မိုးမြေခစား

Per SummerMaung

569K 21.4K 827

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... Més

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

43

7.3K 339 11
Per SummerMaung

💌 Part - 43 💌
---------------

မနက်စောစောကတည်းက Graveကိုထွက်လာသောကြောင့် မိုးမြေနိုးပြီလား၊ မနိုးသေးဘူးလား သူစောင့်မကြည့်ခဲ့။
စိတ်ထဲမှာလေနေမိသလို တစ်ယောက်တည်းသာနေချင်၍ ရောက်ကတည်းက Snookerကစားနေမိရင်း ဘယ်သူ့ကိုမှစကားမဆိုမိ။
အသည်းကွဲတယ်ဆိုတာ ဒါမျိုးလားဟု ကိုယ့်ဘာသာအထပ်ထပ်မေးမိချိန် pink ballသည် ကျင်းထဲမဝင်ဘဲ ကျင်းဘေးမှာသာရပ်တံ့သွား၏။
Snookerတစ်ယောက်ရဲ့နှလုံးသားဟာ pink ballသာဖြစ်ပြီး သူ့ရဲ့pink ballကျင်းမဝင်မှတော့ သူ့မှာ သေချာပေါက် နှလုံးသားပြဿနာရှိနေပြီပဲ…

"Boss မင်းကောင်မလေးကဖုန်းဆက်နေတယ် ဘာပြောလိုက်ရမလဲ"

"စော်တစ်ယောက်နဲ့ မနက်စာစားနေတယ်လို့ပြောလိုက်"

ဂျာကြီးက ဖုန်းကိုင်ထားလျက်ဖြင့် မျက်နှာကတမျိုးဖြစ်သွားကာ ထိုမျက်နှာသည် သူပြောသလို မပြောချင်သောလက္ခဏာဖြစ်၏။
ထို့ကြောင့် မျက်နှာကို တမင်တင်းမာပစ်လိုက်ပြီး ဂျာကြီးကိုကျူတံနှင့်ထိုးကာ မေးဆတ်ပြလိုက်တော့မှ ဖုန်းကိုနားမှာပြန်ကပ်ပြီး…

"ကောင်မလေးတစ်ယောက်နဲ့ မနက်စာစားနေတယ်"

"------"

"အဲ့လိုတော့မသိဘူး"

"------"

"OK"

ဂျာကြီးဖုန်းချသွားသည့်အခါ ဘာတွေပြောသလဲဟု သိချင်မိပေမယ့် နောက်ထပ်နာကျင်စရာစကားတွေဆို ဘယ်လိုလုပ်မလဲ..
ကိုယ့်ဘဝရဲ့အမှောင်ခြမ်းတွေကို နားလည်ပေးသူ၊ ဝိဉာဉ်ဖက်ဟု မှတ်ထင်ထားခဲ့သည့် ရင်ဘတ်တစ်ခြမ်းလေးက သူ့ကိုနာကျင်အောင်လုပ်ခဲ့သူလည်း ဖြစ်နေခဲ့သည်။
ချစ်တော့ချစ်ပေမယ့် သူမအနားကိုပြန်မသွားရဲလောက်အောင် ကြောက်ရွံ့သွားမိခြင်းဟာ ယောကျာ်းတန်မဲ့ သတ္တိကြောင်သလို ဖြစ်နေမလား…

"မင်းမဟုတ်သေးပါဘူး ခစားရာ မိုးမြေနဲ့ဘာပြဿနာဖြစ်လာတာလဲ"

"သူက ကျွန်တော့်ကိုမယုံဘူး"

"ဘာမယုံတာလဲ"

"မနေ့ကသူ့ကိုသွားကြိုရင်း သီရိနဲ့တွေ့တာ သူကကားလည်းပျက်၊ မိုးလည်းမိနေလို့ အားနာပြီးကားပေါ်တင်ခေါ်လာတာ သင်တန်းရှေ့နားလေးတင်ပဲ
အဲ့ဒါကို သူ တမျိုးထင်သွားတယ် ဘာမှလည်းမမေးဘူး ဘာမှလည်းပြောခွင့်မပေးဘူး ကျွန်တော့်ကမ္ဘာထဲ မိန်းကလေးတွေအများကြီး ဝင်လိုက်ထွက်လိုက်နဲ့ပဲတဲ့ အဲ့ဒီစကားကြောင့် ဘယ်လောက်ရင်နာရလဲ"

"ဒါကတော့ကွာ မင်းကိုသဝန်တိုလို့ပြောတာပဲဖြစ်မှာပါ မိန်းကလေးဆိုတာ သိပ်အူတိုတတ်တဲ့အမျိုးလေ ပြန်ချော့ပေါ့ကွ ကိုယ်လည်းနေနိုင်တာမှမဟုတ်တာ"

"ကျွန်တော်ကြောက်တယ် ဂျာကြီး"

"ဟေ!"

"ကျွန်တော်လေ ဘယ်သူဘာထင်ထင်၊ ဘယ်လိုတွေပဲတွေးတွေး ဂရုလည်းမစိုက်ခဲ့ဘူး ကျောပေးထားခဲ့တာချည်းပဲ ဒါပေမယ့် သူ့စကားတွေကျ ဂရုစိုက်မိနေတယ် ကျောပေးနေလို့လည်းမရဘူး
သူ့စိတ်နဲ့ ကျွန်တော့်ကိုယ်ဖြစ်သွားပြီ ကျွန်တော်မသိလိုက်မိခင်မှာပဲ သူက ချုပ်ကိုင်နိုင်နေပြီ ကျွန်တော်ကြောက်တယ်"

စကားအဆုံးမှာတော့ မျက်ရည်ဝဲလာမိသောကြောင့် သူ ခေါင်းခါပြလိုက်ပြီး ကတ္တီပါခင်းပေါ်ရှိ ဘောလုံးပန်းရောင်လေးကိုသာ ငုံ့ကြည့်နေလိုက်သည်။
ချစ်ခြင်းတရားတွေမှာ အကြောက်တရားတွေ ရောယှက်လာပြီဆိုလျှင် မိုးမြေနှင့်ဝေးရမှာကိုကြောက်မိသည်။
ဤသို့ဆိုလျှင် သူမဆီက ရင်နာစရာတွေကြားရသည့်တိုင် သူဘယ်လိုမှမခွဲနိုင်တာ သေချာသွားပြီဖြစ်သည်။

ပြန်ချော့တော့မယ်
ဘယ်သူပဲမှားနေနေ၊ မင်းနဲ့ခဏလေးတောင်မခွဲချင်တဲ့ ငါပဲ မှားတာမို့လို့…

💌💌💌💌💌💌

နှစ်ယောက်စာပြင်ဆင်ထားသော ထမင်းကြော်ပန်းကန်တွေကိုကြည့်ရင်း စိတ်ပျက်သွားမိကာ ဘာကိုမှမသိမ်းဆည်းတော့ဘဲ အိပ်ခန်းထဲဝင်ကာ စောင်တစ်ထည်ယူလာခဲ့သည်။
မနေ့ညကတည်းက အပြင်မှာအိပ်ခဲ့သောသူသည် မနက်ကျတော့လည်း အစောကြီးထွက်သွားခဲ့တာမို့ သူ့ရဲ့စိတ်ဆိုးမှုက အတော်လေးပြင်းထန်ပုံရသည်။
တကယ်ဆို သူ ရှင်းပြဖို့ကို မိုးမြေအခွင့်အရေးပေးခဲ့သင့်တာ…

ဆိုဖာပေါ်မှာ စောင်ခြုံပြီးခွေနေရင်း TVဖွင့်လိုက်သောအခါ Foreignလိုင်းတစ်ခုမှ ဘောလုံးပွဲတစ်ခုလာနေ၍ စိတ်မပါပေမယ့်ကြည့်နေလိုက်သည်။
ဘောလုံးတစ်လုံးကို လူအယောက်၂၀လောက်က ဝိုင်းလုကန်နေကြသည်မှာ ဘယ်လိုရသ,မြောက်သလဲမသိသော်ငြား မိုးမြေကတော့ မခံစားတတ်။
ထိုအချိန် အိမ်တံခါးဖွင့်သံကြားလိုက်ရ၍ အိပ်ရာမှမထဘဲ ခေါင်းလေးသာထောင်ကြည့်လိုက်တော့ သူမကိုရှာနေပုံရသည့်ခစား…

