မိုးမြေခစား

By SummerMaung

571K 21.5K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

42

7.1K 302 5
By SummerMaung

💌 Part - 42 💌
---------------

သင်တန်းထဲကထွက်လာသည်နှင့် မိုးသက်လေကြောင့် ရေမှုန်တွေစင်လာသောကြောင့် မိုးမြေခြေဖျားမှာ ရေတွေစိုကုန်၏။
ဒီနှစ်အတွက် ပထမဆုံးရွာသော မိုးဦးဖြစ်ပေမယ့် ရေအတော်ပါပြီး မြေပြင်ကိုရွှဲရွှဲစိုအောင်ရွာချနေ၍ မီးရောင်အောက်မှာ မိုးသည်းနေပုံကလည်း ကြည့်ကောင်းနေသည်။

"စာအုပ်တွေ မိုးစိုကုန်တော့မှာပဲ"

သင်တန်းအဝင်ဝနှင့် ကားလမ်းမအကြားမှာ လှေကားတွေ ၇ထစ်လောက်ရှိနေကာ Romanticမဆန်တတ်သော မိုးမြေရဲ့ကောင်လေးကလည်း ထီးပါလာမှာမဟုတ်။
ဒီမိုးထဲသို့ ဒီအတိုင်းထွက်ပြေးလျှင်လည်း လူရော၊စာအုပ်တွေပါ ရွှဲရွှဲစိုသွားမှာ သေချာသလောက်ရှိသည်။
ထိုအချိန် ကားဘေးသို့ထိုးရပ်လာသော ခစားမောင်းလာသည့်ကားကို လှမ်းမြင်လိုက်ရကာ သူတစ်ယောက်တည်းမဟုတ်သည်ကိုလည်း သတိထားမိလိုက်သည်။

ကားအရှေ့ခန်း မိုးမြေထိုင်နေကျနေရာမှာ ကောင်မလေးတစ်ယောက်ရှိနေခဲ့ပြီး မှန်ကအကြည်ဖြစ်နေ၍ သူတို့နှစ်ယောက်ကို မြင်နေရသည်။
ခစားရဲ့ကားက မှန်အနက်တွေတပ်ထားပြီး အပြင်ကကြည့်လျှင် မမြင်ရသောမှန်တွေဖြစ်ကာ ဒီကားကတော့ ဘယ်သူ့ကားကို ယူလာမှန်းမသိ။
သူဟာ ထိုမိန်းကလေးနှင့် စကားတွေပြောနေခဲ့သည်မှာ မိုးမြေရပ်ကြည့်နေမှန်းတောင် ဂရုမစိုက်နိုင်လောက်သည်အထိ…

"အဟင်း!"

မျက်ရည်ဝဲလာမိ၍ မျက်နှာကိုမော့ပြီး အသက်မဲ့စွာတစ်ချက်ရယ်လိုက်ကာ ကားပေါ်မှာရှိနေသေးသောသူ့ကို တစ်ချက်ကြည့်မိပြန်သည်။
မိုးမြေကို အခုထက်ထိမမြင်သေးသောသူ့ကြောင့် မသိမသာနာကျင်သွားပြီး မိုးမြေသည် မိုးရေထဲကို ဒီအတိုင်းထွက်လာခဲ့၏။
အေးစက်သောမိုးပေါက်တို့က ဦးခေါင်းကို တခဏအတွင်းရွှဲနင့်သွားစေပြီး သူမတစ်ကိုယ်လုံးကို စိုစွတ်သွားစေသည်။

"မိုး​ရေထဲမှာငိုရတာ သဘောကျတယ် ကျွန်တော်ငိုနေတာကို ဘယ်သူမှမသိလို့"

ဆိုသည့် ချာလီချက်ပလင်၏စကားကို ပြန်ကြားယောင်လာရင်း ကားလမ်းမအတိုင်း သူမ ထွက်ပြေးလာခဲ့သည်။
သူ့အချစ်ကို အယုံအကြည်ရှိသလားဟုမေးလာလျှင် မိုးမြေခေါင်းညိတ်မိမည်ဖြစ်သလို ခေါင်းလည်းခါမိသွားနိုင်သည်။
တစ်ပါးသူတွေ၏အသည်းနှလုံးတွေကို ထင်သလိုကစားလာသည့်ထိုလူဟာ မိုးမြေအပေါ်မှာရော မကစားဘူးဟု ဘယ်သူမှအာမ မခံနိုင်။

ဖူးခက်မှာတစ်ခါ၊ အခုတစ်ခါ..
သူ့ဘေးမှာတစ်ယောက်ယောက်ရှိနေတိုင်း မိုးမြေဟာ သူ့ကိုတစ်ယောက်တည်းမပိုင်သလို ခံစားမိသည်။
သူတစ်ယောက်ကိုသာ အရာရာပုံအပ်ပြီးချစ်ခဲ့သူမို့ သူ့အနားမှာ တခြားမိန်းမတစ်ယောက်တွေ့မိတိုင်း အရှင်လတ်လတ်မီးကင်ခံရသလို ဖျတ်ဖျတ်လူးမတတ် ခံစားရသည်။
ဒါကိုတော့ သူ မသိနိုင်…

တီ! တီ!

ကားဟွန်းသံကြောင့် လမ်းဘေးကိုကပ်ပေးလိုက်ကာ ဘယ်ကကားလဲဟုစိတ်မဝင်စား၍ နောက်ကိုလည်းလှည့်မကြည့်ဖြစ်ခဲ့။
မိုးမြေလမ်းဘေးကပ်ပေးလိုက်သည့်တိုင် ကားဟွန်းသံက ရပ်မသွား၍ ခစားဟုအလိုလိုသိလိုက်ကာ နှုတ်ခမ်းကို အလိုလိုဖိကိုက်ပစ်လိုက်မိသည်။

"မင်းရူးနေတာလား မိုးမြေ"

စူးခနဲအသံကျယ်ကြီးကို မိုးသည်းနေသည့်အကြားမှ ကြားဖြစ်အောင်ကြားလိုက်ကာ ကားသည် မိုးမြေ၏နံဘေးသို့ရောက်လာသည်။
ကားမှန်ကိုချကာ အော်ဟစ်နေပုံက မိုးမြေကိုစိတ်တိုနေမှန်းသိသာပြီး လက်ရှိအချိန်မှာ မိုးမြေသည်လည်း သူ့မျက်နှာကိုမကြည့်ချင်။
ကိုယ့်ကမ္ဘာမှာ သူတစ်ယောက်သာရှိပေမယ့် သူ့ကမ္ဘာမှာတော့ မိန်းမတွေအများကြီးမဟုတ်လား…

