💌 Part - 65 💌
---------------
"ထည့်စားနော် သမီး ဘာမှအားမနာနဲ့"
"ဟုတ်"
"ငါ့တူတို့ရော"
"ဟုတ်ကဲ့ဗျ"
ပျော်ရွှင်နေသောဦးလေးကိုကြည့်ပြီး သူက စိတ်ပေါ့ပါးသလိုပြုံးနေခဲ့၍ မိုးမြေစိတ်ချမ်းသာနေမိကာ သူ့ထမင်းပန်းကန်ထဲကို ပုစွန်သုပ်တွေ ဦးချလိုက်သည်။
ထိုအခါ သူ့အကြည့်တွေက မိုးမြေဆီရောက်လာပြီး မိုးမြေပါးတစ်ဖက်ကို ဖွဖွလေးဆွဲလိမ်ကာ...
"Babyလည်းစားလေ"
"စားပါတယ် နင်ကဘာလို့ ဦးလေးကိုလိုက်ကြည့်နေတာလဲ"
"ပြန်တွေးကြည့်နေမိတာ မင်းရော၊ မိုးသားရော မင်းအဖေက ခဏခဏဟင်းချက်ကျွေးတယ်နော် အဲ့ဒီတုန်းကတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် တကယ်တမ်း အဖေတစ်ယောက်က ဂရုတစိုက်နဲ့ ချက်ပြုတ်ကျွေးမွေးတယ်ဆိုတာ သိပ်ကျေနပ်စရာကောင်းသလိုပဲ"
မိုးမြေ သူ့ကိုသနားသွားမိကာ သူဟာအဖေတစ်ယောက်ရဲ့နွေးထွေးခြင်းကို ဘယ်လောက်လိုလားနေသလဲ ဆိုသည့် အတွေးလေးဝင်လာမိသည်။
ကိုကြီးကလည်း သူ့အပေါ် သိပ်ဂရုမစိုက်ဘဲ စာကိုသာလုပ်ခဲ့သည်ဟုဆိုခဲ့ဖူးသလို သူတို့အမေကလည်း မိုးမြေသိရသလောက်ဆို Shoppingထွက်လိုက်၊ Spaသွားလိုက်ဖြင့် သားတွေအပေါ်မှာလည်း နွေးထွေးယုယမှုသိပ်မရှိ။
ခစားအပေါ် သိပ်ချစ်ပေမယ့်လည်း အမေတစ်ယောက်လို ယုယုယယပိုက်ထွေးနေခဲ့တာမျိုးလည်းမဟုတ်၍ သူဟာ မေတ္တာပေါင်းစုံ ငတ်ခဲ့ဖူးသူသာဖြစ်သည်။
"အဖေလို့ခေါ်ကြည့်ပါ့လား"
"ဟမ်!"
"အဖေမှန်း သားမှန်းလည်းသိနေကြတာပဲမှလား ပြီးတော့ နင့်အတွက် ဦးလေးက သူကိုယ်တိုင် သေသေချာချာချက်ပြုတ်ပေးထားတာ အဖေလို့ခေါ်ပြီး ဒီနေ့လေးကိုအမှတ်ရအောင် လုပ်ပေးလိုက်ပါလား"
"ဒါပေမယ့် ဦးလေးဆိုတာက နှုတ်ကျိုးနေပြီ"
"ခေါ်လိုက်ပါ.. သူလည်း ကြားချင်ရှာမှာပါ ခစားရယ် နော်!"
မိုးမြေ၏တိုက်တွန်းစကားကြောင့် သူက စိတ်လှုပ်ရှားသွားပုံဖြင့် ဦးလေးကိုတစ်ချက်လှမ်းကြည့်ကာ လည်ဂုတ်ကိုတစ်ချက်ပွတ်ကာ ထိုင်ရာမှထသွားလေသည်။
ကိုတိမ်တိုက်တို့ဆီက ဘာလဲဟု စူးစမ်းသောအကြည့်တွေကို သူ့ဆီသာ မေးဆတ်ပြလိုက်ရင်း သူတို့သားအဖ ဘယ်လိုဖြစ်သွားမလဲဟု စောင့်ကြည့်မိသည်။
ဦးလေးက Apronဝတ်ထားပြီး Kitchenအတွင်းမှာ ဟင်းတစ်ပွဲကိုပန်းကန်ထဲထည့်ပေးနေကာ ခစားက ဦးလေးအနားမှာရပ်ပြီး ခေါင်းကုတ်နေလေသည်။
"ဟိုလေ.. အဲ့ဒီဟင်းပွဲ ကျွန်တော်ချပေးလိုက်မယ်"
မီးဖိုဆောင်နှင့်ဧည့်ခန်းက မနီးမဝေးမို့ စကားသံတွေကြားနေရကာ သူက အဖေဟုမခေါ်သေးဘဲ မဝံ့မရဲဖြင့် မိုးမြေကိုလှည့်ကြည့်လာသည်။
မိုးမြေက fightingဆိုသည့်သဘောဖြင့် လက်သီးလေးဆုပ်ပြလိုက်သည့်အခါ သူက ဦးလေးဘက်ပြန်လှည့်သွားပြီး...
"ကျွန်တော်ချပေးလိုက်မယ် အဖေ"
"ဟင်!"
ဦးလေးက အံ့ဩသွားသလို သူ့ကိုလှည့်ကြည့်လာသလို သူကလည်း အိုးတိုးအမ်းတမ်းဖြစ်သွားပြီး ချက်ချင်းမသိချင်ယောင်ဆောင်ကာ ဟင်းပန်းကန်ကိုလှမ်းယူလိုက်၏။
ထို့နောက် မိုးမြေတို့ရှိရာကို ပြန်လှည့်ထွက်လာသောကြောင့် ဦးလေးမျက်ရည်ဝဲသွားသည်ကို သူ မမြင်လောက်တော့...
"စားလို့ရပြီ"
သူက ဘာမှမဖြစ်ခဲ့သလို အမူအယာဖြင့် ဟင်းပန်းကန်ကိုစားပွဲပေါ်ချပေးတော့ အားလုံးက သူ့ကိုကြည့်ပြီးပြုံးလိုက်ကြသည်။
ကိုတိမ်တိုက်တို့ သူငယ်ချင်းတစ်စုကတော့ ထိုင်ရာမှထကာ သူ့ကိုပွေ့ဖက်သူကပွေ့ဖက်၊ လက်သီးနှင့်ထိုးနှက်သူကထိုးနှက်ရင်း အော်ဟစ်ရယ်မောနေကြ၍ မိုးမြေ ဦးလေးကိုလှည့်ကြည့်မိသည်။
ဦးလေးကတော့ ခစားမမြင်အောင် မိုးမြေတို့ကိုကျောပေးထားသော်လည်း ပခုံးတွေလှုပ်ခတ်နေသောကြောင့် သူမ ထိုင်မနေချင်တော့။
ဦးလေးအနားကိုသွားကာ ဦးလေး၏ပခုံးကိုဆုပ်ကိုင်လိုက်တော့ ဦးလေးက သူမကိုမော့ကြည့်လာသည်မှာ မျက်ရည်တွေနှင့်ဖြစ်၏။
"မငိုပါနဲ့ဦးလေးရယ် သူသိရင်စိတ်မကောင်းဖြစ်နေပါ့မယ်"
"ဦးလေးရဲ့တစ်သက်လုံး လူလေးက အဲ့လိုမခေါ်လောက်တော့ဘူးလို့ ထင်ခဲ့မိတာ အခုတော့.."
