မိုးမြေခစား

By SummerMaung

570K 21.5K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

18

6.8K 316 10
By SummerMaung

💌 Part - 18  💌
---------------

"မိုးမြေဆိုတာ"

ဆိုသည့် ခပ်ချေချေလေသံကြောင့် စာကိုအာရုံရောက်နေရာမှ မော့ကြည့်လိုက်မိသည်။
မိုးမြေရှေ့မှာရပ်နေသူက ခစား၏မြောက်မြားလှစွာသော နံပါတ်စဥ်တွေထဲမှတစ်ယောက်ဖြစ်ပြီး ဦးဟန်လက်ထပ်ခွင့်တောင်းတုန်းက ပါလာသည့်တစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေးရဲ့ပုံစံက မိုးမြေကို အထင်သေးနှိမ့်ချလိုသောအကြည့်တွေ၊ မလိုလားသောအကြည့်တွေဖြင့် တင်းမာစွာရှိနေ၏။

"ဘာကိစ်စလဲ"

ဒါသည် မိုးမြေရဲ့ လူမြင်ကတ်စရာအကောင်းဆုံးအကျင့်ဖြစ်ကာ ရောင်းသူဝယ်သူဆိုတာ အသံတူမှရမည်ဟု ခံယူထားမိသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူမလေသံအတိုင်း ခပ်မာမာပြန်မေးလိုက်တော့ ထိုမိန်းကလေးဟာ နှာခေါင်းရှူံ့သွားလေ၏။

"နင့်လိုမိန်းမပျက်ကို ကိုကိုကဘာတွေမက်မောပြီး ရည်းစားတော်ထားသလဲမသိဘူး"

"အင်း.. ငါလည်း သူ့ကိုအဲ့လိုမေးချင်တယ် နင့်ကိုဘာကြည့်ကြိုက်သလဲလို့"

"ဘာ!"

ခပ်စပ်စပ်လေးပြန်ထိသွားသဖြင့် ရဲခနဲဖြစ်သွားသည့်ထိုမျက်နှာဟာ ပေါင်မုန့်ပေါ်ကို Strawberryယိုတွေ ဖြန့်ခင်းလိုက်သည့်နှယ်။
ဘောပင်ကိုတစ်ချက်ချက်နှိပ်ရင်း ပြောဦးလေဆိုသည့်ပုံစံဖြင့် မေးဆတ်ပြလိုက်သည့်အခါ သူမက ကျော့ကျော့မော့မော့ဖြင့် လက်ပိုက်သွားပြီး…

"နင် ပိုက်ဆံလိုချင်လို့ ကိုကို့ကိုကပ်နေတာမလား"

"အင်း"

"ဘယ်လောက်လဲ ငါပေးမယ်"

"နင်ဒီလောက်ကျပ်မပြည့်မှန်း အခုမှသိတယ် ငါကငွေပုံကြီးပေါ်ထိုင်မိထားတာလေ နင်ပေးတဲ့မဖြစ်စလောက်လေးကိုယူပြီး သူ့အနားကထွက်သွားစရာလား"

"ဘာ!"

"မေးကြည့်လိုက်ပါဦး မင်းခစားဆိုတဲ့လူကရော မိုးမြေမရှိလို့ဖြစ်ရဲ့လားလို့.. ပြီးတော့ ငါတို့အတွဲရဲ့နာမည်ကိုက 'မိုးမြေခစား'တဲ့နော်
နောက်ထပ် ထပ်ပြောရရင် ငါက ခစားနဲ့တွဲနေတာ ၂လကျော်ပြီ နင်ကဘယ်နှရက်လဲ"

"တောက်!"

"နင့်သက်တမ်း ၂လကျော်လာရင်တောင် နင်ငါ့ကိုမမှီနိုင်ပါဘူး အခုပြောကြည့်စမ်းညီမလေး ဘယ်သူက မင်းခစားနဲ့အရင်တွဲခဲ့တာလဲ"

"နင်!"

"တကယ်ဆို နင့်ကိုငါကရန်တွေ့ရမှာမလား အလိုကွယ်!.. နင် စနိုက်ထားရင်လည်း တိတ်တိတ်လေးနေလေ ပိုင်ရှင်ရှေ့လာပြီးသောင်းကျန်းနေရင် နင်ပဲအပြောခံရမှာပေါ့
အခုရောမရှက်ဘူးလား"

ထိုမိန်းကလေးကို ဘာမှပြောခွင့်မပေးဘဲ မိုးမြေကချည်းဖိပြောပစ်လိုက်ကာ ဒေါသဖြစ်နေသောထိုမျက်နှာကို အရသာခံပြီးကြည့်နေမိသည်အထိ။
ပိုက်ဆံမရှိ၊ Backgroundမရှိသလို ငွေရလျှင်ပြီးရောဆိုသည့် စိတ်မျိုးလည်း မိုးမြေမှာမရှိတာမို့ အပျက်မ,လို ဆက်ဆံခံရစရာအကြောင်းလည်းမရှိချေ။
ကိုယ့်သိက္ခာကိုထိပါးလာလျှင် ပြန်ပြောနိုင်ဖို့ စကားလုံးတွေသည် ရင်ထဲမှာရော၊ ပါးစပ်ထဲမှာပါ ပြည့်သိပ်နေခဲ့လျှက်…

ထိုအချိန် ခစားဝယ်ပေးထားသော ဖုန်းလေး ထမြည်လာ၍ ဖုန်းဆီအကြည့်ရောက်သွားတော့ အသက်ရှည်ဦးမည့် ဟိုအလံနီကောင်ဖြစ်သည်။
ဒါကိုမြင်လိုက်သောမိန်းကလေးက တစ်ခုခုပြောဖို့ပြင်နေရာမှ အံကြိတ်ပစ်လိုက်သောကြောင့် မိုးမြေဖုန်းကိုင်လိုက်ကာ Speakerကိုပါ တမင်ဖွင့်ပစ်လိုက်သည်။

"ကို ဘာဖြစ်လို့လဲ"

သူ့ဘက်ကအသံမထွက်ခင် အရင်ပြောချပစ်လိုက်၍ အကင်းပါးသောခစားက မိုးမြေအသံကို နားစွင့်နေပုံဖြင့် ချက်ချင်းဘာမှပြန်မပြောဘဲ ခေတ္တတော့တိတ်နေ၏။
ပြီးမှ ချောင်းဟန့်သံနှင့်အတူ ရယ်သံသဲ့သဲ့ဖြင့်…

"Baby ညနေကိုယ်နဲ့အတူပြန်မယ်နော် Babyကြိုက်တဲ့ အအေးလည်းဝယ်ထားပေးမယ်"

"Omm"

"ဒီညကျရင် Pioneerသွားဖို့ ကိုယ့်ကောင်တွေနဲ့ချိန်းထားတယ် အိမ်ပြန်ရောက်ရင် Babyကို သေချာလေးပြင်ဆင်ထားစေချင်တယ် ဒါမှကိုယ့်မိုးမြေလေး ဘယ်လောက်လှသလဲဂုဏ်ဆာလို့ရမှာ"

"ဟုတ်ကဲ့ပါ"

"ဒါပဲနော် Baby"

နွေးထွေးချိုမြစွာ နှုတ်ဆက်သွားပေမယ့် ဖုန်းချလိုက်လျှင်တော့ ခစားတစ်ယောက် ဗိုက်နှိပ်ရယ်တော့မှာမှန်း မိုးမြေသိသည်။
သူ ဖုန်းချသွားသည့်အခါ မိုးမြေသည် အောင်မြင်သော ရုပ်ရှင်စတားတစ်ယောက် ကော်ဇောနီပေါ်မှာရပ်ပြီး ပြုံးနေသလို ပြုံးပြလိုက်သည်။

