💌 Part - 54 💌
---------------
ပြန်နိုးလာကတည်းက စိတ်ရှိလက်ရှိသောင်းကျန်းနေသော မိုးမြေကြောင့် တစ်ခန်းလုံးရှိပစ္စည်းတွေလည်း ကြေမွပျက်စီးနေပြီဖြစ်သည်။
မိုးမြေ ဒီလောက်အထိ ဒေါသကြီးလိမ့်မည်ဟု သူ တစ်ခါမှမတွေးထင်ခဲ့သလို သူမ ကိုယ့်ကိုတကယ်ပဲမချစ်တော့ဘူးလားဆိုသော အတွေးက ခေါင်းထဲပြန်ရောက်လာခဲ့သည်။
"စောက်ရူး ငါ့ကိုအခုပြန်ပို့ပေး"
တစ်ခါမှမကြားခဲ့ဖူးသော အသုံးအနှုန်းတွေဖြင့် ပြန်ပို့ပေးဖို့ကိုသာ ဆက်တိုက်ပြောနေခဲ့၍ သူ့အတွေးဟာ ပိုပြီးမှန်ကန်သွားသလိုထင်မိသည်။
သို့သော် မင်းခစားဆိုတာကလည်း လွယ်လွယ်နှင့် အရှုံးပေးတတ်သူမဟုတ်ခဲ့ဘဲ...
"ငါနဲ့ညားပြီးသားမိန်းမကို ငါ့အစ်ကိုနဲ့သဘောတူရမှာလား မင်း နွားဖမ်းနေတာလား"
"ဟွန့်! နင့်အစ်ကို,ကို ငါကဘာမှမပြောဘဲ တွဲခဲ့တယ်လို့ထင်နေတာလား ခစား"
"ပြောတော့ပြောမှာပေါ့ ငါပါလို့ မင်းနာမည်တပ်ခဲ့လား ဟမ်?.. မင်းနဲ့ဖြစ်ခဲ့တဲ့ကောင်က မင်းခစားပါလို့ မင်းပြောခဲ့လား"
တကယ်ပြောခဲ့ပုံမရသော နှုတ်ခမ်းတွေက တင်းမာစွာစေ့ပိတ်သွားပြီး မိုးမြေရဲ့အကြည့်တွေက ပိုပြီးစူးရဲအေးစက်သွားသည်။
မိုးမြေဟာ ဘာလို့များ သူ့အကြောင်းကိုထိန်ချန်ပြီး ကိုကိုနဲ့လက်ထပ်ဖို့ကြိုးစားခဲ့တာလဲ...
ဒက်ဒီ့ကိုရော၊ မာမီ့ကိုပါ ပါးနပ်စွာအယုံသွင်းချုပ်ကိုင်ခဲ့မှန်း သူသိပြီးခဲ့ပြီဖြစ်ကာ အဲ့ဒါကရော ဘာအတွက်ကြောင့်လဲ...
"ပြောလိုက်ရင်ပွဲပြီးသွားမှာပေါ့ တစ်ချိန်ကနင့်မိသားစု မလိုလားခဲ့တဲ့ခြူဆီမ,က မင်းရာဇရဲ့မိန်းမဖြစ်လာတော့မှာလေ"
"ဘာ!"
"နင်စဥ်းစားကြည့်စမ်း မလိုလားလွန်းလို့ သိန်း၁၀၀ပေးပြီး နှင်ထုတ်ခဲ့တဲ့မိန်းမက နင်တို့မိသားစုကို လိုသလိုခြယ်လှယ်မယ့်မိန်းမဖြစ်လာမယ်လို့ တွေးခဲ့မိလား အဟွန်း!.. ငါလည်းမတွေးခဲ့မိဘူး
ဒါပေမယ့်ဖြစ်လာခဲ့တာပဲ"
"မိုးမြေ"
"ငါ့ကိုပြန်ပို့ပေး.. ငါလိုချင်တာက မင်းရာဇကို.. နင့်ကိုမဟုတ်ဘူး"
မိုးမြေရင်ထဲက အာဃာတကို ရှင်းရှင်းကြီးမြင်လိုက်ရပြီမို့ သူ ပိုပြီးခံရခက်သွားကာ ငွေကြောင့်ဟု ထင်ခဲ့မိပေမယ့် သူမသည် ဟိုးအရင်က ကိုယ်နဲ့ပတ်သက်ပြီး ရခဲ့သောဒဏ်ရာတွေအတွက် ပညာပေးဖို့ကြိုးစားနေခဲ့တာပဲ...
သူသည် မိုးမြေကိုရော၊ မိသားစုကိုပါ မကာကွယ်နိုင်ခဲ့သော လူဖျင်းလူညံ့တစ်ယောက်ဖြစ်ခဲ့ပြီဖြစ်၏။
"မင်းကို ဒုက္ခပေးခဲ့တဲ့သူက ငါပါ ဒီလိုဖြစ်ရပ်တွေကလည်း ငါနဲ့ပတ်သက်လို့ဖြစ်လာတာပါ မင်းငါ့ကိုပဲနှိပ်စက်လို့မရဘူးလား"
"ငါလုပ်နေတာတွေကရော နင့်ကိုနှိပ်စက်နေတာပဲမလား ဘယ်လိုလဲ ငါနဲ့မင်းရာဇကို တွဲမြင်လိုက်တော့ နင်ရင်နာတယ်မလား နင့်ကိုနားအလည်နိုင်ဆုံးက ငါဆိုရင် နင့်ကိုရင်နာအောင်ဘယ်လိုလုပ်ရမလဲ အသိဆုံးကလည်း ငါပဲ"
"မင်းကွာ"
"ငါ့ကိုပြန်ပို့ပေး"
မျက်စိစုံမှိတ်ပြီး ဆံပင်တွေဖွာထွက်သွားသည်အထိ အော်နေသော သူမသည် စိတ်လွတ်သွားသောလူတစ်ယောက်နှင့် တူလွန်းကာ ရင်နာစရာအတိဖြစ်သည်။
သို့သော် သူ ခေါင်းကိုသာခါပြလိုက်ရင်း စီးကရက်ဘူးနှင့်မီးခြစ်ကို ကောက်ယူလိုက်ကာ ဒေါသတကြီးဖြစ်နေသောသူမကို လှည့်ကြည့်လိုက်၏။
"ဒီနေရာကိုငါပဲသိတာ ဘယ်သူမှမသိဘူး မင်း ဒီနေရာမှာပဲ ငါနဲ့အတူတူနေသွားရလိမ့်မယ်"
"နင်ရူးနေတာလား"
"ဟုတ်တယ် ရူးနေတာ ဒါပေမယ့် ငါမင်းကိုခေါ်လာတာက မင်းလိုမျိုး လက်စားချေချင်တဲ့အာဃာတတွေကြောင့်မဟုတ်ဘူး Candy
ငါကမင်းကိုပဲလိုအပ်တာ မင်းနဲ့နေချင်တာတစ်ခုတည်းပဲ"
"စောက်ရူး.. အစ်ကိုနဲ့အပြိုင် လိုက်ရူးနေတဲ့စောက်ရူး"
သူမ ကျိန်ဆဲနေသမျှကို မကြားဟန်ဆောင်ကာ အခန်းလေးထဲမှအပြင်ထွက်လာခဲ့ပြီး တံခါးကိုသော့ခတ်ပစ်လိုက်သည်။
တံခါးပိတ်သွားသည့်နောက်မှာတော့ ထိုတံခါးကိုမှီထိုင်လိုက်ရင်း သက်ပြင်းမောကြီးတစ်ချက်ချလိုက်မိကာ ငါဘာလုပ်ခဲ့မိတာလဲဟု ထပ်စဥ်းစားမိပြန်သည်။
မင်းမမှားပါဘူး Baby..
မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ငါ့ကိုဘယ်လောက်ပဲနှိပ်စက် နှိပ်စက်
နေ့ရက်တိုင်းမှာ မင်းငါ့ကိုကျိန်ဆဲဦးတော့..
မင်းနဲ့သာအတူရှိခွင့်ရရင် ကမ္ဘာကြီးရဲ့ဘယ်နေရာပဲရောက်နေနေ Paradiseတစ်ခုလို ပန်းတွေပွင့်နေမှာ...
💌💌💌💌💌💌
"မတွေ့သေးဘူးလား အခုထိ"
အစိုးမရသည့်ဒေါသတွေဖြင့် ရှာခိုင်းထားသည့်လူယုံတွေကို အော်ငေါက်ပစ်လိုက်မိကာ စားပွဲကြီးကိုပါ ဒုန်းခနဲထုပစ်လိုက်မိသည်။
မိုးမြေကို ညီခေါ်သွားသည်မှာ နှစ်ရက်နီးပါးရှိပြီဖြစ်ပြီး ဒီအချိန်မှတော့ သွေးဆိုးသောညီဟာ သူမကို အနိုင်ယူဖျက်စီးပြီးလောက်ပြီဖြစ်သည်။
"ကိုကြီးနော် မရဘူး လက်ထပ်ပြီးမှပဲရမယ်"
"စေ့စပ်တော့မှာတောင် မရဘူးလား"
"မရဘူး"
သူတောင်းဆိုခဲ့တိုင်း နှာခေါင်းလေးရှုံ့ကာ ရှက်ပြုံးလေးဖြင့်ငြင်းဆန်တတ်သော ချာတိတ်ကရော ခစားလက်ထဲမှာ ပေးအပ်လိုက်ရပြီလား...
ဤသို့တွေးမိလေ အသည်းခိုက်အောင် နာကြည်းမိလေ...
"မာမီလည်း ကျွန်တော့်ကိုအကြပ်ရိုက်အောင်မလုပ်နဲ့ ကျွန်တော် ဘယ်မိန်းမကိုမှစိတ်မဝင်စားဘူး"
"ဘယ်သူ့ကိုမှလည်း စိတ်ဝင်စားလာမှာမဟုတ်သလို ဘယ်မိန်းမနဲ့မှလည်း ညစာမစားချင်ဘူး ကျွန်တော့်ဘာသာနေပါရစေ"
"သူ့ကြောင့် တစ်စုံတစ်ယောက် ဘယ်လောက်ထိခံစားခဲ့ရလဲ ကျွန်တော်အသိဆုံး အဲ့လိုမျက်နှာများပြီး အသည်းမာတဲ့မိန်းမ.."
ညီ့ရဲ့စကားတွေကို ပြန်ကြားလာသည့်အခါ ခဏတော့ငြိမ်သွားမိကာ ထိုစကားတွေဟာ မိုးမြေကိုရည်စူးနေခဲ့မှန်း အခုမှသတိထားမိသွားခဲ့သည်။
မိုးမြေပြောခဲ့တုန်းကတော့ ထိုRelationshipမှာ သူမကပဲ တစ်ဖက်သတ်ချစ်ခဲ့ရသည်ဆိုကာ ခစားကတော့ Snookerကိုစွန့်လွှတ်ပစ်မယ့်အထိ သူမကို အတော်လေး ရူးရူးသွပ်သွပ်ဖြစ်ခဲ့တာမဟုတ်လား။
"သူနဲ့ကျွန်တော်ဆိုတာ အရင်ကတည်းက 'မိုးမြေခစား'လို့ တွဲလျက်ရှိခဲ့တာ
မိုးမြေကခစားအပိုင်.."
"ငါပြန်လာခဲ့မယ် Honey
ငါတို့နှစ်ယောက်ကို ဘယ်သူမှမခွဲနိုင်မယ့်နေရာကို ထွက်ပြေးကြရအောင်"
ဆိုသည့် လေဆိပ်မှာရေးပေးခဲ့သော ညီ့ရဲ့လက်ရေးလှလှတွေနှင့် ယခုထွက်ပြေးသွားခဲ့သောဖြစ်ရပ်ဟာ တိုက်ဆိုင်မှုတော့မဖြစ်နိုင်..
"မင်း ဘာလိုချင်လဲ ငါ့ဆီရောက်လာတာလဲ ချာတိတ် ခစားကို လက်စားချေချင်လို့လား ဒါမှမဟုတ်.."
ထိုနေ့ရက်တွေတုန်းက ခစားရဲ့ခြူဆီမ,ကို Abortionကိစ္စမပြောခဲ့ဘဲ ကိုယ်ဝန်ဖျက်ချခိုင်းသလို ဖန်တီးခဲ့သောကိစ္စကို ပြန်သတိရလိုက်၍ သူ ပြင်းစွာတုန်လှုပ်သွားမိသည်။
ဤသို့ဆိုလျှင် ထိုအချိန်တုန်းက ခစားရဲ့ကိုယ်ဝန်ကိုလွယ်ထားခဲ့သော ခြူဆီမသည်...
"မိုးမြေ"
ရင်ထဲစူးခနဲဖြစ်သွားပြီး ဦးခေါင်းကိုတူနှင့်အထုခံလိုဂာ်ရသလို ထုံကျင်သွားခဲ့ကာ မိုးမြေဟာကိုယ်ဝန်ပျက်ကျဖူးကြောင်း ဝန်ခံခဲ့ခြင်းကိုပါပြန်သတိရလိုက်သည်။
သူ့မိသားစုဓာတ်ပုံကို သေသေချာချာကြည့်ပြီးမှ ခေါင်းညိတ်ခဲ့ခြင်းရဲ့အဖြေဟာ သူဟာ မင်းရာဇဖြစ်နေခဲ့သောကြောင့်ဖြစ်သည်။
တုန်လှုပ်သွားသည့်စိတ်အစဥ်ကြောင့် ထိုင်ခုံမှာပြန်ထိုင်လိုက်ရရင်း အံကိုကြိတ်ပစ်ကာ နားထင်ကိုဖိထောက်ထားလိုက်ရသည်။
သူမဟာ ကိုယ့်ကိုတစ်ချိန်လုံးမုန်းတီးနေခဲ့တာပဲ...
တကယ်ပဲ မင်း ရက်စက်တတ်လိုက်တာ
မင်း ဟန်ဆောင်ကောင်းလိုက်တာ ချာတိတ်ရယ်...
