မိုးမြေခစား

By SummerMaung

569K 21.4K 827

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

47

6.4K 337 15
By SummerMaung

💌 Part - 47 💌
---------------

ချွင်!

ခစား၏ဖုန်းဆီမှ မက်ဆေ့ဝင်သံကြားလိုက်ရ၍ မိုးမြေမျက်လုံးက ဖုန်းဆီကိုအလိုလိုရောက်သွားကာ ဘေးမှာအိပ်နေသောသူ့ကိုတစ်ချက်ကြည့်မိသည်။
အမြဲလိုလိုချောမွေ့နေတတ်သော သူ့မျက်နှာဟာ တကူးတကပြုပြင်ထားတာမျိုးမရှိပါဘဲ အစက်အပျောက်မရှိအောင် ချောမွေ့နေသည်။
မိုးမြေ သဘောအကျဆုံးက ဗရုတ်သုတ်ခတွေပြောတတ်သော သူ့နှုတ်ခမ်းတွေဖြစ်ပြီး ထိုနှုတ်ခမ်းတွေဟာ ယောကျာ်းတန်မဲ့ နီမြန်းပါးလှပ်နေတတ်၏။
ထိုကလေးဆိုးကြီးအကြောင်း သေသေချာချာသိနေပြီမို့ သူဘယ်လိုပဲဆိုးနေနေ မိုးမြေ သူ့ကိုအရမ်းချစ်ပါသည်။

ချွင်!

နောက်ထပ်မက်ဆေ့သံကြားတော့ မိုးမြေ မနေနိုင်တော့ဘဲ ဖုန်းကိုလှမ်းယူကာခိုးဖွင့်ရင်း ဒါဟာခစားမသိအောင် ပထမဆုံးခိုးကြောင်ခိုးဝှက်လုပ်မိခြင်းမို့ ရင်တွေတုန်နေမိသည်။
သူ့ဖုန်းမှာ မိုးမြေရဲ့Fingerprintထည့်ထား၍ အလွယ်တကူဖွင့်လို့ရသွားပြီး မက်ဆေ့Notiလေးကို ဖွင့်ကြည့်လိုက်မိသည်။

"စနေနေ့ည ၈နာရီခွဲ လေယာဥ်ကွင်းဟောင်း"

"လေယာဥ်ကွင်းဟောင်း"

မိုးမြေရင်ထဲထိတ်ခနဲဖြစ်သွားကာ လေယာဥ်ကွင်းဟောင်းဆိုတာ မိုးမြေသိသောလေယာဥ်ကွင်းဟောင်းများဖြစ်နေမလား..
သူပြောဖူးသည့်အာဆီယံကွင်းဆိုတာက အရင်ကလေယာဥ်ကွင်းဟောင်းပဲမို့ ထိုနေရာသည် လေယာဥ်ကွင်းဟောင်းဖြစ်ဖြစ်၊ အာဆီယံကွင်းပဲဖြစ်ဖြစ် ကားပြိုင်မောင်းသောနေရာသာဖြစ်၏။
ဖုန်းကိုပြန်ချထားလိုက်ပြီး သူ့မျက်နှာကိုထပ်ငုံ့ကြည့်မိတော့ အသက်ရှူသံသဲ့သဲ့ဖြင့် အိပ်ပျော်နေဆဲ သူသည် ပကတိအပြစ်ကင်းစင်နေ၏။
ကားမပြိုင်ဖို့ပြောထားပါလျက်၊ မိုးမြေကိုလည်း ကတိပေးထားပါလျက် သူ ထပ်လုပ်မလို့လား…

မဟုတ်လောက်ပါဘူး
သူက ကတိတည်တတ်တဲ့လူမျိုးပါ…
သူ့သူငယ်ချင်းတစ်ယောက်ယောက်ကပဲ ပြိုင်မလို့နေမှာပါ…

💌💌💌💌💌💌

စနေနေ့ညသို့ရောက်သောအခါ လေတချွန်ချွန်ဖြင့် အေးအေးလူလူအဝတ်အစားလဲနေသော သူ့ကိုကြည့်ကာ ဘယ်ကစ,မေးရမလဲဟု သူမ အကြံထုတ်နေမိသည်။
သူဟာ စိတ်ဆတ်ဒေါသကြီးသူမို့ သူ မလုပ်သည့်ကိစ္စတစ်ခုကို လုပ်သလားဟု သွားမေးမိလျှင်လည်း မိုးမြေကို စိတ်ဆိုးမှာအသေအချာ။
ထို့ကြောင့် ပါးစပ်ကထုတ်မမေးတော့ဘဲ သူ့နောက်က တိတ်တဆိတ်လိုက်သွားဖို့ကိုသာ ကြိတ်ဆုံးဖြတ်လိုက်၏။

"ကြာမှာလား ခစား"

"မကြာပါဘူး ၁၁နာရီလောက်ပြန်ရောက်မယ် နေရဲရဲ့လား ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မလား"

ဟု မှင်သေစွာမေးနေသေး၍ သူဟာ အလွန်ဟန်ဆောင်ကောင်းသူလား၊ ဒါမှမဟုတ် တကယ်ပဲ ကားပြိုင်ပွဲမဟုတ်ဘူးလား…
မိုးမြေမှာသာ အတွေးတွေများနေပေမယ့် သူက သားရေဂျာကင်ကိုထပ်ဝတ်ကာ နာရီပတ်နေရာမှ မိုးမြေနားအထိလျှောက်လာပြီး ပါးတစ်ဖက်ကိုငုံ့နမ်းသည်။

"မေးနေတာကိုကွာ"

"မလိုက်တော့ဘူး ငါ စာလုပ်ဦးမယ် စာမေးပွဲကသိပ်မလိုတော့ဘူး Level 3ကပိုမြင့်တယ်"

"အင်းပါ စားချင်တာရှိလာရင် ဖုန်းဆက်လိုက်နော် အပြန်ကျဝယ်ခဲ့ပေးမယ် Aww.. Graveမှာလည်း ကျူသွားထိုးမနေနဲ့ဦး"

"အင်းပါ"

"သွားပြီ"

သူက အပြင်သွားခါနီး နှုတ်ဆက်နေကျအတိုင်း မိုးမြေနဖူးလေးကိုထပ်နမ်းကာ ကားသော့ကိုယူပြီး အခန်းထဲကထွက်သွားလေ၏။
ထိုအခါမှ မိုးမြေသည် အိပ်ခန်းထဲအပြေးဝင်ကာ အဝတ်အစားလဲပြီး ဖုန်းနှင့်ပိုက်ဆံအိတ်ကို အိတ်ထဲသို့ထည့်ကာ အိတ်ကိုစလွယ်သိုင်းပြီး အခန်းထဲကထွက်လာခဲ့သည်။
ကားပါကင်ကိုရောက်တော့ ခစားရဲ့ကား မရှိတော့ပြီမို့ လမ်းမပေါ်အပြေးတက်ကာ Taxiတစ်စီးငှားလိုက်ပြီး လေယာဥ်ကွင်းဟောင်းသို့ ဦးတည်လိုက်သည်။

ကားပြိုင်မောင်းသည့်ကိစ္စကို မိုးမြေဘယ်လိုမှသဘောမကျဘဲ သူ ထိခိုက်မှာကိုလည်း စိုးရိမ်မိသောကြောင့် တားဆီးခဲ့သည်။
မပြိုင်တော့ပါဘူးဆိုသည့် ကတိစကားပေးထားပါလျက် ထိုကတိကိုဖောက်ဖျက်သွားသလားဟု သိချင်မိကာ အကယ်၍ဖောက်ဖျက်ခဲ့လျှင်တော့ ခစားကိုစိတ်ဆိုးပစ်ဦးမည်။