"သူ့အဖေပဲဦးလေးရယ် ခေါ်ရမှာပေါ့ သမီးလည်းနောက်ဆို ဦးလေးကိုအဖေပဲခေါ်တော့မှာ"
"အဲ့လိုကြီးတော့.."
"အဲ့လိုကြီးပဲခေါ်ရမှာပဲ ခစားကိုမသနားဘူးလား ဦးလေးရယ် သူက ဘယ်သူ့ဆီကမှ နွေးထွေးမှုမရဘဲ ပစ်ပယ်ခံခဲ့ရလို့ အရာရာကိုအရွဲ့တိုက်နေတာ ဦးလေးလည်းသိရဲ့သားနဲ့ ပြီးတော့ ခစားရဲ့ရင်ဘတ်ထဲမှာ ဦးလေးအတွက်နေရာတစ်ခု အမြဲတမ်းရှိပါတယ် အဲ့ဒီနေရာကို ဦးလေးဘက်က လက်ခံပေးဖို့ပဲလိုတာပါ"
မိုးမြေနဲ့ဦးလေး စကားပြောနေတုန်း ခစားက မသိမသာလှည့်ကြည့်ပေမယ့် ကိုတိမ်တိုက်တို့နှင့်အတူ ဆက်ပြီးစားသောက်နေသောကြောင့် သူမ တစ်ချက်ပြုံးလိုက်မိသည်။
ဦးလေးကို ခေါင်းညိတ်ပြပြီးနှုတ်ဆက်လိုက်တော့ ဦးလေး၏ ဝမ်းသာပီတိဖြစ်နေသောမျက်နှာက ဖေဖေ့ကိုသတိရသွားစေသည်။
မိုးမြေရဲ့လူဆိုးကောင်ကတော့ သူ့ဘာသာ အဖေသွားခေါ်ပြီးရှက်နေတာ...
တကယ်ကလေးဆိုးကြီး...
💌💌💌💌💌💌
"မင်္ဂလာဆွမ်းကပ်မှာက ဘယ်သူ"
ဦးလေး၏စောင်မမှုကြောင့် ငွေဆောင်မှာရှိသော ဘုန်းကြီးကျောင်းမှာပင် မင်္ဂလာဆွမ်းကပ်ဖြစ်ခဲ့ကာ အရာအားလုံးကို ဦးလေးကသာ စီစဥ်ပေးခဲ့သည်။
ငွေဆောင်ကိုရောက်တာ ၃ရက်သာရှိသေးပေမယ့် ဆွမ်းကပ်ဖို့တောင်းဆိုမိတော့လည်း ဦးလေး၏ကူညီမှုကြောင့် အစစအရာရာချောမွေ့နေခဲ့သည်။
ဘာကြောင့်ရယ်မသိဘဲ ဦးလေးကို အဖေဟုခေါ်ဖို့ကိုတော့ သူ့နှုတ်ဖျားက ဝန်လေးနေဆဲဖြစ်ကာ ဦးလေးကတော့ ဒါကိုသတိထားမိပုံမရဘဲ ရယ်မောနေတတ်သည်။
"ကျွန်တော်ပါ ဆရာတော်.. ဦးအာကာရဲ့သားပါ"
"ဟေ!"
ဦးလေးက အရင်ကလောက်မအံ့ဩတော့သလို ကြည်နူးပီတိဖြစ်သော အပြုံးတစ်ချက်ဖြင့် သူ့ကိုငဲ့ကြည့်လာသည်။
ပြီးမှ စူးစမ်းသလိုကြည့်နေဆဲ ဆရာတော်အား လက်အုပ်ချီရင်း ခေါင်းညိတ်ပြလိုက်ကာ...
"တင်ပါ့.. တပည့်တော်ရဲ့သားပါ ဘုရား"
"မသိဘူးလေကွယ် မင်းက ဒီကို တစ်ခါမှခေါ်မလာခဲ့ဖူးဘဲ"
"သားက နိုင်ငံရပ်ခြားရောက်နေလို့ပါ ဘုရား"
ဦးလေးက ဒီမှာရပ်ရွာလူကြီးလားမသိဘဲ သူတို့ဆွမ်းကပ်ကတော့ ငွေဆောင်၏ရပ်ရွာလူကြီးတွေလည်းပါကာ ဦးလေး၏ဝန်ထမ်းတွေလည်းပါသောကြောင့် စည်စည်ကားကားရှိသည်။
စိတ်မကောင်းတာတစ်ခုကတော့ သူဟာ မိုးမြေကို ဒီ့ထက်မက ခမ်းခမ်းနားနား လက်ထပ်ချင်ခဲ့ခြင်းဖြစ်သည်။
"သတို့သမီးလေးက လှလိုက်တာကွယ်"
ဟု ချီးကျူးတိုင်း သူ့မှာကျေနပ်ရသလို ပုလဲရောင်ချိတ်လေးဖြင့် လှချင်တိုင်းလှနေသော သူမကို ခဏခဏကြည့်မိသည်အထိ။
တွေ့စကတော့ ငွေမက်လွန်းသောကြောင့် အလွန်မျက်မုန်းကျိုးခဲ့ပေမယ့် အခုတော့ ဘာကြောင့်များ ဒီလောက်ထိ ချစ်မြတ်နိုးမိသလဲဟု ကိုယ်တိုင်တောင်မသိတော့...
"စားကြပါနော် လိုတာရှိရင်လည်းထပ်ဖြည့်ပါ"
"စားပါ့တော် ဟိုဟာလေးက မောင်လေးလား ရုပ်ချင်းဆင်တယ်"
"ဟုတ်တယ်ရှင့် မောင်လေးပါ သိပ်နေမကောင်းလို့ လိုက်ဧည့်မခံပေးတာပါ"
"Aww ရတယ် ရတယ်"
မိုးမြေကတော့ ဧည့်သည်တွေကို လိုက်ဧည့်ခံနေပေမယ့် မိုးသားကတော့ တစ်နေရာတည်းမှာကျောက်ချထိုင်ကာ မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
ထို့ကြောင့် သူ မိုးသားရှေ့သွားထိုင်လိုက်သည့်အခါ ထိုကောင်လေးက မော့ကြည့်လာပေမယ့် သိပ်တော့မလန်းဆန်း...