ကောင်မလေးနဲ့ မနက်စာစားနေတယ်ဆိုပြီး ဘာပြန်လာလုပ်တာပါလိမ့်..
အတွေးဖြင့် ဆစ်ခနဲနာကျင်သွားမိကာ စောင်ကိုခေါင်းမြီးခြုံပစ်လိုက်ရင်း အသံမပေးဘဲငြိမ်နေလိုက်၏။

"Candy ဘာလို့ပြန်အိပ်နေတာလဲ"

သူမပခုံးလေးကို အသာလေးပုတ်ကာ မေးလာတော့ မိုးမြေအသံပြန်မပေးဘဲ နှုတ်ခမ်းကိုသာဖိကိုက်ထားလိုက်ပြီး မျက်ရည်တွေဝဲတက်လာခဲ့သည်။
သူကရော မိုးမြေနာကျင်စေရမည့်စကားတွေကို မကြာခဏ ထုတ်ပြောတတ်သူမဟုတ်ဘူးလား…

"Angry birdလေး ထပါဦး ငါ့ကိုကြည့်ပါဦး"

သူ့အသံဟာ ညကနှင့်မတူအောင် နွေးထွေးနူးညံ့နေကာ တောင်းပန်လိုခြင်းတွေဖြင့် တိုးဖွနေသည်။
သူ့ဘက်ကနူးညံ့လာသည့်အခါ သူ့ကိုအနိုင်ကျင့်ချင်စိတ်တွေ၊ ရစ်ချင်စိတ်တွေတဖွားဖွားဖြစ်လာရပြီး တမင်အသံမပေးဘဲငြိမ်နေလိုက်၏။

"မိုးမြေ"

ခေါင်းပေါ်ကစောင်ကိုဆွဲချလာသည့်အခါ အတင်းပြန်ဆွဲထားလိုက်ပြီး အမြင်မစမ်းဖြင့် သူ့လက်ကိုပါ ပုတ်ထုတ်ပစ်လိုက်၏။
ထိုအခါမှ ခစားဆီကရယ်သံသဲ့သဲ့ထွက်လာကာ မိုးမြေကို စောင်နှင့်လုံးထွေးပစ်ပြီး ခပ်တင်းတင်းသိုင်းဖက်လာ၍ အသက်ရှူကြပ်သွားမိသည်။
ထို့ကြောင့် မျက်နှာကိုပြန်ဖော်လိုက်ရပြီး သူ့ကိုမကျေမချမ်းကြည့်မိတော့ ဒါကိုကြိုသိနေပုံရသော လူယုတ်မာကပြုံးစိစိ...

"ငါ့Babyက တကယ်ကြီးစိတ်ဆိုးနေတာပဲ"

"ဖယ်"

"ရှင်းပြပါရစေကွာ တကယ်.. အဲ့ဒီတစ်ယောက်ကို မရိုးသားစိတ်နဲ့တင်ခေါ်လာတာ မဟုတ်ပါဘူး ကားကလည်းပျက်၊ မိုးလည်းမိနေလို့လေ"

"မလိုပါဘူး ငါကနင့်ရည်းစားမှမဟုတ်တာ"

"အေး.. မဟုတ်ဘူး ငါ့ကောင်မလေး..ရည်းစားဆိုတာက သိပ်မလေးနက်ဘူးလို့ ငါလည်းထင်မိတာပဲ"

"နင့်အတွက်ငါက အဲ့လောက်ထိလေးနက်နေရင် ဘာလို့ငါရပ်ကြည့်နေတာကို မမြင်နိုင်တာလဲ တော်ပါတော့.. ငါ့ကိုplayနေတာဆိုရင် နင့်ကိုငါအရှုံးပေးပါတယ်"

"ကျစ်! မဟုတ်ဘူးလို့"

ပြောနေရင်း သူကစိတ်တိုသွားသလို မျက်မှောင်ကုတ်သွားပြီး ချက်ချင်းရှူးရှူးရှားရှားဖြစ်သွားကာ မျက်နှာလွှဲသွား၏။
သို့သော် စိတ်လျှော့လိုက်ပုံဖြင့် သက်ပြင်းတစ်ချက်ချကာ မိုးမြေဘက်ပြန်လှည့်လာပြီး…

"Sorryကွာ အဲ့လိုဖြစ်သွားရင် တကယ်တောင်းပန်တယ် နောက်ထပ်မဖြစ်စေရဘူး ဘာအကြောင်းကြောင့်နဲ့မှ တခြားမိန်းမတစ်ယောက်ကို ငါ့ကားပေါ် တင်မခေါ်တော့ဘူး ကတိပေးတယ်"

"မလိုပါဘူး"

"ငါ့အတွက်လိုတယ် မိုးမြေ.. မင်း ငါ့ကိုခုလိုစိတ်ဆိုးနေတာ ငါမနေတတ်ဘူး နေလည်းမနေနိုင်ဘူး ဘယ်သူပဲမှားမှား ငါကပဲတောင်းပန်တယ်
ပြေပါတော့ Candyရယ် တကယ်မနေနိုင်လို့ပါ"

"ဒါကိုပြောဖို့ မနက်စာစားနေရင်း ထပြေးလာတာလား နင့်ကောင်မလေးကရော"

"မင်းသဝန်တိုပြီး လိုက်လာမလားလို့သေချာပြောလိုက်တာ ဟား!"

သွားဖြူဖြူလေးတွေပေါ်သွားသည်အထိ ဟားခနဲရယ်ကာ ရှက်ကိုးရှက်ကန်းဖြင့်မျက်နှာလွှဲသွားသည့်အခါ ခစားသည် ယုန်သူငယ်လေးအတိုင်း ပြောင်းလဲသွားခဲ့သည်။
အတူတူနေတာ ကြာလာလေ သူ့ရဲ့ကလေးဆန်မှု၊ ပွင့်လင်းမှုတွေကို နားလည်လာလေဖြစ်ကာ မင်းခစားဆိုသည်မှာ ဂျစ်ကန်ကန်ဖြင့် အချော့ကြိုက်သောကလေးဆိုးကြီးသာဖြစ်၏။

"နော်လို့ ! Baby"

"မသိဘူး"

"အဲ့ဒါဆို ကတုံးတုံးပြီး ဘုန်းကြီးဝတ်တော့မယ်"

"ဝတ်လည်းနင်ငရဲကြီးမှာ တရားအလုပ် လုပ်ချင်လို့ဝတ်တာမှမဟုတ်တာ သာသနာ့အမှိုက်ကြီးပဲဖြစ်လာမှာ"

"ဟာ!"

"နင်သေရင်လည်း ဒေဝဒတ်နဲ့အဇာတသတ်ကြားက ငရဲအိုးထဲကျမှာ"

"ကြူးတယ်လို့တော့မထင်ပါနဲ့ Babyရယ် ဘယ်နေရာပဲဖြစ်ဖြစ် ငါ့အနား မင်းရှိနေရင်  Paradiseပဲ မင်းကိုချစ်မိတဲ့စိတ်က နေပူထဲဖြစ်ဖြစ်၊ မိုးရွာထဲဖြစ်ဖြစ် Paradiseတစ်ခုလို ငါ့ကိုငြိမ်းချမ်းစေတယ်"

"မယုံပါဘူး"

"မင်းသိလား ငါကော်ဖီမသောက်ဘူး ဆေးမသုံးဘူး ဂိမ်းမဆော့ဘူး
စွဲတတ်တယ်ဆိုတဲ့အရာတွေကို တကူးတကရှောင်ခဲ့တဲ့ ဒီကောင်က မင်းကိုမှမရှောင်နိုင်တော့တာ"

သူမ တခစ်ခစ်ရယ်မိရင်း ခစားရင်ခွင်ထဲတိုးဝင်လိုက်သည့်အခါ မိုးမြေကိုပြန်ထွေးပွေ့လာသော သူ့လက်တွေက သံယောဇဥ်ကြိုးတွေလို မသိမသာတင်းကြပ်လာခဲ့သည်။
ခစားဆက်ချော့နေလျှင် မိုးမြေနှလုံးသားတင်မက တစ်ကိုယ်လုံးပါအရည်ပျော်တော့မှာမို့ ကြည်နူးနေမိသည့်စိတ်က သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းပစ်လိုက်မိသည်အထိ။
မိုးမြေလေ သူ့ကိုအရမ်းချစ်တာပဲ…

"တကယ်တမ်း အဲ့ဒါကဗျာစာအုပ်ထဲက စကားတွေ"

"ဘာ!"