"မင်းကိုငါခေါ်နေတာ"

ဤစကားကိုလည်း မိုးမြေအရေးမလုပ်ဘဲနေလိုက်တော့ သူက ကားကိုမောင်းထွက်သွားကာ ရှေ့နားအရောက်မှာထိုးရပ်ပစ်လိုက်သည်။
ထို့နောက် ကားပေါ်မှဆင်းလာပြီး မိုးမြေရှေ့ကို ဒေါကြီးမောကြီးဖြင့်ရောက်ချလာပြီး လက်တစ်ဖက်ကိုဆောင့်ဆွဲပစ်လိုက်၍ အောင့်မျက်နာကျင်သွားမိ၏။
သို့သော် ပိုပြီးနာကျင်မိတာက ရင်ဘတ်ထဲမှာ…

"ငါ့ကိုလွှတ်"

"ဘာသဘောနဲ့ လျှောက်သွားနေတာလဲ ငါလာကြိုတာမမြင်ဘူးလား"

"မြင်တာပေါ့ မြင်လွန်းလို့ နင်နဲ့ထိုင်နေတဲ့မိန်းမကိုပါ ငါမြင်တဲ့အထိပဲ ဘာလဲ ငါ့ဆီကလိုချင်တာအကုန်ရသွားပြီဆိုတော့ နင်ကအသစ်ရှာပြီလား"

"ဘာ!"

"နင့်ဘဝ နင့်ကမ္ဘာထဲမှာ မိန်းမတွေအများကြီးပဲ တစ်ယောက်ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ အခုအချိန်ထိပဲ"

သူ့မျက်နှာ တဖြည်းဖြည်းတင်းမာလာသလို မိုးမြေကို ဖိဆုပ်ထားသည့်လက်တစ်ဖက်ကလည်း တင်းကျပ်သထက် တင်းကျပ်လာ၏။
သူ ဘယ်လောက်အထိ ဒေါသဖြစ်သွားမလဲဟု မိုးမြေခန့်မှန်းမိကာ မှန်ရာပြောရလျှင် ဤအချိန်မှာ မိုးမြေသည် သူ့ကိုခံစားသွားရအောင် ပြောပစ်ချင်စိတ်တွေသာ ကြီးစိုးနေခဲ့သည်။

"မင်းက နည်းနည်းလောက်ချစ်ပြလိုက်တာနဲ့ စောက်ရူးတစ်ယောက်လို ဖြစ်သွားတာပဲ"

နာကျင်သွားသလား၊ ဝမ်းနည်းသွားသလား မသိတော့သည့် သူ့အသံဟာ အနည်းငယ်တုန်ယင်နေကာ လေသံတွေကအစ ဖျော့တော့နေခဲ့၏။
ဒေါသတကြီးပေါက်ကွဲရမည့်အစား ထိုလေသံလေးဖြင့်တုံ့ပြန်ပြောဆိုပြီး မိုးမြေလက်ကိုလွှတ်ချကာ လှည့်ထွက်သွားသောကြောင့် သူမ ကြောင်အ,သွားမိသည်။

တစ်ဆက်တည်းမှာပင် ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားသော သူ့ကြောင့် မိုးမြေငိုချင်လာခဲ့ပြီး နေရာမှာပဲထိုင်ချကာ ကလေးတစ်ယောက်လို အော်ငိုပစ်လိုက်မိသည်။
တကယ်ဆို မဟုတ်ပါဘူး မိုးရွာနေလို့လမ်းကြုံတင်လာတာပါ Candyရယ်ဟု ချော့မော့ပြောပြီး မိုးမြေကို ပြန်ခေါ်သင့်သည်မဟုတ်လား…

ချစ်လွန်းလို့ပါ…
ချစ်လွန်းလို့ နင့်အပေါ်သဝန်တို၊ ရန်ရှာမိတာကို
နင်က ဒီလိုကြီးထားရက်ခဲ့သလား…

💌💌💌💌💌💌

"သင်တန်းနားမှာက ဟုတ်တယ်လေ ငါရှာနေတာကြာလှပြီဟ"

"အဲ့ဒီနားမှာ သေချာရှာစမ်းပါကွာ"

"အေးပါ ဆက်ရှာလိုက်ဦးမယ် တိမ်တိုက်နဲ့ဖိုးချမ်းကိုလည်း လွှတ်ထားတယ် မင်းလည်းမှောက်မနေနဲ့"

"တွေ့အောင်သာရှာခဲ့စမ်းပါ"

ထောင့်မကျိုးစွာမှာတမ်းချွေရင်း ဖုန်းချသွားသောခစားကို ပျစ်ပျစ်နှစ်နှစ်ဆဲချင်သွားပေမယ့် အောင့်အည်းနေလိုက်ရသည်။
မိုးမြေကိုသွားကြိုသည်ဆိုပြီး ရေစိုအဝတ်တွေဖြင့် ပြန်ရောက်လာကာ Graveမှာ ပုလင်းထောင်နေပြီမို့ မနေနိုင်သော သူတို့အုပ်စုကသာ မိုးမြေကိုလိုက်ရှာရတော့၏။

"ငါ့မှာတော့ ချစ်လိုက်ရတာကွာ မထိရက်မကိုင်ရက်နဲ့ နုဖတ်အုအက်နေအောင် သေချာပြုပြင်ပေးထားတာ"

"အေးလေ ငါတို့သိသားပဲ"

"အဲ့ဒါကို ငါ့ကိုဘာပြောတယ်ထင်လဲ ငါ့ကမ္ဘာကြီးမှာ မိန်းမတွေ ခဏခဏဝင်လိုက်ထွက်လိုက်နဲ့ဆိုပဲ အဲ့လိုဝင်ထွက်သွားတဲ့ဟာတွေအတွက် ငါကပိုက်ဆံအကုန်ခံမယ်ထင်နေတာလားမသိဘူး ငါ့အချစ်နဲ့မတန်နဲ့မိန်းမ.."