💌💌💌💌💌💌
"ငါလည်းမပြောတတ်တော့ဘူးကွာ ဒီဘက်မှာတော့ အတော်လေးဂယက်ထသွားတယ် ကိုကြီးရာဇကလည်း မင်းတို့ကိုမြေလှန်ရှာနေတယ်"
"မင်းကလည်းနော် မပြောမဆိုနဲ့"
"ငါမင်းတို့ကိုတိုင်ပင်ရင် မင်းတို့လည်းကြံရာပါဖြစ်မှာစိုးလို့ပါ"
"ဖြစ်တော့လည်းဖြစ်ပေါ့ သူငယ်ချင်းတွေကြား ဒါတွေလိုသေးလို့လား အခုမင်းတို့ဘယ်မှာလဲ"
"ဂေါ်ရင်ဂျီကျွန်းစုထဲက ကျွန်းလေးတစ်ကျွန်းပဲ"
"ကျွန်းပေါ်မှာတောင် အင်တာနက်လိုင်းရသလား မဆိုးဘူးပဲ မင်းဘာသုံးလို့လဲ"
"အဲ့ကောင် UKရောက်ကတည်းက ဂြိုဟ်တုဖုန်းဝယ်ထားတာဟ မင်းကလည်း စောက်ရေးမပါတာတွေမေးနေပြန်ပြီ"
တိမ်တိုက်ရဲ့ဆဲဆိုသံကြောင့် သူ တစ်ချက်ပြုံးလိုက်မိကာ Laptopကိုကျောပေးလိုက်ပြီး လှိုင်းအနည်းငယ်ထနေသော ရေပြင်ကျယ်ကြီးကို လှမ်းကြည့်မိသည်။
ဘာဆက်လုပ်ရမလဲဆိုတာမသိတော့သလို သူ UKထွက်သွားကာစက မိုးမြေဘာဖြစ်ခဲ့သလဲသိချင်မိကာ သူ မသိခဲ့သောဖြစ်ရပ်တွေကို ဒီကောင်တွေကတော့ သေချာပေါက်သိလောက်သည်။
ခဏအကြာမှာတော့ သူ့ရဲ့နှုတ်ဆိတ်နေခြင်းကို ထိုကောင်တွေက သတိထားမိသွားကြရင်း...
"မင်း ဘာဖြစ်နေတာလဲ ခစား"
"သူ ဘာလို့ ကိုကိုနဲ့လက်ထပ်ချင်ခဲ့တာလဲ မင်းတို့သိလား"
"ဒီအတိုင်းတွဲမိသွားလို့ မဟုတ်ဘူးလား ငါသိသလောက်တော့ သူတို့က ကုမ္ပဏီDinnerကတည်းက သိကြတာတဲ့ ကိုမင်းရာဇက အဲ့ကတည်းက မိုးမြေကိုသဘောကျနေခဲ့တာ"
"အဲ့ဒါကိုပြောတာမဟုတ်ဘူးကွာ ငါသိချင်တာက ငါUKရောက်နေတုန်း မင်းတို့ကောင်တွေ မိုးမြေနဲ့ပတ်သက်ပြီး ငါ့ကို သတင်းအမှောင်ချခဲ့ကြတာ မင်းတို့ကိုယ်မင်းတို့သိလား"
သူ တည့်တည့်ပဲမေးလိုက်သည့်အခါ Zoomဖြင့်လူစုထားရသော ထိုလူစုဟာ စကားတစ်ခွန်းမှထွက်မလာတော့ဘဲ နှုတ်ဆိတ်သွားကြ၏။
ထိုအခါမှ သူက Laptopဘက်ကို မျက်နှာမူကာ ဝရံတာလက်ရန်းကို လက်နောက်ပြန်ကိုင်ထားရင်း တင်ပလွဲမှီထိုင်ကာ သူတို့တွေ၏မျက်နှာတွေကို သေချာလိုက်ကြည့်မိတော့သည်။
"ဖြေကြလေ မင်းတို့"
"Sorryကွာ အဲ့ဒါမိုးမြေက မင်းကိုဘာမှပြန်မပြောဖို့ ငါတို့ကိုတားထားလို့"
"အေး.. တကယ်လို့ မင်းဆီကို သူ့အကြောင်းပြန်ပြောရင် သူ့ဆီနောက်ထပ်မလာနဲ့ ဘာအကူအညီမှလည်းမပေးနဲ့ဆိုပြီး"
"ထားပါ အဲ့ဒါအတွက် မင်းတို့ကို ငါအပြစ်မပြောပါဘူး ကိုကို သူ့ကိုသိန်း၁၀၀ပေးလိုက်မှန်းငါသိတယ် အဲ့ဒီနောက်ပိုင်းမှာမှ ငါ သူနဲ့ပတ်သက်ပြီးဘာမှမသိရတော့တာ ပိုက်ဆံပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး မိုးမြေ ဒီလောက်ထိအငြှိုးကြီးနေစရာမလိုဘူး သူ့အကြောင်းငါအသိဆုံးပဲ
တခြားကိစ္စတစ်ခုခုရှိခဲ့တာမဟုတ်လား"
ရှိခဲ့မည်မှန်း သူသိနေခဲ့သလို သူ့မေးခွန်းအဆုံးမှာ အားလုံးကမျက်နှာပျက်သွားကြပြီး သူ့ကိုပြောဖို့ ဝန်လေးသွားကြပုံရသည်။
သူ့ကိုဖုံးကွယ်ထားသည့် အကြောင်းအရာဟာ ဘာများ ဖြစ်နေမလဲ...
"မိုးမြေမှာ ကိုယ်ဝန်ရှိခဲ့တာ"
"ဘာ!"
သူ့တစ်ကိုယ်လုံးအေးစက်သွားသလို တင်ပလွဲထိုင်နေရာမှ ဆတ်ခနဲဖြစ်သွားမိကာ Laptopရှေ့ကို ရောက်သွားမိတာ လွှားခနဲ။
ဒီလောက်အရေးကြီးသောကိစ္စကို သူ ဘာကြောင့်မသိခဲ့တာလဲ...
မိုးမြေကရော ဘာလို့မပြောခဲ့တာလဲ...
"ကားaccidentဖြစ်လို့လား မင်းအဖေတို့လုပ်လိုက်သလားတော့ သေချာမသိဘူး အဲ့ဒီကိုယ်ဝန်က Abortionဖြစ်သွားတာ"
"ဘာကိုသေချာမသိတာလဲ မင်းတို့ဆရာဝန်ကို မေးမကြည့်ဘူးလား"
"ဆရာဝန်ကတော့ မင်းကလုပ်ခိုင်းတာလို့ပြောတယ်"
နောက်ထပ် ထင်မှတ်မထားသော နေသွေးရဲ့စကားကြောင့် သူ ကြက်သေသေသွားမိသလို လုံးဝထင်မထားသောအဖြစ်မို့ ရင်ဘတ်ထဲမှ စူးအောင့်နာကျင်လာခဲ့သည်။
ပထမအချိုးအကွေ့က ကိုယ်ဝန်တဲ့..
ဒုတိယအချိုးအကွေ့က ထိုကိုယ်ဝန်ကို သူကဖျက်ချခိုင်းသတဲ့...
သူက ဖျက်ချခိုင်းခဲ့တယ်ဆိုရအောင် မိုးမြေမှာ ကိုယ်ဝန်ရှိနေခဲ့မှန်းတောင် သူ မသိခဲ့သလို မိုးမြေကလည်းဘာမှမပြောခဲ့ဘဲ...
