💌 Part - 13 💌
---------------
"ဘာလိုသေးလဲ"
မေးဆတ်ပြီးမေးလိုက်မိသောကြောင့် ခပ်ကျောကျောဖြစ်သွားပေမယ့် ထိုအစ်ကိုကြီးရဲ့စေတနာကတော့ အဖြူထည်မှန်းသိသာလွန်းလှသည်။
စမြင်ဖူးစကတည်းက ထိုမာကျောခြင်းကို သဘောကျမိခဲ့သလို နောက်ကွယ်မှာတော့ နူးညံ့သောနှလုံးသားတစ်စုံရှိနေ၍ ပိုသဘောကျရပြန်သည်။
ရှေ့မှာချပေးထားသော အထုတ်တွေထဲမှ ပစ္စည်းတစ်ခုချင်းကြည့်ကာ ခေါင်းခါပြလိုက်တော့ ဖေဖေကအားနာစွာပြုံးပြလေ၏။
"မင်းက တကူးတကကြီးကွာ"
"မဟုတ်တာ ကျွန်တော်က မိုးမြေရဲ့အလုပ်ရှင်ပဲ လုပ်ပေးရမယ့်ဝတ္တရားရှိတယ် အဲ့ကလေးမကသာ မာနကြီးပြီး၊ ချေမိုးပြီးတစ်ခွန်းမှမပြောတာ"
"သူကအဲ့အတိုင်းပဲ ကိုကြီးရ"
"အေး.. မင်းကမှ ငါ့အပေါ်ခင်သေးတယ်"
ဆိုကာ သူ့ဆံပင်တွေကိုဆွဲဖွလာတော့ သူ ပြုံးလိုက်မိသည်။
မမဟာ သူ့အပေါ်အကြီးတစ်ယောက်လို၊ အမေတစ်ယောက်လို စောင့်ရှောက်ခဲ့ပေမယ့် လူငယ်ပီပီ စိတ်တူကိုယ်တူ အစ်ကိုတစ်ယောက်တော့လိုချင်မိသေးသည်။
ငွေရှာဖို့မှလွဲပြီး ခေါင်းထဲဘာမှမရှိသော မမကို ချစ်တော့ချစ်ပေမယ့် ဒီအစ်ကိုကြီးကိုလည်း အကြောင်းမဲ့ခင်တွယ်နေမိသည်။
"မင်းကတော့ တကယ်ကံကောင်းတယ် မိုးသား အားလုံးကမင်းကိုချစ်ကြတယ် ဂရုစိုက်ကြတယ် ငါနဲ့များတခြားစီပဲ"
"မမကပြောတယ် အစ်ကိုကသူဌေးသားဆို အဲ့လိုလူမျိုးက ဘယ်လိုအထီးကျန်မှာလဲ တဲ့"
"ကျန်တာပေါ့ကွာ မင်းသိလား တချို့လူတွေဆိုတာပိုက်ဆံရှိလာလေ ပိုကြောက်စရာကောင်းလာလေပဲ ငါကအဲ့လိုလူတွေကြားမှာ ကြီးပြင်းလာတာ မင်းအဖေ၊ မင်းအစ်မ မင်းကိုဂရုစိုက်သလို ငါ့အဖေ၊ ငါ့အစ်ကိုက ငါ့ကိုဂရုစိုက်မယ်ထင်လို့လား
သူတို့ဆီမှာ အသုံးမကျတဲ့ကောင်၊ စောက်ချိုးမပြေတဲ့ကောင်၊ ဘယ်နေရာမှသုံးစားရမှာမဟုတ်ဘူးဆိုတဲ့ စကားတွေပဲ ငါ့အတွက်ရှိတယ်"
"တကယ်လား"
"တကယ်ပါဆို ငါချော်လဲကျသွားရင်တောင် လာထူပေးပြီး ဘာဖြစ်သွားသေးလဲမေးမယ့်အစား လဲမှာပေါ့အသုံးမှမကျတာ ဆိုပြီး မေးငေါ့ကြတာ"
"ဒါကြောင့်မို့ ကိုကြီးခစားက လူမိုက်ကြီးလို နေရာတကာကန့်လန့်တိုက်နေတာလား"
"နေရာတကာတော့မဟုတ်ပါဘူး ဘယ်သူ့အပေါ် ငါဘယ်လိုဆက်ဆံတယ်ဆိုတာ သူတို့ငါ့အပေါ်ဆက်ဆံတဲ့ စောက်ချိုးနဲ့ပဲဆိုင်တယ်"
"Woo.. မိုက်လိုက်တာဗျာ"
အမြဲလိုလို စကားပြောနည်းနည်းရိုင်းပေမယ့် ထိုအစ်ကိုကြီးကို သူချစ်သည်။
