မိုးမြေခစား

By SummerMaung

583K 21.8K 829

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

15

7.4K 290 7
By SummerMaung

💌 Part - 15 💌
---------------

တစ်ညလုံးဘာလုပ်နေခဲ့သလဲမသိဘဲ အခုမှအိပ်နေသော ဝူတန်ဂိုဏ်းချုပ်ကြီးကိုကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်ပစ်မိသည်။
စောင်ပါးလေးခြုံပေးထားပေမယ့် ထိုစောင်ကိုရင်ဘတ်ပေါ်မှာသာတင်ထားပြီး ခြေထောက်တစ်ဖက်က ဆိုဖာကျောမှီပေါ်လှမ်းတင်ထား၍ ကားယားကြီးဖြစ်နေ၏။
သုံးယောက်ထိုင်ဆိုဖာဖြစ်လင့်ကစား သူ့အရပ်နှင့်မလွတ်သောကြောင့် ကျန်ခြေထောက်တစ်ဖက် ထွက်နေတာကလည်း ထိုးထိုးထောင်ထောင်...

"ခစား နင်အိပ်ချင်ရင် အခန်းထဲသွားအိပ်"

ဟု နှိုးပေမယ့် လှုပ်တောင်မလှုပ်တာမို့ သူမကပဲလက်လျှော့လိုက်ရ၏။
ထို့ကြောင့် သူ့ကိုပစ်ထားခဲ့ကာ မီးဖိုခန်းဝင်လာခဲ့ပြီး ထမင်းပေါင်းအိုးအရင်တည်ပြီး ရေခဲသေတ္တာဖွင့်ကြည့်တော့ ကြက်သားပြားတွေရှိသည်။
ဈေးလည်းမသွားချင်တော့၍ ကြက်သားပြားကိုပဲချက်ပြီး နောက်ထပ်ငရုတ်သီးထောင်းနှင့် ချဥ်ရေဟင်းချက်တော့မည်ဟု စိတ်ကူးလိုက်သည်။

အားလုံးကျက်ခါနီးမှ ခြေသံကြားလိုက်၍ လှည့်ကြည့်မိတော့ ခစားက ခေါင်းစုတ်ဖွားဖြင့် ရေခဲသေတ္တာကိုဖွင့်ပြီး ရေဘူးတစ်ဘူးယူနေ၏။
ခစားသည် လူရှုပ်လူပွေဆိုပေမယ့် အိပ်ယာကနိုးလာသည့် အခုပုံစံကတောင်ကြည့်ကောင်းပြီး ဘယ်ရှူထောင့်ကနေကြည့်ကြည့် သန့်ပြန့်လင်းလက်နေသည့် အဆင်လေးဖြစ်သည်။

မျက်ခုံးထူထူတွေက အမြဲလိုလိုတွန့်ကုပ်နေတတ်၍ ဂျစ်ကန်ကန်ပုံစံထွက်နေကာ နှာတံပေါ်သူမို့ ပိုပြီးကြည့်ကောင်းသည်။
အသားအရောင်ကလည်း အဖြူလည်းမဟုတ်၊ အဝါလည်းမဟုတ်သလို သေချာကြည့်လေ ပိုပြီးချောလာမိလေဆိုလျှင် မိုးမြေလွန်မလားမသိ။

"ဟင်းချက်နေတာလား"

"အင်း"

"ငါ့ဖို့ပါလား ပါလိုက်ပါ ဗိုက်ဆာတယ်"

သူပဲမေး၊ သူပဲဆုံးဖြတ်သွားပြီး ထမင်းစားစားပွဲမှာ ထိုင်ခုံတစ်လုံးဆွဲပြီးထိုင်ကာ မိုးမြေကိုမော့ကြည့်လာ၍ သားသားကိုပြေးသတိရမိသေးသည်။
ဒင်းဟာလည်း သားသားလို ထိုင်ရာမထဘဲ မိုးမြေကိုသာ ဂျီကျတတ်သည့်သတ္တဝါဆိုးလေးသာဖြစ်၏။
ထို့ကြောင့် ထမင်းနှင့်ဟင်းတွေကို ပန်းကန်တွေနှင့်သေချာခူးခပ်ပေးလိုက်တော့ သူက မစားသေးဘဲ ထမင်းဝိုင်းကိုသာ ငူငူကြီးကြည့်နေပြန်သည်။

"ဘာလဲ မစားဘူးလား"

"ဆီမထည့်ဘူးလား ဆီမထည့်လည်း ဟင်းတစ်ခွက်ဖြစ်တယ်လား"

"ဟမ်!"

"မင်းရဲ့ကြက်သားချက်က ရေတွေနဲ့"

"ငါမှဆီပြန်ဟင်းမကြိုက်တာ ဒီလိုရေစပ်စပ်နဲ့ပဲ ပိုသဘောကျတယ်"

သူ့ပုံစံက ဆီရော၊ရေပါ ရောထွေးနေသောဟင်းကို မမြင်ဖူးလောက်သလို စားတတ်ပုံလည်းမရဘဲ အထူးအဆန်းကြီးလိုကြည့်နေဆဲဖြစ်သည်။
ဘယ်လိုလူမျိုးမို့ ဒီလိုဟင်းကိုမတွေ့ဖူးတာလဲ..
အတွေးဖြင့် မကျေမနပ်ဖြစ်သွားပြီး ကြက်သားပန်းကန်ကိုပြန်ယူကာ ရေမကျန်တော့သည်အထိ ပြန်ချက်ပေးဖို့ပြင်လိုက်သည်။
သို့သော် ခစားက ဟင်းပန်းကန်ကိုပြန်ဆွဲယူသွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ့ထမင်းပန်းကန်ထဲသို့ ခပ်ထည့်သည်။

"တကယ်ပြောတာ အိမ်ကဆီပြန်ပဲချက်တာ မစားဖူးပေမယ့် စားကြည့်မယ် စိတ်ပျက်စရာဆီပြန်ဟင်းတွေ စားရတဲ့ခေတ်ကုန်ပြီလို့တွေးပြီး"

"နင်တို့ကဘော့စိတွေပဲ ဆီပြန်ဟင်းတွေပဲချက်မှာပေါ့ ငါတို့ကဒါမျိုးပဲချက်နိုင်တာ"

ထိုအခါ ထမင်းစားနေသော ခစားလက်တွေ တုံ့ခနဲဖြစ်သွားကာ မိုးမြေကိုကြည့်လာပုံက ထူးဆန်းနေသလိုပုံစံ။
သို့သော် ခဏသာဖြစ်ပြီး မိုးမြေချက်ထားသည့် ကြက်သားချက်၊ ချဥ်ရေကို ငရုတ်သီးထောင်းနှင့် မြိန်ရေရှက်ရေစားနေ၍ တိတ်တိတ်ကလေး ကျေနပ်သွားမိသည်။

"စပ်တယ်ဟ မိုးမြေ"

"အင်း.. ရေရှိတယ်"

"ရေခဲရေပေး ဒါနဲ့မရဘူး"

"ကိုယ့်ဘာသာထယူပါလား ငါလည်းထမင်းစားနေတာပဲ တစ်ခုခုဆို ဘာလို့ငါ့ကိုပဲခိုင်းနေတာလဲ ခြေလက်အကောင်းကြီးအတိုင်းရှိနေပြီးတော့"

"အေးပါကွာ"

အမြင်ကတ်ကတ်ဖြင့် အော်ငေါက်ပစ်လိုက်ပေမယ့် တကယ်စပ်နေပုံရသည့်သူက ထိုစကားလေးသာပြောပြီး ရေခဲသေတ္တာဆီ ချက်ချင်းထပြေးသွား၏။
မျက်စောင်းလေးချီမိရင်း ထမင်းကိုသာဆက်စားနေတော့ ရေနွေးအိုးကြီးလို တရှူးရှူးမြည်နေသည့်သူက ရေခဲရေတစ်ဘူးဖြင့် ပြန်ရောက်လာသည်။
နဖူးမှာလည်း ချွေးစတွေစိုကပ်နေကာ ဗိုက်ကိုလည်း တဘုတ်ဘုတ်ပုတ်နေရင်း...