လေယာဥ်ကွင်းဟောင်းကိုရောက်တော့ မိုးမြေတို့အရွယ် ယောကျာ်းလေး၊ မိန်းကလေးအတော်များများကိုတွေ့ရပြီး ကားအကောင်းစားတွေကိုလည်း တစ်စုတစ်စည်းတည်းတွေ့လိုက်ရ၏။
လူ့မလိုင်သားသမီးတွေ၏ အပျော်တမ်းငွေဖြုန်းသောနေရာမို့ မိုးမြေနှင့်အလှမ်းကွာဝေးပြီး ဒီနေရာမှာ ခစားကိုဘယ်နေရာမှာရှာရမလဲမသိ။

"ပြိုင်တော့မယ်ထင်တယ်"

"လောင်းရောလောင်းပြီးပြီလား ဒီတစ်ခါကြေးကြီးတယ်နော် စိန်ခေါ်ပွဲဆိုတော့"

"အေး.. ဒီလိုပွဲက မဖြစ်တာကြာပြီ"

စကားတပြောပြောဖြင့် ကောင်လေးနှစ်ယောက်က တစ်နေရာသို့ဦးတည်နေကြ၍ ထိုကောင်လေးတွေနောက်မှ မသိမသာဖြင့်လိုက်လာခဲ့ကာ ကားသံတွေဆူညံနေသော ထိုဝင်းကြီးကိုလည်း ကြောက်လာမိသလိုပင်။
သူဟာ မိုးမြေမရောက်ဖူးသော ဒီအသိုင်းအဝိုင်းမှာ အသားတကျ ကျင်လည်နေခဲ့သူမဟုတ်လား…

"ပြိုင်ပွဲစည်းကမ်းကတော့ ရိုးရှင်းပါတယ် အရင်ဆုံးပန်းဝင်တဲ့ကားက အနိုင်"

ခပ်ဟော့ဟော့ဝတ်ထားသော အမျိုးသမီးတစ်ကောင်က အနီရောင်အလံလေးကိုင်ကာ အားလုံးကိုအော်ပြောနေ၍ မိုးမြေအကြည့်တွေ ထိုနေရာကိုရောက်သွား၏။
ထိုအခါမှ ခစားကို သူမလှမ်းတွေ့လိုက်ရကာ သူက သူ၏Audiကားလေးကိုမှီကာ စီးကရက်သောက်နေပြီး ဘေးမှာတော့ ဖိုးချမ်းနှင့်တိမ်တိုက်က တီးတိုးစကားပြောနေကြသည်။
ကြည့်စမ်း…
သူတို့တွေဟာ မိုးမြေကိုဝိုင်းလိမ်ထားကြတာပဲ…

"မင်းစိတ်ကြိုက် လီဗာကုန်ဖွင့်လို့ရတယ်နော် ခစား.. တစ်ခုပဲ အကွေ့မှာ ဘရိတ်ကိုတအားနင်းမပစ်နဲ့ မင်းဟန်ချက်ပျက်သွားလိမ့်မယ်"

ဖိုးချမ်းမှာနေသည်ကို သူက ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေရင်း ဦးထုတ်တစ်လုံးကိုစွပ်ချပြီး လက်အိတ်တွေပါစွပ်နေ၏။
ဇာတ်ကားထဲတွေမှာသာ မြင်ဖူးခဲ့သော ကားပြိုင်ပွဲထဲကလူတစ်ယောက်လို သူ့ပုံစံက တက်ကြွနေကာ ကားပေါ်တက်ထိုင်ပြီး တစ်ပတ် ပတ်ကာ Startဆိုသည့်နေရာမှာရပ်လိုက်သည်။
သူ့ကားဘေးမှာတော့ ကားတစ်စီးရှိနေကာ ထိုကားနှစ်စီးသည် တာအထွက်ကိုစောင့်နေသောမြင်းတွေလို…

ဒိုင်းး!!

သေနဝာ်သံကြားလိုက်သည်နှင့် ဆောင့်ထွက်သွားသော ထိုကားနှစ်စီးနှင့်အတူ ဟေးခနဲအော်သံတွေကြားမှာ မိုးမြေ ချွေးတွေစို့လာမိသလိုပင်။
ကားနှစ်စီးလုံးသည် ချက်ချင်းလိုလို မြင်ကွင်းမှပျောက်သွားသောကြောင့် ဘယ်လောက်အထိ အရှိန်ပြင်းလိုက်မလဲ…
ထိုကားတွေထွက်သွားရာဆီကိုပဲ တောင့်တောင့်လေးရပ်ရင်းငေးနေမိချိန်…

"မိုးမြေ"

ဆိုသည့် အလန့်တကြားခေါ်သံကြောင့် သူမ လှည့်ကြည့်မိတော့ မိုးမြေကို ပြူးပြူးပြဲပြဲကြည့်နေကြသော ဖိုးချမ်းနှင့်တိမ်တိုက်…

💌💌💌💌💌💌

တဖြည်းဖြည်းနှင့် အရှိန်တင်လိုက်သည့်အခါ ကားသည် လေးညှို့မှထွက်လာသော မြားတစ်စင်းလို။
ဘေးချင်းယှဥ်လာသော ကားကို တစ်ချက်သာငဲ့ကြည့်ရင်း ဘရိတ်ကို မသိမသာဖိနင်းပေးလိုက်တော့ တစ်ဖက်ကားသည် ရှေ့သို့အနည်းငယ်ရောက်သွားလေသည်။
မှန်ချထားသောကြောင့် တစ်ဖက်လူ၏အပြုံးကို မြင်ဖြစ်အောင်မြင်လိုက်ကာ သူကတော့ ပုံမှန်အရှိန်ဖြင့် မှေးလိုက်လာခဲ့သည်။

"အချိုးအကွေ့ဆိုတာက အန္တရာယ်အများဆုံးပဲ ငါ့မြေး"

အဘိုးရဲ့စကားကို နားထဲပြန်ကြားလာခဲ့တော့ အချိုးအကွေ့ဆိုသော စကားလုံးကို သူနားမလည်ခဲ့၍ ဘာကြီးလဲဟု ပြန်မေးခဲ့ဖူးသည်။
နားလည်လာတော့မှ ဘဝရဲ့အချိုးအကွေ့ဟာ ကားပြိုင်ပွဲ သို့မဟုတ် Snookerကစားပွဲတစ်ခုဟု တင်စားခဲ့၍ ထိုအချိန်တုန်းက အဘိုး ရယ်ခဲ့သေးသည်။
အချိုးအကွေ့တိုင်းဟာ အန္တရာယ်များခဲ့သလို ထိုအချိုးအကွေ့တွေမှာ သူတစ်ယောက်တည်းရင်ဆိုင်ရခဲ့ပြီး သေမဝာဝာ်ကြောက်လန့်ခဲ့ဖူးသည်။

"မင်းက ငါ့သားမဟုတ်ဘူး"

ဆိုသည့် ပထမအချိုးအကွေ့…
ထို့နောက် သူ ဘရိတ်မနိုင်တော့၍ ပစ်စလက်ခတ်ကားမှောက်ခဲ့ဖူးသော ဒုတိယအချိုးအကွေ့…
အခုလက်ရှိမှာတော့ ပြေးလမ်း၏နောက်ထပ် ၅ကီလိုမီတာအကွာမှာ ရောက်လာတော့မည့် တတိယအချိုးအကွေ့…

"တကယ်တမ်း အကွေ့ဆိုတာက ထင်သလောက် ကြောက်စရာမကောင်းဘူးငါ့မြေးရဲ့ အဲ့ဒီအကွေ့ဟာ အောင်မြင်မှုရဲ့ရှေ့မှာ စမ်းသပ်ချက်တစ်ခုအဖြစ် အမြဲရှိနေတတ်တာ
အကွေ့တစ်ခုစီရဲ့နောက်ကွယ်မှာ အောင်မြင်မှုတစ်ခုစီရှိကြတယ် ကိုယ်ကကျော်ဖြတ်နိုင်ဖို့ပဲလိုတာ"