"မင်းကိုဖုံးထားမိတာ ငါတောင်းပန်ပါတယ် ငါတို့လည်း မင်းလုပ်တာလို့မထင်ဘူး အဲ့ဒါကြောင့်မို့ မိုးမြေကိုဖျောင်းဖျသေးတယ် သူကမင်းမလုပ်မှန်းသိပေမယ့် မင်းကိုပြောဖို့လက်မခံတာ"
"သူ့အနေနဲ့ဆိုလည်း မင်းမိသားစုဘက်က ခါးခါးသီးသီးကြီးဖြစ်နေတော့ စိတ်နာစရာဖြစ်သွားတာနေမှာပေါ့ မင်း သူ့အပေါ် တအားမကြမ်းတမ်းပါနဲ့ကွာ တကယ်တမ်း အဲ့ဒီတုန်းက မိုးမြေအတော်လေးခံစားသွားရတာ"
"မင်းကိုမပြောဖို့ ကိုရာဇကလည်းနှုတ်ပိတ်၊ မိုးမြေကလည်းနှုတ်ပိတ်နဲ့မို့လို့ ငါတို့ပါးစပ်ပိတ်ထားခဲ့ကြတာ ငါတို့ကိုယ်တိုင်က မင်းကိုမပြောရက်လို့လည်းပါတယ် ဒါတွေသာမင်းသိသွားရင် မင်းအခုထက်ပိုပြီး ပေါက်ကွဲသွားကြောင့်မို့.. မင်းမကျေနပ်လို့ ဆဲလည်း ခံရမှာပဲ"
အားလုံးဆီက ဝန်ခံစကားတွေအသီးသီးထွက်လာသည့်အခါ ဒီကောင်တွေဆဲဆိုဖို့၊ ကျိန်ဆဲဖို့ကိုလည်း အင်အားမရှိတော့သလို ခံစားရသည်။
သူမ ကိုယ့်ကိုမုန်းတီးနေခဲ့သည့် အကြောင်းအရင်းတွေ၊ ကိုကို့ကိုလက်ထပ်ချင်ခဲ့သော အကြောင်းအရင်းတွေဟာ ခိုင်မာနေခဲ့ပြီး ထိုအချိန်တွေတုန်းက သူမ ဘယ်လောက်ထိနာကျင်ခဲ့ရမလဲ မတွေးရဲအောင်ပင်။
"ခစား မင်းဘယ်လိုခံစားရမလဲ ငါသိပါတယ် ဒါပေမယ့် မိုးမြေက မင်းကိုလက်ခံမှာမဟုတ်ဘူးနော်"
"အင်း"
"မင်းအစ်ကိုကလည်း မင်းကိုရှာနေတယ် ရှာဆိုကွာ.. စေ့စပ်ပွဲကိစ္စကို အတော်များများက သိထားကြတော့ နည်းနည်းတော့ပြောစရာဖြစ်သွားတာကိုး ဘယ်လိုလုပ်မယ်စဥ်းစားထားလဲ"
သူ ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ အသာလေးခါယမ်းပြရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထို့နောက်မှာတော့ ရုတ်တရက်ငိုချင်လာမိသောကြောင့် Laptopကိုပိတ်ပစ်ကာ ဘောင်းဘီအိတ်ထဲလက်နှိုက်ရင်း သဲသောင်ပြင်ပေါ်ကို ခြေဗလာနှင့်ဆင်းလာခဲ့သည်။
"မိုးမြေမှာကိုယ်ဝန်ရှိခဲ့တာ"
"ကားaccidentဖြစ်လို့လား မင်းအဖေတို့လုပ်လိုက်သလားတော့ သေချာမသိဘူး အဲ့ဒီကိုယ်ဝန်က Abortionဖြစ်သွားတာ"
အသိစိတ်ကင်းလွတ်နေသူလို သူ ရေစပ်အထိဆင်းလာခဲ့ပြီး ဒူးထောက်ထိုင်ချလိုက်သည့်အခါ ခါးအောက်ပိုင်းတစ်ခုလုံး ရေတွေစိုသွားလေသည်။
သူ့ကမ္ဘာမှာတော့ မိုးပြိုနေခဲ့ပြီဖြစ်ကာ အနီးနားရှိ ရေလွှာပါးပါးလေးကို လက်သီးနှင့်ထိုးရင်း မဖိတ်ခေါ်ဘဲကျလာသောမျက်ရည်တွေဖြင့် စိတ်ရှိလက်ရှိအော်ချပစ်လိုက်မိသည်။
"ဘာလို့လဲ ဘာလို့ငါ့ကျမှ ဒါတွေအကုန် စုဖြစ်နေတာလဲ"
အာခေါင်ခြစ်အော်ငိုမိရင်း ခန့်ခန့်ထည်ထည်မျက်နှာတစ်ခုကို မျက်လုံးထဲပြန်မြင်ယောင်ကာ နာကြည်းစိတ်ဖြင့် အံကြိတ်ပစ်လိုက်မိသည်အထိ။
လုပ်ရက်တယ် ဒက်ဒီ...
ခင်ဗျား တကယ်လုပ်ရက်တယ်...
ကျွန်တော်မမှားခဲ့တဲ့ အမှားကို ကျွန်တော်ပဲ ဒီလောက်အထိပေးဆပ်ရတာကတော့ ဒက်ဒီကိုက လုပ်ရက်လွန်းတာပါ...
သူ့မှာရော ဘာအပြစ်ရှိလို့အဲ့ လောက်ထိလုပ်ရက်ရတာလဲ...
"ကျွန်တော်က သူနဲ့ပဲ အတူနေချင်ခဲ့ရုံလေးပါ"
တီးတိုးပြောမိရင်း ခေါင်းငုံ့ချလိုက်မိသည့်အခါ မျက်ရည်ပူတွေသည် ပါးပေါ်ကိုဖြတ်သန်းကာ ရေလွှာပါးပါးလေးထဲသို့ ခုန်ဆင်းသွားခဲ့သည်။
ထိုနေ့က နေဝင်ချိန်သည် အကျည်းတန်စွာဖြင့် မလှပခဲ့ပါ...
💌💌💌💌💌💌
Part 55 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💌 Part - 54 💌
---------------
ျပန္ႏိုးလာကတည္းက စိတ္ရိွလက္ရိွေသာင္းက်န္းေနေသာ မိုးေျမၾကောင့္ တစ္ခန္းလံုးရိွပစၥည္းေတြလည္း ေၾကမြပ်က္စီးေနၿပီျဖစ္သည္။
မိုးေျမ ဒီေလာက္အထိ ေဒါသႀကီးလိမ့္မည္ဟု သူ တစ္ခါမွမေတြးထင္ခဲ့သလို သူမ ကိုယ့္ကိုတကယ္ပဲမခ်စ္ေတာ့ဘူးလားဆိုေသာ အေတြးက ေခါင္းထဲျပန္ေရာက္လာခဲ့သည္။
"ေစာက္ရူး ငါ့ကိုအခုျပန္ပို႔ေပး"
တစ္ခါမွမၾကားခဲ့ဖူးေသာ အသံုးအႏႈန္းေတျြဖင့္ ျပန္ပို႔ေပးဖို႔ကိုသာ ဆက္တိုက္ေျပာေနခဲ့၍ သူ႔အေတြးဟာ ပိုၿပီးမွန္ကန္သြားသလိုထင္မိသည္။
သို႔ေသာ္ မင္းခစားဆိုတာကလည္း လြယ္လြယ္ႏွင့္ အရႈံးေပးတတ္သူမဟုတ္ခဲ့ဘဲ...