ထိုအစ်ကိုကြီး၏ပွင့်လင်းမှုကို သဘောကျသည်။
ထို့ကြောင့် ထိုအစ်ကိုကြီး၏ပခုံးကို ခပ်တင်းတင်းဖိဆုပ်ပစ်လိုက်တော့ အကြည့်စူးစူးတွေက သူ့ဆီရောက်လာ၏။
"ကျွန်တော်လည်း ကိုကြီးခစားလိုရဲရင့်ချင်တယ်"
"ဒါကရဲရင့်တာမဟုတ်ပါဘူးကွာ"
"ဘယ်လိုနေနေ ကိုကြီးစိတ်ထဲရှိတဲ့အတိုင်းနေတာလေ လူအများအမြင်မှာ ရိုင်းသလိုဖြစ်နေပေမယ့် ဒါကအပွင့်လင်းဆုံးနေထိုင်ခြင်းပဲကိုး
ပြောပြဦး.. မမနဲ့ဘယ်လိုတွေ့တာလဲ"
သူ့မေးခွန်းဟာ ကိုကြီးခစားအတွက် လျှို့ဝှက်ချက်ဖြစ်ပုံရပြီိး သူ့ကိုတော့ ပြောပြချင်ဟန်ရှိသည်။
ထို့ကြောင့် ဆံပင်တွေကိုသပ်တင်ရင်း ဖေဖေရှိ၊မရှိ ဘေးဘီကိုတစ်ချက်ဝေ့ကြည့်ကာ…
"ပြောရရင်ကွာ မင်းအစ်မကို လောင်းကြေးနဲ့လိုက်ခိုင်းတာ ငါ့ကို"
"ဟမ်!"
"အေး.. သူ့ကိုလိုက်နိုင်ရင် ငါကပိုက်ဆံတွေအများကြီးရမှာလေ အဲ့ဒါနဲ့ပဲ ငါကမိုးမြေကိုပွင့်ပွင့်လင်းလင်းပြောပြီး၊ သူနဲ့ညှိပြီး ခွဲယူလိုက်တာ ငါလည်းသူ့ကိုမလိမ်ချင်ဘူးလေ သူ့အတွက်လည်းအဆင်ပြေသွားတယ်"
"ဘာဗျ"
"မင်းကလည်း လန့်လိုက်တာကွာ"
"အဲ့ဒါဆို တကယ်အတွဲမဟုတ်ဘူးပေါ့"
"အေး"
သူ တော်တော်ကြီးစိတ်လေသွားရသလို နှမျောတသစိတ်တွေဖြင့် ခေါင်းခါရင်း မိုးမြေကိုလည်း ထုထောင်းပစ်ချင်စိတ်တွေ အလိပ်လိပ်ဖြစ်လာမိသည်။
ဘယ်လောက်ပဲ ငွေလိုနေတယ်ပဲဆိုဆို၊ အခုလို လက်လွှတ်စပယ်တော့ မလုပ်သင့်ဘူးမလား…
အကယ်၍ ဒီနေရညမှာ ကိုကြီးခစားမဟုတ်ဘဲ တခြားကောင်ဖြစ်နေခဲ့ရင်၊ မမ ဘဝဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ…
"မင်းအစ်မကိုစိတ်မဆိုးပါနဲ့ မိုးသား သူက မင်းအတွက် အလုပ်လုပ်နေတာပါ ပြီးတော့ငါ့ကိုလည်းယုံ.. မင်းအစ်မကိုငါစောင့်ရှောက်ပေးမယ်
မိတ်ဆွေတစ်ယောက်လိုရော၊ မိသားစုအပေါ်သိတတ်တဲ့ မိန်းကလေးတစ်ယောက်လိုရော"
လေးလေးပင်ပင်ဖြင့် ခေါင်းကိုသာညိတ်ပြလိုက်မိပေမယ့် သူ ဝမ်းနည်းနေမိသလို မိုးမြေဒီလိုဖြစ်သွားရခြင်းဟာ သူ့ကြောင့်သာဖြစ်သည်။
သူသာ ရောဂါသည်မဟုတ်ဘဲ ကိုကြီးခစားလိုယောကျာ်းမျိုးဖြစ်ခဲ့လျှင် မိုးမြေကို သူကာကွယ်နိုင်မှာ အသေအချာ။
💌💌💌💌💌💌
တိုက်ခန်းဟု အလွယ်ပြောပေမယ့် တကယ်တမ်းက ဈေးကြီးကွန်ဒိုတစ်ခုဖြစ်ကာ လိမ်ပြောပြီးသော့ပေးလိုက်သော ခစားစုတ်ကို ပိုပြီးအမြင်ကတ်မိသည်။
သူ့ရည်းစားအဖြစ် သဏ္ဌာန်လုပ်၊သရုပ်တူဖို့ ဒီလောက်ထိလိုအပ်ရဲ့လား…