"ဒါဆို ဘယ်လိုဖြတ်ကျော်ရမလဲ ဘိုးဘိုး"

"ထိပ်တိုက်ရင်ဆိုင်လိုက်"

သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း လီဗာကိုဖိနင်းပစ်ကာ ထိုအကွေ့ဆီကို တည့်တည့်ကြီးရင်ဆိုင်ပစ်လိုက်တော့ တစ်ဖက်ကကားသည် အကွေ့မှာအနည်းငယ်တုံ့နှေးသွား၏။
ပုံမှန်ဆို အကွေ့တစ်ခုကိုရောက်လာလျှင် အရှိန်လျှော့ကြတာ ထုံးစံဖြစ်ပေမယ့် သူကတော့ အကွေ့တိုင်းကို အရှိန်ပြင်းပြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်လေ့ရှိသူ…

💌💌💌💌💌💌

"ဘာလို့အရှိန်မလျှော့တာလဲ"

မိုးမြေရင်တုန်လှပြီမို့ မနေနိုင်တော့ဘဲ ထိုင်ရာမှထကာ မေးမိသည့်အခါ အားလုံးကလည်း LED boardကိုကြည့်ကာ ရင်တမမဖြစ်နေကြ၏။
ပြိုင်နေသောကားနှစ်စီးမှာ ကင်မရာလေးတွေပါသလို တစ်လမ်းလုံးကိုမြင်နေရကာ လမ်းကြောင်းပြမြေပုံကိုလည်း LEDဖြင့်ဖွင့်ပေးထား၍ ဘယ်နေရာရောက်နေပြီလဲဟု မြင်နေရသည်။
ခစားသည် ရှေ့မှာအန္တရာယ်ကွေ့ဖြစ်ကြောင်း ဆိုင်းပုဒ်ထောင်ပေးထားပါလျက် အရှိန်ကိုမလျှော့သည့်အပြင် နောက်ထပ်Speedတင်လိုက်သေးသည့်အခါ မိုးမြေမျက်ရည်တွေဝဲလာမိတော့၏။

"သူ့ဆီဖုန်းဆက်ပေးပါ အရှိန်လျှော့ဖို့"

"မရဘူး အခုနေဖုန်းဆက်ရင် ပိုအန္တရာယ်များတယ် မိုးမြေ.. မင်းစိတ်ကိုငြိမ်ငြိမ်ထား.. ခစားက ကားမောင်းကျွမ်းတာ မင်းလည်းသိပါတယ်"

"ဒါပေမယ့်.."

"ရှူး!.. ဘာမှမဖြစ်ဘူးငါ့ညီမ.. ခစားရဲ့ကားက ထောင့်ကိုတိုက်ပြီးမှ ကျင်းဝင်မယ့် Ballလိုမြင်နေလိုက် သူ ဒီထောင့်ကိုကျော်ဖြတ်မှ ကျင်းဝင်မှာ"

တိမ်တိုက်၏နှစ်သိမ့်စကားကြောင့် မိုးမြေ ခဏငြိမ်သွားမိကာ အေးစက်နေသောလက်ဖျားတွေကိုသာ အထပ်ထပ်ဆုပ်ချေမိရင်း ပြန်ထိုင်လိုက်ရသည်။
ကျေးဇူးပြုပြီး…
ကျေးဇူးပြုပြီး ဒီထောင့်ကို သူ အန္တရာယ်ကင်းကင်းကျော်ဖြတ်နိုင်ပါစေ…

💌💌💌💌💌💌

ဘုတ်အဝါရောင်ပေါ်မှာ အနက်ရောင်မျှားပြထားသော ရောင်ပြန်ဆိုင်းပုဒ်တွေအနားအထိ ရောက်သွားသည့်အခါမှ စတီယာရင်ကိုဆွဲလှည့်ပစ်လိုက်ကာ ဆိုင်းပုဒ်တွေအနောက်ကို တစ်ချက်ကြည့်မိသေး၏။
ခပ်မြင့်မြင့်တောင်ကုန်းတစ်ခုမို့ မတော်တဆ ထိုးကျသွားရင်တော့ တကယ်မလွယ်ချေ။

အကွေ့ကိုကျော်ကာ လမ်းကြောင်းပေါ်ပြန်ရောက်လာသည့်အခါ မြေပုံကိုတစ်ချက်လှမ်းကြည့်မိတော့ လမ်းသည် အဖြောင့်အတိုင်းသာကျန်တော့သည်။
ထို့ကြောင့် လီဗာကို တဆုံးအထိဖိနင်းပစ်လိုက်ပြီး ကားကိုလွှတ်ပေးလိုက်တော့ သူ့ကားလေးသည် သေနဝာ်ထဲကထွက်လာသည့် ကျည်ဖူးလို အရှိန်နှင့်ပြေးထွက်လာ၏။
သူသည် အကွေ့တွေမှာ ပြိုင်ဘက်ကိုအမြဲဖြုတ်ချနိုင်ခဲ့သူမို့ သူ့ကားအနောက်မှာ ဘာမှပါမလာတော့ဘဲ ခဏအကြာမှာတော့ Startဆိုသည့်နေရာကို ပြန်ရောက်လာခဲ့သည်။

"Yeah! မင်းခစားကွ"

အော်သံတွေနှင့်အတူ သူကားပေါ်ကဆင်းလိုက်တော့ သူ့အနားဝိုင်းအုံလာသည့်လူတွေကြောင့် အားလုံးကိုလက်ပြနှုတ်ဆက်ရင်း အခုမှထိုးဆိုက်လာသော ကားလေးကို လှည့်ကြည့်လိုက်သည်။
ထိုကားပေါ်ကလူကတော့ ဦးထုတ်ကိုဆွဲချွတ်ရင်း သူ့ကိုမကျေနပ်သလိုကြည့်ပေမယ့် လက်ကမ်းပေးတာမို့ သူကလည်း လက်ဆွဲနှုတ်ဆက်လိုက်၏။
အားကစားစိတ်ဓာတ်ဆိုတာ ဒါပဲမို့…

"နာမည်ကြီးထားတဲ့အတိုင်းပဲ မင်းတကယ်တော်ပါတယ်"

"ချီးကျူးစကားတွေ ငါစိတ်မဝင်စားဘူး ငါ့လောင်းကြေးဘယ်မှာလဲ"

သူ လက်ဖြန့်ပြလိုက်တော့ ထိုလူ့ရဲ့ဘေးကိုရောက်လာသည့်လူတွေထဲမှ ကောင်လေးတစ်ယောက်က စာချုပ်တစ်ထပ်ကို လက်ထဲထည့်ပေး၏။
ထိုလူ့ရှေ့မှာပင် စာချုပ်တွေကို တစ်ရွက်ချင်းစစ်ဆေးမိကာ ကျေနပ်သွားမှခေါင်းညိတ်ပြလိုက်ကာ ဒီဘက်ကိုပြန်လှည့်မိတော့ သူ့ကိုစူးစူးရဲရဲကြည့်နေသော…

"Candy"

သူမဘေးမှာတော့ ဖိုးချမ်းရော၊ တိမ်တိုက်ပါရှိနေကာ မသိမသာခေါင်းခါပြနေကြ၍ ခေါင်းကြီး ကြီးသွားသလိုခံစားလိုက်ရသည်။
ကားပြိုင်မမောင်းဖို့ အတန်တန်တားထားပါလျက် သူ ချိုးဖောက်ခဲ့မိသလို ဤဖြစ်စဥ်ကို သူမနှင့်ပက်ပင်းကြီးတိုးသွားပြီမို့ သူ့မှာစကားမရှိတော့ချေ။
သူမကလည်း စူးစူးကြီးရပ်ကြည့်နေပြီးမှ ချာခနဲ လှည့်ထွက်သွားသောကြောင့် သူ မိုးမြေအနောက်ကို အသည်းအသန်ပြေးလိုက်လာခဲ့သည်။

