မိုးမြေခစား

By SummerMaung

572K 21.6K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

45

7.7K 319 8
By SummerMaung

💌 Part - 45 💌
---------------

"စော်ပစ်ကောင်လေး လာပြီ"

"ဒီတစ်ခါတော့ ငါကမိုးမြေဘက်ကဟေ့.. ဒီနွားကိုဖြတ်ဖို့ပဲအကြံပြုတော့မယ်"

"အေးလေ ဟိုမပြတ် ဒီမပြတ်နဲ့"

နားနေခန်းမှာ သူရောက်လာကတည်းက ဆူသံတွေသံတွေဖြင့် တဝေါဝေါဖြစ်သွားပြီး BFFပီသသောထိုကောင်တွေက သူ့ဘက်မှာတစ်ယောက်မှမရှိကြ။
မိုးမြေဆိုသည့် သူ၏သကြားခဲလေးကို သူတစ်ယောက်တည်းချစ်တာမဟုတ်ပါဘဲ ဒင်းတို့တွေကအစ ဘော်ဒါတစ်ယောက်လိုချစ်ကြပြီး တစ်ခုခုဆို ကူညီဖို့အဆင်သင့်။
အခုလည်း သီရိ အိမ်အထိလိုက်လာသည့်ကိစ္စဖြင့် သူ့ကိုဝိုင်းဆဲနေကြပြီး မိုးမြေကိုသာ သနားနေကြတော့၏။

"မင်းတို့ကလည်း အားကိုးရမလား မှတ်ပါတယ် ငါ့ပဲဝိုင်းဆဲနေကြတာ"

"ဆဲချင်စရာကြီးဥစ္စာ အဲ့ဒီကွန်ဒိုလိပ်စာ မင်းပြောလို့ သီရိကသိသွားတာပေါ့"

"မဟုတ်ပါဘူး ငါ အဲ့ဒီမှာညအိပ်ဖူးတုန်းက သူကဖုန်းဆက်ရင်းမေးလို့ ပြောပြဖူးတာ ပြီးတော့ အဲ့ဒီဇယားက တကယ်ရှုပ်မထားတော့တာပါကွာ"

"မရှုပ်လို့သာပဲ"

"တကယ်ဟ သူ နိုင်ငံခြားထွက်သွားကတည်းက ခေါင်းထဲကနေထုတ်ထားခဲ့တာ မင်းတို့သိတဲ့အတိုင်းပဲ ငါ ဘယ်သူ့ကိုတမ်းတနေလို့လဲ မနေ့တနေ့ကမှ ပြန်ရောက်လာပြီး ငါ့ကိုပြဿနာလာရှာတာ"

"ခံလေ မသနားပါဘူး သောက်နွားကောင်"

ပျစ်ပျစ်နှစ်နှစ်ကြီးဆဲကာ တဟားဟားဖြင့် သဘောတကျရယ်နေကြပြန်တော့ ဒီကောင်တွေကို အားမကိုးရမှန်းသိလိုက်ရပြီ ဖြစ်သည်။
မနေ့က ပြဿနာဖြစ်ထားသည့်အပြင် သူမစိတ်ဆိုးနေတုန်း ရှင်းပြရမည့်အစား ဆွဲစားလိုက်မိ၍ စိတ်ကောက်နေသောမယ်မင်းကြီးမသည်လည်း မျက်နှာချင်းတောင်မဆိုင်။
တွေ့လိုက်သည်နှင့် မျက်စောင်းထိုးကာ ကျောပေးပစ်တာမို့ ချော့ဖို့ကြိုးစားပေမယ့်လည်း အရာမထင်…

"ချော့စရာမလိုဘူး ငါက နင်ငွေပေးငှားထားတဲ့ အငှားရည်းစား"

ဟု ခပ်ရွဲ့ရွဲ့ပြောကာ သူ့ကိုအတင်းပုတ်ထုတ်ခဲ့သေးသည်။
ကိုယ်မပြတ်သားခဲ့မိသောကိစ္စမို့ သူမအပြစ်လည်းမဟုတ်သလို ဘယ်လိုချော့ရမလဲဟုသာ အသည်းအသန်စဥ်းစားမိ၏။
သူမက ငွေသရဲမဆိုတော့ ပိုက်ဆံပန်းစည်းကြီးလုပ်ပြီး ပေးလိုက်သင့်လား…
ဒါမှမဟုတ် တစ်ခုခုဝယ်ပေးလိုက်သင့်လား…

"ချော့ချင်လို့ပါကွာ အကြံဉာဏ်လေး ပေးကြပါဦးဟ"

"မပေးချင်ဘူးကွာ ဟိုတစ်ခါဖြစ်တုန်းက မင်းကောင်မလေးကပြောဖူးတယ် မင်းဘေးမှာ စော်တစ်ယောက်ယောက်အမြဲရှိနေတယ်တဲ့ အဲ့လိုအခါတွေတိုင်း သူကတတိယလူဖြစ်သွားသလိုပဲ ဆိုပဲ အခုဆိုပိုဆိုးမှာပေါ့
မင်းက မတော်လိုက်ရတဲ့မိန်းမကို အငှားရည်းစားကိစ္စပါ ပြောပြလိုက်တော့"

"Ballကိုမတော်လိုက်ရတဲ့မိန်းမလား မင်းပြောမှအသက်ရှူတောင် ပိုကြပ်သွားသလိုပဲ သီရိကို ငါပြောခဲ့တုန်းက ဟုတ်နေတာပဲဟာ"

"အခုမှမဟုတ်တော့တာ"

"ထားပါကွာ တတိယလူလည်းမဟုတ်ပါဘူး ငါ ဒီလောက်ချစ်တာ မသိသာဘူးလား ဒါမှမဟုတ် သူကအခုထိမသိသေးတာလား"

"အေး.. မိုးမြေက ဉာဏ်မမှီဘူးထင်တယ်"

"ငါဆွဲထိုးမိတော့မယ်"

အကြံတောင်းလည်း အလကားပဲမို့ သူ ဆိုဖာပေါ်ဝုန်းခနဲထိုင်ချလိုက်တော့ ဘယ်လောက်အမြင်ကတ်နေသလဲမသိသော ခွေးကောင်တွေက ကျေကျေနပ်နပ်ကြီးကြည့်ပြီး ကြိတ်ရယ်နေကြ၏။
ရယ်၍ဝသွားပြီးခဏအကြာမှ ကောင်းထက်က သူ့ကိုပခုံးချင်းတိုက်ကာ…

"သူ့အနားကပ်နေပြီး လုပ်ရမယ်ထင်တဲ့အရာတွေလုပ်ပေးလိုက်ကွာ ဥပမာ သူ ပန်းကန်ဆေးမယ်ဆိုပါစို့ ငါလုပ်လိုက်မယ်ဆိုပြီး ကူလုပ်ပေးတာတို့
Imm.. သူကြိုက်တဲ့ရုပ်ရှင်လက်မှတ်လေးဝယ်ပြီး Movie dateတာမျိုး.. သူလိုချင်တယ်လို့ထင်တဲ့ဟာ စားစရာဖြစ်ဖြစ်၊ cosmeticဖြစ်ဖြစ်ဝယ်ပေးလိုက်ကွာ ပြီးတော့ ပန်းစည်းလေးတစ်စည်းလည်း ဝယ်ပေးဖို့မမေ့နဲ့"

"Ok မင်းကမှ သူငယ်ချင်းကောင်းပဲ ကျန်တဲ့ကောင်တွေကနွားတွေ"

"အောင်မာ ငမိုက်သား မိုးမြေကို မင်းပစ်ထားခဲ့တုန်းက ငါတို့လိုက်ရှာပေးခဲ့တာနော် နှစ်တောင်မကူးသေးဘူး သောက်ကျေးဇူးက ကန်းပြီ"

ကျိန်ဆဲသံတွေထွက်လာပေမယ့် မိုးမြေကိုချော့ဖို့သာ အဓိကမို့ သူ ဘာမှပြန်မပြောတော့ဘဲ နားနေခန်းထဲကထွက်လာခဲ့သည်။
ကားပေါ်ရောက်မှ မိုးမြေသုံးတတ်သော cosmeticတွေကို ပြန်စဥ်းစားရင်း makeup showroomကိုသာ အမြန်နှုန်းဖြင့် မောင်းထွက်လာခဲ့သည်။

Showroomကိုရောက်တော့ အ​ရောင်းဝန်ထမ်းတွေချပြသော ပစ္စည်းမျိုးစုံ၊ အနံ့မျိုးစုံ၊ အရောင်မျိုးစုံနေသော cosmeticတွေကြောင့် ပိုပြီးခေါင်းမူးသွားသလို ခံစားမိသည်။
အူကြောင်ကြောင်ဖြင့် တစ်ဘူးပြီးတစ်ဘူးကိုင်ကြည့်ကာ မိန်းကလေးတွေက မိတ်ကပ်နဲ့ပတ်သက်လာလျှင် ဘယ်လိုရွေးချယ်ကြသလဲ။
သူမကရော ဘယ်လိုအရောင်မျိုး၊ အမျိုးအစားမျိုးနဲ့တည့်မလဲ…