အတွေးတွေ ဆက်တိုက်ဝင်လာပေမယ့် ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေးလုပ်ပြီး လိုက်ကာတွေကိုသိမ်းလိုက်တော့ ရှုခင်းက လင်းလင်းချင်းချင်းရှိလှသည်။
၆လွှာမှာမို့ အောက်ကလူတွေလည်း တော်ရုံလောက်နဲ့မြင်ရမှာမဟုတ်…
"မိုးမြေ"
အသံတိုးတိုးနှင့်အတူ တံခါးခေါက်သံကြောင့် ပြန်လှည့်ကြည့်မိကာ တံခါးကိုအပြေးအလွှားသွားဖွင့်တော့ တံခါးဝမှာ အထုတ်အပိုးပေါင်းစုံဖြင့် ခစား၏သူငယ်ချင်းတွေ။
ကြာကြာအံ့ဩချိန်မရလိုက်ဘဲ ထိုသူတွေ၏ တွန်းတိုက်ဝင်လာမှုကို ဖယ်ပေးလိုက်ရကာ သူတို့တွေက ကြမ်းပြင်နေရာလွတ်မှာ ပစ္စည်းတွေကိုချလိုက်ကြ၏။
"ဘာတွေလဲဟင်"
"မီးဖိုချောင်သုံးပစ္စည်းတွေတဲ့ ခစားရယ်လေ သူ မအားလို့တဲ့ ငါတို့ကိုပို့ခိုင်းတာ"
"အဝတ်အစားတွေလည်းပါတယ် Graveကိုလာရင်ဝတ်ဖို့တဲ့ ပြီးတော့ ည၈နာရီကို ဖယ်ရီလွှတ်ပေးမယ်တဲ့"
"ဟာကွာ.. အလေးကြီးသယ်လာရလို့ ဘာတွေများလဲမှတ်တယ် ဒီနားမှာလည်း citymartရှိတာကို မအေဘေးက မုန့်တွေကအစ ဝယ်ထည့်ပေးလိုက်သေးတယ်"
"အေးလေ အကဲကိုပိုပါတယ် ကျက်သတုံး"
အချင်းချင်းပြောရင်း ခစားကို ဆဲဆိုနေကြပေမယ့် သူတို့တွေက ရယ်မောနေကြပြီး ပါလာသောမုန့်နှင့်အအေးဘူးတွေကို ရေခဲသေတ္တာထဲထည့်ပေးကြသည်။
သူတို့ပုံစံက ကိုယ့်အိမ်ကိုယ့်ယာလို ဘာမှအတားအဆီးမရှိသောကြောင့် စိတ်ထဲနည်းနည်းကြောက်မိသလို ဒီလိုပဲအမြဲဝင်ထွက်နေကြမလားမသိ…
"မိုးမြေ ကြည့်ဦး ဘာလိုသေးလဲ"
"ဟို.. မလိုတော့ဘူး ရတယ်"
"အေး.. လိုတာရှိရင် ခစားဆီသာဖုန်းဆက်လိုက်"
"ဟုတ်"
"ငါတို့ကိုလည်းအားနာမနေနဲ့ ငါတို့အုပ်စုထဲ မိန်းကလေးမရှိဘူး အခုတော့ ရှားရှားပါးပါးတစ်ယောက်ရှိပြီဆိုပါစို့"
"ခစားက ရည်းစားတွေအများကြီးလေ ပြီးတော့ အစ်ကိုတို့မှာလည်း ရည်းစားဘာညာ.."
"အဲ့လိုတော့မရှိကြသေးဘူးဟ ခစားက ရည်းစားတော့များပေမယ့် မင်းကလွဲပြီး ဘယ်မိန်းကလေးမှ ဒီလိုထိရေရှည်မဖြစ်သေးဘူး Graveမှာရော သူ့ကွန်ဒိုမှာပါ နေရာရထားမှတော့ မင်းက သူ့အတွက်တစ်ခုခုထူးခြားနေလို့ပေါ့"
"အေးလေ ဒီကောင် ဒီလောက်ထိအရည်ပျော်ကျနေရင် မင်းကိုတကယ်ကြီးကြွေကျနေလို့ပဲ အဲ့ဒါဆို မင်းက သေချာပေါက် ငါတို့အုပ်စုဝင်ဖြစ်သွားပြီ"
မိုးမြေ ဟက်ခနဲရယ်ချလိုက်မိ၏။
