💌 Part - 29 💌
---------------
ဒီနေ့မနက်တော့ အစောကြီးနိုးနှင့်နေပေမယ့် ကြားနေကျ ပဌာန်းတရားတော်ကို နားစွင့်ရင်း စိတ်ထဲကျေနပ်နေမိကာ အလိုလိုပြုံးနေမိသည်အထိ။
ရှေ့ဆက်ရမည့်နေ့ရက်တွေဟာ အခုမှ အဓိပ္ပါယ်ရှိသွားသလို ခံစားရပြီး မိုးမြေဟာ ဘာတွေနှင့်ပြုစားလိုက်သလဲမသိ။
ဒီနေ့ Graveကိုသွားမည်မို့ မျက်နှာသစ်လက်စနှင့် ရေချိုးပစ်လိုက်ပြီး အပြင်ကိုထွက်လာတော့ မနက်စာပြင်ဆင်နေသည့် သူ့ကောင်မလေး…
"ဒီနေ့ ဘာလုပ်ထားတာလဲ"
"မုန့်ဟင်းခါး"
မွေးပျံ့နေသောမုန့်ဟင်းခါးနံ့က အငွှေ့တလူလူထွက်နေ၍ စားချင်စဖွယ်လေးဖြစ်ကာ မိုးမြေက သူ့အတွက် သေချာပြင်ဆင်ပေးထားသည်။
ထိုင်ခုံမှာထိုင်ချလိုက်တော့ မိုးမြေကလည်း သူ့နေရာမှာပဲဝင်ထိုင်ကာ နံနံပင်နှင့်ဂေါ်ဖီရွက်တွေကိုဖယ်ထုတ်နေ၏။
မျက်နှာလေးကလည်း ရှုံ့မဲ့နေသောကြောင့် မိုးမြေသည် နံနံပင်Haterတစ်ယောက်ဖြစ်လောက်ပြီး သူမအကျင့်တွေထဲကတစ်ခုကို အသေအချာမှတ်ထားလိုက်သည်။
"ဒီနေ့အလုပ်မသွားနဲ့တော့"
"ဘာဖြစ်လို့လဲ"
"မင်းအိမ်မပြန်တာကြာပြီမလား ခဏပြန်ရအောင်လေ"
"မပြန်ချင်ပါဘူး အလုပ်ကရှိသေးတယ် လစာအဖြတ်ခံနေရမယ်"
"ဘယ်သူကဖြတ်မှာလဲ"
ထိုအခါ မျက်စောင်းလေးချီလာသော သူမမျက်နှာလေးဟာ အသည်းယားစရာကောင်းလွန်းလှ၍ ပါးလေးကိုဆွဲဖဲ့လိုက်မိသည်။
၆ရက်လောက်ဝေးသွားခဲ့မှ ဒီငွေသရဲမကို သူ ဘယ်လောက်လိုအပ်နေသလဲ သိခွင့်ရခဲ့သလို ဒီ့အတွက် နောက်ထပ်အချိန်မဆွဲသင့်မှန်း သဘောပေါက်လိုက်သည်။
ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောဖို့၊ သူမနဲ့အတူနေခွင့်ရဖို့ ဆိုတာ ဘယ်တော့မှ နောက်ကျဖို့မကောင်းသည့်အရာတွေ…
မုန့်ဟင်းခါးတစ်ဇွန်းသောက်လိုက်ချိန် မက်ဆေ့ဝင်သံကြားလိုက်ရ၍ အလုပ်ကိစ္စလားဟု ဖွင့်ကြည့်မိသည့်အခါ ဘဏ်မှအကြောင်းကြားစာဖြစ်သည်။
သူ့ဘဏ်စာအုပ်နှင့် ကဒ်တွေအားလုံး Freezeလုပ်ခံလိုက်ရကြောင်း အသိပေးစာဖြစ်ကာ ဒါသည် သေချာပေါက် ဒက်ဒီ့လက်ချက်ဖြစ်သည်။
"ဘာလဲဟင်"
"Aww ဘဏ်ကအကြောင်းကြားတာပါ ဘဏ်စာအုပ်နဲ့ကဒ်တွေပိတ်လိုက်တယ်တဲ့"
"အဲ့ဒါဆို နင်သုံးစရာရှိသေးရဲ့လား အဆင်ပြေပါ့မလား"
"ဘာမှမဖြစ်ပါဘူး မြန်မာနိုင်ငံမှာ ဘဏ်က ကမ္ဘောဇတစ်ခုပဲရှိတာမဟုတ်ဘူး ဘဏ်တွေမရှိလည်း ကာစီနိုကနေငွေဝင်နေတာပဲ
မရောင်ရာဆီလူးနေတာ ဒက်ဒီကတော့ တကယ့်အာရုံပဲ"
"နင်ကလည်း"
"ပြောပြတာလေ ကာစီနိုအပိတ်ခံရရင်တောင် ငါ့လက်တွေအကောင်းကြီးရှိသေးတယ် ကျူတံကိုင်နိုင်နေသမျှ၊ ကားမောင်းနိုင်သေးသမျှ ငွေဝင်တယ် ပူမနေနဲ့"
"အဲ့ဒါ ငါ့ကြောင့်မဟုတ်လား"
"မဟုတ်ပါဘူး ငါကိုက ဒက်ဒီနဲ့မတည့်တာ မင်းကိုပြောဖူးတယ်မလား ငါက လူယဥ်ကျေးတွေနဲ့ သိပ်သဟဇာတမဖြစ်ဘူးလို့.. ခုလည်းဒီအတိုင်းပါပဲ"
ထိုအခါမှ စိုးရိမ်သလိုမျက်နှာလေးက ပြေလျော့သွားတာမို့ စားလက်စကိုလက်စသပ်လိုက်ပြီး ပန်းကန်အပေကို ဘေစင်သို့ယူသွားလိုက်သည်။
သူမက ချက်ချင်းထလိုက်လာကာ သူ့လက်ထဲကပန်းကန်အပေကိုဆွဲယူရင်း…
"ငါဆေးလိုက်မယ်"
"ငါဆေးပါ့မယ် မင်းကမိတ်ကပ်သွားလိမ်း.. ဒီနေ့အပြင်သွားမယ်"
"မသွားပါဘူးဆို"
"မရဘူး.. ဒီနေ့ငါနဲ့လိုက်ခဲ့ရင် လစာလည်းမဖြတ်စေရဘူး မင်းလိုချင်တာတွေလည်း အကုန်ဝယ်ပေးမယ် လက်ညှိုးပဲထိုး"
"မလိုက်ချင်ပါဘူးဆို"
"လုပ်ပါ ငါ့ကောင်မလေးရယ် ၆ရက်လောက်ဝေးနေခဲ့တာကို အလိုမလိုက်ချင်ဘူးလား"
"ဟွန့်!"
