💌 Part - 32 💌
---------------
တည်းရမည့်Hotelကိုရောက်သည်နှင့် ကိုယ့်အိတ်ကိုယ်ဆွဲကာ ကားပေါ်ကဆင်းလိုက်ပြီး အခုထိစကားမပြတ်သေးသော မိုးမြေကိုလှည့်ကြည့်လိုက်မိသည်။
သူမက ရတနာနှင့် စကားတွေပြောနေခဲ့သည်မှာ လေယာဥ်ကအဆင်း Hotel busပေါ်ရောက်ကတည်းကမို့ မျက်မှောင်ကုတ်သွားမိသည်။
မိုးမြေ ခင်တတ်မင်တတ်မှန်းသိပေမယ့် ဒီအချိန်မှာ ကိုယ့်ကိုပဲ ဦးစားပေးသင့်သည်မဟုတ်လား…
"မင်း ဒီနေ့စကားပြောလို့ပြီးဦးမှာလား"
လေသံတင်းမာသွားသည့်သူ့ကို အားလုံးကိုလှည့်ကြည့်သလို မိုးမြေကလည်း အူကြောင်ကြောင်ဖြင့် ကြည့်လာ၏။
ထို့ကြောင့် မိုးမြေလက်တစ်ဖက်ကိုဆွဲယူလိုက်တော့မှ သူမက နားလည်သွားကာ ရတနာ့ကို နှုတ်ဆက်ပြီး သူ့ကိုမော့ကြည့်သည်။
"ကဲ.. ရပါပြီ ကိုကိုမင်းခစားကိုပဲ မိုးမြေက ခစားပါတော့မယ်"
"ကလေးကလား"
မကျေမနပ်ပြန်ပြောမိပေမယ့် စိတ်ထဲကျေနပ်သွားမိ၍ ဘယ်သူမှမမြင်အောင် ခိုးပြုံးလိုက်တော့ ဖိုးချမ်းနှင့်တည့်တည့်ကြီးတိုးကာ သူ့ကိုချဥ်သလိုကြည့်နေလေသည်။
သို့သော် သူဟာ မျက်နှာပြောင်သည့်နေရာမှာ ထူးချွန်သူမဟုတ်လား…
Hotelကိုတော့ သူတို့တည်းနေကျ The Shore Katathaniဆိုသည့် Hotelပဲဖြစ်ကာ တစ်အုပ်စုလုံး ကမ်းခြေနှင့်အနီးဆုံးအခန်းတွေကိုသာ ယူဖြစ်ကြသည်။
အိပ်ရာထဲမှ ကမ်းခြေကိုလှမ်းမြင်ရသလို အခန်းရှေ့မှာ ရေကူးကန်လည်းပါသောကြောင့် ကိုယ့်အခန်းနားမှာပဲ ရေကူး၍ရသည်လေ။
"ရော့… မင်းတို့ကတစ်ခန်း"
မိုးမြေမျက်နှာလေး ရဲခနဲဖြစ်သွားကာ သူ့ကိုမော့ကြည့်လာတော့ သူမ ဘာမှမပြောခင် သော့ကိုလှမ်းယူပြီး Receptionမှလစ်ထွက်လာခဲ့သည်။
အိမ်မှာလည်း အတူနေခဲ့ပေမယ့် သူမကသပ်သပ်၊ သူကသပ်သပ်ဖြစ်ပြီး အခုတော့ နှစ်ယောက်တည်းတစ်ခန်းမို့ မိုးမြေ ပြူးပြာသွားခြင်းဖြစ်မည်။
ဒီလိုဖြစ်အောင် ကောင်းထက်နဲ့သူ တမင်စီစဥ်ထားမှန်းတော့ သူမ မရိပ်မိလောက်ချေ။
"အိပ်ရာကတစ်ခုတည်းလား"
Receptionမှာ မထုတ်ဖော်ခဲ့ရသည့် မကျေနပ်ခြင်းကို အခန်းထဲရောက်မှထုတ်ဖော်ကာ မိုးမြေက ခါးထောက်ပြီးသူ့ကိုလှည့်ကြည့်လာ၏။
နှစ်ယောက်အိပ်မွေ့ရာကြီးဆီ အကြည့်တစ်ချက်ရောက်ပြီးမှ သူ မသိဟန်ဆောင်ကာ Luggageကိုဗီရိုအနားထားခဲ့ပြီး မှန်တံခါးကိုဖွင့်ကြည့်လိုက်သည်။
ခပ်ဝေးဝေးကလှိုင်းသံတွေကို ကြားနေရကာ တဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်လေပြေကြောင့် ခန်းစီးစအဖြူလေးတွေ ဝဲလွင့်နေပုံက Romanticဆန်သည်။
မှန်တံခါးအထွက် ရေကူးကန်ဘေးမှာ ခဏရပ်နေလိုက်သည့်အခါ မိုးမြေက သူ့ကျောပြင်ကိုဘုန်းခနဲထုနှက်လာ၍ လှည့်ကြည့်မိတော့ စူပုတ်နေသောသူမ…
"ဘာလဲ"
"နင် ဆိုဖာပေါ်အိပ်"
"ငါက တိမ်တိုက်တို့နဲ့သွားအိပ်မှာ.. စိတ်ချ အငှားရည်းစားလို့မထင်ရအောင် လိုက်လာတာ မင်းနဲ့နေချင်လွန်းလို့မထင်နဲ့"
"အောင်မာ"
စူပုတ်ပုတ်မျက်နှာလေးက လေအဝေ့မှာ ဆံပင်လေးတွေလွင့်ခါသွား၍ ပိုပြီးလှသွားသလို စိတ်ရှိလက်ရှိချစ်ပစ်ချင်စိတ်က ရင်ထဲအလိုလိုရောက်လာ၏။
မှန်ရာဝန်ခံရရင် ရည်းစားများခဲ့ဖူးပေမယ့် ဘယ်သူ့အပေါ်မှာမှ ဒီလိုစိတ်ရိုင်းဝင်လာတာမျိုးမရှိခဲ့။
ရင်ခုန်ချင်ရုံသက်သက်၊ အပျင်းပြေတွဲချင်ရုံသက်သက်သာရှိခဲ့ပြီး သူမနဲ့မှာမှ နမ်းချင်စိတ်တွေ၊ ထိတွေ့ချင်စိတ်တွေဖြစ်လာခဲ့ကာ…
"မိုးမြေ မင်း တကယ်ပဲငါ့မိန်းမလုပ်မလား"
"ဘာလို့လုပ်ရမှာလဲ"
မျက်စောင်းလေးထိုးကာ တုံ့ပြန်လာသောမိုးမြေကြောင့် ရင်ထဲစိုးထိတ်သွားပြီး သူမကိုချစ်ခွင့်ပန်ဖို့ကိစ္စက အဆင်ပြေပါ့မလားဆိုသည့် အတွေးတစ်ချက်ဝင်လာခဲ့သည်။
ဒီခရီးကိုလိုက်လာသည့် ပထမဆုံးအကြောင်းတရားက သူမကို ကမ်းခြေမှာ ချစ်ခွင့်တောင်းဖို့ဖြစ်သည်။
သူ မပြောရဲခဲ့သော 'ချစ်တယ်'ဆိုသည့်စကားကို ဖွင့်ဟဝန်ခံဖို့၊ သူမနှင့် တကယ့်ချစ်သူအစစ်တွေဖြစ်ကြဖို့၊ မိုးမြေခစားဆိုသည့်အတွဲလေး အမှန်တကယ်ဖြစ်လာစေဖို့…
ထိုအရာအားလုံးအတွက် သူ သတ္တိရှိနေပြီမို့ သူမလက်ကလေးကိုသာ တရားဝင်ဆုပ်ကိုင်ထားရမည့် ချစ်သူကောင်လေးဖြစ်ချင်သည်။
"အဲ့လောက်အဝေးကြီး မစဥ်းစားနဲ့လေ ခစားရယ် ငါတို့ တစ်ယောက်နဲ့တစ်ယောက် မဝေးဘူးဆိုရင် ဖြစ်တာပဲမဟုတ်လား"
"မဖြစ်ဘူး"
သူ ခေါင်းခါပြလိုက်ပြီး မိုးမြေကိုအသာတွန်းဖယ်ကာ အခန်းထဲကပြန်ထွက်လာခဲ့သည်။
မဝေးတဲ့နေရာမှာ မင်း ရှိနေလို့မရဘူး မိုးမြေ…
ငါ့အနီးဆုံးမှာ မင်းကိုရှိစေချင်တာ။ ငါ့ဘေးမှာပဲ မင်းကိုထားချင်တာ။
ငါ့ရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေ၊ ငါ့ဘဝရဲ့အနိမ့်အမြင့်၊ အတက်အကျတွေကို မင်းနဲ့အတူတူရင်ဆိုင်ချင်တာ…
အဲ့ဒါ ငါ လောဘကြီးနေမိလို့လား....