သူတို့အမြင်မှာတော့ မိုးမြေဟာ ခစားရဲ့ချစ်သူရည်းစားဖြစ်ပြီး မိုးမြေကိုခိုင်းစားဖို့အတွက် လက်နဂာ်အပြည့်အစုံဆင်ပေးနေသော ခစားက သူမတူအောင်ချစ်တတ်သူကြီးဖြစ်သည်။
သို့သော် ဒါကိုတော့ထုတ်ဖော်မပြောဖြစ်ဘဲ ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်ကာ သူ့သူငယ်ချင်းတွေကိုသာ ကပ်ပေါင်းထားဖို့ စိတ်ကူးလိုက်၏။
Communicationကောင်းခြင်းဟာ အားသာချက်တစ်ခုဖြစ်လာနိုင်သည်ကိုး…
💌💌💌💌💌💌
Snookerခန်းကိုရောက်ကတည်းက ဒုံးခနဲအသံတွေ၊ ခြူသံတွေကြားလိုက်ရပေမယ့် ဒါဟာ အထူးအဆန်းမဟုတ်တော့။
သို့သော် Snookerတစ်ခန်းလုံးမှာမှ တစ်ခုံတည်းကိုသာ လူတွေဝိုင်းနေကြ၍ မျက်မှောင်ကုတ်သွားမိသည်။
သူရောက်လာသည်ကို မြင်လိုက်သော ဝန်ထမ်းကောင်လေးက သူ့အနားသို့ အပြေးအလွှားရောက်လာ၍ ထိုခုံကိုမေးဆတ်ပြလိုက်သည်။
"ကြေးကြီးဝိုင်းပါ အစ်ကိုခစား"
"ဘယ်လောက်တောင်မို့ တခြားခုံတွေကိုပါ ဖျက်ထားတာလဲ"
"တစ်ခန်းလုံးကို ၂နာရီအပြည့်ငှားထားတာပါ အစ်မမိုးမြေနဲ့ပဲ ကစားချင်တယ်ဆိုပြီး"
"Aww"
ငွေသရဲက ဘယ်ဆိုးလို့လဲ…
အတွေးဖြင့်ပြုံးမိတော့ ဝန်ထမ်းလေးက နားမလည်သလိုကြည့်ကာ မိုးမြေနှင့်သာ ကစားချင်ပုံရသည့်လူအပေါ် သူ ပြဿနာရှာမှာစိုးရိမ်နေပုံရသည်။
အေးဆေးနေဖို့ လက်ကာပြလိုက်ရင်း ထိုခုံအနားသို့လျှောက်လာခဲ့တော့ မိုးမြေကိုတွေ့လိုက်ကာ သူမက ရှပ်အင်္ကျီပန်းရောင်အကွက်လေးကို ဂျင်းဘောင်းဘီတိုဖြင့် တွဲဝတ်ထားသည်။
လွတ်လပ်ပေါ့ပါးသော လူငယ်ပုံစံလေးဖြစ်ကာ တစ်ဖက်က သကောင့်သားကတော့ Never Landဖြစ်ခဲ့တုန်းက ပိုင်ရှင်ဖြစ်၏။
"Aww အလှူ့ရှင်ကြီးပါလား"
"အေး.. မင်း,စော် ဘယ်လောက်တော်လဲလို့ လာကြည့်တာ"
"အခုတွေ့ပြီလား"
"မဆိုးပါဘူး"
"အဟွန်း.."
ထိုအချိန်မှာပင် မိုးမြေဆီက ရယ်သံလေးထွက်လာ၍ သူတို့အားလုံး မိုးမြေဆီအကြည့်ရောက်သွား၏။
သူမကတော့ ရောင်စုံအလုံးတွေကို တစ်လုံးချင်းထိုးချနေပြီး ခါးကိုကိုင်းပြီးလက်ထောက်ထားရင်း ပန်းရောင်ဘောလုံးလေးကို ထောင့်ကျင်းသို့ ချိန်နေသည်။
"သူက ၂နာရီလုံး ငါနဲ့ပဲကစားမယ်ဆိုပြီး တစ်ခန်းလုံးငှားလိုက်တာ ခစား နင့်ကိုဒေါသဖြစ်အောင်လုပ်ဖို့လား ငါ့ကို ကြွေအောင်လုပ်ဖို့လားတော့မသိဘူး"
"Woww.. ငါကတော့ ဒေါသမဖြစ်ပါဘူး"
"ဒါဆိုကျန်တဲ့တစ်ခုပေါ့"