"မိုးမြေ"

လူအုပ်ကြီးထဲတိုးဝှေ့နေရ၍ ထင်သလောက်လည်း ခရီးမပေါက်သလို သူ့ခေါ်သံကိုကြားပါလျက် သူမက လှည့်မကြည့်ဘဲ အတင်းပြေးနေ၏။
အနောက်မှမြင်နေရသည့် ကျောပြင်လေးနှင့်အတူ မျက်ရည်သုတ်လိုက်သော အမူအယာမျိုးကြောင့် ရင်ထဲပူလောင်သွားမိချိန် သူမဆီသို့ တည့်တည့်ပြေးဝင်လာသော ကားတစ်စင်း…

"ဟာ! ပြေးလမ်းပေါ်မတက်နဲ့"

"ဟိတ် ဟိုကောင်မလေး!"

"မိုးမြေ"

တားဆီးသံတွေနောက်မှာ ဒုန်းခနဲအသံနှင့်အတူ ခပ်ဝေးဝေးသို့လွင့်စင်သွားသော ခန္ဓာကိုယ်လေးကြောင့် သူ့ကမ္ဘာကြီးရပ်တံ့သွားသလို ခံစားလိုက်ရသည်။
နေရာမှာပဲခြေစုံရပ်လိုက်မိရင်း ပတ်ဝန်းကျင်က အသံတွေသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ကာ အမြင်အာရုံတွေလည်း အမှောင်ကျသွားသည့်အတိုင်း…

သူမ..
သူ့ကိုရှောင်ပြေးရင်း ပြိုင်ကားလမ်းပေါ်​ရောက်သွားတာပဲ…

"Candy"

သူ ရင်ပွင့်မတတ်အော်ပစ်လိုက်မိရင်း ခွေခွေလေးငြိမ်သက်နေသော သူမအနားဆီသို့ပြေးလာခဲ့ကာ ဘေးနားမှာရပ်နေသူတွေကို တွန်းဖယ်ပစ်ရင်း ပျော့ခွေနေသောကိုယ်လေးကို ကောက်ပွေ့လိုက်မိသည်။
ရုတ်တရက် ထူပူသွားစိတ်ဖြင့် ဘာလုပ်ရမှန်းမသိဘဲ သူမကိုပါးလေးကိုပွတ်သပ်ရင်း ရင်ဘတ်ထဲ ပြင်းစွာနာကျင်လာမိသလို မျက်ရည်တွေလည်း ပါးပေါ်သို့စီးကျလာခဲ့သည်။

သူမကျောဘက်မှာ သွေးတွေစိမ့်ထွက်နေပြီဖြစ်ကာ ထိုသွေးတွေကိုမြင်လိုက်ရသည်နှင့် ရင်ဝကိုဓားနှင့်အထိုးခံလိုက်ရသလို အောင့်မျက်နာကျင်သွားခဲ့၏။
သွေးရူးသွေးတန်းဖြင့် ပါးလေးတွေကို ခပ်ဆတ်ဆတ်ပုတ်လိုက်ပေမယ့် သူမမျက်လုံးတွေ ပွင့်မလာခဲ့…

"Baby ထပါဦး"

"......"

"မင်းဘာဖြစ်သွားတာလဲ ထစမ်းပါ ငါ့ကိုရန်တွေ့စမ်းပါ"

သူ အရူးတစ်ယောက်လို အသံကုန်အော်ပစ်ရင်း ယူကျုံးမရစွာငိုချလိုက်မိသည်။
ဒါကို သွေးရူးသွေးတန်းဖြစ်တယ်လို့ခေါ်ရမလား..
အဲ့ဒီကားကို မင်းမမြင်ဘူးလား Babyရယ်…
ထစမ်းပါ.. ငါ့ကိုဆဲဆိုပြီး ငါ့ကိုလုပ်သဝာ်ဦးလေ…
သူမမျက်နှာလေးကို ငုံ့ကြည့်မိလိုက်၊ ယောကျာ်းတန်မဲ့အော်ငိုမိလိုက်ဖြင့် သူတစ်ယောက်တည်း ကမ္ဘာပျက်နေတုန်း…

"ဟေ့ကောင် ဆေးရုံသွားရမယ် တက်"

တိမ်တိုက်အသံကြားလိုက်မှ ဆေးရုံပို့ဖို့သတိရကာ သူမကိုယ်လေးကိုပွေ့ယူကာ တိမ်တိုက်ရဲ့ကားပေါ်တက်ထိုင်လိုက်ရင်း သူမမျက်နှာလေးကိုငုံ့ကြည့်မိသည်။
သူ့လက်မှာလည်း မိုးမြေရဲ့သွေးတွေစွန်းပေနေပြီဖြစ်ကာ သူမကတော့ ရင်ခွင်ထဲမျက်နှာလေး ဖေးကပ်နေရင်း မလှုပ်မယှက်…

"ဘာမှမဖြစ်လောက်ပါဘူး ခစားရာ"

"မင်းသာ မြန်မြန်မောင်းစမ်းပါ"

"ဘာမှမဖြစ်ပါနဲ့ Honeyရယ်… ငါတောင်းပန်ပါတယ် တကယ် ဘာမှမဖြစ်ပါနဲ့ကွာ"

မျက်လုံးဖွင့်ကြည့်ပါဦး ကောင်မလေးရယ်..
ငါတကယ်တောင်းပန်ပါတယ်
မင်းကိုပြန်ရဖို့ ငါ့အသက်ကိုပေးဆိုရင်တောင် ငါပေးဝံ့ပါတယ်
မင်းပဲဘာမှမဖြစ်ပါနဲ့…
ငါ့ကိုမထားခဲ့ပါနဲ့ Candyရယ်
ကျေးဇူးပြုပြီး……

💌💌💌💌💌💌

Part 48 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

  
💌 Part - 47 💌
---------------

ခၽြင္!

ခစား၏ဖုန္းဆီမွ မက္ေဆ့ဝင္သံၾကားလိုက္ရ၍ မိုးေျမမ်က္လံုးက ဖုန္းဆီကိုအလိုလိုေရာက္သြားကာ ေဘးမွာအိပ္ေနေသာသူ႔ကိုတစ္ခ်က္ၾကၫ့္မိသည္။
အၿမဲလိုလိုေခ်ာေမြ့ေနတတ္ေသာ သူ႔မ်က္ႏွာဟာ တကူးတကျပဳျပင္ထားတာမ်ိဳးမရိွပါဘဲ အစက္အေပ်ာက္မရိွေအာင္ ေခ်ာေမြ့ေနသည္။
မိုးေျမ သေဘာအက်ဆံုးက ဗရုတ္သုတ္ခေတြေျပာတတ္ေသာ သူ႔ႏႈတ္ခမ္းေတျြဖစ္ၿပီး ထိုႏႈတ္ခမ္းေတြဟာ ေယာက်ာ္းတန္မဲ့ နီျမန္းပါးလွပ္ေနတတ္၏။
ထိုကေလးဆိုးႀကီးအေၾကာင္း ေသေသခ်ာခ်ာသိေနၿပီမို႔ သူဘယ္လိုပဲဆိုးေနေန မိုးေျမ သူ႔ကိုအရမ္းခ်စ္ပါသည္။

ခၽြင္!