"လိမ္မာတယ် သွား.. လှလှလေးပြင်ခဲ့"
မိုးမြေလက်ထဲက ပန်းကန်ကိုပါလှမ်းယူပြီး သူမကိုမေးဆတ်ပြလိုက်တော့ မိုးမြေက ခြေဖျားလေးထောက်ကာ သူ့လည်ပင်းကိုသိုင်းဖက်၏။
လည်ပင်းတစ်နေရာမှာ နွေးခနဲဖြစ်သွားတော့ ငြိမ်နေသောနှလုံးသွေးက ဒုန်းခနဲဆောင့်ခုန်သွားချိန် မိုးမြေက ပြုံးစိစိဖြင့် အနားကပြန်ထွက်သွားပြီဖြစ်သည်။
"ကျစ်! ဒီငွေသရဲမကတော့ကွာ.. ငါ့ဆီက တကယ်ခြူနေတာပဲ"
ငွေကိုတော့မဟုတ်ဘူး။
ကြည်နူးစရာ အခိုက်အတံ့လေးတွေနဲ့ ငါ့နှလုံးသားကို ခြူနေတာ…
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိကာ လက်ကတော့ ပန်းကန်အပေတွေကိုသာ ကျကျနနဆေးနေခဲ့မိရင်း…
💌💌💌💌💌💌
"Shoppingထွက်မယ်"
"အေး"
"ဒါပေမယ့်"
"ဘာမှမမယ့်နဲ့ သွား.. အဝတ်အစားသွားလဲ ကြာရင် မင်းကိုပစ်ထားခဲ့မှာ"
ခပ်တည်တည်ဖြင့် အမိန့်တွေပေးနေသော ကိုကြီးခစားကြောင့် တစ်ခုခုမှားယွင်းနေပြီဟု ထင်လိုက်မိကာ မိုးမြေကိုကြည့်မိတော့လည်း မိုးမြေကပြုံးစိစိ။
ဖေဖေကတော့ ထုံးစံအတိုင်း ဘာမှမပြောဘဲ သတင်းစာတစ်စောင်ကိုသာ ဖတ်နေပြီး ဒီဘက်ကိုလည်း အာရုံမရှိချေ။
"ကဲပါ ဟိုကြည့်ဒီကြည့်လုပ်မနေနဲ့ အင်္ကျီသွားလဲစမ်းပါ"
"ကျွန်တော် ကွမ်းသီးတွေခွာရဦးမယ်"
"မခွာနဲ့ ငါတို့နဲ့လိုက်ခဲ့"
"ခင်ဗျားဘာဖြစ်နေတာလဲ ထီပေါက်လာလို့လား"
"အေး.. ငါ့အဖေက ငါ့ဘဏ်စာအုပ်တွေ အကုန်ပိတ်ပစ်လိုက်တယ်"
"အဲ့ဒါတောင်မှ"
"လာစမ်းပါကွာ အပေါဆုံးကပိုက်ဆံပဲ စကားများလိုက်တာ ပြောလိုက်ရင်လည်းအလုပ်အကြောင်း၊ ငွေအကြောင်းချည်းပဲ မောင်နှမလို့မပြောရဘူး"
"ခစားနော်"
မိုးမြေက မျက်စောင်းချီသည်နှင့် ရယ်ကျဲကျဲဖြစ်သွားသော ကိုကြီးခစား၏မျက်နှာကြောင့် တစ်ခုခုတော့ပြောင်းလဲနေပြီမှန်း သိလိုက်သည်။
ဤအခြေအနေအတိုင်းဆို ထိုနှစ်ယောက်ကြားကို ပိုလို့တောင်ဝင်မပါသင့်တာမို့ ခပ်အေးအေးခေါင်းခါပြလိုက်သည်။
"မလိုက်တော့ဘူး ကျွန်တော် နေ့လည်ကျရင် သွေးစစ်ရဦးမှာ ဆရာဝန်နဲ့ချိန်းထားလို့"
"ဘယ်လိုနေသေးလို့လဲ ဆီးချိုကပုံမှန်ပဲလား"
"နည်းနည်းများနေတာ"
"နောက်ရက်မှစစ်လို့မရဘူးလား မင်းအစ်မနားတဲ့ရက်လေး အပြင်ထွက်ရအောင်လို့"
"မရဘူးဗျ"
ထိုအခါ မိုးမြေကစိုးရိမ်သလိုအကြည့်တွေဖြင့် အပ်ရာတွေထပ်နေသော လက်ထိပ်တွေကို ငုံ့ကြည့်ပြီး ဖွဖွလေးပွတ်သပ်လာ၏။
ဖေဖေကတော့ သူ့အခက်အခဲကို နားလည်နေပုံဖြင့် သတင်းစာကို ခေါက်နေရင်းမှ ခေါင်းတစ်ချက်ဟန့်သည်။
"မိုးသားကိုထားခဲ့ပါ သူ သိပ်နေမကောင်းဘူး"
ဖေဖေဝင်ပါလာမှ ကိုကြီးခစားရော၊ မိုးမြေပါ သက်ပြင်းကိုယ်စီချရင်း မိုးမြေက ထိုင်ရာမှထဖို့ပြင်ပေမယ့် ဟိုဂျစ်ကန်ကန်ဘဲကြီးက မထသေး။
ထိုဘဲကြီးအကြောင်းကိုလည်း အနည်းအကျဉ်းသိထားပြီးပြီမို့ ထိုင်ရာမှမထသေးခြင်းဟာ တစ်ခုခုလုပ်ဦးမည့်ပုံဖြစ်သည်။
စိတ်ထဲထင်ခ့နဲဖြစ်သွားချိန် ကိုကြီးခစားက ကွမ်းသီးညှပ်ကြီးကို လှမ်းယူကာ…
"မသွားတော့ပါဘူး ငါလည်းကူလုပ်ပေးမယ်"
"လုပ်တတ်လို့လား အစ်ကိုက.. ဒါမျိုးကမလုပ်တတ်ရင် လက်ပါ ပါတတ်တယ်"
"ဟုတ်သားပဲ ငါ့တူကလည်း"
"ရတယ် ဖြည်းဖြည်းချင်းလုပ်မှာပေါ့ တစ်လုံးရရ နှစ်လုံးရရ"
"ခစား နင်တစ်ခါမှလည်းမလုပ်ဖူးဘဲ ဘာထဖြစ်တာလဲ အခုမှ"
မိုးမြေရဲ့မေးခွန်းကိုပြန်မဖြေဘဲ ပခုံးသာတွန့်ပြသော ကိုကြီးခစားကြောင့် သူ အလွန်ရယ်ချင်သွားသလို ဒီလူဘာဖြစ်နေလဲဟု နားလည်သွားသည်။
မိုးမြေက အားလပ်ရက်မှာ မိသားစုကို အချိန်ပေးချင်ပုံရ၍ ဒီဘဲကြီးဟာ မိုးမြေအလိုကျ သူတို့ကို အတင်းလိုက်ကပ်နေခြင်းဖြစ်လောက်သည်။
ဘဲကြီးရဲ့ဖွန်ချက်ကတော့ တကယ်မလွယ်ပါ…
"အပိုတွေလုပ်မနေဘဲ ကိုယ့်ဘာသာကိုယ်ပဲသွားကြစမ်းပါ အိမ်လေးက ကျဥ်းကျဥ်းလေးရယ် လူများရင်ပြိုကျသွားလိမ့်မယ်"
"အဲ့ဒါမကောင်းဘူးလား အသစ်ပြင်ဆောက်လိုက်မယ်လေ ဒီတစ်ခါကျ နှစ်ထပ်လေးလုပ်ကွာ ငါလည်းလာနေမယ်"
"ခင်ဗျားကိုဘယ်သူကခေါ်လို့လဲ"
"မင်းအစ်မနဲ့ငါယူရင် မင်းမခေါ်ချင်လို့မရတော့ဘူး ဟုတ်တယ်မလား မိုးမြေ"
"ခွေးစုတ် နင်နော်.."