"ဘာဖြစ်လို့လဲ မင်းနေမကောင်းဘူးလား"
"ကောင်းပါတယ် ပင်လယ်လေကြောင့်လားမသိဘူး မျက်လုံးတွေစပ်နေလို့ ပြီးတော့ ခင်ဗျားမိန်းမကိုလိုက်ကြည့်ပြီး ပင်ပန်းနေတာ တွေ့သမျှလူကိုစကားတွေပြောပြီး ရယ်နေတာ ကြာလှပြီ မမောသေးဘူးလားမသိဘူး"
"ဘာများလဲလို့ကွာ မင်းကငါ့မိန်းမကို ကဲ့ရဲ့နေတာပဲ ခွေးကောင်"
တကယ်လည်း မိုးသားပြောသည့်အတိုင်း သူမဆီက ရယ်သံလေးကို မကြာမကြာ ကြားရပြီး ပျော်နေပုံလေးကအထင်းသားမို့ သူလည်းကျေနပ်မိသည်။
အပျော်ဆိုသည့်အရာဟာ ကူးစက်တတ်သလို သူမပျော်နေတာကိုမြင်တိုင်း ဒီရင်ဘတ်ကြီးက အလိုက်ကမ်းဆိုးမသိစွာ ဆောင့်ခုန်လာတတ်မြဲ။
"ငါ ညနေမှာ တစ်ပွဲစီစဥ်ထားသေးတယ် ပင်လယ်ကမ်းခြေမှာ Romanticဆန်ဆန်လေး လက်ထပ်ချင်လို့"
"ဘယ်လိုတောင်လား"
"အေး.. Graveက ကောင်တွေ ဒီကိုလိုက်လာဖို့ခေါ်ထားတယ် အဲ့ဒီကောင်တွေ နေ့လည်ဆိုရောက်လောက်ပြီ ညနေကျရင်အဲ့ဒီပွဲလေး ထပ်နွှဲပေါ့ အမူးသောက်မယ်"
"ကျွန်တော်သောက်လို့မရဘူး"
"အေးပါကွာ သိပါတယ် ငါ့ကောင်တွေထဲမှာ Barmanတွေ ပါပါတယ်ဟ မင်းသောက်လို့ရတဲ့ဟာမျိုး စပ်ခိုင်းပေးပါ့မယ်"
"ကျွန်တော် ခင်ဗျားကို ယောက်ဖတော်ချင်တာ မမှားဘူးပဲ"
ဟု အချိုးမပြေစွာပြောရင်း ရယ်ကျဲကျဲဖြင့် ခေါင်းကုတ်နေတော့ ထိုစောင်ကလေးကို အမြင်ကတ်ကတ်ဖြင့် နရင်းအုပ်ပစ်လိုက်သည်။
ထိုအခါ သူ့အနားကိုစွေ့ခနဲရောက်လာသော မိုးမြေသည် သူ့ကိုမကျေမချမ်းကြည့်ကာ ဗိုက်ခေါက်ကိုဆွဲပစ်သည်မှာ လျှပ်စီးလို လျှင်မြန်လွန်းလှ၏။
မိုးသား၏ဘုန်းတန်ခိုးကလည်း တော်ရုံစကေးဖြင့် စော်ကားလို့မရသည့်အနေအထား...
"ငါလစ်တာနဲ့ ငါ့မောင်ကိုလုပ်တာ ကြည့်"
"ဖွဖွလေးပါဟ မင်းနာလို့လား မိုးသား"
"နာတာပေါ့ ခေါင်းတွေတောင်မူးတယ်"
"ဟာ! မင်းအဲ့လိုနော် မိုးသား"
တမင်မျက်နှာရှုံ့မဲ့ကာ အစ်မဖြစ်သူကိုမော့ကြည့်နေသော ထိုစောင်ကလေးဟာ တကယ်ပဲဆွဲထိုးချင်စရာကောင်းနေ၍ သူ ရှူးရှူးရှားရှားဖြစ်သွားလေ၏။
တကယ်ဆို အားမပါမှန်း ကိုယ်တိုင်လည်းသိသလို နာမှာလည်းမဟုတ်။
ထိုအခါ မိုးမြေက သူ့ဗိုက်ကို ပိုပြီးတင်းတင်းဆွဲလိမ်ပစ်ပြီး ရှူတင်းတင်းဖြင့် သူ့ကိုကြည့်ကာ...
"ငါ့ရှေ့မှာတောင်နော်"
"မင်းမောင်ကမှ ဂျင်းထည့်နေတာ ငါ့ကိုမယုံဘူးလား Candy ငါဘာကောင်လဲမင်းသိလား"
"အံမယ် ပြောစမ်းပါ ဘာကောင်လဲ"
"မင်းမရှိရင် မနေနိုင်တဲ့ကောင်"
မိုးမြေနှုတ်ခမ်းတွေပြုံးသွားသလို ဆွဲလိမ်ထားသောလက်ကလည်း ပြေလျော့သွားသောကြောင့် ထိုလက်ကလေးကိုဆွဲယူပြီး ငုံ့နမ်းလိုက်သည်။
နီစွေးသွားသောမျက်နှာလေးသည် နှင်းဆီပန်းတစ်ပွင့်လို အစွမ်းကုန်လှပနေကာ ထိုမျက်နှာရဲရဲလေးကို အမြတ်တနိုးငေးမိသည်အထိ...
"ထ.. ဧည့်သည်တွေကို ဧည့်ခံရအောင်"
ဆိုကာ သူ့လက်မောင်းကိုသိုင်းဖက်လာတော့ သူ ထိုင်ရာမှထပြီး မိုးမြေနဲ့အတူယှဥ်တွဲပြီး ဧည့်သည်တွေဆီထွက်လာခဲ့သည်။
ထိုအချိန် သူ့ကျောဘက်ကျန်နေခဲ့သော မိုးသားဆီမှ ထွက်လာသော မကျေမချမ်းစကားသံတိုးတိုး...
"ယူပြီးတဲ့အချိန်ထိ ခွေးစာတွေမြိုနေရတုန်း"
💌💌💌💌💌💌
ငွေဆောင်ကို တစ်ခါမှမရောက်ဖူးပေမယ့် ဒီဒေသဟာ သူ့အတွက်တော့ မှတ်မှတ်ရရဖြစ်သည့်ဒေသတစ်ခုဖြစ်ကာ ငွေဆောင်သည် တခြားBeachတွေနဲ့မတူပါ။
ရေပါးပါးလေးလူးလွန့်နေသော သောင်ပြင်ကျယ်ကျယ်မှာ ဂါဝန်လှလှလေးဖြင့် သူ့ဆီလျှောက်လာနေသော သတို့သမီးလှလှလေးကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်အထိ မြတ်နိုးရပါသည်။
ချောကလက်ရောင်ဆံနွယ်ခွေခွေတွေသည် ညနေခင်းနေရောင်အောက်မှာ လိမ္မော်ရောင်သမ်းနေကာ သူမမျက်နှာလေးသည်လည်း ဝင်းစက်နေပုံက ရင်ခုန်ချင်စရာကောင်းသည်။
ခြေတစ်ချက်လှမ်းလိုက်တိုင်း လှစ်ခနဲမြင်ရသော ဖြူဖြူဥဥခြေတံလှလှလေးကလည်း အာခေါင်ကိုခြောက်သွေ့စေကာ သေသေချာချာကြည့်မိလေ ရင်ခုန်မိလေ...
You know me the best
(ကိုယ့်အကြောင်းကို မင်းအသိဆုံးပါ)
You know my worst
(ကိုယ်မကောင်းတာတွေလည်း မင်းသိတယ်)
See me hurt, but you don't judge
(ကိုယ်နာကျင်နေရတာကိုလည်း မြင်လည်း မင်းအပြစ်မပြောခဲ့ဘူး)
That, right there, is the scariest feeling
(ဒါတွေကြောင့် ကိုယ်ဖွင့်ပြောရမှာကို အကြောက်ဆုံးပဲ)
သူတို့နှစ်ယောက်ကြားက အမှတ်တရသီချင်းလေးဖြစ်သော 8 Lettersဆိုသည့် သီချင်းလေးကို ညိမ့်ညိမ့်လေးဖွင့်ထားသည့်အခါ ထိုသီချင်းထဲကအတိုင်း သူကြောက်ခဲ့သည်ကိုပါ ပြန်သတိရလိုက်သည်။
ချစ်တယ်ဆိုသည့်စကားကို သူမကိုပြောဖို့ကြောက်ခဲ့မိပေမယ့် အခုတော့ အကြိမ်ပေါင်း ထောင်သောင်းမကပြောဖို့ ဝန်လေးနေတော့မည်မဟုတ်ချေ။
သူမလက်ကမ်းပေးလာသည့်အခါ ထိုလက်ကလေးကို ပြန်ဆုပ်ကိုင်ထားလိုက်ရင်း ကိုယ့်ချစ်သူကို ထာဝရပိုင်ရပြီဆိုသည့်အသိဖြင့် ရင်ထဲနွေးခနဲဖြစ်သွားသည်။
ထိုလက်ကလေးကိုငုံ့နမ်းရင်း ငိုချင်လာခဲ့ကာ သူမဆီကရယ်သံလေးထွက်လာ၍ သူမခါးလေးကို ဆွဲယူဖက်ထားလိုက်မိသည်။
"🎵မငိုပါနဲ့ကလေးရယ်🎼 ကိုယ်လေ မင်းအနားရှိနေမယ်🎶"
သူ့ပခုံးကိုပုတ်ရင်း သီချင်းအပိုင်းအစလေးဖြင့် ချော့ကာ သူ့မျက်နှာကိုမော့ယူလာသည့်အခါ မိုးမြေမျက်နှာလေးကို သူမော့ကြည့်လိုက်မိသည်။
ဤနေဝင်ဆည်းဆာအချိန်မှာ သူမ သိပ်လှပါသည်။
နောက်နှစ်ပေါင်းများစွာအထိလည်း သူမ လှနေဦးမှာဖြစ်သလို ထိုမျက်နှာလေးကို တစ်သက်လုံး အရိပ်တကြည့်ကြည့် ကြည့်နေရဖို့လည်း သူ့မှာအခွင့်အရေးအပြည့်ရှိနေပြီ...