"ဘာထပ်ကြားချင်သေးလို့ ဒီနားမှာရပ်နေတာလဲ လစ်တော့လေ"

မိုးမြေ၏ခပ်ငေါ့ငေါ့စကားကြောင့် ထိုမိန်းကလေးက အံကြိတ်ကာ လှည့်ထွက်သွား၍ ဘောပင်ကိုတချပ်ချပ်နှိပ်နေရင်း ကျေကျေနပ်နပ်ပြုံးလိုက်မိသည်။
လက်စားချေရခြင်းရဲ့အရသာဟာ အလွန်ချိုမြိန်လှပါ၏။

💌💌💌💌💌💌

"ကို ဟုတ်လား ပြန်ခေါ်ပါဦးအဲ့ဒီအသံနဲ့"

သူ မျက်နှာပြောင်တိုက်ကာ လိုက်စ,နေသောကြောင့် မိုးမြေက ဂြိုဟ်ကြည့်ပြီး လက်ထဲကခေါင်းလျှော်ရည်ဘူးနဲ့လည်း ရွယ်နေပြီဖြစ်သည်။
ဖုန်းကိုင်ကတည်းက ထူးထူးဆန်းဆန်းအသုံးအနှုန်းတွေဖြင့် ချိုအီနေသောထိုအသံဟာ သူ့ရည်းစားတစ်ယောက်ယောက်နှင့် စကားများနေပုံရသည့်အထာဟု သူသိနေခဲ့သည်။

"တကယ်တမ်း မင်း အဲ့ဒါငါ့ရည်းစားနဲ့ စကားများနေတာမလား"

"ဟုတ်တယ်"

"မင်းလေသံကို ငါခွဲခြမ်းစိပ်ဖြာနိုင်တယ်နော် Baby အလိုက်သင့်လေးမျှောချပေးလိုက်တာ ကျေးဇူးမတင်ချင်ဘူးလား"

"ဖုန်ရှူလိုက်လေ.. အဲ့ဒါကရော ဘယ်သူ့ကြောင့်လဲ"

"အေးပါ ငါ့ကြောင့်ပါ.. သိတယ်မလား ဥစ္စာပေါရုပ်ချောတဲ့ ဝူတန်ဂိုဏ်းချုပ်ကြီးဆိုတော့ နှုတ်ခမ်းနီမလေးတွေက ကြွေကြမှာပဲ"

"ပါလာပြန်ပြီ ဒီဝူတန်ဂိုဏ်းက"

အမြင်ကတ်ကတ်ဖြင့် မျက်စောင်းထိုးပစ်ကာ မှန်ရှေ့မှာထိုင်ပြီး ခေါင်းကိုပေါင်းထားသည့်သဘက်ကိုဖြေချလိုက်တော့ ခစားက သူမဆံပင်တွေကို အနီးကပ်ငုံ့ကြည့်၏။
ဆံပင်အဖျားတွေက ရေစိုနေဆဲမို့ အဖျားတွေကို သဘက်လေးနဲ့သုတ်နေတုန်း မိုးမြေဆံပင်တွေကိုဆွဲယူလိုက်သည်။

"ဝက်အမွှေးကျနေတာပဲ"

"နင်ဆံပင်ကရော ဘယ်လောက်တောင်နူးညံ့နေလို့လဲ"

"နင်လောက်တော့မကြမ်းဘူး သေချာတယ်"

"ပြစမ်း"

အလွန်ခံပြင်းနေပြီမို့ သူ့ဆံပင်ကိုလှမ်းဆွဲတော့ ခစားက မျက်နှာကိုမော့ပစ်ကာ Dryerကိုလှမ်းယူပြီး သေနဝာ်လိုလုပ်ရင်း…

"FBI.. freeze" (FBIကပါ ရပ်စမ်း)

ဟု ကြောင်တောင်တောင်လုပ်လာပြန်သည်။
ဒီရက်တွေထဲ သူ အိမ်မပြန်တော့ဘဲ ဒီမှာပဲနေနေတာမို့ အတူတူနေတာကြာလာလေ ခစားရဲ့ အကျင့်ဆိုးတချို့ကို သိလာလေဖြစ်သည်။
သူသည် မိုးမြေကို ရုပ်တည်ကြီးဖြင့် လိုက်လံစ,နောက်နေတတ်သော လူဆိုးကောင်လေးမျှသာ…
ဒါကို ဘာကြောင့်များ ရိုင်းစိုင်းရမ်းကားသူလို ပြုမူနေရတာလဲ…

"မင်းအအေးမိတော့မယ်နော် မိုးမြေ မိတ်ကပ်လိမ်းစမ်းပါ ငါDryerမှုတ်ပေးမယ်"

"လုပ်တတ်လို့လား"

"မာမီ့ကိုအရင်တုန်းက ငါ အမြဲတမ်းလုပ်ပေးတယ်"

သူ့မျက်နှာပြန်တည်သွားတော့ မိုးမြေထပ်မမေးချင်တော့ဘဲ မှန်ရှေ့မှာပဲပြန်ထိုင်ချလိုက်တော့ သူက Dryerကိုဖွင့်ကာ ဆံပင်တွေကို စိတ်ရှည်လက်ရှည်လေမှုတ်ပေး၏။
မိတ်ကပ်လိမ်းရင်း သူ့ကိုအကဲခတ်နေမိပေမယ့် ခစားရဲ့မျက်နှာသည် ထူးထူးခြားခြားပြောင်းလဲခြင်းမရှိတော့ဘဲ တည်ငြိမ်အေးစက်သွားတော့သည်။
သူ့ပုံစံဟာ ဘာကိုတွေးနေသလဲ၊ ပျော်နေသလား၊ ဝမ်းနည်းနေသလားဟု ခွဲထုတ်၍မရတော့သည်အထိ လေးနက်နေ၏။

"ဒီနေ့ ဘာလို့ Pioneerသွားကြမှာလဲ Graveကရော"

"ဆိုင်ကမပိတ်ပါဘူး သူ့ဘာသာဆက်လုပ်နေကြမှ မင်းကိုတော့ တစ်လနားရက်၂ရက်ပေးဖို့ ပြောထားတယ် လစာမဖြတ်ဘူး"

"ပြီးရော"

ငွေအကြောင်းကြားလိုက်သည်နှင့် ခစားဘာဖြစ်နေသလဲစိတ်မဝင်စားတော့ဘဲ မိတ်ကပ်ကိုသာဆက်လိမ်းနေမိတော့ ခစားဟာ သူမကိုစိတ်အချဥ်ပေါက်သွားပုံရသည်။
ဂွပ်ခနဲနေအောင် Dryerဖြင့်အခေါက်ခံလိုက်ရ၍ နာသွားသည့်နေရာလေးကိုဖိပွတ်ရင်း သူမ ခစား၏ခြေထောက်ကိုဖိနင်းပစ်လိုက်၏။

"နာတယ်နော် ငွေသရဲမ"

"နင်သာ မျက်နှာများတဲ့ကောင်"

"ငါကများတာမဟုတ်ဘူး သူတို့ကလာကပ်လို့"

"ကပ်မှာပေါ့ အီးပုံ,မှန်ရင် ယင်ကောင်တွေအုံနေတတ်တာပဲ"

"ဘာ!"

