💌 Part - 20 💌
---------------
"မင်းညီ အိမ်ပြန်မလာသေးဘူးလား"
မာမီ့စကားကြောင့် Laptopကိုအကြည့်ရောက်နေရာမှ ခေါင်းပြန်ထောင်သွားပြီး ခစားကိုမတွေ့တာ ဘယ်နှရက်ရှိပြီလဲဟု ပြန်တွေးကြည့်မိသည်။
ဒီကောင်လေးဟာ ငယ်စဥ်ကတည်းက ဒီအတိုင်း ကျွတ်ဆတ်ဆတ် မာကျောကျောလေးဖြစ်ကာ အဘိုးစကားကလွဲလျှင် ဘယ်သူ့စကားမှနားမထောင်တတ်။
အဘိုးက အလိုလိုက်လွန်းသောကြောင့် ဒက်ဒီ့ကိုလည်း ရိုသေရကောင်းမှန်းမသိသလို မာမီ့ကိုလည်း မချေမငံဖြင့်…
"မာမီဖုန်းဆက်တာလည်းမကိုင်ဘူး စုံစမ်းကြည့်ပါဦး သားရယ်"
"စိတ်မပူပါနဲ့ မာမီ ဘာမှမဖြစ်လောက်ပါဘူး အိမ်ပြန်လာရင် ဒက်ဒီနဲ့စကားများနေရတဲ့ဥစ္စာ သူ့ဘာသာ တိမ်တိုက်တို့ နေသွေးတို့အိမ်မှာ သွားနေလောက်မှာပါ"
"ဘာပဲဖြစ်ဖြစ် မာမီ့ဆီဖုန်းဆက်ဖို့ပြောလိုက်ဦး စာမေးပွဲနားနီးပြီမလား"
စိတ်ပူသလိုပြောနေသော မာမီ့ကြောင့် ထိုင်ရာမှထကာ မာမီ့ပခုံးလေးကို နှစ်သိမ့်သည့်အနေဖြင့် ဖွဖွလေးသိုင်းဖက်လိုက်သည်။
မာမီဟာသူဌေးသမီးပီပီ အိစက်နေအောင်လှပြီး အခုထက်ထိလည်း ထိုအလှအပကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ ဒက်ဒီနဲ့ဘယ်လိုများ ဆုံဖြစ်သလဲမသိချေ။
မာမီလှသလောက် ဒက်ဒီက အသားညိုညို၊ ခပ်ဝဝခပ်ဖိုင့်ဖိုင့်ဖြစ်ပြီး သူကလည်း ဒက်ဒီနဲ့တူစွာ အသားနည်းနည်းညိုသည်။
ခစားကတော့ မာမီနဲ့ပိုတူကာ မာမီ့ဆီက လှပသောအစိတ်အပိုင်းတွေကို အမွေတစ်ခုလိုရရှိထားသူမို့ ခစားနဲ့သူဟာ ညီအစ်ကိုအရင်းဖြစ်သည့်တိုင် သိပ်မတူကြ။
ကိုယ့်ညီဟာ လူချောတစ်ယောက်ဆိုတာကိုတော့ သူကိုယ်တိုင်လည်း မငြင်းနိုင်သလို ကိုယ့်ထက်အစစအရာရာ သာလွန်စေဖို့ ဒီညီကို ရည်ရွယ်ထားခဲ့သည်အထိ…
"ဆက်လိုက်ပါ့မယ် မာမီ စိတ်ချလက်ချနေပါ နောက်အပတ်ထဲ ကုမ္ပဏီညစာစားပွဲရှိသေးတယ် အိမ်ကိုမလာရင်တောင် ရှယ်ယာရှင်တစ်ယောက်အနေနဲ့တော့ Dinnerကိုတက်မှာပါ"
"အင်းပါ"
"မာမီနားတော့နော်"
"သားငယ်ကိုလွှတ်မထားပါနဲ့ သားကြီးရယ် ဒီကလေးက အမြဲတမ်းသွေးဆူပြီး ခပ်ဆိုးဆိုးလေးဆိုတော့ မာမီစိတ်ပူတယ်"
"ဟုတ်ကဲ့ပါ သားစောင့်ကြည့်ပါ့မယ်"
အထပ်ထပ်ကတိပေးလိုက်တော့မှ မာမီက စိတ်ချသွားသလို သက်ပြင်းလေးချပြီး အိပ်ခန်းထဲဝင်သွားသောကြောင့် သူ ဖုန်းကိုထုတ်ယူလိုက်သည်။
ဒက်ဒီက လုပ်ငန်းရှင်အစည်းအဝေးရှိနေ၍ ဒီညတော့နောက်ကျလောက်ကာ ခစားအကြောင်း လွတ်လွတ်လပ်လပ်ဖုန်းပြောလို့ရတာမို့ ဒက်ဒီ့မန်နေဂျာဆီကို ဖုန်းဆက်လိုက်သည်။
ထိုမန်နေဂျာဟာ မာမီ့သူငယ်ချင်းမို့ မိသားစုဝင်ပမာ အစစအရာရာအတွက် စိတ်ချရသည်လေ…
"ခစား ဘယ်ရောက်နေတာလဲသိလား"
"-----"
"သူ့ကိုစောင့်ကြည့်ပေးပါ သူကနည်းနည်းဆိုးတော့ အချုပ်ကျတာဘာညာဖြစ်မှာစိုးလို့"
"-----"
"ရတယ် ဦးလေးသာ သူ့ကိုစောင့်ကြည့်ဖို့လူလွှတ်ပေးထားပါ ဒက်ဒီပြန်မသိစေနဲ့"
လိုချင်သောTargetရောက်သည်နှင့် ဖုန်းချပစ်လိုက်ကာ သက်ပြင်းတစ်ချက်ချရင်း ဧည့်ခန်းက မိသားစုဓာတ်ပုံကြီးကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။
သူ ဘွဲ့ယူတုန်းက ဒက်ဒီနဲ့မာမီက ထိုင်ခုံပေါ်မှာ လှလှပပနေရာယူထားပြီး ဒက်ဒီတို့နောက်မှာ ဘွဲ့ဝတ်စုံဖြင့် သူရှိနေသည်။
ခစားကတော့ မာမီ့အနောက်ဘက်မှာရပ်ကာ ရှပ်လက်ရှည်၊ပိုးပုဆိုးဝတ်ထား၍ လူကြီးပေါက်စလေးဖြစ်ပေမယ့် ရှုပ်ယှက်ခတ်နေသောနားကပ်တွေ၊ လက်ပတ်တွေကအထင်းသား…
ပို့စ်ပေးနေပုံကလည်း ဓာတ်ပုံအရိုက်ခံနေတာနဲ့မတူဘဲ ရန်ဖြစ်ခါနီးမို့ တစ်ဖက်လူကို ဂြိုဟ်ကြည့် ကြည့်နေသည့်အတိုင်း ပေစောင်းစောင်း…
"မင်း ဘယ်သူနဲ့တူလို့ အဲ့လောက်ဆိုးနေတာလဲ ခစား"
💌💌💌💌💌💌
"မသိဘူး"
"ဒါတော့ နင်သက်သက်လိမ်တာပဲ"
"မသိလို့မသိဘူးပြောတာ"
ဗြောင်လိမ်နေသော ခစားကိုကြည့်ကာ မိုးမြေအသည်းယားလာမိသလို ဒင်းဟာ ဘာကြောင့်များ သူ့မွေးနေ့ကို ထုတ်မပြောချင်သလဲမသိ။
မွေးနေ့ဆိုတာမျိုးက မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါးကုန်ဆုံးသင့်သည်ဟု မိုးမြေထင်မိ၏။
ကိုယ့်ရဲ့ဖြစ်တည်ခြင်း နှစ်ပတ်လည်နေ့ကို သူဟာ ဘာကြောင့်များ သိမ်းဆည်းထားတာပါလိမ့်…
"ခစား"
"မင်းစာကျက်မှာဖြင့်ကျက်တော့ မိုးမြေ ငါ့ကိုလာနားညည်းမနေစမ်းနဲ့"
"ငါသိချင်လို့ပါ ငါလည်းနင့်ကို မွေးနေ့လုပ်ပေးချင်တယ်လေ မနေ့ညကလိုလေ
Happy Birthday to you.