ကိုယ့်ဘေးမှာ သူမ,ရှိနေရုံဖြင့်ပြည့်စုံပြီဟု ခံစားရသော ရိုးရှင်းသောမေတ္တာတရားဖြင့် တစ်ဘဝလုံးကုန်ဆုံးနိုင်ပြီ...
"ချစ်တယ် Candy"
"ချစ်ရင် လက်စွပ်ဝတ်ပေးဦးလေ"
"နေပါဦးကွာ မင်းကလည်း.. Roလို့ကိုမရဘူး"
"ဝတ်ပေးပြီးမှRoပါ ယောကျာ်းရယ်"
အခုအချိန်အထိ ငွေသရဲမ,ဖြစ်နေဆဲသူမသည် မိုးသားကိုင်ထားသော ကတ္တီပါဗန်းလေးပေါ်မှ လက်စွပ်တွေကို မေးဆတ်ကာပြောနေ၍ မိုးသားကတောင် မျက်စောင်းထိုးနေပြီဖြစ်သည်။
သို့ပေမယ့် သူမကို ကိုယ် ကိုယ်တိုင်လည်းမငြိုငြင်သလို ဘယ်သူကမှလည်းအပြစ်မြင်မှာမဟုတ်၍ တိုးဖွသောရယ်သံတွေထွက်လာ၏။
သူတို့နှစ်ယောက်ကို မိုးမြေခစားဟု သိနေကြသော Graveကဝန်ထမ်းတွေအားလုံး ရှိနေကြသောကြောင့် နွေးထွေးကြည်နူးခြင်းတွေဖြင့် အရာအားလုံးထက် ခမ်းနားနေသလိုထင်မိသည်။
ဒီလိုလေးထည်ဝါရုံဖြင့် သူမကကျေနပ်နေပြီမို့ ဒီ့ထက်လည်းအကျယ်မချဲ့ချင်တော့...
လက်စွပ်လှလှလေးသည် သူမ၏လက်သူကြွယ်ထက်မှာ နေရာယူသွားသည့်အခါမှာလည်း စိန်နှင့်Platinumရောသောလက်စွပ်ကလေးသည် ပိုပြီးဝင်းပသွားသလိုခံစားမိသည်။
ထို့အတူ မိုးမြေရဲ့နှုတ်ခမ်းထက်က အပြုံးလေးသည်လည်း လမင်းတစ်စင်းလိုဝင်းပနေခဲ့ကာ ထိုအပြုံးလေးသည် သူ့ကမ္ဘာကို ပန်းတွေပွင့်သွားစေသည့်အပြုံးမျိုးလေးဖြစ်၏။
"ငါတို့တကယ်လက်ထပ်ပြီးပြီနော်"
"အင်း"
"ချစ်တယ်"
"ငါလည်းနင့်ကိုချစ်တယ်"
လိုချင်တာရသွားသော ကလေးတစ်ယောက်လို သူ့ပခုံးတွေပေါ် လက်ကလေးတွေတင်ရင်း သူမမျက်နှာလေးမော့ပြီး ပြောလာသည့်အခါ သူ မနေနိုင်တော့။
မေးဖျားလေးမှဆွဲမော့ကာ နှုတ်ခမ်းဖောင်းဖောင်းအိအိလေးကို ဖိကပ်နမ်းရှိုက်ရင်း သူမခါးလေးကို ခပ်တင်းတင်းဖက်ထားလိုက်မိသည်။
"တော်တော့ဟေ့ ခွေးစာတွေ ဇွတ်ကျွေးမနေနဲ့"
တိမ်တိုက်ရဲ့အော်သံနောက်မှာ ဖောင်းခနဲအသံတွေနှင့်အတူ သူတို့ခေါင်းပေါ်သို့ ရောင်စုံစက္ကူလေးတွေ ဖွားခနဲကျလာသည့်အခါ သူမက မော့ကြည့်ရင်း သဘောတကျရယ်၏။
ထိုပုံစံလေးကို အသည်းယားရလွန်း၍ စွေ့ခနဲပွေ့ချီပြီး မွှေ့ယမ်းပစ်လိုက်သည့်အခါ သူမက တအားအော်ရယ်ရင်း လက်ကလေးတွေကလည်း လည်ပင်းကိုသိုင်းဖက်လာသည်။
ထိုလက်ကလေးတွေဆီကနေ
သူမဆီကနေဘယ်ကိုမှမလွတ်မြောက်ချင်တော့ပါ...
ဘယ်တော့မှလည်း မလွတ်မြောက်ချင်တော့ပါ...
💌💌💌💌💌💌
Part 66 (ဇာတ်သိမ်းပိုင်း) ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💌 Part - 65 💌
---------------
"ထၫ့္စားေနာ္ သမီး ဘာမွအားမနာနဲ႔"
"ဟုတ္"
"ငါ့တူတို႔ေရာ"
"ဟုတ္ကဲ့ဗ်"
ေပ်ာ္ရႊင္ေနေသာဦးေလးကိုၾကၫ့္ၿပီး သူက စိတ္ေပါ့ပါးသလိုႃပံုးေနခဲ့၍ မိုးေျမစိတ္ခ်မ္းသာေနမိကာ သူ႔ထမင္းပန္းကန္ထဲကို ပုစြန္သုပ္ေတြ ဦးခ်လိုက္သည္။
ထိုအခါ သူ႔အၾကည့္ေတြက မိုးေျမဆီေရာက္လာၿပီး မိုးေျမပါးတစ္ဖက္ကို ဖြဖြေလးဆဲြလိမ္ကာ...