နားနားကပ်အော်လိုက်၍ သူမ နားအူသွားသောကြောင့် မကျေမနပ်ဖြင့်ထိုင်ရာမှထကာ ခစားခေါင်းကိုခေါက်ပစ်လိုက်၏။
သူ အလွန်ဒေါသဖြစ်သွားပြီး မိုးမြေကိုDryerနှင့်ထပ်ခေါက်ဖို့ လက်ရွယ်နေချိန် တံခါးခေါက်သံနှင့်အတူ တံခါးဝမှာ တိမ်တိုက်ကိုတွေ့လိုက်ရသည်။
တိမ်တိုက်ကလည်း သားသားနားနားဝတ်ထား၍ ခပ်မိမိခပ်မိုက်မိုက်ဖြစ်နေကာ မိုးမြေတို့ကို ပြုံးစိစိဖြင့်ကြည့်နေ၏။

"ဘာလဲ"

"မြန်မြန်လုပ် ချစ်ကျီစယ်မနေနဲ့တော့"

"ငါတို့ကဘာလုပ်နေလို့လဲ"

"Dryerမှုတ်ပေးနေတာကိုပြောတာပါ"

"အေးနော်.. ပြုံးစိစိလာလုပ်မနေနဲ့ သိပ်ကြည်တာမဟုတ်ဘူး ငွေသရဲမ မင်းမြန်မြန်ထွက်လာတော့"

ဆိုကာ Dryerကို မိုးမြေလက်ထဲထည့်ပေးပြီး အခန်းထဲကထွက်သွားဖို့ပြင်လေ၏။
သို့သော် သူချည်းသာမသွားဘဲ တိမ်တိုက်ကိုပါအတင်းဆွဲခေါ်သွားတာမို့ မျက်စောင်းလေးချီလိုက်မိသည်။

လူရှေ့သူရှေ့မှာဆို သူဟာ မိုးမြေကို အရမ်းချစ်ပြတတ်သော ခေတ်သစ်Romeoဖြစ်လေသည်။

💌💌💌💌💌💌

တစ်ခါမှမရောက်ဖူးသော Pioneerသည် securityအပြည့်နှင့် စည်းကမ်းကြီးသော Barတစ်ခုဖြစ်သလို ဈေးကြီးသောBarတစ်ခုလည်းဖြစ်သည်။
မှတ်ပုံတင်ပါမှဝင်ခွင့်ရမှန်း Barအဝင်ဝရောက်မှသိလိုက်ရပေမယ့် ဘာကြောင့်လဲမသိဘဲ Securityတွေက ခစားကိုခေါင်းညိတ်နှုတ်ဆက်နေကြ၏။

ခစားက ကားပေါ်မှဆင်းကာ ထိုလူတွေကိုစကားသွားပြောနေတော့ ကားအနောက်ခန်းမှာ မိုးမြေတစ်ယောက်တည်းကျန်နေခဲ့သည်။
ကားမောင်းနေသူက ကိုနေသွေးဖြစ်ပြီး ဘေးခုံမှာ ကိုတိမ်တိုက်ရှိနေကာ ခစားကိုလှမ်းကြည့်ရင်း ခပ်တိုးတိုးရယ်နေကြ၏။

"ဒီBarကရော သူပိုင်တာလားဟင်"

"အပိုင်တော့မဟုတ်ဘူး သူက ရှယ်ယာတွေပဲပိုင်ထားတယ် 12%လားပဲ"

"သူကအရမ်းချမ်းသာတာလား တော်တော်များများကို ပိုင်တယ်နော်"

အားကျသလိုလေးပြောမိသည့်အခါ ရှေ့ခန်းမှနှစ်ယောက်က အသံတွေထွက်သည်အထိရယ်နေကြပြီး ကိုတိမ်တိုက်က မိုးမြေကိုငဲ့ကြည့်သည်။

"သူတို့မိသားစုကတော့ High bossပဲ ဒါပေမယ့် ခစားက သူ့မိသားစုမသိဘဲ ဒါတွေပိုင်ထားတာ ဟိုတလောကနိုင်သွားတဲ့ ကားပြိုင်ပွဲကြောင့်လေ
Graveကတော့ Snookerမှာပြိုင်ထိုးပြီးနိုင်လာတာ"

"ကလော က Hotelတစ်ခုရောပဲ"

"အဲ့ဒါဆို သူကမရှုံးဖူးဘူးလား"

"ရှုံးတာပေါ့ သူရှုံးတုန်းက ပြင်ဦးလွင်ကHotelနှစ်လုံးကိုရောင်းပြီး လျော်လိုက်ရတယ်လေ Snookerမှာတော့ ဘယ်သူ့ကိုမှမရှုံးသေးဘူး"

"မိုးမြေကိုရှုံးထားတယ်လေ မင်းကလည်း"

"မဟုတ်ပါဘူး အဲ့ဒါက သူကတမင်အနိုင်ပေးလိုက်လို့"

မိုးမြေစကားကြောင့် ထိုနှစ်ယောက်ဟာ နောက်ပြန်လှည့်ကြည့်လာကြ၍ မိုးမြေကြောင်အ,သွားမိသည်။
ပြီးမှ အားတုံ့အားနာဖြစ်သွားဟန်ဖြင့် မျက်နှာပြန်လှည့်သွားပြီး ကားကို Barရှေ့မျက်နှာစာမှာ ရပ်လိုက်တော့ သူမ ကားပေါ်ကဆင်းလိုက်သည်။
ထိုအခါ အနားရောက်လာသည့်ခစားက သူမလက်ကိုလှမ်းဆွဲပြီး ဧည့်ကြိုကောင်လေးကို မေးဆတ်ကာ…

"ပါကင်ထိုးထားလိုက်"

ဆိုကာ Barထဲလျှောက်ဝင်သွား၍ မိုးမြေ သူ့အနောက်က ကပ်လိုက်လာခဲ့သည်။
မိုးမြေကသာ တစ်ခါမှမရောက်ဖူးပေမယ့် သူတို့အုပ်စုက လာနေကျဖြစ်ပုံရပြီး ဘယ်ကိုမှမကြည့်ဘဲ ရှေ့ကိုသာလျှောက်နေကြ၏။
ကြားဖူးထားသည့်အတိုင်း Pioneerဟာ တကယ်ပင် ခမ်းနားပြီး ပျော်စရာကောင်းသော နေရာတစ်ခုဖြစ်သည်။

"ကြာသွားပြီလား Sorryကွာ ငါ့ရဲ့အပြင်းစားLadyက အလှပြင်နေတာကြာသွားလို့"

"ရတယ် ငါတို့လည်းမကြာသေးဘူး"

နှုတ်ဆက်စကားသံတွေနှင့်အတူ ခစားက မိုးမြေကို ပခုံးတွေဖိနှိပ်ပြီးထိုင်စေကာ လက်ဖျောက်တစ်ချက်တီးလိုက်တော့ မီးတွေအားလုံးမှိတ်ကျသွား၏။
ဘာလဲဆိုသည့် အူကြောင်ကြောင်အတွေးဖြင့် ပတ်ပတ်လည်ကိုဝေ့ကြည့်မိတော့ ဖယောင်းတိုင်မီးရောင်တွေကိုတွေ့လိုက်ရပြီးနောက်…

"Happy Birthday to you
Happy Birthday to you
Happy Birthday Dear Moe Myay
Happy Birthday to you"

ဟု Birthday songနှင့်အတူ ကိတ်မုန့်တစ်လုံးကို ကိုင်ကာ မိုးမြေအနားကိုရောက်လာသည့် သားသား…
ထို့နောက် တဖြည်းဖြည်းပြန်လင်းလာသော မီးတွေကြောင့် မိုးမြေ အံ့အားသင့်နေရာမှ ရင်တွေတဖျတ်ဖျတ်ခုန်သွားပြီး ထိုင်ရာမှထရပ်လိုက်မိသည်အထိ။
ကိုယ့်မွေးနေ့ကို မေ့နေမိတဲ့အထိ မိုးမြေဗျာများနေခဲ့တာမဟုတ်လား…