Happy Birthday Dear Min Khasarဆိုပြီး"
သူ့မျက်နှာတည်ငြိမ်သွားကာ စာအုပ်ကိုပေါင်ပေါ်ချပြီး မိုးမြေကိုတည့်တည့်ကြည့်လာကာ ထိုအကြည့်တွေဟာ စိမ်းသက်လွန်းလှသည်။
သူတစ်ခါပြောခဲ့ဖူးသလို မိုးမြေမသိသော သူ့ရဲ့တခြားဖက်ဟာ သူ့ရဲ့မွေးနေ့လည်း အပါအဝင်လား…
ထို့ကြောင့် မိုးမြေသည် တောင်းဆိုသလိုလေးကြည့်နေလိုက်တော့ ကျွတ်ခနဲအသံနှင့်အတူ သူသည် ထိုင်ရာမှထသွားတော့၏။
သို့ပေမယ့် မိုးမြေအလျှော့မပေးချင်တာမို့ သူ့နောက်ကလျှောက်လိုက်ကာ တီရှပ်အင်္ကျီအဖျားစကို ဆွဲကိုင်ပြီး ကလေးမုန့်တောင်းသလို တဂျီဂျီပူဆာမိသည်။
"ခစား လို့.. လုပ်ပါအချစ်ကလေးလည်း"
"ငါစာကျက်တော့မလို့"
ဆိုပြီး မွေ့ရာပေါ် မှောက်လျက်လှဲချပစ်တော့ သူဟာ လိုချင်တာမရ၍ စိတ်ကောက်နေသော ကလေးဆိုးကြီးနှင့် ပိုတူသွား၏။
မိုးမြေ ကြိတ်ပြုံးလိုက်ပြီး သူ့ခြေထောက်တစ်ဖက်ကို အသာလေးနှိပ်ပေးရင်း ဆက်ဂျီကျနေမိသည့်အခါ ခစားသည် ကြာကြာမမာကျောနိုင်တော့…
"အကျနေ့"
"သင်္ကြန်အကျနေ့လား"
"အင်း အဲ့ဒီအကျနေ့ပဲ အဲ့နေ့က သိကြားမင်းဆင်းလာတဲ့နေ့တဲ့လေ သိကြားမင်းကတောင် လာပြီးခစားပေးရတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ မင်းခစား လို့ပေးထားတာ ရပြီလား"
"အဲ့ဒါဆို သိကြားမင်းတော့မဖြစ်နိုင်လောက်ပါဘူး နင့်ကိုခစားတာက မာရ်နတ်ပဲနေမှာပါ ဒါကြောင့်မို့ ဒီလောက်ဆိုးတာ"
"ငါငယ်ငယ်တုန်းကမဆိုးပါဘူး မိုးမြေရာ.. ငါအရမ်းလိမ္မာတာ အားကစားဘက်မှာဆို ပထမချည်းပဲ ပြီးတော့ Snookerကိုဆို ငါ့မိန်းမလို့သဘောထားပြီးတော့ကို မြတ်မြတ်နိုးနိုးနဲ့လေ့ကျင့်ခဲ့တာ"
"အဲ့ဒါဆို ဘာလို့မအောင်မြင်တာလဲ ငါပြောချင်တာကလေ နင်ကသူဌေးသားလည်းဖြစ်တယ် တကယ်လည်းတော်တယ် အဲ့လိုလူက လူမသိသူမသိ မှေးမှိန်နေတာမျိုးလေ မဖြစ်သင့်ဘူးမလား"
"ဒက်ဒီ့မှာ နင့်လိုအတွေးမှမရှိတာ ဒက်ဒီ့အတွက် ငါကဘာမှသုံးစားမရတဲ့ကောင်ပဲ ပြောရင်ယုံမလားမသိဘူး ငါငယ်ငယ်တုန်းက စာဆိုလည်းစာ၊ အားကစားဆိုလည်းအားကစား ပထမဆုတွေချည်းပဲရခဲ့တာ
အဲ့ဒီပထမဆုတွေနဲ့ ဒက်ဒီ့ကိုမျက်နှာလုပ်ဖို့ကြိုးစားခဲ့တာလေ ဒါပေမယ့်အရာမဝင်ခဲ့ပါဘူး"
ပြောနေရင်း တိုးဖွသွားသောလေသံကြောင့် ခစားဆိုးသွမ်းနေရခြင်းကို မိုးမြေနားလည်သွားပြီဖြစ်ကာ မိုးမြေတွေးထင်ထားသည့်အတိုင်း၊
သူဟာ ကလေးဆိုးကြီးလို အရာအားလုံးကိုအရွဲ့တိုက်နေခြင်းသာဖြစ်၏။
ဒီလိုဆို သူဟာ မိုးမြေတို့လို အမေ့ရင်ခွင်တစ်ခြမ်းတည်းနှင့် အရွယ်ရောက်ခဲ့သူပဲပေါ့…
"ဒါပေမယ့် ငါ့အတွက်တော့ နင်က ကယ်တင်ရှင်ကြီးလိုပဲသိလား ခစား"
မိုးမြေ၏စကားကြောင့် ခေါင်းအုံးပေါ်မှောက်လျှက်ကြီးအိပ်နေရာမှ သူကခေါင်းထောင်လာပြီး မိုးမြေကိုကြည့်လာ၏။
ဖရိုဖရဲဖြစ်နေသော ဆံပင်တွေကြောင့် ခစားဟာ ပိုပြီးကြည့်ကောင်းနေခဲ့ပြီး စူးလက်နေသော သူ့မျက်လုံးတွေဟာ ထင်မှတ်မထားသောစကားကိုကြားလိုက်ရ၍ ပိုပြီးလင်းလက်နေခဲ့သည်။
"နင့်ကြောင့် ငါ့မှာအများကြီးပြောင်းလဲသွားတယ်လေ ငါကွန်ဒိုမှာမနေဖူးဘူး Airconဖွင့်ထားတဲ့အခန်းမှာလည်း မနေဖူးဘူး