"ဒါလေးက Doirက ထုတ်တဲ့ပစ္စည်းလေးရှင့် လူကြီးမင်းကိုင်ထားတဲ့အရောင်လေးဆို အသားဖြူတဲ့သူနဲ့လိုက်ဖက်ပါတယ် ဒီအရောင်လေးကတော့ အသားဝါတဲ့သူပေါ့"

"သူက အသားဖြူတယ် အသားဖြူတဲ့သူလိမ်းရင် လှသွားစေမယ့် အရောင်လေးတွေရချင်တယ် အရောင်စုံကို အစုံလိုက်သာယူခဲ့ပေးပါ သူကြိုက်တာရွေးယူလိမ့်မယ်"

ဆိုကာ သူကောက်ထည့်လာသော မိတ်ကပ်setတွေက ၅မျိုးတောင်ရှိတာမို့ ဒီလောက်ဆို Candyလေး စိတ်ကောက်ပြေလောက်မည်ထင်သည်။
အိမ်အပြန်လမ်းမှာ ပန်းဝယ်ဖို့သတိရလိုက်၍ ပန်းဆိုင်ရှေ့မှာကားရပ်ပြီး နှင်းဆီအဖြူလှလှလေးတွေကို သေသေချာချာထုတ်ပိုးခိုင်းလိုက်သည်။
လှပမွှေးပျံ့နေသော ထိုပန်းစည်းလေးကိုငုံ့နမ်းမိရင်း  မိုးမြေပျော်သွားမလားဆိုသည့်စိတ်ဖြင့် ပြုံးမိတာလည်း အခါခါဖြစ်သည်။
အချစ်ဟာ လူကို ဘယ်လောက်ထိရူးသွပ်စေသလဲတော့ သူ အတိအကျမသိသလို သူ့အတွက်ကတော့ ဘာဆေးမမှီတော့သည်အထိ…

💌💌💌💌💌💌

"Baby"

ခေါ်သံတိုးတိုးနှင့်အတူ မိုးမြေအနားလျှောက်လာသောသူက တစ်ခုခုကိုဖွက်ယူလာဟန်ဖြင့် လက်တစ်ဖက်ကို နောက်ပစ်ထား၏။
မကျေနပ်သေးတာမို့ မျက်စောင်းထိုးပစ်ရင်း အဝတ်လျှော်စက်ထဲသို့ အဝတ်တွေထည့်ပြီး သူ့ကိုအရေးမလုပ်ဘဲ တမင်ပစ်ထားလိုက်သည်။

ထိုအခါ သူက မိုးမြေရှေ့အထိ တိုးကပ်လာကာ တမင်လုပ်ယူထားသော မျက်နှာငယ်လေးဖြင့် အဖြူရောင်နှင်းဆီပန်းစည်းလေးကို လှမ်းပေးလာ၏။
အမှတ်တမဲ့မို့ ထိုနှင်းဆီပန်းစည်းကိုကြည့်မိသွား၍ မိုးမြေနှာခေါင်းရှုံ့ပစ်လိုက်မိကာ မသိခဲ့သလို၊ မမြင်လိုက်သလို အရေးမလုပ်ဘဲ မျက်နှာလွှဲပစ်လိုက်သည်။

"စိတ်မဆိုးပါနဲ့တော့ကွာ ဒီမှာအရှုံးပေးတဲ့အနေနဲ့ ပန်းပေးနေတယ်လေ ၁၅ပွင့်နော် I'm truly sorry. Forgive meဆိုတဲ့အဓိပ္ပါယ်နဲ့"

"နင့်ကောင်မလေးကို သွားပေးချေ"

"အခုပေးနေတာလေ"

"နင့်မှာရည်းစားတွေ ဒီလောက်များတာ"

"မင်းတစ်ယောက်ပဲ ခေါင်းထဲရှိတာပါ Babyရယ် တခြားသူကိုမျက်လုံးထဲတောင် မမြင်တော့ဘူး ငါ့ကိုကြည့်ပါဦး မသနားဘူးလား"

"သနားချင်စရာ​ရော ကောင်းလို့လား"

"အေး.. မကောင်းဘူးဆိုလည်း မကောင်းဘူးပေါ့ ဒါပေမယ့် ငါမညာပါဘူးကွာ အဲ့ဒီတစ်ယောက်နဲ့ ပြတ်ပြီသလား မပြတ်ဘူးလားဆိုတာတောင် ဂရုစိုက်ဖို့သတိမရဘူး
ငါဂရုစိုက်တာက မင်းတစ်ယောက်တည်းမို့လို့လေ"

"သေလိုဂာ်ပါလား"

"တကယ်ပါဆိုကွာ ဖူးခက်မှာတုန်းကလည်း ငါမင်းကိုနှင်းဆီပန်းပေးခဲ့တယ်လေ ဂါဝန်လေးနဲ့၁ပွင့်တည်းပေးတာလေ
Single Roseရဲ့အဓိပ္ပါယ်က You are the oneလို့ပြောချင်တာ ငါ့မှာမင်းကလွဲပြီး ဘယ်သူမှမရှိပါဘူး အဲ့ဒီကတည်းက မင်းကငါ့ရဲ့တစ်ဦးတည်းပါ.. ငါ့ကိုကြည့်ပါဦးCandyလေးရယ် ဒီမှာအရည်ပျော်ကျတော့မယ်"

ကျောပေးထားပေမယ့် တတွတ်တွတ်ချော့နေသော ခစားရဲ့စကားတွေကြောင့် မိုးမြေပါ အရည်ပျော်ကျတော့မလို ခံစားရသည်။
သို့သော် မနေ့က သူ့ရည်းစားကိုပြန်သတိရလိုက်သည့်အခါ စိတ်ကိုပြန်တင်းပစ်လိုက်ပြီး သူ့ကိုမကြည့်ဖို့ ကိုယ့်ကိုယ်ကိုအမိန့်ပေးရင်း မျက်ရည်တွေဝဲလာမိသည်။

အရင်ကစိတ်နှင့်ဆို မိုးမြေ ကတ်ကတ်လန်နေသည်အထိ ပြန်ရန်တွေ့မိမှာဖြစ်ပေမယ့် အခုတော့ စွာတေးလန်တတ်သော ထိုအကျင့်ဟောင်းတွေလည်း ပျောက်ဆုံးနေပြီဖြစ်သည်။
သူနဲ့ပတ်သက်မိကာမှ၊ သူ့ကိုချစ်မိကာမှ မိုးမြေဟာ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်လို ဘာကြောင့်ပျော့ညံ့နေမိတာလဲ…
တကယ်ဆို မနေ့ကတည်းက ဟိုမိန်းမရှေ့မှာ မိုးမြေ ဘီလူးမကြီးလို စိတ်ရှိလက်ရှိသောင်းကျန်းပစ်ခဲ့သင့်တာ…

"မိုးမြေ"

သူက မိုးမြေရှေ့ရောက်လာ၍ မိုးမြေ ကြိတ်မျက်ရည်ဝဲနေသောအဖြစ်ကို မြင်တွေ့သွားပြီး မျက်နှာပျက်သွားကာ နှင်းဆီပန်းတွေကို အဝတ်လျှော်စက်ပေါ် လှမ်းတင်သည်။
ခါးလေးမှထွေးပွေ့ကာ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲမြုပ်သွားသည်အထိ သိမ်းကျုံးဖက်ထားတော့ သူ့ဆီက စီးကရက်နံ့နှင့် ရေမွှေးနံ့ကို တစ်ပြိုင်တည်းရလိုက်၏။
နွေးနေသောရင်ခွင်ကျယ်ကြီးက ငိုချလိုက်ဖို့ကိုသာ လက်တို့နေသောကြောင့် ရန်မတွေ့နိုင်တော့ဘဲ သူမမျက်ရည်တွေသာ ပိုများလာခဲ့သည်။

"နင့်ကိုမုန်းတယ် အစုတ်ပလုတ်ကောင်ရဲ့ ငါ့ကိုချစ်တတ်အောင် သင်ပေးပြီး ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါ်လာတာ"

"မဟုတ်ပါဘူး"

"အဲ့လိုတွေပေါ်လာတိုင်း နင့်ကိုငါမပိုင်သလိုပဲ သိလား ခစားစုတ် နင့်ရင်ခွင်က ငါတစ်ယောက်တည်းအပိုင် မဖြစ်တော့ဘူးလား အဟင့်!"