"ဘယ်လိုချော့ရမှန်းမသိလို့ ကျက်လာတာ"

ပြုံးစိစိဖြင့် အပြစ်ရှိသူလိုဝန်ခံလာသော သူ့ကြောင့် မိုးမြေ နင်သွားမိကာ သူ့နားရွက်ကိုသာ အားကုန်ဆွဲလိမ်ပစ်လိုက်မိသည်အထိ။
ထိုအခါကျတော့လည်း တဟားဟားအော်ရယ်ရင်း မိုးမြေတစ်ကိုယ်လုံးကိုပွေ့ယူကာ အနမ်းကြမ်းတွေကို မျက်နှာအနှံ့အတင်းခြွေချလာတော့၏။

ခက်တာက အမြင်ကတ်ပေမယ့် မိုးမြေ ကျေနပ်သွားမိတာပါပဲ…

💌💌💌💌💌💌

"ဟေ့ကောင် ဒီညsky barထိုင်ရအောင်"

ဟုဖုန်းဆက်လာသော ခစား၏အသံက ပုံမှန်ပဲမို့ စိတ်ထဲသနားသွားမိကာ လုပ်လက်စအလုပ်တောင် ရပ်လိုက်မိသည်အထိ။
မိုးမြေနဲ့စကားများပြီး မနက်အစောကြီးကတည်းက Graveကိုရောက်နေသည်ဟု သိရကာ အတော်လေးစိတ်လေနေပုံလည်းရသည်။
ထို့ကြောင့် အကြာကြီးမစဥ်းစားတော့ဘဲ…

"အေး လာခဲ့မယ်လေ ဘယ်သူတွေရောပါဦးမလဲ"

"အားလုံးကိုခေါ်ထားတယ် ထွန်းမြတ်ကတော့ မလိုက်နိုင်ဘူးတဲ့ အလုပ်ရှိသေးလို့တဲ့"

"Aww အေးပါ မင်းသောက်နေသေးလား"

"နည်းနည်းသောက်နေတယ် အရက်တော့မဟုတ်ဘူး"

အရက်မဟုတ်ရင် ဒီကောင် အပြင်းတွေပဲ မော့နေသလား…
ကျွတ်ခနဲဖြစ်သွားပြီးမှ ဒီကောင် လေနေမှန်းသတိရလိုက်၍ ဘာမှထပ်မပြောဖြစ်တော့ဘဲ ဖုန်းကိုလက်ပြောင်းကိုင်လိုက်သည်။

"အေးပါ မများနဲ့ကွာ ညနေထပ်တွေ့မှာပဲ တခြားဘယ်သူပါဦးမှာလဲ"

"မပါဘူး"

"အေး ပြီးရော အမူးသောက်ကြမယ် ယောက်ဖ"

"OK"

ခစားဖုန်းချသွားသည့်အခါ လုပ်လက်စဖိုင်တွေကို ဆက်ဖြည့်နေချိန် တံခါးခေါက်သံကြားလိုက်ရ၍ တံခါးကိုတစ်ချက်လှမ်းကြည့်မိပြန်သည်။
တကယ်ဆို ဒီအလုပ်ဟာ သူ့အလုပ်မဟုတ်ပါဘဲ အဖေ့ရဲ့အလုပ်ကို လာပြီးကူညီပေးရခြင်းဖြစ်ကာ ဒီရုံးခန်းသည်လည်း အဖေ့ရဲ့ရုံးခန်းဖြစ်သည်။
ဤသို့ဆိုလျှင် တံခါးလာခေါက်သူဟာ ကုမ္ပဏီထဲမှတစ်ယောက်ယောက်ဖြစ်ပုံရ၏။

"Aww.. ညီလေးရောက်နေတာလား"

တံခါးဖွင့်သံနှင့်အတူ တည်ငြိမ်စွာနှုတ်ဆက်လာသော ကိုရာဇကြောင့် ဆံပင်တွေထောင်သွားသလို ခံစားလိုက်ရပြီး ထိုင်ရမလို ထရမလိုဖြစ်သွားမိသည်။
ခစားကိစ္စနှင့်ပတ်သက်ပြီး ခစားရဲ့မိသားစုဝင်တိုင်းကို တမင်ရှောင်နေခဲ့ခြင်းဖြစ်ကာ ဒီနေ့မှာမှ အဖေ့ရုံးကိုရောက်လာခဲ့တာမို့…

"ဟုတ်တယ် ကိုကြီး အဖေကသွေးတိုးနေလို့ ဒီနေ့မလာဘူး အလုပ်တွေက လက်စသပ်စရာတွေရှိနေသေးလို့ ကျွန်တော်ပဲလာလိုက်တာ"

"ကောင်းတာပေါ့ မိဘအလုပ်ဆိုတာ တစ်နေ့နေ့ ကိုယ်ပဲဦးဆောင်ရတော့မှာလေ အခုလိုဆို ဦးတို့လည်း အဆင်ပြေတာပေါ့"

"ဟုတ်ကဲ့"

"ခစားနဲ့ရော တွေ့ဖြစ်သေးလား"

"မတွေ့ဖြစ်ဘူး ကိုကြီး ကျွန်တော်က ဖူးခက်ကပြန်ရောက်ကတည်းက တောင်ကြီးဘက်ခရီးထွက်နေတာနဲ့ သူနဲ့ကိုမဆုံဖြစ်ဘူး
အဲ့ကောင် အိမ်ပြန်မလာဘူးလား"

"မလာဘူး ငါ့ညီရ ဒီလကုန်လောက် အစ်ကိုတို့က ဂျပန်ကိုသွားဖို့ရှိတယ်လေ အဲ့ဒီကိစ္စပြောဖို့ကို ပေါ်မလာဘူး ခါတိုင်းလို Snookerခန်းမှာပဲ ပျော်မွေ့နေလောက်တယ်"

"ဟုတ်မယ် ဟဲဟဲ"

Snookerခန်းမှာမဟုတ်ဘူး၊ မိုးမြေရင်ခွင်ထဲမှာ ဟု ပြောချချင်နေသောကိုယ့်ပါးစပ်ကို အချိန်မီထိန်းချုပ်ကာ တဟဲဟဲရယ်နေလိုက်ရ၏။
ဆက်ပြောနေလျှင်လည်း လိမ်ထားသမျှပေါ်တော့မှာမို့ ကိုရာဇကိုအားနာမိပေမယ့် စကားလမ်းကြောင်းလွှဲဖို့စိတ်ကူးဖြင့် ချောင်းတစ်ချက်အရင်ဟန့်လိုက်သည်။
ထိုအခါမှ ကိုရာဇက သတိရသွားသလို လက်ထဲပါလာသော စာရွက်တချို့ကို သူ့ဆီလှမ်းပေးရင်း…

"ဂျပန်တွေနဲ့ပူးပေါင်းစာချုပ် ချုပ်ဖို့လေ အဲ့ဒီအတွက် ဘုတ်အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုနဲ့ လက်မှတ်တွေလိုသေးတယ် အဲ့ဒီကိစ္စအတွက်လည်း အစည်းအဝေးရှိတယ်ဆိုတာလေးနဲ့ ဒီစာရွက်တွေကို ညီ့အဖေဆီပေးပေးပါ
စာရွက်တွေက အချက်အလက်တွေနဲ့ ကုမ္ပဏီProfitကို အသေးစိပ်တွက်ပြထားတာမို့လို့ ပေါက်ကြားလို့တော့မဖြစ်ဘူး နည်းနည်းဂရုစိုက်ပေးပါ"