ပြောပြောဆိုဆိုထိုးလိုက်သော ထိုးချက်ကြောင့် အဖြူရောင်ထိုးBallလေးသည် ပန်းရောင်အလုံးလေးကိုတိုက်ကာ ကျင်းဝင်သွား၏။
ချွင်ခနဲအသံနှင့်အတူ မိုးမြေက မတ်မတ်ရပ်လိုက်ပြီး ဆံပင်လေးတွေကို ခါထုတ်ပစ်ကာ…
"ပန်းရောင်ဘောလုံးကို ကျင်းဝင်အောင်မထိုးနိုင်မှသာ အဲ့ဒီလူက နှလုံးသားမှာပြဿနာရှိနေတာ မိုးမြေကတော့အေးဆေးပဲ"
ဆိုကာ ကျူတံထိပ်မှာ ချော့ခ်သုတ်နေတာမို့ သူ တကယ်ရယ်မိတော့သည်။
Pink ballအကြောင်းပြောလာမှတော့ မိုးမြေသည် တကယ့်Snookerအစစ်ဖြစ်ပါ၏။
"ငါမင်းကိုတကယ်စိတ်ဝင်စားတယ် မိုးမြေ
မင်းသာ ငါနဲ့အတူတူ အလုပ်တွဲလုပ်ပြီး ငါ့ရဲ့partnerဖြစ်လာရင် မင်းကိုငါဘာမှမခိုင်းဘဲ နုရွနေအောင်ဥထားမိမယ်ထင်တယ်"
သူ ပခုံးတွန့်ပြလိုက်ရင်း Barခုံမှာသွားထိုင်ရင်း ဝီစကီတစ်ခွက်မှာလိုက်ပေမယ့် မိုးမြေဆီက ဘာစကားထွက်လာမလဲဟု နားစွင့်နေမိသည်။
ငွေသရဲမ,ဟာ သူနှင့်မျက်နှာကျောမတည့်သူမို့ သူ့ကိုပလစ်ပြီး ထိုကောင်နောက်ကို ပါချင်ပါသွားနိုင်လောက်သည်။
"ကျေးဇူးပါ ဒါပေမယ့် မိုးမြေ သူနဲ့ကင်းကွာပြီးနေလို့မရဘူး"
ထင်ထားသလိုဖြစ်မလာ၍ သူ သဘောတကျရယ်မိကာ သူမအတွက် စပျစ်ဝိုင်တစ်ခွက်မှာလိုက်ပြီး ထိုနှစ်ယောက်ကိုလှည့်ကြည့်လိုက်မိသည်။
မိုးမြေကို အသေအလဲကြွေကျနေပုံရသည့် ထိုသကောင့်သားက မျက်နှာပျက်သွားကာ…
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်မှာလဲ ငါ့စော်ပါဆိုမှ ငါ့ကိုချစ်လို့ပေါ့ကွ မင်းဟာကလည်း Rollအောက်လိုက်တာကွာ ငါ့နေရာကိုလာပြီးငါ့စော်ကိုဖွန်နေရတယ်လို့
မိုးမြေ ပွဲသိမ်းပစ်လိုက်တော့"
သူ အမြင်ကတ်ကတ်ဖြင့်ပြောလိုက်တော့ သကောင့်သားမျက်နှာကြီး ရဲခနဲဖြစ်သွားပြီး မိုးမြေကလည်း သူ့စကားကို အတိအကျနားထောင်လေသည်။
တစ်ချက်ထိုး နှစ်လုံးဝင်နည်းဖြင့် ကျန်ခဲ့သောဘောလုံးတွေကို အပြီးသတ်ကာ သူ့အနားစွေ့ခနဲရောက်လာ၍ စပျစ်ဝိုင်ခွက်ကို သူမဆီထိုးပေးလိုက်၏။
"မင်း တကယ်တော်တယ်"
"ငါလိုချင်တာကချီးကျူးစကားမဟုတ်ဘူး ခစား"
"အေး.. ငွေပဲ.. ငါသိတယ် ငွေခင်မ.."
"ဒီနေ့ နင်ဝယ်ပေးလိုက်တာတွေက ငါ့လစာနဲ့မဆိုင်ဘူးနော် ငါထိလည်းထိမထားဘူး နင့်ဘာသာပဲစား"
ကြည့်စမ်း.. ဒါလေးတွေကအစ ကပ်တွက်နေလိုက်တာ..
သူ မိုးမြေကို ချဥ်သလိုကြည့်မိပေမယ့် စိတ်ထဲမှာတော့ သူမကိုသနားသွားမိကာ မိုးမြေဟာ သူမအတွက် ဘာကိုမှမစဥ်းစားဘူးမလား..