💌💌💌💌💌💌
"မိုးမြေလာလေ"
ကိုကောင်းထက်ရဲ့မိန်းမ ရတနာက လှမ်းခေါ်တော့ မိုးမြေထိုစားပွဲကိုပဲလျှောက်သွားလိုက်ကာ ခစားရှိမလားဟု ဝေ့ကြည့်မိသေးသည်။
စိတ်ဆိုးသွားသလားမသိသော သူသည် မိုးမြေကို နောက်တစ်ခါပစ်ထားခဲ့ပြန်ပြီမို့ ဝမ်းနည်းနေမိပြီး မိုးမြေဘာကြောင့် ငြင်းလိုက်မိသလဲဆိုတာ ကိုယ်တိုင်လည်းမသိ။
ရတနာက မိုးမြေအတွက် ထိုင်ခုံတစ်လုံးဆွဲပေးတာမို့ ထိုထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း စားပွဲမှာရှိသူအားလုံးကို ပြုံးပြနှုတ်ဆက်လိုက်သည်။
"ခစားကရော"
"မသိဘူး"
"ငါတို့လည်းမတွေ့ဘူး"
မတွေ့ဘူးဆိုသောမျက်နှာတွေသည် အနည်းငယ်ပြုံးယောင်သမ်းနေသည်ဟု စိတ်ထဲထင်မှတ်မိကာ တခြားသူတွေကိုလည်း မိုးမြေအကဲခတ်မိသည်။
တခြားသူတွေကလည်း တစ်ခုခုကိုသိထားသလို ပြုံးစိစိဖြစ်နေကြ၍ ရတနာ့ကိုကြည့်မိတော့လည်း သူမကပုံမှန်အနေအထားဖြစ်သည်။
ထို့ကြောင့် စိတ်ထဲမှာ အလွယ်မှတ်ယူလိုက်သည်က ကိုကောင်းထက်က ရတနာ့အတွက် Surpriseတစ်ခုခုလုပ်ပေးဖို့ ပြင်ဆင်နေသည်ဟု…
"မိုးမြေ ပင်လယ်စာ စားတတ်တယ်မလား"
"စားတတ်ပါတယ်"
"လိုတာရှိရင်ထပ်မှာနော် ဘာမှအားမနာနဲ့ တို့ကအရင်တုန်းက ဒီအဖွဲ့နဲ့ခရီးထွက်ဖူးတယ် အခုမှပဲ မိုးမြေပါလာလို့ အဖော်အလှော်လေးရသွားတာ မဟုတ်ရင်ပျင်းစရာကြီး"
"အဲ့ဒါ ခစားကိုကျေးဇူးတင်"
"ဘာလို့တုန်း"
"သူနဲ့တွဲနေလို့လိုက်လာတာလေ ငါတို့က ဘယ်သူ့ကိုခေါ်ဖူးလို့လဲ"
"အေးပါ ဟုတ်ပါတယ် အဲ့ဒါကြောင့်လည်း ငါတအားပျင်းနေရတာပေါ့"
မိုးမြေဘာမှဝင်မပြောမိဘဲ waitressလေးကိုသာ စားစရာတွေမှာနေရင်း ခစားများလာဦးမလားဟု ပတ်ဝန်းကျင်ကိုမသိသာဝေ့ကြည့်မိသည်။
သို့သော် နေ့လည်စာစားပြီး အခန်းကိုပြန်ရောက်လာသည်အထိ ခစားဟာ ပြန်ရောက်မလာခဲ့ပါ…
"နေပေါ့ အစုတ်ပလုတ် သူကပဲစိတ်ဆိုးရတယ်ရှိသေး"
အမြင်ကတ်ကတ်ဖြင့် နှာခေါင်းရှုံ့မိရင်း အခန်းထဲပြန်ရောက်လာတော့ မွေ့ရာပေါ်တင်ထားသော ဘူးလှလှလေးတစ်ဘူးကြောင့် သူမ ငြိမ်သွားမိ၏။
ထိုဘူးပေါ်ကတံဆိပ်ဟာ ကိုကောင်းထက်ရဲ့မင်္ဂလာပွဲအတွက် ရောက်လာခဲ့သောဂါဝန်ဘူး၏ တံဆိပ်နှင့်တူနေသောကြောင့် မိုးမြေပိုဆွံ့အသွားမိသည်။
ဒီအခန်းဟာ ခစားနဲ့မိုးမြေမှာသာ သော့ရှိတာမို့ ဒါကိုခစားကလွဲလျှင် ဘယ်သူမှလည်းလာထားသွားမှာမဟုတ်။
ဒါဆို ဟိုတစ်ခါကတည်းက ခစားကပဲ မိုးမြေအတွက်ဝယ်ပေးခဲ့တာပေါ့…
အတွေးဖြင့်နူးညံ့သွားမိသည့်အခါ ကြည်နူးသောအပြုံးတစ်ချက်သည် မိုးမြေနှုတ်ခမ်းပေါ်စွဲထင်သွားခဲ့ပြီး ဘူးလေးကိုဖွင့်ကြည့်မိသည်။
ဘူးထဲမှာ စက္ကူဖြင့်ကျကျနနခေါက်ထားသော ဝတ်စုံတစ်စုံရှိနေကာ အဖြူရောင်နှင်းဆီတစ်ပွင့်ကလည်း လှပစွာပွင့်လျက်ရှိနေ၏။
ထိုနှင်းဆီဖြူလေးကို ကောက်ယူနမ်းရှိုက်မိသည့်အခါ ရင်ထဲအထိမွှေးပျံ့သွားသလိုပင်…
💌💌💌💌💌💌
"မိုးမြေ ညစာစားစို့လေ ထွက်ခဲ့တော့"
"လာပြီ"
"Aww ဒါနဲ့လေ ခစားကသူဝယ်ပေးထားတဲ့ဟာလေး ဝတ်ခဲ့တဲ့"
"အင်း"
ဘယ်သူမှမမြင်ပေမယ့် မိုးမြေတစ်ချက်ပြုံးလိုက်မိကာ ဖုန်းချလိုက်သည်နှင့် မှန်ရှေ့ကိုအပြေးရောက်သွားပြီး တစ်ကိုယ်လုံးကိုကြည့်မိသေးသည်။
လိမ္မော်ရောင်ပိုးသားနုနု ဂါဝန်လေးက တစ်ကိုင်းကြိုးလေးဖြစ်ပြီး ခါးမှစပြီး ဇာတစ်ထပ်လွှမ်းထားကာ ခြေဖမိုးပေါ်ပုံကျသွားသည်မှာ အိအိပုံ့ပုံ့လေးဖြစ်သည်။
ဆံပင်တွေကိုတော့ ဒီအတိုင်းဖြန့်ချလိုက်ကာ ခစားရှေ့မှာလှနေချင်သောကြောင့် မိတ်ကပ်ပါးပါးလေးတို့ကာ နှုတ်ခမ်းနီကိုထပ်ဆိုးလိုက်မိသေးသည်။
ကိုယ့်ကိုယ်ကိုကျေနပ်သွားတော့မှ ဖုန်းကိုလှမ်းယူကာ အခန်းထဲကထွက်လာခဲ့ပြီး Hotelရှေ့မြက်ခင်းပြင်သို့ ထွက်လာခဲ့သည်။
ရတနာက မိုးမြေကိုစောင့်နေသောကြောင့် ရတနာ့ဆီကိုပဲသွားလိုက်တော့ ရတနာက ပြုံးစစမျက်နှာလေးဖြင့်…
"တို့တွေက Beachမှာစားကြမှာ ကမ်းခြေကိုလူရှင်းခိုင်းထားတယ် လာ.."
