မိုးမြေခစား

By SummerMaung

570K 21.5K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

16

7.2K 312 11
By SummerMaung

💌 Part - 16 💌
---------------

"ခဏလောက်လိုက်ခဲ့လို့မရဘူးလား ချာတိတ်ရယ် ကိုယ်တကယ်လိုအပ်လို့ပါ"

"ဟင့်အင်း"

မိုးမြေခေါင်းလေးခါပြလိုက်ရင်း ကျောပိုးအိတ်ကိုပခုံးပေါ်ဆွဲတင်ကာ အောက်ထပ်ကိုဆင်းဖို့ပြင်ပေမယ့် ဦးဟန်က ဒီအတိုင်းမနေခဲ့ဘဲ ​နောက်ကလိုက်လာ၏။
ပတ်သက်မိတာက ထုံးစံအတိုင်းဖြစ်ကာ ပွဲတက်partnerအဖြစ်ဖြင့် မိုးမြေကိုပိုက်ဆံပေးခေါ်တတ်ပြီး ထိုပွဲတိုင်းမှာ မိုးမြေသည် သူနှင့်အတူသောက်ပေးရုံ၊ လက်ချင်းချိတ်ပြီးတွဲသွားရုံသာ..
အခုနောက်ပိုင်း ခစား၏ထိန်းချုပ်မှုကြောင့် ထိုအလုပ်ကို လက်မခံတော့တာကြာပြီဖြစ်သည်။

"ကိုယ်ဒီတစ်ခါပိုပေးမယ်လေ"

"မလိုတော့ဘူး ဦးဟန် ကျွန်မအဲ့ဒီအလုပ် မလုပ်တော့ဘူး"

"အဲ့လိုဆိုတိုင်း မင်းနှုတ်ထွက်သွားလို့မှမရသေးဘဲ ချာတိတ်ရယ် မင်းနဲ့ကိုယ် ပွဲတိုင်းအတူတက်နေကြလို့ အားလုံးက ကိုယ့်မိန်းကလေးလို့တောင်ထင်နေကြတာ ဒီတစ်ပွဲက နည်းနည်းအရေးကြီးလို့ပါ ကိုယ့်အဖေက ဥက္ကဌရာထူးကိုလွှဲပေးတော့မှာ ဒီပွဲမှာမင်းမပါလို့မဖြစ်ဘူး"

"ဘာဆိုင်လို့လဲ အဲ့ဒီရာထူးကို မိုးမြေကလက်ခံမှာမှမဟုတ်တာ"

"မင်းက ကိုယ့်မိန်းကလေးလေ ပွဲတက်တိုင်းမင်းပဲကိုယ့်ဘေးမှာရှိခဲ့တာ"

မိုးမြေစိတ်ညစ်သွားမိသလို ဦးဟန်ရဲ့စကားအဓိပ္ပါယ်ကိုလည်း နားလည်နေသောကြောင့် ခြေစုံရပ်လိုက်ပြီး ဦးဟန်ကိုသေချာကြည့်လိုက်သည်။
ဦးဟန်က ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်ကာ  အချိန်ကြာကြာ မုဆိုးဖိုဖြစ်ခဲ့သူဖြစ်ပြီး မိုးမြေနှင့်တွေ့မှ ပွဲတက်partnerအဖြစ်တွဲရင်း လက်ထပ်ခွင့်တောင်းထားခဲ့သူ…

"ချာတိတ်"

"ကျွန်မ မလုပ်တော့ဘူး ဦးဟန် ကျွန်မကောင်လေးက.."

"မင်း သူနဲ့တွဲနေတာအကြွေးတွေကြောင့်ဆို.. ဘယ်လောက်လဲ ကိုယ်ထုတ်ပေးမယ်"

"ကျွန်မအဲ့လိုမိန်းကလေးမဟုတ်ဘူး ဦးဟန်ဆီက ဘာအကူအညီမှလည်းမလိုချင်ဘူး မိုးမြေ ဒီမှာလစာကောင်းတယ် ကိုယ့်လစာနဲ့ပဲဆပ်မယ်"

"ဒါပေမယ့်.."

"ပြန်ပါတော့ ဦးဟန်"

စကားကုန်ပြောပြီး လှည့်ထွက်လာသည့်အခါ မျက်နှာချင်းဆိုင်တွေ့လိုက်သူက ခစားဖြစ်ပြီး သူက အေးတိအေးစက်မျက်နှာဖြင့် မိုးမြေကိုစိုက်ကြည့်နေသည်။
ခစားဘေးမှာတော့ ကြွေရုပ်ကလေးလို မှုန်ညက်နေအောင်ချစ်စရာကောင်းသည့် မျက်နှာလှလှလေးတစ်ခု…

"ကိုကို သွားမယ်လေ"

"အင်း"

သူက ထိုမိန်းကလေးလက်ကိုဆွဲကာ မိုးမြေအနားက ဖြတ်လျှောက်သွားတော့ သူမနှုတ်ခမ်းကိုဖိကိုက်ထားရင်း ပြေးမထုမိအောင် စိတ်ကိုအတော်လေးထိန်းထားလိုက်ရသည်။
မိုးမြေကိုတော့ အမျိုးစုံချုပ်ချယ်ကာ သူကတော့ နေချင်သလိုနေ၊ လုပ်ချင်တာလုပ်…

"တကယ်ကျက်သတုံး"

စိတ်ထဲမှကျိန်ဆဲပစ်လိုက်ရင်း ရှေ့ဆက်ဖို့ပြင်တော့ ဦးဟန်က လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်၍ ခြေလှမ်းတွေတုံ့သွားရပြန်သည်။
ဦးဟန်က ကတ္တီပါဘူးလေးကိုဖွင့်ကာ မိုးမြေရှေ့သို့ တိုးပေးပြီး…

"ကိုယ် မင်းကိုလက်ထပ်ချင်တယ် ချာတိတ်"

ဒီအချိန်မှလား…
မိုးမြေနှုတ်ခမ်းလေးပွင့်ဟသွားသလို ခြေသံတွေလည်းရပ်တံ့သွား၍ ခစားကိုပြန်လှည့်ကြည့်မိသည်။
ခစားကတော့ ဟိုမိန်းကလေးကိုလက်ကိုင်ထားပါလျက် မိုးမြေကို လည်ပြန်ကြည့်နေသောမျက်လုံးတွေက စူးစူးရဲရဲ။

"ခေါင်းညိတ်ဖို့ မင်းအတွက် ခက်ခဲနေမယ်ဆိုတာကိုသိပါတယ် ဒါပေမယ့် ဒါကိုလက်ခံထားပေးပါ မင်းလက်ခံနိုင်တဲ့အချိန်မှ.."

"မဟုတ်သေးဘူး မိုးမြေက.."

"ခင်ဗျားပြန်ယူသွားလိုက်"

နေရာမှမရွှေ့သေးဘဲ လှမ်းအော်သည့်ခစားကြောင့် သူ့ဘေးနားကကောင်မလေးရော၊ မိုးမြေပါ လန့်ဖျပ်သွားသလို ဦးဟန်ရဲ့အကြည့်တွေသည်လည်း ခစားဆီရောက်သွား၏။
မခံချင်စိတ်တွေသည် ကောက်ရိုးမီးလို ဟုန်းခနဲထတောက်လာပေမယ့် အရွဲ့တိုက်ချင်စိတ်ဖြင့် ဦးဟန်၏လက်ထပ်ခွင့်ကိုတော့ သူမ လက်မခံချင်…

"ဘာလို့လဲ ကောင်လေး.. မင်းဘေးကမိန်းကလေးကိုလည်းအားနာပါဦး"

"အားနာရမယ့်လူလား မနာရမယ့်လူလား ကျွန်တော်ခွဲခြားတတ်တယ် အဲ့ဒီလက်စွပ်ကိုပြန်ယူသွားလိုက်"

"မင်းနဲ့ဆိုင်လို့လား"

"ခင်ဗျားရှေ့ရပ်နေတဲ့ အဲ့ဒီမိန်းမက ကျွန်တော့်ကောင်မလေး.. သူ့မှာ ကျွန်တော်တစ်ယောက်လုံးရှိသေးတယ်"

"မင်းဘေးမှာလည်း တစ်ယောက်ရှိသေးတာ မင်းမေ့သွားတာလား"

ထိုအခါ ခစားက မဲ့ပြုံးတစ်ချက်ဖြင့် ကောင်မလေး၏လက်ကိုလွှတ်ချကာ ကောင်မလေးကိုခပ်စူးစူးငုံ့ကြည့်ပြီး…