"ရှူး! မငိုပါနဲ့Candyရယ် မငိုနဲ့တော့နော် ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ ငါနောက်ထပ် မင်းခံစားရမယ့်ကိစ္စဆို စကားနဲ့ရော၊ လူပါ မကျူးလွန်မိအောင်နေမယ် နော်! ကတိပေးတယ် Sorryပါကွာ"

"သွား.. ခုမှလာမချော့နဲ့"

"မရဘူး ချော့ရမှာပဲ မင်းငိုနေတာနဲ့တင် ဒီမှာသေမလိုဖြစ်နေပြီသိလား မငိုနဲ့​တော့နော် ကလေးကျနေတာပဲ ငါ့Babyက"

ခပ်ယဲ့ယဲ့အပြုံးတစ်ချက်ဖြင့် မိုးမြေပါးလေးကိုဆွဲဖဲ့ရင်း သူ ထပ်ချော့လာသည့်အခါ မိုးမြေ ဆက်ပြီးမမာကျောနိုင်တော့။
သူ့ရင်ခွင်ထဲတိုးဝင်ရင်း သူ့ခါးကိုခပ်တင်းတင်းဖက်ထားလိုက်မိသည့်အခါ ခစားက ဆံပင်တွေထဲမျက်နှာနှစ်ထားပြီး တဖွဖွရှိုက်နမ်း၏။
တကယ်ပဲ နောက်တစ်ခါထပ်ပြီး ယုံလိုက်ရမလား…
သူ မိုးမြေကို မPlayလောက်ပါဘူးနော…

"ငိုလို့ဝရင် မျက်လုံးမှိတ်ထား"

"ဘာလုပ်မလို့လဲ"

"Surpriseလေ လုပ်ပါ မျက်လုံးမှိတ်"

သူ့စကားအတိုင်း မိုးမြေမျက်လုံးလေးမှိတ်လိုက်သည့်အခါ သူက မိုးမြေလက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ဧည့်ခန်းသို့ဆွဲခေါ်လာ၏။
မိန်းကလေးပီပီ ကိုယ့်ချစ်သူရဲ့Surpriseဆိုတာ ဘာများလဲဟု စိတ်မှန်းဖြင့်ရင်ခုန်ရင်း နှုတ်ခမ်းတွေကလည်း အလိုလိုပြုံးနေခဲ့မိသည်။
ခြေလှမ်းအနည်းငယ်လောက်မှာ ခစားကရပ်တံ့သွားသောကြောင့် သူမလည်းရပ်လိုက်မိကာ မျက်လုံးတွေဖွင့်ကြည့်မိတော့ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်အထိ…

"သွားဖွင့်ကြည့်လိုက်.. မင်း ဘာကြိုက်မှန်းမသိလို့ အကုန်ကောက်ထည့်လာတယ်"

ခါးလေးကိုသိုင်းဖက်ကာ မိုးမြေပခုံးပေါ်မေးတင်ရင်း ပြောလာသောသူ့မျက်နှာသည် အပြုံးတွေဝေဆာနေမှာ သေချာသလောက်ရှိသည်။
Diorတံဆိပ်ဖြင့် Cosmeticအိတ်တွေက ဧည့်ခန်းစားပွဲမှာ၊ ဆိုဖာပေါ်မှာ အပုံလိုက်ရှိနေခြင်းသည် မိုးမြေလို သာမာန်မိန်းကလေးတစ်ယောက်အတွက် အိမ်မက်တစ်ခုလိုပင်…

"ခစားရယ် တော်ရောပေါ့တစ်ခုဆို"

"ဘာကြိုက်မှန်းမသိလို့ပါဆို မင်းကြိုက်တာယူသုံးပေါ့ များနေရင်လည်း ရတနာ့ဖြစ်ဖြစ် တခြားသူငယ်ချင်းဖြစ်ဖြစ်ပေးလိုက်
မင်းအတွက်ရည်ရွယ်ထားလို့ မင်းကြိုက်သလို လုပ်ပစ်လို့ရတယ် ငါက မင်းကိုအစစအရာရာဖြည့်ဆည်းပေးချင်ရုံပဲ မယုံသေးဘူးဆိုရင်လည်း မင်းယုံတဲ့အထိ ငါစောင့်မယ် မင်းယုံအောင်လည်း ငါနေပေးမယ်
ငါ့ရင်ခွင်က မင်းတစ်ယောက်တည်းအပိုင်ပဲ"

ကတိပေးသလိုပြောလာသော သူ့အသံသည် လေးနက်မှုကြောင့် တိုးတိတ်နေ၍ မိုးမြေ လည်ပင်းလေးလိမ်ကာ သူ့မျက်နှာကိုမော့ကြည့်လိုက်မိ၏။
အခါများစွာမြင်နေကျ သူ့မျက်နှာသည် ဒီတစ်ခါမှာပိုပြီး နွေးထွေးချိုမြိန်နေခဲ့ရင်း…

"ဘယ်ချိန်ထိလဲ"

"အခုရော နောင်ရော"

တိုးဖွပေမယ့် ခိုင်မာသောစကားကြောင့် ရင်ထဲလှိုက်ခနဲဖြစ်သွားပြီး မိုးမြေသည် ကြည်ကြည်နူးနူးပြုံးမိကာ သူ့ပါးတစ်ဖက်ကိုသာ အသာလေးဆွဲဖဲ့မိသည်။
ထိုအခါ မိုးမြေရဲ့ပါးတစ်ဖက်ကို ငုံ့နမ်းလာသော သူ့နှုတ်ခမ်းတွေဟာ ခါတိုင်းလိုစိုအိနေကာ စီးကရက်နံ့လေးသင်းနေခဲ့၏။

သူ့အချစ်ဟာ မိုးမြေတို့လက်လှမ်းမမှီတဲ့ မိုးကောင်းကင်ထက်က တိမ်စိုင်တိမ်ခဲတွေလိုပါပဲ
တစ်ခါတစ်လေ နီးလာလိုက်
တစ်ခါတစ်လေ ဝေးသွားလိုက်နဲ့…

သူဟာ သိပ်ချစ်တတ်ခဲ့တဲ့ယောကျာ်းတစ်ယောက်ပါ…
အဲ့လိုပါပဲ မိုးမြေလည်း သူ့ကိုသိပ်ချစ်ခဲ့တာ..
မိုးမြေရဲ့ပထမဆုံးလူနဲ့ နောက်ဆုံးလူအဖြစ် ဘဝကိုရော၊ အသည်းနှလုံးတစ်ခုလုံးကိုပါ ပုံအပ်ပြီး မိုးမြေချစ်ခဲ့တာ…

ဒါပေမယ့် မမြင်ရတဲ့ကံဆိုတာကြီးက မိုးမြေနဲ့ခစားကြားမှာ တံတိုင်းတစ်ခုအဖြစ်တိုးဝင်လာတဲ့အခါ..
အဲဲဲ့ဒီဖြစ်ရပ်ဆိုးကြီးကြောင့် ဝေးကွာဖို့အကြောင်းဖြစ်လာတဲ့အခါ..
နှစ်ယောက်လုံးဟာ တစ်ယောက်ဆီက တစ်ယောက်
ထွက်သွားကြဖို့ကိုပဲ ရွေးချယ်လိုက်ကြရတယ်

သူ UKသွားဖို့ တစ်ပတ်အလိုမှာပေါ့…

💌💌💌💌💌💌

"မင်းကားပြိုင်ပွဲရှိတာ ငါ့ကိုဘာလို့မပြောတာလဲ"

ဖိုးချမ်းက သူတို့နှစ်ယောက်ကို ခေါင်းအုံးနှင့်လှမ်းပေါက်ရင်း မကျေမနပ်မေးလာသောအခါ ခစားက ဖုန်းဆီအကြည့်ရောက်နေရာမှ ပခုံးတွန့်ပြ၏။
ဖူးခက်မှပြန်ရောက်ပြီးကတည်းက ကားပြိုင်ပွဲတွေမှာ သူတို့အုပ်စု လက်ရှောင်နေခဲ့ခြင်းဖြစ်ကာ အခုတစ်ခေါက်ကတော့ ရှောင်မရသောစိန်ခေါ်ပွဲဖြစ်သည်။
ထုံးစံအတိုင်း နာမည်ကျော်မင်းခစားကို စိန်ခေါ်သောပွဲဖြစ်ပြီး ဒီကိစ္စကိုမိုးမြေပြန်မသိစေရန် ဘယ်သူ့ကိုမှပြောမထားခြင်းဖြစ်သည်။

"Relaxငါ့ကောင်ရ စိန်ခေါ်ပွဲမို့ဟ"

"ဘယ်သူ့ကိုစိန်ခေါ်တာလဲ"

"ဟိုကောင်ခစားကို"

"လုပ်ပြန်ပြီ ဟိုတစ်ခါကလည်း Hotelနှစ်လုံးစလုံးပါသွားတာနော် ထပ်ပြိုင်မလို့လား ခစား"

ခစားခေါင်းညိတ်ပြသည့်အခါ ဖိုးချမ်းက အတော်လေးမကျေမချမ်းဖြစ်သွားကာ လက်သီးနှင့်လှမ်းထိုးသောကြောင့် ဝရုန်းသုန်းကားဖြစ်သွား၏။
ဖိုးချမ်းက သူ့အဖေပိုင်သော ကားShowroomတစ်ခုမှာ မက္ကင်းနစ်တစ်ယောက်မို့ ခစားရဲ့ကားပြိုင်ပွဲတိုင်းကို တာဝန်ယူနေကျကောင်ဖြစ်သည်။
သို့သော် ခစားပြိုင်မည့်ကားကို အသေးစိပ်ပြုပြင်ပေးရသူမို့ ကားပြိုင်ပွဲတိုင်းကို ကန့်ကွက်တတ်သူ…