မနေ့ညကသွားတဲ့ Pioneerကိုမရောက်ဖူးဘူး ငွေအရမ်းဝင်တဲ့ Graveနေရာမျိုးမှာ ငါအလုပ်လုပ်ဖူးဘူး
အားလုံးက နင့်ကြောင့်ပဲ ငါကြုံဖူးခဲ့တာ"
"ဟုတ်လို့လား"
"အေးဆို.. အဲ့ဒါကြောင့် နင့်ကိုယ်နင် ဘာမှသုံးစားမရတဲ့ကောင်လို့ တွေးမိရင် ငါ့ကိုပြေးမြင်လိုက် နင့်ကြောင့်မို့ ငါ့ဘဝကပိုပြီးကောင်းလာခဲ့တာ
ငါ့ကိုကူညီတာက ပရဟိတဆို ဒီပရဟိတမှာ နင်ကပထမရတဲ့သူပါ ပြီးတော့ အဲ့ဒီပထမဆုက ငါ့အတွက် အရမ်းအရာဝင်တယ်သိလား"
ထိုအခါ သွားစွယ်လေးတွေပေါ်သည်အထိ ပြုံးရယ်သွားသော မျက်နှာကြောင့် ခစားရဲ့အပြုအမူတွေဟာ တစ်ခါတစ်လေတော့ ပွင့်လင်းဖြူစင်လွန်းသည်ဟု ထင်မိ၏။
အခုလည်း ခေါင်းအုံးထဲမျက်နှာကပ်ကာ တဟီးဟီးရယ်နေတော့တာမို့ မိုးမြေ သူ့ဆံပင်တွေကို တအားဆွဲဖွပစ်လိုက်သည်။
ဒါလည်းခေါင်းပြန်ဖော်မလာဘဲ ခြေထောက်တွေက မွေ့ရာကို တဘုန်းဘုန်းကန်ကျောက်ကာ ဆက်ရယ်နေဆဲ…
"ငါ နင့်ကိုသဘောကျနေမိပြီထင်တယ်"
ဒီစကားကိုတော့ မိုးမြေတစ်ကိုယ်တည်းကြားရုံသာ ပြောခဲ့ခြင်းဖြစ်ကာ ရင်ထဲမှာတော့ ကျယ်လောင်နေခဲ့သည်။
ဒါပေမယ့် ဒါဟာဖြစ်သင့်ရဲ့လားဆိုသည့် အတွေးဝင်လာတော့ မိုးမြေအပြုံးတွေကွယ်ပျောက်သွားရသည်။
ပျော်စရာတွေကိုလည်း ထပ်တူခံစားချင်သလို
နာကျင်စရာတွေကိုလည်း မျှဝေချင်လာမိသော မိုးမြေရဲ့စိတ်ဟာ
အရောင်တစ်ခုခုစွန်းထင်းနေပြီလား…
💌💌💌💌💌💌
"အဟင်း!"
ရယ်သံထွက်လာ၍ လှည့်ကြည့်မိတော့ ဝီစကီခွက်ကိုပြုံးပြုံးကြီးကြည့်နေသော ခစားကြောင့် ကြောင်အ,သွားပြီး Barmanကောင်လေးကို တစ်ချက်ပြန်ကြည့်မိသည်။
ထိုအခါ Barmanကောင်လေးကလည်း ခစားကို အူကြောင်ကြောင်ကြည့်ပြီး ခေါင်းခါပြတာမို့ ဖိုးချမ်းကိုလက်တို့လိုက်ကာ ဒင်းကလည်းခေါင်းခါပြပြန်၏။
ထိုအချိန် ကိုယ်တော်ပြုံးလုပ်နေသော ခစားက ဝီစကီကိုမော့ချလိုက်ပြီး နားထင်ကိုပွတ်သပ်ကာ ခေါင်းခါနေရင်း သဘောတကျပြုံးနေပြန်သည်။
သူတို့တွေသူငယ်ချင်းအဖြစ် တွဲဖြစ်ခဲ့ကြသည့် ၁၀နှစ်ဝန်းကျင်မှာ ခစား ဒီလောက်သဘောကျပြီးပြုံးနေတာမျိုး တစ်ခါမှမမြင်ဖူးခဲ့၍ တစ်ခုခုမှားယွင်းနေပြီဆိုတာ သေချာသွားပြီဖြစ်၏။
ထို့ကြောင့် မိုးမြေကိုလှည့်ကြည့်မိတော့ မိုးမြေက မိတ်ကပ်ဘူးလေးဖွင့်ကာ မိတ်ကပ်ဖို့နေရင်း ဒီဘက်ကိုအာရုံမရှိချေ။
ဧကန္တ ဒီကောင်ခစား မိုးမြေရှိရဲ့သားနဲ့ နောက်တစ်ယောက်တွေ့သွားတာလား…
"မင်း ဘာရယ်နေတာလဲ မင်းခစား"
ကြည့်မရတော့၍ တည့်တည့်ကြီးမေးလိုက်တော့ ခစားက ခပ်အမ်းအမ်းဖြစ်သွားပြီး ဟင်ခနဲဖြစ်သွားကာ သူ့ကိုလှည့်ကြည့်လာသည်။
သို့သော် ဒင်းက ချက်ချင်းမျက်မှောင်ကုပ်သွားပြီး ထိုင်ခုံပေါ်မှ ခြေတစ်ဖက်ချလိုက်ရင်း…
"ဘယ်မှာရယ်လို့လဲ မင်း နီးနီးလေးနဲ့ကန်းနေပြီ"
"Ballကိုကန်းပါလား မင်းရယ်သံကြီးလူတိုင်းကြားတယ်"
"ကြည့်စမ်း နားပါလေးနေပြီပဲ"
"ဟေ့ကောင်"
"Bangkokသွားပြီး မျက်လုံးကိုလေဆာပစ်၊ နားဆေးခဲ့စမ်းပါ"
ပြောသွားပုံက ကိုယ်ကပဲ ဒင်းကိုမဟုတ်တာပြောမိသည့်အတိုင်း..