"သွားတော့"

"ကိုကို"

"မင်းခြေလှမ်းမရွှေ့နိုင်ရင် ငါကန်ထုတ်ပေးမယ် သွားတော့"

ဆိုကာ မိုးမြေရှိရာဆီသို့ တည့်တည့်မတ်မတ်လျှောက်လာသည်။
နောက်ကိုလည်းလှည့်မကြည့်သလို မိုးမြေကိုပဲစူးစိုက်ကြည့်ရင်း ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ အေးအေးလူလူဖြစ်နေသော သူ့ရဲ့သွေးအေးမှုကို မိုးမြေတကယ်ပဲဩချမိပါ၏။
သူက မိုးမြေအနားထိလျှောက်လာပြီး ခါးကိုဆွဲဖက်လိုက်၍ သူ့ရင်ခွင်ထဲရောက်သွားကာ စီးကရက်နံ့ရောသော ရေမွှေးနံ့ခပ်သင်းသင်းကို အနီးကပ်ရလိုက်သည်။

"မိုးမြေက ကျွန်တော့်အပိုင်"

"မင်း တော်တော်ရိုင်းစိုင်းတာပဲ"

"ဟုတ်တယ် ဘာဖြစ်လဲ ခင်ဗျားကိုလူကြီးမို့ ဆွဲမထိုးရဲဘူးထင်နေတာလား"

"ဘာ!"

"ဘယ်သူ့ကိုကန်တော့ရမယ် ဘယ်သူ့ကိုလက်ခလယ်ထောင်ပြရမယ် ကျွန်တော်နားလည်ထားပြီးသား ဒါကြောင့်မို့ ကျွန်တော့်ကောင်မလေးကို ကြာကူလီလုပ်မနေဘဲ လာရာလမ်းအတိုင်းပြန်လစ်လိုက်တော့"

ပြောချလိုက်သည့်စကားက မိုက်ရိုင်းသလို ခစားသည် ဦးဟန်လှည့်မပြန်လျှင် တကယ်ဆွဲထိုးတော့မည့်သဘောရှိသည်။
ထို့ကြောင့် သူမ ဦးဟန်ကိုခေါင်းခါပြလိုက်သည့်အခါ ဦးဟန်က လက်စွပ်ဘူးကိုပြန်သိမ်းပြီး ခစားကိုမကျေမနပ်ကြည့်ရင်း နောက်ဆုတ်သွား၏။
ပြီးမှ မိုးမြေဆီ အကြည့်တစ်ချက်ရောက်ကာ ပြန်လှည့်ထွက်သွား၍ ခစားက မဲ့ရွဲ့ပြီးနှာခေါင်းရှုံ့ပြီး မိုးမြေကိုပြန်လွှတ်ပေးသည်။

"ဘဲရီး တကယ်ဆွဲထိုးဖို့ကောင်းတယ် ကိုယ့်ဘာသာအခြေအနေတူတာကိုမရွေးဘူး ငယ်ငယ်ချောချောလေးကိုမှ ကြံနေတာ"

"နင့်ထက်တော့ အများကြီးသာတယ်လို့ထင်တယ်"

"ငါ့စန်းနဲ့ငါပါ အဲ့လိုလူကြီးနဲ့ လိုက်ယှဥ်ချင်မနေစမ်းပါနဲ့"

"ကိုကို"

ထွက်မသွားသေးသောကောင်မလေးက သူ့အနားရောက်လာကာ သူ့ခါးကိုသိမ်းဖက်ပစ်လိုက်၍ ခစားမျက်နှာကြီးရှုံ့မဲ့သွားသည်။
မိုးမြေကတော့ အေးတိ​အေးစက်ကလေး လက်ပိုက်ပြီးရပ်ကြည့်နေရင်း သူ ဘာဆက်လုပ်မလဲသိချင်သွားမိသည်။
ခစားသည် သူ့ရည်းစားတွေတိုင်းကို မောင်းထုတ်ချင်သည့်လူမို့ ဒီကောင်မလေးကို ဆွဲထုတ်ပစ်ဖို့ထက် သူ့အနားကပ်နေဖို့ကိုသာ မိုးမြေအလိုရှိ၍ သူ အချက်ပြ​နေသည့်တိုင် ရပ်ကြည့်နေလိုက်သည်။
ဒင်းနည်းနည်းလေးစိတ်ညစ်ရလည်း ကောင်းတာပဲမဟုတ်လား…

"ကိုကို ဘယ်သူနဲ့ပဲတွဲတွဲ ချစ်လက်ခံတယ် ချစ်တို့လမ်းမခွဲဘူးနော်"

"ရူးနေတာလား"

"ဟုတ်တယ် ရူးနေတာ ကိုကို့အနားပဲနေချင်တယ်"

"အဟွန်း.."

မိုးမြေအသံထွက်အောင်ရယ်ကာ သူတို့နှစ်ယောက်အနားက လှည့်ထွက်လာခဲ့၍ ဘာတွေဆက်ဖြစ်နေမလဲမသိတော့…
အသည်းပေါင်းစုံကို လွယ်လွယ်လေးခွဲတတ်သည့်အပြင် မိုက်ရိုင်းရမ်းကားသောခစားသည် တကယ်ပဲအနီကဒ်ပြထားသင့်သည့် အန္တရာယ်ကောင်အစစ်ဖြစ်၏။

💌💌💌💌💌💌

"အဆင်ပြေရဲ့လား သမီး"

မိုးမြေက ရွှင်လန်းသောအပြုံးတစ်ချက်ဖြင့် ခေါင်းလေးဆတ်ခနဲညိတ်ပြပြီး ကျောပိုးအိတ်ထဲပါလာသည့် ဆီစိမ်စက္ကူအိတ်ကိုဆွဲထုတ်သည်။
ဖောင်းအစ်နေသော ထိုစက္ကူအိတ်ဟာ ဘယ်လောက်ပါသလဲမသိသလို ဖေဖေမျက်နှာပျက်သွားသည်ကိုတော့ သူ သတိထားမိသည်။

သို့သော် သူက ကိုကြီးခစားကိုယုံကြည်နေသူမို့ ကိုယ့်အစ်မကို ဖေဖေလောက်အထိစိတ်မပူတာကိုတော့ ဝန်ခံရမည်ဖြစ်သည်။
မိုးမြေက စက္ကူအိတ်ကိုဖွင့်ကာ ဆွဲထုတ်လိုက်တော့ တစ်သောင်းတန်တွေ အထပ်လိုက်ထွက်လာပြီး မိုးမြေက စိတ်အေးလက်အေးရေတွက်နေ၏။
စုစုပေါင်း ၄၇ရွက်တိတိ…

"ဖေဖေ သုံးဖို့"

"သမီးကရော"

"သမီးက အပြင်မှာအလုပ်တစ်ခုရှိသေးတယ် Mini martလေးတစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်နေတာ ၂သိန်းလောက်တော့ရတယ်"

"အကြွေးဆပ်ဖို့ကရော"

"Graveက ထင်ထားတာထက် ဝင်ငွေကောင်းတယ် ဖေဖေ တကယ်တမ်း သမီးရတဲ့ငွေက ၁၀နီးပါးရှိတယ် သူက သမီးနဲ့ Customer ကစားတဲ့ပွဲစဥ်တိုင်းအတွက် သီးသန့်ပေးတာ
လစာကို ဖေဖေ့ကိုအပ်ပြီး bonusကိုတော့ အကြွေးဆပ်လိုက်တာ"

"Aww"

ထိုအခါမှ ဖေဖေက စိတ်သက်သာရာရသွားပြီး မိုးမြေပေးသောပိုက်ဆံတွေကို လှမ်းယူသောအခါ သူက မိုးမြေပေါင်ပေါ် ခေါင်းတင်အိပ်ပစ်လိုက်သည်။
မိုးမြေက သူ့ဆံပင်တွေကိုဖွကာ ငုံ့ကြည့်လာတော့ မနက်ကမှ ဝယ်လာသည့်ပိုက်ဆံအိတ်ကလေးကို သူမလက်ထဲထည့်ပေးလိုက်သည်။
ကျောပိုးအိတ်ထက် ဒီအိတ်ကလေးက သူမကို ပိုပြီးမိန်းမဆန်ဆန်လှနေစေမှာအသေအချာ…

"ဘာလဲ"