"မင်းကလည်း"

"တွေ့အောင်ရှာခဲ့ပေး နေသွေး.. ငါသူ့ကိုပစ်ထားခဲ့တာ ဒီအချိန်မှာရိုက်သဝာ်ချင်လောက်အောင် မကျေနပ်ပေမယ့် စိတ်မချဘူး
ပြီးရင်အိမ်ကိုပြန်ပို့ပေး.. သူအအေးမိမယ်"

မူးမူးရူးရူးဖြင့် ပြောချင်ရာပြောနေသော ဒင်းစကားကိုလည်း စိတ်မဝင်စားအားဘဲ ကားသော့ကိုယူကာထွက်လာခဲ့မိတာက ချက်ချင်းဖြစ်သည်။
မင်းခစားရဲ့ ဘုဂလန့်လုပ်တတ်ပုံကို သိနေပါလျက် မိုးမြေကလည်း ဘာကြောင့်ထိုသို့ပြောလိုက်သလဲမသိ…
သက်ပြင်းတစ်ချက်ချမိချိန်တွင် သင်တန်းအမိုးအောက် အပေါ်ဆုံးလှေကားထစ်တွင် ငုတ်တုပ်လေးထိုင်နေသော အရိပ်ကလေးကို လှမ်းမြင်လိုက်ရသည်။

"မိုးမြေ"

သူက မိုးကာပါပြီးသားမို့ ထီးတစ်ချောင်းကိုယူကာ ကားပေါ်ကဆင်းပြေးလာခဲ့ပြီး ထိုအရိပ်အနားပြေးလာခဲ့တော့ တကယ်ပဲမိုးမြေဖြစ်နေ၏။
နှုတ်ခမ်းတွေပြာနေပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပေမယ့် သူမက ဒူးကိုခပ်တင်းတင်းပွေ့ကာ အံကြိတ်ပြီးငြိမ်နေခဲ့သည်။

"ထစမ်း.. မင်းတို့နှစ်ကောင်ကြောင့် ငါအတော်ဒုက္ခရောက်နေတာ"

"ကျွန်မ မိုးတိတ်မှကိုယ့်ဘာသာပြန်မယ်"

"ဘယ်ပြန်မှာလဲ ဟိုကောင်ကလည်းပုလင်းထောင်နေပြီ မင်းကလည်း ပေကပ်နေသေးတယ် ထ.."

"ဟင့်အင်း မလိုက်ဘူး သူခေါ်ခိုင်းလိုက်တာမလား"

"မိုးမြေ မင်းခေါင်းမာမနေစမ်းနဲ့ မင်းတို့ချင်း ဘာပြဿနာပဲဖြစ်ဖြစ် မင်းအခုဖြစ်နေတဲ့ပုံနဲ့ ဆေးရုံရောက်သွားလိမ့်မယ်"

"ဟင့်အင်း"

ပြောမရဆိုမရဖြင့် ခေါင်းမာလွန်းသော ဒီဟာလေးသည် ခစားရဲ့ကောင်မလေးပီသလွန်း၍ တော်တော်စိတ်ညစ်သွားရပြီး မိုးမြေအနားမှာထိုင်ချလိုက်သည်။
တစ်ချက်တစ်ချက် တုန်ယင်သွားသော သူမကြောင့် သက်ပြင်းတစ်ချက်ချရင်း ကားဆီကို စိတ်လေလေဖြင့်လှမ်းကြည့်လိုက်မိ၏။

"ခစားက မင်းကိုသိပ်ချစ်တာပါ မိုးမြေရာ"

"ဒါပေမယ့် သူက မိုးမြေတစ်ယောက်တည်းအပိုင်မဟုတ်ပါဘူး သူ့အနားမှာ မိန်းကလေးတစ်ယောက် အမြဲရှိနေတယ်သိလား အဲ့ဒီအခါတွေတိုင်း သူ့ကို ကျွန်မ,မပိုင်သလိုပဲ"

"အဲ့ဒါကိုကမဟုတ်တာပဲ ငါ့ညီမရာ မင်းကိုသူဘယ်လောက်ချစ်လဲ မင်းလည်းသိတယ် ငါတို့လည်းမြင်တွေ့နေတာပဲ ငါ့ကောင်မို့ပြောတာမဟုတ်ဘူး မင်းခစားက မင်းကိုမှသည်းသည်းလှုပ်ချစ်တာပါ ခေါင်းအစခြေအဆုံး အရိပ်တကြည့်ကြည့်နဲ့လေ
မင်းပြောသလိုပြောရရင် သူ့ဘဝထဲကို ဝင်ထွက်နေတဲ့မိန်းကလေးတွေ အများကြီးပဲ ဒါပေမယ့် သူ့အနားမှာရှိခဲ့တာဆိုလို့ မင်းပဲရှိတာ"

ထိုအခါ မိုးမြေကခဏတော့ငြိမ်သွားပြီးမှ အင့်ခနဲရှိုက်ငိုကာ မျက်နှာကိုလက်ဖဝါးလေးတွေဖြင့် ဖိအုပ်သွားကာ တအီးအီးအော်ငိုပစ်၏။
ငိုချလိုက်မှလည်း တင်းမာနေသောစိတ်တွေဟာ ပြေလျော့သွားမှာမို့ ဘာမှထပ်မပြောတော့ဘဲ ငြိမ်နေလိုက်ရင်း မိုးမြေကိုတွေ့ပြီဖြစ်ကြောင်း တိမ်တိုက်တို့ဆီစာပို့ထားလိုက်သည်။
ဤတွင် ခစားက အိမ်ကိုပြန်ပို့ပေးဖို့ မက်ဆေ့ပြန်ပို့လာသောကြောင့် ဖုန်းကိုပြန်သိမ်းလိုက်ပြီး မိုးမြေပခုံးကိုလှမ်းတို့လိုက်ကာ…

"ပြန်ရအောင် အဲ့ကောင်လည်းမှောက်နေလောက်ပြီ"

"သူကဘယ်မှာလဲ"

"Graveမှာ"

"သူ့အင်္ကျီတွေရေစိုနေမှာ အအေးမိနေလိမ့်မယ် သူ့ကိုအရင်သွားခေါ်ရအောင်ပါ အဲ့ဒါပြီးမှအိမ်ပြန်ပို့ပေးပါလား"

"ရတယ် မင်းသာ အခုထလိုက်"

ဆိုမှ ထိုင်ရာမှထရပ်သောကြောင့် သူ နောက်တစ်ကြိမ်သက်ပြင်းချရင်း ထရပ်လိုက်သည်။
သူမကိုယ်တိုင်လည်း စိုစွတ်နေပါလျက် မင်းခစားကိုလှမ်းစိတ်ပူနေသော ထိုကလေးမကို ရယ်လည်းရယ်ချင်မိသလို ခစားကိုလည်းကျိန်ဆဲချင်မိသည်။
တကယ်ပဲ မိုးမြေခစားဟု ခေါ်ရလောက်အောင် စိတ်ဓာတ်ရော အကျင့်စရိုက်ပါတူလွန်းသည်မဟုတ်လား…

