မိုးမြေခစား

By SummerMaung

571K 21.5K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

41

7.6K 305 6
By SummerMaung

💌 Part - 41 💌
---------------

သားငယ်နှင့်မတွေ့ရတာကြာပြီမို့ သားငယ်ရှိတတ်သော Snookerခန်းရှိရာဆီကိုရောက်လာခဲ့တော့ သားငယ်ကဘယ်ရောက်နေသလဲမသိ။
Securityကောင်လေးတွေကတော့ နားနေခန်းမှာစောင့်ဖို့ပြောသောကြောင့် နားနေခန်းဆိုသည့်နေရာကို ဝင်လာခဲ့သည်။
ဘယ်သူတွေနားနေသလဲတော့မသိပေမယ့် မှန်တင်ခုံလေးရှိနေမှတော့ ဒီအခန်းဟာဘယ်သူ့အခန်းလဲဟု နားလည်သွားသလိုရှိကာ ရင်ထဲပူလောင်သွားမိသည်။

သားငယ်ဟာ ကလေးမဟုတ်တော့ပေမယ့် မိန်းမလည်တစ်ယောက်နှင့် တွဲဖြစ်နေပြီဆိုသော သားကြီးရဲ့စကားဟာ အမှန်ဖြစ်နေလောက်သည်။
ဤအခန်းဟာ ထိုမိန်းကလေးအတွက် သီးသန့်လုပ်ပေးထားသည်ဟု ထင်မိသလို Decorationကိုကြည့်ရုံဖြင့် တယုတယမွေးမြူထားမှန်းသိသာစေသည်။
တန်ဖိုးကြီး Luxuryအသုံးအဆောင်တွေဖြင့် ခမ်းနားထည်ဝါနေပုံက တကယ့်ရုံးခန်းတွေလို…

"မာမီ"

သားငယ်၏အသံကြားလိုက်ရသည်နှင့် သူမ လှည့်ကြည့်လိုက်တော့ အသားနည်းနည်းညိုသွားသည်မှတစ်ပါး အရင်အတိုင်းရှိနေသောသားကြောင့် သက်ပြင်းချလိုက်မိသည်။
သားငယ်ကတော့ သူမကိုတွေ့လိုက်ရ၍ ပျော်နေပုံရကာ အနားထိလျှောက်လာပြီး တအားဖက်ပစ်ရင်း…

"အား! မာမီ့ကိုလွမ်းနေတာ"

"ဘယ်ကကောင်မလေးနဲ့တွဲနေတာလဲ"

"မာမီကလည်း.. တွေ့တုန်းအဲ့ဒါတွေမမေးလို့မရဘူးလား"

"မင်းလုပ်နေတာတွေကရော မမေးဘဲနေချင်စရာကောင်းလို့လား ဒီအခန်းက ဘယ်သူ့အတွက်လုပ်ထားတာလဲ"

"သားတို့အတွက်ပေါ့"

"မှန်တင်ခုံကရော"

"ကောင်းထက်က မှန်ခဏခဏကြည့်လို့ပါ ရတနာလည်းတစ်ခါတစ်လေ လာတယ်လေ"

"မင်းခစား"

ပြောင်ပြောင်တင်းတင်းလိမ်နေသော ထိုကောင်လေးကြောင့် သူမစိတ်တွေတိုလာပြီး နားရွက်ကိုဆွဲလိမ်ပစ်လိုက်သည်။
ဘယ်လိုမိန်းမမျိုးမို့ ဒီလိုကာကွယ်နေရသလဲ…

"မာမီကလည်း တစ်နေ့နေ့တစ်ချိန်ချိန် ဒါကျွန်တော်ယူမယ့်မိန်းမပဲဆိုပြီး လက်ဆွဲခေါ်လာခဲ့မယ် အခုတော့ လွှတ်ပေးထားပါဆို"

မကျေနပ်ပေမယ့် ခစားရဲ့ခေါင်းမာမှုက သူမအတိုင်းပဲမို့ မကျေမနပ်ကြည့်ရင်း သက်ပြင်းချလိုက်မိပြန်သည်။
သူမလည်း ဒီကောင်လေးအတိုင်း ဖြစ်ချင်တာတွေကို တဇွတ်ထိုးလုပ်ခဲ့တုန်းက ဘယ်သူမှတားမရခဲ့ဘဲ…