"So good"

ဟု ချီးကျူးလာသည့်အခါမှာတော့ ဤသူဌေးသားလေးကို အားကျရမလား၊ သနားရမလားမသဲကွဲတော့ချေ။
ဘာမဟုတ်သည့်ထမင်းဝိုင်းလေးကို သူ့ခမျာ မြိန်ရေရှက်ရေဖြစ်နေတာမဟုတ်လား…
သူမ ခေါင်းကိုသာ ခါယမ်းပစ်လိုက်မိတော့သည်။

💌💌💌💌💌💌

ဒီညနေတော့ ကုမ္ပဏီ၏ရှယ်ယာကိစ္စဖြင့် မဖြစ်မနေ ကိုကိုနဲ့တွေ့ရမှာမို့ ကိုကို့ရုံးခန်းကိုသာ ဦးတည်ပြီးတက်လာခဲ့သည်။
ဒီကုမ္ပဏီမှာ အဘိုးရဲ့ရှယ်ယာက 18%ရှိနေပြီး ထို18%လုံးကို မင်းခစားနာမည်ဖြင့် လွှဲထားခဲ့သောကြောင့် ကုမ္ပဏီနှင့်ဆိုင်သော အတည်ပြုစရာကိစ္စတွေ ရှိလာလျှင် သူလက်မှတ်ထိုးပေးဖို့လိုအပ်သည်။

ရှယ်ယာရှင်တွေ၏အစည်းအဝေးတွေ၊ ဒါရိုက်တာအစည်းအဝေးတွေကိုတော့ ကိုကိုနဲ့သာလွှဲထားလိုက်ပြီး ကျောင်းသားဆိုသည့်အကြောင်းပြချက်ဖြင့် ရုံးတက်စရာလည်းမလိုချေ။
သို့သော် ကိုယ့်လိုမဟုတ်သည့် ကုမ္ပဏီဝန်ထမ်းတွေက ရည်ရွယ်ချက်ကိုယ်စီဖြင့် သွားလာလှုပ်ရှားနေကြကာ အေးအေးဆေးဆေးလျှောက်လာသည့် သူ့ကို မသိမသာလှမ်းကြည့်နေကြသည်။

"ဒုဥက္ကဌရဲ့ညီလေ သူတို့က မတူကြဘူးနော်"

"အေးနော် ဥက္ကဌက ခန့်ခန့်ညားညားကြီးနဲ့ သူကျတော့ဂျစ်ကန်ကန်နဲ့ဆိုးမယ့်ပုံပဲ"

"ဆိုးလိုက်တာမှလက်လန်ပဲ.. ဘယ်သူမှမနိုင်ဘူး ဥက္ကဌကြီးတောင် သူ့ကိုလွှတ်ထားရတာ"

တီးတိုးပြောနေကြသည့်စကားသံတွေကြောင့် သူ ပြုံးမိသလို ဖြစ်ချင်ခဲ့သည့်အတိုင်း မင်းခစားဟာ ဒီမိသားစုထဲမှာ သီးခြားခွဲထွက်နေပြီမလား...
ကိုကို့ရုံးခန်းကိုရောက်တော့ ဧည့်သည်ရှိနေသေးကြောင်း ကိုကို့PAကအကြောင်းကြားလာ၍ အပြင်မှာပဲထိုင်ကာ ဖုန်းထုတ်ပြီးဂိမ်းဆော့ရင်း ခဏစောင့်နေလိုက်သည်။

"ကျေးဇူးပါ"

"ရပါတယ်ဗျ သွားပြီနော် ကိုမင်းရာဇ"

"ဟုတ်ကဲ့"

ကိုကိုက ဧည့်သည်တွေကို ခေါင်းညိတ်နှုတ်ဆက်ပြီးမှ ဂိမ်းဆော့နေသောသူ့ကို တွေ့သွားသောကြောင့် ဖုန်းကိုပြန်သိမ်းကာ ထိုင်ရာမှထလိုက်သည်။
ထို့နောက် ကိုကို့နောက်က ကပ်လိုက်လာခဲ့သည့်အခါ Decorationအလွန်ကောင်းသည့် ကိုကို့ရဲ့အမိုက်စားရုံးခန်းကြီးကို သဘောကျသွားမိသည်။
ဒုဥက္ကဌဆိုတော့လည်း ရုံးခန်းက ဟိုတစ်ခါထက်တောင် ပိုပြီးသားနားလာတာပဲ...

"အိမ်ပြန်မလာဘဲ ဘာလုပ်နေတာလဲ"

"လာလည်း တစ်ယောက်မဟုတ် တစ်ယောက်နဲ့စကားများနေရတာ ကျွန်တော်က အေးအေးဆေးဆေးပဲနေချင်တာ ဘယ်သူနဲ့မှ ရန်မဖြစ်ချင်ဘူး"

"မင်းကိုက ဂျစ်ကန်ကန်နဲ့ရိုင်းနေတာ"

"ကျွန်တော်ရိုင်းရင်လည်း ရိုင်းတဲ့ကောင်နဲ့ တုဖက်ပြီးရန်မဖြစ်ကြနဲ့လေ ရှောင်သွားပေါ့ အခုကရော ဘာကိစ္စတုန်း"

"ခစား.. ငါမင်းအစ်ကိုနော် ကိစ္စရှိမှခေါ်ရမှာလား"

"နောက်ဆိုကိစ္စရှိမှပဲခေါ်.. ကျွန်တော်လိုကောင်က ယဥ်ကျေးတဲ့အသိုင်းအဝိုင်းနဲ့ သဟဇာတမဖြစ်ဘူး"

ဂျစ်တစ်တစ်စကားတွေဟာ သူ့ရဲ့အကျင့်ဖြစ်နေပြီမို့ ကိုကိုက သူ့ကိုစူးခနဲကြည့်ကာ နောက်ထပ်ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်သွားတော့၏။
ထို့နောက် စာရွက်စာတမ်းတစ်ချို့ကို အထပ်လိုက်ထုတ်ပေးကာ ဘောပင်န်တစ်ချောင်းကိုပါချပေးပြီး...

"မင်းလက်မှတ်ထိုးရမယ် ငါတို့ဂျပန်တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းကိုချဲ့တော့မှာ နောက်လထဲ ငါဂျပန်ကိုသွားရမယ် အနည်းဆုံး၃လလောက်ကြာမယ် အဲ့ဒီအချိန်ဆို မင်းလည်းကျောင်းပိတ်ပြီမလား ငါနဲ့လိုက်ခဲ့"

"လိုက်ပြီးတော့"

"လိုက်ပြီးအလုပ်ကိစ္စလေ့လာပေါ့ ပြီးတော့ဒါကိုမိသားစုtripလို့ ငါရည်ရွယ်ထားတာ ငါ့ညီရာ.. တစ်ခါတစ်လေတော့လည်း မိသားစုကိုအချိန်ပေးဦးလေ မင်းအပြင်မှာ ကာစီနိုတွေပိုင်တာငါသိတယ် Culbတစ်ခုလည်းဝယ်ထားသေးတယ်ဆို"

"ကားပြိုင်မောင်းလို့နိုင်လာတာ မဝယ်ဘူး"

"ဘယ်လိုနေနေ မင်းပိုင်တာပဲ မင်းဘာသာပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေလည်းရှိနေပြီမလား နည်းနည်းရင့်ကျက်ပါတော့..
မင်း ဒက်ဒီ့ကိုအရွဲ့တိုက်နေမှန်းသိတယ် အဲ့ဒါကိုနည်းနည်းလျှော့ပြီး ဒက်ဒီနဲ့ပြေလည်အောင်နေစမ်းပါကွာ"

"ဒက်ဒီနဲ့ပြေလည်ရင် ကျွန်တော့်ကို Snookerသမား၊ ကာစီနိုပိုင်ရှင်အဖြစ် ဖြစ်ခွင့်ပေးမှာလား"

ဤတွင် ကိုကိုကမျက်နှာပျက်သွားပြီး ချက်ချင်းလည်းပြန်မဖြေနိုင်။
ထို့ကြောင့် သူ ဟက်ခနဲရယ်ချလိုက်ပြီး ဒက်ဒီ့လို တည်ကြည်လေးနက်နေသည့် ကိုကို့မျက်နှာကို စူးစူးကြီးကြည့်နေမိသည်။

ဒက်ဒီနှင့်တူလွန်းပြီး ဒက်ဒီ့ခြေရာကိုအမှီနင်းနိုင်သည့် ကိုကို့ကို သူ ဘယ်တုန်းကမှမနာလိုမဖြစ်ခဲ့သလို ငါ့အစ်ကိုကွဟုလည်း ဂုဏ်မယူခဲ့...
ကိုယ့်အတွက် အဆင်ပြေရာဘဝတွေမှာ ကိုယ့်စိတ်ကိုမြှုပ်နှံထားကြသည့်အတူတူ သူ့မှာမှ ဘာလို့Snookerဖြစ်ခွင့်မရတာလဲ...