"ဟုတ်ကဲ့"

"ဒါဆို ကိုယ်သွားတော့မယ်"

"ဟုတ်ကဲ့ ဖြည်းဖြည်းပြန်ပါဗျ"

စာရွက်တွေကိုလှမ်းယူရင်း မရိပ်မိအောင် ပြုံးပြနှုတ်ဆက်ရင်း ကိုရာဇထွက်သွားသည့်အခါ သူ့မှာပါးညောင်းနေခဲ့လေ၏။
သက်ပြင်းမောကြီးချလိုက်မိပေမယ့် BFFတစ်ယောက်ရဲ့သစ္စာတရားဟာ ဒါတွေလည်းအပါအဝင်မို့ အချက်အလက်ဆိုသည့်စာရွက်တွေကို အံဆွဲထဲထိုးထည့်လိုက်၏။

ရုံးဆင်းချိန်ရောက်တော့ ခစားပြောသည့် Grave skybarကိုထွက်လာခဲ့ကာ သူ့ကားဆိုက်ရောက်ချိန်တွင် အချိန်ကိုက်ရောက်လာတာက တိမ်တိုက်၏ကားဖြစ်သည်။
ထိုကောင်ကလည်း သူ့လိုပင်၊ လေလွင့်နေသောနွားလေးကို သနားစိတ်ဖြင့်ရောက်လာခြင်းဖြစ်လောက်၏။

"နေသွေး မင်းဘာမှဆူမနေနဲ့နော် အသည်းကွဲတယ်ဆိုတာ ဘာဆေးမှမရှိဘူး"

"ငါကဘာလုပ်နေလို့လဲ"

"မင်းက မိုးမြေကိုပြန်ခေါ်လာခဲ့တဲ့ကောင်ဆိုတော့ ခစားကိုလှိမ့်ဆဲနေမှာ ငါသိတယ် အဲ့ဒါကြောင့် တားနေတာ"

နှစ်ယောက်သား စကားတပြောပြောဖြင့် barကိုရောက်လာသည့်အခါ Grave skybarမှာ မီးတွေတောင်ဖွင့်ထားပြီဖြစ်သည်။
Bandကလည်း မြူးကြွကြွသီချင်းလေးတစ်ပုဒ်ဖြင့် ဖျော်ဖြေနေသောကြောင့် Barထိုင်သူတွေကလည်းရယ်မောတက်ကြွနေကြ၍ Barသည် ပိုပြီးအသက်ဝင်နေကြ၏။

"Aww ကိုနေသွေးတို့လာပြီ"

"အင်!"     "​soutကျိုးနည်း"

သူရော၊ တိမ်တိုက်ပါ ပြိုင်တူရေရွတ်မိသွားသလို ခစားအနားမှာကပ်ထိုင်နေသော မိုးမြေရဲ့ပုံရိပ်ကြောင့် မအီမလည်ကြီးခံစားလိုက်ရသည်။
ဟိုတစ်ခါ ညစာစားကတည်းက ထိုနှစ်ယောက်ကို မျက်မုန်းကျိုးနေခဲ့ပြီမို့ ဟိုနွားလေးကို သနားမိသည့် ကိုယ်ကိုယ်ကိုတောင် ဒေါသဖြစ်သွားမိသည်။
ရောက်လာမှတော့ ပြန်ဖို့အဆင်မပြေတော့၍ နေရာမှာဝင်ထိုင်လိုက်သည့်အခါ ခစားက သူတို့အားလုံးကို မိန့်မိန့်ကြီးဝေ့ကြည့်ကာ…

"ဒီနေ့က ငါနဲ့မိုးမြေနဲ့တွဲတာ ၂၅ရက်ပြည့်တဲ့အနေနဲ့ မင်းတို့အားလုံးကို ဒကာခံတာ"

"ဘာ၂၅ရက်တုန်းဟ မကြားဖူးပါဘူး"

"အခုကြားဖူးသွားပြီမလား နှစ်နဲ့ဆိုရင်တော့ ငွေရတုပေါ့ အခုကရက်ပိုင်းဆိုတော့ ငွေရက်လို့မှတ်ထားလိုက်"

"Ballကိုငွေရက်ပါလား ဒီကောင်နည်းနည်းလေးမှ သောက်ချိုးမပြေဘူး ခုထိ"

"ကဲပါ.. သောက်စရာရှိတာသောက်ပြီး စားစရာရှိတာပဲစားစမ်းပါကွာ ၂၅ရက်ဆိုလည်း ၂၅ရက်ပေါ့"

တိမ်တိုက်က ခစားကိုချဥ်သလိုကြီးကြည့်ရင်းပြောလိုက်တော့ သူပါခေါင်းညိတ်ပြလိုက်မိသည်။
ထိုခွေးကောင် သူ့ကောင်မလေးနဲ့ပြန်အဆင်ပြေသွား၍ သူတို့အားလုံးကိုခေါ်ပြီး ခွေးစာကျွေးဖို့ကြံစည်ထားတာကို ဘယ်သူမှမသိလည်း သူသိသည်။

ထင်ထားသည့်အတိုင်း မိုးမြေကိုပဲကြည့်နေသော ကျက်သတုံးကောင်က ဆံပင်လေးသပ်ပေးလိုက်၊ Cocktailခွက်တွေလဲပေးလိုက်ရှိကာ တစ်ချက်တစ်ချက်မှာ မသိသာဖြင့် ခိုးခိုးနမ်းတတ်သေးသည်။
နှစ်ယောက်တည်းကမ္ဘာဖြစ်နေသော ထိုနှစ်ကောင်ကြောင့် အားလုံးမသိချင်ယောင် ဆောင်နေကြရပြီး ကျက်သတုံးခစားကိုသာ ကြိတ်ကျိန်ဆဲနေကြလောက်၏။

ခွေးစုတ် နွားစုတ်မင်းခစား…
စော်နဲ့စကားများရင်တော့ ကိုယ်တွေကပဲ လိုက်ခေါ်ရ၊ ဖြေဆေးထိုးရ..
အဆင်လည်းပြေရော၊ ခွေးစာတွေကျွေးပါလေရော…
အတော်အကဲပိုတဲ့ ကျက်သတုံးစောင်RSတွေ…

💌💌💌💌💌💌

Part 44 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

  
💌 Part - 43 💌
---------------

မနက္ေစာေစာကတည္းက Graveကိုထြက္လာေသာေၾကာင့္ မိုးေျမႏိုးၿပီလား၊ မႏိုးေသးဘူးလား သူေစာင့္မၾကၫ့္ခဲ့။
စိတ္ထဲမွာေလေနမိသလို တစ္ေယာက္တည္းသာေနခ်င္၍ ေရာက္ကတည္းက Snookerကစားေနမိရင္း ဘယ္သူ႔ကိုမွစကားမဆိုမိ။
အသည္းကဲြတယ္ဆိုတာ ဒါမ်ိဳးလားဟု ကိုယ့္ဘာသာအထပ္ထပ္ေမးမိခ်ိန္ pink ballသည္ က်င္းထဲမဝင္ဘဲ က်င္းေဘးမွာသာရပ္တံ့သြား၏။
Snookerတစ္ေယာက္ရဲ့ႏွလံုးသားဟာ pink ballသာျဖစ္ၿပီး သူ႔ရဲ့pink ballက်င္းမဝင္မွေတာ့ သူ႔မွာ ေသခ်ာေပါက္ ႏွလံုးသားျပႆနာရိွေနၿပီပဲ…

"Boss မင္းေကာင္မေလးကဖုန္းဆက္ေနတယ္ ဘာေျပာလိုက္ရမလဲ"

"ေစာ္တစ္ေယာက္နဲ႔ မနက္စာစားေနတယ္လို႔ေျပာလိုက္"