"အဲ့ဒါဆိုလည်း သားကို မာမီယုံကြည်လိုက်မယ် UKသွားဖို့ အခုကတည်းက ပြင်ဆင်ထားတော့ အနားနီးမှလည်း ဒီမိန်းကလေးကြောင့်ထပြီး ဖျက်လိုဖျက်ဆီးတွေမလုပ်နဲ့ ကြားလား"

"ဟုတ်ကဲ့ပါ မာမီ့ချွေးမလေးကသိပ်လှတာသိလား"

ရယ်ကျဲကျဲဖြင့်ပြောလာသော သားကြောင့် စိတ်မသက်သာမိတာမှန်ပေမယ့် စောစောကလောက်အထိ စိတ်မပူတာတော့ သေချာသည်။
သားသည် ကလေးလည်းမဟုတ်တော့သလို စီးပွားရေးလုပ်ငန်းတချို့ကို ကိုယ်တိုင်လုပ်နေပြီမို့ ထိုလောက်အထိ စိတ်မချစရာမရှိလောက်…

💌💌💌💌💌💌

စာရင်းစာအုပ်အရှည်ကြီးတွေကို လက်ဖြင့်ပွေ့ထားကာ သင်တန်းရှေ့လှေကားထစ်မှာရပ်ရင်း သူ့ကိုစောင့်နေပုံလေးက ညမီးရောင်တွေအောက်မှာ လင်းလက်နေ၏။
သူ့စိတ်တိုင်းကျ ဆင်ပေးလိုက်သော နီညိုရောင်အင်္ကျီနှင့် ဘောင်းဘီအနက်ကြောင့် မိုးမြေတစ်ကိုယ်လုံး ထင်းလင်းနေကာ ကောက်ကြောင်းလှလှလေးတွေက အတိုင်းသား။

သင်တန်းရှေ့ရောက်လာသည့် သူ့ကားကိုမြင်သည်နှင့် အပြုံးလေးတစ်ချက်ဖြစ်သွားကာ ကားဆီလျှောက်လာပုံကလည်း လှပကြွရွနေ၏။
အရင်ကထက်ပိုပြီးလှနေသော ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်မိလေ၊ ရင်ခုန်မိလေ…

"အစ်မကောင်လေးရှိလား"

"မရှိဘူး ကြောင်ချင်ရင်ကြောင်လို့ရတယ်"

"မင်းနာတော့မယ်နော် တက်.. ညစာသွားစားရအောင်"

ကားတံခါးကိုဖွင့်ပေးလိုက်တော့ သူမက ကားပေါ်တက်ထိုင်ပြီး တံခါးကိုဂျိန်းခနဲပိတ်ပစ်ပြီးနောက် သူ့ဘက်ကို ကိုယ်လေးကိုင်းကာ သူ့လည်ပင်းကိုသိုင်းဖက်၏။

"Baby အူမွ!!! ငါ့ကိုမလှမျးဘူးလား"

သူမချွဲနွဲ့လာသည့်အခါတိုင်း စိတ်မခိုင်သောသူ့မှာ သွားဖြဲကြီးဖြင့် ရှက်ကိုးရှက်ကန်ပြုံးမိပြန်သည်။
သူ့မျက်နှာအနှံ့လိုက်ထိနေသော နှုတ်ခမ်းအိအိလေးကို လက်ညှိုး၊လက်မနှင့် ဖျစ်ညှစ်ပစ်လိုက်ပြီး ပါးလေးကိုငုံ့နမ်းပစ်လိုက်၏။
ထိုအခါမှ သူမနှာခေါင်းလေးရှုံ့သွားပြီး လည်ပင်းကိုဖက်ထားရာမှပြန်လွှတ်ပေးကာ…

"ငါသိပါတယ် ငါ့ကိုမလွမ်းပါဘူး"

"မဟုတ်ပါဘူး"

"အာ့ဆိုဘာလို့ပြန်မနမ်းတာလဲ ငါကနှုတ်ခမ်းနဲ့နမ်းတာ"

ဟုနှုတ်ခမ်းလေးစူပြီးဂျီကျလာသည့်အခါ အနောက်ခန်းမှာထိုင်နေသော တိမ်တိုက်နှင့် နေသွေးဆီမှ ရယ်သံတွေထွက်လာကြ၏။
မိုးမြေက ရယ်သံတွေကြားမှ အနောက်ခန်းကိုလှည့်ကြည့်ကာ ထိုနှစ်ကောင်ကိုတွေ့တော့ နှုတ်ခမ်းလေးတွေပွင့်ဟသွားကာ မျက်နှာလေးရဲတွတ်သွားသည်။
ပန်းရောင်သမ်းသွားသော မျက်နှာလေးဟာ သူ့ဘဝတစ်လျှောက်တွင်မြင်ဖူးနေကျ အလှအပပေါင်းများစွာထက် အဆ၁၀၀လောက်လှနေပြန်သည်။

"ဘယ်ကတည်းကရောက်နေကြတာလဲ"

"မင်း အူမွလုပ်နေကတည်းကပဲ"

"အာ!"