စိတ်ထဲအတော်လေးချဥ်သွားမိတုန်း ဒင်းက သားရေဂျာကင်ကို ပခုံးပေါ်ဆွဲတင်ပြီး Barအနားမှ လှည့်ထွက်သွားလေ၏။
"ဒီကောင့်ကို မိုးမြေ ဘာဆေးတွေကျွေးလိုက်တာလဲ မသိဘူး"
ဖိုးချမ်း၏မှတ်ချက်ကြောင့် သူတို့အားလုံးဝေါခနဲရယ်လိုက်မိကာ သူ့စိတ်ထဲမှာတော့ ဒီလိုဖြစ်သွားလည်း အကောင်းသားဟုသာ တွေးမိတော့သည်။
Playboyတွေချစ်တတ်လာပြီဆို မျက်စိနောက်လောက်အောင် ဖြစ်တတ်သည်မဟုတ်လား…
ဒီတစ်ခါတော့ မင်းတကယ်ခံရတော့မှာ ခွေးသားလေးရေ…
💌💌💌💌💌💌
နေသွေးကိုငေါက်ငမ်းကာ ခပ်တည်တည်ဖြင့် ပြန်လှည့်လာခဲ့ပေမယ့် သူတကယ်ရယ်နေခဲ့မိတာမို့ ဒါကိုအားလုံးကြားသည်ဆိုတော့ နည်းနည်းရှက်မိသေးသည်။
မိုးမြေပြောခဲ့သော "ငါ့အတွက်တော့ နင်က ကယ်တင်ရှင်ကြီး" ဆိုသည့်စကားကြောင့် ကိုယ့်လုပ်ရပ်ကို သဘောကျနေမိ၏။
တမင်ညစ်ပြီး သူမကိုခိုင်းစားဖို့ အနားမှာခေါ်ထားခြင်းဖြစ်ပေမယ့် မိုးမြေအပေါ်ထားခဲ့သည့်စေတနာတွေဟာ တကယ်ပဲဖြူစင်ခဲ့တာ ဘုရားသိသည်။
ဘုရားသိသလို ကိုယ်တိုင်လည်းသိကာ မိုးမြေကိုယ်တိုင်လည်းသိနေပြီမို့ ပိုပြီးကြည်နူးပီတိဖြစ်မိသည်။
အနည်းဆုံးတော့ ကိုယ့်ကိုချီးကျူးမည့်သူ၊ ကိုယ့်ကိုအားကိုးနေသည့် တစ်စုံတစ်ယောက်ဟာ လက်တွေ့ဘဝမှာ တကယ်ရှိလာခဲ့ပြီမဟုတ်လား…
"ဘယ်ဆိုးလို့လဲ ငွေသရဲမ,က စိတ်ပြေအောင်ပြောတတ်သားပဲ"
အတွေးနှင့်ရယ်လိုက်၊ တစ်ယောက်တည်း စကားပြောရင်းပြုံးလိုက်ဖြင့် Graveရဲ့အောက်ဆုံးထပ်အထိရောက်လာတော့ ဒက်ဒီ့လူယုံ မန်နေဂျာဦးလေးကြီးကို လှမ်းတွေ့လိုက်သည်။
စောစောကကြည်နူးခြင်းတွေ ချက်ချင်းပျောက်ရှသွားကာ ထိုအစား မေးခွန်းတွေသာ အစားထိုးဝင်ရောက်လာခဲ့၏။
"လူလေး"
"အင်း"
"ဘာလို့အိမ်မပြန်တာလဲ"
"ဦးလေးနဲ့ဆိုင်လို့လား"
"ဆိုင်တော့မဆိုင်ပေမယ့်.."
"ဒါဆို ကျွန်တော်နေချင်သလိုနေပါရစေ ဘာလဲ ကျွန်တော့်ကိုစောင့်ကြည့်ဖို့ ကိုကိုကလွှတ်ထားတာလား"
"ဆိုပါတော့"
"မလိုတော့ဘူး ဦးလေး ကိုယ့်အလုပ်ကိုပဲလုပ်ပါ"
ပြောပြီးသည်နှင့် ထိုလူကြီးကိုကွေ့ရှောင်ကာ ကားဆီသွားဖို့ပြင်လိုက်ရင်းမှ ထိုဦးလေးကြီးကို သူ လှည့်ကြည့်လိုက်မိသည်။
ဦးလေးဟာ သူ့ကို မဝံ့မရဲကြည့်နေဆဲ…
"ရာသီဥတုက အေးတယ် ဦးလေး ကျန်းမာရေးဂရုစိုက်ပါ.. လိုတာရှိရင်ဖုန်းဆက်လိုက်"
"ဟုတ်ကဲ့"
ဒီလောက်နှင့် သူပြန်လှည့်လာခဲ့ပြီး ကားပေါ်ရောက်လာသည့်အခါ စတီယာရင်ကိုဖိဆုပ်ရင်း မသိမသာအံကြိတ်ပစ်လိုက်မိသည်။
ဘာဖြစ်လို့..
ဘာဖြစ်လို့ ကိုယ့်မှာမှ ဒီလိုကိစ္စတွေဖြစ်ပေါ်နေတာလဲ…
ဒါပေမယ့် ကိုယ့်ကြောင့်မို့ ဘဝတစ်ခုက ပိုပြီးကောင်းမွန်လာခဲ့တာပဲ…
ဤအတွေးဝင်လာတော့ စောစောကပျော်စရာအချိန်တွေဟာ အလည်တစ်ခေါက် ပြန်ရောက်လာပြီး ပခုံးတွေလှုပ်ခတ်သည်အထိ ရယ်မိတော့၏။
ဘယ်သူ့အတွက် ဘာပဲဖြစ်နေနေ မိုးမြေအတွက်တော့ ငါက…
💌💌💌💌💌💌
Part 21 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💌 Part - 20 💌
---------------
"မင္းညီ အိမ္ျပန္မလာေသးဘူးလား"
မာမီ့စကားေၾကာင့္ Laptopကိုအၾကၫ့္ေရာက္ေနရာမွ ေခါင္းျပန္ေထာင္သြားၿပီး ခစားကိုမေတြ့တာ ဘယ္ႏွရက္ရိွၿပီလဲဟု ျပန္ေတြးၾကၫ့္မိသည္။
ဒီေကာင္ေလးဟာ ငယ္စဥ္ကတည္းက ဒီအတိုင္း ကၽြတ္ဆတ္ဆတ္ မာေက်ာေက်ာေလးျဖစ္ကာ အဘိုးစကားကလဲြလ်ွင္ ဘယ္သူ႔စကားမွနားမေထာင္တတ္။
အဘိုးက အလိုလိုက္လြန္းေသာေၾကာင့္ ဒက္ဒီ့ကိုလည္း ရိုေသရေကာင္းမွန္းမသိသလို မာမီ့ကိုလည္း မေခ်မငံျဖင့္…
"မာမီဖုန္းဆက္တာလည္းမကိုင္ဘူး စံုစမ္းၾကၫ့္ပါဦး သားရယ္"
"စိတ္မပူပါနဲ႔ မာမီ ဘာမွမျဖစ္ေလာက္ပါဘူး အိမ္ျပန္လာရင္ ဒက္ဒီနဲ႔စကားမ်ားေနရတဲ့ဥစၥာ သူ႔ဘာသာ တိမ္တိုက္တို႔ ေနေသြးတို႔အိမ္မွာ သြားေနေလာက္မွာပါ"