"မင်း တစ်ခါ ကားမှောက်ဖူးတယ်နော် မင်းခစား"

"အဲ့ဒါမင်းသောက်သုံးမကျလို့လေ"

"ဖိုးချမ်းကလည်းကွာ ဒီတစ်ခါသေချာလုပ်ပေးလိုက်ပေါ့ UKသွားဖို့ ဘယ်လောက်မှမလိုတော့ဘူး ဒီကြားထဲ အဲ့ဒီနွားလေး ငြိမ်နေရင်ပြီးတာပဲ"

"လုပ်ကလုပ်ပေးရသေးတယ် မင်းနွားက ငါ့ကိုအကောင်းမပြောဘူး နေသွေးရ"

"ပေါ်ပစ်လိုက်ကွာ အမဲသားတောင်စားရသေးတယ်"

တစ်ယောက်ကိုတစ်ယောက် ရွဲ့ပြောကြရင်း အမြီးအမောက်မတည့်ဖြစ်သွားကာ ခစားဆိုသည့်နွားလေးကတော့ တဟဲဟဲရယ်နေလေ၏။
ဒင်းဟာ မိုးမြေနဲ့တွဲပြီးကတည်းက တကယ်ပဲဖဲ့ချင်စရာကောင်းသော နွားလေးဖြစ်နေပြီမို့ ဝိုင်းစနောက်နေကြသည့်တိုင် အရယ်အမောမပြတ်ချေ။
"ကိုယ့်ချစ်သူအတွက်ဆို နွားကြီးဖြစ်စမ်းပါစေ"ဟုလည်း ပြန်ရွဲ့နေကျမို့ သူတို့ဆုတောင်းခဲ့သလို မိုးမြေကိုဝပ်ပြားနေအောင် ခစားတတ်ခဲ့ပြီဖြစ်သည်။

"မင်းကားလဲထားတာမလား ခစား"

"Audiငွေရောင်လေး ကြာပြီလေ"

"အဲ့ဒါနဲ့ပြိုင်မှာလား မြင်းကောင်ရေဘယ်လောက်လဲ"

"၅၆၀"

"ဂီယာကရော"

"Autoဂီယာ 6.35လီတာပါ V21အင်ဂျင် အဆင်ပြေတယ်မလား"

"မပြေဘူး မင်းကားကမြင့်ပေမယ့် ပြိုင်ကားလုပ်ဖို့က.."

"အဲ့ဒါမက္ကင်းနစ်ရဲ့တာဝန်ပဲမလား"

"အာ! ငါ့ခေါင်းပေါ်ကျလာပြန်ပြီ"

ဖိုးချမ်းမျက်နှာ ရှုံ့မဲ့သွားပေမယ့် ခစားကတော့ တဟားဟားရယ်နေခဲ့သည်။
သို့သော် စိန်ခေါ်လာတိုင်း အရှုံးမပေးတတ်သော ခစားရဲ့ဉာဥ်ဆိုးကိုလည်း သိနေသောကြောင့် ဖိုးချမ်းခမျာ ခေါင်းညိတ်ပြပြီးသဘောတူလိုက်ရ၏။
အားလုံးပြေလည်ရေးရသွားတော့မှ သူ ခစားကိုမေးဆတ်ကာ…

"UKသွားဖို့ ဘယ်လောက်လိုသေးလဲ"

"တစ်ပတ်"

"အဲ့ဒါကို ကားကပြိုင်ချင်သေးတာလား"

"မသွားခင်ပေါ့ကွာ မင်းတို့ကိုကြိုမှာထားရဦးမယ် ငါကမိုးမြေကိုခေါ်သွားချင်တာ သူကမလိုက်ချင်ဘူးတဲ့ အဲ့ဒါကြောင့်မို့ မင်းတို့ သူ့ကိုသေချာစောင့်ရှောက်ပေးကြစမ်းပါ"

"အေးပါဟ"

"ပြီးတော့ နေသွေး Graveက ငါ့ဝင်ငွေကို သူ့ဘဏ်အကောင့်နဲ့ချိတ်ပေးထားတယ် တစ်လတစ်ခါထည့်ပေး ပြီးတော့ Pioneer.."

"နေပါဦး မင်းဟာက အမွေပေးနေတာလား"

အမြင်ကတ်လာ၍ ခပ်ငေါ့ငေါ့ပြောလိုက်တော့ ခစားက ရယ်ကျဲကျဲဖြစ်သွားကာ ရှက်ကိုးရှက်ကန်းဖြင့် လည်ပင်းကိုပွတ်နေ၏။
Graveနဲ့ Pioneerက ဒီကောင့်ရဲ့ဝင်ငွေဟာ တစ်လတစ်လကို ရာနဲ့ချီပြီးရှိတာမို့ ဒီကောင်ဟာ သူ့Candyလေးကို ဘာမှမလုပ်စေဘဲ ထိုင်စားနေစေချင်ပုံရသည်။

"အမ်းချက်ကတော့ 9လောက်ရှိတယ်"

"ဒါကတော့ကွာ ငါ့မှာ သူတစ်ယောက်တည်းရှိတာကိုး"

"အေးပါ လုပ်ထားပေးပါ့မယ် အမ်းကိုကြီးရယ် နောက်ထပ်ဘာမှာဖို့ကျန်သေးလဲ"

"ငါကားပြိုင်မယ့်အကြောင်း မိုးမြေမသိစေနဲ့ သူသိရင်ငါ့ကိုတားမှာ အန္တရာယ်များလို့မပြိုင်ဖို့ပြောထားတာ"

"အဲ့ဒါသူကမင်းကိုစိတ်ပူလို့ပါ အေးပါ.. မပြောနဲ့ဆိုလည်း မပြောဘူးပေါ့"

BFFမှန်ရင် နှုတ်လုံဖို့အဓိကမို့ ကားပြိုင်ပွဲကိစ္စကို မိုးမြေမသိအောင် ဖုံးကွယ်ပေးထားဖို့ အားလုံးသဘောတူလိုက်ကြ၏။
အချိန်တွေဟာ ဘယ်လောက်မှမကြာလိုက်သလိုခံစားမိကာ နာရီတွေ၊ နေ့ရက်တွေဟာလည်း ဖင်လှည့်ခေါင်းလှည့်ဖြင့် ကုန်ဆုံးတာမြန်လွန်းလှသည်။
ဘာလိုလိုနဲ့ ဒီသတ္တဝါတောင် ဒီနိုင်ငံကထွက်သွားဖို့ ရက်တွေသိပ်ကပ်နေပြီမို့…

💌💌💌💌💌💌

Part 46 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

  
💌 Part - 45 💌
---------------

"ေစာ္ပစ္ေကာင္ေလး လာၿပီ"

"ဒီတစ္ခါေတာ့ ငါကမိုးေျမဘက္ကေဟ့.. ဒီႏြားကိုျဖတ္ဖို႔ပဲအႀကံျပဳေတာ့မယ္"

"ေအးေလ ဟိုမျပတ္ ဒီမျပတ္နဲ႔"

နားေနခန္းမွာ သူေရာက္လာကတည္းက ဆူသံေတြသံေတျြဖင့္ တေဝါေဝါျဖစ္သြားၿပီး BFFပီသေသာထိုေကာင္ေတြက သူ႔ဘက္မွာတစ္ေယာက္မွမရိွၾက။
မိုးေျမဆိုသၫ့္ သူ၏သၾကားခဲေလးကို သူတစ္ေယာက္တည္းခ်စ္တာမဟုတ္ပါဘဲ ဒင္းတို႔ေတြကအစ ေဘာ္ဒါတစ္ေယာက္လိုခ်စ္ၾကၿပီး တစ္ခုခုဆို ကူညီဖို႔အဆင္သင့္။
အခုလည္း သီရိ အိမ္အထိလိုက္လာသၫ့္ကိႁစၥဖင့္ သူ႔ကိုဝိုင္းဆဲေနၾကၿပီး မိုးေျမကိုသာ သနားေနၾကေတာ့၏။

"မင္းတို႔ကလည္း အားကိုးရမလား မွတ္ပါတယ္ ငါ့ပဲဝိုင္းဆဲေနၾကတာ"

"ဆဲခ်င္စရာႀကီးဥစၥာ အဲ့ဒီကြန္ဒိုလိပ္စာ မင္းေျပာလို႔ သီရိကသိသြားတာေပါ့"

"မဟုတ္ပါဘူး ငါ အဲ့ဒီမွာညအိပ္ဖူးတုန္းက သူကဖုန္းဆက္ရင္းေမးလို႔ ေျပာျပဖူးတာ ၿပီးေတာ့ အဲ့ဒီဇယားက တကယ္ရႈပ္မထားေတာ့တာပါကြာ"

"မရႈပ္လို႔သာပဲ"