"ဘာလို့Beachမှာလဲ"
"ခစားရဲ့အကြံလေ လာပါ.. ဟိုရောက်ရင်သိရမှာပဲ"
ရတနာကအတင်းဆွဲခေါ်လာ၍ မိုးမြေထပ်မမေးဖြစ်တော့ဘဲ လိုက်ပါလာခဲ့ကာ ရတနာခေါ်လာသောနေရာက လူနည်းနည်းပြတ်၏။
ဖြူလွလွသဲပြင်ပေါ်မှာ မီးလေးတွေကို လျှောက်လမ်းတစ်ခုလို လုပ်ပေးထားပြီး romanticဆန်ဆန်လေးမို့ မိုးမြေ အရမ်းသဘောကျသွားမိသည်အထိ။
ဂါဝန်လေးကိုမ,ကာ လျှောက်လမ်းလေးအတိုင်း ပြေးသွားရင်း ပခုံးလေးတွေလှုပ်ခတ်သည်အထိ ရယ်မိရင်း နောက်ကိုပြန်လှည့်ကြည့်မိတော့ ရတနာက မရှိတော့ပြီ။
"ဘယ်ရောက်သွားတာလဲ"
ရုတ်တရက်မို့ စိတ်ထဲလန့်ဖျပ်သွားရင်း ရင်ဘတ်ကိုဖိထားလိုက်မိကာ ဒီဘက်ကိုပြန်လှည့်လိုက်မိတော့ လျှောက်လမ်းလေး၏အဆုံး၊ မိုးမြေရဲ့ခပ်ဝေးဝေးမှာ ရပ်နေသော…
"ခစား"
ခစားသည် မိုးမြေနှင့်ဆင်တူ လိမ္မော်ရောင်ဖျော့ဖျော့ရှပ်အင်္ကျီဝတ်ထားပြီး ဘောင်းဘီအဖြူရောင်ဝတ်ထား၍ လူငယ်ပီပီဖျတ်လတ်တက်ကြွနေ၏။
သူ့လက်ထဲမှာလည်း အဖြူရောင်နှင်းဆီပန်းတစ်စည်းရှိနေကာ မိုးမြေကိုရပ်ကြည့်နေခဲ့၍ ရတနာ့အတွက်ဟု ထင်ခဲ့မိသောSurpriseက မိုးမြေအတွက်မှန်း အခုမှသိလိုက်ရသည်။
You know me the best
(ကိုယ့်အကြောင်းကို မင်းအသိဆုံးပါ)
You know my worst
(ကိုယ်မကောင်းတာတွေလည်း မင်းသိတယ်)
See me hurt, but you don't judge
(ကိုယ်နာကျင်နေရတာကိုလည်း မြင်လည်း မင်းအပြစ်မပြောခဲ့ဘူး)
That, right there, is the scariest feeling
(ဒါတွေကြောင့် ကိုယ်ဖွင့်ပြောရမှာကို အကြောက်ဆုံးပဲ)
ငြိမ့်ညောင်းသာယာစွာထွက်ပေါ်လာသော သီချင်းသံကြောင့် မိုးမြေရင်တွေခုန်သွားမိကာ မှတ်မှတ်ရရသဘောကျမိခဲ့သော 8 Lettersဆိုသည့်သီချင်းလေး။
မိုးမြေ သူရှိရာဆီသို့ မဝံ့မရဲတိုးကပ်သွားမိတော့ တဖြည်းဖြည်းပြုံးလာသော သူ့ရဲ့မျက်နှာကြောင့် ရင်တွေပိုခုန်လာမိသည်။
မိုးမြေကြားချင်ခဲ့သော စကားကို သူ ဖွင့်ပြောတော့မှာမဟုတ်လား…
Opening and closing up again
(ဖွင့်ပြောမယ်ကြံရင် ဖွင့်မပြောရဲပြန်ဘူး)
I've been hurt so I don't trust
(အရင်ကလည်းနာကျင်ဖူးတော့ မယုံရဲဘူး)
Now here we are, staring at the ceiling
(အခုတော့ ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေရပြီ)
မီးလုံးလေးတွေ၏အလင်းရောင်ဖြင့် မိုးမြေ သူ့မျက်နှာကို ပီပီသသမြင်နေရပြီဖြစ်ကာ စိုလက်နေသောမျက်ဝန်းနက်နက်တွေမှ အပျော်တွေကို မြင်လိုက်ရသလိုပင်။
ထိုအကြည့်တွေကြောင့် မိုးမြေ အပျော်တွေနင့်သီးလာပြီး သူ့ရှေ့မှာ ခြေစုံရပ်လိုက်မိသည်။
I've said those words before
(ဒီစကားတွေကို အရင်ကပြောခဲ့ဖူးပေမယ့်)
But it was a lie
(အဲ့ဒါတွေကအလိမ်အညာတွေပါ)
And you deserve to hear them a thousand times
(ပြီးတော့ မင်းက ဒီစကားတွေကို အကြိမ်ပေါင်းထောင်ချီကြားဖို့ ထိုက်တန်တဲ့သူပါ)
If all it is, is 8 letters
(စာလုံးလေး ၈လုံးပဲရှိတာကို)
Why is it so hard to say?