"ရပြီ လက်မှတ်ထိုးပြီးပြီ ပြန်တော့မယ်"

"ခစား"

ပြန်ထွက်ခါနီးခြေလှမ်းတို့သည် ကိုကို့ခေါ်သံကြောင့်ရပ်တံ့သွားကာ သူ ပြန်လှည့်ကြည့်တော့ ကိုကိုက ထိုင်ရာမှထလာပြီး သူ့ရှေ့မှာရပ်သည်။
သူက ကိုကို့ထက်အရပ်နည်းနည်းမြင့်ပေမယ့် နှစ်ယောက်ယှဥ်လျှင်တော့ ကိုကိုက ရင့်ကျက်သောလူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။
ကိုယ်နဲ့မတူသော ခမ်းနားထည်ဝါသည့်အရှိန်အဝါဖြင့် သူ လက်လှမ်းမမီသောဘဝတစ်ခုမှာ အခြေကျစွာတည်ရှိနေသူ…

"ဘဏ်ထဲမှာ မင်းအတွက် ငါပိုက်ဆံထည့်ပေးထားတယ်"

"ကျွန်တော့်မှာ သုံးစရာရှိတယ်"

"ရှိလည်းဆောင်ထားပေါ့ မင်းကိုမုန့်ဖိုးပေးတာ ဒက်ဒီ့ပိုက်ဆံမဟုတ်ဘူး"

"သိပါတယ် ကျွန်တော် တအားဝမ်းသာသွားအောင် ထည့်မပြောပါနဲ့ ကျွန်တော်သွားတော့မယ်"

ကိုကို့ကိုလက်ပြနှုတ်ဆက်ကာ ရုံးပေါ်ကပြန်ဆင်းလာတော့မှ စိတ်တွေပေါ့ပါးသွားသလို လက်နှစ်ဖက်ကိုဆန့်တန်းရင်း ခေါင်းကိုပါခါထုတ်ပစ်လိုက်သည်။
ထိုအချိန် ဒက်ဒီ့ရဲ့မန်နေဂျာဦးလေးကြီးက သူ့ကိုကြည့်နေခဲ့သလို သူကလည်း ထိုလူကြီးကို ခပ်စူးစူးပြန်ကြည့်နေမိသည်။
နှစ်ယောက်ကြားအကွာအဝေးဟာ ဘယ်လောက်မှခြားနားမနေ၍ နှုတ်ခမ်းကိုတမင်မဲ့ပြပြီး ခြေလှမ်းကျဲတွေဖြင့် သူ ဆက်လျှောက်လာခဲ့၏။

ကားမောင်းနေရင်း စတီယာရင်ကို လက်တစ်ဖက်တည်းနှင့်ကိုင်ပြီး စီးကရက်သောက်နေမိကာ နီယွန်မီးတွေ စ,လင်းနေပြီဖြစ်သည့် လမ်းမကြီးဟာ အဓိပ္ပါယ်မဲ့နေသလိုခံစားမိသည်။
လမ်းဘေးကိုအကြည့်လွှဲလိုက်ချိန် မီးတွေလင်းနေသည့် Mobileအရောင်းစင်တာတစ်ခုကြောင့် ချက်ချင်းစိတ်ကူးပြောင်းသွားကာ Signalပြပြီး ထိုစင်တာဘက်သို့ ကားကိုကပ်လိုက်သည်။

"မင်္ဂလာပါဗျ ဘာလိုလို့လဲ အစ်ကို"

"Iphone အခုနောက်ဆုံးထွက်ဘာရှိလဲ"

"15 pro maxရှိပါသေးတယ် ဒီဘက်မှာပါ"

အစီအရီတင်ထားသော ဖုန်းတွေသည် Modelစုံ၊ ကာလာစုံရှိတာမို့ မိုးမြေကြိုက်လောက်မည်ထင်သော Natural Titaniumဆိုသည့် ခဲအဖျော့ရောင်အလုံးကို လက်ညှိုးထိုးပြလိုက်သည်။
အများကြီးစစ်မနေတော့ဘဲ ထိုဖုန်းကိုသာ ပါကင်ထုတ်ခိုင်းလိုက်ပြီး စိတ်ထဲမှာတော့ မိုးမြေ၏Miဖုန်းလေးကို ပေါက်ခွဲပစ်ဖို့ တေးမှတ်ထားလိုက်၏။

သဏ္ဍန်လုပ် သရုပ်တူဖို့ဆိုတာ အသေးစိပ်ကအစ ပြုပြင်ပေးဖို့လိုအပ်သည်မလား...

💌💌💌💌💌💌

Graveကအထွက် Mini martမှာအလုပ်တန်းဝင်ခဲ့ရ၍ သူမ ညောင်းနေပြီဖြစ်ကာ အိမ်ကိုပြန်ရောက်လျှင်တော့ ခဏအိပ်ဖို့စိတ်ကူးထားမိသည်။
အိမ်တံခါးကိုဖွင့်တော့ တိတ်ဆိတ်နေကာ နာရီကိုလှမ်းကြည့်တော့ ၈နာရီခွဲတော့မှာမို့ ခစား ကျောင်းသွားပြီဟု အလွယ်မှတ်လိုက်သည်။
ထို့ကြောင့် ဖုန်းကိုထုတ်ကာ ရောက်တတ်ရာရာသီချင်းတစ်ပုဒ်ကိုဖွင့်ပြီး အိမ်ထဲဝင်လာတော့မှ ဧည့်ခန်းဆိုဖာမှာထိုင်နေသော ခစားကိုတွေ့လိုက်ရ၏။

"လန့်လိုက်တာဟယ်"

မိုးမြေ ရင်ဘတ်ကလေးဖိကာ အော်ပစ်လိုက်ပေမယ့် ခစား၏ ဂြိုဟ်ကြည့် ကြည့်နေမှုက ပြောင်းလဲမသွားချေ။
သူ့ပုံစံဟာ ရန်ဖြစ်ခါနီးပုံစံမျိုးမို့ စိတ်ထဲထိတ်ခနဲဖြစ်သွားကာ ဟိုတစ်ခါကလို သူမကိုအတင်းဖက်နမ်းနေမလားဟုလည်း စိုးထိတ်သွားမိသည်။
မိုးမြေသည် ခစားကို မသိမသာကြောက်ရွံ့နေရပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုသတိထားမိလိုက်တော့ တစ်ကိုယ်လုံးတုန်ယင်သွားသလိုပင်...

"မင်းကို ဒရိုင်ဘာက ည ၁၁နာရီမတ်တင်းမှာ လမ်းထိပ်ကိုချခဲ့တယ်လို့ပြောတယ်"

"ငါက.."

