန်ထမ်းတွေထဲရောက်သွားပြီး မိုက်ခ်ကိုဆွဲယူရင်း သူ့ကိုပြန်လှည့်ကြည့်လာကာ Sexyဆန်ဆန်အမူအယာလေးဖြင့် မေးလေးဆတ်ပြလာ၏။

🎶မင်းနဲ့ကျမှ အချစ်ကိုအယုံအကြည်ရှိလာတယ်🎵

Hey!!
"ငါတို့အစ်မကလည်း ပြန်ကြူးပြီဟေ့"

🎵မင်းနဲ့ကျမှအပြုံးတွေပြန်ချိုတယ်🎼
ဒီကမ္ဘာကြီးပျက်လို့ပဲ နောက်ကမ္ဘာတွေရှိသေးလည်း🎶
ချစ်သူရယ်🎵
🎼အခါခါထပ်ပြီးချစ်နေမယ်...🎶

သူ့ကိုမေးဆတ်လိုက်၊ လက်ညှိုးထိုးလိုက်နှင့် အနားရောက်လာသော ထိုကောင်မလေးကို အသည်းယားရလွန်း၍ ခါးလေးမှသိုင်းဖက်ကာ သူမကိုယ်လေးလွင့်သွားသည်အထိ ဆွဲပွေ့ယူပစ်လိုက်သည်။
လက်ခုပ်သံတွေ၊ ဆူဆူညံညံအော်ဟစ်သံတွေနှင့်အတူ သူ့လည်ပင်းကိုဖက်ကာ အသံကျယ်ကျယ်ဖြင့်ရယ်နေသော မြတ်နိုးဖွယ်လေးကြောင့် ရင်ခုန်သံတွေဟာ ပိုပြီးထိန်းမရတော့...

သူမနှုတ်ခမ်းလေးကို ဖွဖွလေးနမ်းမိသည့်အခါ မိုးမြေမျက်နှာလေးမော့လာသလို လည်ပင်းကိုလည်းသိုင်းဖက်လာ၍ အားလုံးကလည်း ဝိုင်းဝန်းအော်ဟစ်နေကြလေသည်။
ခဏနေမှ ပြန်လွှတ်ပေးလိုက်တော့ ပျော်ရွှင်ကြည်နူးမှုတွေ နင့်သီးနေသောမျက်နှာလေးက အစွမ်းကုန်ပွင့်လန်းနေသောနှင်းဆီပန်းတစ်ပွင့်လို ပန်းရောင်လေးပြေးနေခဲ့၏။

"ဒီလင်ဒီမယား ခဏခဏသဝာ်နိုင်ကြပါစေ"

"ကျွန်တော်တို့ Bossလည်း အစ်မကို ဒီ့ထက်မက ရိုကျိုးဝပ်ပြားနေပါစေ"

"မင်းတို့နော် မင်းတို့"

"ငြိမ်ငြိမ်နေစမ်း မင်းခစား.. အဲ့ဒီဆုတောင်းတွေ ငါကြိုက်တယ်နော်"

ဟု သူမက ညစ်ကျယ်ကျယ်ပြန်ပြောလာသည့်အခါ သူ့မှာအောင့်သက်သက်ဖြင့် ငြိမ်နေလိုက်ရတော့၏။
ရယ်မောနေသောဝန်ထမ်းတွေက လူချင်းခွဲပြီး လမ်းဖယ်ပေးကြသောကြောင့် ထိုလမ်း၏အဆုံးမှာ ထိုးBallတွေပြင်ဆင်ထားသော Snookerကစားပွဲတစ်ခုက သူတို့ကိုစောင့်နေခဲ့သည်။

Graveသည် သူတို့နှစ်ယောက်အတွက် အမှတ်တရနေရာတွေဖြစ်သလို ကစားပွဲတစ်ခုကို အစပျိုးခဲ့သောနေရာလည်းဖြစ်သည်။
ဒါ့အပြင် Snookerဆိုတာ သူတို့နှစ်ယောက်အတွက် အသက်တမျှ မြတ်နိုးရသောSoulmateတစ်ခုပဲ မဟုတ်လား...
တစ်ယောက်ကိုတစ်ယောက် ကြည်ကြည်နူးနူးကြည့်လိုက်မိရင်း ထိုကစားပွဲအနားလျှောက်လာခဲ့ကာ ကျူတံတစ်ချောင်းလှမ်းယူလိုက်တော့ သူမက မျက်ခုံးတစ်ဖက်ပင့်ပြရင်း...