သူမသည် ငွေကိုရသလောက်ရှာပြီး ထိုငွေတွေဟာ အိမ်ကိုပို့ဖို့တစ်ခုတည်းသာ…
"ငါဝယ်ပေးတာ ဟုတ်ပြီလား ထိချင်ထိလို့ရတယ် ထိရုံမကဘူး မြိုချင်လာရင်လည်းမြိုချလို့ရတယ်"
"ဘယ်လိုကြီးပြောနေတာလဲ နင်က"
"ဘယ်လိုပြောပြော နင်နားလည်ဖို့ပဲလိုတယ် စေတနာသော၊ ဘာသောနားမလည်ဘူး ငွေခင်မ"
သူ တကယ်ပဲ ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲမိပေမယ့် ဒီတစ်ခါတော့ မိုးမြေက စိတ်မဆိုးဘဲ ရယ်နေလေသည်။
တစ်ခါတစ်လေကျတော့လည်း သူနှင့်မိုးမြေသည် ရင်ချင်းဆက်သူငယ်ချင်းတွေလို တစ်ယောက်နဲ့တစ်ယောက် မခွဲမခွာနိုင်သလို
တစ်ခါတစ်လေကျတော့လည်း ရန်သူကြီးတွေလို မျက်မုန်းကျိုးလွန်းလှ၏။
သူမသည် ကိုယ်နဲ့တူလွန်းသောမိန်းကလေးတစ်ယောက်ဖြစ်ကာ
မိုးမြေခစားဆိုသည့် အတွဲညီသော ဘော်ဒါအရင်းအချာကြီးတွေ ဖြစ်မှန်းမသိ၊ ဖြစ်ခဲ့ကြသည်အထိ။
💌💌💌💌💌💌
Part 14 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~
💌 Part - 13 💌
---------------
"ဘာလိုေသးလဲ"
ေမးဆတ္ၿပီးေမးလိုက္မိေသာေၾကာင့္ ခပ္ေက်ာေက်ာျဖစ္သြားေပမယ့္ ထိုအစ္ကိုႀကီးရဲ့ေစတနာကေတာ့ အျဖဴထည္မွန္းသိသာလြန္းလွသည္။
စျမင္ဖူးစကတည္းက ထိုမာေက်ာျခင္းကို သေဘာက်မိခဲ့သလို ေနာက္ကြယ္မွာေတာ့ ႏူးညံ့ေသာႏွလံုးသားတစ္စံုရိွေန၍ ပိုသေဘာက်ရျပန္သည္။
ေရ႔ွမွာခ်ေပးထားေသာ အထုတ္ေတြထဲမွ ပစၥည္းတစ္ခုခ်င္းၾကၫ့္ကာ ေခါင္းခါျပလိုက္ေတာ့ ေဖေဖကအားနာစြာႃပံုးျပေလ၏။
"မင္းက တကူးတကႀကီးကြာ"
"မဟုတ္တာ ကၽြန္ေတာ္က မိုးေျမရဲ့အလုပ္ရွင္ပဲ လုပ္ေပးရမယ့္ဝတၲရားရိွတယ္ အဲ့ကေလးမကသာ မာနႀကီးၿပီး၊ ေခ်မိုးၿပီးတစ္ခြန္းမွမေျပာတာ"
"သူကအဲ့အတိုင္းပဲ ကိုႀကီးရ"
"ေအး.. မင္းကမွ ငါ့အေပၚခင္ေသးတယ္"
ဆိုကာ သူ႔ဆံပင္ေတြကိုဆဲြဖြလာေတာ့ သူ ႃပံုးလိုက္မိသည္။
မမဟာ သူ႔အေပၚအႀကီးတစ္ေယာက္လို၊ အေမတစ္ေယာက္လို ေစာင့္ေရွာက္ခဲ့ေပမယ့္ လူငယ္ပီပီ စိတ္တူကိုယ္တူ အစ္ကိုတစ္ေယာက္ေတာ့လိုခ်င္မိေသးသည္။
ေငြရွာဖို႔မွလဲြၿပီး ေခါင္းထဲဘာမွမရိွေသာ မမကို ခ်စ္ေတာ့ခ်စ္ေပမယ့္ ဒီအစ္ကိုႀကီးကိုလည္း အေၾကာင္းမဲ့ခင္တြယ္ေနမိသည္။
"မင္းကေတာ့ တကယ္ကံေကာင္းတယ္ မိုးသား အားလံုးကမင္းကိုခ်စ္ၾကတယ္ ဂရုစိုက္ၾကတယ္ ငါနဲ႔မ်ားတျခားစီပဲ"
"မမကေျပာတယ္ အစ္ကိုကသူေဌးသားဆို အဲ့လိုလူမ်ိဳးက ဘယ္လိုအထီးက်န္မွာလဲ တဲ့"