"Happy birthday မိုးမြေ"

သားသားမျက်နှာလေးကို ပြုံးရွှင်စွာကြည့်မိရင်း ဖယောင်းတိုင်မီးတွေကို တအားမှုတ်ပစ်လိုက်သည့်အခါ ဖောင်းခနဲအသံနှင့်အတူ မိုးမြေခေါင်းပေါ်ကျလာသည့် အမှုန်လေးတွေ။
ဟေးခနဲအသံတွေနှင့်အတူ လက်ခုပ်သံတွေကြားလိုက်ရသည့်အခါ မိုးမြေငိုချင်သွားခဲ့မိပြီး သားသားပခုံးလေးကို တအားဖက်ထားလိုက်မိသည်အထိ။

"ဘာလို့ငါ့ကိုလာဖက်နေတာလဲ ဒါ ကိုကြီးခစားလုပ်ပေးတာ"

ငြူငြူစူစူထွက်လာသော သားသားအသံကြောင့် သူမ ရှက်ကိုးရှက်ကန်းဖြင့် ပြန်လွှတ်ပေးလိုက်ပြီး ခစားကိုမော့ကြည့်လိုက်သည်။
မိုးမြေပျော်နေသည့်အတွက် ကျေနပ်နေသော သူ့ပုံစံဟာ တကယ်ပဲတည်ငြိမ်လေးနက်လွန်းနေ၍ သူ့ခါးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်မိသည်။
အလိုက်သင့်ပြန်ထွေးပွေ့လာသော ခစား၏လက်တွေကြောင့် အများအမြင်မှာတော့ သိပ်ချစ်ကြသည့်အတွဲဟု ထင်နေကြမှာသေချာပေါက်…

"ကျေးဇူးတင်ပါတယ် ခစား ငါတကယ်ပြောတာ"

"ငိုသံကြီးနဲ့ကွာ"

"ငါမှ တစ်ခါမှမွေးနေ့မလုပ်ဖူးတာ"

"အခုလုပ်ဖူးပြီမလား တော်ပြီ.. မငိုနဲ့တော့.. မိုးသားစိတ်မကောင်းဖြစ်နေဦးမယ် နောက်နှစ်တွေ၊ နောက်နှစ်တွေမှာလည်း ငါမင်းအတွက်မွေးနေ့တွေလုပ်ပေးမယ် အိုခေ"

"အိုခေ"

မနူးညံ့ပေမယ့် နွေးထွေးသောနှစ်သိမ့်စကားကြောင့် သူမ ခေါင်းလေးညိတ်ပြရင်း ခစားကိုပြန်လွှတ်ပေးလိုက်သည့်အခါ မွေးနေ့ကိတ်လေးက စားပွဲပေါ်ရောက်နေပြီဖြစ်သည်။
ဘယ်သူလဲတော့ သေချာမသိဘဲ ကိတ်ခွဲဖို့ဓားးလှမ်းပေးနေသူဟာ ခစား၏သူငယ်ချင်းထဲကပဲ ဖြစ်ပုံရသည်။
ကိတ်မုန့်ကိုခွဲကာ သားသားကိုအရင်ခွံ့ဖို့ပြင်တော့ ခစားကလူလည်ကျပြီး မိုးမြေလက်ကိုဆွဲယူကာ ကိတ်ပိုင်းလေးကို အရင်စားပစ်လိုက်လေ၏။

"Sorry မိုးသားရာ မင်းအစ်မက ငါ့ကိုအချစ်ဆုံးပဲ"

"ဘာဗျ!"

"မင်းထက်ငါ့ကိုပိုချစ်တာ"

"ခင်ဗျားလူလည်ကျတာ အဲ့ဒါ မိုးမြေက ကျွန်တော့်ကိုကျွေးမလို့"

"ဟုတ်လား ငါ့ပါးစပ်ထဲရောက်သွားပြီ"

"ခင်ဗျားလူညစ်"

စိတ်ကောက်သွားသည့်မိုးသားက ကိတ်ပေါ်က creamတွေကိုကော်ယူပြီး ခစားမျက်နှာကိုလှမ်းသုတ်တော့ တစ်ဖွဲ့လုံးအော်ရယ်ကြလေသည်။
ထိုအခါ ခစားကလည်း မိုးသားကိုပြန်သုတ်တာမို့ တဖွဲ့လုံးသည် သူ့ထက်ငါဦးအောင် Creamတွေဖြင့် တစ်ယောက်ကိုတစ်ယောက် လိုက်သုတ်ကြတော့၏။

"ဟဲ့.. ငါကမွေးနေ့ရှင်နော်"

"မွေးနေ့ရှင်က ပိုသုတ်သင့်တာ"

"အား! ပေကုန်ပီ"

ရုန်းရင်းခတ်သွားသည့် တဖွဲ့လုံးသည် creamပေနေသော မျက်နှာကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်နေကြ၍ မိုးမြေ တကယ်ပျော်နေမိသည်အထိ။
အထူးသဖြင့် မိုးမြေ၏မွေးနေ့မှာ သားသားနဲ့အတူရှိခွင့်ရသည့်အဖြစ်ရော၊
ဒီပွဲကိုဖန်တီးပေးသည့်အဖြစ်ကြောင့် ခစားကို တကယ်ပဲကျေးဇူးတင်မိသည်။

သူဟာ တခြားသူတွေ၏အမြင်တွေမှာ၊ အမှန်တရားတွေမှာ ဗီလိန်ဖြစ်နေစေဦး..
မိုးမြေအတွက်တော့ တစ်ဦးတည်းသော ဇာတ်လိုက်မင်းသားသာဖြစ်ပါ၏။

💌💌💌💌💌💌

Part 19 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~

  
💌 Part - 18  💌
---------------

"မိုးေျမဆိုတာ"

ဆိုသၫ့္ ခပ္ေခ်ေခ်ေလသံေၾကာင့္ စာကိုအာရံုေရာက္ေနရာမွ ေမာ့ၾကၫ့္လိုက္မိသည္။
မိုးေျမေရ႔ွမွာရပ္ေနသူက ခစား၏ေျမာက္ျမားလွစြာေသာ နံပါတ္စဥ္ေတြထဲမွတစ္ေယာက္ျဖစ္ၿပီး ဦးဟန္လက္ထပ္ခြင့္ေတာင္းတုန္းက ပါလာသၫ့္တစ္ေယာက္ျဖစ္သည္။
ထိုမိန္းကေလးရဲ့ပံုစံက မိုးေျမကို အထင္ေသးႏိွမ့္ခ်လိုေသာအၾကည့္ေတြ၊ မလိုလားေသာအၾကည့္ေတျြဖင့္ တင္းမာစြာရိွေန၏။

"ဘာကိစ္စလဲ"

ဒါသည္ မိုးေျမရဲ့ လူျမင္ကတ္စရာအေကာင္းဆံုးအက်င့္ျဖစ္ကာ ေရာင္းသူဝယ္သူဆိုတာ အသံတူမွရမည္ဟု ခံယူထားမိေသာေၾကာင့္ျဖစ္သည္။
ထို႔ေၾကာင့္ သူမေလသံအတိုင္း ခပ္မာမာျပန္ေမးလိုက္ေတာ့ ထိုမိန္းကေလးဟာ ႏွာေခါင္းရႉံ႔သြားေလ၏။

"နင့္လိုမိန္းမပ်က္ကို ကိုကိုကဘာေတြမက္ေမာၿပီး ရည္းစားေတာ္ထားသလဲမသိဘူး"

"အင္း.. ငါလည္း သူ႔ကိုအဲ့လိုေမးခ်င္တယ္ နင့္ကိုဘာၾကၫ့္ႀကိဳက္သလဲလို႔"

"ဘာ!"