"ငါလည်း ငါလုပ်နိုင်တာလေးနဲ့ နင့်ကိုတစ်ခုခုဝယ်ပေးချင်လို့"

"ဘာလား ထူးထူးဆန်းဆန်း"

"ဈေးထဲကကွမ်းဆိုင်ကနေ အိမ်မှာ အလုပ်ယူလုပ်နေတာလေ ကွမ်းသီးတွေ အခွံခွာပေးရ၊ စိပ်ပေးရတာ ကွမ်းသီးတစ်အိတ်လုံးဆို ၃သောင်းခွဲရတယ်"

"တစ်အိတ်လုံး"

"အင်း"

"နင်တစ်ယောက်တည်းလုပ်တာလား"

"ဖေဖေလည်းလုပ်ပါတယ် ငါက နင့်အတွက်အိတ်လေးဝယ်ပေးချင်လို့"

မိုးမြေက စိတ်မကောင်းဖြစ်သွားသလို မျက်နှာပျက်သွားပြီး သူ့လက်တွေကိုလည်းဆွဲယူကြည့်ကာ အသားမာတက်နေသည့်နေရာတွေကို ဖွဖွလေးထိတို့ကြည့်သည်။
သို့သော် သူက အထိမခံဘဲ ရုန်းထွက်ပစ်လိုက်၍ မိုးမြေက ခေါင်းကိုခေါက်ပစ်တာ ဂွပ်ခနဲ…

"နောက်တစ်ခါမလုပ်ရဘူး နေကောင်းတာလည်းမဟုတ်ဘဲနဲ့"

"ကောင်းပါတယ် ငါက ဒီ့ထက်ပိုပြီးလုပ်ပေးချင်တာ ယောကျာ်းလေးဖြစ်နေပြီး.."

"ယောကျာ်းလေးဖြစ်နေတိုင်း အလုပ်လုပ်စရာမလိုဘူးလေ အထူးသဖြင့် နင်ကနေမကောင်းတဲ့သူ ငါကကျန်းကျန်းမာမာကြီး
ငါက နင့်ကို ဒီ့ထက်တောင်ပြည့်ပြည့်စုံစုံထားပေးရဦးမှာ အခုလိုမျိုးတောင် သိပ်ကျေနပ်တာမဟုတ်ဘူး"

"အခုအခြေအနေကလည်း ပြည့်စုံတာထက်ကို ပိုပါတယ် နင်က ငါ့အတွက် ဒုတိယအမေပဲ"

"ခွေးစုတ်လေး"

ရယ်သံလေးဖြင့် မိုးမြေက သူလက်ဆောင်ပေးသော ပိုက်ဆံအိတ်ကလေးကိုထုတ်ယူကြည့်ကာ သဘော​တကျလွယ်ကြည့်နေသောကြောင့် လက်တွေပေါက်ပြဲရကျိုးလည်း နပ်ပါသည်။
ဒီမိသားစုမှာ မိုးသားဟာ ဦးစီးဦးဆောင်ဖြစ်ခွင့်မရပေမယ့် မိုးမြေကို တရွတ်ဆွဲစေမည့်ဝန်ထုတ်ဝန်ပိုးလည်းမဖြစ်ချင်။
တစ်ချိန်လုံး လူမမာဖြစ်နေရသည်က ဘုရားပေးသည့်ကံဆိုးခြင်းဆိုလျှင် မိုးမြေကို အစ်မအဖြစ်ရထားခြင်းသည် ဘုရားပေးသောကံကောင်းခြင်းတစ်ခုသာ ဖြစ်ပါ၏။

💌💌💌💌💌💌

ဒီနေ့က လစာထုတ်ရက်မို့ Graveကိုပိတ်ထားသောကြောင့် မိုးမြေ အိမ်ကအပြန်မှာ Mini martကိုပဲတန်းဝင်လိုက်သည်။
ညဆိုင်းမှာ ဝန်ထမ်းနှစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးတစ်ယောက်ပါကာ ဒီနေ့တော့ ထိုကောင်လေးက ဖျားနေသောကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးနေ၏။
သူ့ကိုကြည့်ရင်း မိုးသားကိုပြေးမြင်လိုက်၍ စိတ်ထဲသနားသွားမိကာ အိတ်ထဲကဆေးတစ်လုံးကိုထုတ်ပြီး ထိုကောင်လေးကိုလှမ်းပေးလိုက်သည်။

"ရတယ် အစ်မ"

"ခဏသွားနားလိုက်ပါ ညပိုင်းက ဈေးဝယ်မလာဘူးလေ သန့်ရှင်းရေးလုပ်ရုံပဲ ငါ့ဘာသာပဲလုပ်လိုက်မယ် သွားနားလိုက်"

"မဟုတ်တာ အစ်မပင်ပန်းမှာပေါ့"

"မပန်းပါဘူး သွား.. ဆေးသောက်ပြီး ခဏအိပ်လိုက်"

ဆိုင်အနောက်ဘက်က  စတိုခန်းလေးမှာ ဝန်ထမ်းတွေခဏနားဖို့ နေရာလွတ်ကလေးရှိကာ မိုးမြေတို့ကတော့ ဂျပ်ဖာလေးခင်းကာ ကျောဆန့်လေ့ရှိသည်။
ခပ်ကျဥ်းကျဥ်းနေရာလေးဟာ လူတစ်ကိုယ်စာတော့ လှဲအိပ်လို့ရသည်လေ…
ကောင်လေးက မိုးမြေတိုက်တွန်းလိုက်သည်နှင့် ဟန်မဆောင်နိုင်စွာဖြင့် အနောက်ခန်းကိုဝင်ပြေးသွား၍ သူမ တစ်ချက်ပြုံးလိုက်မိသည်။

ညပိုင်းသည် ပစ္စည်းတွေအပြည့်ဖြည့်ရုံနှင့် သန့်ရှင်းရေးသာအဓိကမို့ လုပ်စရာများများစားစားတော့သိပ်မရှိ။
သန့်ရှင်းရေးလုပ်ပြီးချိန် Freezerကိုကြည့်မိတော့ အချိုရည်ဘူးတွေလျော့နေပြီမို့ စတိုခန်းမှ အချိုရည်ဘူးတွေသယ်ကာ Freezerအနောက်ခန်းကိုဖွင့်လိုက်၏။

မိုးမြေတို့ဆိုင်၏ Freezerက ပုံစံတစ်မျိုးဖြစ်ပြီး ပစ္စည်းထည့်လျှင် Freezerကျောဘက်မှသာထည့်ရသည်။
ထိုအနောက်ခန်းသည် အမြဲလိုလိုအေးစက်နေတတ်၍ အချိုရည်ဘူးတွေကို အမြန်ဖြည့်နေစဥ် ဘီယာဘူးတွေဆွဲယူသံကြားလိုက်ရသည်။
Customerဟု သိလိုက်ကာ အနောက်ခန်းမှထွက်ပြီး ဆိုင်ထဲကိုအမြန်သွားလိုက်တော့ Cashierခုံရှေ့မှာရပ်ရင်း မိုးမြေကိုလှည့်ကြည့်နေသော…

"ခစား"

"ဘီယာ၅ဘူး"

"နင်ဘာလာလုပ်တာလဲ"

"ဘီယာသောက်ချင်လို့လာဝယ်တာ"

"ခါတိုင်း ဒီဆိုင်ကိုမလာပါဘူး"

"အရစ်ရှည်လိုက်တာ ရောင်းမှာလား မရောင်းဘူးလား"

"၁၁နာရီနောက်ပိုင်း အရက်ဘီယာမရောင်းရဘူး"

"၁၁နာရီထိုးဖို့ ၂မိနစ်လိုသေးတယ် မင်းပါးစပ်ပိတ်ပြီး အခုရောင်းရင် မှီသေးတယ် လာရောင်းစမ်းပါ"

ကြည့်ပါလား၊ သူစကားပြောရင်ကို တစ်စက်ကလေးမှ အချိုးမပြေတာ…
မျက်စောင်းထိုးပစ်ပြီး ဘီယာဘူးတွေကို Scanဖတ်ပေးကာ အိတ်အနက်လေးထဲ ထည့်ပေးနေတုန်း ခစားအကြည့်တွေက တစ်ဆိုင်လုံးကိုဝေ့သွား၏။
ဘာတွေကဲ့ရဲ့နေဦးမလဲမသိ၍ စကားအပိုမပြောချင်…

"မင်းတစ်ယောက်တည်းလား"

"အင်း.. ၈၆၀၀ပါ"