ရှက်ကိုးရှက်ကန်းဖြင့် သူမနှုတ်ခမ်းလေးကိုက်သွားကာ ကူရှင်မှာပြားကပ်သွားသည်အထိ မှီချပစ်ကာ နောက်ထပ်တုတ်တုတ်မျှမလှုပ်တော့။
လူတွေရှိနေသည်ကို မပြောရကောင်းလားဟု သူ့ကိုကောက်တော့မှာလည်း အသေအချာပဲမို့ ကြိတ်ပြုံးလိုက်မိရင်း ကားကိုမောင်းထွက်လိုက်သည်။
နောက်ကြည့်မှန်ထဲမှာတော့ ပြုံးစိစိဖြစ်နေသော သူငယ်ချင်းနှစ်ကောင်၏မျက်နှာတွေက အထင်းသား…

"ကျစ်!"

စုပ်သပ်လိုက်ရင်း နောက်ကြည့်မှန်ကို မိုး​မြေဘက်သို့ဆွဲလှည့်လိုက်တော့ နေသွေး၏ခွီးခနဲရယ်သံက တစ်ချက်ထွက်လာပြန်သည်။
သူ လုပ်နေသမျှကို ဒီနှစ်ကောင်က အချင်းချင်းလက်တို့ပြီး မျက်စပစ်ပြနေကြ၍ ရည်းစားမရှိသလို သူ့အဖြစ်ကိုမစာနာသော ထိုနွားနှစ်ကောင်ကို လျစ်လျှူရှုထားလိုက်၏။
နှုတ်ခမ်းစူနေသောသူမကို မှန်ထဲကနေချောင်းကြည့်နေတုန်း ပွစိပွစိလုပ်နေသော ပါးစပ်ကလေးကြောင့် ကိုယ့်ကိုကျိန်ဆဲနေပြီမှန်း သိလိုက်ရသည်။

"Baby ဘုရားစာရွတ်နေတာလား"

"ဟင်! မဟုတ်ပါဘူး"

သိလျှက်နှင့်တမင်မေးလိုက်တော့ မျက်စောင်းလေးဖြင့် တုံ့ပြန်လာ၍ သူ အသံထွက်အောင်ရယ်မိကာ မိုးမြေပါးလေးကိုဆွဲဖဲ့လိုက်သည်။
နုနုရွရွတွေပြောမထွက်သည့် ကိုယ့်ပါးစပ်ကလည်း သူမကိုဆို Babyခေါ်မိလိုက်၊ Candyခေါ်မိလိုက်…
ထိုNicknameလေးတွေအတိုင်း မိုးမြေဟာ တစ်ခါတစ်လေ ကလေးလိုဆိုးလိုက်၊ သကြားခဲလေးလိုချိုမြလိုက်မို့ မိုးမြေအစား ထိုnicknameလေးတွေသာ သုံးချင်မိသည်။

"မင်းတို့လစ်နှင့် မှာစရာရှိတာမှာထားလိုက်"

Restaurantကိုရောက်သည်နှင့် ဟိုနှစ်ကောင်ကို ပထုတ်လိုက်ကာ စိတ်ကောက်နေသောမိန်းမလှလေးကိုချော့ဖို့စိတ်ကူးဖြင့် သွားနှင့်ဖို့မေးဆတ်ပြလိုက်သည်။
Bffပီသသောနှစ်ကောင်ကလည်း နှစ်ခါမပြောရဘဲ ခေါင်းညိတ်ပြပြီး ချက်ချင်းထွက်သွားကြသောအခါ ကားထဲမှာသူတို့နှစ်ယောက်သာကျန်နေခဲ့သည်။
နှစ်ယောက်တည်းရှိမှ သူမဘက်ကိုလှည့်ထိုင်လိုက်သည့်အခါ မိုးမြေက သူ့ဘက်အရင်လှည့်လာပြီး သူ့ရင်ဘတ်ကိုထုပစ်တာ ဘုန်းခနဲ…