"ဘာကြေးလဲ"

"ဘယ်တော့မှမခွဲကြေး"

💌💌💌💌💌💌

The End

3ခုမြောက်Masterpieceလေး အပြီးသတ်ခဲ့ပါပြီ
21 July 2023က စ,ရေးခဲ့ပြီး 16 March 2024မှာအဆုံးသတ်ခဲ့တာမို့ ရေးချိန် ၈လကြာခဲ့တဲ့Ficလေးပါ
အရင်Masterpieceတွေလို ဒီFicလေးကိုလည်း အားပေးကြပါဦးလို့
ဖတ်လို့ကောင်းတယ်ဆို အချင်းချင်းလက်တို့ပေးကြပါနော်😘

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

💌 Part - 66 💌
---------------

I've said those words before

But it was a lie



ဒီနေ့ညDinnerအတွက် ကမ်းခြေတစ်ခုလုံးငှားထားသောကြောင့် သူတို့လူစုသာရှိနေပြီး ခပ်ငြိမ့်ငြိမ့်သီချင်းသံတွေ၊ စကားသံတြွေဖင့် စည်ကားသိုက်မြိုက်နေ၏။

"ပြီးတော့ရော"


"ပြီးတော့ရော"


"အဲ့ဒါဆို နမ်း"





"မသိဘူး"


"ဟား!.. ခြွတေယ်ကွာ ငွေသရဲမကတော့"



💌💌💌💌💌💌




ဗီရိုတွေကလည်း နံရံကပ်တြွေဖစ်ပြီး ခုတင်၊ စားပွဲတွေကအစ ပွတ်လုံးလေးတြွေဖင့် သေချာလုပ်ထားသောကြောင့် သူမတစ်ချက်ပြုံးလိုက်မိသည်။


"အင်း"



"ကျေးဇူးတင်တယ်သိလား"





ထင်မှတ်ထားပုံမရ၍ ခေတ္တတော့ကြောင်သွားပေမယ့် သူက ပြန်လွှတ်မပေးတော့ဘဲ အနမ်းတြွေဖန့်ကျဲလာကာ မိုးမြေကိုခပ်တင်းတင်းပွေ့ဖက်လာသည်။




"ပြေတယ် လစ်တော့"

"ဟ!"


"ငါတို့က အခုမြှပန်ချစ်ရလို့ပါဟ"








"ချစ်တယ်"



💌💌💌💌💌💌

Grave



"Bossလာပြီ"

ထို့နောက် ဂစ်တာသံတွေနှင့်အတူ သူတို့နှစ်ယောက်ဆီသို့ လျှောက်လာသော Grave၏ဝန်ထမ်းတွေကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်မိသည်က ဘာလဲဆိုသော အကြည့်တြွေဖင့်...






Hey!!

🎵မင်းနဲ့ကျမှအပြုံးတြွေပန်ချိုတယ်🎼
ချစ်သူရယ်🎵



"ဒီလင်ဒီမယား ခဏခဏသဝ်ာနိုင်ကြပါစေ"




ရယ်မောနေသောဝန်ထမ်းတွေက လူချင်းခွဲပြီး လမ်းဖယ်ပေးကြသောကြောင့် ထိုလမ်း၏အဆုံးမှာ ထိုးBallတြွေပင်ဆင်ထားသော Snookerကစားပွဲတစ်ခုက သူတို့ကိုစောင့်နေခဲ့သည်။

Graveသည် သူတို့နှစ်ယောက်အတွက် အမှတ်တရနေရာတြွေဖစ်သလို ကစားပွဲတစ်ခုကို အစပျိုးခဲ့သောနေရာလည်းဖြစ်သည်။

"ဘာကြေးလဲ"

"ဘယ်တော့မှမခွဲကြေး"

💌💌💌💌💌💌

The End


#shinthant1141997

Continue Reading

You'll Also Like

787K 65.6K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
236K 26.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
400K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