"Babyလည္းစားေလ"
"စားပါတယ္ နင္ကဘာလို႔ ဦးေလးကိုလိုက္ၾကၫ့္ေနတာလဲ"
"ျပန္ေတြးၾကၫ့္ေနမိတာ မင္းေရာ၊ မိုးသားေရာ မင္းအေဖက ခဏခဏဟင္းခ်က္ကၽြေးတယ္ေနာ္ အဲ့ဒီတုန္းကေတာ့ အမႈမဲ့အမွတ္မဲ့ေပမယ့္ တကယ္တမ္း အေဖတစ္ေယာက္က ဂရုတစိုက္နဲ႔ ခ်က္ျပဳတ္ကၽြေးေမြးတယ္ဆိုတာ သိပ္ေက်နပ္စရာေကာင္းသလိုပဲ"
မိုးေျမ သူ႔ကိုသနားသြားမိကာ သူဟာအေဖတစ္ေယာက္ရဲ့ေနြးေထြးျခင္းကို ဘယ္ေလာက္လိုလားေနသလဲ ဆိုသၫ့္ အေတြးေလးဝင္လာမိသည္။
ကိုႀကီးကလည္း သူ႔အေပၚ သိပ္ဂရုမစိုက္ဘဲ စာကိုသာလုပ္ခဲ့သည္ဟုဆိုခဲ့ဖူးသလို သူတို႔အေမကလည္း မိုးေျမသိရသေလာက္ဆို Shoppingထြက္လိုက္၊ Spaသြားလိုက္ျဖင့္ သားေတြအေပၚမွာလည္း ေနြးေထြးယုယမႈသိပ္မရိွ။
ခစားအေပၚ သိပ္ခ်စ္ေပမယ့္လည္း အေမတစ္ေယာက္လို ယုယုယယပိုက္ေထြးေနခဲ့တာမ်ိဳးလည္းမဟုတ္၍ သူဟာ ေမတၲာေပါင္းစံု ငတ္ခဲ့ဖူးသူသာျဖစ္သည္။
"အေဖလို႔ေခၚၾကၫ့္ပါ့လား"
"ဟမ္!"
"အေဖမွန္း သားမွန္းလည္းသိေနၾကတာပဲမွလား ၿပီးေတာ့ နင့္အတြက္ ဦးေလးက သူကိုယ္တိုင္ ေသေသခ်ာခ်ာခ်က္ျပဳတ္ေပးထားတာ အေဖလို႔ေခၚၿပီး ဒီေန့ေလးကိုအမွတ္ရေအာင္ လုပ္ေပးလိုက္ပါလား"
"ဒါေပမယ့္ ဦးေလးဆိုတာက ႏႈတ္က်ိဳးေနၿပီ"
"ေခၚလိုက္ပါ.. သူလည္း ၾကားခ်င္ရွာမွာပါ ခစားရယ္ ေနာ္!"
မိုးေျမ၏တိုက္တြန္းစကားေၾကာင့္ သူက စိတ္လႈပ္ရွားသြားပံုျဖင့္ ဦးေလးကိုတစ္ခ်က္လွမ္းၾကၫ့္ကာ လည္ဂုတ္ကိုတစ္ခ်က္ပြတ္ကာ ထိုင္ရာမွထသြားေလသည္။
ကိုတိမ္တိုက္တို႔ဆီက ဘာလဲဟု စူးစမ္းေသာအၾကၫ့္ေတြကို သူ႔ဆီသာ ေမးဆတ္ျပလိုက္ရင္း သူတို႔သားအဖ ဘယ္လိုျဖစ္သြားမလဲဟု ေစာင့္ၾကၫ့္မိသည္။
ဦးေလးက Apronဝတ္ထားၿပီး Kitchenအတြင္းမွာ ဟင္းတစ္ပဲြကိုပန္းကန္ထဲထၫ့္ေပးေနကာ ခစားက ဦးေလးအနားမွာရပ္ၿပီး ေခါင္းကုတ္ေနေလသည္။
"ဟိုေလ.. အဲ့ဒီဟင္းပဲြ ကၽြန္ေတာ္ခ်ေပးလိုက္မယ္"
မီးဖိုေဆာင္ႏွင့္ဧၫ့္ခန္းက မနီးမေဝးမို႔ စကားသံေတြၾကားေနရကာ သူက အေဖဟုမေခၚေသးဘဲ မဝံ့မရဲျဖင့္ မိုးေျမကိုလွၫ့္ၾကၫ့္လာသည္။
မိုးေျမက fightingဆိုသၫ့္သေဘာျဖင့္ လက္သီးေလးဆုပ္ျပလိုက္သၫ့္အခါ သူက ဦးေလးဘက္ျပန္လွၫ့္သြားၿပီး...
"ကၽြန္ေတာ္ခ်ေပးလိုက္မယ္ အေဖ"
"ဟင္!"
ဦးေလးက အံ့ဩသြားသလို သူ႔ကိုလွၫ့္ၾကည့္လာသလို သူကလည္း အိုးတိုးအမ္းတမ္းျဖစ္သြားၿပီး ခ်က္ခ်င္းမသိခ်င္ေယာင္ေဆာင္ကာ ဟင္းပန္းကန္ကိုလွမ္းယူလိုက္၏။
ထို႔ေနာက္ မိုးေျမတို႔ရိွရာကို ျပန္လွၫ့္ထြက္လာေသာေၾကာင့္ ဦးေလးမ်က္ရည္ဝဲသြားသည္ကို သူ မျမင္ေလာက္ေတာ့...
"စားလို႔ရၿပီ"
သူက ဘာမွမျဖစ္ခဲ့သလို အမူအယာျဖင့္ ဟင္းပန္းကန္ကိုစားပဲြေပၚခ်ေပးေတာ့ အားလံုးက သူ႔ကိုၾကၫ့္ၿပီးႃပံုးလိုက္ၾကသည္။
ကိုတိမ္တိုက္တို႔ သူငယ္ခ်င္းတစ္စုကေတာ့ ထိုင္ရာမွထကာ သူ႔ကိုေပြ့ဖက္သူကေပြ့ဖက္၊ လက္သီးႏွင့္ထိုးႏွက္သူကထိုးႏွက္ရင္း ေအာ္ဟစ္ရယ္ေမာေနၾက၍ မိုးေျမ ဦးေလးကိုလွၫ့္ၾကၫ့္မိသည္။
ဦးေလးကေတာ့ ခစားမျမင္ေအာင္ မိုးေျမတို႔ကိုေက်ာေပးထားေသာ္လည္း ပခံုးေတြလႈပ္ခတ္ေနေသာေၾကာင့္ သူမ ထိုင္မေနခ်င္ေတာ့။
ဦးေလးအနားကိုသြားကာ ဦးေလး၏ပခံုးကိုဆုပ္ကိုင္လိုက္ေတာ့ ဦးေလးက သူမကိုေမာ့ၾကၫ့္လာသည္မွာ မ်က္ရည္ေတြႏွင့္ျဖစ္၏။
"မငိုပါနဲ႔ဦးေလးရယ္ သူသိရင္စိတ္မေကာင္းျဖစ္ေနပါ့မယ္"
"ဦးေလးရဲ့တစ္သက္လံုး လူေလးက အဲ့လိုမေခၚေလာက္ေတာ့ဘူးလို႔ ထင္ခဲ့မိတာ အခုေတာ့.."
"သူ႔အေဖပဲဦးေလးရယ္ ေခၚရမွာေပါ့ သမီးလည္းေနာက္ဆို ဦးေလးကိုအေဖပဲေခၚေတာ့မွာ"
"အဲ့လိုႀကီးေတာ့.."