"ရှက်စရာကြီး"

"ဘာကိုလဲ"

"ကိုနေသွေးတို့က ငါ့ကိုဟားနေရင် ဘယ်လိုလုပ်မလဲ"

"ဟားရဲဟားကြည့်ပါလား ငါနဲ့တွေ့သွားမယ်"

လက်သီးဆုပ်ကိုထောင်ပြလိုက်ရင်း သူ ကြိမ်းဝါးပြလိုက်တော့ စူထော်နေသောနှုတ်ခမ်းလေးက အနည်းငယ်ပြေလျော့သွား၏။
အသည်းယားရလွန်း၍ ထိုနှုတ်ခမ်းလေးကို ဆွဲဆိတ်မိသည့်အခါ မိုးမြေက မျက်စောင်းထပ်ချီလာ၍ ထိရုံကလေးသာငုံ့နမ်းလိုက်မိသည်။

"အကြာကြီးလုပ်နေရင် ကိုနေသွေးတို့က ပြောကြလိမ့်မယ် သွားကြစို့"

"ခဏလေးနမ်း"

"မနမ်းဘူး ရှက်တယ်"

"အဲ့ဒါဆို ညစာကျွေးမှာလား"

"အခုစားမှာပဲမလား မကျွေးဘူး"

"အခုငါကမင်းကိုကျွေးတာ ညကျရင်မင်းကပြန်ကျွေး"

"နင်နော်"

"မင်းမှာရွေးစရာ၂ခုရှိတယ် Baby အခုငါစားနေတာကိုကြည့်မလား ဒါမှမဟုတ် ညကျမှ ငါနဲ့အတူတူစားမလား"

ဤတွင် မိုးမြေကစိတ်တိုသွားဟန်ဖြင့် သူ့ကိုထုရိုက်ဖို့ပြင်လာ၍ လူလည်ကျပြီး တဟားဟားအော်ရယ်ကာ ကားပေါ်ကဆင်းပြေးလာခဲ့သည်။
ကားနှင့်ခပ်လှမ်းလှမ်းကိုရောက်မှ မိုးမြေက ကားပေါ်ကဆင်းလာကာ သူ့အနားရောက်မှ ကားသော့ကို သူ့ရင်ဘတ်ဆီပစ်ပေါက်ပေး၏။

ဘယ်လောက်ပဲစိတ်ကောက်နေနေ ခဏတဖြုတ်ချော့လိုက်ရုံနှင့် စိတ်ကောက်ပြေသွားတတ်သောသူမကြောင့် အကြာကြီးပစ်မထားချင်ဘဲ ခါးလေးကိုဖက်ကာ restaurantထဲ ဝင်လာခဲ့သည်။
သူတို့နှစ်ယောက်ဝင်လာသည်နှင့် ဆိုင်တွင်းရှိလူအတော်များများက ကြည့်နေကြ၍ ခါးလေးကို ပိုပြီးတင်းနေအောင်ဖက်ထားလိုက်သည်။
ကိုယ်ကပဲ ပွေလွန်းရှုပ်လွန်းခဲ့၍ ဒီကောင်မလေးplayခံရပြီဆိုပြီး မိုးမြေကို သနားနေကြသလား…
ဒါမှမဟုတ် မိုးမြေ၏အငှားရည်းစားအဖြစ် သူ့ကိုမြင်နေကြပြန်ပြီလား…

"မင်းတို့ဘာမှာထားတာလဲ"

"ဝက်နံကိုင်းသားရယ် ငါးခေါင်းဟင်းရည်ရယ် အရွက်သုပ်ရယ် ဆိတ်ကလီစာရယ်"

"Candy ဘာစားမလဲ"

"ပုစွန်တုပ်"

"Omm"

မိုးမြေအတွက်ဟင်းပွဲကို ကိုယ်တိုင်မှာပြီးနောက် မျက်လုံးက freezerတွေဆီသို့ရောက်သွားပြီး သူမ,ကြိုက်တတ်သောပဲနို့ဘူးတွေကို လှမ်းတွေ့လိုက်ရသည်။
ထို့ကြောင့် ထိုင်ရာမှထကာ freezerထဲက ပဲနို့ဘူးတစ်ဘူးကို ဆွဲယူလာခဲ့ပြီး စားပွဲပေါ်ချပေးလိုက်တော့ မိုးမြေရဲ့အပြုံးလေးက လင်းခနဲ…