ေနာက္ထပ္မက္ေဆ့သံၾကားေတာ့ မိုးေျမ မေနႏိုင္ေတာ့ဘဲ ဖုန္းကိုလွမ္းယူကာခိုးဖြင့္ရင္း ဒါဟာခစားမသိေအာင္ ပထမဆံုးခိုးေၾကာင္ခိုးဝွက္လုပ္မိျခင္းမို႔ ရင္ေတြတုန္ေနမိသည္။
သူ႔ဖုန္းမွာ မိုးေျမရဲ့Fingerprintထၫ့္ထား၍ အလြယ္တကူဖြင့္လို႔ရသြားၿပီး မက္ေဆ့Notiေလးကို ဖြင့္ၾကၫ့္လိုက္မိသည္။

"စေနေန့ည ၈နာရီခဲြ ေလယာဥ္ကြင္းေဟာင္း"

"ေလယာဥ္ကြင္းေဟာင္း"

မိုးေျမရင္ထဲထိတ္ခနဲျဖစ္သြားကာ ေလယာဥ္ကြင္းေဟာင္းဆိုတာ မိုးေျမသိေသာေလယာဥ္ကြင္းေဟာင္းမ်ားျဖစ္ေနမလား..
သူေျပာဖူးသၫ့္အာဆီယံကြင္းဆိုတာက အရင္ကေလယာဥ္ကြင္းေဟာင္းပဲမို႔ ထိုေနရာသည္ ေလယာဥ္ကြင္းေဟာင္းျဖစ္ျဖစ္၊ အာဆီယံကြင္းပဲျဖစ္ျဖစ္ ကားၿပိဳင္ေမာင္းေသာေနရာသာျဖစ္၏။
ဖုန္းကိုျပန္ခ်ထားလိုက္ၿပီး သူ႔မ်က္ႏွာကိုထပ္ငံု႔ၾကည့္မိေတာ့ အသက္ရႉသံသဲ့သဲ့ျဖင့္ အိပ္ေပ်ာ္ေနဆဲ သူသည္ ပကတိအျပစ္ကင္းစင္ေန၏။
ကားမၿပိဳင္ဖို႔ေျပာထားပါလ်က္၊ မိုးေျမကိုလည္း ကတိေပးထားပါလ်က္ သူ ထပ္လုပ္မလို႔လား…

မဟုတ္ေလာက္ပါဘူး
သူက ကတိတည္တတ္တဲ့လူမ်ိဳးပါ…
သူ႔သူငယ္ခ်င္းတစ္ေယာက္ေယာက္ကပဲ ၿပိဳင္မလို႔ေနမွာပါ…

💌💌💌💌💌💌

စေနေန့ညသို႔ေရာက္ေသာအခါ ေလတခၽြန္ခၽြန္ျဖင့္ ေအးေအးလူလူအဝတ္အစားလဲေနေသာ သူ႔ကိုၾကၫ့္ကာ ဘယ္ကစ,ေမးရမလဲဟု သူမ အႀကံထုတ္ေနမိသည္။
သူဟာ စိတ္ဆတ္ေဒါသႀကီးသူမို႔ သူ မလုပ္သၫ့္ကိစၥတစ္ခုကို လုပ္သလားဟု သြားေမးမိလ်ွင္လည္း မိုးေျမကို စိတ္ဆိုးမွာအေသအခ်ာ။
ထို႔ေၾကာင့္ ပါးစပ္ကထုတ္မေမးေတာ့ဘဲ သူ႔ေနာက္က တိတ္တဆိတ္လိုက္သြားဖို႔ကိုသာ ႀကိတ္ဆံုးျဖတ္လိုက္၏။

"ၾကာမွာလား ခစား"

"မၾကာပါဘူး ၁၁နာရီေလာက္ျပန္ေရာက္မယ္ ေနရဲရဲ့လား ဒါမွမဟုတ္ ငါနဲ႔လိုက္ခဲ့မလား"

ဟု မွင္ေသစြာေမးေနေသး၍ သူဟာ အလြန္ဟန္ေဆာင္ေကာင္းသူလား၊ ဒါမွမဟုတ္ တကယ္ပဲ ကားၿပိဳင္ပဲြမဟုတ္ဘူးလား…
မိုးေျမမွာသာ အေတြးေတြမ်ားေနေပမယ့္ သူက သားေရဂ်ာကင္ကိုထပ္ဝတ္ကာ နာရီပတ္ေနရာမွ မိုးေျမနားအထိေလ်ွာက္လာၿပီး ပါးတစ္ဖက္ကိုငံု႔နမ္းသည္။

"ေမးေနတာကိုကြာ"

"မလိုက္ေတာ့ဘူး ငါ စာလုပ္ဦးမယ္ စာေမးပဲြကသိပ္မလိုေတာ့ဘူး Level 3ကပိုျမင့္တယ္"

"အင္းပါ စားခ်င္တာရိွလာရင္ ဖုန္းဆက္လိုက္ေနာ္ အျပန္က်ဝယ္ခဲ့ေပးမယ္ Aww.. Graveမွာလည္း က်ူသြားထိုးမေနနဲ႔ဦး"

"အင္းပါ"

"သြားၿပီ"

သူက အျပင္သြားခါနီး ႏႈတ္ဆက္ေနက်အတိုင္း မိုးေျမနဖူးေလးကိုထပ္နမ္းကာ ကားေသာ့ကိုယူၿပီး အခန္းထဲကထြက္သြားေလ၏။
ထိုအခါမွ မိုးေျမသည္ အိပ္ခန္းထဲအေျပးဝင္ကာ အဝတ္အစားလဲၿပီး ဖုန္းႏွင့္ပိုက္ဆံအိတ္ကို အိတ္ထဲသို႔ထၫ့္ကာ အိတ္ကိုစလြယ္သိုင္းၿပီး အခန္းထဲကထြက္လာခဲ့သည္။
ကားပါကင္ကိုေရာက္ေတာ့ ခစားရဲ့ကား မရိွေတာ့ၿပီမို႔ လမ္းမေပၚအေျပးတက္ကာ Taxiတစ္စီးငွားလိုက္ၿပီး ေလယာဥ္ကြင္းေဟာင္းသို႔ ဦးတည္လိုက္သည္။

ကားၿပိဳင္ေမာင္းသၫ့္ကိစၥကို မိုးေျမဘယ္လိုမွသေဘာမက်ဘဲ သူ ထိခိုက္မွာကိုလည္း စိုးရိမ္မိေသာေၾကာင့္ တားဆီးခဲ့သည္။
မၿပိဳင္ေတာ့ပါဘူးဆိုသၫ့္ ကတိစကားေပးထားပါလ်က္ ထိုကတိကိုေဖာက္ဖ်က္သြားသလားဟု သိခ်င္မိကာ အကယ္၍ေဖာက္ဖ်က္ခဲ့လ်ွင္ေတာ့ ခစားကိုစိတ္ဆိုးပစ္ဦးမည္။

ေလယာဥ္ကြင္းေဟာင္းကိုေရာက္ေတာ့ မိုးေျမတို႔အရြယ္ ေယာက်ာ္းေလး၊ မိန္းကေလးအေတာ္မ်ားမ်ားကိုေတြ့ရၿပီး ကားအေကာင္းစားေတြကိုလည္း တစ္စုတစ္စည္းတည္းေတြ့လိုက္ရ၏။
လူ႔မလိုင္သားသမီးေတြ၏ အေပ်ာ္တမ္းေငျြဖဳန္းေသာေနရာမို႔ မိုးေျမႏွင့္အလွမ္းကြာေဝးၿပီး ဒီေနရာမွာ ခစားကိုဘယ္ေနရာမွာရွာရမလဲမသိ။

"ၿပိဳင္ေတာ့မယ္ထင္တယ္"

"ေလာင္းေရာေလာင္းၿပီးၿပီလား ဒီတစ္ခါေၾကးႀကီးတယ္ေနာ္ စိန္ေခၚပဲြဆိုေတာ့"