"အဲ့လိုႀကီးပဲေခၚရမွာပဲ ခစားကိုမသနားဘူးလား ဦးေလးရယ္ သူက ဘယ္သူ႔ဆီကမွ ေနြးေထြးမႈမရဘဲ ပစ္ပယ္ခံခဲ့ရလို႔ အရာရာကိုအရဲြ႔တိုက္ေနတာ ဦးေလးလည္းသိရဲ့သားနဲ႔ ၿပီးေတာ့ ခစားရဲ့ရင္ဘတ္ထဲမွာ ဦးေလးအတြက္ေနရာတစ္ခု အၿမဲတမ္းရိွပါတယ္ အဲ့ဒီေနရာကို ဦးေလးဘက္က လက္ခံေပးဖို႔ပဲလိုတာပါ"
မိုးေျမနဲ႔ဦးေလး စကားေျပာေနတုန္း ခစားက မသိမသာလွၫ့္ၾကၫ့္ေပမယ့္ ကိုတိမ္တိုက္တို႔ႏွင့္အတူ ဆက္ၿပီးစားေသာက္ေနေသာေၾကာင့္ သူမ တစ္ခ်က္ႃပံုးလိုက္မိသည္။
ဦးေလးကို ေခါင္းညိတ္ျပၿပီးႏႈတ္ဆက္လိုက္ေတာ့ ဦးေလး၏ ဝမ္းသာပီတိျဖစ္ေနေသာမ်က္ႏွာက ေဖေဖ့ကိုသတိရသြားေစသည္။
မိုးေျမရဲ့လူဆိုးေကာင္ကေတာ့ သူ႔ဘာသာ အေဖသြားေခၚၿပီးရွက္ေနတာ...
တကယ္ကေလးဆိုးႀကီး...
💌💌💌💌💌💌
"မဂၤလာဆြမ္းကပ္မွာက ဘယ္သူ"
ဦးေလး၏ေစာင္မမႈေၾကာင့္ ေငြေဆာင္မွာရိွေသာ ဘုန္းႀကီးေက်ာင္းမွာပင္ မဂၤလာဆြမ္းကပ္ျဖစ္ခဲ့ကာ အရာအားလံုးကို ဦးေလးကသာ စီစဥ္ေပးခဲ့သည္။
ေငြေဆာင္ကိုေရာက္တာ ၃ရက္သာရိွေသးေပမယ့္ ဆြမ္းကပ္ဖို႔ေတာင္းဆိုမိေတာ့လည္း ဦးေလး၏ကူညီမႈေၾကာင့္ အစစအရာရာေခ်ာေမြ့ေနခဲ့သည္။
ဘာေၾကာင့္ရယ္မသိဘဲ ဦးေလးကို အေဖဟုေခၚဖို႔ကိုေတာ့ သူ႔ႏႈတ္ဖ်ားက ဝန္ေလးေနဆဲျဖစ္ကာ ဦးေလးကေတာ့ ဒါကိုသတိထားမိပံုမရဘဲ ရယ္ေမာေနတတ္သည္။
"ကၽြန္ေတာ္ပါ ဆရာေတာ္.. ဦးအာကာရဲ့သားပါ"
"ေဟ!"
ဦးေလးက အရင္ကေလာက္မအံ့ဩေတာ့သလို ၾကည္ႏူးပီတိျဖစ္ေသာ အႃပံုးတစ္ခ်က္ျဖင့္ သူ႔ကိုငဲ့ၾကၫ့္လာသည္။
ၿပီးမွ စူးစမ္းသလိုၾကၫ့္ေနဆဲ ဆရာေတာ္အား လက္အုပ္ခ်ီရင္း ေခါင္းညိတ္ျပလိုက္ကာ...
"တင္ပါ့.. တပၫ့္ေတာ္ရဲ့သားပါ ဘုရား"
"မသိဘူးေလကြယ္ မင္းက ဒီကို တစ္ခါမွေခၚမလာခဲ့ဖူးဘဲ"
"သားက ႏိုင္ငံရပ္ျခားေရာက္ေနလို႔ပါ ဘုရား"
ဦးေလးက ဒီမွာရပ္ရြာလူႀကီးလားမသိဘဲ သူတို႔ဆြမ္းကပ္ကေတာ့ ေငြေဆာင္၏ရပ္ရြာလူႀကီးေတြလည္းပါကာ ဦးေလး၏ဝန္ထမ္းေတြလည္းပါေသာေၾကာင့္ စည္စည္ကားကားရိွသည္။
စိတ္မေကာင္းတာတစ္ခုကေတာ့ သူဟာ မိုးေျမကို ဒီ့ထက္မက ခမ္းခမ္းနားနား လက္ထပ္ခ်င္ခဲ့ျခင္းျဖစ္သည္။
"သတို႔သမီးေလးက လွလိုက္တာကြယ္"
ဟု ခ်ီးက်ူးတိုင္း သူ႔မွာေက်နပ္ရသလို ပုလဲေရာင္ခ်ိတ္ေလးျဖင့္ လွခ်င္တိုင္းလွေနေသာ သူမကို ခဏခဏၾကၫ့္မိသည္အထိ။
ေတြ့စကေတာ့ ေငြမက္လြန္းေသာေၾကာင့္ အလြန္မ်က္မုန္းက်ိဳးခဲ့ေပမယ့္ အခုေတာ့ ဘာေၾကာင့္မ်ား ဒီေလာက္ထိ ခ်စ္ျမတ္ႏိုးမိသလဲဟု ကိုယ္တိုင္ေတာင္မသိေတာ့...
"စားၾကပါေနာ္ လိုတာရိွရင္လည္းထပ္ျဖၫ့္ပါ"
"စားပါ့ေတာ္ ဟိုဟာေလးက ေမာင္ေလးလား ရုပ္ခ်င္းဆင္တယ္"
"ဟုတ္တယ္ရွင့္ ေမာင္ေလးပါ သိပ္ေနမေကာင္းလို႔ လိုက္ဧၫ့္မခံေပးတာပါ"
"Aww ရတယ္ ရတယ္"
မိုးေျမကေတာ့ ဧၫ့္သည္ေတြကို လိုက္ဧၫ့္ခံေနေပမယ့္ မိုးသားကေတာ့ တစ္ေနရာတည္းမွာေက်ာက္ခ်ထိုင္ကာ မ်က္ေတာင္ေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ေန၏။
ထို႔ေၾကာင့္ သူ မိုးသားေရ႔ွသြားထိုင္လိုက္သၫ့္အခါ ထိုေကာင္ေလးက ေမာ့ၾကၫ့္လာေပမယ့္ သိပ္ေတာ့မလန္းဆန္း...