"အလိုက်သိတယ် မောင်မင်း ရာထူးကြီးကြီးပေးရမယ်"

"တကယ်နော် ဘယ်နေရာမှာလဲ"

"Graveမှာသန့်ရှင်းရေးတဲ့"

တိမ်တိုက်က အရွှန်းဖောက်လိုက်သည့်အခါ ကြည်နူးစိတ်ကလေးပျောက်သွားရပြီး ထိုမအေဘေးကောင်ကို ဆဲချင်ဆိုချင်စိတ်တွေသာ တဖွားဖွားဖြစ်လာရ၏။
သို့သော် သူကြံစည်နေတုန်းမှာပင် မိုးမြေက ဆတ်ခနဲခါးထောက်ကာ…

"ဘာလို့လုပ်ခိုင်းရမှာလဲ ကျွန်မရည်းစားက Graveမှာ သန့်ရှင်းရေးလုပ်ရမယ့်သူမှမဟုတ်တာ"

"အေးဆို"    "ဟာ!"

"အိမ်မှာပဲလုပ်ချင်လုပ်"

"မင်းနော်"

"အဟေး.. မင်းခစား မင်း ကိုယ့်ရည်းစားစကားကို နားထောင်လိုက်စမ်းပါကွာ"

"ရည်းစားရှိခိုး သွားမကျိုးတဲ့"

သူ ဘာမှပြန်မပြောမိဘဲ အပြုံးတစ်ချက်ဖြင့် ခေါင်းကိုသာညိတ်ပြလိုက်ရကာ အိမ်မှာလည်း ကိုယ်ကသာလုပ်ကိုင်နေတာ မဟုတ်လား။
မယ်မင်းကြီးမကတော့ ဆေးထိုးပြီးကျေနပ်သွားပြီမို့ ပြုံးစိစိဖြင့် သူ့ပခုံးစွန်းပေါ် မျက်နှာလေးဖေးတင်လာ၏။
မိုးမြေလက်ကလေးကို ဖွဖွလေးဖိဆုပ်ပြီး လက်ဖမိုးလေးကို နှုတ်ခမ်းဖြင့်ထိကပ်နမ်းလိုက်သည့်အခါ သူ့ရဲ့ညနေခင်းဟာ ပြည့်စုံသွားပြီဖြစ်သည်။

ကြည်နူး၍ဝမှ ဟိုနှစ်ကောင်ဆီအကြည့်ရောက်တော့ နေသွေးရော၊ တိမ်တိုက်ပါ သူတို့နှစ်ယောက်ကိုမဲ့ရွဲ့ပြီးကြည့်နေကြ၏။
သူနှင့်မိုးမြေ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိရင်း ပြုံးမိချိန် ထိုနှစ်ကောင်၏ ဆဲဆိုသံတွေက စီခနဲ…

"နောက်ကို ညစာစားဖို့ ယိ့မှလာမခေါ်နဲ့"

💌💌💌💌💌💌

ဒီနေ့ညတော့ Laptopတစ်လုံးရှေ့မှာ ငြိမ်ချက်သားကောင်းနေသော ခစားကြောင့် မသိမသာလှမ်းကြည့်မိရင်း ဖုန်းကို အားသွင်းကြိုးမှာတပ်လိုက်သည်။
ခါတိုင်းဆို အိပ်ရာဝင်ခါနီးလျှင် အတူတူအိပ်ဖို့ ကလေးဆိုးကြီးလိုဂျီကျတတ်သော သူ့ကြောင့် ဘာမှမလုပ်နိုင်အောင်ဖြစ်ရသည်။
တစ်ညတစ်လေတော့ ဂျီမကျဘဲနေသလားဟု ကြိတ်တွေးရင်း ကျေနပ်သွားမိကာ ဝရံတာမှာလှန်းခဲ့သော အဝတ်တွေကို သွားရုတ်လိုက်၏။

မနက်မှ မီးပူထိုးဖို့စိတ်ကူးဖြင့် အင်္ကျီ၊ဘောင်းဘီတွေကို ခြင်းတွေထဲခွဲထည့်နေတုန်း အနောက်ဘက်မှ ခြေသံသဲ့သဲ့ကြားလိုက်ရပြီး ခါးကိုသိမ်းဖက်ခံလိုက်ရသည်။
ထို့နောက် မိုးမြေလည်ဂုတ်တွေနှင့် ဆံပင်တွေထဲကို ဖိနှစ်နမ်းလာသော နှုတ်ခမ်းစိုစိုတွေကြောင့် ရင်ထဲအေးခနဲဖြစ်သွားမိသည်။