"ဘာပဲျဖစ္ျဖစ္ မာမီ့ဆီဖုန္းဆက္ဖို႔ေျပာလိုက္ဦး စာေမးပဲြနားနီးၿပီမလား"
စိတ္ပူသလိုေျပာေနေသာ မာမီ့ေၾကာင့္ ထိုင္ရာမွထကာ မာမီ့ပခံုးေလးကို ႏွစ္သိမ့္သၫ့္အေနျဖင့္ ဖြဖြေလးသိုင္းဖက္လိုက္သည္။
မာမီဟာသူေဌးသမီးပီပီ အိစက္ေနေအာင္လွၿပီး အခုထက္ထိလည္း ထိုအလွအပကိုထိန္းသိမ္းထားႏိုင္ဆဲျဖစ္ကာ ဒက္ဒီနဲ႔ဘယ္လိုမ်ား ဆံုျဖစ္သလဲမသိေခ်။
မာမီလွသေလာက္ ဒက္ဒီက အသားညိုညို၊ ခပ္ဝဝခပ္ဖိုင့္ဖိုင့္ျဖစ္ၿပီး သူကလည္း ဒက္ဒီနဲ႔တူစြာ အသားနည္းနည္းညိုသည္။
ခစားကေတာ့ မာမီနဲ႔ပိုတူကာ မာမီ့ဆီက လွပေသာအစိတ္အပိုင္းေတြကို အေမြတစ္ခုလိုရရိွထားသူမို႔ ခစားနဲ႔သူဟာ ညီအစ္ကိုအရင္းျဖစ္သၫ့္တိုင္ သိပ္မတူၾက။
ကိုယ့္ညီဟာ လူေခ်ာတစ္ေယာက္ဆိုတာကိုေတာ့ သူကိုယ္တိုင္လည္း မျငင္းႏိုင္သလို ကိုယ့္ထက္အစစအရာရာ သာလြန္ေစဖို႔ ဒီညီကို ရည္ရြယ္ထားခဲ့သည္အထိ…
"ဆက္လိုက္ပါ့မယ္ မာမီ စိတ္ခ်လက္ခ်ေနပါ ေနာက္အပတ္ထဲ ကုမၸဏီညစာစားပဲြရိွေသးတယ္ အိမ္ကိုမလာရင္ေတာင္ ရွယ္ယာရွင္တစ္ေယာက္အေနနဲ႔ေတာ့ Dinnerကိုတက္မွာပါ"
"အင္းပါ"
"မာမီနားေတာ့ေနာ္"
"သားငယ္ကိုလႊတ္မထားပါနဲ႔ သားႀကီးရယ္ ဒီကေလးက အၿမဲတမ္းေသြးဆူၿပီး ခပ္ဆိုးဆိုးေလးဆိုေတာ့ မာမီစိတ္ပူတယ္"
"ဟုတ္ကဲ့ပါ သားေစာင့္ၾကၫ့္ပါ့မယ္"
အထပ္ထပ္ကတိေပးလိုက္ေတာ့မွ မာမီက စိတ္ခ်သြားသလို သက္ျပင္းေလးခ်ၿပီး အိပ္ခန္းထဲဝင္သြားေသာေၾကာင့္ သူ ဖုန္းကိုထုတ္ယူလိုက္သည္။
ဒက္ဒီက လုပ္ငန္းရွင္အစည္းအေဝးရိွေန၍ ဒီညေတာ့ေနာက္က်ေလာက္ကာ ခစားအေၾကာင္း လြတ္လြတ္လပ္လပ္ဖုန္းေျပာလို႔ရတာမို႔ ဒက္ဒီ့မန္ေနဂ်ာဆီကို ဖုန္းဆက္လိုက္သည္။
ထိုမန္ေနဂ်ာဟာ မာမီ့သူငယ္ခ်င္းမို႔ မိသားစုဝင္ပမာ အစစအရာရာအတြက္ စိတ္ခ်ရသည္ေလ…
"ခစား ဘယ္ေရာက္ေနတာလဲသိလား"
"-----"
"သူ႔ကိုေစာင့္ၾကၫ့္ေပးပါ သူကနည္းနည္းဆိုးေတာ့ အခ်ဳပ္က်တာဘာညာျဖစ္မွာစိုးလို႔"
"-----"
"ရတယ္ ဦးေလးသာ သူ႔ကိုေစာင့္ၾကၫ့္ဖို႔လူလႊတ္ေပးထားပါ ဒက္ဒီျပန္မသိေစနဲ႔"
လိုခ်င္ေသာTargetေရာက္သည္ႏွင့္ ဖုန္းခ်ပစ္လိုက္ကာ သက္ျပင္းတစ္ခ်က္ခ်ရင္း ဧၫ့္ခန္းက မိသားစုဓာတ္ပံုႀကီးကို တစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။
သူ ဘဲြ႔ယူတုန္းက ဒက္ဒီနဲ႔မာမီက ထိုင္ခံုေပၚမွာ လွလွပပေနရာယူထားၿပီး ဒက္ဒီတို႔ေနာက္မွာ ဘဲြ႔ဝတ္စံုျဖင့္ သူရိွေနသည္။
ခစားကေတာ့ မာမီ့အေနာက္ဘက္မွာရပ္ကာ ရွပ္လက္ရွည္၊ပိုးပုဆိုးဝတ္ထား၍ လူႀကီးေပါက္စေလးျဖစ္ေပမယ့္ ရႈပ္ယွက္ခတ္ေနေသာနားကပ္ေတြ၊ လက္ပတ္ေတြကအထင္းသား…
ပို႔စ္ေပးေနပံုကလည္း ဓာတ္ပံုအရိုက္ခံေနတာနဲ႔မတူဘဲ ရန္ျဖစ္ခါနီးမို႔ တစ္ဖက္လူကို ၿဂိဳဟ္ၾကၫ့္ ၾကၫ့္ေနသၫ့္အတိုင္း ေပေစာင္းေစာင္း…
"မင္း ဘယ္သူနဲ႔တူလို႔ အဲ့ေလာက္ဆိုးေနတာလဲ ခစား"
💌💌💌💌💌💌
"မသိဘူး"
"ဒါေတာ့ နင္သက္သက္လိမ္တာပဲ"
"မသိလို႔မသိဘူးေျပာတာ"
ေျဗာင္လိမ္ေနေသာ ခစားကိုၾကၫ့္ကာ မိုးေျမအသည္းယားလာမိသလို ဒင္းဟာ ဘာေၾကာင့္မ်ား သူ႔ေမြးေန့ကို ထုတ္မေျပာခ်င္သလဲမသိ။
ေမြးေန့ဆိုတာမ်ိဳးက မိသားစု၊ သူငယ္ခ်င္း ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးကုန္ဆံုးသင့္သည္ဟု မိုးေျမထင္မိ၏။
ကိုယ့္ရဲ့ျဖစ္တည္ျခင္း ႏွစ္ပတ္လည္ေန့ကို သူဟာ ဘာေၾကာင့္မ်ား သိမ္းဆည္းထားတာပါလိမ့္…
"ခစား"
"မင္းစာက်က္မွာျဖင့္က်က္ေတာ့ မိုးေျမ ငါ့ကိုလာနားညည္းမေနစမ္းနဲ႔"
"ငါသိခ်င္လို႔ပါ ငါလည္းနင့္ကို ေမြးေန့လုပ္ေပးခ်င္တယ္ေလ မေန့ညကလိုေလ
Happy Birthday to you.