"အခုမှပြန်လာရအောင် မင်း ဘာတွေများအလုပ်ရှုပ်နေတာလဲ"

ဟိန်းခနဲအော်လာသည့်အော်သံကြီးအပြင် ဆတ်ခနဲထရပ်လာသောခစားကြောင့် သူမ ကြောက်သွားမိကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်အထိ။
မိုးမြေကို အထင်သေးတတ်သည့်သူဟာ အငှားရည်းစားလိုက်လုပ်​နေပြန်ပြီဟု ထင်မှာမလွဲချေ။

"ငါ အလုပ်လုပ်နေတာ"

"ဘာအလုပ်လဲ ဟိုအငှားရည်းစားအလုပ်ပဲမလား ငါမကြိုက်ဘူးဆိုတာ မသိလို့လား ဘာလဲ"

ထင်ထားသည့်အတိုင်း သူ ပြောထွက်လာပြန်ပြီဖြစ်သည်။
ခစားဟာ ခန့်မှန်းရလွယ်သူဖြစ်ကာ စိတ်ဆတ်တတ်သူ၊ ဒေါသကြီးတတ်သူမှန်း မိုးမြေ တဖြည်းဖြည်းသိလာခဲ့သည်။
သို့သော် စိတ်ထဲဝမ်းနည်းသွားမိသလို ဘာကိုမကျေနပ်မှန်းလည်းမသိဘဲ မိုးမြေ သူ့ကိုစကားပြန်မပြောချင်တော့၍ နှုတ်ဆိတ်နေလိုက်၏။
ထိုအခါမှ သူကပိုဆိုးကာ တောက်တစ်ချက်ခေါက်ပြီး...

"နားညည်းလိုက်တာ ဒီစောက်Phoneက"

ဆိုကာ သီချင်းဖွင့်ထားသည့် မိုးမြေဖုန်းကိုဆွဲယူပြီး ကြမ်းပြင်ဆီသို့ပေါက်ခွဲပစ်သည်။
ခွမ်းခနဲအသံနှင့်အတူ အစိပ်စိပ်အမွှာမွှာကွဲထွက်သွားသော ဖုန်းလေးကို နှမျောတ,သစွာကြည့်ရင်း မိုးမြေ ခစားကိုဆတ်ခနဲမော့ကြည့်လိုက်သည်။

တစ်ဆက်တည်းမှာပင် ခစားရင်ဘတ်ကို ခပ်ပြင်းပြင်းထုရိုက်ပစ်သည့်အခါ ခစားက နာသွားပုံရပြီး မိုးမြေလက်ကိုဖိဆုပ်ပစ်သည်။
လက်ကောက်ဝတ်တစ်ခုလုံးနာကျင်သွားပြီး ကျန်လက်တစ်ဖက်နှင့် သူ့ကိုပါးရိုက်ဖို့ကြိုးစားသည့်အခါ ခစားက ထိုလက်ကိုပါဖမ်းဆုပ်ပစ်၏။

"လူရမ်းကား နင့်ကိုငါမုန်းတယ်သိလား"

"မင်းခံစားချက်ကိုဂရုစိုက်စရာလား မင်းကိုငါပေးထားခဲ့တဲ့ ပိုက်ဆံတွေအများကြီးပဲ ဒီအငှားရည်းစားအလုပ်ကို မလုပ်ရမနေနိုင်လောက်အောင် ဖြစ်နေတာလား မင်းက"

"ငါလုပ်ချင်လို့လုပ်တာ ဘာဖြစ်လဲ"

"မင်းကိုငါ တစ်နှစ်တိတိပိုင်တယ် မိုးမြေ မင်းလုပ်ချင်ရာတွေပဲလုပ်မယ်ဆိုရင် စာချုပ်ပြန်ဖြေမလား ပြော"

"ဖြေမယ် နင့်ကိုလျော်မယ် သူဌေးတစ်ယောက်နဲ့ တစ်ညလောက်သွားအိပ်လိုက်ရင် နင့်အကြွေးလောက်ကတော့.."

"မိုးမြေ"

သူက အလွန်ဒေါသဖြစ်သွားပုံရပြီး မိုးမြေကိုနံရံမှာဖိချုပ်ပစ်ကာ လည်ပင်းကိုဖိညှစ်ထားလိုက်၍ အသက်ရှုကြပ်သွားသည်။
လူသဝာ်တော့မတတ် ခက်ထန်နေသောသူက မိုးမြေကို တကယ်ပဲလည်ပင်းညှစ်တော့မလားဟု ထိုခဏမှာ ကြောက်ရွံ့သွားမိတာတော့အမှန်ဖြစ်သည်။

"မင်းကို ငါစောင့်ရှောက်ပေးနေတာ မင်းက မိသားစုအတွက် အတော်လေးစွန့်စားထားတဲ့မိန်းမမို့လို့..
အဲ့ဒါကြောင့် ငါ့စကားကိုမင်းနားထောင်ရမယ် မင်း ငါ့အရိပ်အောက်မှာရှိနေသ၍ ငါမကြိုက်တာ ဘာမှမလုပ်ရဘူး
မင်းပြောခဲ့ဖူးတယ်မဟုတ်လား မင်းက ငါ့အပိုင်"

"ဘာ!"

"နောက်ထပ် ငါ့ကိုကလန်ကဆန်မလုပ်နဲ့ မင်းဘဝတစ်ခုလုံး ငါမြေလှန်ပစ်လို့ရတယ် နားလည်လား"

ပြောပြီးသည်နှင့် မိုးမြေကိုပြန်လွှတ်ပေးကာ လှည့်ထွက်သွားသည့်သူ့ကြောင့် နေရာမှာပဲ ပုံလျက်ကလေးလဲကျနေခဲ့ပြီး ဝမ်းနည်းကြောက်ရွံ့စိတ်ဖြင့် အီးခနဲငိုချလိုက်မိ၏။
ဒီလိုစောင့်ရှောက်မှုမျိုးကို သူမ ကြောက်မိသည်။
သူနှင့်မပတ်သက်ချင်တော့လောက်အောင်လည်း ရွံ့မုန်းမိကာ တစ်စစီဖြစ်နေသောဖုန်းလေးကိုသာ တစ်ခုချင်းလိုက်ကောက်နေမိသည်။

ဒါလေးကို မိုးမြေ အကြာကြီးပိုက်ဆံစုပြီး ဝယ်ထားခဲ့ရတာ..
သူမို့ခွဲပစ်ရက်တယ်
မုန်းလိုက်တာ နင့်ကို…

💌💌💌💌💌💌

Part 16 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

    
💌 Part - 15 💌
---------------

တစ္ညလံုးဘာလုပ္ေနခဲ့သလဲမသိဘဲ အခုမွအိပ္ေနေသာ ဝူတန္ဂိုဏ္းခ်ဳပ္ႀကီးကိုၾကၫ့္ရင္း စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းကုတ္ပစ္မိသည္။
ေစာင္ပါးေလးႃခံုေပးထားေပမယ့္ ထိုေစာင္ကိုရင္ဘတ္ေပၚမွာသာတင္ထားၿပီး ေျခေထာက္တစ္ဖက္က ဆိုဖာေက်ာမွီေပၚလွမ္းတင္ထား၍ ကားယားႀကီးျဖစ္ေန၏။
သံုးေယာက္ထိုင္ဆိုဖာျဖစ္လင့္ကစား သူ႔အရပ္ႏွင့္မလြတ္ေသာေၾကာင့္ က်န္ေျခေထာက္တစ္ဖက္ ထြက္ေနတာကလည္း ထိုးထိုးေထာင္ေထာင္...