💌💌💌💌💌💌

သူကသာ အိမ်ကိုပြန်ရောက်လာပေမယ့် မိုးမြေက အခုထိရောက်မလာသေးသောကြောင့် စိတ်ဆိုးနေပေမယ့် ဘယ်ရောက်နေပြီလဲဟု သိချင်မိသည်။
အဝတ်အစားလဲပြီး ထမင်းစား စားပွဲမှာ ပုလင်းတစ်လုံးဖြင့် ထိုင်သောက်နေလိုက်ပြီး အရက်ကသာ သူ့အပေါ်သစ္စာရှိကြောင်း ပြန်တွေးလိုက်မိသည်အထိ။
များများသောက်ရင် များများမူးပြီး လုံးဝမသောက်ရင် ဘာမှမဖြစ်…

"စော်ကားလိုက်တဲ့မိန်းမ စောက်ရူးမ"

ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲမိရင်း အရက်ကိုသာဖိသောက်နေလိုက်ကာ ပုလင်းတစ်ဝက်ကျိုးချိန်လောက်မှာ အိမ်တံခါးဖွင့်သံကြားရသည်။
ခပ်တိုးတိုးအသံတွေနှင့်အတူ နေသွေးအသံကိုပါကြားလိုက်ရ၍ ဟိုကောင်လိုက်လာမှန်း သူချက်ချင်းသိလိုက်၏။

"ခစား မင်းမတော်သေးဘူးလား"

နေသွေးက သူ့ရှေ့ကပုလင်းကိုဆွဲယူကာ ဆူသလိုပြောလာတော့ ဘာမှပြန်မပြောမိသလို သူအတော်လေးခေါင်းမထောင်နိုင်တော့ပြီဖြစ်သည်။
သူ့နားထဲမှာ ခြေသံလေးမကြားရသောကြောင့် မိုးမြေဟာ အခန်းထဲမဝင်သေးဘဲ ရပ်ကြည့်နေကြောင်းကိုတော့ မူးနေသည့်စိတ်က အလိုလိုသိနေ၏။
သူမခေါင်းလျှော်ရည်အနံ့လေးတွေ၊ ကိုယ်သင်းနံ့လေးတွေ၊ ကြားနေကျခြေသံဖွဖွလေးတွေကအစ အလွတ်ရနေခဲ့ပေမယ့် သူမကတော့ ထင်ရက်လိုက်တာ…

"မင်းဘာရပ်ကြည့်နေတာလဲ မင်းကိုငါမမြင်ချင်သေးဘူး အခန်းထဲပဲသွားနေစမ်းပါ"

မူးရူးနေချိန်မို့ သူမကိုနှင်ထုတ်သည့်စကား ပြောထွက်သွားတာက အလွယ်တကူဖြစ်သည်။
ထို့နောက် ကြားလိုက်ရသော ခြေသံသဲ့သဲ့လေးကြောင့် သူမထွက်သွားပြီမှန်းသိလိုက်ကာ သူသည်လည်း စားပွဲပေါ်မှာ မှောက်လျက်အတိုင်း အိပ်ပစ်လိုက်သည်။
နေသွေး၏သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်တော့ ဒီကောင်မပြန်သေးမှန်းသတိရကာ ခေါင်းပြန်ထောင်ပစ်လိုက်ပြီး…

"မင်းလည်းပြန်တော့ တံခါးလည်းပြန်ပိတ်ခဲ့ပေး"

"မင်းကဖြစ်ရောဖြစ်.."

"ဖြစ်တယ် ပစ်ထားခဲ့.. ငါလိုချင်တဲ့ဂရုစိုက်မှုကလည်း မင်းဆီကမဟုတ်ဘူး ဟိုငွေသရဲမဆီက.. ငွေကလွဲလို့ဘာကိုမှမချစ်တဲ့မိန်းမ
နေသွေး အခု ငါ ပိုက်ဆံထုတ်ကြီးသာဖြစ်လိုက်ချင်တယ် ဒါမှ ဒင်းငါ့ကိုချစ်မှာ.. သွားလေရာခေါ်သွားမှာ.. ပစ်မထားခဲ့မှာ.."

"တော်ပါတော့ဟ"

သူ့ပါးစပ်ကိုအတင်းပိတ်လာသော နေသွေးရဲ့လက်က သူမလက်ကလေးလို အိစက်မွှေးပျံ့မနေသောကြောင့် ပုတ်ထုတ်ပစ်လိုက်မိသည်။
လိုအပ်နေသောအရာက သူမဆီက ချော့သည့်စကားလေးတစ်ခွန်းလောက်နှင့် သူမနှုတ်ခမ်းဖျားဆီက အိစက်စက်အနမ်းလေးတစ်ပွင့်ရယ်သာ…

ဘာကြောင့်ပါဟု ရှင်းပြခွင့်မရခဲ့သလို ပြောထွက်လာသည့်စကားတွေကလည်း ရင်ဘတ်ဟက်တက်ကွဲရမည့်စကားလုံးတွေ။
မချစ်ဘူး မိုးမြေ
မင်းကိုငါမချစ်တော့ဘူး

ဒါပေမယ့် ငါမူးနေတာက အရက်တွေကြောင့်မဟုတ်ဘူး
မင်းကြောင့်…

💌💌💌💌💌💌

Part 43 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

  
💌 Part - 42 💌
---------------

သင္တန္းထဲကထြက္လာသည္ႏွင့္ မိုးသက္ေလေၾကာင့္ ေရမႈန္ေတြစင္လာေသာေၾကာင့္ မိုးေျမျခေဖ်ားမွာ ေရေတြစိုကုန္၏။
ဒီႏွစ္အတြက္ ပထမဆံုးရြာေသာ မိုးဦးျဖစ္ေပမယ့္ ေရအေတာ္ပါၿပီး ေျမျပင္ကိုရႊဲရႊဲစိုေအာင္ရြာခ်ေန၍ မီးေရာင္ေအာက္မွာ မိုးသည္းေနပံုကလည္း ၾကၫ့္ေကာင္းေနသည္။

"စာအုပ္ေတြ မိုးစိုကုန္ေတာ့မွာပဲ"

သင္တန္းအဝင္ဝႏွင့္ ကားလမ္းမအၾကားမွာ ေလွကားေတြ ၇ထစ္ေလာက္ရိွေနကာ Romanticမဆန္တတ္ေသာ မိုးေျမရဲ့ေကာင္ေလးကလည္း ထီးပါလာမွာမဟုတ္။
ဒီမိုးထဲသို႔ ဒီအတိုင္းထြက္ေျပးလ်ွင္လည္း လူေရာ၊စာအုပ္ေတြပါ ရႊဲရႊဲစိုသြားမွာ ေသခ်ာသေလာက္ရိွသည္။
ထိုအခ်ိန္ ကားေဘးသို႔ထိုးရပ္လာေသာ ခစားေမာင္းလာသၫ့္ကားကို လွမ္းျမင္လိုက္ရကာ သူတစ္ေယာက္တည္းမဟုတ္သည္ကိုလည္း သတိထားမိလိုက္သည္။