ခပ္စပ္စပ္ေလးျပန္ထိသြားသျဖင့္ ရဲခနဲျဖစ္သြားသၫ့္ထိုမ်က္ႏွာဟာ ေပါင္မုန႔္ေပၚကို Strawberryယိုေတြ ျဖန႔္ခင္းလိုက္သၫ့္ႏွယ္။
ေဘာပင္ကိုတစ္ခ်က္ခ်က္ႏိွပ္ရင္း ေျပာဦးေလဆိုသၫ့္ပံုစံျဖင့္ ေမးဆတ္ျပလိုက္သၫ့္အခါ သူမက ေက်ာ့ေက်ာ့ေမာ့ေမာ့ျဖင့္ လက္ပိုက္သြားၿပီး…

"နင္ ပိုက္ဆံလိုခ်င္လို႔ ကိုကို႔ကိုကပ္ေနတာမလား"

"အင္း"

"ဘယ္ေလာက္လဲ ငါေပးမယ္"

"နင္ဒီေလာက္က်ပ္မျပည့္မွန္း အခုမွသိတယ္ ငါကေငြပံုႀကီးေပၚထိုင္မိထားတာေလ နင္ေပးတဲ့မျဖစ္စေလာက္ေလးကိုယူၿပီး သူ႔အနားကထြက္သြားစရာလား"

"ဘာ!"

"ေမးၾကၫ့္လိုက္ပါဦး မင္းခစားဆိုတဲ့လူကေရာ မိုးေျမမရိွလို႔ျဖစ္ရဲ့လားလို႔.. ၿပီးေတာ့ ငါတို႔အတဲြရဲ့နာမည္ကိုက 'မိုးေျမခစား'တဲ့ေနာ္
ေနာက္ထပ္ ထပ္ေျပာရရင္ ငါက ခစားနဲ႔တဲြေနတာ ၂လေက်ာ္ၿပီ နင္ကဘယ္ႏွရက္လဲ"

"ေတာက္!"

"နင့္သက္တမ္း ၂လေက်ာ္လာရင္ေတာင္ နင္ငါ့ကိုမမွီႏိုင္ပါဘူး အခုေျပာၾကၫ့္စမ္းညီမေလး ဘယ္သူက မင္းခစားနဲ႔အရင္တဲြခဲ့တာလဲ"

"နင္!"

"တကယ္ဆို နင့္ကိုငါကရန္ေတြ့ရမွာမလား အလိုကြယ္!.. နင္ စႏိုက္ထားရင္လည္း တိတ္တိတ္ေလးေနေလ ပိုင္ရွင္ေရ႔ွလာၿပီးေသာင္းက်န္းေနရင္ နင္ပဲအေျပာခံရမွာေပါ့
အခုေရာမရွက္ဘူးလား"

ထိုမိန္းကေလးကို ဘာမွေျပာခြင့္မေပးဘဲ မိုးေျမကခ်ည္းဖိေျပာပစ္လိုက္ကာ ေဒါသျဖစ္ေနေသာထိုမ်က္ႏွာကို အရသာခံၿပီးၾကၫ့္ေနမိသည္အထိ။
ပိုက္ဆံမရိွ၊ Backgroundမရိွသလို ေငြရလ်ွင္ၿပီးေရာဆိုသၫ့္ စိတ္မ်ိဳးလည္း မိုးေျမမွာမရိွတာမို႔ အပ်က္မ,လို ဆက္ဆံခံရစရာအေၾကာင္းလည္းမရိွေခ်။
ကိုယ့္သိကၡာကိုထိပါးလာလ်ွင္ ျပန္ေျပာႏိုင္ဖို႔ စကားလံုးေတြသည္ ရင္ထဲမွာေရာ၊ ပါးစပ္ထဲမွာပါ ျပၫ့္သိပ္ေနခဲ့လ်ွက္…

ထိုအခ်ိန္ ခစားဝယ္ေပးထားေသာ ဖုန္းေလး ထျမည္လာ၍ ဖုန္းဆီအၾကၫ့္ေရာက္သြားေတာ့ အသက္ရွည္ဦးမၫ့္ ဟိုအလံနီေကာင္ျဖစ္သည္။
ဒါကိုျမင္လိုက္ေသာမိန္းကေလးက တစ္ခုခုေျပာဖို႔ျပင္ေနရာမွ အံႀကိတ္ပစ္လိုက္ေသာေၾကာင့္ မိုးေျမဖုန္းကိုင္လိုက္ကာ Speakerကိုပါ တမင္ဖြင့္ပစ္လိုက္သည္။

"ကို ဘာျဖစ္လို႔လဲ"

သူ႔ဘက္ကအသံမထြက္ခင္ အရင္ေျပာခ်ပစ္လိုက္၍ အကင္းပါးေသာခစားက မိုးေျမအသံကို နားစြင့္ေနပံုျဖင့္ ခ်က္ခ်င္းဘာမျွပန္မေျပာဘဲ ေခတၲေတာ့တိတ္ေန၏။
ၿပီးမွ ေခ်ာင္းဟန႔္သံႏွင့္အတူ ရယ္သံသဲ့သဲ့ျဖင့္…

"Baby ညေနကိုယ္နဲ႔အတူျပန္မယ္ေနာ္ Babyႀကိဳက္တဲ့ အေအးလည္းဝယ္ထားေပးမယ္"

"Omm"

"ဒီညက်ရင္ Pioneerသြားဖို႔ ကိုယ့္ေကာင္ေတြနဲ႔ခ်ိန္းထားတယ္ အိမ္ျပန္ေရာက္ရင္ Babyကို ေသခ်ာေလးျပင္ဆင္ထားေစခ်င္တယ္ ဒါမွကိုယ့္မိုးေျမေလး ဘယ္ေလာက္လွသလဲဂုဏ္ဆာလို႔ရမွာ"

"ဟုတ္ကဲ့ပါ"

"ဒါပဲေနာ္ Baby"

ေနြးေထြးခ်ိဳျမစြာ ႏႈတ္ဆက္သြားေပမယ့္ ဖုန္းခ်လိုက္လ်ွင္ေတာ့ ခစားတစ္ေယာက္ ဗိုက္ႏိွပ္ရယ္ေတာ့မွာမွန္း မိုးေျမသိသည္။
သူ ဖုန္းခ်သြားသၫ့္အခါ မိုးေျမသည္ ေအာင္ျမင္ေသာ ရုပ္ရွင္စတားတစ္ေယာက္ ေကာ္ေဇာနီေပၚမွာရပ္ၿပီး ႃပံုးေနသလို ႃပံုးျပလိုက္သည္။

"ဘာထပ္ၾကားခ်င္ေသးလို႔ ဒီနားမွာရပ္ေနတာလဲ လစ္ေတာ့ေလ"

မိုးေျမ၏ခပ္ေငါ့ေငါ့စကားေၾကာင့္ ထိုမိန္းကေလးက အံႀကိတ္ကာ လွၫ့္ထြက္သြား၍ ေဘာပင္ကိုတခ်ပ္ခ်ပ္ႏိွပ္ေနရင္း ေက်ေက်နပ္နပ္ႃပံုးလိုက္မိသည္။
လက္စားေခ်ရျခင္းရဲ့အရသာဟာ အလြန္ခ်ိဳၿမိန္လွပါ၏။