(ဘာလို့ပြောဖို့ သိပ်ခက်နေရသလဲမသိဘူး)
"နင်ကလေ အရမ်းပဲ"
မိုးမြေမျက်ရည်ဝဲလာမိရင်း သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးနှင့် ဖွဖွလေးထုမိတော့ သူက နူးညံ့စွာတစ်ချက်ပြုံးရင်း ရှေ့တိုးလာသည်။
ထို့နောက် နှင်းဆီပန်းစည်းလေးကို မိုးမြေဆီကမ်းပေးလာ၍ မိုးမြေ သူ့လက်ထဲက နှင်းဆီပန်းစည်းလေးကို ရင်ခုန်စွာဖြင့် လှမ်းယူလိုက်သည်။
"ငါဘာပြောမလဲဆိုတော့ မင်းတစ်သက်လုံးမှာ မေ့လို့မရမယ့်စကားလေးတစ်ခွန်း"
"အင်း"
"Biology is the study of living things တဲ့"
"နင်နော်"
မိုးမြေ အမြင်ကတ်ကတ်ဖြင့် တအားအော်ပစ်လိုက်တော့မှ သူက ပခုံးတွလှုပ်ခတ်သည်အထိ ရယ်နေခဲ့ပြီး မိုးမြေရဲ့လက်ကလေးကိုဖွဖွလေးဖိဆုပ်သည်။
ပြီးမှ သူက မိုးမြေမျက်နှာလေးကိုပင့်ယူကာ အစိပ်အပိုင်းတစ်ခုချင်းစီကို တစိမ့်စိမ့်ကြည့်နေရင်း…
"ငါအချိန်ယူခဲ့တယ်ဆိုတာ မင်းကိုအမြတ်တနိုး တန်ဖိုးထားချင်လို့ပါ မင်းကိုရော၊ မင်းရဲ့မနက်ဖြန်တွေကိုရော ငါအပိုင်ရချင်တာ မင်းချစ်တဲ့သူတွေကို လိုက်ချစ်ပေးရလောက်တဲ့အထိ ငါမင်းကိုမက်မောတာ
အခု ငါ မင်းကိုဖွင့်ပြောဖို့၊ မင်းအချစ်ကိုတောင်းခံဖို့ အဆင်သင့်ဖြစ်နေပြီ Baby"
သူမ နှုတ်ခမ်းလေးကိုက်ကာ အသက်အောင့်ထားလိုက်မိချိန် ခစားက မိုးမြေနဖူးလေးကို မြတ်နိုးယုယခြင်းဖြင့် ငုံ့နမ်းကာ…
"ငါ့မှာအရာရာပြည့်စုံနေပြီမိုးမြေ ငါကအချစ်ခံရဖို့လိုနေတာ… အချစ်၊ အံ့ဩမှုနဲ့ ပျော်ရွှင်စရာတွေလိုအပ်နေတာ အဲ့ဒီအရာတွေကိုလည်း မင်းကပဲပေးနိုင်တာ ငါကလည်းမင်းဆီကပဲလိုချင်နေတာ
ဒါကြောင့်မို့ ငါ့ဘဝရဲ့ ပထမဆုံးလူနဲ့နောက်ဆုံးလူအဖြစ် ငါ့အနားမှာ မင်းကိုရှိစေချင်တယ် အဲ့လောက်အထိ မင်းကိုငါချစ်တယ် Baby"
သူ့ဆီက ထိုစကားလေးကြားခဲ့ရလျှင် မိုးမြေသည် 'ငါလည်းနင့်ကိုချစ်တယ်'ဟု ရယ်မောလျက်ပြန်ပြောနိုင်မည်ဟု ထင်ခဲ့ဖူးသည်။
တကယ်တမ်းလက်တွေ့မှာတော့ မျက်ရည်တွေသာစီးကျလာခဲ့ပြီး သူ့လည်ပင်းကို တအားဖက်ထားလိုက်ရင်း ခေါင်းလေးကိုသာ ညိတ်ပြလိုက်မိတော့၏။
"ငါအကြာကြီးစောင့်နေရတာ သိလား လူဆိုးကောင်"
"Sorryပါ မိုးမြေရယ် တကယ်တောင်းပန်ပါတယ်"
ရယ်သံသဲ့သဲ့ဖြင့် သူကပြောရင်း မိုးမြေကိုခါးလေးမှဖက်ကာ တအားမွှေ့ယမ်းပစ်လိုက်တော့ လက်ခုပ်သံတွေနှင့်အတူ သူ့သူငယ်ချင်းတွေက အလျှိုအလျှိုနှင့် ထွက်လာကြတော့၏။
သို့သော် သူတို့တွေကိုလည်း မိုးမြေအရေးမလုပ်နိုင်တော့ဘဲ သူ့ကိုတင်းတင်းဖက်ထားရင်းသာ သူ့ရင်ခွင်ထဲ မျက်နှာလေးဖွက်ထားမိတော့သည်။
"ကျွန်တော် မိုးမြေကိုအရမ်းချစ်ပါတယ်ဗျို့"
"အော်ထား သားကြီးရေ အော်ထားဟ"
"သူလည်း ကျွန်တော့်ကိုချစ်တယ်တဲ့ဗျို့
ထားလိုက်တော့ကွာ ပြီးမှဆက်အော်တော့မယ် အခုတော့ ငါ့ချစ်သူလေးငိုနေလို့ အရင်ချော့လိုက်ဦးမယ်"
"နင်နော်"
အသံကျယ်ကြီးဖြင့် ကိုကောင်းထက်တို့ဆီ လှည့်အော်နေသောသူ့ကြောင့် မိုးမြေ ရှက်ကိုးရှက်ကန်းရယ်မိရင်း သူ့မေးဖျားကိုသာ မော့နမ်းလိုက်မိတော့သည်။
ထိုအခါ မိုးမြေကို တင်းတင်းကျပ်ကျပ်ထွေးပွေ့ကာ နှုတ်ခမ်းတွေကိုငုံ့နမ်းလာသော သူ့ကို မငြင်းဆန်တော့ဘဲ မျက်နှာလေးမော့ပေးထားမိသည်။
နူးညံ့သိမ်မွေ့သော အနမ်းတွေသည် တခဏမျှသာဖြစ်ကာ သူက မိုးမြေကိုပြန်လွှတ်ပေးရင်း…
"ချစ်တယ်"
ဟု ထပ်ပြောလာတော့ မိုးမြေ သူ့ရင်ခွင်ထဲမျက်နှာလေးကပ်ထားလိုက်မိတော့၏။
တကယ်ပါ…
ကျွန်မကလည်း မင်းခစားကို အရမ်းချစ်ပါသတဲ့ရှင်…
💌💌💌💌💌💌
Part 33 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💌 Part - 32 💌
---------------
တည္းရမၫ့္Hotelကိုေရာက္သည္ႏွင့္ ကိုယ့္အိတ္ကိုယ္ဆဲြကာ ကားေပၚကဆင္းလိုက္ၿပီး အခုထိစကားမျပတ္ေသးေသာ မိုးေျမကိုလွၫ့္ၾကၫ့္လိုက္မိသည္။
သူမက ရတနာႏွင့္ စကားေတြေျပာေနခဲ့သည္မွာ ေလယာဥ္ကအဆင္း Hotel busေပၚေရာက္ကတည္းကမို႔ မ်က္ေမွာင္ကုတ္သြားမိသည္။
မိုးေျမ ခင္တတ္မင္တတ္မွန္းသိေပမယ့္ ဒီအခ်ိန္မွာ ကိုယ့္ကိုပဲ ဦးစားေပးသင့္သည္မဟုတ္လား…
"မင္း ဒီေန့စကားေျပာလို႔ၿပီးဦးမွာလား"