"မအားသေးဘူး အိပ်ချင်ရင် နင့်ဘာသာအရင်သွားအိပ်"

ဟု ကိုယ်ကအရင်ကြိုကန်ထားလိုက်တော့ ကျစ်ခနဲစုပ်သပ်သံနှင့်အတူ လက်ထဲကအဝတ်တွေကို သူက ဆွဲယူလွှင့်ပစ်တော့၏။
ဤအပြုအမူဟာ သူစိတ်မရှည်လာတိုင်း လုပ်နေကျအပြုအမူမှန်း မိုးမြေသိနေ၍ သူနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

"ဘာလဲ နင်အိပ်ခါနီးတိုင်း တဂျီဂျီနဲ့"

"မင်းကိုဖက်ပြီးအိပ်ချင်လို့လေ ငါမှားလို့လား"

ချက်ချင်းမျက်နှာငယ်လေးဖြစ်သွားကာ အောက်နှုတ်ခမ်းကိုပါ မသိမသာလေးကိုက်သွားသည့်သူ့ကြောင့် အမြင်ကတ်သွားရပြီး သူ့နှာခေါင်းကို ဆွဲလိမ်ပစ်လိုက်မိသည်အထိ။
အရင်ကနဲ့မတူတော့သည့် ဒင်းသည် တစ်ခုခုဆို ပန်းနုသွေးပြလွန်းကာ သူ့ကိုပြောမိ၊ဆူမိသောမိုးမြေသည်သာ ကိုယ်ချင်းမစာတတ်သော မိန်းမကြီးအတိုင်း…

"ငါမရှိခင်တုန်းကရော"

"ဖက်လုံးနဲ့အိပ်တာ ဒါပေမယ့် ဖက်လုံးကဖက်လို့ပဲရတာ မင်းလိုဘက်စုံသုံးလို့ရမလား"

"ကြည့်စမ်း"

"အင်း.. ကြည့်မယ်"

တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ပြီး ရန်တွေ့၍မရအောင် နှုတ်ခမ်းတွေကို အပိုင်သိမ်းနမ်းရှိုက်လာသည့် သူ့ကြောင့် မိုးမြေ ငြိမ်ငြိမ်လေး နေလိုက်ရတော့သည်။
သူ့အကျင့်က နှုတ်ခမ်းတွေကို တစ်လွှာချင်းသာနမ်းတတ်ပြီး ခဏအကြာမှာ နားရွက်ဖျားနှင့်လည်တိုင်တွေကို ပွတ်တိုက်နမ်းရှိုက်တတ်သည်။

သူသည် ရည်းစားများသော ငပွေးလေးဖြစ်သည့်အလျှောက် good kisserတစ်ယောက်လည်းဖြစ်တာမို့ သူနမ်းသည့်အခါတိုင်း မိုးမြေရုန်းမထွက်နိုင်။
သူ့နှုတ်ခမ်းတွေ လည်တိုင်ပေါ်ရောက်လာတော့ အသည်းယားလွန်း၍ မျက်နှာလေးမော့ကာ အသံမထွက်အောင်ရယ်မိ၏။

"ငါမရတော့ဘူး"

အနမ်းတွေရပ်တံ့ရင်း တောင်းဆိုသလိုပြောလာတော့ မိုးမြေသည် ခြေဖျားလေးထောက်ကာ သူ့မျက်လုံးတွေဆီ အနမ်းတွေခြွေချလိုက်သည်။
သူက မျက်လုံးတွေမှိတ်သွားသောကြောင့် မျက်ခွံဖောင်းဖောင်းတွေကိုသာ နမ်းမိကာ ဒီလိုနမ်းရခြင်းကို မိုးမြေအလွန်သဘောကျမိသည်။

"ငါနင့်ကိုချစ်တယ်"