ရှက်သွားသောမျက်နှာရဲရဲလေးဖြင့် မိုးမြေက လိုက်ထုနေတော့ သဘောတကျရယ်နေသော ထိုအစ်ကိုကြီးဟာ သူ့အတွက်တော့ အစ်ကိုအရင်းတစ်ယောက်သာဖြစ်သည်။
သူတို့နှစ်ယောက်ဟာ ဟန်ဆောင်ရည်းစားတွေပဲဖြစ်ဖြစ်၊ အမှန်တကယ်ရည်းစားတွေပဲဖြစ်ဖြစ် ကိုကြီးမင်းခစားဟာ သူ့အပေါ်မှာတော့ ဟန်ဆောင်ခဲ့တာ တစ်ခုမှမရှိသလို ခံစားရသည်။
ဖြစ်နိုင်မည်ဆိုလျှင် မင်းခစားဆိုသော ထိုအစ်ကိုကြီးကို မိုးမြေနှင့်လက်တွဲစေချင်ပြီး ယောက်ဖအစစ်သာ ဖြစ်စေချင်တော့သည်အထိ။
💌💌💌💌💌💌
"ဘာယူမှာလဲ"
သူ ခေါ်ချလာသည့်ဆိုင်ကြီးက ခမ်းနားလှသလို brandedတွေချည်းရောင်းသောဆိုင်မို့ မိုးမြေ မဝံ့မရဲဖြစ်နေမိကာ မသိမသာဗိုက်ခေါက်ကိုဆွဲဆိတ်တော့ သူက ရယ်လေသည်။
ဆွဲဆိတ်နေသောလက်ကို ဖိဆုပ်ကာ ခါးကိုဖက်လိုက်ပုံက တကယ့်သမီးရည်းစားတွေလိုဖြစ်သည်။
တကယ်ဆို သူနဲ့မိုးမြေဟာ နားလည်မှုကိုယ်စီဖြင့်သာ လက်တွဲနေကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖွင့်မပြောရသေးဘူးမဟုတ်လား…
"ကြိုက်တာလက်ညှိုးထိုး.. ငါဝယ်ပေးမယ်"
"ဘာတွေလျှောက်လုပ်နေတာလဲ ခစား.. မလိုချင်ဘူး"
"အဲ့ဒါဆို ငါလက်ညှိုးထိုးတာကိုယူ"
"နင်ဘယ်လိုဖြစ်.. အမေ့!"
စကားမဆုံးခင် မိုးမြေဆီပစ်ပေးလိုက်သော အင်္ကျီတစ်ထည်ကြောင့် ကမန်းကတန်းဖမ်းယူလိုက်ရကာ နောက်ထပ်ပစ်ပေးလာသောအင်္ကျီတွေကြောင့် သူမ ထပ်ဖမ်းရပြန်သည်။
သူကတော့ ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ တွေ့သမျှအဝတ်တွေလွှင့်ပစ်နေပုံက အေးအေးဆေးဆေးရှိလွန်းလှသလို ဝန်ထမ်းကောင်မလေးကိုလည်း အရောင်ရှာခိုင်းနေသေးသည်။
"ဒီ့ထက်အရောင်ရင့်တာလေး"
"ဝတ်မယ့်သူက အသားဖြူလားရှင့်"
"အဲ့ဒီမယ် ကျွန်တော့်ကောင်မလေးကိုကြည့်.. သူဝတ်မှာ"
မိုးမြေကိုမေးဆတ်ကာပြောလာတော့ သူမမှာရှက်လွန်း၍ မျက်နှာကိုဘယ်နားသွားထားရမလဲ မသိလောက်အောင်ပင်။
ဒီတစ်ခါသူပြောသည့် 'ကျွန်တော့်ကောင်မလေး'ဆိုသည့် အသုံးအနှုန်းဟာ အရင်ကလိုမဏ္ဍပ်တိုင်တက်ပြခြင်းမဟုတ်ဘဲ တကယ်ပြောနေမှန်း မိုးမြေသိသည်။
ဝန်ထမ်းကောင်မလေးတွေကလည်း မိုးမြေကိုအားကျသလိုကြည့်ကြကာ လက်ထဲကအဝတ်တွေကိုလည်း အလိုက်တသိယူသွားပေးသောကြောင့် မိုးမြေ သူ့ကိုသာပြေးထုမိတော့၏။
"နင် အရှက်ကိုမရှိဘူး ကျက်သတုံးကောင်"
"ဘာလဲ မင်းကကောင်မလေးမဟုတ်လို့ ယောကျာ်းလေးလား ဒါမှမဟုတ် မိန်းမလို့ပြောရမှာလား ဟုတ်သားပဲ
မိန်းမလို့ပြောလိုက်သင့်တာ"
"နင်နော်"
"ပျော်တယ်မလား ငါနဲ့အတူတူshoppingထွက်ရတာ"
"မပျော်ဘူး ငါက ဒီလိုဈေးကြီးတာတွေမကြိုက်ဘူး ငါ့ဘာသာပိုက်ဆံစုပြီး အလည်အလတ်လောက်အဝတ်အစားတွေပဲ ဝယ်ချင်တာ"
"အဲ့ဒါဆို မင်းဘာသာဝယ်လေ ဒါကငါဝယ်ပေးတာ ငါဝယ်ပေးတာမို့လို့ အပြင်ဝတ်မသွားချင်လည်း အိမ်ထဲမှာပဲဝတ်ပေါ့ မမိုက်ဘူးလား"
မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ သူမက ဆောင့်ကြီးအောင့်ကြီးဖြင့် သူ့ကိူထုရိုက်နေတာမို့ စိတ်ထဲကျေနပ်သွားပြီး မိုးမြေလက်ကလေးကိုဆွဲယူလိုက်သည်။