ေလသံတင္းမာသြားသၫ့္သူ႔ကို အားလံုးကိုလွၫ့္ၾကၫ့္သလို မိုးေျမကလည္း အူေၾကာင္ေၾကာင္ျဖင့္ ၾကၫ့္လာ၏။
ထို႔ေၾကာင့္ မိုးေျမလက္တစ္ဖက္ကိုဆဲြယူလိုက္ေတာ့မွ သူမက နားလည္သြားကာ ရတနာ့ကို ႏႈတ္ဆက္ၿပီး သူ႔ကိုေမာ့ၾကၫ့္သည္။
"ကဲ.. ရပါၿပီ ကိုကိုမင္းခစားကိုပဲ မိုးေျမက ခစားပါေတာ့မယ္"
"ကေလးကလား"
မေက်မနပ္ျပန္ေျပာမိေပမယ့္ စိတ္ထဲေက်နပ္သြားမိ၍ ဘယ္သူမွမျမင္ေအာင္ ခိုးႃပံုးလိုက္ေတာ့ ဖိုးခ်မ္းႏွင့္တၫ့္တၫ့္ႀကီးတိုးကာ သူ႔ကိုခ်ဥ္သလိုၾကၫ့္ေနေလသည္။
သို႔ေသာ္ သူဟာ မ်က္ႏွာေျပာင္သၫ့္ေနရာမွာ ထူးခၽြန္သူမဟုတ္လား…
Hotelကိုေတာ့ သူတို႔တည္းေနက် The Shore Katathaniဆိုသၫ့္ Hotelပဲျဖစ္ကာ တစ္အုပ္စုလံုး ကမ္းေျခႏွင့္အနီးဆံုးအခန္းေတြကိုသာ ယူျဖစ္ၾကသည္။
အိပ္ရာထဲမွ ကမ္းေျခကိုလွမ္းျမင္ရသလို အခန္းေရ႔ွမွာ ေရကူးကန္လည္းပါေသာေၾကာင့္ ကိုယ့္အခန္းနားမွာပဲ ေရကူး၍ရသည္ေလ။
"ေရာ့… မင္းတို႔ကတစ္ခန္း"
မိုးေျမမ်က္ႏွာေလး ရဲခနဲျဖစ္သြားကာ သူ႔ကိုေမာ့ၾကၫ့္လာေတာ့ သူမ ဘာမွမေျပာခင္ ေသာ့ကိုလွမ္းယူၿပီး Receptionမွလစ္ထြက္လာခဲ့သည္။
အိမ္မွာလည္း အတူေနခဲ့ေပမယ့္ သူမကသပ္သပ္၊ သူကသပ္သပ္ျဖစ္ၿပီး အခုေတာ့ ႏွစ္ေယာက္တည္းတစ္ခန္းမို႔ မိုးေျမ ျပဴးျပာသြားျခင္းျဖစ္မည္။
ဒီလိုျဖစ္ေအာင္ ေကာင္းထက္နဲ႔သူ တမင္စီစဥ္ထားမွန္းေတာ့ သူမ မရိပ္မိေလာက္ေခ်။
"အိပ္ရာကတစ္ခုတည္းလား"
Receptionမွာ မထုတ္ေဖာ္ခဲ့ရသၫ့္ မေက်နပ္ျခင္းကို အခန္းထဲေရာက္မွထုတ္ေဖာ္ကာ မိုးေျမက ခါးေထာက္ၿပီးသူ႔ကိုလွၫ့္ၾကၫ့္လာ၏။
ႏွစ္ေယာက္အိပ္ေမြ့ရာႀကီးဆီ အၾကၫ့္တစ္ခ်က္ေရာက္ၿပီးမွ သူ မသိဟန္ေဆာင္ကာ Luggageကိုဗီရိုအနားထားခဲ့ၿပီး မွန္တံခါးကိုဖြင့္ၾကၫ့္လိုက္သည္။
ခပ္ေဝးေဝးကလိႈင္းသံေတြကို ၾကားေနရကာ တျဖဴးျဖဴးတိုက္ခတ္ေနေသာ ပင္လယ္ေလေျပၾကောင့္ ခန္းစီးစအျဖဴေလးေတြ ဝဲလြင့္ေနပံုက Romanticဆန္သည္။
မွန္တံခါးအထြက္ ေရကူးကန္ေဘးမွာ ခဏရပ္ေနလိုက္သၫ့္အခါ မိုးေျမက သူ႔ေက်ာျပင္ကိုဘုန္းခနဲထုႏွက္လာ၍ လွၫ့္ၾကၫ့္မိေတာ့ စူပုတ္ေနေသာသူမ…
"ဘာလဲ"
"နင္ ဆိုဖာေပၚအိပ္"
"ငါက တိမ္တိုက္တို႔နဲ႔သြားအိပ္မွာ.. စိတ္ခ် အငွားရည္းစားလို႔မထင္ရေအာင္ လိုက္လာတာ မင္းနဲ႔ေနခ်င္လြန္းလို႔မထင္နဲ႔"
"ေအာင္မာ"
စူပုတ္ပုတ္မ်က္ႏွာေလးက ေလအေဝ့မွာ ဆံပင္ေလးေတြလြင့္ခါသြား၍ ပိုၿပီးလွသြားသလို စိတ္ရိွလက္ရိွခ်စ္ပစ္ခ်င္စိတ္က ရင္ထဲအလိုလိုေရာက္လာ၏။
မွန္ရာဝန္ခံရရင္ ရည္းစားမ်ားခဲ့ဖူးေပမယ့္ ဘယ္သူ႔အေပၚမွာမွ ဒီလိုစိတ္ရိုင္းဝင္လာတာမ်ိဳးမရိွခဲ့။
ရင္ခုန္ခ်င္ရံုသက္သက္၊ အပ်င္းေျပတဲြခ်င္ရံုသက္သက္သာရိွခဲ့ၿပီး သူမနဲ႔မွာမွ နမ္းခ်င္စိတ္ေတြ၊ ထိေတြ့ခ်င္စိတ္ေတျြဖစ္လာခဲ့ကာ…
"မိုးေျမ မင္း တကယ္ပဲငါ့မိန္းမလုပ္မလား"
"ဘာလို႔လုပ္ရမွာလဲ"
မ်က္ေစာင္းေလးထိုးကာ တံု႔ျပန္လာေသာမိုးေျမၾကောင့္ ရင္ထဲစိုးထိတ္သြားၿပီး သူမကိုခ်စ္ခြင့္ပန္ဖို႔ကိစၥက အဆင္ေျပပါ့မလားဆိုသၫ့္ အေတြးတစ္ခ်က္ဝင္လာခဲ့သည္။
ဒီခရီးကိုလိုက္လာသၫ့္ ပထမဆံုးအေၾကာင္းတရားက သူမကို ကမ္းေျခမွာ ခ်စ္ခြင့္ေတာင္းဖို႔ျဖစ္သည္။
သူ မေျပာရဲခဲ့ေသာ 'ခ်စ္တယ္'ဆိုသၫ့္စကားကို ဖြင့္ဟဝန္ခံဖို႔၊ သူမႏွင့္ တကယ့္ခ်စ္သူအစစ္ေတျြဖစ္ၾကဖို႔၊ မိုးေျမခစားဆိုသၫ့္အတဲြေလး အမွန္တကယ္ျဖစ္လာေစဖို႔…
ထိုအရာအားလံုးအတြက္ သူ သတၲိရိွေနၿပီမို႔ သူမလက္ကေလးကိုသာ တရားဝင္ဆုပ္ကိုင္ထားရမၫ့္ ခ်စ္သူေကာင္ေလးျဖစ္ခ်င္သည္။
"အဲ့ေလာက္အေဝးႀကီး မစဥ္းစားနဲ႔ေလ ခစားရယ္ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ မေဝးဘူးဆိုရင္ ျဖစ္တာပဲမဟုတ္လား"
"မျဖစ္ဘူး"
သူ ေခါင္းခါျပလိုက္ၿပီး မိုးေျမကိုအသာတြန္းဖယ္ကာ အခန္းထဲကျပန္ထြက္လာခဲ့သည္။
မေဝးတဲ့ေနရာမွာ မင္း ရိွေနလို႔မရဘူး မိုးေျမ…
ငါ့အနီးဆံုးမွာ မင္းကိုရိွေစခ်င္တာ။ ငါ့ေဘးမွာပဲ မင္းကိုထားခ်င္တာ။
ငါ့ရဲ့ေကာင္းျခင္း၊ ဆိုးျခင္းေတြ၊ ငါ့ဘဝရဲ့အနိမ့္အျမင့္၊ အတက္အက်ေတြကို မင္းနဲ႔အတူတူရင္ဆိုင္ခ်င္တာ…
အဲ့ဒါ ငါ ေလာဘႀကီးေနမိလို႔လား....