💌💌💌💌💌💌

"ကို ဟုတ္လား ျပန္ေခၚပါဦးအဲ့ဒီအသံနဲ႔"

သူ မ်က္ႏွာေျပာင္တိုက္ကာ လိုက္စ,ေနေသာေၾကာင့္ မိုးေျမက ၿဂိဳဟ္ၾကၫ့္ၿပီး လက္ထဲကေခါင္းေလ်ွာ္ရည္ဘူးနဲ႔လည္း ရြယ္ေနၿပီျဖစ္သည္။
ဖုန္းကိုင္ကတည္းက ထူးထူးဆန္းဆန္းအသံုးအႏႈန္းေတျြဖင့္ ခ်ိဳအီေနေသာထိုအသံဟာ သူ႔ရည္းစားတစ္ေယာက္ေယာက္ႏွင့္ စကားမ်ားေနပံုရသၫ့္အထာဟု သူသိေနခဲ့သည္။

"တကယ္တမ္း မင္း အဲ့ဒါငါ့ရည္းစားနဲ႔ စကားမ်ားေနတာမလား"

"ဟုတ္တယ္"

"မင္းေလသံကို ငါခဲြျခမ္းစိပ္ျဖာႏိုင္တယ္ေနာ္ Baby အလိုက္သင့္ေလးေမ်ွာခ်ေပးလိုက္တာ ေက်းဇူးမတင္ခ်င္ဘူးလား"

"ဖုန္ရႉလိုက္ေလ.. အဲ့ဒါကေရာ ဘယ္သူ႔ေၾကာင့္လဲ"

"ေအးပါ ငါ့ေၾကာင့္ပါ.. သိတယ္မလား ဥစၥာေပါရုပ္ေခ်ာတဲ့ ဝူတန္ဂိုဏ္းခ်ဳပ္ႀကီးဆိုေတာ့ ႏႈတ္ခမ္းနီမေလးေတြက ႂကြေၾကမွာပဲ"

"ပါလာျပန္ၿပီ ဒီဝူတန္ဂိုဏ္းက"

အျမင္ကတ္ကတ္ျဖင့္ မ်က္ေစာင္းထိုးပစ္ကာ မွန္ေရ႔ွမွာထိုင္ၿပီး ေခါင္းကိုေပါင္းထားသၫ့္သဘက္ကိုေျဖခ်လိုက္ေတာ့ ခစားက သူမဆံပင္ေတြကို အနီးကပ္ငံု႔ၾကၫ့္၏။
ဆံပင္အဖ်ားေတြက ေရစိုေနဆဲမို႔ အဖ်ားေတြကို သဘက္ေလးနဲ႔သုတ္ေနတုန္း မိုးေျမဆံပင္ေတြကိုဆဲြယူလိုက္သည္။

"ဝက္အေမႊးက်ေနတာပဲ"

"နင္ဆံပင္ကေရာ ဘယ္ေလာက္ေတာင္ႏူးညံ့ေနလို႔လဲ"

"နင္ေလာက္ေတာ့မၾကမ္းဘူး ေသခ်ာတယ္"

"ျပစမ္း"

အလြန္ခံျပင္းေနၿပီမို႔ သူ႔ဆံပင္ကိုလွမ္းဆဲြေတာ့ ခစားက မ်က္ႏွာကိုေမာ့ပစ္ကာ Dryerကိုလွမ္းယူၿပီး ေသနဝာ္လိုလုပ္ရင္း…

"FBI.. freeze" (FBIကပါ ရပ္စမ္း)

ဟု ေၾကာင္ေတာင္ေတာင္လုပ္လာျပန္သည္။
ဒီရက္ေတြထဲ သူ အိမ္မျပန္ေတာ့ဘဲ ဒီမွာပဲေနေနတာမို႔ အတူတူေနတာၾကာလာေလ ခစားရဲ့ အက်င့္ဆိုးတခ်ိဳ႕ကို သိလာေလျဖစ္သည္။
သူသည္ မိုးေျမကို ရုပ္တည္ႀကီးျဖင့္ လိုက္လံစ,ေနာက္ေနတတ္ေသာ လူဆိုးေကာင္ေလးမ်ွသာ…
ဒါကို ဘာေၾကာင့္မ်ား ရိုင္းစိုင္းရမ္းကားသူလို ျပဳမူေနရတာလဲ…

"မင္းအေအးမိေတာ့မယ္ေနာ္ မိုးေျမ မိတ္ကပ္လိမ္းစမ္းပါ ငါDryerမႈတ္ေပးမယ္"

"လုပ္တတ္လို႔လား"

"မာမီ့ကိုအရင္တုန္းက ငါ အၿမဲတမ္းလုပ္ေပးတယ္"

သူ႔မ်က္ႏွာျပန္တည္သြားေတာ့ မိုးေျမထပ္မေမးခ်င္ေတာ့ဘဲ မွန္ေရ႔ွမွာပဲျပန္ထိုင္ခ်လိုက္ေတာ့ သူက Dryerကိုဖြင့္ကာ ဆံပင္ေတြကို စိတ္ရွည္လက္ရွည္ေလမႈတ္ေပး၏။
မိတ္ကပ္လိမ္းရင္း သူ႔ကိုအကဲခတ္ေနမိေပမယ့္ ခစားရဲ့မ်က္ႏွာသည္ ထူးထူးျခားျခားေျပာင္းလဲျခင္းမရိွေတာ့ဘဲ တည္ၿငိမ္ေအးစက္သြားေတာ့သည္။
သူ႔ပံုစံဟာ ဘာကိုေတြးေနသလဲ၊ ေပ်ာ္ေနသလား၊ ဝမ္းနည္းေနသလားဟု ခဲြထုတ္၍မရေတာ့သည္အထိ ေလးနက္ေန၏။

"ဒီေန့ ဘာလို႔ Pioneerသြားၾကမွာလဲ Graveကေရာ"

"ဆိုင္ကမပိတ္ပါဘူး သူ႔ဘာသာဆက္လုပ္ေနၾကမွ မင္းကိုေတာ့ တစ္လနားရက္၂ရက္ေပးဖို႔ ေျပာထားတယ္ လစာမျဖတ္ဘူး"

"ၿပီးေရာ"

ေငြအေၾကာင္းၾကားလိုက္သည္ႏွင့္ ခစားဘာျဖစ္ေနသလဲစိတ္မဝင္စားေတာ့ဘဲ မိတ္ကပ္ကိုသာဆက္လိမ္းေနမိေတာ့ ခစားဟာ သူမကိုစိတ္အခ်ဥ္ေပါက္သြားပံုရသည္။
ဂြပ္ခနဲေနေအာင္ Dryerျဖင့္အေခါက္ခံလိုက္ရ၍ နာသြားသၫ့္ေနရာေလးကိုဖိပြတ္ရင္း သူမ ခစား၏ေျခေထာက္ကိုဖိနင္းပစ္လိုက္၏။

"နာတယ္ေနာ္ ေငြသရဲမ"

"နင္သာ မ်က္ႏွာမ်ားတဲ့ေကာင္"

"ငါကမ်ားတာမဟုတ္ဘူး သူတို႔ကလာကပ္လို႔"

"ကပ္မွာေပါ့ အီးပံု,မွန္ရင္ ယင္ေကာင္ေတြအံုေနတတ္တာပဲ"

"ဘာ!"