"ဘာျဖစ္လို႔လဲ မင္းေနမေကာင္းဘူးလား"
"ေကာင္းပါတယ္ ပင္လယ္ေလေၾကာင့္လားမသိဘူး မ်က္လံုးေတြစပ္ေနလို႔ ၿပီးေတာ့ ခင္ဗ်ားမိန္းမကိုလိုက္ၾကၫ့္ၿပီး ပင္ပန္းေနတာ ေတြ့သမ်ွလူကိုစကားေတြေျပာၿပီး ရယ္ေနတာ ၾကာလွၿပီ မေမာေသးဘူးလားမသိဘူး"
"ဘာမ်ားလဲလို႔ကြာ မင္းကငါ့မိန္းမကို ကဲ့ရဲ့ေနတာပဲ ေခြးေကာင္"
တကယ္လည္း မိုးသားေျပာသၫ့္အတိုင္း သူမဆီက ရယ္သံေလးကို မၾကာမၾကာ ၾကားရၿပီး ေပ်ာ္ေနပံုေလးကအထင္းသားမို႔ သူလည္းေက်နပ္မိသည္။
အေပ်ာ္ဆိုသၫ့္အရာဟာ ကူးစက္တတ္သလို သူမေပ်ာ္ေနတာကိုျမင္တိုင္း ဒီရင္ဘတ္ႀကီးက အလိုက္ကမ္းဆိုးမသိစြာ ေဆာင့္ခုန္လာတတ္ၿမဲ။
"ငါ ညေနမွာ တစ္ပဲြစီစဥ္ထားေသးတယ္ ပင္လယ္ကမ္းေျခမွာ Romanticဆန္ဆန္ေလး လက္ထပ္ခ်င္လို႔"
"ဘယ္လိုေတာင္လား"
"ေအး.. Graveက ေကာင္ေတြ ဒီကိုလိုက္လာဖို႔ေခၚထားတယ္ အဲ့ဒီေကာင္ေတြ ေန့လည္ဆိုေရာက္ေလာက္ၿပီ ညေနက်ရင္အဲ့ဒီပဲြေလး ထပ္ႏႊဲေပါ့ အမူးေသာက္မယ္"
"ကၽြန္ေတာ္ေသာက္လို႔မရဘူး"
"ေအးပါကြာ သိပါတယ္ ငါ့ေကာင္ေတြထဲမွာ Barmanေတြ ပါပါတယ္ဟ မင္းေသာက္လို႔ရတဲ့ဟာမ်ိဳး စပ္ခိုင္းေပးပါ့မယ္"
"ကၽြန္ေတာ္ ခင္ဗ်ားကို ေယာက္ဖေတာ္ခ်င္တာ မမွားဘူးပဲ"
ဟု အခ်ိဳးမေျပစြာေျပာရင္း ရယ္က်ဲက်ဲျဖင့္ ေခါင္းကုတ္ေနေတာ့ ထိုေစာင္ကေလးကို အျမင္ကတ္ကတ္ျဖင့္ နရင္းအုပ္ပစ္လိုက္သည္။
ထိုအခါ သူ႔အနားကိုေစြ့ခနဲေရာက္လာေသာ မိုးေျမသည္ သူ႔ကိုမေက်မခ်မ္းၾကၫ့္ကာ ဗိုက္ေခါက္ကိုဆဲြပစ္သည္မွာ လ်ွပ္စီးလို လ်ွင္ျမန္လြန္းလွ၏။
မိုးသား၏ဘုန္းတန္ခိုးကလည္း ေတာ္ရံုစေကးျဖင့္ ေစာ္ကားလို႔မရသၫ့္အေနအထား...
"ငါလစ္တာနဲ႔ ငါ့ေမာင္ကိုလုပ္တာ ၾကၫ့္"
"ဖြဖြေလးပါဟ မင္းနာလို႔လား မိုးသား"
"နာတာေပါ့ ေခါင္းေတြေတာင္မူးတယ္"
"ဟာ! မင္းအဲ့လိုေနာ္ မိုးသား"
တမင္မ်က္ႏွာရႈံ႔မဲ့ကာ အစ္မျဖစ္သူကိုေမာ့ၾကၫ့္ေနေသာ ထိုေစာင္ကေလးဟာ တကယ္ပဲဆဲြထိုးခ်င္စရာေကာင္းေန၍ သူ ရႉးရႉးရွားရွားျဖစ္သြားေလ၏။
တကယ္ဆို အားမပါမွန္း ကိုယ္တိုင္လည္းသိသလို နာမွာလည္းမဟုတ္။
ထိုအခါ မိုးေျမက သူ႔ဗိုက္ကို ပိုၿပီးတင္းတင္းဆဲြလိမ္ပစ္ၿပီး ရႉတင္းတင္းျဖင့္ သူ႔ကိုၾကၫ့္ကာ...
"ငါ့ေရ႔ွမွာေတာင္ေနာ္"
"မင္းေမာင္ကမွ ဂ်င္းထၫ့္ေနတာ ငါ့ကိုမယံုဘူးလား Candy ငါဘာေကာင္လဲမင္းသိလား"
"အံမယ္ ေျပာစမ္းပါ ဘာေကာင္လဲ"
"မင္းမရိွရင္ မေနႏိုင္တဲ့ေကာင္"
မိုးေျမႏႈတ္ခမ္းေတြႃပံုးသြားသလို ဆဲြလိမ္ထားေသာလက္ကလည္း ေျပေလ်ာ့သြားေသာေၾကာင့္ ထိုလက္ကေလးကိုဆဲြယူၿပီး ငံု႔နမ္းလိုက္သည္။
နီေစြးသြားေသာမ်က္ႏွာေလးသည္ ႏွင္းဆီပန္းတစ္ပြင့္လို အစြမ္းကုန္လွပေနကာ ထိုမ်က္ႏွာရဲရဲေလးကို အျမတ္တႏိုးေငးမိသည္အထိ...
"ထ.. ဧၫ့္သည္ေတြကို ဧၫ့္ခံရေအာင္"
ဆိုကာ သူ႔လက္ေမာင္းကိုသိုင္းဖက္လာေတာ့ သူ ထိုင္ရာမွထၿပီး မိုးေျမနဲ႔အတူယွဥ္တဲြၿပီး ဧၫ့္သည္ေတြဆီထြက္လာခဲ့သည္။
ထိုအခ်ိန္ သူ႔ေက်ာဘက္က်န္ေနခဲ့ေသာ မိုးသားဆီမွ ထြက္လာေသာ မေက်မခ်မ္းစကားသံတိုးတိုး...
"ယူၿပီးတဲ့အခ်ိန္ထိ ေခြးစာေတြၿမိဳေနရတုန္း"
💌💌💌💌💌💌
ေငြေဆာင္ကို တစ္ခါမွမေရာက္ဖူးေပမယ့္ ဒီေဒသဟာ သူ႔အတြက္ေတာ့ မွတ္မွတ္ရရျဖစ္သၫ့္ေဒသတစ္ခုျဖစ္ကာ ေငြေဆာင္သည္ တျခားBeachေတြနဲ႔မတူပါ။
ေရပါးပါးေလးလူးလြန႔္ေနေသာ ေသာင္ျပင္က်ယ္က်ယ္မွာ ဂါဝန္လွလွေလးျဖင့္ သူ႔ဆီေလ်ွာက္လာေနေသာ သတို႔သမီးလွလွေလးကို မမိွတ္မသုန္စိုက္ၾကၫ့္ေနမိသည္အထိ ျမတ္ႏိုးရပါသည္။
ေခ်ာကလက္ေရာင္ဆံႏြယ္ေခြေခြေတြသည္ ညေနခင္းေနေရာင္ေအာက္မွာ လိမၼော္ေရာင္သမ္းေနကာ သူမမ်က္ႏွာေလးသည္လည္း ဝင္းစက္ေနပံုက ရင္ခုန္ခ်င္စရာေကာင္းသည္။
ေျခတစ္ခ်က္လွမ္းလိုက္တိုင္း လွစ္ခနဲျမင္ရေသာ ျဖဴႁဖူဥဥေျခတံလွလွေလးကလည္း အာေခါင္ကိုေျခာက္ေသြ့ေစကာ ေသေသခ်ာခ်ာၾကၫ့္မိေလ ရင္ခုန္မိေလ...