ကားအေရ႔ွခန္း မိုးေျမထိုင္ေနက်ေနရာမွာ ေကာင္မေလးတစ္ေယာက္ရိွေနခဲ့ၿပီး မွန္ကအၾကည္ျဖစ္ေန၍ သူတို႔ႏွစ္ေယာက္ကို ျမင္ေနရသည္။
ခစားရဲ့ကားက မွန္အနက္ေတြတပ္ထားၿပီး အျပင္ကၾကၫ့္လ်ွင္ မျမင္ရေသာမွန္ေတျြဖစ္ကာ ဒီကားကေတာ့ ဘယ္သူ႔ကားကို ယူလာမွန္းမသိ။
သူဟာ ထိုမိန္းကေလးႏွင့္ စကားေတြေျပာေနခဲ့သည္မွာ မိုးေျမရပ္ၾကၫ့္ေနမွန္းေတာင္ ဂရုမစိုက္ႏိုင္ေလာက္သည္အထိ…

"အဟင္း!"

မ်က္ရည္ဝဲလာမိ၍ မ်က္ႏွာကိုေမာ့ၿပီး အသက္မဲ့စြာတစ္ခ်က္ရယ္လိုက္ကာ ကားေပၚမွာရိွေနေသးေသာသူ႔ကို တစ္ခ်က္ၾကၫ့္မိျပန္သည္။
မိုးေျမကို အခုထက္ထိမျမင္ေသးေသာသူ႔ေၾကာင့္ မသိမသာနာက်င္သြားၿပီး မိုးေျမသည္ မိုးေရထဲကို ဒီအတိုင္းထြက္လာခဲ့၏။
ေအးစက္ေသာမိုးေပါက္တို႔က ဦးေခါင္းကို တခဏအတြင္းရႊဲနင့္သြားေစၿပီး သူမတစ္ကိုယ္လံုးကို စိုစြတ္သြားေစသည္။

"မိုး​ေရထဲမွာငိုရတာ သေဘာက်တယ္ ကၽြန္ေတာ္ငိုေနတာကို ဘယ္သူမွမသိလို႔"

ဆိုသၫ့္ ခ်ာလီခ်က္ပလင္၏စကားကို ျပန္ၾကားေယာင္လာရင္း ကားလမ္းမအတိုင္း သူမ ထြက္ေျပးလာခဲ့သည္။
သူ႔အခ်စ္ကို အယံုအၾကည္ရိွသလားဟုေမးလာလ်ွင္ မိုးေျမေခါင္းညိတ္မိမည္ျဖစ္သလို ေခါင္းလည္းခါမိသြားႏိုင္သည္။
တစ္ပါးသူေတြ၏အသည္းႏွလံုးေတြကို ထင္သလိုကစားလာသၫ့္ထိုလူဟာ မိုးေျမအေပၚမွာေရာ မကစားဘူးဟု ဘယ္သူမွအာမ မခံႏိုင္။

ဖူးခက္မွာတစ္ခါ၊ အခုတစ္ခါ..
သူ႔ေဘးမွာတစ္ေယာက္ေယာက္ရိွေနတိုင္း မိုးေျမဟာ သူ႔ကိုတစ္ေယာက္တည္းမပိုင္သလို ခံစားမိသည္။
သူတစ္ေယာက္ကိုသာ အရာရာပံုအပ္ၿပီးခ်စ္ခဲ့သူမို႔ သူ႔အနားမွာ တျခားမိန္းမတစ္ေယာက္ေတြ့မိတိုင္း အရွင္လတ္လတ္မီးကင္ခံရသလို ဖ်တ္ဖ်တ္လူးမတတ္ ခံစားရသည္။
ဒါကိုေတာ့ သူ မသိႏိုင္…

တီ! တီ!

ကားဟြန္းသံေၾကာင့္ လမ္းေဘးကိုကပ္ေပးလိုက္ကာ ဘယ္ကကားလဲဟုစိတ္မဝင္စား၍ ေနာက္ကိုလည္းလွၫ့္မၾကၫ့္ျဖစ္ခဲ့။
မိုးေျမလမ္းေဘးကပ္ေပးလိုက္သၫ့္တိုင္ ကားဟြန္းသံက ရပ္မသြား၍ ခစားဟုအလိုလိုသိလိုက္ကာ ႏႈတ္ခမ္းကို အလိုလိုဖိကိုက္ပစ္လိုက္မိသည္။

"မင္းရူးေနတာလား မိုးေျမ"

စူးခနဲအသံက်ယ္ႀကီးကို မိုးသည္းေနသၫ့္အၾကားမွ ၾကားျဖစ္ေအာင္ၾကားလိုက္ကာ ကားသည္ မိုးေျမ၏နံေဘးသို႔ေရာက္လာသည္။
ကားမွန္ကိုခ်ကာ ေအာ္ဟစ္ေနပံုက မိုးေျမကိုစိတ္တိုေနမွန္းသိသာၿပီး လက္ရိွအခ်ိန္မွာ မိုးေျမသည္လည္း သူ႔မ်က္ႏွာကိုမၾကည့္ခ်င္။
ကိုယ့္ကမ႓ာမွာ သူတစ္ေယာက္သာရိွေပမယ့္ သူ႔ကမ႓ာမွာေတာ့ မိန္းမေတြအမ်ားႀကီးမဟုတ္လား…

"မင္းကိုငါေခၚေနတာ"

ဤစကားကိုလည္း မိုးေျမအေရးမလုပ္ဘဲေနလိုက္ေတာ့ သူက ကားကိုေမာင္းထြက္သြားကာ ေရ႔ွနားအေရာက္မွာထိုးရပ္ပစ္လိုက္သည္။
ထို႔ေနာက္ ကားေပၚမွဆင္းလာၿပီး မိုးေျမေရ႔ွကို ေဒါႀကီးေမာႀကီးျဖင့္ေရာက္ခ်လာၿပီး လက္တစ္ဖက္ကိုေဆာင့္ဆဲြပစ္လိုက္၍ ေအာင့္မ်က္နာက်င္သြားမိ၏။
သို႔ေသာ္ ပိုၿပီးနာက်င္မိတာက ရင္ဘတ္ထဲမွာ…

"ငါ့ကိုလႊတ္"

"ဘာသေဘာနဲ႔ ေလ်ွာက္သြားေနတာလဲ ငါလာႀကိဳတာမျမင္ဘူးလား"

"ျမင္တာေပါ့ ျမင္လြန္းလို႔ နင္နဲ႔ထိုင္ေနတဲ့မိန္းမကိုပါ ငါျမင္တဲ့အထိပဲ ဘာလဲ ငါ့ဆီကလိုခ်င္တာအကုန္ရသြားၿပီဆိုေတာ့ နင္ကအသစ္ရွာၿပီလား"

"ဘာ!"