"တကယ္ဟ သူ ႏိုင္ငံျခားထြက္သြားကတည္းက ေခါင္းထဲကေနထုတ္ထားခဲ့တာ မင္းတို႔သိတဲ့အတိုင္းပဲ ငါ ဘယ္သူ႔ကိုတမ္းတေနလို႔လဲ မေန့တေန့ကမွ ျပန္ေရာက္လာၿပီး ငါ့ကိုျပႆနာလာရွာတာ"

"ခံေလ မသနားပါဘူး ေသာက္ႏြားေကာင္"

ပ်စ္ပ်စ္ႏွစ္ႏွစ္ႀကီးဆဲကာ တဟားဟားျဖင့္ သေဘာတက်ရယ္ေနၾကျပန္ေတာ့ ဒီေကာင္ေတြကို အားမကိုးရမွန္းသိလိုက္ရၿပီ ျဖစ္သည္။
မေန့က ျပႆနာျဖစ္ထားသၫ့္အျပင္ သူမစိတ္ဆိုးေနတုန္း ရွင္းျပရမၫ့္အစား ဆဲြစားလိုက္မိ၍ စိတ္ေကာက္ေနေသာမယ္မင္းႀကီးမသည္လည္း မ်က္ႏွာခ်င္းေတာင္မဆိုင္။
ေတြ့လိုက္သည္ႏွင့္ မ်က္ေစာင္းထိုးကာ ေက်ာေပးပစ္တာမို႔ ေခ်ာ့ဖို႔ႀကိဳးစားေပမယ့္လည္း အရာမထင္…

"ေခ်ာ့စရာမလိုဘူး ငါက နင္ေငြေပးငွားထားတဲ့ အငွားရည္းစား"

ဟု ခပ္ရဲြ႔ရဲြ႔ေျပာကာ သူ႔ကိုအတင္းပုတ္ထုတ္ခဲ့ေသးသည္။
ကိုယ္မျပတ္သားခဲ့မိေသာကိစၥမို႔ သူမအျပစ္လည္းမဟုတ္သလို ဘယ္လိုေခ်ာ့ရမလဲဟုသာ အသည္းအသန္စဥ္းစားမိ၏။
သူမက ေငြသရဲမဆိုေတာ့ ပိုက္ဆံပန္းစည္းႀကီးလုပ္ၿပီး ေပးလိုက္သင့္လား…
ဒါမွမဟုတ္ တစ္ခုခုဝယ္ေပးလိုက္သင့္လား…

"ေခ်ာ့ခ်င္လို႔ပါကြာ အႀကံဉာဏ္ေလး ေပးၾကပါဦးဟ"

"မေပးခ်င္ဘူးကြာ ဟိုတစ္ခါျဖစ္တုန္းက မင္းေကာင္မေလးကေျပာဖူးတယ္ မင္းေဘးမွာ ေစာ္တစ္ေယာက္ေယာက္အၿမဲရိွေနတယ္တဲ့ အဲ့လိုအခါေတြတိုင္း သူကတတိယလူျဖစ္သြားသလိုပဲ ဆိုပဲ အခုဆိုပိုဆိုးမွာေပါ့
မင္းက မေတာ္လိုက္ရတဲ့မိန္းမကို အငွားရည္းစားကိစၥပါ ေျပာျပလိုက္ေတာ့"

"Ballကိုမေတာ္လိုက္ရတဲ့မိန္းမလား မင္းေျပာမွအသက္ရႉေတာင္ ပိုၾကပ္သြားသလိုပဲ သီရိကို ငါေျပာခဲ့တုန္းက ဟုတ္ေနတာပဲဟာ"

"အခုမွမဟုတ္ေတာ့တာ"

"ထားပါကြာ တတိယလူလည္းမဟုတ္ပါဘူး ငါ ဒီေလာက္ခ်စ္တာ မသိသာဘူးလား ဒါမွမဟုတ္ သူကအခုထိမသိေသးတာလား"

"ေအး.. မိုးေျမက ဉာဏ္မမွီဘူးထင္တယ္"

"ငါဆဲြထိုးမိေတာ့မယ္"

အႀကံေတာင္းလည္း အလကားပဲမို႔ သူ ဆိုဖာေပၚဝုန္းခနဲထိုင္ခ်လိုက္ေတာ့ ဘယ္ေလာက္အျမင္ကတ္ေနသလဲမသိေသာ ေခြးေကာင္ေတြက ေက်ေက်နပ္နပ္ႀကီးၾကၫ့္ၿပီး ႀကိတ္ရယ္ေနၾက၏။
ရယ္၍ဝသြားၿပီးခဏအၾကာမွ ေကာင္းထက္က သူ႔ကိုပခံုးခ်င္းတိုက္ကာ…

"သူ႔အနားကပ္ေနၿပီး လုပ္ရမယ္ထင္တဲ့အရာေတြလုပ္ေပးလိုက္ကြာ ဥပမာ သူ ပန္းကန္ေဆးမယ္ဆိုပါစို႔ ငါလုပ္လိုက္မယ္ဆိုၿပီး ကူလုပ္ေပးတာတို႔
Imm.. သူႀကိဳက္တဲ့ရုပ္ရွင္လက္မွတ္ေလးဝယ္ၿပီး Movie dateတာမ်ိဳး.. သူလိုခ်င္တယ္လို႔ထင္တဲ့ဟာ စားစရာျဖစ္ျဖစ္၊ cosmeticျဖစ္ျဖစ္ဝယ္ေပးလိုက္ကြာ ၿပီးေတာ့ ပန္းစည္းေလးတစ္စည္းလည္း ဝယ္ေပးဖို႔မေမ့နဲ႔"

"Ok မင္းကမွ သူငယ္ခ်င္းေကာင္းပဲ က်န္တဲ့ေကာင္ေတြကႏြားေတြ"

"ေအာင္မာ ငမိုက္သား မိုးေျမကို မင္းပစ္ထားခဲ့တုန္းက ငါတို႔လိုက္ရွာေပးခဲ့တာေနာ္ ႏွစ္ေတာင္မကူးေသးဘူး ေသာက္ေက်းဇူးက ကန္းၿပီ"

က်ိန္ဆဲသံေတြထြက္လာေပမယ့္ မိုးေျမကိုေခ်ာ့ဖို႔သာ အဓိကမို႔ သူ ဘာမျွပန္မေျပာေတာ့ဘဲ နားေနခန္းထဲကထြက္လာခဲ့သည္။
ကားေပၚေရာက္မွ မိုးေျမသံုးတတ္ေသာ cosmeticေတြကို ျပန္စဥ္းစားရင္း makeup showroomကိုသာ အျမန္ႏႈန္းျဖင့္ ေမာင္းထြက္လာခဲ့သည္။

Showroomကိုေရာက္ေတာ့ အ​ေရာင္းဝန္ထမ္းေတြခ်ျပေသာ ပစၥည္းမ်ိဳးစံု၊ အနံ႔မ်ိဳးစံု၊ အေရာင္မ်ိဳးစံုေနေသာ cosmeticေတြေၾကာင့္ ပိုၿပီးေခါင္းမူးသြားသလို ခံစားမိသည္။
အူေၾကာင္ေၾကာင္ျဖင့္ တစ္ဘူးၿပီးတစ္ဘူးကိုင္ၾကၫ့္ကာ မိန္းကေလးေတြက မိတ္ကပ္နဲ႔ပတ္သက္လာလ်ွင္ ဘယ္လိုေရြးခ်ယ္ၾကသလဲ။
သူမကေရာ ဘယ္လိုအေရာင္မ်ိဳး၊ အမ်ိဳးအစားမ်ိဳးနဲ႔တၫ့္မလဲ…

"ဒါေလးက Doirက ထုတ္တဲ့ပစၥည္းေလးရွင့္ လူႀကီးမင္းကိုင္ထားတဲ့အေရာင္ေလးဆို အသားျဖဴတဲ့သူနဲ႔လိုက္ဖက္ပါတယ္ ဒီအေရာင္ေလးကေတာ့ အသားဝါတဲ့သူေပါ့"

"သူက အသားျဖဴတယ္ အသားျဖဴတဲ့သူလိမ္းရင္ လွသြားေစမယ့္ အေရာင္ေလးေတြရခ်င္တယ္ အေရာင္စံုကို အစံုလိုက္သာယူခဲ့ေပးပါ သူႀကိဳက္တာေရြးယူလိမ့္မယ္"

ဆိုကာ သူေကာက္ထည့္လာေသာ မိတ္ကပ္setေတြက ၅မ်ိဳးေတာင္ရိွတာမို႔ ဒီေလာက္ဆို Candyေလး စိတ္ေကာက္ေျပေလာက္မည္ထင္သည္။
အိမ္အျပန္လမ္းမွာ ပန္းဝယ္ဖို႔သတိရလိုက္၍ ပန္းဆိုင္ေရ႔ွမွာကားရပ္ၿပီး ႏွင္းဆီအျဖဴလွလွေလးေတြကို ေသေသခ်ာခ်ာထုတ္ပိုးခိုင္းလိုက္သည္။
လွပေမႊးပ်ံ႔ေနေသာ ထိုပန္းစည္းေလးကိုငံု႔နမ္းမိရင္း  မိုးေျမေပ်ာ္သြားမလားဆိုသၫ့္စိတ္ျဖင့္ ႃပံုးမိတာလည္း အခါခါျဖစ္သည္။
အခ်စ္ဟာ လူကို ဘယ္ေလာက္ထိရူးသြပ္ေစသလဲေတာ့ သူ အတိအက်မသိသလို သူ႔အတြက္ကေတာ့ ဘာေဆးမမွီေတာ့သည္အထိ…