နားနားကပ္ေအာ္လိုက္၍ သူမ နားအူသြားေသာေၾကာင့္ မေက်မနပ္ျဖင့္ထိုင္ရာမွထကာ ခစားေခါင္းကိုေခါက္ပစ္လိုက္၏။
သူ အလြန္ေဒါသျဖစ္သြားၿပီး မိုးေျမကိုDryerႏွင့္ထပ္ေခါက္ဖို႔ လက္ရြယ္ေနခ်ိန္ တံခါးေခါက္သံႏွင့္အတူ တံခါးဝမွာ တိမ္တိုက္ကိုေတြ့လိုက္ရသည္။
တိမ္တိုက္ကလည္း သားသားနားနားဝတ္ထား၍ ခပ္မိမိခပ္မိုက္မိုက္ျဖစ္ေနကာ မိုးေျမတို႔ကို ႃပံုးစိစိျဖင့္ၾကၫ့္ေန၏။

"ဘာလဲ"

"ျမန္ျမန္လုပ္ ခ်စ္က်ီစယ္မေနနဲ႔ေတာ့"

"ငါတို႔ကဘာလုပ္ေနလို႔လဲ"

"Dryerမႈတ္ေပးေနတာကိုေျပာတာပါ"

"ေအးေနာ္.. ႃပံုးစိစိလာလုပ္မေနနဲ႔ သိပ္ၾကည္တာမဟုတ္ဘူး ေငြသရဲမ မင္းျမန္ျမန္ထြက္လာေတာ့"

ဆိုကာ Dryerကို မိုးေျမလက္ထဲထၫ့္ေပးၿပီး အခန္းထဲကထြက္သြားဖို႔ျပင္ေလ၏။
သို႔ေသာ္ သူခ်ည္းသာမသြားဘဲ တိမ္တိုက္ကိုပါအတင္းဆဲြေခၚသြားတာမို႔ မ်က္ေစာင္းေလးခ်ီလိုက္မိသည္။

လူေရ႔ွသူေရ႔ွမွာဆို သူဟာ မိုးေျမကို အရမ္းခ်စ္ျပတတ္ေသာ ေခတ္သစ္Romeoျဖစ္ေလသည္။

💌💌💌💌💌💌

တစ္ခါမွမေရာက္ဖူးေသာ Pioneerသည္ securityအျပၫ့္ႏွင့္ စည္းကမ္းႀကီးေသာ Barတစ္ခုျဖစ္သလို ေဈးႀကီးေသာBarတစ္ခုလည္းျဖစ္သည္။
မွတ္ပံုတင္ပါမွဝင္ခြင့္ရမွန္း Barအဝင္ဝေရာက္မွသိလိုက္ရေပမယ့္ ဘာေၾကာင့္လဲမသိဘဲ Securityေတြက ခစားကိုေခါင္းညိတ္ႏႈတ္ဆက္ေနၾက၏။

ခစားက ကားေပၚမွဆင္းကာ ထိုလူေတြကိုစကားသြားေျပာေနေတာ့ ကားအေနာက္ခန္းမွာ မိုးေျမတစ္ေယာက္တည္းက်န္ေနခဲ့သည္။
ကားေမာင္းေနသူက ကိုေနေသြးျဖစ္ၿပီး ေဘးခံုမွာ ကိုတိမ္တိုက္ရိွေနကာ ခစားကိုလွမ္းၾကၫ့္ရင္း ခပ္တိုးတိုးရယ္ေနၾက၏။

"ဒီBarကေရာ သူပိုင္တာလားဟင္"

"အပိုင္ေတာ့မဟုတ္ဘူး သူက ရွယ္ယာေတြပဲပိုင္ထားတယ္ 12%လားပဲ"

"သူကအရမ္းခ်မ္းသာတာလား ေတာ္ေတာ္မ်ားမ်ားကို ပိုင္တယ္ေနာ္"

အားက်သလိုေလးေျပာမိသၫ့္အခါ ေရ႔ွခန္းမွႏွစ္ေယာက္က အသံေတြထြက္သည္အထိရယ္ေနၾကၿပီး ကိုတိမ္တိုက္က မိုးေျမကိုငဲ့ၾကၫ့္သည္။

"သူတို႔မိသားစုကေတာ့ High bossပဲ ဒါေပမယ့္ ခစားက သူ႔မိသားစုမသိဘဲ ဒါေတြပိုင္ထားတာ ဟိုတေလာကႏိုင္သြားတဲ့ ကားၿပိဳင္ပဲြေၾကာင့္ေလ
Graveကေတာ့ Snookerမွာၿပိဳင္ထိုးၿပီးႏိုင္လာတာ"

"ကေလာ က Hotelတစ္ခုေရာပဲ"

"အဲ့ဒါဆို သူကမရႈံးဖူးဘူးလား"

"ရႈံးတာေပါ့ သူရႈံးတုန္းက ျပင္ဦးလြင္ကHotelႏွစ္လံုးကိုေရာင္းၿပီး ေလ်ာ္လိုက္ရတယ္ေလ Snookerမွာေတာ့ ဘယ္သူ႔ကိုမွမရႈံးေသးဘူး"

"မိုးေျမကိုရႈံးထားတယ္ေလ မင္းကလည္း"

"မဟုတ္ပါဘူး အဲ့ဒါက သူကတမင္အႏိုင္ေပးလိုက္လို႔"

မိုးေျမစကားေၾကာင့္ ထိုႏွစ္ေယာက္ဟာ ေနာက္ျပန္လွၫ့္ၾကၫ့္လာၾက၍ မိုးေျမၾကောင္အ,သြားမိသည္။
ၿပီးမွ အားတံု႔အားနာျဖစ္သြားဟန္ျဖင့္ မ်က္ႏွာျပန္လွၫ့္သြားၿပီး ကားကို Barေရ႔ွမ်က္ႏွာစာမွာ ရပ္လိုက္ေတာ့ သူမ ကားေပၚကဆင္းလိုက္သည္။
ထိုအခါ အနားေရာက္လာသၫ့္ခစားက သူမလက္ကိုလွမ္းဆဲြၿပီး ဧၫ့္ႀကိဳေကာင္ေလးကို ေမးဆတ္ကာ…

"ပါကင္ထိုးထားလိုက္"

ဆိုကာ Barထဲေလ်ွာက္ဝင္သြား၍ မိုးေျမ သူ႔အေနာက္က ကပ္လိုက္လာခဲ့သည္။
မိုးေျမကသာ တစ္ခါမွမေရာက္ဖူးေပမယ့္ သူတို႔အုပ္စုက လာေနက်ျဖစ္ပံုရၿပီး ဘယ္ကိုမွမၾကၫ့္ဘဲ ေရ႔ွကိုသာေလ်ွာက္ေနၾက၏။
ၾကားဖူးထားသၫ့္အတိုင္း Pioneerဟာ တကယ္ပင္ ခမ္းနားၿပီး ေပ်ာ္စရာေကာင္းေသာ ေနရာတစ္ခုျဖစ္သည္။

"ၾကာသြားၿပီလား Sorryကြာ ငါ့ရဲ့အျပင္းစားLadyက အလျွပင္ေနတာၾကာသြားလို႔"

"ရတယ္ ငါတို႔လည္းမၾကာေသးဘူး"

ႏႈတ္ဆက္စကားသံေတြႏွင့္အတူ ခစားက မိုးေျမကို ပခံုးေတြဖိႏိွပ္ၿပီးထိုင္ေစကာ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေတာ့ မီးေတြအားလံုးမိွတ္က်သြား၏။
ဘာလဲဆိုသၫ့္ အူေၾကာင္ေၾကာင္အေတြးျဖင့္ ပတ္ပတ္လည္ကိုေဝ့ၾကၫ့္မိေတာ့ ဖေယာင္းတိုင္မီးေရာင္ေတြကိုေတြ့လိုက္ရၿပီးေနာက္…