ထိုလက်ဖမိုးလေးကို နှုတ်ခမ်းနှင့်ထိကပ်နမ်းမိတော့ ရေမွှေးနံ့လား၊ ဆပ်ပြာနံ့လားမသဲကွဲသော အမွှေးရနံ့လေးက ရင်ဘတ်ထဲအထိစီးဝင်လာ၏။
"လက်သည်းSpaသွားရအောင်"
"မသွားဘူး"
"မင်းက ပွေ့အခေါ်ခံရတာကို သဘောကျတာပဲ Honey"
မိုးမြေမျက်နှာလေး ရှုံ့မဲ့သွားတော့ သူ တအားအော်ရယ်မိတော့သည်။
ခါတိုင်းဆို ကိုယ့်စတိုင်နဲ့ကိုယ် အေးအေးလူလူ၊ မာနကြီးကြီးနေဖြစ်ပေမယ့် မိုးမြေနဲ့အတူရှိတိုင်း သူ ခဏခဏမျက်နှာပြောင်မိမှန်း သတိထားမိလာခဲ့သည်။
သူမ ငြိမ်ငြိမ်လေးနေလျှင်လည်း စိတ်တိုအောင်၊ မခံချင်ဖြစ်အောင် လိုက်ပြီးစနောက်ချင်ကာ ယောကျာ်းလေးတိုင်း ကိုယ့်ချစ်သူနဲ့အတူရှိနေလျှင် ဒီလိုအကျင့်မျိုးရှိကြသလားဟု တွေးမိသည်အထိ။
"ဝယ်ချင်ရာတွေဝယ်ပြီး ကျေနပ်သွားပြီလား"
ခနဲ့သလိုမေးလာသော သူမကို မျက်စိတစ်ဖက်မှိတ်ပြခြင်းဖြင့် ကျေနပ်ကြောင်းပြလိုက်ပြီး နောက်ထပ်မှတ်တိုင်တစ်ခုက လက်သည်းSpaသို့ ဖြစ်သည်။
သူဝယ်လာသော အထုတ်တပုံတပင်ကြီးကိုလည်း ကိုယ်တိုင်ပဲဆွဲလာခဲ့ကာ သူမလက်ကလေးကိုတော့ ကိုယ့်လက်တစ်ဖက်ကိုသာ ကိုင်ထားစေလိုက်သည်။
ဘာကြောင့်ရယ်မသိဘဲ လက်ချင်းဆုပ်ထားသည့်အဖြစ်ကို သဘောကျမိသလို ထိုလက်တွေကိုငုံ့ကြည့်မိသည်မှာလည်း ခဏခဏ။
ကိုယ်မြဲမြံစွာဆုပ်ကိုင်ထားရမည့် ထိုလက်ကလေးကိုလည်း နုဥလှပနေစေချင်၍ နောက်ဆို ဘာမှမလုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်မိတာ မှတ်မှတ်ရရ…
"ဘာလို့ ခဏခဏပြုံးနေတာလဲ ငါ့ကိုအဲ့လောက်သဘောကျလား"
"အင်း.. သဘောကျတယ် မင်းထင်ထားတာထက်ကို ပိုတယ်"
ထိုအခါ ရှက်ပြုံးလေးပြုံးသွားသော မိုးမြေနှုတ်ခမ်းလေးဟာ သူ့အတွက်တော့ အစွမ်းကုန်ပွင့်လန်းနေသော နှင်းဆီပန်းတစ်ပွင့်နှင့်တူသည်။
အမြင်အားဖြင့်လည်းလှပသလို ရနံ့အားဖြင့်လည်းမွှေးပျံ့ကာ ကိုယ်ပိုင်ဆူးတွေလည်းရှိတာမို့ မိုးမြေဟာ နှင်းဆီတစ်ပွင့်နှင့်ပုံစံတူသည်ဟု ထင်မိသည်။
"ပါးစပ်ကနေ ချစ်စကားပြောရတာ လွယ်ပါတယ် အဲ့ဒီစကားကိုတာဝန်ယူဖို့ကပဲ ခက်တာ မင်းကို ဘယ်လောက်ထိသဘောကျရသလဲ၊ ဘယ်လောက်ထိမြတ်နိုးရသလဲ အသံတိတ်ပြောပြမယ်
နောက်ဆိုရင်တော့ မင်းမကြားချင်လောက်တဲ့အထိ အသံအကျယ်ကြီးနဲ့ပြောမယ် ဟုတ်ပြီလား"
"အင်း"
သူမ ခေါင်းလေးညိတ်ပြသောအခါ ထိုမျက်နှာလေးကို ချစ်မြတ်နိုးစွာကြည့်ရင်း နဖူးလေးကိုငုံ့နမ်းလိုက်မိသည်။
စိတ်ချင်းနီးလျှင် ရင်ဘတ်ချင်းနားလည်နိုင်တာပဲမလား…
ချစ်တယ် ငါ့ကောင်မလေး…
💌💌💌💌💌💌
Part 30 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💌 Part - 29 💌
---------------
ဒီေန့မနက္ေတာ့ အေစာႀကီးႏိုးႏွင့္ေနေပမယ့္ ၾကားေနက် ပဌာန္းတရားေတာ္ကို နားစြင့္ရင္း စိတ္ထဲေက်နပ္ေနမိကာ အလိုလိုႃပံုးေနမိသည္အထိ။
ေရ႔ွဆက္ရမၫ့္ေန့ရက္ေတြဟာ အခုမွ အဓိပၸါယ္ရိွသြားသလို ခံစားရၿပီး မိုးေျမဟာ ဘာေတြႏွင့္ျပဳစားလိုက္သလဲမသိ။