ဤစကားအဆုံးမှာ စွေ့ခနဲကောက်ပွေ့ခံလိုက်ရပြီး မွေ့ရာပေါ်ကျောကပ်မိသွားသည့်အခါ သူ့လက်တစ်ဖက်က မိုးမြေခေါင်းမနာအောင် အောက်ကခံပေးထား၏။
ထို့နောက် ညှပ်ရိုးတွေကို ရွရွလေးလိုက်ကိုင်နေရင်း သူက မိုးမြေ၏Braချိတ်တွေကို ဖြုတ်ချပစ်ပြီး ရင်ဘတ်မို့မို့တွေဆီကို လက်တွေက ကျူးကျော်လာသည်။
လည်တိုင်ထက်မှာ စူးခနဲဖြစ်သွား၍ ကိုက်လိုက်ပြီမှန်းသိလိုက်ကာ အရာထင်နေခဲ့တော့မှာမို့ သူ့ကျောပြင်ကြီးကို ဘုတ်ခနဲထုပစ်လိုက်သည်။

"မင်းက Markinလေးနဲ့ဆိုပိုလှတယ်"

"လူတွေမြင်ကုန်မယ်"

"အဲ့ဒါဆိုလူမမြင်တဲ့နေရာပေးမယ် ရတယ်မလား"

"နင်နော် အွန်း!.."

ငြင်းဆန်ချိန်မရလိုက်ဘဲ နှုတ်ခမ်းတွေကို သူဖိကိုက်လာပြီး သူမကိုယ်ပေါ်မှာ ဘာအဝတ်မှမကျန်တော့သည်အထိ ခစားရဲ့လက်တွေက အစီအစဥ်တကျလှုပ်ရှားနေခဲ့သည်။
သူ့ထိတွေ့မှုတွေမှာ စိတ်လှုပ်ရှားစွာမိန်းမောရင်း သူဇာတ်လမ်းစလာသည့်အခါ မျက်နှာလေးမော့သွားပြီး နှုတ်ခမ်းလေးကိုဖိကိုက်ထားလိုက်မိသည်။

"မင်းအဲ့လိုလေးဖြစ်သွားရင် ငါအရမ်းသဘောကျတာသိလား"

"ကျမှာပေါ့ နင်က လုပ်ချင်တာလုပ်ခွင့်ရနေတဲ့သူဥစ္စာ"

"အံမယ် မသိရင် အလိုမတူဘဲငါကဆွဲစားနေတဲ့အတိုင်းပဲ.. ပြီးရင် ခစား.. ခစားနဲ့ အင်း!.. အာ့!!နဲ့ ညည်းတော့မယ်"

"နင်နော်"

"ကြိုက်လားလို့မေးရင် ကြိုက်တယ်လို့လည်းဖြေသေးတယ်"

သူမ,စိတ်ပါလာအောင် စကားတွေနှင့်နှိုးဆွနေမှန်းသိပေမယ့် ရှက်လည်းရှက်မိတာမို့ စိတ်ရှိလက်ရှိထုနှက်ပစ်မိတော့ သူကအသံတိုးတိုးဖြင့်ရယ်သည်။
သူကိုယ်တိုင်လည်း အဝတ်တွေမရှိတော့ဘဲ မာကျောနေပြီဖြစ်သော သူ့ညီလေးကို မိုးမြေ၏ပေါင်သားနုနုတွေကို လိုက်ထိတို့ရင်း မျက်နှာပြောင်နေ၏။

"နင်ဘယ်လိုကြီးလုပ်နေတာလဲ"

"လိုချင်ပြီလား"

မလိုချင်လည်း လိုချင်အောင်စိတ်ဆွနေပြီးမှ ပြုံးစိစိဖြင့်မေးလာတော့ သူမ အမြင်ကတ်သွားပြီး သူ့ပခုံးကိုဆွဲယူကာ သူ့နားရွက်ကိုကိုက်ပစ်လိုက်သည်။
ထိုသို့ မထိတထိကိုက်လျှင် သူက အသည်းယားတတ်သည်လေ…

"လိုချင်တယ်"

သူက ရယ်သံသဲ့သဲ့ဖြင့် သူ့ပစ္စည်းကိုကိုင်ပြီး မိုးမြေကိုယ်လေးမှာတေ့ကာ ခပ်ဖြည်းဖြည်းသာတိုးဝင်လာ၍ ရင်ထဲလှိုက်မောသွားမိသည်။
ပြီးမှလှုပ်ရှားမှုတွေ စတင်လာတော့ ဆက်မထုနိုင်တော့ဘဲ သူ၏လှုပ်ရှားမှုမှာ အလိုက်သင့်စီးမျောရင်း ညည်းသံထွက်မှာစိုး၍ ပါးစပ်ကို လက်နှင့်ပိတ်ထားမိတော့၏။

"Baby ညည်းလေကွာ"