Happy Birthday Dear Min Khasarဆိုၿပီး"
သူ႔မ်က္ႏွာတည္ၿငိမ္သြားကာ စာအုပ္ကိုေပါင္ေပၚခ်ၿပီး မိုးေျမကိုတၫ့္တၫ့္ၾကၫ့္လာကာ ထိုအၾကၫ့္ေတြဟာ စိမ္းသက္လြန္းလွသည္။
သူတစ္ခါေျပာခဲ့ဖူးသလို မိုးေျမမသိေသာ သူ႔ရဲ့တျခားဖက္ဟာ သူ႔ရဲ့ေမြးေန့လည္း အပါအဝင္လား…
ထို႔ေၾကာင့္ မိုးေျမသည္ ေတာင္းဆိုသလိုေလးၾကၫ့္ေနလိုက္ေတာ့ ကၽြတ္ခနဲအသံႏွင့္အတူ သူသည္ ထိုင္ရာမွထသြားေတာ့၏။
သို႔ေပမယ့္ မိုးေျမအေလ်ွာ့မေပးခ်င္တာမို႔ သူ႔ေနာက္ကေလ်ွာက္လိုက္ကာ တီရွပ္အက်ႌအဖ်ားစကို ဆဲြကိုင္ၿပီး ကေလးမုန႔္ေတာင္းသလို တဂ်ီဂ်ီပူဆာမိသည္။
"ခစား လို႔.. လုပ္ပါအခ်စ္ကေလးလည္း"
"ငါစာက်က္ေတာ့မလို႔"
ဆိုၿပီး ေမြ့ရာေပၚ ေမွာက္လ်က္လွဲခ်ပစ္ေတာ့ သူဟာ လိုခ်င္တာမရ၍ စိတ္ေကာက္ေနေသာ ကေလးဆိုးႀကီးႏွင့္ ပိုတူသြား၏။
မိုးေျမ ႀကိတ္ႃပံုးလိုက္ၿပီး သူ႔ေျခေထာက္တစ္ဖက္ကို အသာေလးႏိွပ္ေပးရင္း ဆက္ဂ်ီက်ေနမိသၫ့္အခါ ခစားသည္ ၾကာၾကာမမာေက်ာႏိုင္ေတာ့…
"အက်ေန့"
"သႀကၤန္အက်ေန့လား"
"အင္း အဲ့ဒီအက်ေန့ပဲ အဲ့ေန့က သိၾကားမင္းဆင္းလာတဲ့ေန့တဲ့ေလ သိၾကားမင္းကေတာင္ လာၿပီးခစားေပးရတယ္ဆိုတဲ့အဓိပၸါယ္နဲ႔ မင္းခစား လို႔ေပးထားတာ ရၿပီလား"
"အဲ့ဒါဆို သိၾကားမင္းေတာ့မျဖစ္ႏိုင္ေလာက္ပါဘူး နင့္ကိုခစားတာက မာရ္နတ္ပဲေနမွာပါ ဒါေၾကာင့္မို႔ ဒီေလာက္ဆိုးတာ"
"ငါငယ္ငယ္တုန္းကမဆိုးပါဘူး မိုးေျမရာ.. ငါအရမ္းလိမၼာတာ အားကစားဘက္မွာဆို ပထမခ်ည္းပဲ ၿပီးေတာ့ Snookerကိုဆို ငါ့မိန္းမလို႔သေဘာထားၿပီးေတာ့ကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ေလ့က်င့္ခဲ့တာ"
"အဲ့ဒါဆို ဘာလို႔မေအာင္ျမင္တာလဲ ငါေျပာခ်င္တာကေလ နင္ကသူေဌးသားလည္းျဖစ္တယ္ တကယ္လည္းေတာ္တယ္ အဲ့လိုလူက လူမသိသူမသိ ေမွးမိွန္ေနတာမ်ိဳးေလ မျဖစ္သင့္ဘူးမလား"
"ဒက္ဒီ့မွာ နင့္လိုအေတြးမွမရိွတာ ဒက္ဒီ့အတြက္ ငါကဘာမွသံုးစားမရတဲ့ေကာင္ပဲ ေျပာရင္ယံုမလားမသိဘူး ငါငယ္ငယ္တုန္းက စာဆိုလည္းစာ၊ အားကစားဆိုလည္းအားကစား ပထမဆုေတြခ်ည္းပဲရခဲ့တာ
အဲ့ဒီပထမဆုေတြနဲ႔ ဒက္ဒီ့ကိုမ်က္ႏွာလုပ္ဖို႔ႀကိဳးစားခဲ့တာေလ ဒါေပမယ့္အရာမဝင္ခဲ့ပါဘူး"
ေျပာေနရင္း တိုးဖြသြားေသာေလသံေၾကာင့္ ခစားဆိုးသြမ္းေနရျခင္းကို မိုးေျမနားလည္သြားၿပီျဖစ္ကာ မိုးေျမေတြးထင္ထားသၫ့္အတိုင္း၊
သူဟာ ကေလးဆိုးႀကီးလို အရာအားလံုးကိုအရဲြ႔တိုက္ေနျခင္းသာျဖစ္၏။
ဒီလိုဆို သူဟာ မိုးေျမတို႔လို အေမ့ရင္ခြင္တစ္ျခမ္းတည္းႏွင့္ အရြယ္ေရာက္ခဲ့သူပဲေပါ့…
"ဒါေပမယ့္ ငါ့အတြက္ေတာ့ နင္က ကယ္တင္ရွင္ႀကီးလိုပဲသိလား ခစား"
မိုးေျမ၏စကားေၾကာင့္ ေခါင္းအံုးေပၚေမွာက္လ်ွက္ႀကီးအိပ္ေနရာမွ သူကေခါင္းေထာင္လာၿပီး မိုးေျမကိုၾကၫ့္လာ၏။
ဖရိုဖရဲျဖစ္ေနေသာ ဆံပင္ေတြေၾကာင့္ ခစားဟာ ပိုၿပီးၾကၫ့္ေကာင္းေနခဲ့ၿပီး စူးလက္ေနေသာ သူ႔မ်က္လံုးေတြဟာ ထင္မွတ္မထားေသာစကားကိုၾကားလိုက္ရ၍ ပိုၿပီးလင္းလက္ေနခဲ့သည္။
"နင့္ေၾကာင့္ ငါ့မွာအမ်ားႀကီးေျပာင္းလဲသြားတယ္ေလ ငါကြန္ဒိုမွာမေနဖူးဘူး Airconဖြင့္ထားတဲ့အခန္းမွာလည္း မေနဖူးဘူး