"ငါနဲ႔ညားၿပီးသားမိန္းမကို ငါ့အစ္ကိုနဲ႔သေဘာတူရမွာလား မင္း ႏြားဖမ္းေနတာလား"
"ဟြန႔္! နင့္အစ္ကို,ကို ငါကဘာမွမေျပာဘဲ တဲြခဲ့တယ္လို႔ထင္ေနတာလား ခစား"
"ေျပာေတာ့ေျပာမွာေပါ့ ငါပါလို႔ မင္းနာမည္တပ္ခဲ့လား ဟမ္?.. မင္းနဲ႔ျဖစ္ခဲ့တဲ့ေကာင္က မင္းခစားပါလို႔ မင္းေျပာခဲ့လား"
တကယ္ေျပာခဲ့ပံုမရေသာ ႏႈတ္ခမ္းေတြက တင္းမာစြာေစ့ပိတ္သြားၿပီး မိုးေျမရဲ့အၾကၫ့္ေတြက ပိုၿပီးစူးရဲေအးစက္သြားသည္။
မိုးေျမဟာ ဘာလို႔မ်ား သူ႔အေၾကာင္းကိုထိန္ခ်န္ၿပီး ကိုကိုနဲ႔လက္ထပ္ဖို႔ႀကိဳးစားခဲ့တာလဲ...
ဒက္ဒီ့ကိုေရာ၊ မာမီ့ကိုပါ ပါးနပ္စြာအယံုသြင္းခ်ဳပ္ကိုင္ခဲ့မွန္း သူသိၿပီးခဲ့ၿပီျဖစ္ကာ အဲ့ဒါကေရာ ဘာအတြက္ေၾကာင့္လဲ...
"ေျပာလိုက္ရင္ပဲြၿပီးသြားမွာေပါ့ တစ္ခ်ိန္ကနင့္မိသားစု မလိုလားခဲ့တဲ့ျခဴဆီမ,က မင္းရာဇရဲ့မိန္းမျဖစ္လာေတာ့မွာေလ"
"ဘာ!"
"နင္စဥ္းစားၾကၫ့္စမ္း မလိုလားလြန္းလို႔ သိန္း၁၀၀ေပးၿပီး ႏွင္ထုတ္ခဲ့တဲ့မိန္းမက နင္တို႔မိသားစုကို လိုသလိုျခယ္လွယ္မယ့္မိန္းမျဖစ္လာမယ္လို႔ ေတြးခဲ့မိလား အဟြန္း!.. ငါလည္းမေတြးခဲ့မိဘူး
ဒါေပမယ့္ျဖစ္လာခဲ့တာပဲ"
"မိုးေျမ"
"ငါ့ကိုျပန္ပို႔ေပး.. ငါလိုခ်င္တာက မင္းရာဇကို.. နင့္ကိုမဟုတ္ဘူး"
မိုးေျမရင္ထဲက အာဃာတကို ရွင္းရွင္းႀကီးျမင္လိုက္ရၿပီမို႔ သူ ပိုၿပီးခံရခက္သြားကာ ေငြေၾကာင့္ဟု ထင္ခဲ့မိေပမယ့္ သူမသည္ ဟိုးအရင္က ကိုယ္နဲ႔ပတ္သက္ၿပီး ရခဲ့ေသာဒဏ္ရာေတြအတြက္ ပညာေပးဖို႔ႀကိဳးစားေနခဲ့တာပဲ...
သူသည္ မိုးေျမကိုေရာ၊ မိသားစုကိုပါ မကာကြယ္ႏိုင္ခဲ့ေသာ လူဖ်င္းလူညံ့တစ္ေယာက္ျဖစ္ခဲ့ၿပီျဖစ္၏။
"မင္းကို ဒုကၡေပးခဲ့တဲ့သူက ငါပါ ဒီလိုျဖစ္ရပ္ေတြကလည္း ငါနဲ႔ပတ္သက္လို႔ျဖစ္လာတာပါ မင္းငါ့ကိုပဲႏိွပ္စက္လို႔မရဘူးလား"
"ငါလုပ္ေနတာေတြကေရာ နင့္ကိုႏိွပ္စက္ေနတာပဲမလား ဘယ္လိုလဲ ငါနဲ႔မင္းရာဇကို တဲြျမင္လိုက္ေတာ့ နင္ရင္နာတယ္မလား နင့္ကိုနားအလည္ႏိုင္ဆံုးက ငါဆိုရင္ နင့္ကိုရင္နာေအာင္ဘယ္လိုလုပ္ရမလဲ အသိဆံုးကလည္း ငါပဲ"
"မင္းကြာ"
"ငါ့ကိုျပန္ပို႔ေပး"
မ်က္စိစံုမိွတ္ၿပီး ဆံပင္ေတြဖြာထြက္သြားသည္အထိ ေအာ္ေနေသာ သူမသည္ စိတ္လြတ္သြားေသာလူတစ္ေယာက္ႏွင့္ တူလြန္းကာ ရင္နာစရာအတိျဖစ္သည္။
သို႔ေသာ္ သူ ေခါင္းကိုသာခါျပလိုက္ရင္း စီးကရက္ဘူးႏွင့္မီးျခစ္ကို ေကာက္ယူလိုက္ကာ ေဒါသတႀကီးျဖစ္ေနေသာသူမကို လွၫ့္ၾကၫ့္လိုက္၏။
"ဒီေနရာကိုငါပဲသိတာ ဘယ္သူမွမသိဘူး မင္း ဒီေနရာမွာပဲ ငါနဲ႔အတူတူေနသြားရလိမ့္မယ္"
"နင္ရူးေနတာလား"
"ဟုတ္တယ္ ရူးေနတာ ဒါေပမယ့္ ငါမင္းကိုေခၚလာတာက မင္းလိုမ်ိဳး လက္စားေခ်ခ်င္တဲ့အာဃာတေတြေၾကာင့္မဟုတ္ဘူး Candy
ငါကမင္းကိုပဲလိုအပ္တာ မင္းနဲ႔ေနခ်င္တာတစ္ခုတည္းပဲ"
"ေစာက္ရူး.. အစ္ကိုနဲ႔အၿပိဳင္ လိုက္ရူးေနတဲ့ေစာက္ရူး"
သူမ က်ိန္ဆဲေနသမ်ွကို မၾကားဟန္ေဆာင္ကာ အခန္းေလးထဲမွအျပင္ထြက္လာခဲ့ၿပီး တံခါးကိုေသာ့ခတ္ပစ္လိုက္သည္။
တံခါးပိတ္သြားသည့္ေနာက္မွာေတာ့ ထိုတံခါးကိုမွီထိုင္လိုက္ရင္း သက္ျပင္းေမာႀကီးတစ္ခ်က္ခ်လိုက္မိကာ ငါဘာလုပ္ခဲ့မိတာလဲဟု ထပ္စဥ္းစားမိျပန္သည္။
မင္းမမွားပါဘူး Baby..