"နင့္ဘဝ နင့္ကမ႓ာထဲမွာ မိန္းမေတြအမ်ားႀကီးပဲ တစ္ေယာက္ဝင္လာလိုက္ ျပန္ထြက္သြားလိုက္နဲ႔ အခုအခ်ိန္ထိပဲ"

သူ႔မ်က္ႏွာ တျဖည္းျဖည္းတင္းမာလာသလို မိုးေျမကို ဖိဆုပ္ထားသၫ့္လက္တစ္ဖက္ကလည္း တင္းက်ပ္သထက္ တင္းက်ပ္လာ၏။
သူ ဘယ္ေလာက္အထိ ေဒါသျဖစ္သြားမလဲဟု မိုးေျမခန႔္မွန္းမိကာ မွန္ရာေျပာရလ်ွင္ ဤအခ်ိန္မွာ မိုးေျမသည္ သူ႔ကိုခံစားသြားရေအာင္ ေျပာပစ္ခ်င္စိတ္ေတြသာ ႀကီးစိုးေနခဲ့သည္။

"မင္းက နည္းနည္းေလာက္ခ်စ္ျပလိုက္တာနဲ႔ ေစာက္ရူးတစ္ေယာက္လို ျဖစ္သြားတာပဲ"

နာက်င္သြားသလား၊ ဝမ္းနည္းသြားသလား မသိေတာ့သၫ့္ သူ႔အသံဟာ အနည္းငယ္တုန္ယင္ေနကာ ေလသံေတြကအစ ေဖ်ာ့ေတာ့ေနခဲ့၏။
ေဒါသတႀကီးေပါက္ကဲြရမၫ့္အစား ထိုေလသံေလးျဖင့္တံု႔ျပန္ေျပာဆိုၿပီး မိုးေျမလက္ကိုလႊတ္ခ်ကာ လွၫ့္ထြက္သြားေသာေၾကာင့္ သူမ ေၾကာင္အ,သြားမိသည္။

တစ္ဆက္တည္းမွာပင္ ကားေပၚျပန္တက္ၿပီး ေမာင္းထြက္သြားေသာ သူ႔ေၾကာင့္ မိုးေျမငိုခ်င္လာခဲ့ၿပီး ေနရာမွာပဲထိုင္ခ်ကာ ကေလးတစ္ေယာက္လို ေအာ္ငိုပစ္လိုက္မိသည္။
တကယ္ဆို မဟုတ္ပါဘူး မိုးရြာေနလို႔လမ္းႄကံုတင္လာတာပါ Candyရယ္ဟု ေခ်ာ့ေမာ့ေျပာၿပီး မိုးေျမကို ျပန္ေခၚသင့္သည္မဟုတ္လား…

ခ်စ္လြန္းလို႔ပါ…
ခ်စ္လြန္းလို႔ နင့္အေပၚသဝန္တို၊ ရန္ရွာမိတာကို
နင္က ဒီလိုႀကီးထားရက္ခဲ့သလား…

💌💌💌💌💌💌

"သင္တန္းနားမွာက ဟုတ္တယ္ေလ ငါရွာေနတာၾကာလွၿပီဟ"

"အဲ့ဒီနားမွာ ေသခ်ာရွာစမ္းပါကြာ"

"ေအးပါ ဆက္ရွာလိုက္ဦးမယ္ တိမ္တိုက္နဲ႔ဖိုးခ်မ္းကိုလည္း လႊတ္ထားတယ္ မင္းလည္းေမွာက္မေနနဲ႔"

"ေတြ့ေအာင္သာရွာခဲ့စမ္းပါ"

ေထာင့္မက်ိဳးစြာမွာတမ္းခၽြေရင္း ဖုန္းခ်သြားေသာခစားကို ပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲခ်င္သြားေပမယ့္ ေအာင့္အည္းေနလိုက္ရသည္။
မိုးေျမကိုသြားႀကိဳသည္ဆိုၿပီး ေရစိုအဝတ္ေတျြဖင့္ ျပန္ေရာက္လာကာ Graveမွာ ပုလင္းေထာင္ေနၿပီမို႔ မေနႏိုင္ေသာ သူတို႔အုပ္စုကသာ မိုးေျမကိုလိုက္ရွာရေတာ့၏။

"ငါ့မွာေတာ့ ခ်စ္လိုက္ရတာကြာ မထိရက္မကိုင္ရက္နဲ႔ ႏုဖတ္အုအက္ေနေအာင္ ေသခ်ာျပဳျပင္ေပးထားတာ"

"ေအးေလ ငါတို႔သိသားပဲ"

"အဲ့ဒါကို ငါ့ကိုဘာေျပာတယ္ထင္လဲ ငါ့ကမ႓ာႀကီးမွာ မိန္းမေတြ ခဏခဏဝင္လိုက္ထြက္လိုက္နဲ႔ဆိုပဲ အဲ့လိုဝင္ထြက္သြားတဲ့ဟာေတြအတြက္ ငါကပိုက္ဆံအကုန္ခံမယ္ထင္ေနတာလားမသိဘူး ငါ့အခ်စ္နဲ႔မတန္နဲ႔မိန္းမ.."

"မင္းကလည္း"

"ေတြ့ေအာင္ရွာခဲ့ေပး ေနေသြး.. ငါသူ႔ကိုပစ္ထားခဲ့တာ ဒီအခ်ိန္မွာရိုက္သဝာ္ခ်င္ေလာက္ေအာင္ မေက်နပ္ေပမယ့္ စိတ္မခ်ဘူး
ၿပီးရင္အိမ္ကိုျပန္ပို႔ေပး.. သူအေအးမိမယ္"

မူးမူးရူးရူးျဖင့္ ေျပာခ်င္ရာေျပာေနေသာ ဒင္းစကားကိုလည္း စိတ္မဝင္စားအားဘဲ ကားေသာ့ကိုယူကာထြက္လာခဲ့မိတာက ခ်က္ခ်င္းျဖစ္သည္။
မင္းခစားရဲ့ ဘုဂလန႔္လုပ္တတ္ပံုကို သိေနပါလ်က္ မိုးေျမကလည္း ဘာေၾကာင့္ထိုသို႔ေျပာလိုက္သလဲမသိ…
သက္ျပင္းတစ္ခ်က္ခ်မိခ်ိန္တြင္ သင္တန္းအမိုးေအာက္ အေပၚဆံုးေလွကားထစ္တြင္ ငုတ္တုပ္ေလးထိုင္ေနေသာ အရိပ္ကေလးကို လွမ္းျမင္လိုက္ရသည္။