ဒီေန့ Graveကိုသြားမည္မို႔ မ်က္ႏွာသစ္လက္စႏွင့္ ေရခ်ိဳးပစ္လိုက္ၿပီး အျပင္ကိုထြက္လာေတာ့ မနက္စာျပင္ဆင္ေနသၫ့္ သူ႔ေကာင္မေလး…
"ဒီေန့ ဘာလုပ္ထားတာလဲ"
"မုန႔္ဟင္းခါး"
ေမြးပ်ံ႔ေနေသာမုန႔္ဟင္းခါးနံ႔က အေငႊ့တလူလူထြက္ေန၍ စားခ်င္စဖြယ္ေလးျဖစ္ကာ မိုးေျမက သူ႔အတြက္ ေသခ်ာျပင္ဆင္ေပးထားသည္။
ထိုင္ခံုမွာထိုင္ခ်လိုက္ေတာ့ မိုးေျမကလည္း သူ႔ေနရာမွာပဲဝင္ထိုင္ကာ နံနံပင္ႏွင့္ေဂၚဖီရြက္ေတြကိုဖယ္ထုတ္ေန၏။
မ်က္ႏွာေလးကလည္း ရႈံ႔မဲ့ေနေသာေၾကာင့္ မိုးေျမသည္ နံနံပင္Haterတစ္ေယာက္ျဖစ္ေလာက္ၿပီး သူမအက်င့္ေတြထဲကတစ္ခုကို အေသအခ်ာမွတ္ထားလိုက္သည္။
"ဒီေန့အလုပ္မသြားနဲ႔ေတာ့"
"ဘာျဖစ္လို႔လဲ"
"မင္းအိမ္မျပန္တာၾကာၿပီမလား ခဏျပန္ရေအာင္ေလ"
"မျပန္ခ်င္ပါဘူး အလုပ္ကရိွေသးတယ္ လစာအျဖတ္ခံေနရမယ္"
"ဘယ္သူကျဖတ္မွာလဲ"
ထိုအခါ မ်က္ေစာင္းေလးခ်ီလာေသာ သူမမ်က္ႏွာေလးဟာ အသည္းယားစရာေကာင္းလြန္းလွ၍ ပါးေလးကိုဆဲြဖဲ့လိုက္မိသည္။
၆ရက္ေလာက္ေဝးသြားခဲ့မွ ဒီေငြသရဲမကို သူ ဘယ္ေလာက္လိုအပ္ေနသလဲ သိခြင့္ရခဲ့သလို ဒီ့အတြက္ ေနာက္ထပ္အခ်ိန္မဆဲြသင့္မွန္း သေဘာေပါက္လိုက္သည္။
ကိုယ္ခ်စ္တဲ့သူကို ခ်စ္တဲ့အေၾကာင္းေျပာဖို႔၊ သူမနဲ႔အတူေနခြင့္ရဖို႔ ဆိုတာ ဘယ္ေတာ့မွ ေနာက္က်ဖို႔မေကာင္းသၫ့္အရာေတြ…
မုန႔္ဟင္းခါးတစ္ဇြန္းေသာက္လိုက္ခ်ိန္ မက္ေဆ့ဝင္သံၾကားလိုက္ရ၍ အလုပ္ကိစၥလားဟု ဖြင့္ၾကၫ့္မိသၫ့္အခါ ဘဏ္မွအေၾကာင္းၾကားစာျဖစ္သည္။
သူ႔ဘဏ္စာအုပ္ႏွင့္ ကဒ္ေတြအားလံုး Freezeလုပ္ခံလိုက္ရေၾကာင္း အသိေပးစာျဖစ္ကာ ဒါသည္ ေသခ်ာေပါက္ ဒက္ဒီ့လက္ခ်က္ျဖစ္သည္။
"ဘာလဲဟင္"
"Aww ဘဏ္ကအေၾကာင္းၾကားတာပါ ဘဏ္စာအုပ္နဲ႔ကဒ္ေတြပိတ္လိုက္တယ္တဲ့"
"အဲ့ဒါဆို နင္သံုးစရာရိွေသးရဲ့လား အဆင္ေျပပါ့မလား"
"ဘာမွမျဖစ္ပါဘူး ျမန္မာႏိုင္ငံမွာ ဘဏ္က ကမ႓ောဇတစ္ခုပဲရိွတာမဟုတ္ဘူး ဘဏ္ေတြမရိွလည္း ကာစီႏိုကေနေငြဝင္ေနတာပဲ
မေရာင္ရာဆီလူးေနတာ ဒက္ဒီကေတာ့ တကယ့္အာရံုပဲ"
"နင္ကလည္း"
"ေျပာျပတာေလ ကာစီႏိုအပိတ္ခံရရင္ေတာင္ ငါ့လက္ေတြအေကာင္းႀကီးရိွေသးတယ္ က်ူတံကိုင္ႏိုင္ေနသမ်ွ၊ ကားေမာင္းႏိုင္ေသးသမ်ွ ေငြဝင္တယ္ ပူမေနနဲ႔"
"အဲ့ဒါ ငါ့ေၾကာင့္မဟုတ္လား"
"မဟုတ္ပါဘူး ငါကိုက ဒက္ဒီနဲ႔မတၫ့္တာ မင္းကိုေျပာဖူးတယ္မလား ငါက လူယဥ္ေက်းေတြနဲ႔ သိပ္သဟဇာတမျဖစ္ဘူးလို႔.. ခုလည္းဒီအတိုင္းပါပဲ"
ထိုအခါမွ စိုးရိမ္သလိုမ်က္ႏွာေလးက ေျပေလ်ာ့သြားတာမို႔ စားလက္စကိုလက္စသပ္လိုက္ၿပီး ပန္းကန္အေပကို ေဘစင္သို႔ယူသြားလိုက္သည္။
သူမက ခ်က္ခ်င္းထလိုက္လာကာ သူ႔လက္ထဲကပန္းကန္အေပကိုဆဲြယူရင္း…
"ငါေဆးလိုက္မယ္"
"ငါေဆးပါ့မယ္ မင္းကမိတ္ကပ္သြားလိမ္း.. ဒီေန့အျပင္သြားမယ္"
"မသြားပါဘူးဆို"
"မရဘူး.. ဒီေန့ငါနဲ႔လိုက္ခဲ့ရင္ လစာလည္းမျဖတ္ေစရဘူး မင္းလိုခ်င္တာေတြလည္း အကုန္ဝယ္ေပးမယ္ လက္ၫွိုးပဲထိုး"
"မလိုက္ခ်င္ပါဘူးဆို"
"လုပ္ပါ ငါ့ေကာင္မေလးရယ္ ၆ရက္ေလာက္ေဝးေနခဲ့တာကို အလိုမလိုက္ခ်င္ဘူးလား"
"ဟြန႔္!"