💌💌💌💌💌💌

"Baby"

ေခၚသံတိုးတိုးႏွင့္အတူ မိုးေျမအနားေလ်ွာက္လာေသာသူက တစ္ခုခုကိုဖြက္ယူလာဟန္ျဖင့္ လက္တစ္ဖက္ကို ေနာက္ပစ္ထား၏။
မေက်နပ္ေသးတာမို႔ မ်က္ေစာင္းထိုးပစ္ရင္း အဝတ္ေလ်ွာ္စက္ထဲသို႔ အဝတ္ေတြထၫ့္ၿပီး သူ႔ကိုအေရးမလုပ္ဘဲ တမင္ပစ္ထားလိုက္သည္။

ထိုအခါ သူက မိုးေျမေရ႔ွအထိ တိုးကပ္လာကာ တမင္လုပ္ယူထားေသာ မ်က္ႏွာငယ္ေလးျဖင့္ အျဖဴေရာင္ႏွင္းဆီပန္းစည္းေလးကို လွမ္းေပးလာ၏။
အမွတ္တမဲ့မို႔ ထိုႏွင္းဆီပန္းစည္းကိုၾကၫ့္မိသြား၍ မိုးေျမႏွာေခါင္းရႈံ႔ပစ္လိုက္မိကာ မသိခဲ့သလို၊ မျမင္လိုက္သလို အေရးမလုပ္ဘဲ မ်က္ႏွာလႊဲပစ္လိုက္သည္။

"စိတ္မဆိုးပါနဲ႔ေတာ့ကြာ ဒီမွာအရႈံးေပးတဲ့အေနနဲ႔ ပန္းေပးေနတယ္ေလ ၁၅ပြင့္ေနာ္ I'm truly sorry. Forgive meဆိုတဲ့အဓိပၸါယ္နဲ႔"

"နင့္ေကာင္မေလးကို သြားေပးေခ်"

"အခုေပးေနတာေလ"

"နင့္မွာရည္းစားေတြ ဒီေလာက္မ်ားတာ"

"မင္းတစ္ေယာက္ပဲ ေခါင္းထဲရိွတာပါ Babyရယ္ တျခားသူကိုမ်က္လံုးထဲေတာင္ မျမင္ေတာ့ဘူး ငါ့ကိုၾကၫ့္ပါဦး မသနားဘူးလား"

"သနားခ်င္စရာ​ေရာ ေကာင္းလို႔လား"

"ေအး.. မေကာင္းဘူးဆိုလည္း မေကာင္းဘူးေပါ့ ဒါေပမယ့္ ငါမညာပါဘူးကြာ အဲ့ဒီတစ္ေယာက္နဲ႔ ျပတ္ၿပီသလား မျပတ္ဘူးလားဆိုတာေတာင္ ဂရုစိုက္ဖို႔သတိမရဘူး
ငါဂရုစိုက္တာက မင္းတစ္ေယာက္တည္းမို႔လို႔ေလ"

"ေသလိုဂာ္ပါလား"

"တကယ္ပါဆိုကြာ ဖူးခက္မွာတုန္းကလည္း ငါမင္းကိုႏွင္းဆီပန္းေပးခဲ့တယ္ေလ ဂါဝန္ေလးနဲ႔၁ပြင့္တည္းေပးတာေလ
Single Roseရဲ့အဓိပၸါယ္က You are the oneလို႔ေျပာခ်င္တာ ငါ့မွာမင္းကလဲြၿပီး ဘယ္သူမွမရိွပါဘူး အဲ့ဒီကတည္းက မင္းကငါ့ရဲ့တစ္ဦးတည္းပါ.. ငါ့ကိုၾကၫ့္ပါဦးCandyေလးရယ္ ဒီမွာအရည္ေပ်ာ္က်ေတာ့မယ္"

ေက်ာေပးထားေပမယ့္ တတြတ္တြတ္ေခ်ာ့ေနေသာ ခစားရဲ့စကားေတြေၾကာင့္ မိုးေျမပါ အရည္ေပ်ာ္က်ေတာ့မလို ခံစားရသည္။
သို႔ေသာ္ မေန့က သူ႔ရည္းစားကိုျပန္သတိရလိုက္သၫ့္အခါ စိတ္ကိုျပန္တင္းပစ္လိုက္ၿပီး သူ႔ကိုမၾကၫ့္ဖို႔ ကိုယ့္ကိုယ္ကိုအမိန႔္ေပးရင္း မ်က္ရည္ေတြဝဲလာမိသည္။

အရင္ကစိတ္ႏွင့္ဆို မိုးေျမ ကတ္ကတ္လန္ေနသည္အထိ ျပန္ရန္ေတြ့မိမွာျဖစ္ေပမယ့္ အခုေတာ့ စြာေတးလန္တတ္ေသာ ထိုအက်င့္ေဟာင္းေတြလည္း ေပ်ာက္ဆံုးေနၿပီျဖစ္သည္။
သူနဲ႔ပတ္သက္မိကာမွ၊ သူ႔ကိုခ်စ္မိကာမွ မိုးေျမဟာ ႏူးညံ့သိမ္ေမြ့ေသာ မိန္းကေလးတစ္ေယာက္လို ဘာေၾကာင့္ေပ်ာ့ညံ့ေနမိတာလဲ…
တကယ္ဆို မေန့ကတည္းက ဟိုမိန္းမေရ႔ွမွာ မိုးေျမ ဘီလူးမႀကီးလို စိတ္ရိွလက္ရိွေသာင္းက်န္းပစ္ခဲ့သင့္တာ…

"မိုးေျမ"

သူက မိုးေျမေရ႔ွေရာက္လာ၍ မိုးေျမ ႀကိတ္မ်က္ရည္ဝဲေနေသာအျဖစ္ကို ျမင္ေတြ့သြားၿပီး မ်က္ႏွာပ်က္သြားကာ ႏွင္းဆီပန္းေတြကို အဝတ္ေလ်ွာ္စက္ေပၚ လွမ္းတင္သည္။
ခါးေလးမွေထြးေပြ့ကာ တစ္ကိုယ္လံုးကို သူ႔ရင္ခြင္ထဲျမဳပ္သြားသည္အထိ သိမ္းက်ဳံးဖက္ထားေတာ့ သူ႔ဆီက စီးကရက္နံ႔ႏွင့္ ေရေမႊးနံ႔ကို တစ္ၿပိဳင္တည္းရလိုက္၏။
ေနြးေနေသာရင္ခြင္က်ယ္ႀကီးက ငိုခ်လိုက္ဖို႔ကိုသာ လက္တို႔ေနေသာေၾကာင့္ ရန္မေတြ့ႏိုင္ေတာ့ဘဲ သူမမ်က္ရည္ေတြသာ ပိုမ်ားလာခဲ့သည္။

"နင့္ကိုမုန္းတယ္ အစုတ္ပလုတ္ေကာင္ရဲ့ ငါ့ကိုခ်စ္တတ္ေအာင္ သင္ေပးၿပီး ရည္းစားေတြတစ္ေယာက္ၿပီးတစ္ေယာက္ ေပၚေပၚလာတာ"

"မဟုတ္ပါဘူး"

"အဲ့လိုေတြေပၚလာတိုင္း နင့္ကိုငါမပိုင္သလိုပဲ သိလား ခစားစုတ္ နင့္ရင္ခြင္က ငါတစ္ေယာက္တည္းအပိုင္ မျဖစ္ေတာ့ဘူးလား အဟင့္!"