"ငါ မင်းအတွက်ဖုန်းဝယ်ပေးထားတယ် ဒါပဲသုံးစမ်းပါ"

ဆိုကာ တစ်သောင်းတန်တစ်ရွက်နှင့်အတူ ဖုန်းဘူးလေးတစ်ဘူးကိုပါ ချပေးလာ၏။
ဖုန်းကတော့ IPhoneဖြစ်ပြီး ဒါကိုပေးဖို့အတွက် မိုးမြေဖုန်းကို ဒင်းဖျက်ဆီးပစ်ခဲ့တာဟု သဘောပေါက်သွားချိန် ခစားက ပြန်အမ်းငွေမယူဘဲ ဆိုင်အပြင်ရောက်သွားပြီဖြစ်သည်။

အိမ်ပြန်ရောက်မှပေးတော့မည့်စိတ်ကူးဖြင့် သူ့ကိုလည်းအရေးမလုပ်တော့ဘဲ အအေးဘူးတွေကိုလည်း ဆက်ထည့်ရဦးမှာမို့ Freezerဘက်ပြန်လျှောက်လာခဲ့သည်။
အအေးဘူးတွေ ဆက်ထည့်နေချိန်မှာ ဖျတ်ခနဲတစ်ဆိုင်လုံးမှောင်ကျသွား၍ စိတ်ပျက်သွားမိကာ ဆိုင်ထဲကိုပြန်ဝင်လာခဲ့သည်။

"မီးစက်ကဆီရောရှိရဲ့လားဟယ်"

အံဆွဲထဲကသော့ကိုယူပြီး ဆိုင်အရှေ့မှာမီးစက်ဆီ လျှောက်လာခဲ့တော့ ထိုမီးစက်နား ပလက်ဖောင်းမှာ တစ်စုံတစ်ယောက်ရှိနေ၏။
ဘယ်သူလဲဟု သိချင်၍ ဓာတ်မီးနှင့်ထိုးကြည့်တော့မှ ခစားသည် ပလက်ဖောင်းပေါ်ထိုင်နေကာ ဘီယာတစ်ဘူးကိုလည်းလက်ကကိုင်ထားလေသည်။

"နင်ပြန်သွားပြီမဟုတ်ဘူးလား"

"မင်းတစ်ယောက်တည်းမို့လို့လေ"

မာရေကျောရေဖြင့် ပြန်ဖြေသောစကားကြောင့် အမြင်ကတ်သွားမိပေမယ့် စိတ်ထဲနွေးထွေးလုံခြုံသွားခဲ့တာတော့ အမှန်ဖြစ်သည်။
ဤအလံနီကောင် အယုတ်တမာသတ္တဝါဆီမှာ ဒီလိုစိတ်ကလေးရှိနေသည်ကိုလည်း သဘောကျမိသလို တိတ်တိတ်ကလေးခိုးပြုံးမိ၏။
ခစားဟာ အနေအထိုင်၊ အပြောအဆို ရိုင်းစိုင်းပေမယ့် မိုးမြေအတွက်တော့ ရဲတိုက်ကြီးတစ်ခုလို လုံခြုံနွေးထွေးမှုအပြည့်ရှိနေသည်။

"ဆိုင်ကလည်း စုတ်ပြတ်နေတာပဲ"

"နင်နော်"

"မီးစက်နှိုးပေမယ့်သူတောင်မရှိတာ ငါပြောတာ မဟုတ်လို့လား"

"Graveလို ငွေသိန်းချီဝင်နေတဲ့ဆိုင်မှမဟုတ်တာ ဒီလောက်ပဲရှိမှာပေါ့"

"အေးပေါ့ ဒီလိုစုတ်ပြတ်နေတာတောင် မင်းကအလုပ်လုပ်နေတာ တကယ်ငွေခင်မ,ပဲ"

"ခစား"

"သွား.. ကိုယ့်အလုပ်ကိုယ်လုပ် ငါ့အနားပဲကပ်ချင်မနေနဲ့"

တမင်အနိုင်ပိုင်းကာ နှင်ထုတ်ပစ်လိုက်တော့ သူမကမဲ့ရွဲ့ကာ ဆိုင်လေးထဲပြန်ဝင်သွား၍ သူ စိတ်ပျက်လက်ပျက်ခေါင်းခါမိသည်။
ဆိုင်ထဲမှာ အလုပ်ရှုပ်နေသော မိုးမြေကို တစ်ချက်လှမ်းကြည့်ရင်း ဘီယာကိုတစ်ကျိုက်မော့သောက်လိုက်တော့ ခါးသက်သည့်အရသာက လည်ချောင်းထဲစီးဝင်လာ၏။
ငွေသရဲမ,ဟာ ငွေရဖို့ဘာမဆိုလုပ်မည့်ပုံဖြစ်ပေမယ့် အငှားရည်းစားအလုပ်ကိုတော့ နောက်ထပ် မလုပ်တော့ဟု ပြန်သိရသည်။

"အစ်ကိုခစား အစ်မက လမ်းထိပ်က Mini martမှာပဲ အမြဲဆင်းတယ် အဲ့ဒါကြောင့်ကျွန်တော်စောင့်ကြည့်နေတာ သူက အဲ့ဒီမှာညဆိုင်းဆင်းတာဗျ"

ဟု ပြန်လည်သတင်းပို့လာသည့် ဒရိုင်ဘာကောင်လေးကြောင့် ထိုညက သူ ဒေါသဖြစ်သွားခဲ့သည်။
ဒီလောက်ထိငွေမက်ရသလားဟု ဂရုဏာဒေါသတွေဖြင့် ပြဿနာရှာမိတော့ မချေမငံပြန်ပြောလာသည့် ဒင်းကို တမင်လည်ပင်းညှစ်ပစ်ခဲ့ခြင်းဖြစ်သည်။

ကိုယ့်အကြံအစည်တစ်ခုကြောင့် ကိုယ့်ဆီရောက်လာရသည့်သူမကို အစပိုင်းမှာအမြင်ကတ်ခဲ့မိသည်။
သူမဘဝ၊ သူမအကြောင်းကိုသိလိုက်ရတော့မှ ကူညီဖို့၊ စောင့်ရှောက်ဖို့ဆိုတာ အလိုလိုစိတ်ကူးခဲ့ပြီးပြီမို့ မိုးမြေ ချေမိုးနေချိန်တိုင်း ဖနောင့်နှင့်ပေါက်သဝာ်ချင်မိသည်အထိ။

အခုလည်း တစ်လကို ၁၀သိန်းနီးပါးပေးထားပါလျက် ဒီလိုဆိုင်စုတ်မှာအလုပ်လုပ်နေသတဲ့…
တကယ်ဆို ပိုက်ဆံလိုရင် ငါ့ကိုပြောပါ့လား ငွေခင်မ,ရဲ့…

💌💌💌💌💌💌

Part 17 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

   
💌 Part - 16 💌
---------------

"ခဏေလာက္လိုက္ခဲ့လို႔မရဘူးလား ခ်ာတိတ္ရယ္ ကိုယ္တကယ္လိုအပ္လို႔ပါ"

"ဟင့္အင္း"

မိုးေျမေခါင္းေလးခါျပလိုက္ရင္း ေက်ာပိုးအိတ္ကိုပခံုးေပၚဆဲြတင္ကာ ေအာက္ထပ္ကိုဆင္းဖို႔ျပင္ေပမယ့္ ဦးဟန္က ဒီအတိုင္းမေနခဲ့ဘဲ ​ေနာက္ကလိုက္လာ၏။
ပတ္သက္မိတာက ထံုးစံအတိုင္းျဖစ္ကာ ပဲြတက္partnerအျဖစ္ျဖင့္ မိုးေျမကိုပိုက္ဆံေပးေခၚတတ္ၿပီး ထိုပဲြတိုင္းမွာ မိုးေျမသည္ သူႏွင့္အတူေသာက္ေပးရံု၊ လက္ခ်င္းခ်ိတ္ၿပီးတဲြသြားရံုသာ..
အခုေနာက္ပိုင္း ခစား၏ထိန္းခ်ဳပ္မႈေၾကာင့္ ထိုအလုပ္ကို လက္မခံေတာ့တာၾကာၿပီျဖစ္သည္။

"ကိုယ္ဒီတစ္ခါပိုေပးမယ္ေလ"

"မလိုေတာ့ဘူး ဦးဟန္ ကၽြန္မအဲ့ဒီအလုပ္ မလုပ္ေတာ့ဘူး"