ဂ်ာႀကီးက ဖုန္းကိုင္ထားလ်က္ျဖင့္ မ်က္ႏွာကတမ်ိဳးျဖစ္သြားကာ ထိုမ်က္ႏွာသည္ သူေျပာသလို မေျပာခ်င္ေသာလကၡဏာျဖစ္၏။
ထို႔ေၾကာင့္ မ်က္ႏွာကို တမင္တင္းမာပစ္လိုက္ၿပီး ဂ်ာႀကီးကိုက်ူတံႏွင့္ထိုးကာ ေမးဆတ္ျပလိုက္ေတာ့မွ ဖုန္းကိုနားမွာျပန္ကပ္ၿပီး…

"ေကာင္မေလးတစ္ေယာက္နဲ႔ မနက္စာစားေနတယ္"

"------"

"အဲ့လိုေတာ့မသိဘူး"

"------"

"OK"

ဂ်ာႀကီးဖုန္းခ်သြားသၫ့္အခါ ဘာေတြေျပာသလဲဟု သိခ်င္မိေပမယ့္ ေနာက္ထပ္နာက်င္စရာစကားေတြဆို ဘယ္လိုလုပ္မလဲ..
ကိုယ့္ဘဝရဲ့အေမွာင္ျခမ္းေတြကို နားလည္ေပးသူ၊ ဝိဉာဉ္ဖက္ဟု မွတ္ထင္ထားခဲ့သၫ့္ ရင္ဘတ္တစ္ျခမ္းေလးက သူ႔ကိုနာက်င္ေအာင္လုပ္ခဲ့သူလည္း ျဖစ္ေနခဲ့သည္။
ခ်စ္ေတာ့ခ်စ္ေပမယ့္ သူမအနားကိုျပန္မသြားရဲေလာက္ေအာင္ ေၾကာက္ရြံ႔သြားမိျခင္းဟာ ေယာက်ာ္းတန္မဲ့ သတၲိေၾကာင္သလို ျဖစ္ေနမလား…

"မင္းမဟုတ္ေသးပါဘူး ခစားရာ မိုးေျမနဲ႔ဘာျပႆနာျဖစ္လာတာလဲ"

"သူက ကၽြန္ေတာ့္ကိုမယံုဘူး"

"ဘာမယံုတာလဲ"

"မေန့ကသူ႔ကိုသြားႀကိဳရင္း သီရိနဲ႔ေတြ့တာ သူကကားလည္းပ်က္၊ မိုးလည္းမိေနလို႔ အားနာၿပီးကားေပၚတင္ေခၚလာတာ သင္တန္းေရ႔ွနားေလးတင္ပဲ
အဲ့ဒါကို သူ တမ်ိဳးထင္သြားတယ္ ဘာမွလည္းမေမးဘူး ဘာမွလည္းေျပာခြင့္မေပးဘူး ကၽြန္ေတာ့္ကမ႓ာထဲ မိန္းကေလးေတြအမ်ားႀကီး ဝင္လိုက္ထြက္လိုက္နဲ႔ပဲတဲ့ အဲ့ဒီစကားေၾကာင့္ ဘယ္ေလာက္ရင္နာရလဲ"

"ဒါကေတာ့ကြာ မင္းကိုသဝန္တိုလို႔ေျပာတာပဲျဖစ္မွာပါ မိန္းကေလးဆိုတာ သိပ္အူတိုတတ္တဲ့အမ်ိဳးေလ ျပန္ေခ်ာ့ေပါ့ကြ ကိုယ္လည္းေနႏိုင္တာမွမဟုတ္တာ"

"ကၽြန္ေတာ္ေၾကာက္တယ္ ဂ်ာႀကီး"

"ေဟ!"

"ကၽြန္ေတာ္ေလ ဘယ္သူဘာထင္ထင္၊ ဘယ္လိုေတြပဲေတြးေတြး ဂရုလည္းမစိုက္ခဲ့ဘူး ေက်ာေပးထားခဲ့တာခ်ည္းပဲ ဒါေပမယ့္ သူ႔စကားေတြက် ဂရုစိုက္မိေနတယ္ ေက်ာေပးေနလို႔လည္းမရဘူး
သူ႔စိတ္နဲ႔ ကၽြန္ေတာ့္ကိုယ္ျဖစ္သြားၿပီ ကၽြန္ေတာ္မသိလိုက္မိခင္မွာပဲ သူက ခ်ဳပ္ကိုင္ႏိုင္ေနၿပီ ကၽြန္ေတာ္ေၾကာက္တယ္"

စကားအဆံုးမွာေတာ့ မ်က္ရည္ဝဲလာမိေသာေၾကာင့္ သူ ေခါင္းခါျပလိုက္ၿပီး ကတၲီပါခင္းေပၚရိွ ေဘာလံုးပန္းေရာင္ေလးကိုသာ ငံု႔ၾကၫ့္ေနလိုက္သည္။
ခ်စ္ျခင္းတရားေတြမွာ အေၾကာက္တရားေတြ ေရာယွက္လာၿပီဆိုလ်ွင္ မိုးေျမႏွင့္ေဝးရမွာကိုေၾကာက္မိသည္။
ဤသို႔ဆိုလ်ွင္ သူမဆီက ရင္နာစရာေတြၾကားရသၫ့္တိုင္ သူဘယ္လိုမွမခဲြႏိုင္တာ ေသခ်ာသြားၿပီျဖစ္သည္။

ျပန္ေခ်ာ့ေတာ့မယ္
ဘယ္သူပဲမွားေနေန၊ မင္းနဲ႔ခဏေလးေတာင္မခဲြခ်င္တဲ့ ငါပဲ မွားတာမို႔လို႔…

💌💌💌💌💌💌

ႏွစ္ေယာက္စာျပင္ဆင္ထားေသာ ထမင္းေၾကာ္ပန္းကန္ေတြကိုၾကၫ့္ရင္း စိတ္ပ်က္သြားမိကာ ဘာကိုမွမသိမ္းဆည္းေတာ့ဘဲ အိပ္ခန္းထဲဝင္ကာ ေစာင္တစ္ထည္ယူလာခဲ့သည္။
မေန့ညကတည္းက အျပင္မွာအိပ္ခဲ့ေသာသူသည္ မနက္က်ေတာ့လည္း အေစာႀကီးထြက္သြားခဲ့တာမို႔ သူ႔ရဲ့စိတ္ဆိုးမႈက အေတာ္ေလးျပင္းထန္ပံုရသည္။
တကယ္ဆို သူ ရွင္းျပဖို႔ကို မိုးေျမအခြင့္အေရးေပးခဲ့သင့္တာ…

ဆိုဖာေပၚမွာ ေစာင္ႃခံုၿပီးေခြေနရင္း TVဖြင့္လိုက္ေသာအခါ Foreignလိုင္းတစ္ခုမွ ေဘာလံုးပဲြတစ္ခုလာေန၍ စိတ္မပါေပမယ့္ၾကၫ့္ေနလိုက္သည္။
ေဘာလံုးတစ္လံုးကို လူအေယာက္၂၀ေလာက္က ဝိုင္းလုကန္ေနၾကသည္မွာ ဘယ္လိုရသ,ေျမာက္သလဲမသိေသာ္ျငား မိုးေျမကေတာ့ မခံစားတတ္။
ထိုအခ်ိန္ အိမ္တံခါးဖြင့္သံၾကားလိုက္ရ၍ အိပ္ရာမွမထဘဲ ေခါင္းေလးသာေထာင္ၾကၫ့္လိုက္ေတာ့ သူမကိုရွာေနပံုရသၫ့္ခစား…

ေကာင္မေလးနဲ႔ မနက္စာစားေနတယ္ဆိုၿပီး ဘာျပန္လာလုပ္တာပါလိမ့္..
အေတြးျဖင့္ ဆစ္ခနဲနာက်င္သြားမိကာ ေစာင္ကိုေခါင္းၿမီးႃခံုပစ္လိုက္ရင္း အသံမေပးဘဲၿငိမ္ေနလိုက္၏။

"Candy ဘာလို႔ျပန္အိပ္ေနတာလဲ"