"ေအး.. ဒီလိုပဲြက မျဖစ္တာၾကာၿပီ"

စကားတေျပာေျပာျဖင့္ ေကာင္ေလးႏွစ္ေယာက္က တစ္ေနရာသို႔ဦးတည္ေနၾက၍ ထိုေကာင္ေလးေတြေနာက္မွ မသိမသာျဖင့္လိုက္လာခဲ့ကာ ကားသံေတြဆူညံေနေသာ ထိုဝင္းႀကီးကိုလည္း ေၾကာက္လာမိသလိုပင္။
သူဟာ မိုးေျမမေရာက္ဖူးေသာ ဒီအသိုင္းအဝိုင္းမွာ အသားတက် က်င္လည္ေနခဲ့သူမဟုတ္လား…

"ၿပိဳင္ပဲြစည္းကမ္းကေတာ့ ရိုးရွင္းပါတယ္ အရင္ဆံုးပန္းဝင္တဲ့ကားက အႏိုင္"

ခပ္ေဟာ့ေဟာ့ဝတ္ထားေသာ အမ်ိဳးသမီးတစ္ေကာင္က အနီေရာင္အလံေလးကိုင္ကာ အားလံုးကိုေအာ္ေျပာေန၍ မိုးေျမအၾကၫ့္ေတြ ထိုေနရာကိုေရာက္သြား၏။
ထိုအခါမွ ခစားကို သူမလွမ္းေတြ့လိုက္ရကာ သူက သူ၏Audiကားေလးကိုမွီကာ စီးကရက္ေသာက္ေနၿပီး ေဘးမွာေတာ့ ဖိုးခ်မ္းႏွင့္တိမ္တိုက္က တီးတိုးစကားေျပာေနၾကသည္။
ၾကၫ့္စမ္း…
သူတို႔ေတြဟာ မိုးေျမကိုဝိုင္းလိမ္ထားၾကတာပဲ…

"မင္းစိတ္ႀကိဳက္ လီဗာကုန္ဖြင့္လို႔ရတယ္ေနာ္ ခစား.. တစ္ခုပဲ အေကြ့မွာ ဘရိတ္ကိုတအားနင္းမပစ္နဲ႔ မင္းဟန္ခ်က္ပ်က္သြားလိမ့္မယ္"

ဖိုးခ်မ္းမွာေနသည္ကို သူက ေခါင္းတညိတ္ညိတ္ျဖင့္နားေထာင္ေနရင္း ဦးထုတ္တစ္လံုးကိုစြပ္ခ်ၿပီး လက္အိတ္ေတြပါစြပ္ေန၏။
ဇာတ္ကားထဲေတြမွာသာ ျမင္ဖူးခဲ့ေသာ ကားၿပိဳင္ပဲြထဲကလူတစ္ေယာက္လို သူ႔ပံုစံက တက္ႂကြေနကာ ကားေပၚတက္ထိုင္ၿပီး တစ္ပတ္ ပတ္ကာ Startဆိုသၫ့္ေနရာမွာရပ္လိုက္သည္။
သူ႔ကားေဘးမွာေတာ့ ကားတစ္စီးရိွေနကာ ထိုကားႏွစ္စီးသည္ တာအထြက္ကိုေစာင့္ေနေသာျမင္းေတြလို…

ဒိုင္းး!!

ေသနဝာ္သံၾကားလိုက္သည္ႏွင့္ ေဆာင့္ထြက္သြားေသာ ထိုကားႏွစ္စီးႏွင့္အတူ ေဟးခနဲေအာ္သံေတြၾကားမွာ မိုးေျမ ခၽြေးေတြစို႔လာမိသလိုပင္။
ကားႏွစ္စီးလံုးသည္ ခ်က္ခ်င္းလိုလို ျမင္ကြင္းမွေပ်ာက္သြားေသာေၾကာင့္ ဘယ္ေလာက္အထိ အရိွန္ျပင္းလိုက္မလဲ…
ထိုကားေတြထြက္သြားရာဆီကိုပဲ ေတာင့္ေတာင့္ေလးရပ္ရင္းေငးေနမိခ်ိန္…

"မိုးေျမ"

ဆိုသၫ့္ အလန႔္တၾကားေခၚသံေၾကာင့္ သူမ လွၫ့္ၾကၫ့္မိေတာ့ မိုးေျမကို ျပဴးျပဴးၿပဲျပဲၾကၫ့္ေနၾကေသာ ဖိုးခ်မ္းႏွင့္တိမ္တိုက္…

💌💌💌💌💌💌

တျဖည္းျဖည္းႏွင့္ အရိွန္တင္လိုက္သၫ့္အခါ ကားသည္ ေလးၫွို႔မွထြက္လာေသာ ျမားတစ္စင္းလို။
ေဘးခ်င္းယွဥ္လာေသာ ကားကို တစ္ခ်က္သာငဲ့ၾကၫ့္ရင္း ဘရိတ္ကို မသိမသာဖိနင္းေပးလိုက္ေတာ့ တစ္ဖက္ကားသည္ ေရ႔ွသို႔အနည္းငယ္ေရာက္သြားေလသည္။
မွန္ခ်ထားေသာေၾကာင့္ တစ္ဖက္လူ၏အႃပံုးကို ျမင္ျဖစ္ေအာင္ျမင္လိုက္ကာ သူကေတာ့ ပံုမွန္အရိွန္ျဖင့္ ေမွးလိုက္လာခဲ့သည္။

"အခ်ိဳးအေကြ့ဆိုတာက အႏၲရာယ္အမ်ားဆံုးပဲ ငါ့ေျမး"

အဘိုးရဲ့စကားကို နားထဲျပန္ၾကားလာခဲ့ေတာ့ အခ်ိဳးအေကြ့ဆိုေသာ စကားလံုးကို သူနားမလည္ခဲ့၍ ဘာႀကီးလဲဟု ျပန္ေမးခဲ့ဖူးသည္။
နားလည္လာေတာ့မွ ဘဝရဲ့အခ်ိဳးအေကြ့ဟာ ကားၿပိဳင္ပဲြ သို႔မဟုတ္ Snookerကစားပဲြတစ္ခုဟု တင္စားခဲ့၍ ထိုအခ်ိန္တုန္းက အဘိုး ရယ္ခဲ့ေသးသည္။
အခ်ိဳးအေကြ့တိုင္းဟာ အႏၲရာယ္မ်ားခဲ့သလို ထိုအခ်ိဳးအေကြ့ေတြမွာ သူတစ္ေယာက္တည္းရင္ဆိုင္ရခဲ့ၿပီး ေသမဝာဝာ္ေၾကာက္လန႔္ခဲ့ဖူးသည္။

"မင္းက ငါ့သားမဟုတ္ဘူး"

ဆိုသၫ့္ ပထမအခ်ိဳးအေကြ့…
ထို႔ေနာက္ သူ ဘရိတ္မႏိုင္ေတာ့၍ ပစ္စလက္ခတ္ကားေမွာက္ခဲ့ဖူးေသာ ဒုတိယအခ်ိဳးအေကြ့…
အခုလက္ရိွမွာေတာ့ ေျပးလမ္း၏ေနာက္ထပ္ ၅ကီလိုမီတာအကြာမွာ ေရာက္လာေတာ့မၫ့္ တတိယအခ်ိဳးအေကြ့…

"တကယ္တမ္း အေကြ့ဆိုတာက ထင္သေလာက္ ေၾကာက္စရာမေကာင္းဘူးငါ့ေျမးရဲ့ အဲ့ဒီအေကြ့ဟာ ေအာင္ျမင္မႈရဲ့ေရ႔ွမွာ စမ္းသပ္ခ်က္တစ္ခုအျဖစ္ အၿမဲရိွေနတတ္တာ
အေကြ့တစ္ခုစီရဲ့ေနာက္ကြယ္မွာ ေအာင္ျမင္မႈတစ္ခုစီရိွၾကတယ္ ကိုယ္ကေက်ာ္ျဖတ္ႏိုင္ဖို႔ပဲလိုတာ"