"မိုးေျမ"

သူက မိုးကာပါၿပီးသားမို႔ ထီးတစ္ေခ်ာင္းကိုယူကာ ကားေပၚကဆင္းေျပးလာခဲ့ၿပီး ထိုအရိပ္အနားေျပးလာခဲ့ေတာ့ တကယ္ပဲမိုးေျမျဖစ္ေန၏။
ႏႈတ္ခမ္းေတျြပာေနၿပီး တစ္ကိုယ္လံုး ခိုက္ခိုက္တုန္ေနေပမယ့္ သူမက ဒူးကိုခပ္တင္းတင္းေပြ့ကာ အံႀကိတ္ၿပီးၿငိမ္ေနခဲ့သည္။

"ထစမ္း.. မင္းတို႔ႏွစ္ေကာင္ေၾကာင့္ ငါအေတာ္ဒုကၡေရာက္ေနတာ"

"ကၽြန္မ မိုးတိတ္မွကိုယ့္ဘာသာျပန္မယ္"

"ဘယ္ျပန္မွာလဲ ဟိုေကာင္ကလည္းပုလင္းေထာင္ေနၿပီ မင္းကလည္း ေပကပ္ေနေသးတယ္ ထ.."

"ဟင့္အင္း မလိုက္ဘူး သူေခၚခိုင္းလိုက္တာမလား"

"မိုးေျမ မင္းေခါင္းမာမေနစမ္းနဲ႔ မင္းတို႔ခ်င္း ဘာျပႆနာပဲျဖစ္ျဖစ္ မင္းအခုျဖစ္ေနတဲ့ပံုနဲ႔ ေဆးရံုေရာက္သြားလိမ့္မယ္"

"ဟင့္အင္း"

ေျပာမရဆိုမရျဖင့္ ေခါင္းမာလြန္းေသာ ဒီဟာေလးသည္ ခစားရဲ့ေကာင္မေလးပီသလြန္း၍ ေတာ္ေတာ္စိတ္ညစ္သြားရၿပီး မိုးေျမအနားမွာထိုင္ခ်လိုက္သည္။
တစ္ခ်က္တစ္ခ်က္ တုန္ယင္သြားေသာ သူမေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်ရင္း ကားဆီကို စိတ္ေလေလျဖင့္လွမ္းၾကည့္လိုက္မိ၏။

"ခစားက မင္းကိုသိပ္ခ်စ္တာပါ မိုးေျမရာ"

"ဒါေပမယ့္ သူက မိုးေျမတစ္ေယာက္တည္းအပိုင္မဟုတ္ပါဘူး သူ႔အနားမွာ မိန္းကေလးတစ္ေယာက္ အၿမဲရိွေနတယ္သိလား အဲ့ဒီအခါေတြတိုင္း သူ႔ကို ကၽြန္မ,မပိုင္သလိုပဲ"

"အဲ့ဒါကိုကမဟုတ္တာပဲ ငါ့ညီမရာ မင္းကိုသူဘယ္ေလာက္ခ်စ္လဲ မင္းလည္းသိတယ္ ငါတို႔လည္းျမင္ေတြ့ေနတာပဲ ငါ့ေကာင္မို႔ေျပာတာမဟုတ္ဘူး မင္းခစားက မင္းကိုမွသည္းသည္းလႈပ္ခ်စ္တာပါ ေခါင္းအစေျခအဆံုး အရိပ္တၾကၫ့္ၾကၫ့္နဲ႔ေလ
မင္းေျပာသလိုေျပာရရင္ သူ႔ဘဝထဲကို ဝင္ထြက္ေနတဲ့မိန္းကေလးေတြ အမ်ားႀကီးပဲ ဒါေပမယ့္ သူ႔အနားမွာရိွခဲ့တာဆိုလို႔ မင္းပဲရိွတာ"

ထိုအခါ မိုးေျမကခဏေတာ့ၿငိမ္သြားၿပီးမွ အင့္ခနဲရိႈက္ငိုကာ မ်က္ႏွာကိုလက္ဖဝါးေလးေတျြဖင့္ ဖိအုပ္သြားကာ တအီးအီးေအာ္ငိုပစ္၏။
ငိုခ်လိုက္မွလည္း တင္းမာေနေသာစိတ္ေတြဟာ ေျပေလ်ာ့သြားမွာမို႔ ဘာမွထပ္မေျပာေတာ့ဘဲ ၿငိမ္ေနလိုက္ရင္း မိုးေျမကိုေတြ့ၿပီျဖစ္ေၾကာင္း တိမ္တိုက္တို႔ဆီစာပို႔ထားလိုက္သည္။
ဤတြင္ ခစားက အိမ္ကိုျပန္ပို႔ေပးဖို႔ မက္ေဆ့ျပန္ပို႔လာေသာေၾကာင့္ ဖုန္းကိုျပန္သိမ္းလိုက္ၿပီး မိုးေျမပခံုးကိုလွမ္းတို႔လိုက္ကာ…

"ျပန္ရေအာင္ အဲ့ေကာင္လည္းေမွာက္ေနေလာက္ၿပီ"

"သူကဘယ္မွာလဲ"

"Graveမွာ"

"သူ႔အက်ႌေတြေရစိုေနမွာ အေအးမိေနလိမ့္မယ္ သူ႔ကိုအရင္သြားေခၚရေအာင္ပါ အဲ့ဒါၿပီးမွအိမ္ျပန္ပို႔ေပးပါလား"

"ရတယ္ မင္းသာ အခုထလိုက္"

ဆိုမွ ထိုင္ရာမွထရပ္ေသာေၾကာင့္ သူ ေနာက္တစ္ႀကိမ္သက္ျပင္းခ်ရင္း ထရပ္လိုက္သည္။
သူမကိုယ္တိုင္လည္း စိုစြတ္ေနပါလ်က္ မင္းခစားကိုလွမ္းစိတ္ပူေနေသာ ထိုကေလးမကို ရယ္လည္းရယ္ခ်င္မိသလို ခစားကိုလည္းက်ိန္ဆဲခ်င္မိသည္။
တကယ္ပဲ မိုးေျမခစားဟု ေခၚရေလာက္ေအာင္ စိတ္ဓာတ္ေရာ အက်င့္စရိုက္ပါတူလြန္းသည္မဟုတ္လား…