"ရႉး! မငိုပါနဲ႔Candyရယ္ မငိုနဲ႔ေတာ့ေနာ္ ဒီတစ္ခါပဲခြင့္လႊတ္ေပးပါ ငါေနာက္ထပ္ မင္းခံစားရမယ့္ကိစၥဆို စကားနဲ႔ေရာ၊ လူပါ မက်ူးလြန္မိေအာင္ေနမယ္ ေနာ္! ကတိေပးတယ္ Sorryပါကြာ"

"သြား.. ခုမွလာမေခ်ာ့နဲ႔"

"မရဘူး ေခ်ာ့ရမွာပဲ မင္းငိုေနတာနဲ႔တင္ ဒီမွာေသမလိုျဖစ္ေနၿပီသိလား မငိုနဲ႔​ေတာ့ေနာ္ ကေလးက်ေနတာပဲ ငါ့Babyက"

ခပ္ယဲ့ယဲ့အႃပံုးတစ္ခ်က္ျဖင့္ မိုးေျမပါးေလးကိုဆဲြဖဲ့ရင္း သူ ထပ္ေခ်ာ့လာသၫ့္အခါ မိုးေျမ ဆက္ၿပီးမမာေက်ာႏိုင္ေတာ့။
သူ႔ရင္ခြင္ထဲတိုးဝင္ရင္း သူ႔ခါးကိုခပ္တင္းတင္းဖက္ထားလိုက္မိသၫ့္အခါ ခစားက ဆံပင္ေတြထဲမ်က္ႏွာႏွစ္ထားၿပီး တဖြဖြရိႈက္နမ္း၏။
တကယ္ပဲ ေနာက္တစ္ခါထပ္ၿပီး ယံုလိုက္ရမလား…
သူ မိုးေျမကို မPlayေလာက္ပါဘူးေနာ…

"ငိုလို႔ဝရင္ မ်က္လံုးမိွတ္ထား"

"ဘာလုပ္မလို႔လဲ"

"Surpriseေလ လုပ္ပါ မ်က္လံုးမိွတ္"

သူ႔စကားအတိုင္း မိုးေျမမ်က္လံုးေလးမိွတ္လိုက္သည့္အခါ သူက မိုးေျမလက္တစ္ဖက္ကိုဆုပ္ကိုင္ကာ ဧၫ့္ခန္းသို႔ဆဲြေခၚလာ၏။
မိန္းကေလးပီပီ ကိုယ့္ခ်စ္သူရဲ့Surpriseဆိုတာ ဘာမ်ားလဲဟု စိတ္မွန္းျဖင့္ရင္ခုန္ရင္း ႏႈတ္ခမ္းေတြကလည္း အလိုလိုႃပံုးေနခဲ့မိသည္။
ေျခလွမ္းအနည္းငယ္ေလာက္မွာ ခစားကရပ္တံ့သြားေသာေၾကာင့္ သူမလည္းရပ္လိုက္မိကာ မ်က္လံုးေတြဖြင့္ၾကၫ့္မိေတာ့ ပါးစပ္အေဟာင္းသားျဖစ္သြားမိသည္အထိ…

"သြားဖြင့္ၾကၫ့္လိုက္.. မင္း ဘာႀကိဳက္မွန္းမသိလို႔ အကုန္ေကာက္ထၫ့္လာတယ္"

ခါးေလးကိုသိုင္းဖက္ကာ မိုးေျမပခံုးေပၚေမးတင္ရင္း ေျပာလာေသာသူ႔မ်က္ႏွာသည္ အႃပံုးေတြေဝဆာေနမွာ ေသခ်ာသေလာက္ရိွသည္။
Diorတံဆိပ္ျဖင့္ Cosmeticအိတ္ေတြက ဧၫ့္ခန္းစားပဲြမွာ၊ ဆိုဖာေပၚမွာ အပံုလိုက္ရိွေနျခင္းသည္ မိုးေျမလို သာမာန္မိန္းကေလးတစ္ေယာက္အတြက္ အိမ္မက္တစ္ခုလိုပင္…

"ခစားရယ္ ေတာ္ေရာေပါ့တစ္ခုဆို"

"ဘာႀကိဳက္မွန္းမသိလို႔ပါဆို မင္းႀကိဳက္တာယူသံုးေပါ့ မ်ားေနရင္လည္း ရတနာ့ျဖစ္ျဖစ္ တျခားသူငယ္ခ်င္းျဖစ္ျဖစ္ေပးလိုက္
မင္းအတြက္ရည္ရြယ္ထားလို႔ မင္းႀကိဳက္သလို လုပ္ပစ္လို႔ရတယ္ ငါက မင္းကိုအစစအရာရာျဖၫ့္ဆည္းေပးခ်င္ရံုပဲ မယံုေသးဘူးဆိုရင္လည္း မင္းယံုတဲ့အထိ ငါေစာင့္မယ္ မင္းယံုေအာင္လည္း ငါေနေပးမယ္
ငါ့ရင္ခြင္က မင္းတစ္ေယာက္တည္းအပိုင္ပဲ"

ကတိေပးသလိုေျပာလာေသာ သူ႔အသံသည္ ေလးနက္မႈေၾကာင့္ တိုးတိတ္ေန၍ မိုးေျမ လည္ပင္းေလးလိမ္ကာ သူ႔မ်က္ႏွာကိုေမာ့ၾကၫ့္လိုက္မိ၏။
အခါမ်ားစြာျမင္ေနက် သူ႔မ်က္ႏွာသည္ ဒီတစ္ခါမွာပိုၿပီး ေနြးေထြးခ်ိဳၿမိန္ေနခဲ့ရင္း…

"ဘယ္ခ်ိန္ထိလဲ"

"အခုေရာ ေနာင္ေရာ"

တိုးဖြေပမယ့္ ခိုင္မာေသာစကားေၾကာင့္ ရင္ထဲလိႈက္ခနဲျဖစ္သြားၿပီး မိုးေျမသည္ ၾကည္ၾကည္ႏူးႏူးႃပံုးမိကာ သူ႔ပါးတစ္ဖက္ကိုသာ အသာေလးဆဲြဖဲ့မိသည္။
ထိုအခါ မိုးေျမရဲ့ပါးတစ္ဖက္ကို ငံု႔နမ္းလာေသာ သူ႔ႏႈတ္ခမ္းေတြဟာ ခါတိုင္းလိုစိုအိေနကာ စီးကရက္နံ႔ေလးသင္းေနခဲ့၏။

သူ႔အခ်စ္ဟာ မိုးေျမတို႔လက္လွမ္းမမွီတဲ့ မိုးေကာင္းကင္ထက္က တိမ္စိုင္တိမ္ခဲေတြလိုပါပဲ
တစ္ခါတစ္ေလ နီးလာလိုက္
တစ္ခါတစ္ေလ ေဝးသြားလိုက္နဲ႔…

သူဟာ သိပ္ခ်စ္တတ္ခဲ့တဲ့ေယာက်ာ္းတစ္ေယာက္ပါ…
အဲ့လိုပါပဲ မိုးေျမလည္း သူ႔ကိုသိပ္ခ်စ္ခဲ့တာ..
မိုးေျမရဲ့ပထမဆံုးလူနဲ႔ ေနာက္ဆံုးလူအျဖစ္ ဘဝကိုေရာ၊ အသည္းႏွလံုးတစ္ခုလံုးကိုပါ ပံုအပ္ၿပီး မိုးေျမခ်စ္ခဲ့တာ…

ဒါေပမယ့္ မျမင္ရတဲ့ကံဆိုတာႀကီးက မိုးေျမနဲ႔ခစားၾကားမွာ တံတိုင္းတစ္ခုအျဖစ္တိုးဝင္လာတဲ့အခါ..
အဲ့ဒီျဖစ္ရပ္ဆိုးႀကီးေၾကာင့္ ေဝးကြာဖို႔အေၾကာင္းျဖစ္လာတဲ့အခါ..
ႏွစ္ေယာက္လံုးဟာ တစ္ေယာက္ဆီက တစ္ေယာက္
ထြက္သြားၾကဖို႔ကိုပဲ ေရြးခ်ယ္လိုက္ၾကရတယ္

သူ UKသြားဖို႔ တစ္ပတ္အလိုမွာေပါ့…

💌💌💌💌💌💌

"မင္းကားၿပိဳင္ပဲြရိွတာ ငါ့ကိုဘာလို႔မေျပာတာလဲ"

ဖိုးခ်မ္းက သူတို႔ႏွစ္ေယာက္ကို ေခါင္းအံုးႏွင့္လွမ္းေပါက္ရင္း မေက်မနပ္ေမးလာေသာအခါ ခစားက ဖုန္းဆီအၾကည့္ေရာက္ေနရာမွ ပခံုးတြန႔္ျပ၏။
ဖူးခက္မျွပန္ေရာက္ၿပီးကတည္းက ကားၿပိဳင္ပဲြေတြမွာ သူတို႔အုပ္စု လက္ေရွာင္ေနခဲ့ျခင္းျဖစ္ကာ အခုတစ္ေခါက္ကေတာ့ ေရွာင္မရေသာစိန္ေခၚပဲြျဖစ္သည္။
ထံုးစံအတိုင္း နာမည္ေက်ာ္မင္းခစားကို စိန္ေခၚေသာပဲြျဖစ္ၿပီး ဒီကိစၥကိုမိုးေျမျပန္မသိေစရန္ ဘယ္သူ႔ကိုမွေျပာမထားျခင္းျဖစ္သည္။

"Relaxငါ့ေကာင္ရ စိန္ေခၚပဲြမို႔ဟ"

"ဘယ္သူ႔ကိုစိန္ေခၚတာလဲ"

"ဟိုေကာင္ခစားကို"

"လုပ္ျပန္ၿပီ ဟိုတစ္ခါကလည္း Hotelႏွစ္လံုးစလံုးပါသြားတာေနာ္ ထပ္ၿပိဳင္မလို႔လား ခစား"