မေန့ညကသြားတဲ့ Pioneerကိုမေရာက္ဖူးဘူး ေငြအရမ္းဝင္တဲ့ Graveေနရာမ်ိဳးမွာ ငါအလုပ္လုပ္ဖူးဘူး
အားလံုးက နင့္ေၾကာင့္ပဲ ငါႄကံုဖူးခဲ့တာ"
"ဟုတ္လို႔လား"
"ေအးဆို.. အဲ့ဒါေၾကာင့္ နင့္ကိုယ္နင္ ဘာမွသံုးစားမရတဲ့ေကာင္လို႔ ေတြးမိရင္ ငါ့ကိုေျပးျမင္လိုက္ နင့္ေၾကာင့္မို႔ ငါ့ဘဝကပိုၿပီးေကာင္းလာခဲ့တာ
ငါ့ကိုကူညီတာက ပရဟိတဆို ဒီပရဟိတမွာ နင္ကပထမရတဲ့သူပါ ၿပီးေတာ့ အဲ့ဒီပထမဆုက ငါ့အတြက္ အရမ္းအရာဝင္တယ္သိလား"
ထိုအခါ သြားစြယ္ေလးေတြေပၚသည္အထိ ႃပံုးရယ္သြားေသာ မ်က္ႏွာေၾကာင့္ ခစားရဲ့အျပဳအမူေတြဟာ တစ္ခါတစ္ေလေတာ့ ပြင့္လင္းျဖဴစင္လြန္းသည္ဟု ထင္မိ၏။
အခုလည္း ေခါင္းအံုးထဲမ်က္ႏွာကပ္ကာ တဟီးဟီးရယ္ေနေတာ့တာမို႔ မိုးေျမ သူ႔ဆံပင္ေတြကို တအားဆဲြဖြပစ္လိုက္သည္။
ဒါလည္းေခါင္းျပန္ေဖာ္မလာဘဲ ေျခေထာက္ေတြက ေမြ့ရာကို တဘုန္းဘုန္းကန္ေက်ာက္ကာ ဆက္ရယ္ေနဆဲ…
"ငါ နင့္ကိုသေဘာက်ေနမိၿပီထင္တယ္"
ဒီစကားကိုေတာ့ မိုးေျမတစ္ကိုယ္တည္းၾကားရံုသာ ေျပာခဲ့ျခင္းျဖစ္ကာ ရင္ထဲမွာေတာ့ က်ယ္ေလာင္ေနခဲ့သည္။
ဒါေပမယ့္ ဒါဟာျဖစ္သင့္ရဲ့လားဆိုသၫ့္ အေတြးဝင္လာေတာ့ မိုးေျမအႃပံုးေတြကြယ္ေပ်ာက္သြားရသည္။
ေပ်ာ္စရာေတြကိုလည္း ထပ္တူခံစားခ်င္သလို
နာက်င္စရာေတြကိုလည္း မ်ွေဝခ်င္လာမိေသာ မိုးေျမရဲ့စိတ္ဟာ
အေရာင္တစ္ခုခုစြန္းထင္းေနၿပီလား…
💌💌💌💌💌💌
"အဟင္း!"
ရယ္သံထြက္လာ၍ လွၫ့္ၾကၫ့္မိေတာ့ ဝီစကီခြက္ကိုႃပံုးႃပံုးႀကီးၾကၫ့္ေနေသာ ခစားေၾကာင့္ ေၾကာင္အ,သြားၿပီး Barmanေကာင္ေလးကို တစ္ခ်က္ျပန္ၾကၫ့္မိသည္။
ထိုအခါ Barmanေကာင္ေလးကလည္း ခစားကို အူေၾကာင္ေၾကာင္ၾကၫ့္ၿပီး ေခါင္းခါျပတာမို႔ ဖိုးခ်မ္းကိုလက္တို႔လိုက္ကာ ဒင္းကလည္းေခါင္းခါျပျပန္၏။
ထိုအခ်ိန္ ကိုယ္ေတာ္ႃပံုးလုပ္ေနေသာ ခစားက ဝီစကီကိုေမာ့ခ်လိုက္ၿပီး နားထင္ကိုပြတ္သပ္ကာ ေခါင္းခါေနရင္း သေဘာတက်ႃပံုးေနျပန္သည္။
သူတို႔ေတြသူငယ္ခ်င္းအျဖစ္ တဲြျဖစ္ခဲ့ၾကသၫ့္ ၁၀ႏွစ္ဝန္းက်င္မွာ ခစား ဒီေလာက္သေဘာက်ၿပီးႃပံုးေနတာမ်ိဳး တစ္ခါမွမျမင္ဖူးခဲ့၍ တစ္ခုခုမွားယြင္းေနၿပီဆိုတာ ေသခ်ာသြားၿပီျဖစ္၏။
ထို႔ေၾကာင့္ မိုးေျမကိုလွၫ့္ၾကၫ့္မိေတာ့ မိုးေျမက မိတ္ကပ္ဘူးေလးဖြင့္ကာ မိတ္ကပ္ဖို႔ေနရင္း ဒီဘက္ကိုအာရံုမရိွေခ်။
ဧကႏၲ ဒီေကာင္ခစား မိုးေျမရိွရဲ့သားနဲ႔ ေနာက္တစ္ေယာက္ေတြ့သြားတာလား…
"မင္း ဘာရယ္ေနတာလဲ မင္းခစား"
ၾကၫ့္မရေတာ့၍ တၫ့္တၫ့္ႀကီးေမးလိုက္ေတာ့ ခစားက ခပ္အမ္းအမ္းျဖစ္သြားၿပီး ဟင္ခနဲျဖစ္သြားကာ သူ႔ကိုလွၫ့္ၾကၫ့္လာသည္။
သို႔ေသာ္ ဒင္းက ခ်က္ခ်င္းမ်က္ေမွာင္ကုပ္သြားၿပီး ထိုင္ခံုေပၚမွ ေျခတစ္ဖက္ခ်လိုက္ရင္း…
"ဘယ္မွာရယ္လို႔လဲ မင္း နီးနီးေလးနဲ႔ကန္းေနၿပီ"
"Ballကိုကန္းပါလား မင္းရယ္သံႀကီးလူတိုင္းၾကားတယ္"
"ၾကၫ့္စမ္း နားပါေလးေနၿပီပဲ"
"ေဟ့ေကာင္"
"Bangkokသြားၿပီး မ်က္လံုးကိုေလဆာပစ္၊ နားေဆးခဲ့စမ္းပါ"
ေျပာသြားပံုက ကိုယ္ကပဲ ဒင္းကိုမဟုတ္တာေျပာမိသၫ့္အတိုင္း..