You know me the best
(ကိုယ့္အေၾကာင္းကို မင္းအသိဆံုးပါ)
You know my worst
(ကိုယ္မေကာင္းတာေတြလည္း မင္းသိတယ္)
See me hurt, but you don't judge
(ကိုယ္နာက်င္ေနရတာကိုလည္း ျမင္လည္း မင္းအျပစ္မေျပာခဲ့ဘူး)
That, right there, is the scariest feeling
(ဒါေတြေၾကာင့္ ကိုယ္ဖြင့္ေျပာရမွာကို အေၾကာက္ဆံုးပဲ)
သူတို႔ႏွစ္ေယာက္ၾကားက အမွတ္တရသီခ်င္းေလးျဖစ္ေသာ 8 Lettersဆိုသၫ့္ သီခ်င္းေလးကို ညိမ့္ညိမ့္ေလးဖြင့္ထားသၫ့္အခါ ထိုသီခ်င္းထဲကအတိုင္း သူေၾကာက္ခဲ့သည္ကိုပါ ျပန္သတိရလိုက္သည္။
ခ်စ္တယ္ဆိုသၫ့္စကားကို သူမကိုေျပာဖို႔ေၾကာက္ခဲ့မိေပမယ့္ အခုေတာ့ အႀကိမ္ေပါင္း ေထာင္ေသာင္းမကေျပာဖို႔ ဝန္ေလးေနေတာ့မည္မဟုတ္ေခ်။
သူမလက္ကမ္းေပးလာသည့္အခါ ထိုလက္ကေလးကို ျပန္ဆုပ္ကိုင္ထားလိုက္ရင္း ကိုယ့္ခ်စ္သူကို ထာဝရပိုင္ရၿပီဆိုသၫ့္အသိျဖင့္ ရင္ထဲေနြးခနဲျဖစ္သြားသည္။
ထိုလက္ကေလးကိုငံု႔နမ္းရင္း ငိုခ်င္လာခဲ့ကာ သူမဆီကရယ္သံေလးထြက္လာ၍ သူမခါးေလးကို ဆဲြယူဖက္ထားလိုက္မိသည္။
"🎵မငိုပါနဲ႔ကေလးရယ္🎼 ကိုယ္ေလ မင္းအနားရိွေနမယ္🎶"
သူ႔ပခံုးကိုပုတ္ရင္း သီခ်င္းအပိုင္းအစေလးျဖင့္ ေခ်ာ့ကာ သူ႔မ်က္ႏွာကိုေမာ့ယူလာသၫ့္အခါ မိုးေျမမ်က္ႏွာေလးကို သူေမာ့ၾကၫ့္လိုက္မိသည္။
ဤေနဝင္ဆည္းဆာအခ်ိန္မွာ သူမ သိပ္လွပါသည္။
ေနာက္ႏွစ္ေပါင္းမ်ားစြာအထိလည္း သူမ လွေနဦးမွာျဖစ္သလို ထိုမ်က္ႏွာေလးကို တစ္သက္လံုး အရိပ္တၾကၫ့္ၾကၫ့္ ၾကၫ့္ေနရဖို႔လည္း သူ႔မွာအခြင့္အေရးအျပၫ့္ရိွေနၿပီ...
ကိုယ့္ေဘးမွာ သူမ,ရိွေနရံုျဖင့္ျပၫ့္စံုၿပီဟု ခံစားရေသာ ရိုးရွင္းေသာေမတၲာတရားျဖင့္ တစ္ဘဝလံုးကုန္ဆံုးႏိုင္ၿပီ...
"ခ်စ္တယ္ Candy"
"ခ်စ္ရင္ လက္စြပ္ဝတ္ေပးဦးေလ"
"ေနပါဦးကြာ မင္းကလည္း.. Roလို႔ကိုမရဘူး"
"ဝတ္ေပးၿပီးမွRoပါ ေယာက်ာ္းရယ္"
အခုအခ်ိန္အထိ ေငြသရဲမ,ျဖစ္ေနဆဲသူမသည္ မိုးသားကိုင္ထားေသာ ကတၲီပါဗန္းေလးေပၚမွ လက္စြပ္ေတြကို ေမးဆတ္ကာေျပာေန၍ မိုးသားကေတာင္ မ်က္ေစာင္းထိုးေနၿပီျဖစ္သည္။
သို႔ေပမယ့္ သူမကို ကိုယ္ ကိုယ္တိုင္လည္းမၿငိဳျငင္သလို ဘယ္သူကမွလည္းအျပစ္ျမင္မွာမဟုတ္၍ တိုးဖြေသာရယ္သံေတြထြက္လာ၏။
သူတို႔ႏွစ္ေယာက္ကို မိုးေျမခစားဟု သိေနၾကေသာ Graveကဝန္ထမ္းေတြအားလံုး ရိွေနၾကေသာေၾကာင့္ ေနြးေထြးၾကည္ႏူးျခင္းေတျြဖင့္ အရာအားလံုးထက္ ခမ္းနားေနသလိုထင္မိသည္။
ဒီလိုေလးထည္ဝါရံုျဖင့္ သူမကေက်နပ္ေနၿပီမို႔ ဒီ့ထက္လည္းအက်ယ္မခ်ဲ႔ခ်င္ေတာ့...
လက္စြပ္လွလွေလးသည္ သူမ၏လက္သူႂကြယ္ထက္မွာ ေနရာယူသြားသၫ့္အခါမွာလည္း စိန္ႏွင့္Platinumေရာေသာလက္စြပ္ကေလးသည္ ပိုၿပီးဝင္းပသြားသလိုခံစားမိသည္။
ထို႔အတူ မိုးေျမရဲ့ႏႈတ္ခမ္းထက္က အႃပံုးေလးသည္လည္း လမင္းတစ္စင္းလိုဝင္းပေနခဲ့ကာ ထိုအႃပံုးေလးသည္ သူ႔ကမ႓ာကို ပန္းေတြပြင့္သြားေစသၫ့္အႃပံုးမ်ိဳးေလးျဖစ္၏။
"ငါတို႔တကယ္လက္ထပ္ၿပီးၿပီေနာ္"
"အင္း"
"ခ်စ္တယ္"
"ငါလည္းနင့္ကိုခ်စ္တယ္"
လိုခ်င္တာရသြားေသာ ကေလးတစ္ေယာက္လို သူ႔ပခံုးေတြေပၚ လက္ကေလးေတြတင္ရင္း သူမမ်က္ႏွာေလးေမာ့ၿပီး ေျပာလာသၫ့္အခါ သူ မေနႏိုင္ေတာ့။
ေမးဖ်ားေလးမွဆဲြေမာ့ကာ ႏႈတ္ခမ္းေဖာင္းေဖာင္းအိအိေလးကို ဖိကပ္နမ္းရိႈက္ရင္း သူမခါးေလးကို ခပ္တင္းတင္းဖက္ထားလိုက္မိသည္။
"ေတာ္ေတာ့ေဟ့ ေခြးစာေတြ ဇြတ္ကၽြေးမေနနဲ႔"
တိမ္တိုက္ရဲ့ေအာ္သံေနာက္မွာ ေဖာင္းခနဲအသံေတြႏွင့္အတူ သူတို႔ေခါင္းေပၚသို႔ ေရာင္စံုစကၠူေလးေတြ ဖြားခနဲက်လာသၫ့္အခါ သူမက ေမာ့ၾကၫ့္ရင္း သေဘာတက်ရယ္၏။
ထိုပံုစံေလးကို အသည္းယားရလြန္း၍ ေစြ့ခနဲေပြ့ခ်ီၿပီး ေမႊ့ယမ္းပစ္လိုက္သၫ့္အခါ သူမက တအားေအာ္ရယ္ရင္း လက္ကေလးေတြကလည္း လည္ပင္းကိုသိုင္းဖက္လာသည္။
ထိုလက္ကေလးေတြဆီကေန
သူမဆီကေန ဘယ္ကိုမွမလြတ္ေျမာက္ခ်င္ေတာ့ပါ...
ဘယ္ေတာ့မွလည္း မလြတ္ေျမာက္ခ်င္ေတာ့ပါ...
💌💌💌💌💌💌
Part 66 (ဇာတ္သိမ္းပိုင္း) ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997