"ဒါဆို ဘယ္လိုျဖတ္ေက်ာ္ရမလဲ ဘိုးဘိုး"

"ထိပ္တိုက္ရင္ဆိုင္လိုက္"

သူ သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း လီဗာကိုဖိနင္းပစ္ကာ ထိုအေကြ့ဆီကို တၫ့္တၫ့္ႀကီးရင္ဆိုင္ပစ္လိုက္ေတာ့ တစ္ဖက္ကကားသည္ အေကြ့မွာအနည္းငယ္တံု႔ေနွးသြား၏။
ပံုမွန္ဆို အေကြ့တစ္ခုကိုေရာက္လာလ်ွင္ အရိွန္ေလ်ွာ့ၾကတာ ထံုးစံျဖစ္ေပမယ့္ သူကေတာ့ အေကြ့တိုင္းကို အရိွန္ျပင္းျပင္းျဖင့္ ထိပ္တိုက္ရင္ဆိုင္ေလ့ရိွသူ…

💌💌💌💌💌💌

"ဘာလို႔အရိွန္မေလ်ွာ့တာလဲ"

မိုးေျမရင္တုန္လွၿပီမို႔ မေနႏိုင္ေတာ့ဘဲ ထိုင္ရာမွထကာ ေမးမိသၫ့္အခါ အားလံုးကလည္း LED boardကိုၾကၫ့္ကာ ရင္တမမျဖစ္ေနၾက၏။
ၿပိဳင္ေနေသာကားႏွစ္စီးမွာ ကင္မရာေလးေတြပါသလို တစ္လမ္းလံုးကိုျမင္ေနရကာ လမ္းေၾကာင္းျပေျမပံုကိုလည္း LEDျဖင့္ဖြင့္ေပးထား၍ ဘယ္ေနရာေရာက္ေနၿပီလဲဟု ျမင္ေနရသည္။
ခစားသည္ ေရ႔ွမွာအႏၲရာယ္ေကြ့ျဖစ္ေၾကာင္း ဆိုင္းပုဒ္ေထာင္ေပးထားပါလ်က္ အရိွန္ကိုမေလ်ွာ့သည့္အျပင္ ေနာက္ထပ္Speedတင္လိုက္ေသးသၫ့္အခါ မိုးေျမမ်က္ရည္ေတြဝဲလာမိေတာ့၏။

"သူ႔ဆီဖုန္းဆက္ေပးပါ အရိွန္ေလ်ွာ့ဖို႔"

"မရဘူး အခုေနဖုန္းဆက္ရင္ ပိုအႏၲရာယ္မ်ားတယ္ မိုးေျမ.. မင္းစိတ္ကိုၿငိမ္ၿငိမ္ထား.. ခစားက ကားေမာင္းကၽြမ္းတာ မင္းလည္းသိပါတယ္"

"ဒါေပမယ့္.."

"ရႉး!.. ဘာမွမျဖစ္ဘူးငါ့ညီမ.. ခစားရဲ့ကားက ေထာင့္ကိုတိုက္ၿပီးမွ က်င္းဝင္မယ့္ Ballလိုျမင္ေနလိုက္ သူ ဒီေထာင့္ကိုေက်ာ္ျဖတ္မွ က်င္းဝင္မွာ"

တိမ္တိုက္၏ႏွစ္သိမ့္စကားေၾကာင့္ မိုးေျမ ခဏၿငိမ္သြားမိကာ ေအးစက္ေနေသာလက္ဖ်ားေတြကိုသာ အထပ္ထပ္ဆုပ္ေခ်မိရင္း ျပန္ထိုင္လိုက္ရသည္။
ေက်းဇူးျပဳျပီး…
ေက်းဇူးျပဳျပီး ဒီေထာင့္ကို သူ အႏၲရာယ္ကင္းကင္းေက်ာ္ျဖတ္ႏိုင္ပါေစ…

💌💌💌💌💌💌

ဘုတ္အဝါေရာင္ေပၚမွာ အနက္ေရာင္မ်ွားျပထားေသာ ေရာင္ျပန္ဆိုင္းပုဒ္ေတြအနားအထိ ေရာက္သြားသၫ့္အခါမွ စတီယာရင္ကိုဆဲြလွၫ့္ပစ္လိုက္ကာ ဆိုင္းပုဒ္ေတြအေနာက္ကို တစ္ခ်က္ၾကည့္မိေသး၏။
ခပ္ျမင့္ျမင့္ေတာင္ကုန္းတစ္ခုမို႔ မေတာ္တဆ ထိုးက်သြားရင္ေတာ့ တကယ္မလြယ္ေခ်။

အေကြ့ကိုေက်ာ္ကာ လမ္းေၾကာင္းေပၚျပန္ေရာက္လာသၫ့္အခါ ေျမပံုကိုတစ္ခ်က္လွမ္းၾကၫ့္မိေတာ့ လမ္းသည္ အေျဖာင့္အတိုင္းသာက်န္ေတာ့သည္။
ထို႔ေၾကာင့္ လီဗာကို တဆံုးအထိဖိနင္းပစ္လိုက္ၿပီး ကားကိုလႊတ္ေပးလိုက္ေတာ့ သူ႔ကားေလးသည္ ေသနဝာ္ထဲကထြက္လာသၫ့္ က်ည္ဖူးလို အရိွန္ႏွင့္ေျပးထြက္လာ၏။
သူသည္ အေကြ့ေတြမွာ ၿပိဳင္ဘက္ကိုအၿမဲျဖဳတ္ခ်ႏိုင္ခဲ့သူမို႔ သူ႔ကားအေနာက္မွာ ဘာမွပါမလာေတာ့ဘဲ ခဏအၾကာမွာေတာ့ Startဆိုသၫ့္ေနရာကို ျပန္ေရာက္လာခဲ့သည္။

"Yeah! မင္းခစားကြ"

ေအာ္သံေတြႏွင့္အတူ သူကားေပၚကဆင္းလိုက္ေတာ့ သူ႔အနားဝိုင္းအံုလာသည့္လူေတြေၾကာင့္ အားလံုးကိုလက္ျပႏႈတ္ဆက္ရင္း အခုမွထိုးဆိုက္လာေသာ ကားေလးကို လွၫ့္ၾကၫ့္လိုက္သည္။
ထိုကားေပၚကလူကေတာ့ ဦးထုတ္ကိုဆဲြခၽြတ္ရင္း သူ႔ကိုမေက်နပ္သလိုၾကၫ့္ေပမယ့္ လက္ကမ္းေပးတာမို႔ သူကလည္း လက္ဆဲြႏႈတ္ဆက္လိုက္၏။
အားကစားစိတ္ဓာတ္ဆိုတာ ဒါပဲမို႔…

"နာမည္ႀကီးထားတဲ့အတိုင္းပဲ မင္းတကယ္ေတာ္ပါတယ္"

"ခ်ီးက်ူးစကားေတြ ငါစိတ္မဝင္စားဘူး ငါ့ေလာင္းေၾကးဘယ္မွာလဲ"

သူ လက္ျဖန႔္ျပလိုက္ေတာ့ ထိုလူ႔ရဲ့ေဘးကိုေရာက္လာသည့္လူေတြထဲမွ ေကာင္ေလးတစ္ေယာက္က စာခ်ဳပ္တစ္ထပ္ကို လက္ထဲထၫ့္ေပး၏။
ထိုလူ႔ေရ႔ွမွာပင္ စာခ်ဳပ္ေတြကို တစ္ရြက္ခ်င္းစစ္ေဆးမိကာ ေက်နပ္သြားမွေခါင္းညိတ္ျပလိုက္ကာ ဒီဘက္ကိုျပန္လွၫ့္မိေတာ့ သူ႔ကိုစူးစူးရဲရဲၾကၫ့္ေနေသာ…