"လိမၼာတယ္ သြား.. လွလွေလးျပင္ခဲ့"
မိုးေျမလက္ထဲက ပန္းကန္ကိုပါလွမ္းယူၿပီး သူမကိုေမးဆတ္ျပလိုက္ေတာ့ မိုးေျမက ေျခဖ်ားေလးေထာက္ကာ သူ႔လည္ပင္းကိုသိုင္းဖက္၏။
လည္ပင္းတစ္ေနရာမွာ ေနြးခနဲျဖစ္သြားေတာ့ ၿငိမ္ေနေသာႏွလံုးေသြးက ဒုန္းခနဲေဆာင့္ခုန္သြားခ်ိန္ မိုးေျမက ႃပံုးစိစိျဖင့္ အနားကျပန္ထြက္သြားၿပီျဖစ္သည္။
"က်စ္! ဒီေငြသရဲမကေတာ့ကြာ.. ငါ့ဆီက တကယ္ျခဴေနတာပဲ"
ေငြကိုေတာ့မဟုတ္ဘူး။
ၾကည္ႏူးစရာ အခိုက္အတံ့ေလးေတြနဲ႔ ငါ့ႏွလံုးသားကို ျခဴေနတာ…
ကိုယ့္အေတြးႏွင့္ကိုယ္ ႃပံုးမိကာ လက္ကေတာ့ ပန္းကန္အေပေတြကိုသာ က်က်နနေဆးေနခဲ့မိရင္း…
💌💌💌💌💌💌
"Shoppingထြက္မယ္"
"ေအး"
"ဒါေပမယ့္"
"ဘာမွမမယ့္နဲ႔ သြား.. အဝတ္အစားသြားလဲ ၾကာရင္ မင္းကိုပစ္ထားခဲ့မွာ"
ခပ္တည္တည္ျဖင့္ အမိန႔္ေတြေပးေနေသာ ကိုႀကီးခစားေၾကာင့္ တစ္ခုခုမွားယြင္းေနၿပီဟု ထင္လိုက္မိကာ မိုးေျမကိုၾကၫ့္မိေတာ့လည္း မိုးေျမကႃပံုးစိစိ။
ေဖေဖကေတာ့ ထံုးစံအတိုင္း ဘာမွမေျပာဘဲ သတင္းစာတစ္ေစာင္ကိုသာ ဖတ္ေနၿပီး ဒီဘက္ကိုလည္း အာရံုမရိွေခ်။
"ကဲပါ ဟိုၾကၫ့္ဒီၾကၫ့္လုပ္မေနနဲ႔ အက်ႌသြားလဲစမ္းပါ"
"ကၽြန္ေတာ္ ကြမ္းသီးေတြခြာရဦးမယ္"
"မခြာနဲ႔ ငါတို႔နဲ႔လိုက္ခဲ့"
"ခင္ဗ်ားဘာျဖစ္ေနတာလဲ ထီေပါက္လာလို႔လား"
"ေအး.. ငါ့အေဖက ငါ့ဘဏ္စာအုပ္ေတြ အကုန္ပိတ္ပစ္လိုက္တယ္"
"အဲ့ဒါေတာင္မွ"
"လာစမ္းပါကြာ အေပါဆံုးကပိုက္ဆံပဲ စကားမ်ားလိုက္တာ ေျပာလိုက္ရင္လည္းအလုပ္အေၾကာင္း၊ ေငြအေၾကာင္းခ်ည္းပဲ ေမာင္ႏွမလို႔မေျပာရဘူး"
"ခစားေနာ္"
မိုးေျမက မ်က္ေစာင္းခ်ီသည္ႏွင့္ ရယ္က်ဲက်ဲျဖစ္သြားေသာ ကိုႀကီးခစား၏မ်က္ႏွာေၾကာင့္ တစ္ခုခုေတာ့ေျပာင္းလဲေနၿပီမွန္း သိလိုက္သည္။
ဤအေျခအေနအတိုင္းဆို ထိုႏွစ္ေယာက္ၾကားကို ပိုလို႔ေတာင္ဝင္မပါသင့္တာမို႔ ခပ္ေအးေအးေခါင္းခါျပလိုက္သည္။
"မလိုက္ေတာ့ဘူး ကၽြန္ေတာ္ ေန့လည္က်ရင္ ေသြးစစ္ရဦးမွာ ဆရာဝန္နဲ႔ခ်ိန္းထားလို႔"
"ဘယ္လိုေနေသးလို႔လဲ ဆီးခ်ိဳကပံုမွန္ပဲလား"
"နည္းနည္းမ်ားေနတာ"
"ေနာက္ရက္မွစစ္လို႔မရဘူးလား မင္းအစ္မနားတဲ့ရက္ေလး အျပင္ထြက္ရေအာင္လို႔"
"မရဘူးဗ်"
ထိုအခါ မိုးေျမကစိုးရိမ္သလိုအၾကၫ့္ေတျြဖင့္ အပ္ရာေတြထပ္ေနေသာ လက္ထိပ္ေတြကို ငံု႔ၾကၫ့္ၿပီး ဖြဖြေလးပြတ္သပ္လာ၏။
ေဖေဖကေတာ့ သူ႔အခက္အခဲကို နားလည္ေနပံုျဖင့္ သတင္းစာကို ေခါက္ေနရင္းမွ ေခါင္းတစ္ခ်က္ဟန႔္သည္။
"မိုးသားကိုထားခဲ့ပါ သူ သိပ္ေနမေကာင္းဘူး"
ေဖေဖဝင္ပါလာမွ ကိုႀကီးခစားေရာ၊ မိုးေျမပါ သက္ျပင္းကိုယ္စီခ်ရင္း မိုးေျမက ထိုင္ရာမွထဖို႔ျပင္ေပမယ့္ ဟိုဂ်စ္ကန္ကန္ဘဲႀကီးက မထေသး။
ထိုဘဲႀကီးအေၾကာင္းကိုလည္း အနည္းအက်ဉ္းသိထားၿပီးၿပီမို႔ ထိုင္ရာမွမထေသးျခင္းဟာ တစ္ခုခုလုပ္ဦးမၫ့္ပံုျဖစ္သည္။
စိတ္ထဲထင္ခ့နဲျဖစ္သြားခ်ိန္ ကိုႀကီးခစားက ကြမ္းသီးၫွပ္ႀကီးကို လွမ္းယူကာ…
"မသြားေတာ့ပါဘူး ငါလည္းကူလုပ္ေပးမယ္"
"လုပ္တတ္လို႔လား အစ္ကိုက.. ဒါမ်ိဳးကမလုပ္တတ္ရင္ လက္ပါ ပါတတ္တယ္"
"ဟုတ္သားပဲ ငါ့တူကလည္း"
"ရတယ္ ျဖည္းျဖည္းခ်င္းလုပ္မွာေပါ့ တစ္လံုးရရ ႏွစ္လံုးရရ"
"ခစား နင္တစ္ခါမွလည္းမလုပ္ဖူးဘဲ ဘာထျဖစ္တာလဲ အခုမွ"
မိုးေျမရဲ့ေမးခြန္းကိုျပန္မေျဖဘဲ ပခံုးသာတြန႔္ျပေသာ ကိုႀကီးခစားေၾကာင့္ သူ အလြန္ရယ္ခ်င္သြားသလို ဒီလူဘာျဖစ္ေနလဲဟု နားလည္သြားသည္။
မိုးေျမက အားလပ္ရက္မွာ မိသားစုကို အခ်ိန္ေပးခ်င္ပံုရ၍ ဒီဘဲႀကီးဟာ မိုးေျမအလိုက် သူတို႔ကို အတင္းလိုက္ကပ္ေနျခင္းျဖစ္ေလာက္သည္။
ဘဲႀကီးရဲ့ဖြန္ခ်က္ကေတာ့ တကယ္မလြယ္ပါ…
"အပိုေတြလုပ္မေနဘဲ ကိုယ့္ဘာသာကိုယ္ပဲသြားၾကစမ္းပါ အိမ္ေလးက က်ဥ္းက်ဥ္းေလးရယ္ လူမ်ားရင္ၿပိဳက်သြားလိမ့္မယ္"
"အဲ့ဒါမေကာင္းဘူးလား အသစ္ျပင္ေဆာက္လိုက္မယ္ေလ ဒီတစ္ခါက် ႏွစ္ထပ္ေလးလုပ္ကြာ ငါလည္းလာေနမယ္"
"ခင္ဗ်ားကိုဘယ္သူကေခၚလို႔လဲ"
"မင္းအစ္မနဲ႔ငါယူရင္ မင္းမေခၚခ်င္လို႔မရေတာ့ဘူး ဟုတ္တယ္မလား မိုးေျမ"
"ေခြးစုတ္ နင္ေနာ္.."