သူမပခံုးေလးကို အသာေလးပုတ္ကာ ေမးလာေတာ့ မိုးေျမအသံျပန္မေပးဘဲ ႏႈတ္ခမ္းကိုသာဖိကိုက္ထားလိုက္ၿပီး မ်က္ရည္ေတြဝဲတက္လာခဲ့သည္။
သူကေရာ မိုးေျမနာက်င္ေစရမၫ့္စကားေတြကို မၾကာခဏ ထုတ္ေျပာတတ္သူမဟုတ္ဘူးလား…

"Angry birdေလး ထပါဦး ငါ့ကိုၾကၫ့္ပါဦး"

သူ႔အသံဟာ ညကႏွင့္မတူေအာင္ ေနြးေထြးႏူးညံ့ေနကာ ေတာင္းပန္လိုျခင္းေတျြဖင့္ တိုးဖြေနသည္။
သူ႔ဘက္ကႏူးညံ့လာသၫ့္အခါ သူ႔ကိုအႏိုင္က်င့္ခ်င္စိတ္ေတြ၊ ရစ္ခ်င္စိတ္ေတြတဖြားဖြားျဖစ္လာရၿပီး တမင္အသံမေပးဘဲၿငိမ္ေနလိုက္၏။

"မိုးေျမ"

ေခါင္းေပၚကေစာင္ကိုဆဲြခ်လာသၫ့္အခါ အတင္းျပန္ဆဲြထားလိုက္ၿပီး အျမင္မစမ္းျဖင့္ သူ႔လက္ကိုပါ ပုတ္ထုတ္ပစ္လိုက္၏။
ထိုအခါမွ ခစားဆီကရယ္သံသဲ့သဲ့ထြက္လာကာ မိုးေျမကို ေစာင္ႏွင့္လံုးေထြးပစ္ၿပီး ခပ္တင္းတင္းသိုင္းဖက္လာ၍ အသက္ရႉၾကပ္သြားမိသည္။
ထို႔ေၾကာင့္ မ်က္ႏွာကိုျပန္ေဖာ္လိုက္ရၿပီး သူ႔ကိုမေက်မခ်မ္းၾကၫ့္မိေတာ့ ဒါကိုႀကိဳသိေနပံုရေသာ လူယုတ္မာကႃပံုးစိစိ...

"ငါ့Babyက တကယ္ႀကီးစိတ္ဆိုးေနတာပဲ"

"ဖယ္"

"ရွင္းျပပါရေစကြာ တကယ္.. အဲ့ဒီတစ္ေယာက္ကို မရိုးသားစိတ္နဲ႔တင္ေခၚလာတာ မဟုတ္ပါဘူး ကားကလည္းပ်က္၊ မိုးလည္းမိေနလို႔ေလ"

"မလိုပါဘူး ငါကနင့္ရည္းစားမွမဟုတ္တာ"

"ေအး.. မဟုတ္ဘူး ငါ့ေကာင္မေလး..ရည္းစားဆိုတာက သိပ္မေလးနက္ဘူးလို႔ ငါလည္းထင္မိတာပဲ"

"နင့္အတြက္ငါက အဲ့ေလာက္ထိေလးနက္ေနရင္ ဘာလို႔ငါရပ္ၾကၫ့္ေနတာကို မျမင္ႏိုင္တာလဲ ေတာ္ပါေတာ့.. ငါ့ကိုplayေနတာဆိုရင္ နင့္ကိုငါအရႈံးေပးပါတယ္"

"က်စ္! မဟုတ္ဘူးလို႔"

ေျပာေနရင္း သူကစိတ္တိုသြားသလို မ်က္ေမွာင္ကုတ္သြားၿပီး ခ်က္ခ်င္းရႉးရႉးရွားရွားျဖစ္သြားကာ မ်က္ႏွာလႊဲသြား၏။
သို႔ေသာ္ စိတ္ေလ်ွာ့လိုက္ပံုျဖင့္ သက္ျပင္းတစ္ခ်က္ခ်ကာ မိုးေျမဘက္ျပန္လွၫ့္လာၿပီး…

"Sorryကြာ အဲ့လိုျဖစ္သြားရင္ တကယ္ေတာင္းပန္တယ္ ေနာက္ထပ္မျဖစ္ေစရဘူး ဘာအေၾကာင္းေၾကာင့္နဲ႔မွ တျခားမိန္းမတစ္ေယာက္ကို ငါ့ကားေပၚ တင္မေခၚေတာ့ဘူး ကတိေပးတယ္"

"မလိုပါဘူး"

"ငါ့အတြက္လိုတယ္ မိုးေျမ.. မင္း ငါ့ကိုခုလိုစိတ္ဆိုးေနတာ ငါမေနတတ္ဘူး ေနလည္းမေနႏိုင္ဘူး ဘယ္သူပဲမွားမွား ငါကပဲေတာင္းပန္တယ္
ေျပပါေတာ့ Candyရယ္ တကယ္မေနႏိုင္လို႔ပါ"

"ဒါကိုေျပာဖို႔ မနက္စာစားေနရင္း ထေျပးလာတာလား နင့္ေကာင္မေလးကေရာ"

"မင္းသဝန္တိုၿပီး လိုက္လာမလားလို႔ေသခ်ာေျပာလိုက္တာ ဟား!"

သြားျဖဴႁဖူေလးေတြေပၚသြားသည္အထိ ဟားခနဲရယ္ကာ ရွက္ကိုးရွက္ကန္းျဖင့္မ်က္ႏွာလႊဲသြားသၫ့္အခါ ခစားသည္ ယုန္သူငယ္ေလးအတိုင္း ေျပာင္းလဲသြားခဲ့သည္။
အတူတူေနတာ ၾကာလာေလ သူ႔ရဲ့ကေလးဆန္မႈ၊ ပြင့္လင္းမႈေတြကို နားလည္လာေလျဖစ္ကာ မင္းခစားဆိုသည္မွာ ဂ်စ္ကန္ကန္ျဖင့္ အေခ်ာ့ႀကိဳက္ေသာကေလးဆိုးႀကီးသာျဖစ္၏။

"ေနာ္လို႔ ! Baby"

"မသိဘူး"

"အဲ့ဒါဆို ကတံုးတံုးၿပီး ဘုန္းႀကီးဝတ္ေတာ့မယ္"

"ဝတ္လည္းနင္ငရဲႀကီးမွာ တရားအလုပ္ လုပ္ခ်င္လို႔ဝတ္တာမွမဟုတ္တာ သာသနာ့အမိႈက္ႀကီးပဲျဖစ္လာမွာ"

"ဟာ!"

"နင္ေသရင္လည္း ေဒဝဒတ္နဲ႔အဇာတသတ္ၾကားက ငရဲအိုးထဲက်မွာ"

"ၾကဴးတယ္လို႔ေတာ့မထင္ပါနဲ႔ Babyရယ္ ဘယ္ေနရာပဲျဖစ္ျဖစ္ ငါ့အနား မင္းရိွေနရင္  Paradiseပဲ မင္းကိုခ်စ္မိတဲ့စိတ္က ေနပူထဲျဖစ္ျဖစ္၊ မိုးရြာထဲျဖစ္ျဖစ္ Paradiseတစ္ခုလို ငါ့ကိုၿငိမ္းခ်မ္းေစတယ္"

"မယံုပါဘူး"

"မင္းသိလား ငါေကာ္ဖီမေသာက္ဘူး ေဆးမသံုးဘူး ဂိမ္းမေဆာ့ဘူး
စဲြတတ္တယ္ဆိုတဲ့အရာေတြကို တကူးတကေရွာင္ခဲ့တဲ့ ဒီေကာင္က မင္းကိုမွမေရွာင္ႏိုင္ေတာ့တာ"

သူမ တခစ္ခစ္ရယ္မိရင္း ခစားရင္ခြင္ထဲတိုးဝင္လိုက္သည့္အခါ မိုးေျမကိုျပန္ေထြးေပြ့လာေသာ သူ႔လက္ေတြက သံေယာဇဥ္ႀကိဳးေတြလို မသိမသာတင္းၾကပ္လာခဲ့သည္။
ခစားဆက္ေခ်ာ့ေနလ်ွင္ မိုးေျမႏွလံုးသားတင္မက တစ္ကိုယ္လံုးပါအရည္ေပ်ာ္ေတာ့မွာမို႔ ၾကည္ႏူးေနမိသၫ့္စိတ္က သူ႔ႏႈတ္ခမ္းေတြကို ဖိကပ္နမ္းပစ္လိုက္မိသည္အထိ။
မိုးေျမေလ သူ႔ကိုအရမ္းခ်စ္တာပဲ…

"တကယ္တမ္း အဲ့ဒါကဗ်ာစာအုပ္ထဲက စကားေတြ"

"ဘာ!"