"က်န္တာေပါ့ကြာ မင္းသိလား တခ်ိဳ႕လူေတြဆိုတာပိုက္ဆံရိွလာေလ ပိုေၾကာက္စရာေကာင္းလာေလပဲ ငါကအဲ့လိုလူေတြၾကားမွာ ႀကီးျပင္းလာတာ မင္းအေဖ၊ မင္းအစ္မ မင္းကိုဂရုစိုက္သလို ငါ့အေဖ၊ ငါ့အစ္ကိုက ငါ့ကိုဂရုစိုက္မယ္ထင္လို႔လား
သူတို႔ဆီမွာ အသံုးမက်တဲ့ေကာင္၊ ေစာက္ခ်ိဳးမေျပတဲ့ေကာင္၊ ဘယ္ေနရာမွသံုးစားရမွာမဟုတ္ဘူးဆိုတဲ့ စကားေတြပဲ ငါ့အတြက္ရိွတယ္"
"တကယ္လား"
"တကယ္ပါဆို ငါေခ်ာ္လဲက်သြားရင္ေတာင္ လာထူေပးၿပီး ဘာျဖစ္သြားေသးလဲေမးမယ့္အစား လဲမွာေပါ့အသံုးမွမက်တာ ဆိုၿပီး ေမးေငါ့ၾကတာ"
"ဒါေၾကာင့္မို႔ ကိုႀကီးခစားက လူမိုက္ႀကီးလို ေနရာတကာကန႔္လန႔္တိုက္ေနတာလား"
"ေနရာတကာေတာ့မဟုတ္ပါဘူး ဘယ္သူ႔အေပၚ ငါဘယ္လိုဆက္ဆံတယ္ဆိုတာ သူတို႔ငါ့အေပၚဆက္ဆံတဲ့ ေစာက္ခ်ိဳးနဲ႔ပဲဆိုင္တယ္"
"Woo.. မိုက္လိုက္တာဗ်ာ"
အၿမဲလိုလို စကားေျပာနည္းနည္းရိုင္းေပမယ့္ ထိုအစ္ကိုႀကီးကို သူခ်စ္သည္။
ထိုအစ္ကိုႀကီး၏ပြင့္လင္းမႈကို သေဘာက်သည္။
ထို႔ေၾကာင့္ ထိုအစ္ကိုႀကီး၏ပခံုးကို ခပ္တင္းတင္းဖိဆုပ္ပစ္လိုက္ေတာ့ အၾကၫ့္စူးစူးေတြက သူ႔ဆီေရာက္လာ၏။
"ကၽြန္ေတာ္လည္း ကိုႀကီးခစားလိုရဲရင့္ခ်င္တယ္"
"ဒါကရဲရင့္တာမဟုတ္ပါဘူးကြာ"
"ဘယ္လိုေနေန ကိုႀကီးစိတ္ထဲရိွတဲ့အတိုင္းေနတာေလ လူအမ်ားအျမင္မွာ ရိုင္းသလိုျဖစ္ေနေပမယ့္ ဒါကအပြင့္လင္းဆံုးေနထိုင္ျခင္းပဲကိုး
ေျပာျပဦး.. မမနဲ႔ဘယ္လိုေတြ့တာလဲ"
သူ႔ေမးခြန္းဟာ ကိုႀကီးခစားအတြက္ လ်ိႈ႔ဝွက္ခ်က္ျဖစ္ပံုရၿပီိး သူ႔ကိုေတာ့ ေျပာျပခ်င္ဟန္ရိွသည္။
ထို႔ေၾကာင့္ ဆံပင္ေတြကိုသပ္တင္ရင္း ေဖေဖရိွ၊မရိွ ေဘးဘီကိုတစ္ခ်က္ေဝ့ၾကၫ့္ကာ…
"ေျပာရရင္ကြာ မင္းအစ္မကို ေလာင္းေၾကးနဲ႔လိုက္ခိုင္းတာ ငါ့ကို"
"ဟမ္!"
"ေအး.. သူ႔ကိုလိုက္ႏိုင္ရင္ ငါကပိုက္ဆံေတြအမ်ားႀကီးရမွာေလ အဲ့ဒါနဲ႔ပဲ ငါကမိုးေျမကိုပြင့္ပြင့္လင္းလင္းေျပာၿပီး၊ သူနဲ႔ၫွိၿပီး ခဲြယူလိုက္တာ ငါလည္းသူ႔ကိုမလိမ္ခ်င္ဘူးေလ သူ႔အတြက္လည္းအဆင္ေျပသြားတယ္"
"ဘာဗ်"
"မင္းကလည္း လန႔္လိုက္တာကြာ"
"အဲ့ဒါဆို တကယ္အတဲြမဟုတ္ဘူးေပါ့"
"ေအး"
သူ ေတာ္ေတာ္ႀကီးစိတ္ေလသြားရသလို ႏွေမ်ာတသစိတ္ေတျြဖင့္ ေခါင္းခါရင္း မိုးေျမကိုလည္း ထုေထာင္းပစ္ခ်င္စိတ္ေတြ အလိပ္လိပ္ျဖစ္လာမိသည္။
ဘယ္ေလာက္ပဲ ေငြလိုေနတယ္ပဲဆိုဆို၊ အခုလို လက္လႊတ္စပယ္ေတာ့ မလုပ္သင့္ဘူးမလား…
အကယ္၍ ဒီေနရညမွာ ကိုႀကီးခစားမဟုတ္ဘဲ တျခားေကာင္ျဖစ္ေနခဲ့ရင္၊ မမ ဘဝဆံုးသြားခဲ့ရင္ ဘယ္လိုလုပ္မလဲ…
"မင္းအစ္မကိုစိတ္မဆိုးပါနဲ႔ မိုးသား သူက မင္းအတြက္ အလုပ္လုပ္ေနတာပါ ၿပီးေတာ့ငါ့ကိုလည္းယံု.. မင္းအစ္မကိုငါေစာင့္ေရွာက္ေပးမယ္