"Candy"

သူမေဘးမွာေတာ့ ဖိုးခ်မ္းေရာ၊ တိမ္တိုက္ပါရိွေနကာ မသိမသာေခါင္းခါျပေနၾက၍ ေခါင္းႀကီး ႀကီးသြားသလိုခံစားလိုက္ရသည္။
ကားၿပိဳင္မေမာင္းဖို႔ အတန္တန္တားထားပါလ်က္ သူ ခ်ိဳးေဖာက္ခဲ့မိသလို ဤျဖစ္စဥ္ကို သူမႏွင့္ပက္ပင္းႀကီးတိုးသြားၿပီမို႔ သူ႔မွာစကားမရိွေတာ့ေခ်။
သူမကလည္း စူးစူးႀကီးရပ္ၾကၫ့္ေနၿပီးမွ ခ်ာခနဲ လွည့္ထြက္သြားေသာေၾကာင့္ သူ မိုးေျမအေနာက္ကို အသည္းအသန္ေျပးလိုက္လာခဲ့သည္။

"မိုးေျမ"

လူအုပ္ႀကီးထဲတိုးေဝ႔ွေနရ၍ ထင္သေလာက္လည္း ခရီးမေပါက္သလို သူ႔ေခၚသံကိုၾကားပါလ်က္ သူမက လွၫ့္မၾကည့္ဘဲ အတင္းေျပးေန၏။
အေနာက္မျွမင္ေနရသၫ့္ ေက်ာျပင္ေလးႏွင့္အတူ မ်က္ရည္သုတ္လိုက္ေသာ အမူအယာမ်ိဳးေၾကာင့္ ရင္ထဲပူေလာင္သြားမိခ်ိန္ သူမဆီသို႔ တၫ့္တၫ့္ေျပးဝင္လာေသာ ကားတစ္စင္း…

"ဟာ! ေျပးလမ္းေပၚမတက္နဲ႔"

"ဟိတ္ ဟိုေကာင္မေလး!"

"မိုးေျမ"

တားဆီးသံေတြေနာက္မွာ ဒုန္းခနဲအသံႏွင့္အတူ ခပ္ေဝးေဝးသို႔လြင့္စင္သြားေသာ ခႏၶာကိုယ္ေလးေၾကာင့္ သူ႔ကမ႓ာႀကီးရပ္တံ့သြားသလို ခံစားလိုက္ရသည္။
ေနရာမွာပဲေျခစံုရပ္လိုက္မိရင္း ပတ္ဝန္းက်င္က အသံေတြသည္ ရုတ္တရက္ေပ်ာက္ဆံုးသြားခဲ့ကာ အျမင္အာရံုေတြလည္း အေမွာင္က်သြားသၫ့္အတိုင္း…

သူမ..
သူ႔ကိုေရွာင္ေျပးရင္း ၿပိဳင္ကားလမ္းေပၚ​ေရာက္သြားတာပဲ…

"Candy"

သူ ရင္ပြင့္မတတ္ေအာ္ပစ္လိုက္မိရင္း ေခြေခြေလးၿငိမ္သက္ေနေသာ သူမအနားဆီသို႔ေျပးလာခဲ့ကာ ေဘးနားမွာရပ္ေနသူေတြကို တြန္းဖယ္ပစ္ရင္း ေပ်ာ့ေခြေနေသာကိုယ္ေလးကို ေကာက္ေပြ့လိုက္မိသည္။
ရုတ္တရက္ ထူပူသြားစိတ္ျဖင့္ ဘာလုပ္ရမွန္းမသိဘဲ သူမကိုပါးေလးကိုပြတ္သပ္ရင္း ရင္ဘတ္ထဲ ျပင္းစြာနာက်င္လာမိသလို မ်က္ရည္ေတြလည္း ပါးေပၚသို႔စီးက်လာခဲ့သည္။

သူမေက်ာဘက္မွာ ေသြးေတြစိမ့္ထြက္ေနၿပီျဖစ္ကာ ထိုေသြးေတြကိုျမင္လိုက္ရသည္ႏွင့္ ရင္ဝကိုဓားႏွင့္အထိုးခံလိုက္ရသလို ေအာင့္မ်က္နာက်င္သြားခဲ့၏။
ေသြးရူးေသြးတန္းျဖင့္ ပါးေလးေတြကို ခပ္ဆတ္ဆတ္ပုတ္လိုက္ေပမယ့္ သူမမ်က္လံုးေတြ ပြင့္မလာခဲ့…

"Baby ထပါဦး"

"......"

"မင္းဘာျဖစ္သြားတာလဲ ထစမ္းပါ ငါ့ကိုရန္ေတြ့စမ္းပါ"

သူ အရူးတစ္ေယာက္လို အသံကုန္ေအာ္ပစ္ရင္း ယူက်ဳံးမရစြာငိုခ်လိုက္မိသည္။
ဒါကို ေသြးရူးေသြးတန္းျဖစ္တယ္လို႔ေခၚရမလား..
အဲ့ဒီကားကို မင္းမျမင္ဘူးလား Babyရယ္…
ထစမ္းပါ.. ငါ့ကိုဆဲဆိုၿပီး ငါ့ကိုလုပ္သဝာ္ဦးေလ…
သူမမ်က္ႏွာေလးကို ငံု႔ၾကၫ့္မိလိုက္၊ ေယာက်ာ္းတန္မဲ့ေအာ္ငိုမိလိုက္ျဖင့္ သူတစ္ေယာက္တည္း ကမ႓ာပ်က္ေနတုန္း…

"ေဟ့ေကာင္ ေဆးရံုသြားရမယ္ တက္"

တိမ္တိုက္အသံၾကားလိုက္မွ ေဆးရံုပို႔ဖို႔သတိရကာ သူမကိုယ္ေလးကိုေပြ့ယူကာ တိမ္တိုက္ရဲ့ကားေပၚတက္ထိုင္လိုက္ရင္း သူမမ်က္ႏွာေလးကိုငံု႔ၾကည့္မိသည္။
သူ႔လက္မွာလည္း မိုးေျမရဲ့ေသြးေတြစြန္းေပေနၿပီျဖစ္ကာ သူမကေတာ့ ရင္ခြင္ထဲမ်က္ႏွာေလး ေဖးကပ္ေနရင္း မလႈပ္မယွက္…

"ဘာမွမျဖစ္ေလာက္ပါဘူး ခစားရာ"

"မင္းသာ ျမန္ျမန္ေမာင္းစမ္းပါ"

"ဘာမွမျဖစ္ပါနဲ႔ Honeyရယ္… ငါေတာင္းပန္ပါတယ္ တကယ္ ဘာမွမျဖစ္ပါနဲ႔ကြာ"

မ်က္လံုးဖြင့္ၾကၫ့္ပါဦး ေကာင္မေလးရယ္..
ငါတကယ္ေတာင္းပန္ပါတယ္
မင္းကိုျပန္ရဖို႔ ငါ့အသက္ကိုေပးဆိုရင္ေတာင္ ငါေပးဝံ့ပါတယ္
မင္းပဲဘာမွမျဖစ္ပါနဲ႔…
ငါ့ကိုမထားခဲ့ပါနဲ႔ Candyရယ္
ေက်းဇူးျပဳျပီး……

💌💌💌💌💌💌

Part 48 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

1.3M 95.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
400K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
861K 17.2K 83
ကောင်မလေးကိုချစ်ပါသည်။