"အဲ့လိုဆိုတိုင္း မင္းႏႈတ္ထြက္သြားလို႔မွမရေသးဘဲ ခ်ာတိတ္ရယ္ မင္းနဲ႔ကိုယ္ ပဲြတိုင္းအတူတက္ေနၾကလို႔ အားလံုးက ကိုယ့္မိန္းကေလးလို႔ေတာင္ထင္ေနၾကတာ ဒီတစ္ပဲြက နည္းနည္းအေရးႀကီးလို႔ပါ ကိုယ့္အေဖက ဥကၠဌရာထူးကိုလႊဲေပးေတာ့မွာ ဒီပဲြမွာမင္းမပါလို႔မျဖစ္ဘူး"

"ဘာဆိုင္လို႔လဲ အဲ့ဒီရာထူးကို မိုးေျမကလက္ခံမွာမွမဟုတ္တာ"

"မင္းက ကိုယ့္မိန္းကေလးေလ ပဲြတက္တိုင္းမင္းပဲကိုယ့္ေဘးမွာရိွခဲ့တာ"

မိုးေျမစိတ္ညစ္သြားမိသလို ဦးဟန္ရဲ့စကားအဓိပၸါယ္ကိုလည္း နားလည္ေနေသာေၾကာင့္ ေျခစံုရပ္လိုက္ၿပီး ဦးဟန္ကိုေသခ်ာၾကၫ့္လိုက္သည္။
ဦးဟန္က ကုမၸဏီပိုင္ရွင္တစ္ေယာက္ျဖစ္ကာ  အခ်ိန္ၾကာၾကာ မုဆိုးဖိုျဖစ္ခဲ့သူျဖစ္ၿပီး မိုးေျမႏွင့္ေတြ့မွ ပဲြတက္partnerအျဖစ္တဲြရင္း လက္ထပ္ခြင့္ေတာင္းထားခဲ့သူ…

"ခ်ာတိတ္"

"ကၽြန္မ မလုပ္ေတာ့ဘူး ဦးဟန္ ကၽြန္မေကာင္ေလးက.."

"မင္း သူနဲ႔တဲြေနတာအႂကြေးေတြေၾကာင့္ဆို.. ဘယ္ေလာက္လဲ ကိုယ္ထုတ္ေပးမယ္"

"ကၽြန္မအဲ့လိုမိန္းကေလးမဟုတ္ဘူး ဦးဟန္ဆီက ဘာအကူအညီမွလည္းမလိုခ်င္ဘူး မိုးေျမ ဒီမွာလစာေကာင္းတယ္ ကိုယ့္လစာနဲ႔ပဲဆပ္မယ္"

"ဒါေပမယ့္.."

"ျပန္ပါေတာ့ ဦးဟန္"

စကားကုန္ေျပာၿပီး လွၫ့္ထြက္လာသၫ့္အခါ မ်က္ႏွာခ်င္းဆိုင္ေတြ့လိုက္သူက ခစားျဖစ္ၿပီး သူက ေအးတိေအးစက္မ်က္ႏွာျဖင့္ မိုးေျမကိုစိုက္ၾကၫ့္ေနသည္။
ခစားေဘးမွာေတာ့ ႂကြေရုပ္ကေလးလို မႈန္ညက္ေနေအာင္ခ်စ္စရာေကာင္းသည့္ မ်က္ႏွာလွလွေလးတစ္ခု…

"ကိုကို သြားမယ္ေလ"

"အင္း"

သူက ထိုမိန္းကေလးလက္ကိုဆဲြကာ မိုးေျမအနားက ျဖတ္ေလ်ွာက္သြားေတာ့ သူမႏႈတ္ခမ္းကိုဖိကိုက္ထားရင္း ေျပးမထုမိေအာင္ စိတ္ကိုအေတာ္ေလးထိန္းထားလိုက္ရသည္။
မိုးေျမကိုေတာ့ အမ်ိဳးစံုခ်ဳပ္ခ်ယ္ကာ သူကေတာ့ ေနခ်င္သလိုေန၊ လုပ္ခ်င္တာလုပ္…

"တကယ္က်က္သတံုး"

စိတ္ထဲမွက်ိန္ဆဲပစ္လိုက္ရင္း ေရ႔ွဆက္ဖို႔ျပင္ေတာ့ ဦးဟန္က လက္တစ္ဖက္ကိုလွမ္းဆဲြလိုက္၍ ေျခလွမ္းေတြတံု႔သြားရျပန္သည္။
ဦးဟန္က ကတၲီပါဘူးေလးကိုဖြင့္ကာ မိုးေျမေရ႔ွသို႔ တိုးေပးၿပီး…

"ကိုယ္ မင္းကိုလက္ထပ္ခ်င္တယ္ ခ်ာတိတ္"

ဒီအခ်ိန္မွလား…
မိုးေျမႏႈတ္ခမ္းေလးပြင့္ဟသြားသလို ေျခသံေတြလည္းရပ္တံ့သြား၍ ခစားကိုျပန္လွၫ့္ၾကၫ့္မိသည္။
ခစားကေတာ့ ဟိုမိန္းကေလးကိုလက္ကိုင္ထားပါလ်က္ မိုးေျမကို လည္ျပန္ၾကၫ့္ေနေသာမ်က္လံုးေတြက စူးစူးရဲရဲ။

"ေခါင္းညိတ္ဖို႔ မင္းအတြက္ ခက္ခဲေနမယ္ဆိုတာကိုသိပါတယ္ ဒါေပမယ့္ ဒါကိုလက္ခံထားေပးပါ မင္းလက္ခံႏိုင္တဲ့အခ်ိန္မွ.."

"မဟုတ္ေသးဘူး မိုးေျမက.."

"ခင္ဗ်ားျပန္ယူသြားလိုက္"

ေနရာမွမေရႊ့ေသးဘဲ လွမ္းေအာ္သၫ့္ခစားေၾကာင့္ သူ႔ေဘးနားကေကာင္မေလးေရာ၊ မိုးေျမပါ လန႔္ဖ်ပ္သြားသလို ဦးဟန္ရဲ့အၾကၫ့္ေတြသည္လည္း ခစားဆီေရာက္သြား၏။
မခံခ်င္စိတ္ေတြသည္ ေကာက္ရိုးမီးလို ဟုန္းခနဲထေတာက္လာေပမယ့္ အရဲြ႔တိုက္ခ်င္စိတ္ျဖင့္ ဦးဟန္၏လက္ထပ္ခြင့္ကိုေတာ့ သူမ လက္မခံခ်င္…

"ဘာလို႔လဲ ေကာင္ေလး.. မင္းေဘးကမိန္းကေလးကိုလည္းအားနာပါဦး"

"အားနာရမယ့္လူလား မနာရမယ့္လူလား ကၽြန္ေတာ္ခဲြျခားတတ္တယ္ အဲ့ဒီလက္စြပ္ကိုျပန္ယူသြားလိုက္"

"မင္းနဲ႔ဆိုင္လို႔လား"

"ခင္ဗ်ားေရ႔ွရပ္ေနတဲ့ အဲ့ဒီမိန္းမက ကၽြန္ေတာ့္ေကာင္မေလး.. သူ႔မွာ ကၽြန္ေတာ္တစ္ေယာက္လံုးရိွေသးတယ္"

"မင္းေဘးမွာလည္း တစ္ေယာက္ရိွေသးတာ မင္းေမ့သြားတာလား"

ထိုအခါ ခစားက မဲ့ႃပံုးတစ္ခ်က္ျဖင့္ ေကာင္မေလး၏လက္ကိုလႊတ္ခ်ကာ ေကာင္မေလးကိုခပ္စူးစူးငံု႔ၾကၫ့္ၿပီး…

"သြားေတာ့"

"ကိုကို"

"မင္းေျခလွမ္းမေရႊ့ႏိုင္ရင္ ငါကန္ထုတ္ေပးမယ္ သြားေတာ့"

ဆိုကာ မိုးေျမရိွရာဆီသို႔ တည့္တၫ့္မတ္မတ္ေလ်ွာက္လာသည္။
ေနာက္ကိုလည္းလွၫ့္မၾကၫ့္သလို မိုးေျမကိုပဲစူးစိုက္ၾကၫ့္ရင္း ေဘာင္းဘီအိတ္ထဲလက္ႏိႈက္ကာ ေအးေအးလူလူျဖစ္ေနေသာ သူ႔ရဲ့ေသြးေအးမႈကို မိုးေျမတကယ္ပဲဩခ်မိပါ၏။
သူက မိုးေျမအနားထိေလ်ွာက္လာၿပီး ခါးကိုဆဲြဖက္လိုက္၍ သူ႔ရင္ခြင္ထဲေရာက္သြားကာ စီးကရက္နံ႔ေရာေသာ ေရေမႊးနံ႔ခပ္သင္းသင္းကို အနီးကပ္ရလိုက္သည္။

"မိုးေျမက ကၽြန္ေတာ့္အပိုင္"

"မင္း ေတာ္ေတာ္ရိုင္းစိုင္းတာပဲ"

"ဟုတ္တယ္ ဘာျဖစ္လဲ ခင္ဗ်ားကိုလူႀကီးမို႔ ဆဲြမထိုးရဲဘူးထင္ေနတာလား"

"ဘာ!"