ရွက္သြားေသာမ်က္ႏွာရဲရဲေလးျဖင့္ မိုးေျမက လိုက္ထုေနေတာ့ သေဘာတက်ရယ္ေနေသာ ထိုအစ္ကိုႀကီးဟာ သူ႔အတြက္ေတာ့ အစ္ကိုအရင္းတစ္ေယာက္သာျဖစ္သည္။
သူတို႔ႏွစ္ေယာက္ဟာ ဟန္ေဆာင္ရည္းစားေတြပဲျဖစ္ျဖစ္၊ အမွန္တကယ္ရည္းစားေတြပဲျဖစ္ျဖစ္ ကိုႀကီးမင္းခစားဟာ သူ႔အေပၚမွာေတာ့ ဟန္ေဆာင္ခဲ့တာ တစ္ခုမွမရိွသလို ခံစားရသည္။
ျဖစ္ႏိုင္မည္ဆိုလ်ွင္ မင္းခစားဆိုေသာ ထိုအစ္ကိုႀကီးကို မိုးေျမႏွင့္လက္တဲြေစခ်င္ၿပီး ေယာက္ဖအစစ္သာ ျဖစ္ေစခ်င္ေတာ့သည္အထိ။
💌💌💌💌💌💌
"ဘာယူမွာလဲ"
သူ ေခၚခ်လာသၫ့္ဆိုင္ႀကီးက ခမ္းနားလွသလို brandedေတြခ်ည္းေရာင္းေသာဆိုင္မို႔ မိုးေျမ မဝံ့မရဲျဖစ္ေနမိကာ မသိမသာဗိုက္ေခါက္ကိုဆဲြဆိတ္ေတာ့ သူက ရယ္ေလသည္။
ဆဲြဆိတ္ေနေသာလက္ကို ဖိဆုပ္ကာ ခါးကိုဖက္လိုက္ပံုက တကယ့္သမီးရည္းစားေတြလိုျဖစ္သည္။
တကယ္ဆို သူနဲ႔မိုးေျမဟာ နားလည္မႈကိုယ္စီျဖင့္သာ လက္တဲြေနၾကေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ဖြင့္မေျပာရေသးဘူးမဟုတ္လား…
"ႀကိဳက္တာလက္ၫွိုးထိုး.. ငါဝယ္ေပးမယ္"
"ဘာေတြေလ်ွာက္လုပ္ေနတာလဲ ခစား.. မလိုခ်င္ဘူး"
"အဲ့ဒါဆို ငါလက္ၫွိုးထိုးတာကိုယူ"
"နင္ဘယ္လိုျဖစ္.. အေမ့!"
စကားမဆံုးခင္ မိုးေျမဆီပစ္ေပးလိုက္ေသာ အက်ႌတစ္ထည္ေၾကာင့္ ကမန္းကတန္းဖမ္းယူလိုက္ရကာ ေနာက္ထပ္ပစ္ေပးလာေသာအက်ႌေတြေၾကာင့္ သူမ ထပ္ဖမ္းရျပန္သည္။
သူကေတာ့ ေဘာင္းဘီအိတ္ထဲလက္ႏိႈက္ကာ ေတြ့သမ်ွအဝတ္ေတြလႊင့္ပစ္ေနပံုက ေအးေအးေဆးေဆးရိွလြန္းလွသလို ဝန္ထမ္းေကာင္မေလးကိုလည္း အေရာင္ရွာခိုင္းေနေသးသည္။
"ဒီ့ထက္အေရာင္ရင့္တာေလး"
"ဝတ္မယ့္သူက အသားျဖဴလားရွင့္"
"အဲ့ဒီမယ္ ကၽြန္ေတာ့္ေကာင္မေလးကိုၾကၫ့္.. သူဝတ္မွာ"
မိုးေျမကိုေမးဆတ္ကာေျပာလာေတာ့ သူမမွာရွက္လြန္း၍ မ်က္ႏွာကိုဘယ္နားသြားထားရမလဲ မသိေလာက္ေအာင္ပင္။
ဒီတစ္ခါသူေျပာသၫ့္ 'ကၽြန္ေတာ့္ေကာင္မေလး'ဆိုသၫ့္ အသံုးအႏႈန္းဟာ အရင္ကလိုမ႑ပ္တိုင္တက္ျပျခင္းမဟုတ္ဘဲ တကယ္ေျပာေနမွန္း မိုးေျမသိသည္။
ဝန္ထမ္းေကာင္မေလးေတြကလည္း မိုးေျမကိုအားက်သလိုၾကၫ့္ၾကကာ လက္ထဲကအဝတ္ေတြကိုလည္း အလိုက္တသိယူသြားေပးေသာေၾကာင့္ မိုးေျမ သူ႔ကိုသာေျပးထုမိေတာ့၏။
"နင္ အရွက္ကိုမရိွဘူး က်က္သတံုးေကာင္"
"ဘာလဲ မင္းကေကာင္မေလးမဟုတ္လို႔ ေယာက်ာ္းေလးလား ဒါမွမဟုတ္ မိန္းမလို႔ေျပာရမွာလား ဟုတ္သားပဲ
မိန္းမလို႔ေျပာလိုက္သင့္တာ"
"နင္ေနာ္"
"ေပ်ာ္တယ္မလား ငါနဲ႔အတူတူshoppingထြက္ရတာ"
"မေပ်ာ္ဘူး ငါက ဒီလိုေဈးႀကီးတာေတြမႀကိဳက္ဘူး ငါ့ဘာသာပိုက္ဆံစုၿပီး အလည္အလတ္ေလာက္အဝတ္အစားေတြပဲ ဝယ္ခ်င္တာ"
"အဲ့ဒါဆို မင္းဘာသာဝယ္ေလ ဒါကငါဝယ္ေပးတာ ငါဝယ္ေပးတာမို႔လို႔ အျပင္ဝတ္မသြားခ်င္လည္း အိမ္ထဲမွာပဲဝတ္ေပါ့ မမိုက္ဘူးလား"