"ခစား နင္အိပ္ခ်င္ရင္ အခန္းထဲသြားအိပ္"

ဟု ႏိႈးေပမယ့္ လႈပ္ေတာင္မလႈပ္တာမို႔ သူမကပဲလက္ေလ်ွာ့လိုက္ရ၏။
ထို႔ေၾကာင့္ သူ႔ကိုပစ္ထားခဲ့ကာ မီးဖိုခန္းဝင္လာခဲ့ၿပီး ထမင္းေပါင္းအိုးအရင္တည္ၿပီး ေရခဲေသတၲာဖြင့္ၾကၫ့္ေတာ့ ၾကက္သားျပားေတြရိွသည္။
ေဈးလည္းမသြားခ်င္ေတာ့၍ ၾကက္သားျပားကိုပဲခ်က္ၿပီး ေနာက္ထပ္ငရုတ္သီးေထာင္းႏွင့္ ခ်ဥ္ေရဟင္းခ်က္ေတာ့မည္ဟု စိတ္ကူးလိုက္သည္။

အားလံုးက်က္ခါနီးမွ ေျခသံၾကားလိုက္၍ လွၫ့္ၾကည့္မိေတာ့ ခစားက ေခါင္းစုတ္ဖြားျဖင့္ ေရခဲေသတၲာကိုဖြင့္ၿပီး ေရဘူးတစ္ဘူးယူေန၏။
ခစားသည္ လူရႈပ္လူေပြဆိုေပမယ့္ အိပ္ယာကႏိုးလာသၫ့္ အခုပံုစံကေတာင္ၾကၫ့္ေကာင္းၿပီး ဘယ္ရႉေထာင့္ကေနၾကၫ့္ၾကၫ့္ သန႔္ျပန႔္လင္းလက္ေနသၫ့္ အဆင္ေလးျဖစ္သည္။

မ်က္ခံုးထူထူေတြက အၿမဲလိုလိုတြန႔္ကုပ္ေနတတ္၍ ဂ်စ္ကန္ကန္ပံုစံထြက္ေနကာ ႏွာတံေပၚသူမို႔ ပိုၿပီးၾကၫ့္ေကာင္းသည္။
အသားအေရာင္ကလည္း အျဖဴလည္းမဟုတ္၊ အဝါလည္းမဟုတ္သလို ေသခ်ာၾကၫ့္ေလ ပိုၿပီးေခ်ာလာမိေလဆိုလ်ွင္ မိုးေျမလြန္မလားမသိ။

"ဟင္းခ်က္ေနတာလား"

"အင္း"

"ငါ့ဖို႔ပါလား ပါလိုက္ပါ ဗိုက္ဆာတယ္"

သူပဲေမး၊ သူပဲဆံုးျဖတ္သြားၿပီး ထမင္းစားစားပဲြမွာ ထိုင္ခံုတစ္လံုးဆဲြၿပီးထိုင္ကာ မိုးေျမကိုေမာ့ၾကၫ့္လာ၍ သားသားကိုေျပးသတိရမိေသးသည္။
ဒင္းဟာလည္း သားသားလို ထိုင္ရာမထဘဲ မိုးေျမကိုသာ ဂ်ီက်တတ္သၫ့္သတၲဝါဆိုးေလးသာျဖစ္၏။
ထို႔ေၾကာင့္ ထမင္းႏွင့္ဟင္းေတြကို ပန္းကန္ေတြႏွင့္ေသခ်ာခူးခပ္ေပးလိုက္ေတာ့ သူက မစားေသးဘဲ ထမင္းဝိုင္းကိုသာ ငူငူႀကီးၾကၫ့္ေနျပန္သည္။

"ဘာလဲ မစားဘူးလား"

"ဆီမထည့္ဘူးလား ဆီမထၫ့္လည္း ဟင္းတစ္ခြက္ျဖစ္တယ္လား"

"ဟမ္!"

"မင္းရဲ့ၾကက္သားခ်က္က ေရေတြနဲ႔"

"ငါမွဆီျပန္ဟင္းမႀကိဳက္တာ ဒီလိုေရစပ္စပ္နဲ႔ပဲ ပိုသေဘာက်တယ္"

သူ႔ပံုစံက ဆီေရာ၊ေရပါ ေရာေထြးေနေသာဟင္းကို မျမင္ဖူးေလာက္သလို စားတတ္ပံုလည္းမရဘဲ အထူးအဆန္းႀကီးလိုၾကၫ့္ေနဆဲျဖစ္သည္။
ဘယ္လိုလူမ်ိဳးမို႔ ဒီလိုဟင္းကိုမေတြ့ဖူးတာလဲ..
အေတြးျဖင့္ မေက်မနပ္ျဖစ္သြားၿပီး ၾကက္သားပန္းကန္ကိုျပန္ယူကာ ေရမက်န္ေတာ့သည္အထိ ျပန္ခ်က္ေပးဖို႔ျပင္လိုက္သည္။
သို႔ေသာ္ ခစားက ဟင္းပန္းကန္ကိုျပန္ဆဲြယူသြားၿပီး ေခါင္းတဆတ္ဆတ္ညိတ္ကာ သူ႔ထမင္းပန္းကန္ထဲသို႔ ခပ္ထၫ့္သည္။

"တကယ္ေျပာတာ အိမ္ကဆီျပန္ပဲခ်က္တာ မစားဖူးေပမယ့္ စားၾကၫ့္မယ္ စိတ္ပ်က္စရာဆီျပန္ဟင္းေတြ စားရတဲ့ေခတ္ကုန္ၿပီလို႔ေတြးၿပီး"

"နင္တို႔ကေဘာ့စိေတြပဲ ဆီျပန္ဟင္းေတြပဲခ်က္မွာေပါ့ ငါတို႔ကဒါမ်ိဳးပဲခ်က္ႏိုင္တာ"

ထိုအခါ ထမင္းစားေနေသာ ခစားလက္ေတြ တံု႔ခနဲျဖစ္သြားကာ မိုးေျမကိုၾကၫ့္လာပံုက ထူးဆန္းေနသလိုပံုစံ။
သို႔ေသာ္ ခဏသာျဖစ္ၿပီး မိုးေျမခ်က္ထားသၫ့္ ၾကက္သားခ်က္၊ ခ်ဥ္ေရကို ငရုတ္သီးေထာင္းႏွင့္ ၿမိန္ေရရွက္ေရစားေန၍ တိတ္တိတ္ကေလး ေက်နပ္သြားမိသည္။

"စပ္တယ္ဟ မိုးေျမ"

"အင္း.. ေရရိွတယ္"

"ေရခဲေရေပး ဒါနဲ႔မရဘူး"

"ကိုယ့္ဘာသာထယူပါလား ငါလည္းထမင္းစားေနတာပဲ တစ္ခုခုဆို ဘာလို႔ငါ့ကိုပဲခိုင္းေနတာလဲ ေျခလက္အေကာင္းႀကီးအတိုင္းရိွေနၿပီးေတာ့"

"ေအးပါကြာ"

အျမင္ကတ္ကတ္ျဖင့္ ေအာ္ေငါက္ပစ္လိုက္ေပမယ့္ တကယ္စပ္ေနပံုရသၫ့္သူက ထိုစကားေလးသာေျပာၿပီး ေရခဲေသတၲာဆီ ခ်က္ခ်င္းထေျပးသြား၏။
မ်က္ေစာင္းေလးခ်ီမိရင္း ထမင္းကိုသာဆက္စားေနေတာ့ ေရႏြေးအိုးႀကီးလို တရႉးရႉးျမည္ေနသၫ့္သူက ေရခဲေရတစ္ဘူးျဖင့္ ျပန္ေရာက္လာသည္။
နဖူးမွာလည္း ခၽြေးစေတြစိုကပ္ေနကာ ဗိုက္ကိုလည္း တဘုတ္ဘုတ္ပုတ္ေနရင္း...