မင္းဘာပဲလုပ္ခဲ့လုပ္ခဲ့၊ ငါ့ကိုဘယ္ေလာက္ပဲႏိွပ္စက္ ႏိွပ္စက္
ေန့ရက္တိုင္းမွာ မင္းငါ့ကိုက်ိန္ဆဲဦးေတာ့..
မင္းနဲ႔သာအတူရိွခြင့္ရရင္ ကမ႓ာႀကီးရဲ့ဘယ္ေနရာပဲေရာက္ေနေန Paradiseတစ္ခုလို ပန္းေတြပြင့္ေနမွာ...
💌💌💌💌💌💌
"မေတြ့ေသးဘူးလား အခုထိ"
အစိုးမရသၫ့္ေဒါသေတျြဖင့္ ရွာခိုင္းထားသၫ့္လူယံုေတြကို ေအာ္ေငါက္ပစ္လိုက္မိကာ စားပဲြႀကီးကိုပါ ဒုန္းခနဲထုပစ္လိုက္မိသည္။
မိုးေျမကို ညီေခၚသြားသည္မွာ ႏွစ္ရက္နီးပါးရိွၿပီျဖစ္ၿပီး ဒီအခ်ိန္မွေတာ့ ေသြးဆိုးေသာညီဟာ သူမကို အႏိုင္ယူဖ်က္စီးၿပီးေလာက္ၿပီျဖစ္သည္။
"ကိုႀကီးေနာ္ မရဘူး လက္ထပ္ၿပီးမွပဲရမယ္"
"ေစ့စပ္ေတာ့မွာေတာင္ မရဘူးလား"
"မရဘူး"
သူေတာင္းဆိုခဲ့တိုင္း ႏွာေခါင္းေလးရႈံ႔ကာ ရွက္ႃပံုးေလးျဖင့္ျငင္းဆန္တတ္ေသာ ခ်ာတိတ္ကေရာ ခစားလက္ထဲမွာ ေပးအပ္လိုက္ရၿပီလား...
ဤသို႔ေတြးမိေလ အသည္းခိုက္ေအာင္ နာၾကည္းမိေလ...
"မာမီလည္း ကၽြန္ေတာ့္ကိုအၾကပ္ရိုက္ေအာင္မလုပ္နဲ႔ ကၽြန္ေတာ္ ဘယ္မိန္းမကိုမွစိတ္မဝင္စားဘူး"
"ဘယ္သူ႔ကိုမွလည္း စိတ္ဝင္စားလာမွာမဟုတ္သလို ဘယ္မိန္းမနဲ႔မွလည္း ညစာမစားခ်င္ဘူး ကၽြန္ေတာ့္ဘာသာေနပါရေစ"
"သူ႔ေၾကာင့္ တစ္စံုတစ္ေယာက္ ဘယ္ေလာက္ထိခံစားခဲ့ရလဲ ကၽြန္ေတာ္အသိဆံုး အဲ့လိုမ်က္ႏွာမ်ားၿပီး အသည္းမာတဲ့မိန္းမ.."
ညီ့ရဲ့စကားေတြကို ျပန္ၾကားလာသၫ့္အခါ ခဏေတာ့ၿငိမ္သြားမိကာ ထိုစကားေတြဟာ မိုးေျမကိုရည္စူးေနခဲ့မွန္း အခုမွသတိထားမိသြားခဲ့သည္။
မိုးေျမျပောခဲ့တုန္းကေတာ့ ထိုRelationshipမွာ သူမကပဲ တစ္ဖက္သတ္ခ်စ္ခဲ့ရသည္ဆိုကာ ခစားကေတာ့ Snookerကိုစြန႔္လႊတ္ပစ္မယ့္အထိ သူမကို အေတာ္ေလး ရူးရူးသြပ္သြပ္ျဖစ္ခဲ့တာမဟုတ္လား။
"သူနဲ႔ကၽြန္ေတာ္ဆိုတာ အရင္ကတည္းက 'မိုးေျမခစား'လို႔ တဲြလ်က္ရိွခဲ့တာ
မိုးေျမကခစားအပိုင္.."
"ငါျပန္လာခဲ့မယ္ Honey
ငါတို႔ႏွစ္ေယာက္ကို ဘယ္သူမွမခဲြႏိုင္မယ့္ေနရာကို ထြက္ေျပးၾကရေအာင္"
ဆိုသၫ့္ ေလဆိပ္မွာေရးေပးခဲ့ေသာ ညီ့ရဲ့လက္ေရးလွလွေတြႏွင့္ ယခုထြက္ေျပးသြားခဲ့ေသာျဖစ္ရပ္ဟာ တိုက္ဆိုင္မႈေတာ့မျဖစ္ႏိုင္..
"မင္း ဘာလိုခ်င္လဲ ငါ့ဆီေရာက္လာတာလဲ ခ်ာတိတ္ ခစားကို လက္စားေခ်ခ်င္လို႔လား ဒါမွမဟုတ္.."
ထိုေန့ရက္ေတြတုန္းက ခစားရဲ့ျခဴဆီမ,ကို Abortionကိစၥမေျပာခဲ့ဘဲ ကိုယ္ဝန္ဖ်က္ခ်ခိုင္းသလို ဖန္တီးခဲ့ေသာကိစၥကို ျပန္သတိရလိုက္၍ သူ ျပင္းစြာတုန္လႈပ္သြားမိသည္။
ဤသို႔ဆိုလ်ွင္ ထိုအခ်ိန္တုန္းက ခစားရဲ့ကိုယ္ဝန္ကိုလြယ္ထားခဲ့ေသာ ျခဴဆီမသည္...
"မိုးေျမ"
ရင္ထဲစူးခနဲျဖစ္သြားၿပီး ဦးေခါင္းကိုတူႏွင့္အထုခံလိုဂာ္ရသလို ထံုက်င္သြားခဲ့ကာ မိုးေျမဟာကိုယ္ဝန္ပ်က္က်ဖူးေၾကာင္း ဝန္ခံခဲ့ျခင္းကိုပါျပန္သတိရလိုက္သည္။
သူ႔မိသားစုဓာတ္ပံုကို ေသေသခ်ာခ်ာၾကၫ့္ၿပီးမွ ေခါင္းညိတ္ခဲ့ျခင္းရဲ့အေျဖဟာ သူဟာ မင္းရာဇျဖစ္ေနခဲ့ေသာေၾကာင့္ျဖစ္သည္။
တုန္လႈပ္သြားသၫ့္စိတ္အစဥ္ေၾကာင့္ ထိုင္ခံုမွာျပန္ထိုင္လိုက္ရရင္း အံကိုႀကိတ္ပစ္ကာ နားထင္ကိုဖိေထာက္ထားလိုက္ရသည္။
သူမဟာ ကိုယ့္ကိုတစ္ခ်ိန္လံုးမုန္းတီးေနခဲ့တာပဲ...
တကယ္ပဲ မင္း ရက္စက္တတ္လိုက္တာ
မင္း ဟန္ေဆာင္ေကာင္းလိုက္တာ ခ်ာတိတ္ရယ္...