"ဘယ္လိုေခ်ာ့ရမွန္းမသိလို႔ က်က္လာတာ"

ႃပံုးစိစိျဖင့္ အျပစ္ရိွသူလိုဝန္ခံလာေသာ သူ႔ေၾကာင့္ မိုးေျမ နင္သြားမိကာ သူ႔နားရြက္ကိုသာ အားကုန္ဆဲြလိမ္ပစ္လိုက္မိသည္အထိ။
ထိုအခါက်ေတာ့လည္း တဟားဟားေအာ္ရယ္ရင္း မိုးေျမတစ္ကိုယ္လံုးကိုေပြ့ယူကာ အနမ္းၾကမ္းေတြကို မ်က္ႏွာအႏွံ႔အတင္းႁခြေခ်လာေတာ့၏။

ခက္တာက အျမင္ကတ္ေပမယ့္ မိုးေျမ ေက်နပ္သြားမိတာပါပဲ…

💌💌💌💌💌💌

"ေဟ့ေကာင္ ဒီညsky barထိုင္ရေအာင္"

ဟုဖုန္းဆက္လာေသာ ခစား၏အသံက ပံုမွန္ပဲမို႔ စိတ္ထဲသနားသြားမိကာ လုပ္လက္စအလုပ္ေတာင္ ရပ္လိုက္မိသည္အထိ။
မိုးေျမနဲ႔စကားမ်ားၿပီး မနက္အေစာႀကီးကတည္းက Graveကိုေရာက္ေနသည္ဟု သိရကာ အေတာ္ေလးစိတ္ေလေနပံုလည္းရသည္။
ထို႔ေၾကာင့္ အၾကာႀကီးမစဥ္းစားေတာ့ဘဲ…

"ေအး လာခဲ့မယ္ေလ ဘယ္သူေတြေရာပါဦးမလဲ"

"အားလံုးကိုေခၚထားတယ္ ထြန္းျမတ္ကေတာ့ မလိုက္ႏိုင္ဘူးတဲ့ အလုပ္ရိွေသးလို႔တဲ့"

"Aww ေအးပါ မင္းေသာက္ေနေသးလား"

"နည္းနည္းေသာက္ေနတယ္ အရက္ေတာ့မဟုတ္ဘူး"

အရက္မဟုတ္ရင္ ဒီေကာင္ အျပင္းေတြပဲ ေမာ့ေနသလား…
ကၽြတ္ခနဲျဖစ္သြားၿပီးမွ ဒီေကာင္ ေလေနမွန္းသတိရလိုက္၍ ဘာမွထပ္မေျပာျဖစ္ေတာ့ဘဲ ဖုန္းကိုလက္ေျပာင္းကိုင္လိုက္သည္။

"ေအးပါ မမ်ားနဲ႔ကြာ ညေနထပ္ေတြ့မွာပဲ တျခားဘယ္သူပါဦးမွာလဲ"

"မပါဘူး"

"ေအး ၿပီးေရာ အမူးေသာက္ၾကမယ္ ေယာက္ဖ"

"OK"

ခစားဖုန္းခ်သြားသၫ့္အခါ လုပ္လက္စဖိုင္ေတြကို ဆက္ျဖၫ့္ေနခ်ိန္ တံခါးေခါက္သံၾကားလိုက္ရ၍ တံခါးကိုတစ္ခ်က္လွမ္းၾကၫ့္မိျပန္သည္။
တကယ္ဆို ဒီအလုပ္ဟာ သူ႔အလုပ္မဟုတ္ပါဘဲ အေဖ့ရဲ့အလုပ္ကို လာၿပီးကူညီေပးရျခင္းျဖစ္ကာ ဒီရံုးခန္းသည္လည္း အေဖ့ရဲ့ရံုးခန္းျဖစ္သည္။
ဤသို႔ဆိုလ်ွင္ တံခါးလာေခါက္သူဟာ ကုမၸဏီထဲမွတစ္ေယာက္ေယာက္ျဖစ္ပံုရ၏။

"Aww.. ညီေလးေရာက္ေနတာလား"

တံခါးဖြင့္သံႏွင့္အတူ တည္ၿငိမ္စြာႏႈတ္ဆက္လာေသာ ကိုရာဇေၾကာင့္ ဆံပင္ေတြေထာင္သြားသလို ခံစားလိုက္ရၿပီး ထိုင္ရမလို ထရမလိုျဖစ္သြားမိသည္။
ခစားကိစၥႏွင့္ပတ္သက္ၿပီး ခစားရဲ့မိသားစုဝင္တိုင္းကို တမင္ေရွာင္ေနခဲ့ျခင္းျဖစ္ကာ ဒီေန့မွာမွ အေဖ့ရံုးကိုေရာက္လာခဲ့တာမို႔…

"ဟုတ္တယ္ ကိုႀကီး အေဖကေသြးတိုးေနလို႔ ဒီေန့မလာဘူး အလုပ္ေတြက လက္စသပ္စရာေတြရိွေနေသးလို႔ ကၽြန္ေတာ္ပဲလာလိုက္တာ"

"ေကာင္းတာေပါ့ မိဘအလုပ္ဆိုတာ တစ္ေန့ေန့ ကိုယ္ပဲဦးေဆာင္ရေတာ့မွာေလ အခုလိုဆို ဦးတို႔လည္း အဆင္ေျပတာေပါ့"

"ဟုတ္ကဲ့"

"ခစားနဲ႔ေရာ ေတြ့ျဖစ္ေသးလား"

"မေတြ့ျဖစ္ဘူး ကိုႀကီး ကၽြန္ေတာ္က ဖူးခက္ကျပန္ေရာက္ကတည္းက ေတာင္ႀကီးဘက္ခရီးထြက္ေနတာနဲ႔ သူနဲ႔ကိုမဆံုျဖစ္ဘူး
အဲ့ေကာင္ အိမ္ျပန္မလာဘူးလား"

"မလာဘူး ငါ့ညီရ ဒီလကုန္ေလာက္ အစ္ကိုတို႔က ဂ်ပန္ကိုသြားဖို႔ရိွတယ္ေလ အဲ့ဒီကိစၥေျပာဖို႔ကို ေပၚမလာဘူး ခါတိုင္းလို Snookerခန္းမွာပဲ ေပ်ာ္ေမြ့ေနေလာက္တယ္"

"ဟုတ္မယ္ ဟဲဟဲ"

Snookerခန္းမွာမဟုတ္ဘူး၊ မိုးေျမရင္ခြင္ထဲမွာ ဟု ေျပာခ်ခ်င္ေနေသာကိုယ့္ပါးစပ္ကို အခ်ိန္မီထိန္းခ်ဳပ္ကာ တဟဲဟဲရယ္ေနလိုက္ရ၏။
ဆက္ေျပာေနလ်ွင္လည္း လိမ္ထားသမ်ွေပၚေတာ့မွာမို႔ ကိုရာဇကိုအားနာမိေပမယ့္ စကားလမ္းေၾကာင္းလႊဲဖို႔စိတ္ကူးျဖင့္ ေခ်ာင္းတစ္ခ်က္အရင္ဟန႔္လိုက္သည္။
ထိုအခါမွ ကိုရာဇက သတိရသြားသလို လက္ထဲပါလာေသာ စာရြက္တခ်ိဳ႕ကို သူ႔ဆီလွမ္းေပးရင္း…