💌💌💌💌💌💌
"မိုးေျမလာေလ"
ကိုေကာင္းထက္ရဲ့မိန္းမ ရတနာက လွမ္းေခၚေတာ့ မိုးေျမထိုစားပဲြကိုပဲေလ်ွာက္သြားလိုက္ကာ ခစားရိွမလားဟု ေဝ့ၾကည့္မိေသးသည္။
စိတ္ဆိုးသြားသလားမသိေသာ သူသည္ မိုးေျမကို ေနာက္တစ္ခါပစ္ထားခဲ့ျပန္ၿပီမို႔ ဝမ္းနည္းေနမိၿပီး မိုးေျမဘာေၾကာင့္ ျငင္းလိုက္မိသလဲဆိုတာ ကိုယ္တိုင္လည္းမသိ။
ရတနာက မိုးေျမအတြက္ ထိုင္ခံုတစ္လံုးဆဲြေပးတာမို႔ ထိုထိုင္ခံုမွာဝင္ထိုင္လိုက္ရင္း စားပဲြမွာရိွသူအားလံုးကို ႃပံုးျပႏႈတ္ဆက္လိုက္သည္။
"ခစားကေရာ"
"မသိဘူး"
"ငါတို႔လည္းမေတြ့ဘူး"
မေတြ့ဘူးဆိုေသာမ်က္ႏွာေတြသည္ အနည္းငယ္ႃပံုးေယာင္သမ္းေနသည္ဟု စိတ္ထဲထင္မွတ္မိကာ တျခားသူေတြကိုလည္း မိုးေျမအကဲခတ္မိသည္။
တျခားသူေတြကလည္း တစ္ခုခုကိုသိထားသလို ႃပံုးစိစိျဖစ္ေနၾက၍ ရတနာ့ကိုၾကၫ့္မိေတာ့လည္း သူမကပံုမွန္အေနအထားျဖစ္သည္။
ထို႔ေၾကာင့္ စိတ္ထဲမွာ အလြယ္မွတ္ယူလိုက္သည္က ကိုေကာင္းထက္က ရတနာ့အတြက္ Surpriseတစ္ခုခုလုပ္ေပးဖို႔ ျပင္ဆင္ေနသည္ဟု…
"မိုးေျမ ပင္လယ္စာ စားတတ္တယ္မလား"
"စားတတ္ပါတယ္"
"လိုတာရိွရင္ထပ္မွာေနာ္ ဘာမွအားမနာနဲ႔ တို႔ကအရင္တုန္းက ဒီအဖဲြ႔နဲ႔ခရီးထြက္ဖူးတယ္ အခုမွပဲ မိုးေျမပါလာလို႔ အေဖာ္အေလွာ္ေလးရသြားတာ မဟုတ္ရင္ပ်င္းစရာႀကီး"
"အဲ့ဒါ ခစားကိုေက်းဇူးတင္"
"ဘာလို႔တုန္း"
"သူနဲ႔တဲြေနလို႔လိုက္လာတာေလ ငါတို႔က ဘယ္သူ႔ကိုေခၚဖူးလို႔လဲ"
"ေအးပါ ဟုတ္ပါတယ္ အဲ့ဒါေၾကာင့္လည္း ငါတအားပ်င္းေနရတာေပါ့"
မိုးေျမဘာမွဝင္မေျပာမိဘဲ waitressေလးကိုသာ စားစရာေတြမွာေနရင္း ခစားမ်ားလာဦးမလားဟု ပတ္ဝန္းက်င္ကိုမသိသာေဝ့ၾကၫ့္မိသည္။
သို႔ေသာ္ ေန့လည္စာစားၿပီး အခန္းကိုျပန္ေရာက္လာသည္အထိ ခစားဟာ ျပန္ေရာက္မလာခဲ့ပါ…
"ေနေပါ့ အစုတ္ပလုတ္ သူကပဲစိတ္ဆိုးရတယ္ရိွေသး"
အျမင္ကတ္ကတ္ျဖင့္ ႏွာေခါင္းရႈံ႔မိရင္း အခန္းထဲျပန္ေရာက္လာေတာ့ ေမြ့ရာေပၚတင္ထားေသာ ဘူးလွလွေလးတစ္ဘူးေၾကာင့္ သူမ ၿငိမ္သြားမိ၏။
ထိုဘူးေပၚကတံဆိပ္ဟာ ကိုေကာင္းထက္ရဲ့မဂၤလာပဲြအတြက္ ေရာက္လာခဲ့ေသာဂါဝန္ဘူး၏ တံဆိပ္ႏွင့္တူေနေသာေၾကာင့္ မိုးေျမပိုဆြံ႔အသြားမိသည္။
ဒီအခန္းဟာ ခစားနဲ႔မိုးေျမမွာသာ ေသာ့ရိွတာမို႔ ဒါကိုခစားကလဲြလ်ွင္ ဘယ္သူမွလည္းလာထားသြားမွာမဟုတ္။
ဒါဆို ဟိုတစ္ခါကတည္းက ခစားကပဲ မိုးေျမအတြက္ဝယ္ေပးခဲ့တာေပါ့…
အေတြးျဖင့္ႏူးညံ့သြားမိသၫ့္အခါ ၾကည္ႏူးေသာအႃပံုးတစ္ခ်က္သည္ မိုးေျမႏႈတ္ခမ္းေပၚစဲြထင္သြားခဲ့ၿပီး ဘူးေလးကိုဖြင့္ၾကၫ့္မိသည္။
ဘူးထဲမွာ စကၠူျဖင့္က်က်နနေခါက္ထားေသာ ဝတ္စံုတစ္စံုရိွေနကာ အျဖဴေရာင္ႏွင္းဆီတစ္ပြင့္ကလည္း လွပစြာပြင့္လ်က္ရိွေန၏။
ထိုႏွင္းဆီျဖဴေလးကို ေကာက္ယူနမ္းရိႈက္မိသၫ့္အခါ ရင္ထဲအထိေမႊးပ်ံ႔သြားသလိုပင္…
💌💌💌💌💌💌
"မိုးေျမ ညစာစားစို႔ေလ ထြက္ခဲ့ေတာ့"
"လာၿပီ"
"Aww ဒါနဲ႔ေလ ခစားကသူဝယ္ေပးထားတဲ့ဟာေလး ဝတ္ခဲ့တဲ့"
"အင္း"
ဘယ္သူမွမျမင္ေပမယ့္ မိုးေျမတစ္ခ်က္ႃပံုးလိုက္မိကာ ဖုန္းခ်လိုက္သည္ႏွင့္ မွန္ေရ႔ွကိုအေျပးေရာက္သြားၿပီး တစ္ကိုယ္လံုးကိုၾကၫ့္မိေသးသည္။
လိမၼော္ေရာင္ပိုးသားႏုႏု ဂါဝန္ေလးက တစ္ကိုင္းႀကိဳးေလးျဖစ္ၿပီး ခါးမွစၿပီး ဇာတစ္ထပ္လႊမ္းထားကာ ေျခဖမိုးေပၚပံုက်သြားသည္မွာ အိအိပံု႔ပံု႔ေလးျဖစ္သည္။
ဆံပင္ေတြကိုေတာ့ ဒီအတိုင္းျဖန႔္ခ်လိုက္ကာ ခစားေရ႔ွမွာလွေနခ်င္ေသာေၾကာင့္ မိတ္ကပ္ပါးပါးေလးတို႔ကာ ႏႈတ္ခမ္းနီကိုထပ္ဆိုးလိုက္မိေသးသည္။
ကိုယ့္ကိုယ္ကိုေက်နပ္သြားေတာ့မွ ဖုန္းကိုလွမ္းယူကာ အခန္းထဲကထြက္လာခဲ့ၿပီး Hotelေရ႔ျွမက္ခင္းျပင္သို႔ ထြက္လာခဲ့သည္။
ရတနာက မိုးေျမကိုေစာင့္ေနေသာေၾကာင့္ ရတနာ့ဆီကိုပဲသြားလိုက္ေတာ့ ရတနာက ႃပံုးစစမ်က္ႏွာေလးျဖင့္…
"တို႔ေတြက Beachမွာစားၾကမွာ ကမ္းေျခကိုလူရွင္းခိုင္းထားတယ္ လာ.."