စိတ္ထဲအေတာ္ေလးခ်ဥ္သြားမိတုန္း ဒင္းက သားေရဂ်ာကင္ကို ပခံုးေပၚဆဲြတင္ၿပီး Barအနားမွ လွၫ့္ထြက္သြားေလ၏။
"ဒီေကာင့္ကို မိုးေျမ ဘာေဆးေတြကၽြေးလိုက္တာလဲ မသိဘူး"
ဖိုးခ်မ္း၏မွတ္ခ်က္ေၾကာင့္ သူတို႔အားလံုးေဝါခနဲရယ္လိုက္မိကာ သူ႔စိတ္ထဲမွာေတာ့ ဒီလိုျဖစ္သြားလည္း အေကာင္းသားဟုသာ ေတြးမိေတာ့သည္။
Playboyေတြခ်စ္တတ္လာၿပီဆို မ်က္စိေနာက္ေလာက္ေအာင္ ျဖစ္တတ္သည္မဟုတ္လား…
ဒီတစ္ခါေတာ့ မင္းတကယ္ခံရေတာ့မွာ ေခြးသားေလးေရ…
💌💌💌💌💌💌
ေနေသြးကိုေငါက္ငမ္းကာ ခပ္တည္တည္ျဖင့္ ျပန္လွၫ့္လာခဲ့ေပမယ့္ သူတကယ္ရယ္ေနခဲ့မိတာမို႔ ဒါကိုအားလံုးၾကားသည္ဆိုေတာ့ နည္းနည္းရွက္မိေသးသည္။
မိုးေျမျပောခဲ့ေသာ "ငါ့အတြက္ေတာ့ နင္က ကယ္တင္ရွင္ႀကီး" ဆိုသၫ့္စကားေၾကာင့္ ကိုယ့္လုပ္ရပ္ကို သေဘာက်ေနမိ၏။
တမင္ညစ္ၿပီး သူမကိုခိုင္းစားဖို႔ အနားမွာေခၚထားျခင္းျဖစ္ေပမယ့္ မိုးေျမအေပၚထားခဲ့သၫ့္ေစတနာေတြဟာ တကယ္ပဲျဖဴစင္ခဲ့တာ ဘုရားသိသည္။
ဘုရားသိသလို ကိုယ္တိုင္လည္းသိကာ မိုးေျမကိုယ္တိုင္လည္းသိေနၿပီမို႔ ပိုၿပီးၾကည္ႏူးပီတိျဖစ္မိသည္။
အနည္းဆံုးေတာ့ ကိုယ့္ကိုခ်ီးက်ူးမၫ့္သူ၊ ကိုယ့္ကိုအားကိုးေနသၫ့္ တစ္စံုတစ္ေယာက္ဟာ လက္ေတြ့ဘဝမွာ တကယ္ရိွလာခဲ့ၿပီမဟုတ္လား…
"ဘယ္ဆိုးလို႔လဲ ေငြသရဲမ,က စိတ္ေျပေအာင္ေျပာတတ္သားပဲ"
အေတြးႏွင့္ရယ္လိုက္၊ တစ္ေယာက္တည္း စကားေျပာရင္းႃပံုးလိုက္ျဖင့္ Graveရဲ့ေအာက္ဆံုးထပ္အထိေရာက္လာေတာ့ ဒက္ဒီ့လူယံု မန္ေနဂ်ာဦးေလးႀကီးကို လွမ္းေတြ့လိုက္သည္။
ေစာေစာကၾကည္ႏူးျခင္းေတြ ခ်က္ခ်င္းေပ်ာက္ရွသြားကာ ထိုအစား ေမးခြန္းေတြသာ အစားထိုးဝင္ေရာက္လာခဲ့၏။
"လူေလး"
"အင္း"
"ဘာလို႔အိမ္မျပန္တာလဲ"
"ဦးေလးနဲ႔ဆိုင္လို႔လား"
"ဆိုင္ေတာ့မဆိုင္ေပမယ့္.."
"ဒါဆို ကၽြန္ေတာ္ေနခ်င္သလိုေနပါရေစ ဘာလဲ ကၽြန္ေတာ့္ကိုေစာင့္ၾကၫ့္ဖို႔ ကိုကိုကလႊတ္ထားတာလား"
"ဆိုပါေတာ့"
"မလိုေတာ့ဘူး ဦးေလး ကိုယ့္အလုပ္ကိုပဲလုပ္ပါ"
ေျပာၿပီးသည္ႏွင့္ ထိုလူႀကီးကိုေကြ့ေရွာင္ကာ ကားဆီသြားဖို႔ျပင္လိုက္ရင္းမွ ထိုဦးေလးႀကီးကို သူ လွၫ့္ၾကၫ့္လိုက္မိသည္။
ဦးေလးဟာ သူ႔ကို မဝံ့မရဲၾကၫ့္ေနဆဲ…
"ရာသီဥတုက ေအးတယ္ ဦးေလး က်န္းမာေရးဂရုစိုက္ပါ.. လိုတာရိွရင္ဖုန္းဆက္လိုက္"
"ဟုတ္ကဲ့"
ဒီေလာက္ႏွင့္ သူျပန္လွၫ့္လာခဲ့ၿပီး ကားေပၚေရာက္လာသၫ့္အခါ စတီယာရင္ကိုဖိဆုပ္ရင္း မသိမသာအံႀကိတ္ပစ္လိုက္မိသည္။
ဘာျဖစ္လို႔..
ဘာျဖစ္လို႔ ကိုယ့္မွာမွ ဒီလိုကိစၥေတျြဖစ္ေပၚေနတာလဲ…
ဒါေပမယ့္ ကိုယ့္ေၾကာင့္မို႔ ဘဝတစ္ခုက ပိုၿပီးေကာင္းမြန္လာခဲ့တာပဲ…
ဤအေတြးဝင္လာေတာ့ ေစာေစာကေပ်ာ္စရာအခ်ိန္ေတြဟာ အလည္တစ္ေခါက္ ျပန္ေရာက္လာၿပီး ပခံုးေတြလႈပ္ခတ္သည္အထိ ရယ္မိေတာ့၏။
ဘယ္သူ႔အတြက္ ဘာပဲျဖစ္ေနေန မိုးေျမအတြက္ေတာ့ ငါက…
💌💌💌💌💌💌
Part 21 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997