"So good"

ဟု ခ်ီးက်ူးလာသၫ့္အခါမွာေတာ့ ဤသူေဌးသားေလးကို အားက်ရမလား၊ သနားရမလားမသဲကဲြေတာ့ေခ်။
ဘာမဟုတ္သည့္ထမင္းဝိုင္းေလးကို သူ႔ခမ်ာ ၿမိန္ေရရွက္ေရျဖစ္ေနတာမဟုတ္လား…
သူမ ေခါင္းကိုသာ ခါယမ္းပစ္လိုက္မိေတာ့သည္။

💌💌💌💌💌💌

ဒီညေနေတာ့ ကုမၸဏီ၏ရွယ္ယာကိႁစၥဖင့္ မျဖစ္မေန ကိုကိုနဲ႔ေတြ့ရမွာမို႔ ကိုကို႔ရံုးခန္းကိုသာ ဦးတည္ၿပီးတက္လာခဲ့သည္။
ဒီကုမၸဏီမွာ အဘိုးရဲ့ရွယ္ယာက 18%ရိွေနၿပီး ထို18%လံုးကို မင္းခစားနာမည္ျဖင့္ လႊဲထားခဲ့ေသာေၾကာင့္ ကုမၸဏီႏွင့္ဆိုင္ေသာ အတည္ျပဳစရာကိစၥေတြ ရိွလာလ်ွင္ သူလက္မွတ္ထိုးေပးဖို႔လိုအပ္သည္။

ရွယ္ယာရွင္ေတြ၏အစည္းအေဝးေတြ၊ ဒါရိုက္တာအစည္းအေဝးေတြကိုေတာ့ ကိုကိုနဲ႔သာလႊဲထားလိုက္ၿပီး ေက်ာင္းသားဆိုသၫ့္အေၾကာင္းျပခ်က္ျဖင့္ ရံုးတက္စရာလည္းမလိုေခ်။
သို႔ေသာ္ ကိုယ့္လိုမဟုတ္သၫ့္ ကုမၸဏီဝန္ထမ္းေတြက ရည္ရြယ္ခ်က္ကိုယ္စီျဖင့္ သြားလာလႈပ္ရွားေနၾကကာ ေအးေအးေဆးေဆးေလ်ွာက္လာသၫ့္ သူ႔ကို မသိမသာလွမ္းၾကၫ့္ေနၾကသည္။

"ဒုဥကၠဌရဲ့ညီေလ သူတို႔က မတူၾကဘူးေနာ္"

"ေအးေနာ္ ဥကၠဌက ခန႔္ခန႔္ညားညားႀကီးနဲ႔ သူက်ေတာ့ဂ်စ္ကန္ကန္နဲ႔ဆိုးမယ့္ပံုပဲ"

"ဆိုးလိုက္တာမွလက္လန္ပဲ.. ဘယ္သူမွမႏိုင္ဘူး ဥကၠဌႀကီးေတာင္ သူ႔ကိုလႊတ္ထားရတာ"

တီးတိုးေျပာေနၾကသည့္စကားသံေတြေၾကာင့္ သူ ႃပံုးမိသလို ျဖစ္ခ်င္ခဲ့သၫ့္အတိုင္း မင္းခစားဟာ ဒီမိသားစုထဲမွာ သီးျခားခဲြထြက္ေနၿပီမလား...
ကိုကို႔ရံုးခန္းကိုေရာက္ေတာ့ ဧၫ့္သည္ရိွေနေသးေၾကာင္း ကိုကို႔PAကအေၾကာင္းၾကားလာ၍ အျပင္မွာပဲထိုင္ကာ ဖုန္းထုတ္ၿပီးဂိမ္းေဆာ့ရင္း ခဏေစာင့္ေနလိုက္သည္။

"ေက်းဇူးပါ"

"ရပါတယ္ဗ် သြားၿပီေနာ္ ကိုမင္းရာဇ"

"ဟုတ္ကဲ့"

ကိုကိုက ဧၫ့္သည္ေတြကို ေခါင္းညိတ္ႏႈတ္ဆက္ၿပီးမွ ဂိမ္းေဆာ့ေနေသာသူ႔ကို ေတြ့သြားေသာေၾကာင့္ ဖုန္းကိုျပန္သိမ္းကာ ထိုင္ရာမွထလိုက္သည္။
ထို႔ေနာက္ ကိုကို႔ေနာက္က ကပ္လိုက္လာခဲ့သၫ့္အခါ Decorationအလြန္ေကာင္းသၫ့္ ကိုကို႔ရဲ့အမိုက္စားရံုးခန္းႀကီးကို သေဘာက်သြားမိသည္။
ဒုဥကၠဌဆိုေတာ့လည္း ရံုးခန္းက ဟိုတစ္ခါထက္ေတာင္ ပိုၿပီးသားနားလာတာပဲ...

"အိမ္ျပန္မလာဘဲ ဘာလုပ္ေနတာလဲ"

"လာလည္း တစ္ေယာက္မဟုတ္ တစ္ေယာက္နဲ႔စကားမ်ားေနရတာ ကၽြန္ေတာ္က ေအးေအးေဆးေဆးပဲေနခ်င္တာ ဘယ္သူနဲ႔မွ ရန္မျဖစ္ခ်င္ဘူး"

"မင္းကိုက ဂ်စ္ကန္ကန္နဲ႔ရိုင္းေနတာ"

"ကၽြန္ေတာ္ရိုင္းရင္လည္း ရိုင္းတဲ့ေကာင္နဲ႔ တုဖက္ၿပီးရန္မျဖစ္ၾကနဲ႔ေလ ေရွာင္သြားေပါ့ အခုကေရာ ဘာကိစၥတုန္း"

"ခစား.. ငါမင္းအစ္ကိုေနာ္ ကိစၥရိွမွေခၚရမွာလား"

"ေနာက္ဆိုကိစၥရိွမွပဲေခၚ.. ကၽြန္ေတာ္လိုေကာင္က ယဥ္ေက်းတဲ့အသိုင္းအဝိုင္းနဲ႔ သဟဇာတမျဖစ္ဘူး"

ဂ်စ္တစ္တစ္စကားေတြဟာ သူ႔ရဲ့အက်င့္ျဖစ္ေနၿပီမို႔ ကိုကိုက သူ႔ကိုစူးခနဲၾကၫ့္ကာ ေနာက္ထပ္ဘာမွမေျပာေတာ့ဘဲ ႏႈတ္ဆိတ္သြားေတာ့၏။
ထို႔ေနာက္ စာရြက္စာတမ္းတစ္ခ်ိဳ႕ကို အထပ္လိုက္ထုတ္ေပးကာ ေဘာပင္န္တစ္ေခ်ာင္းကိုပါခ်ေပးၿပီး...

"မင္းလက္မွတ္ထိုးရမယ္ ငါတို႔ဂ်ပန္ေတြနဲ႔ ပူးေပါင္းၿပီး လုပ္ငန္းကိုခ်ဲ႔ေတာ့မွာ ေနာက္လထဲ ငါဂ်ပန္ကိုသြားရမယ္ အနည္းဆံုး၃လေလာက္ၾကာမယ္ အဲ့ဒီအခ်ိန္ဆို မင္းလည္းေက်ာင္းပိတ္ၿပီမလား ငါနဲ႔လိုက္ခဲ့"

"လိုက္ၿပီးေတာ့"

"လိုက္ၿပီးအလုပ္ကိစၥေလ့လာေပါ့ ၿပီးေတာ့ဒါကိုမိသားစုtripလို႔ ငါရည္ရြယ္ထားတာ ငါ့ညီရာ.. တစ္ခါတစ္ေလေတာ့လည္း မိသားစုကိုအခ်ိန္ေပးဦးေလ မင္းအျပင္မွာ ကာစီႏိုေတြပိုင္တာငါသိတယ္ Culbတစ္ခုလည္းဝယ္ထားေသးတယ္ဆို"

"ကားၿပိဳင္ေမာင္းလို႔ႏိုင္လာတာ မဝယ္ဘူး"

"ဘယ္လိုေနေန မင္းပိုင္တာပဲ မင္းဘာသာပိုင္ဆိုင္ထားတဲ့ လုပ္ငန္းေတြလည္းရိွေနၿပီမလား နည္းနည္းရင့္က်က္ပါေတာ့..
မင္း ဒက္ဒီ့ကိုအရဲြ႔တိုက္ေနမွန္းသိတယ္ အဲ့ဒါကိုနည္းနည္းေလ်ွာ့ၿပီး ဒက္ဒီနဲ႔ေျပလည္ေအာင္ေနစမ္းပါကြာ"

"ဒက္ဒီနဲ႔ေျပလည္ရင္ ကၽြန္ေတာ့္ကို Snookerသမား၊ ကာစီႏိုပိုင္ရွင္အျဖစ္ ျဖစ္ခြင့္ေပးမွာလား"

ဤတြင္ ကိုကိုကမ်က္ႏွာပ်က္သြားၿပီး ခ်က္ခ်င္းလည္းျပန္မေျဖႏိုင္။
ထို႔ေၾကာင့္ သူ ဟက္ခနဲရယ္ခ်လိုက္ၿပီး ဒက္ဒီ့လို တည္ၾကည္ေလးနက္ေနသၫ့္ ကိုကို႔မ်က္ႏွာကို စူးစူးႀကီးၾကၫ့္ေနမိသည္။

ဒက္ဒီႏွင့္တူလြန္းၿပီး ဒက္ဒီ့ေျခရာကိုအမွီနင္းႏိုင္သည့္ ကိုကို႔ကို သူ ဘယ္တုန္းကမွမနာလိုမျဖစ္ခဲ့သလို ငါ့အစ္ကိုကြဟုလည္း ဂုဏ္မယူခဲ့...
ကိုယ့္အတြက္ အဆင္ေျပရာဘဝေတြမွာ ကိုယ့္စိတ္ကိုၿမွဳပ္ႏွံထားၾကသၫ့္အတူတူ သူ႔မွာမွ ဘာလို႔Snookerျဖစ္ခြင့္မရတာလဲ...