💌💌💌💌💌💌

သူကသာ အိမ္ကိုျပန္ေရာက္လာေပမယ့္ မိုးေျမက အခုထိေရာက္မလာေသးေသာေၾကာင့္ စိတ္ဆိုးေနေပမယ့္ ဘယ္ေရာက္ေနၿပီလဲဟု သိခ်င္မိသည္။
အဝတ္အစားလဲၿပီး ထမင္းစား စားပဲြမွာ ပုလင္းတစ္လံုးျဖင့္ ထိုင္ေသာက္ေနလိုက္ၿပီး အရက္ကသာ သူ႔အေပၚသစၥာရိွေၾကာင္း ျပန္ေတြးလိုက္မိသည္အထိ။
မ်ားမ်ားေသာက္ရင္ မ်ားမ်ားမူးၿပီး လံုးဝမေသာက္ရင္ ဘာမွမျဖစ္…

"ေစာ္ကားလိုက္တဲ့မိန္းမ ေစာက္ရူးမ"

ပ်စ္ပ်စ္ႏွစ္ႏွစ္က်ိန္ဆဲမိရင္း အရက္ကိုသာဖိေသာက္ေနလိုက္ကာ ပုလင္းတစ္ဝက္က်ိဳးခ်ိန္ေလာက္မွာ အိမ္တံခါးဖြင့္သံၾကားရသည္။
ခပ္တိုးတိုးအသံေတြႏွင့္အတူ ေနေသြးအသံကိုပါၾကားလိုက္ရ၍ ဟိုေကာင္လိုက္လာမွန္း သူခ်က္ခ်င္းသိလိုက္၏။

"ခစား မင္းမေတာ္ေသးဘူးလား"

ေနေသြးက သူ႔ေရ႔ွကပုလင္းကိုဆဲြယူကာ ဆူသလိုေျပာလာေတာ့ ဘာမျွပန္မေျပာမိသလို သူအေတာ္ေလးေခါင္းမေထာင္ႏိုင္ေတာ့ၿပီျဖစ္သည္။
သူ႔နားထဲမွာ ေျခသံေလးမၾကားရေသာေၾကာင့္ မိုးေျမဟာ အခန္းထဲမဝင္ေသးဘဲ ရပ္ၾကၫ့္ေနေၾကာင္းကိုေတာ့ မူးေနသၫ့္စိတ္က အလိုလိုသိေန၏။
သူမေခါင္းေလ်ွာ္ရည္အနံ႔ေလးေတြ၊ ကိုယ္သင္းနံ႔ေလးေတြ၊ ၾကားေနက်ေျခသံဖြဖြေလးေတြကအစ အလြတ္ရေနခဲ့ေပမယ့္ သူမကေတာ့ ထင္ရက္လိုက္တာ…

"မင္းဘာရပ္ၾကၫ့္ေနတာလဲ မင္းကိုငါမျမင္ခ်င္ေသးဘူး အခန္းထဲပဲသြားေနစမ္းပါ"

မူးရူးေနခ်ိန္မို႔ သူမကိုႏွင္ထုတ္သၫ့္စကား ေျပာထြက္သြားတာက အလြယ္တကူျဖစ္သည္။
ထို႔ေနာက္ ၾကားလိုက္ရေသာ ေျခသံသဲ့သဲ့ေလးေၾကာင့္ သူမထြက္သြားၿပီမွန္းသိလိုက္ကာ သူသည္လည္း စားပဲြေပၚမွာ ေမွာက္လ်က္အတိုင္း အိပ္ပစ္လိုက္သည္။
ေနေသြး၏သက္ျပင္းခ်သံသဲ့သဲ့ကိုၾကားလိုက္ေတာ့ ဒီေကာင္မျပန္ေသးမွန္းသတိရကာ ေခါင္းျပန္ေထာင္ပစ္လိုက္ၿပီး…

"မင္းလည္းျပန္ေတာ့ တံခါးလည္းျပန္ပိတ္ခဲ့ေပး"

"မင္းကျဖစ္ေရာျဖစ္.."

"ျဖစ္တယ္ ပစ္ထားခဲ့.. ငါလိုခ်င္တဲ့ဂရုစိုက္မႈကလည္း မင္းဆီကမဟုတ္ဘူး ဟိုေငြသရဲမဆီက.. ေငြကလဲြလို႔ဘာကိုမွမခ်စ္တဲ့မိန္းမ
ေနေသြး အခု ငါ ပိုက္ဆံထုတ္ႀကီးသာျဖစ္လိုက္ခ်င္တယ္ ဒါမွ ဒင္းငါ့ကိုခ်စ္မွာ.. သြားေလရာေခၚသြားမွာ.. ပစ္မထားခဲ့မွာ.."

"ေတာ္ပါေတာ့ဟ"

သူ႔ပါးစပ္ကိုအတင္းပိတ္လာေသာ ေနေသြးရဲ့လက္က သူမလက္ကေလးလို အိစက္ေမႊးပ်ံ႔မေနေသာေၾကာင့္ ပုတ္ထုတ္ပစ္လိုက္မိသည္။
လိုအပ္ေနေသာအရာက သူမဆီက ေခ်ာ့သၫ့္စကားေလးတစ္ခြန္းေလာက္ႏွင့္ သူမႏႈတ္ခမ္းဖ်ားဆီက အိစက္စက္အနမ္းေလးတစ္ပြင့္ရယ္သာ…

ဘာေၾကာင့္ပါဟု ရွင္းျပခြင့္မရခဲ့သလို ေျပာထြက္လာသၫ့္စကားေတြကလည္း ရင္ဘတ္ဟက္တက္ကဲြရမၫ့္စကားလံုးေတြ။
မခ်စ္ဘူး မိုးေျမ
မင္းကိုငါမခ်စ္ေတာ့ဘူး

ဒါေပမယ့္ ငါမူးေနတာက အရက္ေတြေၾကာင့္မဟုတ္ဘူး
မင္းေၾကာင့္…

💌💌💌💌💌💌

Part 43 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

401K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
365K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
38.6K 2.8K 37
လ​ေရာင္​ဆမ္​းမွ ဖူးပြင္​့ရတဲ့ ၾကာပန္​း​ေလးဟာ ကန္​​ေပၚမွာ မထင္​မ႐ွား​ေပၚ​ေနတဲ့ လရိပ္​​ေလးကိုၾကည္​့ၿပီး လမင္​းႀကီးဟာ သူမအတြက္​ပဲလို႔ သတ္​မွတ္​ထား​ေလရဲ႕...
814K 26.2K 73
"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်...