"ဘာလို႔Beachမွာလဲ"
"ခစားရဲ့အႀကံေလ လာပါ.. ဟိုေရာက္ရင္သိရမွာပဲ"
ရတနာကအတင္းဆဲြေခၚလာ၍ မိုးေျမထပ္မေမးျဖစ္ေတာ့ဘဲ လိုက္ပါလာခဲ့ကာ ရတနာေခၚလာေသာေနရာက လူနည္းနည္းျပတ္၏။
ျဖဴလြလြသဲျပင္ေပၚမွာ မီးေလးေတြကို ေလ်ွာက္လမ္းတစ္ခုလို လုပ္ေပးထားၿပီး romanticဆန္ဆန္ေလးမို႔ မိုးေျမ အရမ္းသေဘာက်သြားမိသည္အထိ။
ဂါဝန္ေလးကိုမ,ကာ ေလ်ွာက္လမ္းေလးအတိုင္း ေျပးသြားရင္း ပခံုးေလးေတြလႈပ္ခတ္သည္အထိ ရယ္မိရင္း ေနာက္ကိုျပန္လွၫ့္ၾကၫ့္မိေတာ့ ရတနာက မရိွေတာ့ၿပီ။
"ဘယ္ေရာက္သြားတာလဲ"
ရုတ္တရက္မို႔ စိတ္ထဲလန႔္ဖ်ပ္သြားရင္း ရင္ဘတ္ကိုဖိထားလိုက္မိကာ ဒီဘက္ကိုျပန္လွၫ့္လိုက္မိေတာ့ ေလ်ွာက္လမ္းေလး၏အဆံုး၊ မိုးေျမရဲ့ခပ္ေဝးေဝးမွာ ရပ္ေနေသာ…
"ခစား"
ခစားသည္ မိုးေျမႏွင့္ဆင္တူ လိမၼော္ေရာင္ေဖ်ာ့ေဖ်ာ့ရွပ္အက်ႌဝတ္ထားၿပီး ေဘာင္းဘီအျဖဴေရာင္ဝတ္ထား၍ လူငယ္ပီပီဖ်တ္လတ္တက္ႂကြေန၏။
သူ႔လက္ထဲမွာလည္း အျဖဴေရာင္ႏွင္းဆီပန္းတစ္စည္းရိွေနကာ မိုးေျမကိုရပ္ၾကၫ့္ေနခဲ့၍ ရတနာ့အတြက္ဟု ထင္ခဲ့မိေသာSurpriseက မိုးေျမအတြက္မွန္း အခုမွသိလိုက္ရသည္။
You know me the best
(ကိုယ့္အေၾကာင္းကို မင္းအသိဆံုးပါ)
You know my worst
(ကိုယ္မေကာင္းတာေတြလည္း မင္းသိတယ္)
See me hurt, but you don't judge
(ကိုယ္နာက်င္ေနရတာကိုလည္း ျမင္လည္း မင္းအျပစ္မေျပာခဲ့ဘူး)
That, right there, is the scariest feeling
(ဒါေတြေၾကာင့္ ကိုယ္ဖြင့္ေျပာရမွာကို အေၾကာက္ဆံုးပဲ)
ၿငိမ့္ေညာင္းသာယာစြာထြက္ေပၚလာေသာ သီခ်င္းသံေၾကာင့္ မိုးေျမရင္ေတြခုန္သြားမိကာ မွတ္မွတ္ရရသေဘာက်မိခဲ့ေသာ 8 Lettersဆိုသၫ့္သီခ်င္းေလး။
မိုးေျမ သူရိွရာဆီသို႔ မဝံ့မရဲတိုးကပ္သြားမိေတာ့ တျဖည္းျဖည္းႃပံုးလာေသာ သူ႔ရဲ့မ်က္ႏွာေၾကာင့္ ရင္ေတြပိုခုန္လာမိသည္။
မိုးေျမၾကားခ်င္ခဲ့ေသာ စကားကို သူ ဖြင့္ေျပာေတာ့မွာမဟုတ္လား…
Opening and closing up again
(ဖြင့္ေျပာမယ္ႀကံရင္ ဖြင့္မေျပာရဲျပန္ဘူး)
I've been hurt so I don't trust
(အရင္ကလည္းနာက်င္ဖူးေတာ့ မယံုရဲဘူး)
Now here we are, staring at the ceiling
(အခုေတာ့ ကိုယ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကၫ့္ေနရၿပီ)
မီးလံုးေလးေတြ၏အလင္းေရာင္ျဖင့္ မိုးေျမ သူ႔မ်က္ႏွာကို ပီပီသသျမင္ေနရၿပီျဖစ္ကာ စိုလက္ေနေသာမ်က္ဝန္းနက္နက္ေတြမွ အေပ်ာ္ေတြကို ျမင္လိုက္ရသလိုပင္။
ထိုအၾကၫ့္ေတြေၾကာင့္ မိုးေျမ အေပ်ာ္ေတြနင့္သီးလာၿပီး သူ႔ေရ႔ွမွာ ေျခစံုရပ္လိုက္မိသည္။
I've said those words before
(ဒီစကားေတြကို အရင္ကေျပာခဲ့ဖူးေပမယ့္)
But it was a lie
(အဲ့ဒါေတြကအလိမ္အညာေတြပါ)
And you deserve to hear them a thousand times
(ၿပီးေတာ့ မင္းက ဒီစကားေတြကို အႀကိမ္ေပါင္းေထာင္ခ်ီၾကားဖို႔ ထိုက္တန္တဲ့သူပါ)
If all it is, is 8 letters
(စာလံုးေလး ၈လံုးပဲရိွတာကို)
Why is it so hard to say?