မ်က္စိတစ္ဖက္မိွတ္ျပလိုက္ေတာ့ သူမက ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ သူ႔ကိူထုရိုက္ေနတာမို႔ စိတ္ထဲေက်နပ္သြားၿပီး မိုးေျမလက္ကေလးကိုဆဲြယူလိုက္သည္။
ထိုလက္ဖမိုးေလးကို ႏႈတ္ခမ္းႏွင့္ထိကပ္နမ္းမိေတာ့ ေရေမႊးနံ႔လား၊ ဆပ္ျပာနံ႔လားမသဲကဲြေသာ အေမႊးရနံ႔ေလးက ရင္ဘတ္ထဲအထိစီးဝင္လာ၏။
"လက္သည္းSpaသြားရေအာင္"
"မသြားဘူး"
"မင္းက ေပြ့အေခၚခံရတာကို သေဘာက်တာပဲ Honey"
မိုးေျမမ်က္ႏွာေလး ရႈံ႔မဲ့သြားေတာ့ သူ တအားေအာ္ရယ္မိေတာ့သည္။
ခါတိုင္းဆို ကိုယ့္စတိုင္နဲ႔ကိုယ္ ေအးေအးလူလူ၊ မာနႀကီးႀကီးေနျဖစ္ေပမယ့္ မိုးေျမနဲ႔အတူရိွတိုင္း သူ ခဏခဏမ်က္ႏွာေျပာင္မိမွန္း သတိထားမိလာခဲ့သည္။
သူမ ၿငိမ္ၿငိမ္ေလးေနလ်ွင္လည္း စိတ္တိုေအာင္၊ မခံခ်င္ျဖစ္ေအာင္ လိုက္ၿပီးစေနာက္ခ်င္ကာ ေယာက်ာ္းေလးတိုင္း ကိုယ့္ခ်စ္သူနဲ႔အတူရိွေနလ်ွင္ ဒီလိုအက်င့္မ်ိဳးရိွၾကသလားဟု ေတြးမိသည္အထိ။
"ဝယ္ခ်င္ရာေတြဝယ္ၿပီး ေက်နပ္သြားၿပီလား"
ခနဲ႔သလိုေမးလာေသာ သူမကို မ်က္စိတစ္ဖက္မိွတ္ျပျခင္းျဖင့္ ေက်နပ္ေၾကာင္းျပလိုက္ၿပီး ေနာက္ထပ္မွတ္တိုင္တစ္ခုက လက္သည္းSpaသို႔ ျဖစ္သည္။
သူဝယ္လာေသာ အထုတ္တပံုတပင္ႀကီးကိုလည္း ကိုယ္တိုင္ပဲဆဲြလာခဲ့ကာ သူမလက္ကေလးကိုေတာ့ ကိုယ့္လက္တစ္ဖက္ကိုသာ ကိုင္ထားေစလိုက္သည္။
ဘာေၾကာင့္ရယ္မသိဘဲ လက္ခ်င္းဆုပ္ထားသၫ့္အျဖစ္ကို သေဘာက်မိသလို ထိုလက္ေတြကိုငံု႔ၾကၫ့္မိသည္မွာလည္း ခဏခဏ။
ကိုယ္ၿမဲျမံစြာဆုပ္ကိုင္ထားရမၫ့္ ထိုလက္ကေလးကိုလည္း ႏုဥလွပေနေစခ်င္၍ ေနာက္ဆို ဘာမွမလုပ္ခိုင္းဖို႔ ဆံုးျဖတ္လိုက္မိတာ မွတ္မွတ္ရရ…
"ဘာလို႔ ခဏခဏႃပံုးေနတာလဲ ငါ့ကိုအဲ့ေလာက္သေဘာက်လား"
"အင္း.. သေဘာက်တယ္ မင္းထင္ထားတာထက္ကို ပိုတယ္"
ထိုအခါ ရွက္ႃပံုးေလးႃပံုးသြားေသာ မိုးေျမႏႈတ္ခမ္းေလးဟာ သူ႔အတြက္ေတာ့ အစြမ္းကုန္ပြင့္လန္းေနေသာ ႏွင္းဆီပန္းတစ္ပြင့္ႏွင့္တူသည္။
အျမင္အားျဖင့္လည္းလွပသလို ရနံ႔အားျဖင့္လည္းေမႊးပ်ံ႔ကာ ကိုယ္ပိုင္ဆူးေတြလည္းရိွတာမို႔ မိုးေျမဟာ ႏွင္းဆီတစ္ပြင့္ႏွင့္ပံုစံတူသည္ဟု ထင္မိသည္။
"ပါးစပ္ကေန ခ်စ္စကားေျပာရတာ လြယ္ပါတယ္ အဲ့ဒီစကားကိုတာဝန္ယူဖို႔ကပဲ ခက္တာ မင္းကို ဘယ္ေလာက္ထိသေဘာက်ရသလဲ၊ ဘယ္ေလာက္ထိျမတ္ႏိုးရသလဲ အသံတိတ္ေျပာျပမယ္
ေနာက္ဆိုရင္ေတာ့ မင္းမၾကားခ်င္ေလာက္တဲ့အထိ အသံအက်ယ္ႀကီးနဲ႔ေျပာမယ္ ဟုတ္ၿပီလား"
"အင္း"
သူမ ေခါင္းေလးညိတ္ျပေသာအခါ ထိုမ်က္ႏွာေလးကို ခ်စ္ျမတ္ႏိုးစြာၾကည့္ရင္း နဖူးေလးကိုငံု႔နမ္းလိုက္မိသည္။
စိတ္ခ်င္းနီးလ်ွင္ ရင္ဘတ္ခ်င္းနားလည္ႏိုင္တာပဲမလား…
ခ်စ္တယ္ ငါ့ေကာင္မေလး…
💌💌💌💌💌💌
Part 30 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997