"ဘယ္သူ႔ကိုကန္ေတာ့ရမယ္ ဘယ္သူ႔ကိုလက္ခလယ္ေထာင္ျပရမယ္ ကၽြန္ေတာ္နားလည္ထားၿပီးသား ဒါေၾကာင့္မို႔ ကၽြန္ေတာ့္ေကာင္မေလးကို ၾကာကူလီလုပ္မေနဘဲ လာရာလမ္းအတိုင္းျပန္လစ္လိုက္ေတာ့"

ေျပာခ်လိုက္သၫ့္စကားက မိုက္ရိုင္းသလို ခစားသည္ ဦးဟန္လွၫ့္မျပန္လ်ွင္ တကယ္ဆဲြထိုးေတာ့မၫ့္သေဘာရိွသည္။
ထို႔ေၾကာင့္ သူမ ဦးဟန္ကိုေခါင္းခါျပလိုက္သၫ့္အခါ ဦးဟန္က လက္စြပ္ဘူးကိုျပန္သိမ္းၿပီး ခစားကိုမေက်မနပ္ၾကၫ့္ရင္း ေနာက္ဆုတ္သြား၏။
ၿပီးမွ မိုးေျမဆီ အၾကၫ့္တစ္ခ်က္ေရာက္ကာ ျပန္လွၫ့္ထြက္သြား၍ ခစားက မဲ့ရဲြ႔ၿပီးႏွာေခါင္းရႈံ႔ၿပီး မိုးေျမကိုျပန္လႊတ္ေပးသည္။

"ဘဲရီး တကယ္ဆဲြထိုးဖို႔ေကာင္းတယ္ ကိုယ့္ဘာသာအေျခအေနတူတာကိုမေရြးဘူး ငယ္ငယ္ေခ်ာေခ်ာေလးကိုမွ ႀကံေနတာ"

"နင့္ထက္ေတာ့ အမ်ားႀကီးသာတယ္လို႔ထင္တယ္"

"ငါ့စန္းနဲ႔ငါပါ အဲ့လိုလူႀကီးနဲ႔ လိုက္ယွဥ္ခ်င္မေနစမ္းပါနဲ႔"

"ကိုကို"

ထြက္မသြားေသးေသာေကာင္မေလးက သူ႔အနားေရာက္လာကာ သူ႔ခါးကိုသိမ္းဖက္ပစ္လိုက္၍ ခစားမ်က္ႏွာႀကီးရႈံ႔မဲ့သြားသည္။
မိုးေျမကေတာ့ ေအးတိ​ေအးစက္ကေလး လက္ပိုက္ၿပီးရပ္ၾကၫ့္ေနရင္း သူ ဘာဆက္လုပ္မလဲသိခ်င္သြားမိသည္။
ခစားသည္ သူ႔ရည္းစားေတြတိုင္းကို ေမာင္းထုတ္ခ်င္သည့္လူမို႔ ဒီေကာင္မေလးကို ဆဲြထုတ္ပစ္ဖို႔ထက္ သူ႔အနားကပ္ေနဖို႔ကိုသာ မိုးေျမအလိုရိွ၍ သူ အခ်က္ျပ​ေနသၫ့္တိုင္ ရပ္ၾကၫ့္ေနလိုက္သည္။
ဒင္းနည္းနည္းေလးစိတ္ညစ္ရလည္း ေကာင္းတာပဲမဟုတ္လား…

"ကိုကို ဘယ္သူနဲ႔ပဲတဲြတဲြ ခ်စ္လက္ခံတယ္ ခ်စ္တို႔လမ္းမခဲြဘူးေနာ္"

"ရူးေနတာလား"

"ဟုတ္တယ္ ရူးေနတာ ကိုကို႔အနားပဲေနခ်င္တယ္"

"အဟြန္း.."

မိုးေျမအသံထြက္ေအာင္ရယ္ကာ သူတို႔ႏွစ္ေယာက္အနားက လွၫ့္ထြက္လာခဲ့၍ ဘာေတြဆက္ျဖစ္ေနမလဲမသိေတာ့…
အသည္းေပါင္းစံုကို လြယ္လြယ္ေလးခဲြတတ္သၫ့္အျပင္ မိုက္ရိုင္းရမ္းကားေသာခစားသည္ တကယ္ပဲအနီကဒ္ျပထားသင့္သၫ့္ အႏၲရာယ္ေကာင္အစစ္ျဖစ္၏။

💌💌💌💌💌💌

"အဆင္ေျပရဲ့လား သမီး"

မိုးေျမက ရႊင္လန္းေသာအႃပံုးတစ္ခ်က္ျဖင့္ ေခါင္းေလးဆတ္ခနဲညိတ္ျပၿပီး ေက်ာပိုးအိတ္ထဲပါလာသၫ့္ ဆီစိမ္စကၠူအိတ္ကိုဆဲြထုတ္သည္။
ေဖာင္းအစ္ေနေသာ ထိုစကၠူအိတ္ဟာ ဘယ္ေလာက္ပါသလဲမသိသလို ေဖေဖမ်က္ႏွာပ်က္သြားသည္ကိုေတာ့ သူ သတိထားမိသည္။

သို႔ေသာ္ သူက ကိုႀကီးခစားကိုယံုၾကည္ေနသူမို႔ ကိုယ့္အစ္မကို ေဖေဖေလာက္အထိစိတ္မပူတာကိုေတာ့ ဝန္ခံရမည္ျဖစ္သည္။
မိုးေျမက စကၠူအိတ္ကိုဖြင့္ကာ ဆဲြထုတ္လိုက္ေတာ့ တစ္ေသာင္းတန္ေတြ အထပ္လိုက္ထြက္လာၿပီး မိုးေျမက စိတ္ေအးလက္ေအးေရတြက္ေန၏။
စုစုေပါင္း ၄၇ရြက္တိတိ…

"ေဖေဖ သံုးဖို႔"

"သမီးကေရာ"

"သမီးက အျပင္မွာအလုပ္တစ္ခုရိွေသးတယ္ Mini martေလးတစ္ခုမွာ အခ်ိန္ပိုင္းအလုပ္လုပ္ေနတာ ၂သိန္းေလာက္ေတာ့ရတယ္"

"အႂကြေးဆပ္ဖို႔ကေရာ"

"Graveက ထင္ထားတာထက္ ဝင္ေငြေကာင္းတယ္ ေဖေဖ တကယ္တမ္း သမီးရတဲ့ေငြက ၁၀နီးပါးရိွတယ္ သူက သမီးနဲ႔ Customer ကစားတဲ့ပဲြစဥ္တိုင္းအတြက္ သီးသန႔္ေပးတာ
လစာကို ေဖေဖ့ကိုအပ္ၿပီး bonusကိုေတာ့ အႂကြေးဆပ္လိုက္တာ"

"Aww"

ထိုအခါမွ ေဖေဖက စိတ္သက္သာရာရသြားၿပီး မိုးေျမေပးေသာပိုက္ဆံေတြကို လွမ္းယူေသာအခါ သူက မိုးေျမေပါင္ေပၚ ေခါင္းတင္အိပ္ပစ္လိုက္သည္။
မိုးေျမက သူ႔ဆံပင္ေတြကိုဖြကာ ငံု႔ၾကၫ့္လာေတာ့ မနက္ကမွ ဝယ္လာသၫ့္ပိုက္ဆံအိတ္ကေလးကို သူမလက္ထဲထၫ့္ေပးလိုက္သည္။
ေက်ာပိုးအိတ္ထက္ ဒီအိတ္ကေလးက သူမကို ပိုၿပီးမိန္းမဆန္ဆန္လွေနေစမွာအေသအခ်ာ…