"Happy Birthday to you
Happy Birthday to you
Happy Birthday Dear Moe Myay
Happy Birthday to you"

ဟု Birthday songႏွင့္အတူ ကိတ္မုန႔္တစ္လံုးကို ကိုင္ကာ မိုးေျမအနားကိုေရာက္လာသၫ့္ သားသား…
ထို႔ေနာက္ တျဖည္းျဖည္းျပန္လင္းလာေသာ မီးေတြေၾကာင့္ မိုးေျမ အံ့အားသင့္ေနရာမွ ရင္ေတြတဖ်တ္ဖ်တ္ခုန္သြားၿပီး ထိုင္ရာမွထရပ္လိုက္မိသည္အထိ။
ကိုယ့္ေမြးေန့ကို ေမ့ေနမိတဲ့အထိ မိုးေျမဗ်ာမ်ားေနခဲ့တာမဟုတ္လား…

"Happy birthday မိုးေျမ"

သားသားမ်က္ႏွာေလးကို ႃပံုးရႊင္စြာၾကည့္မိရင္း ဖေယာင္းတိုင္မီးေတြကို တအားမႈတ္ပစ္လိုက္သၫ့္အခါ ေဖာင္းခနဲအသံႏွင့္အတူ မိုးေျမေခါင္းေပၚက်လာသၫ့္ အမႈန္ေလးေတြ။
ေဟးခနဲအသံေတြႏွင့္အတူ လက္ခုပ္သံေတြၾကားလိုက္ရသၫ့္အခါ မိုးေျမငိုခ်င္သြားခဲ့မိၿပီး သားသားပခံုးေလးကို တအားဖက္ထားလိုက္မိသည္အထိ။

"ဘာလို႔ငါ့ကိုလာဖက္ေနတာလဲ ဒါ ကိုႀကီးခစားလုပ္ေပးတာ"

ျငဴႁငူစူစူထြက္လာေသာ သားသားအသံေၾကာင့္ သူမ ရွက္ကိုးရွက္ကန္းျဖင့္ ျပန္လႊတ္ေပးလိုက္ၿပီး ခစားကိုေမာ့ၾကၫ့္လိုက္သည္။
မိုးေျမေပ်ာ္ေနသၫ့္အတြက္ ေက်နပ္ေနေသာ သူ႔ပံုစံဟာ တကယ္ပဲတည္ၿငိမ္ေလးနက္လြန္းေန၍ သူ႔ခါးကိုဖက္ကာ ရင္ခြင္ထဲတိုးဝင္လိုက္မိသည္။
အလိုက္သင့္ျပန္ေထြးေပြ့လာေသာ ခစား၏လက္ေတြေၾကာင့္ အမ်ားအျမင္မွာေတာ့ သိပ္ခ်စ္ၾကသၫ့္အတဲြဟု ထင္ေနၾကမွာေသခ်ာေပါက္…

"ေက်းဇူးတင္ပါတယ္ ခစား ငါတကယ္ေျပာတာ"

"ငိုသံႀကီးနဲ႔ကြာ"

"ငါမွ တစ္ခါမွေမြးေန့မလုပ္ဖူးတာ"

"အခုလုပ္ဖူးၿပီမလား ေတာ္ၿပီ.. မငိုနဲ႔ေတာ့.. မိုးသားစိတ္မေကာင္းျဖစ္ေနဦးမယ္ ေနာက္ႏွစ္ေတြ၊ ေနာက္ႏွစ္ေတြမွာလည္း ငါမင္းအတြက္ေမြးေန့ေတြလုပ္ေပးမယ္ အိုေခ"

"အိုေခ"

မႏူးညံ့ေပမယ့္ ေနြးေထြးေသာႏွစ္သိမ့္စကားေၾကာင့္ သူမ ေခါင္းေလးညိတ္ျပရင္း ခစားကိုျပန္လႊတ္ေပးလိုက္သၫ့္အခါ ေမြးေန့ကိတ္ေလးက စားပဲြေပၚေရာက္ေနၿပီျဖစ္သည္။
ဘယ္သူလဲေတာ့ ေသခ်ာမသိဘဲ ကိတ္ခဲြဖို႔ဓားးလွမ္းေပးေနသူဟာ ခစား၏သူငယ္ခ်င္းထဲကပဲ ျဖစ္ပံုရသည္။
ကိတ္မုန႔္ကိုခဲြကာ သားသားကိုအရင္ခြံ႔ဖို႔ျပင္ေတာ့ ခစားကလူလည္က်ၿပီး မိုးေျမလက္ကိုဆဲြယူကာ ကိတ္ပိုင္းေလးကို အရင္စားပစ္လိုက္ေလ၏။

"Sorry မိုးသားရာ မင္းအစ္မက ငါ့ကိုအခ်စ္ဆံုးပဲ"

"ဘာဗ်!"

"မင္းထက္ငါ့ကိုပိုခ်စ္တာ"

"ခင္ဗ်ားလူလည္က်တာ အဲ့ဒါ မိုးေျမက ကၽြန္ေတာ့္ကိုကၽြေးမလို႔"

"ဟုတ္လား ငါ့ပါးစပ္ထဲေရာက္သြားၿပီ"

"ခင္ဗ်ားလူညစ္"

စိတ္ေကာက္သြားသၫ့္မိုးသားက ကိတ္ေပၚက creamေတြကိုေကာ္ယူၿပီး ခစားမ်က္ႏွာကိုလွမ္းသုတ္ေတာ့ တစ္ဖဲြ႔လံုးေအာ္ရယ္ၾကေလသည္။
ထိုအခါ ခစားကလည္း မိုးသားကိုျပန္သုတ္တာမို႔ တဖဲြ႔လံုးသည္ သူ႔ထက္ငါဦးေအာင္ Creamေတျြဖင့္ တစ္ေယာက္ကိုတစ္ေယာက္ လိုက္သုတ္ၾကေတာ့၏။

"ဟဲ့.. ငါကေမြးေန့ရွင္ေနာ္"

"ေမြးေန့ရွင္က ပိုသုတ္သင့္တာ"

"အား! ေပကုန္ပီ"

ရုန္းရင္းခတ္သြားသၫ့္ တဖဲြ႔လံုးသည္ creamေပေနေသာ မ်က္ႏွာကိုယ္စီျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ၿပီး ရယ္ေနၾက၍ မိုးေျမ တကယ္ေပ်ာ္ေနမိသည္အထိ။
အထူးသျဖင့္ မိုးေျမ၏ေမြးေန့မွာ သားသားနဲ႔အတူရိွခြင့္ရသည့္အျဖစ္ေရာ၊
ဒီပဲြကိုဖန္တီးေပးသည့္အျဖစ္ေၾကာင့္ ခစားကို တကယ္ပဲေက်းဇူးတင္မိသည္။

သူဟာ တျခားသူေတြ၏အျမင္ေတြမွာ၊ အမွန္တရားေတြမွာ ဗီလိန္ျဖစ္ေနေစဦး..
မိုးေျမအတြက္ေတာ့ တစ္ဦးတည္းေသာ ဇာတ္လိုက္မင္းသားတစ္ေယာက္သာျဖစ္ပါ၏။

💌💌💌💌💌💌

Part 19 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

401K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
4.3K 110 7
သက်ကျော်၏ ဝတ္ထုတိုများ စုစည်းမှု #thetkyaw သက္ေက်ာ္၏ ဝတၳဳတိုမ်ား စုစည္းမႈ #thetkyaw
806K 66.7K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...