💌💌💌💌💌💌
"ငါလည္းမေျပာတတ္ေတာ့ဘူးကြာ ဒီဘက္မွာေတာ့ အေတာ္ေလးဂယက္ထသြားတယ္ ကိုႀကီးရာဇကလည္း မင္းတို႔ကိုေျမလွန္ရွာေနတယ္"
"မင္းကလည္းေနာ္ မေျပာမဆိုနဲ႔"
"ငါမင္းတို႔ကိုတိုင္ပင္ရင္ မင္းတို႔လည္းႀကံရာပါျဖစ္မွာစိုးလို႔ပါ"
"ျဖစ္ေတာ့လည္းျဖစ္ေပါ့ သူငယ္ခ်င္းေတြၾကား ဒါေတြလိုေသးလို႔လား အခုမင္းတို႔ဘယ္မွာလဲ"
"ေဂၚရင္ဂ်ီကၽြန္းစုထဲက ကၽြန္းေလးတစ္ကၽြန္းပဲ"
"ကၽြန္းေပၚမွာေတာင္ အင္တာနက္လိုင္းရသလား မဆိုးဘူးပဲ မင္းဘာသံုးလို႔လဲ"
"အဲ့ေကာင္ UKေရာက္ကတည္းက ၿဂိဳဟ္တုဖုန္းဝယ္ထားတာဟ မင္းကလည္း ေစာက္ေရးမပါတာေတြေမးေနျပန္ၿပီ"
တိမ္တိုက္ရဲ့ဆဲဆိုသံေၾကာင့္ သူ တစ္ခ်က္ႃပံုးလိုက္မိကာ Laptopကိုေက်ာေပးလိုက္ၿပီး လိႈင္းအနည္းငယ္ထေနေသာ ေရျပင္က်ယ္ႀကီးကို လွမ္းၾကၫ့္မိသည္။
ဘာဆက္လုပ္ရမလဲဆိုတာမသိေတာ့သလို သူ UKထြက္သြားကာစက မိုးေျမဘာျဖစ္ခဲ့သလဲသိခ်င္မိကာ သူ မသိခဲ့ေသာျဖစ္ရပ္ေတြကို ဒီေကာင္ေတြကေတာ့ ေသခ်ာေပါက္သိေလာက္သည္။
ခဏအၾကာမွာေတာ့ သူ႔ရဲ့ႏႈတ္ဆိတ္ေနျခင္းကို ထိုေကာင္ေတြက သတိထားမိသြားၾကရင္း...
"မင္း ဘာျဖစ္ေနတာလဲ ခစား"
"သူ ဘာလို႔ ကိုကိုနဲ႔လက္ထပ္ခ်င္ခဲ့တာလဲ မင္းတို႔သိလား"
"ဒီအတိုင္းတဲြမိသြားလို႔ မဟုတ္ဘူးလား ငါသိသေလာက္ေတာ့ သူတို႔က ကုမၸဏီDinnerကတည္းက သိၾကတာတဲ့ ကိုမင္းရာဇက အဲ့ကတည္းက မိုးေျမကိုသေဘာက်ေနခဲ့တာ"
"အဲ့ဒါကိုေျပာတာမဟုတ္ဘူးကြာ ငါသိခ်င္တာက ငါUKေရာက္ေနတုန္း မင္းတို႔ေကာင္ေတြ မိုးေျမနဲ႔ပတ္သက္ၿပီး ငါ့ကို သတင္းအေမွာင္ခ်ခဲ့ၾကတာ မင္းတို႔ကိုယ္မင္းတို႔သိလား"
သူ တၫ့္တၫ့္ပဲေမးလိုက္သၫ့္အခါ Zoomျဖင့္လူစုထားရေသာ ထိုလူစုဟာ စကားတစ္ခြန္းမွထြက္မလာေတာ့ဘဲ ႏႈတ္ဆိတ္သြားၾက၏။
ထိုအခါမွ သူက Laptopဘက္ကို မ်က္ႏွာမူကာ ဝရံတာလက္ရန္းကို လက္ေနာက္ျပန္ကိုင္ထားရင္း တင္ပလဲြမွီထိုင္ကာ သူတို႔ေတြ၏မ်က္ႏွာေတြကို ေသခ်ာလိုက္ၾကၫ့္မိေတာ့သည္။
"ေျဖၾကေလ မင္းတို႔"
"Sorryကြာ အဲ့ဒါမိုးေျမက မင္းကိုဘာမျွပန္မေျပာဖို႔ ငါတို႔ကိုတားထားလို႔"
"ေအး.. တကယ္လို႔ မင္းဆီကို သူ႔အေၾကာင္းျပန္ေျပာရင္ သူ႔ဆီေနာက္ထပ္မလာနဲ႔ ဘာအကူအညီမွလည္းမေပးနဲ႔ဆိုၿပီး"
"ထားပါ အဲ့ဒါအတြက္ မင္းတို႔ကို ငါအျပစ္မေျပာပါဘူး ကိုကို သူ႔ကိုသိန္း၁၀၀ေပးလိုက္မွန္းငါသိတယ္ အဲ့ဒီေနာက္ပိုင္းမွာမွ ငါ သူနဲ႔ပတ္သက္ၿပီးဘာမွမသိရေတာ့တာ ပိုက္ဆံေပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး မိုးေျမ ဒီေလာက္ထိအႃငွိုးႀကီးေနစရာမလိုဘူး သူ႔အေၾကာင္းငါအသိဆံုးပဲ
တျခားကိစၥတစ္ခုခုရိွခဲ့တာမဟုတ္လား"
ရိွခဲ့မည္မွန္း သူသိေနခဲ့သလို သူ႔ေမးခြန္းအဆံုးမွာ အားလံုးကမ်က္ႏွာပ်က္သြားၾကၿပီး သူ႔ကိုေျပာဖို႔ ဝန္ေလးသြားၾကပံုရသည္။
သူ႔ကိုဖံုးကြယ္ထားသၫ့္ အေၾကာင္းအရာဟာ ဘာမ်ား ျဖစ္ေနမလဲ...
"မိုးေျမမွာ ကိုယ္ဝန္ရိွခဲ့တာ"
"ဘာ!"
သူ႔တစ္ကိုယ္လံုးေအးစက္သြားသလို တင္ပလဲြထိုင္ေနရာမွ ဆတ္ခနဲျဖစ္သြားမိကာ Laptopေရ႔ွကို ေရာက္သြားမိတာ လႊားခနဲ။
ဒီေလာက္အေရးႀကီးေသာကိစၥကို သူ ဘာေၾကာင့္မသိခဲ့တာလဲ...
မိုးေျမကေရာ ဘာလို႔မေျပာခဲ့တာလဲ...
"ကားaccidentျဖစ္လို႔လား မင္းအေဖတို႔လုပ္လိုက္သလားေတာ့ ေသခ်ာမသိဘူး အဲ့ဒီကိုယ္ဝန္က Abortionျဖစ္သြားတာ"
"ဘာကိုေသခ်ာမသိတာလဲ မင္းတို႔ဆရာဝန္ကို ေမးမၾကၫ့္ဘူးလား"
"ဆရာဝန္ကေတာ့ မင္းကလုပ္ခိုင္းတာလို႔ေျပာတယ္"
ေနာက္ထပ္ ထင္မွတ္မထားေသာ ေနေသြးရဲ့စကားေၾကာင့္ သူ ၾကက္ေသေသသြားမိသလို လံုးဝထင္မထားေသာအျဖစ္မို႔ ရင္ဘတ္ထဲမွ စူးေအာင့္နာက်င္လာခဲ့သည္။
ပထမအခ်ိဳးအေကြ့က ကိုယ္ဝန္တဲ့..