(ဘာလို႔ေျပာဖို႔ သိပ္ခက္ေနရသလဲမသိဘူး)
"နင္ကေလ အရမ္းပဲ"
မိုးေျမမ်က္ရည္ဝဲလာမိရင္း သူ႔ရင္ဘတ္ကို လက္သီးဆုပ္ေလးႏွင့္ ဖြဖြေလးထုမိေတာ့ သူက ႏူးညံ့စြာတစ္ခ်က္ႃပံုးရင္း ေရ႔ွတိုးလာသည္။
ထို႔ေနာက္ ႏွင္းဆီပန္းစည္းေလးကို မိုးေျမဆီကမ္းေပးလာ၍ မိုးေျမ သူ႔လက္ထဲက ႏွင္းဆီပန္းစည္းေလးကို ရင္ခုန္စြာျဖင့္ လွမ္းယူလိုက္သည္။
"ငါဘာေျပာမလဲဆိုေတာ့ မင္းတစ္သက္လံုးမွာ ေမ့လို႔မရမယ့္စကားေလးတစ္ခြန္း"
"အင္း"
"Biology is the study of living things တဲ့"
"နင္ေနာ္"
မိုးေျမ အျမင္ကတ္ကတ္ျဖင့္ တအားေအာ္ပစ္လိုက္ေတာ့မွ သူက ပခံုးတြလႈပ္ခတ္သည္အထိ ရယ္ေနခဲ့ၿပီး မိုးေျမရဲ့လက္ကေလးကိုဖြဖြေလးဖိဆုပ္သည္။
ၿပီးမွ သူက မိုးေျမမ်က္ႏွာေလးကိုပင့္ယူကာ အစိပ္အပိုင္းတစ္ခုခ်င္းစီကို တစိမ့္စိမ့္ၾကၫ့္ေနရင္း…
"ငါအခ်ိန္ယူခဲ့တယ္ဆိုတာ မင္းကိုအျမတ္တႏိုး တန္ဖိုးထားခ်င္လို႔ပါ မင္းကိုေရာ၊ မင္းရဲ့မနက္ျဖန္ေတြကိုေရာ ငါအပိုင္ရခ်င္တာ မင္းခ်စ္တဲ့သူေတြကို လိုက္ခ်စ္ေပးရေလာက္တဲ့အထိ ငါမင္းကိုမက္ေမာတာ
အခု ငါ မင္းကိုဖြင့္ေျပာဖို႔၊ မင္းအခ်စ္ကိုေတာင္းခံဖို႔ အဆင္သင့္ျဖစ္ေနၿပီ Baby"
သူမ ႏႈတ္ခမ္းေလးကိုက္ကာ အသက္ေအာင့္ထားလိုက္မိခ်ိန္ ခစားက မိုးေျမနဖူးေလးကို ျမတ္ႏိုးယုယျခင္းျဖင့္ ငံု႔နမ္းကာ…
"ငါ့မွာအရာရာျပၫ့္စံုေနၿပီမိုးေျမ ငါကအခ်စ္ခံရဖို႔လိုေနတာ… အခ်စ္၊ အံ့ဩမႈနဲ႔ ေပ်ာ္ရႊင္စရာေတြလိုအပ္ေနတာ အဲ့ဒီအရာေတြကိုလည္း မင္းကပဲေပးႏိုင္တာ ငါကလည္းမင္းဆီကပဲလိုခ်င္ေနတာ
ဒါေၾကာင့္မို႔ ငါ့ဘဝရဲ့ ပထမဆံုးလူနဲ႔ေနာက္ဆံုးလူအျဖစ္ ငါ့အနားမွာ မင္းကိုရိွေစခ်င္တယ္ အဲ့ေလာက္အထိ မင္းကိုငါခ်စ္တယ္ Baby"
သူ႔ဆီက ထိုစကားေလးၾကားခဲ့ရလ်ွင္ မိုးေျမသည္ 'ငါလည္းနင့္ကိုခ်စ္တယ္'ဟု ရယ္ေမာလ်က္ျပန္ေျပာႏိုင္မည္ဟု ထင္ခဲ့ဖူးသည္။
တကယ္တမ္းလက္ေတြ့မွာေတာ့ မ်က္ရည္ေတြသာစီးက်လာခဲ့ၿပီး သူ႔လည္ပင္းကို တအားဖက္ထားလိုက္ရင္း ေခါင္းေလးကိုသာ ညိတ္ျပလိုက္မိေတာ့၏။
"ငါအၾကာႀကီးေစာင့္ေနရတာ သိလား လူဆိုးေကာင္"
"Sorryပါ မိုးေျမရယ္ တကယ္ေတာင္းပန္ပါတယ္"
ရယ္သံသဲ့သဲ့ျဖင့္ သူကေျပာရင္း မိုးေျမကိုခါးေလးမွဖက္ကာ တအားေမႊ့ယမ္းပစ္လိုက္ေတာ့ လက္ခုပ္သံေတြႏွင့္အတူ သူ႔သူငယ္ခ်င္းေတြက အလ်ိႈအလ်ိႈႏွင့္ ထြက္လာၾကေတာ့၏။
သို႔ေသာ္ သူတို႔ေတြကိုလည္း မိုးေျမအေရးမလုပ္ႏိုင္ေတာ့ဘဲ သူ႔ကိုတင္းတင္းဖက္ထားရင္းသာ သူ႔ရင္ခြင္ထဲ မ်က္ႏွာေလးဖြက္ထားမိေတာ့သည္။
"ကၽြန္ေတာ္ မိုးေျမကိုအရမ္းခ်စ္ပါတယ္ဗ်ိဳ႕"
"ေအာ္ထား သားႀကီးေရ ေအာ္ထားဟ"
"သူလည္း ကၽြန္ေတာ့္ကိုခ်စ္တယ္တဲ့ဗ်ိဳ႕
ထားလိုက္ေတာ့ကြာ ၿပီးမွဆက္ေအာ္ေတာ့မယ္ အခုေတာ့ ငါ့ခ်စ္သူေလးငိုေနလို႔ အရင္ေခ်ာ့လိုက္ဦးမယ္"
"နင္ေနာ္"
အသံက်ယ္ႀကီးျဖင့္ ကိုေကာင္းထက္တို႔ဆီ လွၫ့္ေအာ္ေနေသာသူ႔ေၾကာင့္ မိုးေျမ ရွက္ကိုးရွက္ကန္းရယ္မိရင္း သူ႔ေမးဖ်ားကိုသာ ေမာ့နမ္းလိုက္မိေတာ့သည္။
ထိုအခါ မိုးေျမကို တင္းတင္းက်ပ္က်ပ္ေထြးေပြ့ကာ ႏႈတ္ခမ္းေတြကိုငံု႔နမ္းလာေသာ သူ႔ကို မျငင္းဆန္ေတာ့ဘဲ မ်က္ႏွာေလးေမာ့ေပးထားမိသည္။
ႏူးညံ့သိမ္ေမြ့ေသာ အနမ္းေတြသည္ တခဏမ်ွသာျဖစ္ကာ သူက မိုးေျမကိုျပန္လႊတ္ေပးရင္း…
"ခ်စ္တယ္"
ဟု ထပ္ေျပာလာေတာ့ မိုးေျမ သူ႔ရင္ခြင္ထဲမ်က္ႏွာေလးကပ္ထားလိုက္မိေတာ့၏။
တကယ္ပါ…
ကၽြန္မကလည္း မင္းခစားကို အရမ္းခ်စ္ပါသတဲ့ရွင္…
💌💌💌💌💌💌
Part 33 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997