"ဘာလဲ"

"ငါလည္း ငါလုပ္ႏိုင္တာေလးနဲ႔ နင့္ကိုတစ္ခုခုဝယ္ေပးခ်င္လို႔"

"ဘာလား ထူးထူးဆန္းဆန္း"

"ေဈးထဲကကြမ္းဆိုင္ကေန အိမ္မွာ အလုပ္ယူလုပ္ေနတာေလ ကြမ္းသီးေတြ အခြံခြာေပးရ၊ စိပ္ေပးရတာ ကြမ္းသီးတစ္အိတ္လံုးဆို ၃ေသာင္းခဲြရတယ္"

"တစ္အိတ္လံုး"

"အင္း"

"နင္တစ္ေယာက္တည္းလုပ္တာလား"

"ေဖေဖလည္းလုပ္ပါတယ္ ငါက နင့္အတြက္အိတ္ေလးဝယ္ေပးခ်င္လို႔"

မိုးေျမက စိတ္မေကာင္းျဖစ္သြားသလို မ်က္ႏွာပ်က္သြားၿပီး သူ႔လက္ေတြကိုလည္းဆဲြယူၾကၫ့္ကာ အသားမာတက္ေနသၫ့္ေနရာေတြကို ဖြဖြေလးထိတို႔ၾကၫ့္သည္။
သို႔ေသာ္ သူက အထိမခံဘဲ ရုန္းထြက္ပစ္လိုက္၍ မိုးေျမက ေခါင္းကိုေခါက္ပစ္တာ ဂြပ္ခနဲ…

"ေနာက္တစ္ခါမလုပ္ရဘူး ေနေကာင္းတာလည္းမဟုတ္ဘဲနဲ႔"

"ေကာင္းပါတယ္ ငါက ဒီ့ထက္ပိုၿပီးလုပ္ေပးခ်င္တာ ေယာက်ာ္းေလးျဖစ္ေနၿပီး.."

"ေယာက်ာ္းေလးျဖစ္ေနတိုင္း အလုပ္လုပ္စရာမလိုဘူးေလ အထူးသျဖင့္ နင္ကေနမေကာင္းတဲ့သူ ငါကက်န္းက်န္းမာမာႀကီး
ငါက နင့္ကို ဒီ့ထက္ေတာင္ျပၫ့္ျပၫ့္စံုစံုထားေပးရဦးမွာ အခုလိုမ်ိဳးေတာင္ သိပ္ေက်နပ္တာမဟုတ္ဘူး"

"အခုအေျခအေနကလည္း ျပၫ့္စံုတာထက္ကို ပိုပါတယ္ နင္က ငါ့အတြက္ ဒုတိယအေမပဲ"

"ေခြးစုတ္ေလး"

ရယ္သံေလးျဖင့္ မိုးေျမက သူလက္ေဆာင္ေပးေသာ ပိုက္ဆံအိတ္ကေလးကိုထုတ္ယူၾကၫ့္ကာ သေဘာ​တက်လြယ္ၾကၫ့္ေနေသာေၾကာင့္ လက္ေတြေပါက္ၿပဲရက်ိဳးလည္း နပ္ပါသည္။
ဒီမိသားစုမွာ မိုးသားဟာ ဦးစီးဦးေဆာင္ျဖစ္ခြင့္မရေပမယ့္ မိုးေျမကို တရြတ္ဆဲြေစမၫ့္ဝန္ထုတ္ဝန္ပိုးလည္းမျဖစ္ခ်င္။
တစ္ခ်ိန္လံုး လူမမာျဖစ္ေနရသည္က ဘုရားေပးသၫ့္ကံဆိုးျခင္းဆိုလ်ွင္ မိုးေျမကို အစ္မအျဖစ္ရထားျခင္းသည္ ဘုရားေပးေသာကံေကာင္းျခင္းတစ္ခုသာ ျဖစ္ပါ၏။

💌💌💌💌💌💌

ဒီေန့က လစာထုတ္ရက္မို႔ Graveကိုပိတ္ထားေသာေၾကာင့္ မိုးေျမ အိမ္ကအျပန္မွာ Mini martကိုပဲတန္းဝင္လိုက္သည္။
ညဆိုင္းမွာ ဝန္ထမ္းႏွစ္ေယာက္ျဖစ္ၿပီး ေယာက်ာ္းေလးတစ္ေယာက္ပါကာ ဒီေန့ေတာ့ ထိုေကာင္ေလးက ဖ်ားေနေသာေၾကာင့္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေန၏။
သူ႔ကိုၾကၫ့္ရင္း မိုးသားကိုေျပးျမင္လိုက္၍ စိတ္ထဲသနားသြားမိကာ အိတ္ထဲကေဆးတစ္လံုးကိုထုတ္ၿပီး ထိုေကာင္ေလးကိုလွမ္းေပးလိုက္သည္။

"ရတယ္ အစ္မ"

"ခဏသြားနားလိုက္ပါ ညပိုင္းက ေဈးဝယ္မလာဘူးေလ သန႔္ရွင္းေရးလုပ္ရံုပဲ ငါ့ဘာသာပဲလုပ္လိုက္မယ္ သြားနားလိုက္"

"မဟုတ္တာ အစ္မပင္ပန္းမွာေပါ့"

"မပန္းပါဘူး သြား.. ေဆးေသာက္ၿပီး ခဏအိပ္လိုက္"

ဆိုင္အေနာက္ဘက္က  စတိုခန္းေလးမွာ ဝန္ထမ္းေတြခဏနားဖို႔ ေနရာလြတ္ကေလးရိွကာ မိုးေျမတို႔ကေတာ့ ဂ်ပ္ဖာေလးခင္းကာ ေက်ာဆန႔္ေလ့ရိွသည္။
ခပ္က်ဥ္းက်ဥ္းေနရာေလးဟာ လူတစ္ကိုယ္စာေတာ့ လွဲအိပ္လို႔ရသည္ေလ…
ေကာင္ေလးက မိုးေျမတိုက္တြန္းလိုက္သည္ႏွင့္ ဟန္မေဆာင္ႏိုင္စြာျဖင့္ အေနာက္ခန္းကိုဝင္ေျပးသြား၍ သူမ တစ္ခ်က္ႃပံုးလိုက္မိသည္။

ညပိုင္းသည္ ပစၥည္းေတြအျပၫ့္ျဖၫ့္ရံုႏွင့္ သန႔္ရွင္းေရးသာအဓိကမို႔ လုပ္စရာမ်ားမ်ားစားစားေတာ့သိပ္မရိွ။
သန႔္ရွင္းေရးလုပ္ၿပီးခ်ိန္ Freezerကိုၾကည့္မိေတာ့ အခ်ိဳရည္ဘူးေတြေလ်ာ့ေနၿပီမို႔ စတိုခန္းမွ အခ်ိဳရည္ဘူးေတြသယ္ကာ Freezerအေနာက္ခန္းကိုဖြင့္လိုက္၏။

မိုးေျမတို႔ဆိုင္၏ Freezerက ပံုစံတစ္မ်ိဳးျဖစ္ၿပီး ပစၥည္းထၫ့္လ်ွင္ Freezerေက်ာဘက္မွသာထၫ့္ရသည္။
ထိုအေနာက္ခန္းသည္ အၿမဲလိုလိုေအးစက္ေနတတ္၍ အခ်ိဳရည္ဘူးေတြကို အျမန္ျဖၫ့္ေနစဥ္ ဘီယာဘူးေတြဆဲြယူသံၾကားလိုက္ရသည္။
Customerဟု သိလိုက္ကာ အေနာက္ခန္းမွထြက္ၿပီး ဆိုင္ထဲကိုအျမန္သြားလိုက္ေတာ့ Cashierခံုေရ႔ွမွာရပ္ရင္း မိုးေျမကိုလွၫ့္ၾကၫ့္ေနေသာ…

"ခစား"

"ဘီယာ၅ဘူး"

"နင္ဘာလာလုပ္တာလဲ"

"ဘီယာေသာက္ခ်င္လို႔လာဝယ္တာ"

"ခါတိုင္း ဒီဆိုင္ကိုမလာပါဘူး"

"အရစ္ရွည္လိုက္တာ ေရာင္းမွာလား မေရာင္းဘူးလား"

"၁၁နာရီေနာက္ပိုင္း အရက္ဘီယာမေရာင္းရဘူး"