"ရၿပီ လက္မွတ္ထိုးၿပီးၿပီ ျပန္ေတာ့မယ္"

"ခစား"

ျပန္ထြက္ခါနီးေျခလွမ္းတို႔သည္ ကိုကို႔ေခၚသံေၾကာင့္ရပ္တံ့သြားကာ သူ ျပန္လွၫ့္ၾကၫ့္ေတာ့ ကိုကိုက ထိုင္ရာမွထလာၿပီး သူ႔ေရ႔ွမွာရပ္သည္။
သူက ကိုကို႔ထက္အရပ္နည္းနည္းျမင့္ေပမယ့္ ႏွစ္ေယာက္ယွဥ္လ်ွင္ေတာ့ ကိုကိုက ရင့္က်က္ေသာလူႀကီးလူေကာင္းတစ္ေယာက္ျဖစ္သည္။
ကိုယ္နဲ႔မတူေသာ ခမ္းနားထည္ဝါသၫ့္အရိွန္အဝါျဖင့္ သူ လက္လွမ္းမမီေသာဘဝတစ္ခုမွာ အေျခက်စြာတည္ရိွေနသူ…

"ဘဏ္ထဲမွာ မင္းအတြက္ ငါပိုက္ဆံထၫ့္ေပးထားတယ္"

"ကၽြန္ေတာ့္မွာ သံုးစရာရိွတယ္"

"ရိွလည္းေဆာင္ထားေပါ့ မင္းကိုမုန႔္ဖိုးေပးတာ ဒက္ဒီ့ပိုက္ဆံမဟုတ္ဘူး"

"သိပါတယ္ ကၽြန္ေတာ္ တအားဝမ္းသာသြားေအာင္ ထၫ့္မေျပာပါနဲ႔ ကၽြန္ေတာ္သြားေတာ့မယ္"

ကိုကို႔ကိုလက္ျပႏႈတ္ဆက္ကာ ရံုးေပၚကျပန္ဆင္းလာေတာ့မွ စိတ္ေတြေပါ့ပါးသြားသလို လက္ႏွစ္ဖက္ကိုဆန႔္တန္းရင္း ေခါင္းကိုပါခါထုတ္ပစ္လိုက္သည္။
ထိုအခ်ိန္ ဒက္ဒီ့ရဲ့မန္ေနဂ်ာဦးေလးႀကီးက သူ႔ကိုၾကည့္ေနခဲ့သလို သူကလည္း ထိုလူႀကီးကို ခပ္စူးစူးျပန္ၾကၫ့္ေနမိသည္။
ႏွစ္ေယာက္ၾကားအကြာအေဝးဟာ ဘယ္ေလာက္မျွခားနားမေန၍ ႏႈတ္ခမ္းကိုတမင္မဲ့ျပၿပီး ေျခလွမ္းက်ဲေတျြဖင့္ သူ ဆက္ေလ်ွာက္လာခဲ့၏။

ကားေမာင္းေနရင္း စတီယာရင္ကို လက္တစ္ဖက္တည္းႏွင့္ကိုင္ၿပီး စီးကရက္ေသာက္ေနမိကာ နီယြန္မီးေတြ စ,လင္းေနၿပီျဖစ္သည့္ လမ္းမႀကီးဟာ အဓိပၸါယ္မဲ့ေနသလိုခံစားမိသည္။
လမ္းေဘးကိုအၾကၫ့္လႊဲလိုက္ခ်ိန္ မီးေတြလင္းေနသၫ့္ Mobileအေရာင္းစင္တာတစ္ခုေၾကာင့္ ခ်က္ခ်င္းစိတ္ကူးေျပာင္းသြားကာ Signalျပၿပီး ထိုစင္တာဘက္သို႔ ကားကိုကပ္လိုက္သည္။

"မဂၤလာပါဗ် ဘာလိုလို႔လဲ အစ္ကို"

"Iphone အခုေနာက္ဆံုးထြက္ဘာရိွလဲ"

"15 pro maxရိွပါေသးတယ္ ဒီဘက္မွာပါ"

အစီအရီတင္ထားေသာ ဖုန္းေတြသည္ Modelစံု၊ ကာလာစံုရိွတာမို႔ မိုးေျမၾကိဳက္ေလာက္မည္ထင္ေသာ Natural Titaniumဆိုသၫ့္ ခဲအေဖ်ာ့ေရာင္အလံုးကို လက္ၫွိုးထိုးျပလိုက္သည္။
အမ်ားႀကီးစစ္မေနေတာ့ဘဲ ထိုဖုန္းကိုသာ ပါကင္ထုတ္ခိုင္းလိုက္ၿပီး စိတ္ထဲမွာေတာ့ မိုးေျမ၏Miဖုန္းေလးကို ေပါက္ခဲြပစ္ဖို႔ ေတးမွတ္ထားလိုက္၏။

သ႑န္လုပ္ သရုပ္တူဖို႔ဆိုတာ အေသးစိပ္ကအစ ျပဳျပင္ေပးဖို႔လိုအပ္သည္မလား...

💌💌💌💌💌💌

Graveကအထြက္ Mini martမွာအလုပ္တန္းဝင္ခဲ့ရ၍ သူမ ေညာင္းေနၿပီျဖစ္ကာ အိမ္ကိုျပန္ေရာက္လ်ွင္ေတာ့ ခဏအိပ္ဖို႔စိတ္ကူးထားမိသည္။
အိမ္တံခါးကိုဖြင့္ေတာ့ တိတ္ဆိတ္ေနကာ နာရီကိုလွမ္းၾကၫ့္ေတာ့ ၈နာရီခဲြေတာ့မွာမို႔ ခစား ေက်ာင္းသြားၿပီဟု အလြယ္မွတ္လိုက္သည္။
ထို႔ေၾကာင့္ ဖုန္းကိုထုတ္ကာ ေရာက္တတ္ရာရာသီခ်င္းတစ္ပုဒ္ကိုဖြင့္ၿပီး အိမ္ထဲဝင္လာေတာ့မွ ဧၫ့္ခန္းဆိုဖာမွာထိုင္ေနေသာ ခစားကိုေတြ့လိုက္ရ၏။

"လန္႔လိုက္တာဟယ္"

မိုးေျမ ရင္ဘတ္ကေလးဖိကာ ေအာ္ပစ္လိုက္ေပမယ့္ ခစား၏ ၿဂိဳဟ္ၾကၫ့္ ၾကၫ့္ေနမႈက ေျပာင္းလဲမသြားေခ်။
သူ႔ပံုစံဟာ ရန္ျဖစ္ခါနီးပံုစံမ်ိဳးမို႔ စိတ္ထဲထိတ္ခနဲျဖစ္သြားကာ ဟိုတစ္ခါကလို သူမကိုအတင္းဖက္နမ္းေနမလားဟုလည္း စိုးထိတ္သြားမိသည္။
မိုးေျမသည္ ခစားကို မသိမသာေၾကာက္ရြံ႔ေနရၿပီျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကိုသတိထားမိလိုက္ေတာ့ တစ္ကိုယ္လံုးတုန္ယင္သြားသလိုပင္...