"ဂ်ပန္ေတြနဲ႔ပူးေပါင္းစာခ်ဳပ္ ခ်ဳပ္ဖို႔ေလ အဲ့ဒီအတြက္ ဘုတ္အဖဲြ႔ဝင္ေတြရဲ့ သေဘာတူညီမႈနဲ႔ လက္မွတ္ေတြလိုေသးတယ္ အဲ့ဒီကိစၥအတြက္လည္း အစည္းအေဝးရိွတယ္ဆိုတာေလးနဲ႔ ဒီစာရြက္ေတြကို ညီ့အေဖဆီေပးေပးပါ
စာရြက္ေတြက အခ်က္အလက္ေတြနဲ႔ ကုမၸဏီProfitကို အေသးစိပ္တြက္ျပထားတာမို႔လို႔ ေပါက္ၾကားလို႔ေတာ့မျဖစ္ဘူး နည္းနည္းဂရုစိုက္ေပးပါ"

"ဟုတ္ကဲ့"

"ဒါဆို ကိုယ္သြားေတာ့မယ္"

"ဟုတ္ကဲ့ ျဖည္းျဖည္းျပန္ပါဗ်"

စာရြက္ေတြကိုလွမ္းယူရင္း မရိပ္မိေအာင္ ႃပံုးျပႏႈတ္ဆက္ရင္း ကိုရာဇထြက္သြားသၫ့္အခါ သူ႔မွာပါးေညာင္းေနခဲ့ေလ၏။
သက္ျပင္းေမာႀကီးခ်လိုက္မိေပမယ့္ BFFတစ္ေယာက္ရဲ့သစၥာတရားဟာ ဒါေတြလည္းအပါအဝင္မို႔ အခ်က္အလက္ဆိုသၫ့္စာရြက္ေတြကို အံဆဲြထဲထိုးထၫ့္လိုက္၏။

ရံုးဆင္းခ်ိန္ေရာက္ေတာ့ ခစားေျပာသၫ့္ Grave skybarကိုထြက္လာခဲ့ကာ သူ႔ကားဆိုက္ေရာက္ခ်ိန္တြင္ အခ်ိန္ကိုက္ေရာက္လာတာက တိမ္တိုက္၏ကားျဖစ္သည္။
ထိုေကာင္ကလည္း သူ႔လိုပင္၊ ေလလြင့္ေနေသာႏြားေလးကို သနားစိတ္ျဖင့္ေရာက္လာျခင္းျဖစ္ေလာက္၏။

"ေနေသြး မင္းဘာမွဆူမေနနဲ႔ေနာ္ အသည္းကဲြတယ္ဆိုတာ ဘာေဆးမွမရိွဘူး"

"ငါကဘာလုပ္ေနလို႔လဲ"

"မင္းက မိုးေျမကိုျပန္ေခၚလာခဲ့တဲ့ေကာင္ဆိုေတာ့ ခစားကိုလိွမ့္ဆဲေနမွာ ငါသိတယ္ အဲ့ဒါေၾကာင့္ တားေနတာ"

ႏွစ္ေယာက္သား စကားတေျပာေျပာျဖင့္ barကိုေရာက္လာသၫ့္အခါ Grave skybarမွာ မီးေတြေတာင္ဖြင့္ထားၿပီျဖစ္သည္။
Bandကလည္း ျမဴးႂကြၾကြသီခ်င္းေလးတစ္ပုဒ္ျဖင့္ ေဖ်ာ္ေျဖေနေသာေၾကာင့္ Barထိုင္သူေတြကလည္းရယ္ေမာတက္ႂကြေနၾက၍ Barသည္ ပိုၿပီးအသက္ဝင္ေနၾက၏။

"Aww ကိုေနေသြးတို႔လာၿပီ"

"အင္!"     "​soutက်ိဳးနည္း"

သူေရာ၊ တိမ္တိုက္ပါ ၿပိဳင္တူေရရြတ္မိသြားသလို ခစားအနားမွာကပ္ထိုင္ေနေသာ မိုးေျမရဲ့ပံုရိပ္ေၾကာင့္ မအီမလည္ႀကီးခံစားလိုက္ရသည္။
ဟိုတစ္ခါ ညစာစားကတည္းက ထိုႏွစ္ေယာက္ကို မ်က္မုန္းက်ိဳးေနခဲ့ၿပီမို႔ ဟိုႏြားေလးကို သနားမိသၫ့္ ကိုယ္ကိုယ္ကိုေတာင္ ေဒါသျဖစ္သြားမိသည္။
ေရာက္လာမွေတာ့ ျပန္ဖို႔အဆင္မေျပေတာ့၍ ေနရာမွာဝင္ထိုင္လိုက္သၫ့္အခါ ခစားက သူတို႔အားလံုးကို မိန႔္မိန႔္ႀကီးေဝ့ၾကၫ့္ကာ…

"ဒီေန့က ငါနဲ႔မိုးေျမနဲ႔တဲြတာ ၂၅ရက္ျပၫ့္တဲ့အေနနဲ႔ မင္းတို႔အားလံုးကို ဒကာခံတာ"

"ဘာ၂၅ရက္တုန္းဟ မၾကားဖူးပါဘူး"

"အခုၾကားဖူးသြားၿပီမလား ႏွစ္နဲ႔ဆိုရင္ေတာ့ ေငြရတုေပါ့ အခုကရက္ပိုင္းဆိုေတာ့ ေငြရက္လို႔မွတ္ထားလိုက္"

"Ballကိုေငြရက္ပါလား ဒီေကာင္နည္းနည္းေလးမွ ေသာက္ခ်ိဳးမေျပဘူး ခုထိ"

"ကဲပါ.. ေသာက္စရာရိွတာေသာက္ၿပီး စားစရာရိွတာပဲစားစမ္းပါကြာ ၂၅ရက္ဆိုလည္း ၂၅ရက္ေပါ့"

တိမ္တိုက္က ခစားကိုခ်ဥ္သလိုႀကီးၾကၫ့္ရင္းေျပာလိုက္ေတာ့ သူပါေခါင္းညိတ္ျပလိုက္မိသည္။
ထိုေခြးေကာင္ သူ႔ေကာင္မေလးနဲ႔ျပန္အဆင္ေျပသြား၍ သူတို႔အားလံုးကိုေခၚၿပီး ေခြးစာကၽြေးဖို႔ႀကံစည္ထားတာကို ဘယ္သူမွမသိလည္း သူသိသည္။

ထင္ထားသၫ့္အတိုင္း မိုးေျမကိုပဲၾကၫ့္ေနေသာ က်က္သတံုးေကာင္က ဆံပင္ေလးသပ္ေပးလိုက္၊ Cocktailခြက္ေတြလဲေပးလိုက္ရိွကာ တစ္ခ်က္တစ္ခ်က္မွာ မသိသာျဖင့္ ခိုးခိုးနမ္းတတ္ေသးသည္။
ႏွစ္ေယာက္တည္းကမ႓ာျဖစ္ေနေသာ ထိုႏွစ္ေကာင္ေၾကာင့္ အားလံုးမသိခ်င္ေယာင္ ေဆာင္ေနၾကရၿပီး က်က္သတံုးခစားကိုသာ ႀကိတ္က်ိန္ဆဲေနၾကေလာက္၏။

ေခြးစုတ္ ႏြားစုတ္မင္းခစား…
ေစာ္နဲ႔စကားမ်ားရင္ေတာ့ ကိုယ္ေတြကပဲ လိုက္ေခၚရ၊ ေျဖေဆးထိုးရ..
အဆင္လည္းေျပေရာ၊ ေခြးစာေတြကၽြေးပါေလေရာ…
အေတာ္အကဲပိုတဲ့ က်က္သတံုးေစာင္RSေတြ…

💌💌💌💌💌💌

Part 44 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continua llegint

You'll Also Like

254K 27.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
38.6K 2.8K 37
လ​ေရာင္​ဆမ္​းမွ ဖူးပြင္​့ရတဲ့ ၾကာပန္​း​ေလးဟာ ကန္​​ေပၚမွာ မထင္​မ႐ွား​ေပၚ​ေနတဲ့ လရိပ္​​ေလးကိုၾကည္​့ၿပီး လမင္​းႀကီးဟာ သူမအတြက္​ပဲလို႔ သတ္​မွတ္​ထား​ေလရဲ႕...
360K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 95.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.