"၁၁နာရီထိုးဖို႔ ၂မိနစ္လိုေသးတယ္ မင္းပါးစပ္ပိတ္ၿပီး အခုေရာင္းရင္ မွီေသးတယ္ လာေရာင္းစမ္းပါ"

ၾကၫ့္ပါလား၊ သူစကားေျပာရင္ကို တစ္စက္ကေလးမွ အခ်ိဳးမေျပတာ…
မ်က္ေစာင္းထိုးပစ္ၿပီး ဘီယာဘူးေတြကို Scanဖတ္ေပးကာ အိတ္အနက္ေလးထဲ ထၫ့္ေပးေနတုန္း ခစားအၾကၫ့္ေတြက တစ္ဆိုင္လံုးကိုေဝ့သြား၏။
ဘာေတြကဲ့ရဲ့ေနဦးမလဲမသိ၍ စကားအပိုမေျပာခ်င္…

"မင္းတစ္ေယာက္တည္းလား"

"အင္း.. ၈၆၀၀ပါ"

"ငါ မင္းအတြက္ဖုန္းဝယ္ေပးထားတယ္ ဒါပဲသံုးစမ္းပါ"

ဆိုကာ တစ္ေသာင္းတန္တစ္ရြက္ႏွင့္အတူ ဖုန္းဘူးေလးတစ္ဘူးကိုပါ ခ်ေပးလာ၏။
ဖုန္းကေတာ့ IPhoneျဖစ္ၿပီး ဒါကိုေပးဖို႔အတြက္ မိုးေျမဖုန္းကို ဒင္းဖ်က္ဆီးပစ္ခဲ့တာဟု သေဘာေပါက္သြားခ်ိန္ ခစားက ျပန္အမ္းေငြမယူဘဲ ဆိုင္အျပင္ေရာက္သြားၿပီျဖစ္သည္။

အိမ္ျပန္ေရာက္မွေပးေတာ့မၫ့္စိတ္ကူးျဖင့္ သူ႔ကိုလည္းအေရးမလုပ္ေတာ့ဘဲ အေအးဘူးေတြကိုလည္း ဆက္ထၫ့္ရဦးမွာမို႔ Freezerဘက္ျပန္ေလ်ွာက္လာခဲ့သည္။
အေအးဘူးေတြ ဆက္ထၫ့္ေနခ်ိန္မွာ ဖ်တ္ခနဲတစ္ဆိုင္လံုးေမွာင္က်သြား၍ စိတ္ပ်က္သြားမိကာ ဆိုင္ထဲကိုျပန္ဝင္လာခဲ့သည္။

"မီးစက္ကဆီေရာရိွရဲ့လားဟယ္"

အံဆဲြထဲကေသာ့ကိုယူၿပီး ဆိုင္အေရ႔ွမွာမီးစက္ဆီ ေလ်ွာက္လာခဲ့ေတာ့ ထိုမီးစက္နား ပလက္ေဖာင္းမွာ တစ္စံုတစ္ေယာက္ရိွေန၏။
ဘယ္သူလဲဟု သိခ်င္၍ ဓာတ္မီးႏွင့္ထိုးၾကၫ့္ေတာ့မွ ခစားသည္ ပလက္ေဖာင္းေပၚထိုင္ေနကာ ဘီယာတစ္ဘူးကိုလည္းလက္ကကိုင္ထားေလသည္။

"နင္ျပန္သြားၿပီမဟုတ္ဘူးလား"

"မင္းတစ္ေယာက္တည္းမို႔လို႔ေလ"

မာေရေက်ာေရျဖင့္ ျပန္ေျဖေသာစကားေၾကာင့္ အျမင္ကတ္သြားမိေပမယ့္ စိတ္ထဲေနြးေထြးလံုႃခံုသြားခဲ့တာေတာ့ အမွန္ျဖစ္သည္။
ဤအလံနီေကာင္ အယုတ္တမာသတၲဝါဆီမွာ ဒီလိုစိတ္ကေလးရိွေနသည္ကိုလည္း သေဘာက်မိသလို တိတ္တိတ္ကေလးခိုးႃပံုးမိ၏။
ခစားဟာ အေနအထိုင္၊ အေျပာအဆို ရိုင္းစိုင္းေပမယ့္ မိုးေျမအတြက္ေတာ့ ရဲတိုက္ႀကီးတစ္ခုလို လံုႃခံုေနြးေထြးမႈအျပၫ့္ရိွေနသည္။

"ဆိုင္ကလည္း စုတ္ျပတ္ေနတာပဲ"

"နင္ေနာ္"

"မီးစက္ႏိႈးေပမယ့္သူေတာင္မရိွတာ ငါေျပာတာ မဟုတ္လို႔လား"

"Graveလို ေငြသိန္းခ်ီဝင္ေနတဲ့ဆိုင္မွမဟုတ္တာ ဒီေလာက္ပဲရိွမွာေပါ့"

"ေအးေပါ့ ဒီလိုစုတ္ျပတ္ေနတာေတာင္ မင္းကအလုပ္လုပ္ေနတာ တကယ္ေငြခင္မ,ပဲ"

"ခစား"

"သြား.. ကိုယ့္အလုပ္ကိုယ္လုပ္ ငါ့အနားပဲကပ္ခ်င္မေနနဲ႔"

တမင္အႏိုင္ပိုင္းကာ ႏွင္ထုတ္ပစ္လိုက္ေတာ့ သူမကမဲ့ရဲြ႔ကာ ဆိုင္ေလးထဲျပန္ဝင္သြား၍ သူ စိတ္ပ်က္လက္ပ်က္ေခါင္းခါမိသည္။
ဆိုင္ထဲမွာ အလုပ္ရႈပ္ေနေသာ မိုးေျမကို တစ္ခ်က္လွမ္းၾကၫ့္ရင္း ဘီယာကိုတစ္က်ိဳက္ေမာ့ေသာက္လိုက္ေတာ့ ခါးသက္သၫ့္အရသာက လည္ေခ်ာင္းထဲစီးဝင္လာ၏။
ေငြသရဲမ,ဟာ ေငြရဖို႔ဘာမဆိုလုပ္မၫ့္ပံုျဖစ္ေပမယ့္ အငွားရည္းစားအလုပ္ကိုေတာ့ ေနာက္ထပ္ မလုပ္ေတာ့ဟု ျပန္သိရသည္။

"အစ္ကိုခစား အစ္မက လမ္းထိပ္က Mini martမွာပဲ အၿမဲဆင္းတယ္ အဲ့ဒါေၾကာင့္ကၽြန္ေတာ္ေစာင့္ၾကၫ့္ေနတာ သူက အဲ့ဒီမွာညဆိုင္းဆင္းတာဗ်"

ဟု ျပန္လည္သတင္းပို႔လာသၫ့္ ဒရိုင္ဘာေကာင္ေလးေၾကာင့္ ထိုညက သူ ေဒါသျဖစ္သြားခဲ့သည္။
ဒီေလာက္ထိေငြမက္ရသလားဟု ဂရုဏာေဒါသေတျြဖင့္ ျပႆနာရွာမိေတာ့ မေခ်မငံျပန္ေျပာလာသည့္ ဒင္းကို တမင္လည္ပင္းၫွစ္ပစ္ခဲ့ျခင္းျဖစ္သည္။

ကိုယ့္အႀကံအစည္တစ္ခုေၾကာင့္ ကိုယ့္ဆီေရာက္လာရသည့္သူမကို အစပိုင္းမွာအျမင္ကတ္ခဲ့မိသည္။
သူမဘဝ၊ သူမအေၾကာင္းကိုသိလိုက္ရေတာ့မွ ကူညီဖို႔၊ ေစာင့္ေရွာက္ဖို႔ဆိုတာ အလိုလိုစိတ္ကူးခဲ့ၿပီးၿပီမို႔ မိုးေျမ ေခ်မိုးေနခ်ိန္တိုင္း ဖေနာင့္ႏွင့္ေပါက္သဝာ္ခ်င္မိသည္အထိ။

အခုလည္း တစ္လကို ၁၀သိန္းနီးပါးေပးထားပါလ်က္ ဒီလိုဆိုင္စုတ္မွာအလုပ္လုပ္ေနသတဲ့…
တကယ္ဆို ပိုက္ဆံလိုရင္ ငါ့ကိုေျပာပါ့လား ေငြခင္မ,ရဲ့…

💌💌💌💌💌💌

Part 17 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

259K 27.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
863K 17.2K 83
ကောင်မလေးကိုချစ်ပါသည်။
365K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
401K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