"မင္းကို ဒရိုင္ဘာက ည ၁၁နာရီမတ္တင္းမွာ လမ္းထိပ္ကိုခ်ခဲ့တယ္လို႔ေျပာတယ္"

"ငါက.."

"အခုမျွပန္လာရေအာင္ မင္း ဘာေတြမ်ားအလုပ္ရႈပ္ေနတာလဲ"

ဟိန္းခနဲေအာ္လာသည့္ေအာ္သံႀကီးအျပင္ ဆတ္ခနဲထရပ္လာေသာခစားေၾကာင့္ သူမ ေၾကာက္သြားမိကာ ေျခတစ္လွမ္း ေနာက္ဆုတ္လိုက္မိသည္အထိ။
မိုးေျမကို အထင္ေသးတတ္သည့္သူဟာ အငွားရည္းစားလိုက္လုပ္​ေနျပန္ၿပီဟု ထင္မွာမလဲြေခ်။

"ငါ အလုပ္လုပ္ေနတာ"

"ဘာအလုပ္လဲ ဟိုအငွားရည္းစားအလုပ္ပဲမလား ငါမႀကိဳက္ဘူးဆိုတာ မသိလို႔လား ဘာလဲ"

ထင္ထားသၫ့္အတိုင္း သူ ေျပာထြက္လာျပန္ၿပီျဖစ္သည္။
ခစားဟာ ခန႔္မွန္းရလြယ္သူျဖစ္ကာ စိတ္ဆတ္တတ္သူ၊ ေဒါသႀကီးတတ္သူမွန္း မိုးေျမ တျဖည္းျဖည္းသိလာခဲ့သည္။
သို႔ေသာ္ စိတ္ထဲဝမ္းနည္းသြားမိသလို ဘာကိုမေက်နပ္မွန္းလည္းမသိဘဲ မိုးေျမ သူ႔ကိုစကားျပန္မေျပာခ်င္ေတာ့၍ ႏႈတ္ဆိတ္ေနလိုက္၏။
ထိုအခါမွ သူကပိုဆိုးကာ ေတာက္တစ္ခ်က္ေခါက္ၿပီး...

"နားညည္းလိုက္တာ ဒီေစာက္Phoneက"

ဆိုကာ သီခ်င္းဖြင့္ထားသၫ့္ မိုးေျမဖုန္းကိုဆဲြယူၿပီး ၾကမ္းျပင္ဆီသို႔ေပါက္ခဲြပစ္သည္။
ခြမ္းခနဲအသံႏွင့္အတူ အစိပ္စိပ္အမႊာမႊာကဲြထြက္သြားေသာ ဖုန္းေလးကို ႏွေမ်ာတ,သစြာၾကၫ့္ရင္း မိုးေျမ ခစားကိုဆတ္ခနဲေမာ့ၾကၫ့္လိုက္သည္။

တစ္ဆက္တည္းမွာပင္ ခစားရင္ဘတ္ကို ခပ္ျပင္းျပင္းထုရိုက္ပစ္သၫ့္အခါ ခစားက နာသြားပံုရၿပီး မိုးေျမလက္ကိုဖိဆုပ္ပစ္သည္။
လက္ေကာက္ဝတ္တစ္ခုလံုးနာက်င္သြားၿပီး က်န္လက္တစ္ဖက္ႏွင့္ သူ႔ကိုပါးရိုက္ဖို႔ႀကိဳးစားသၫ့္အခါ ခစားက ထိုလက္ကိုပါဖမ္းဆုပ္ပစ္၏။

"လူရမ္းကား နင့္ကိုငါမုန္းတယ္သိလား"

"မင္းခံစားခ်က္ကိုဂရုစိုက္စရာလား မင္းကိုငါေပးထားခဲ့တဲ့ ပိုက္ဆံေတြအမ်ားႀကီးပဲ ဒီအငွားရည္းစားအလုပ္ကို မလုပ္ရမေနႏိုင္ေလာက္ေအာင္ ျဖစ္ေနတာလား မင္းက"

"ငါလုပ္ခ်င္လို႔လုပ္တာ ဘာျဖစ္လဲ"

"မင္းကိုငါ တစ္ႏွစ္တိတိပိုင္တယ္ မိုးေျမ မင္းလုပ္ခ်င္ရာေတြပဲလုပ္မယ္ဆိုရင္ စာခ်ဳပ္ျပန္ေျဖမလား ေျပာ"

"ေျဖမယ္ နင့္ကိုေလ်ာ္မယ္ သူေဌးတစ္ေယာက္နဲ႔ တစ္ညေလာက္သြားအိပ္လိုက္ရင္ နင့္အႂကြေးေလာက္ကေတာ့.."

"မိုးေျမ"

သူက အလြန္ေဒါသျဖစ္သြားပံုရၿပီး မိုးေျမကိုနံရံမွာဖိခ်ဳပ္ပစ္ကာ လည္ပင္းကိုဖိၫွစ္ထားလိုက္၍ အသက္ရႈၾကပ္သြားသည္။
လူသဝာ္ေတာ့မတတ္ ခက္ထန္ေနေသာသူက မိုးေျမကို တကယ္ပဲလည္ပင္းၫွစ္ေတာ့မလားဟု ထိုခဏမွာ ေၾကာက္ရြံ႔သြားမိတာေတာ့အမွန္ျဖစ္သည္။

"မင္းကို ငါေစာင့္ေရွာက္ေပးေနတာ မင္းက မိသားစုအတြက္ အေတာ္ေလးစြန႔္စားထားတဲ့မိန္းမမို႔လို႔..
အဲ့ဒါေၾကာင့္ ငါ့စကားကိုမင္းနားေထာင္ရမယ္ မင္း ငါ့အရိပ္ေအာက္မွာရိွေနသ၍ ငါမႀကိဳက္တာ ဘာမွမလုပ္ရဘူး
မင္းေျပာခဲ့ဖူးတယ္မဟုတ္လား မင္းက ငါ့အပိုင္"

"ဘာ!"

"ေနာက္ထပ္ ငါ့ကိုကလန္ကဆန္မလုပ္နဲ႔ မင္းဘဝတစ္ခုလံုး ငါေျမလွန္ပစ္လို႔ရတယ္ နားလည္လား"

ေျပာၿပီးသည္ႏွင့္ မိုးေျမကိုျပန္လႊတ္ေပးကာ လွၫ့္ထြက္သြားသည့္သူ႔ေၾကာင့္ ေနရာမွာပဲ ပံုလ်က္ကေလးလဲက်ေနခဲ့ၿပီး ဝမ္းနည္းေၾကာက္ရြံ႔စိတ္ျဖင့္ အီးခနဲငိုခ်လိုက္မိ၏။
ဒီလိုေစာင့္ေရွာက္မႈမ်ိဳးကို သူမ ေၾကာက္မိသည္။
သူႏွင့္မပတ္သက္ခ်င္ေတာ့ေလာက္ေအာင္လည္း ရြံ႔မုန္းမိကာ တစ္စစီျဖစ္ေနေသာဖုန္းေလးကိုသာ တစ္ခုခ်င္းလိုက္ေကာက္ေနမိသည္။

ဒါေလးကို မိုးေျမ အၾကာႀကီးပိုက္ဆံစုၿပီး ဝယ္ထားခဲ့ရတာ..
သူမို႔ခဲြပစ္ရက္တယ္
မုန္းလိုက္တာ နင့္ကို…

💌💌💌💌💌💌

Part 16 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997ာ..
သူမို့ခွဲပစ်ရက်တယ်
မုန်းလိုက်တာ နင့်ကို…

💌💌💌💌💌💌

Part 16 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

Continue Reading

You'll Also Like

48.3K 1.2K 14
နှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တ...
60.9K 2K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
66K 1.2K 18
"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"