ဒုတိယအခ်ိဳးအေကြ့က ထိုကိုယ္ဝန္ကို သူကဖ်က္ခ်ခိုင္းသတဲ့...
သူက ဖ်က္ခ်ခိုင္းခဲ့တယ္ဆိုရေအာင္ မိုးေျမမွာ ကိုယ္ဝန္ရိွေနခဲ့မွန္းေတာင္ သူ မသိခဲ့သလို မိုးေျမကလည္းဘာမွမေျပာခဲ့ဘဲ...
"မင္းကိုဖံုးထားမိတာ ငါေတာင္းပန္ပါတယ္ ငါတို႔လည္း မင္းလုပ္တာလို႔မထင္ဘူး အဲ့ဒါေၾကာင့္မို႔ မိုးေျမကိုေဖ်ာင္းဖ်ေသးတယ္ သူကမင္းမလုပ္မွန္းသိေပမယ့္ မင္းကိုေျပာဖို႔လက္မခံတာ"
"သူ႔အေနနဲ႔ဆိုလည္း မင္းမိသားစုဘက္က ခါးခါးသီးသီးႀကီးျဖစ္ေနေတာ့ စိတ္နာစရာျဖစ္သြားတာေနမွာေပါ့ မင္း သူ႔အေပၚ တအားမၾကမ္းတမ္းပါနဲ႔ကြာ တကယ္တမ္း အဲ့ဒီတုန္းက မိုးေျမအေတာ္ေလးခံစားသြားရတာ"
"မင္းကိုမေျပာဖို႔ ကိုရာဇကလည္းႏႈတ္ပိတ္၊ မိုးေျမကလည္းႏႈတ္ပိတ္နဲ႔မို႔လို႔ ငါတို႔ပါးစပ္ပိတ္ထားခဲ့ၾကတာ ငါတို႔ကိုယ္တိုင္က မင္းကိုမေျပာရက္လို႔လည္းပါတယ္ ဒါေတြသာမင္းသိသြားရင္ မင္းအခုထက္ပိုၿပီး ေပါက္ကဲြသြားေၾကာင့္မို႔.. မင္းမေက်နပ္လို႔ ဆဲလည္း ခံရမွာပဲ"
အားလံုးဆီက ဝန္ခံစကားေတြအသီးသီးထြက္လာသၫ့္အခါ ဒီေကာင္ေတြဆဲဆိုဖို႔၊ က်ိန္ဆဲဖို႔ကိုလည္း အင္အားမရိွေတာ့သလို ခံစားရသည္။
သူမ ကိုယ့္ကိုမုန္းတီးေနခဲ့သၫ့္ အေၾကာင္းအရင္းေတြ၊ ကိုကို႔ကိုလက္ထပ္ခ်င္ခဲ့ေသာ အေၾကာင္းအရင္းေတြဟာ ခိုင္မာေနခဲ့ၿပီး ထိုအခ်ိန္ေတြတုန္းက သူမ ဘယ္ေလာက္ထိနာက်င္ခဲ့ရမလဲ မေတြးရဲေအာင္ပင္။
"ခစား မင္းဘယ္လိုခံစားရမလဲ ငါသိပါတယ္ ဒါေပမယ့္ မိုးေျမက မင္းကိုလက္ခံမွာမဟုတ္ဘူးေနာ္"
"အင္း"
"မင္းအစ္ကိုကလည္း မင္းကိုရွာေနတယ္ ရွာဆိုကြာ.. ေစ့စပ္ပဲြကိစၥကို အေတာ္မ်ားမ်ားက သိထားၾကေတာ့ နည္းနည္းေတာ့ေျပာစရာျဖစ္သြားတာကိုး ဘယ္လိုလုပ္မယ္စဥ္းစားထားလဲ"
သူ ဘာမျွပန္မေျပာႏိုင္ဘဲ ေခါင္းကိုသာ အသာေလးခါယမ္းျပရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။
ထို႔ေနာက္မွာေတာ့ ရုတ္တရက္ငိုခ်င္လာမိေသာေၾကာင့္ Laptopကိုပိတ္ပစ္ကာ ေဘာင္းဘီအိတ္ထဲလက္ႏိႈက္ရင္း သဲေသာင္ျပင္ေပၚကို ေျခဗလာႏွင့္ဆင္းလာခဲ့သည္။
"မိုးေျမမွာကိုယ္ဝန္ရိွခဲ့တာ"
"ကားaccidentျဖစ္လို႔လား မင္းအေဖတို႔လုပ္လိုက္သလားေတာ့ ေသခ်ာမသိဘူး အဲ့ဒီကိုယ္ဝန္က Abortionျဖစ္သြားတာ"
အသိစိတ္ကင္းလြတ္ေနသူလို သူ ေရစပ္အထိဆင္းလာခဲ့ၿပီး ဒူးေထာက္ထိုင္ခ်လိုက္သၫ့္အခါ ခါးေအာက္ပိုင္းတစ္ခုလံုး ေရေတြစိုသြားေလသည္။
သူ႔ကမ႓ာမွာေတာ့ မိုးၿပိဳေနခဲ့ၿပီျဖစ္ကာ အနီးနားရိွ ေရလႊာပါးပါးေလးကို လက္သီးႏွင့္ထိုးရင္း မဖိတ္ေခၚဘဲက်လာေသာမ်က္ရည္ေတျြဖင့္ စိတ္ရိွလက္ရိွေအာ္ခ်ပစ္လိုက္မိသည္။
"ဘာလို႔လဲ ဘာလို႔ငါ့က်မွ ဒါေတြအကုန္ စုျဖစ္ေနတာလဲ"
အာေခါင္ျခစ္ေအာ္ငိုမိရင္း ခန႔္ခန႔္ထည္ထည္မ်က္ႏွာတစ္ခုကို မ်က္လံုးထဲျပန္ျမင္ေယာင္ကာ နာၾကည္းစိတ္ျဖင့္ အံႀကိတ္ပစ္လိုက္မိသည္အထိ။
လုပ္ရက္တယ္ ဒက္ဒီ...
ခင္ဗ်ား တကယ္လုပ္ရက္တယ္...
ကၽြန္ေတာ္မမွားခဲ့တဲ့ အမွားကို ကၽြန္ေတာ္ပဲ ဒီေလာက္အထိေပးဆပ္ရတာကေတာ့ ဒက္ဒီကိုက လုပ္ရက္လြန္းတာပါ...
သူ႔မွာေရာ ဘာအျပစ္ရိွလို႔အဲ့ ေလာက္ထိလုပ္ရက္ရတာလဲ...
"ကၽြန္ေတာ္က သူနဲ႔ပဲ အတူေနခ်င္ခဲ့ရံုေလးပါ"
တီးတိုးေျပာမိရင္း ေခါင္းငံု႔ခ်လိုက္မိသၫ့္အခါ မ်က္ရည္ပူေတြသည္ ပါးေပၚကိုျဖတ္သန္းကာ ေရလႊာပါးပါးေလးထဲသို႔ ခုန္ဆင္းသြားခဲ့သည္။
ထိုေန့က ေနဝင္ခ်ိန္သည္ အက်ည္းတန္စြာျဖင့္ မလွပခဲ့ပါ...
💌💌💌💌💌💌
Part 55 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997