ခစားေခါင္းညိတ္ျပသၫ့္အခါ ဖိုးခ်မ္းက အေတာ္ေလးမေက်မခ်မ္းျဖစ္သြားကာ လက္သီးႏွင့္လွမ္းထိုးေသာေၾကာင့္ ဝရုန္းသုန္းကားျဖစ္သြား၏။
ဖိုးခ်မ္းက သူ႔အေဖပိုင္ေသာ ကားShowroomတစ္ခုမွာ မကၠင္းနစ္တစ္ေယာက္မို႔ ခစားရဲ့ကားၿပိဳင္ပဲြတိုင္းကို တာဝန္ယူေနက်ေကာင္ျဖစ္သည္။
သို႔ေသာ္ ခစားၿပိဳင္မၫ့္ကားကို အေသးစိပ္ျပဳျပင္ေပးရသူမို႔ ကားၿပိဳင္ပဲြတိုင္းကို ကန႔္ကြက္တတ္သူ…

"မင္း တစ္ခါ ကားေမွာက္ဖူးတယ္ေနာ္ မင္းခစား"

"အဲ့ဒါမင္းေသာက္သံုးမက်လို႔ေလ"

"ဖိုးခ်မ္းကလည္းကြာ ဒီတစ္ခါေသခ်ာလုပ္ေပးလိုက္ေပါ့ UKသြားဖို႔ ဘယ္ေလာက္မွမလိုေတာ့ဘူး ဒီၾကားထဲ အဲ့ဒီႏြားေလး ၿငိမ္ေနရင္ၿပီးတာပဲ"

"လုပ္ကလုပ္ေပးရေသးတယ္ မင္းႏြားက ငါ့ကိုအေကာင္းမေျပာဘူး ေနေသြးရ"

"ေပၚပစ္လိုက္ကြာ အမဲသားေတာင္စားရေသးတယ္"

တစ္ေယာက္ကိုတစ္ေယာက္ ရဲြ႔ေျပာၾကရင္း အၿမီးအေမာက္မတၫ့္ျဖစ္သြားကာ ခစားဆိုသၫ့္ႏြားေလးကေတာ့ တဟဲဟဲရယ္ေနေလ၏။
ဒင္းဟာ မိုးေျမနဲ႔တဲြၿပီးကတည္းက တကယ္ပဲဖဲ့ခ်င္စရာေကာင္းေသာ ႏြားေလးျဖစ္ေနၿပီမို႔ ဝိုင္းစေနာက္ေနၾကသၫ့္တိုင္ အရယ္အေမာမျပတ္ေခ်။
"ကိုယ့္ခ်စ္သူအတြက္ဆို ႏြားႀကီးျဖစ္စမ္းပါေစ"ဟုလည္း ျပန္ရဲြ႔ေနက်မို႔ သူတို႔ဆုေတာင္းခဲ့သလို မိုးေျမကိုဝပ္ျပားေနေအာင္ ခစားတတ္ခဲ့ၿပီျဖစ္သည္။

"မင္းကားလဲထားတာမလား ခစား"

"Audiေငြေရာင္ေလး ၾကာၿပီေလ"

"အဲ့ဒါနဲ႔ၿပိဳင္မွာလား ျမင္းေကာင္ေရဘယ္ေလာက္လဲ"

"၅၆၀"

"ဂီယာကေရာ"

"Autoဂီယာ 6.35လီတာပါ V21အင္ဂ်င္ အဆင္ေျပတယ္မလား"

"မေျပဘူး မင္းကားကျမင့္ေပမယ့္ ၿပိဳင္ကားလုပ္ဖို႔က.."

"အဲ့ဒါမကၠင္းနစ္ရဲ့တာဝန္ပဲမလား"

"အာ! ငါ့ေခါင္းေပၚက်လာျပန္ၿပီ"

ဖိုးခ်မ္းမ်က္ႏွာ ရႈံ႔မဲ့သြားေပမယ့္ ခစားကေတာ့ တဟားဟားရယ္ေနခဲ့သည္။
သို႔ေသာ္ စိန္ေခၚလာတိုင္း အရႈံးမေပးတတ္ေသာ ခစားရဲ့ဉာဥ္ဆိုးကိုလည္း သိေနေသာေၾကာင့္ ဖိုးခ်မ္းခမ်ာ ေခါင္းညိတ္ျပၿပီးသေဘာတူလိုက္ရ၏။
အားလံုးေျပလည္ေရးရသြားေတာ့မွ သူ ခစားကိုေမးဆတ္ကာ…

"UKသြားဖို႔ ဘယ္ေလာက္လိုေသးလဲ"

"တစ္ပတ္"

"အဲ့ဒါကို ကားကၿပိဳင္ခ်င္ေသးတာလား"

"မသြားခင္ေပါ့ကြာ မင္းတို႔ကိုႀကိဳမွာထားရဦးမယ္ ငါကမိုးေျမကိုေခၚသြားခ်င္တာ သူကမလိုက္ခ်င္ဘူးတဲ့ အဲ့ဒါေၾကာင့္မို႔ မင္းတို႔ သူ႔ကိုေသခ်ာေစာင့္ေရွာက္ေပးၾကစမ္းပါ"

"ေအးပါဟ"

"ၿပီးေတာ့ ေနေသြး Graveက ငါ့ဝင္ေငြကို သူ႔ဘဏ္အေကာင့္နဲ႔ခ်ိတ္ေပးထားတယ္ တစ္လတစ္ခါထၫ့္ေပး ၿပီးေတာ့ Pioneer.."

"ေနပါဦး မင္းဟာက အေမြေပးေနတာလား"

အျမင္ကတ္လာ၍ ခပ္ေငါ့ေငါ့ေျပာလိုက္ေတာ့ ခစားက ရယ္က်ဲက်ဲျဖစ္သြားကာ ရွက္ကိုးရွက္ကန္းျဖင့္ လည္ပင္းကိုပြတ္ေန၏။
Graveနဲ႔ Pioneerက ဒီေကာင့္ရဲ့ဝင္ေငြဟာ တစ္လတစ္လကို ရာနဲ႔ခ်ီၿပီးရိွတာမို႔ ဒီေကာင္ဟာ သူ႔Candyေလးကို ဘာမွမလုပ္ေစဘဲ ထိုင္စားေနေစခ်င္ပံုရသည္။

"အမ္းခ်က္ကေတာ့ 9ေလာက္ရိွတယ္"

"ဒါကေတာ့ကြာ ငါ့မွာ သူတစ္ေယာက္တည္းရိွတာကိုး"

"ေအးပါ လုပ္ထားေပးပါ့မယ္ အမ္းကိုႀကီးရယ္ ေနာက္ထပ္ဘာမွာဖို႔က်န္ေသးလဲ"

"ငါကားၿပိဳင္မယ့္အေၾကာင္း မိုးေျမမသိေစနဲ႔ သူသိရင္ငါ့ကိုတားမွာ အႏၲရာယ္မ်ားလို႔မၿပိဳင္ဖို႔ေျပာထားတာ"

"အဲ့ဒါသူကမင္းကိုစိတ္ပူလို႔ပါ ေအးပါ.. မေျပာနဲ႔ဆိုလည္း မေျပာဘူးေပါ့"

BFFမွန္ရင္ ႏႈတ္လံုဖို႔အဓိကမို႔ ကားၿပိဳင္ပဲြကိစၥကို မိုးေျမမသိေအာင္ ဖံုးကြယ္ေပးထားဖို႔ အားလံုးသေဘာတူလိုက္ၾက၏။
အခ်ိန္ေတြဟာ ဘယ္ေလာက္မွမၾကာလိုက္သလိုခံစားမိကာ နာရီေတြ၊ ေန့ရက္ေတြဟာလည္း ဖင္လွၫ့္ေခါင္းလွၫ့္ျဖင့္ ကုန္ဆံုးတာျမန္လြန္းလွသည္။
ဘာလိုလိုနဲ႔ ဒီသတၲဝါေတာင္ ဒီႏိုင္ငံကထြက္သြားဖို႔ ရက္ေတြသိပ္ကပ္ေနၿပီမို႔…

💌💌💌💌💌💌

Part 46 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
48.3K 1.2K 14
နှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တ...
426K 10.2K 44
ပန်းကြွေနက္ခတ်နဲ့ဖွားပြီးပန်းတို့ရဲ့ အရှင်သခင် လို့တင်စားခေါ်ကြတဲ့ နေမျက်နှာဆိုသောထိုယောကျာ်း.......... "ရှင်နဲ့တို့ထိမိတဲ့အပိုင်းတွေဆို ရွံလို့ကိုယ်...
38.6K 2.8K 37
လ​ေရာင္​ဆမ္​းမွ ဖူးပြင္​့ရတဲ့ ၾကာပန္​း​ေလးဟာ ကန္​​ေပၚမွာ မထင္​မ႐ွား​ေပၚ​ေနတဲ့ လရိပ္​​ေလးကိုၾကည္​့ၿပီး လမင္​းႀကီးဟာ သူမအတြက္​ပဲလို႔ သတ္​မွတ္​ထား​ေလရဲ႕...