"ဟင့်အင်း ပြီးရင် နင်ကလိုက်စတာ"

"မစတော့ဘူး မင်းညည်းရင် ငါပိုပြီးFeelတက်တယ် စတယ်ဆိုတာကလည်း မင်းရှက်နေရင် ရင်ခုန်လို့ပါ နော်! ငါကြားချင်တယ်"

"ဟင့်အင်း"

ပြောနေရင်းမှ သူမရင်သားတစ်ဖက်ကို ဖိအကိုက်ခံလိုက်ရ၍ ရုတ်တရက်အော်ညည်းမိသွားကာ သူတမင်လုပ်မှန်းသိပေမယ့် ကြမ်းရှလာသောလှုပ်ရှားမှုကြောင့် ပါးစပ်ပိတ်ထားဖို့လည်းအချိန်မရတော့…
သူက မိုးမြေလည်တိုင်ကို အတင်းတိုးဝှေ့နမ်းကာ အရှိန်လျှော့ပေးဖို့လည်း စိတ်ကူးမရှိလောက်တော့။

သေချာတာတစ်ခုက သွေးဆိုးသောခစားအစုတ်ပလုတ်ကြောင့် ဒီညတော့ အတော်နဲ့အိပ်ရမည်မထင်…

💌💌💌💌💌💌

Part 42 ဆက်ရန်

Valentineမှာမှောင်ကြမယ်🌚🌚

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

  
💌 Part - 41 💌
---------------


တန်ဖိုးကြီး Luxuryအသုံးအဆောင်တြွေဖင့် ခမ်းနားထည်ဝါနေပုံက တကယ့်ရုံးခန်းတွေလို…

"မာမီ"






"သားတို့အတွက်ပေါ့"

"မှန်တင်ခုံကရော"


"မင်းခစား"







💌💌💌💌💌💌



"အစ်မကောင်လေးရှိလား"




"Baby အူမှ! ငါ့ကိုမလှမျးဘူးလား"

ထိုအခါမှ သူမနှာခေါင်းလေးရှုံ့သွားပြီး လည်ပင်းကိုဖက်ထားရာမြှပန်လွှတ်ပေးကာ…


"မဟုတ်ပါဘူး"





"အာ!"


"ကျစ်!"



"ဟင်! မဟုတ်ပါဘူး"




"ရှက်စရာကြီး"

"ဘာကိုလဲ"





"ခဏလေးနမ်း"

"မနမ်းဘူး ရှက်တယ်"

"အဲ့ဒါဆို ညစာကၽြေးမွာလား"

"အခုစားမွာပဲမလား မကၽြေးဘူး"

"အခုငါကမင္းကိုကၽြေးတာ ညက်ရင္မင္းကျပန္ကၽြေး"

"နင်နော်"






"Candy ဘာစားမလဲ"

"ပုစွန်တုပ်"

"Omm"







"အေးဆို"    "ဟာ!"


"မင်းနော်"



သူ ဘာမြှပန်မပြောမိဘဲ အပြုံးတစ်ချက်ဖြင့် ခေါင်းကိုသာညိတ်ပြလိုက်ရကာ အိမ်မှာလည်း ကိုယ်ကသာလုပ်ကိုင်နေတာ မဟုတ်လား။



💌💌💌💌💌💌








"ငါမရှိခင်တုန်းကရော"


"ကြည့်စမ်း"

"အင်း.. ကြည့်မယ်"



"ငါမရတော့ဘူး"

အနမ်းတွေရပ်တံ့ရင်း တောင်းဆိုသလိုပြောလာတော့ မိုးမြေသည် ခြေဖျားလေးထောက်ကာ သူ့မျက်လုံးတွေဆီ အနမ်းတွေခြွချေလိုက်သည်။

"ငါနင့်ကိုချစ်တယ်"



"လူတြွေမင်ကုန်မယ်"


"နင်နော် အွန်း!.."





"နင်နော်"




"လိုချင်ပြီလား"


"လိုချင်တယ်"


"Baby ညည်းလေကွာ"



"ဟင့်အင်း"



💌💌💌💌💌💌

Part 42 ဆက်ရန်


#shinthant1141997

Continue Reading

You'll Also Like

365K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
4.3K 110 7
သက်ကျော်၏ ဝတ္ထုတိုများ စုစည်းမှု #thetkyaw သက်ကျော်၏ ဝတ္ထုတိုများ စုစည်းမှု #thetkyaw
806K 66.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...