မိတ္ေဆြတစ္ေယာက္လိုေရာ၊ မိသားစုအေပၚသိတတ္တဲ့ မိန္းကေလးတစ္ေယာက္လိုေရာ"
ေလးေလးပင္ပင္ျဖင့္ ေခါင္းကိုသာညိတ္ျပလိုက္မိေပမယ့္ သူ ဝမ္းနည္းေနမိသလို မိုးေျမဒီလိုျဖစ္သြားရျခင္းဟာ သူ႔ေၾကာင့္သာျဖစ္သည္။
သူသာ ေရာဂါသည္မဟုတ္ဘဲ ကိုႀကီးခစားလိုေယာက်ာ္းမ်ိဳးျဖစ္ခဲ့လ်ွင္ မိုးေျမကို သူကာကြယ္ႏိုင္မွာ အေသအခ်ာ။
💌💌💌💌💌💌
တိုက္ခန္းဟု အလြယ္ေျပာေပမယ့္ တကယ္တမ္းက ေဈးႀကီးကြန္ဒိုတစ္ခုျဖစ္ကာ လိမ္ေျပာၿပီးေသာ့ေပးလိုက္ေသာ ခစားစုတ္ကို ပိုၿပီးအျမင္ကတ္မိသည္။
သူ႔ရည္းစားအျဖစ္ သဏၭာန္လုပ္၊သရုပ္တူဖို႔ ဒီေလာက္ထိလိုအပ္ရဲ့လား…
အေတြးေတြ ဆက္တိုက္ဝင္လာေပမယ့္ ဖုန္စုပ္စက္ျဖင့္ သန႔္ရွင္းေရးလုပ္ၿပီး လိုက္ကာေတြကိုသိမ္းလိုက္ေတာ့ ရႈခင္းက လင္းလင္းခ်င္းခ်င္းရိွလွသည္။
၆လႊာမွာမို႔ ေအာက္ကလူေတြလည္း ေတာ္ရံုေလာက္နဲ႔ျမင္ရမွာမဟုတ္…
"မိုးေျမ"
အသံတိုးတိုးႏွင့္အတူ တံခါးေခါက္သံေၾကာင့္ ျပန္လွၫ့္ၾကၫ့္မိကာ တံခါးကိုအေျပးအလႊားသြားဖြင့္ေတာ့ တံခါးဝမွာ အထုတ္အပိုးေပါင္းစံုျဖင့္ ခစား၏သူငယ္ခ်င္းေတြ။
ၾကာၾကာအံ့ဩခ်ိန္မရလိုက္ဘဲ ထိုသူေတြ၏ တြန္းတိုက္ဝင္လာမႈကို ဖယ္ေပးလိုက္ရကာ သူတို႔ေတြက ၾကမ္းျပင္ေနရာလြတ္မွာ ပစၥည္းေတြကိုခ်လိုက္ၾက၏။
"ဘာေတြလဲဟင္"
"မီးဖိုေခ်ာင္သံုးပစၥည္းေတြတဲ့ ခစားရယ္ေလ သူ မအားလို႔တဲ့ ငါတို႔ကိုပို႔ခိုင္းတာ"
"အဝတ္အစားေတြလည္းပါတယ္ Graveကိုလာရင္ဝတ္ဖို႔တဲ့ ၿပီးေတာ့ ည၈နာရီကို ဖယ္ရီလႊတ္ေပးမယ္တဲ့"
"ဟာကြာ.. အေလးႀကီးသယ္လာရလို႔ ဘာေတြမ်ားလဲမွတ္တယ္ ဒီနားမွာလည္း citymartရိွတာကို မေအေဘးက မုန႔္ေတြကအစ ဝယ္ထၫ့္ေပးလိုက္ေသးတယ္"
"ေအးေလ အကဲကိုပိုပါတယ္ က်က္သတံုး"
အခ်င္းခ်င္းေျပာရင္း ခစားကို ဆဲဆိုေနၾကေပမယ့္ သူတို႔ေတြက ရယ္ေမာေနၾကၿပီး ပါလာေသာမုန႔္ႏွင့္အေအးဘူးေတြကို ေရခဲေသတၲာထဲထၫ့္ေပးၾကသည္။
သူတို႔ပံုစံက ကိုယ့္အိမ္ကိုယ့္ယာလို ဘာမွအတားအဆီးမရိွေသာေၾကာင့္ စိတ္ထဲနည္းနည္းေၾကာက္မိသလို ဒီလိုပဲအၿမဲဝင္ထြက္ေနၾကမလားမသိ…
"မိုးေျမ ၾကၫ့္ဦး ဘာလိုေသးလဲ"
"ဟို.. မလိုေတာ့ဘူး ရတယ္"
"ေအး.. လိုတာရိွရင္ ခစားဆီသာဖုန္းဆက္လိုက္"
"ဟုတ္"
"ငါတို႔ကိုလည္းအားနာမေနနဲ႔ ငါတို႔အုပ္စုထဲ မိန္းကေလးမရိွဘူး အခုေတာ့ ရွားရွားပါးပါးတစ္ေယာက္ရိွၿပီဆိုပါစို႔"
"ခစားက ရည္းစားေတြအမ်ားႀကီးေလ ၿပီးေတာ့ အစ္ကိုတို႔မွာလည္း ရည္းစားဘာညာ.."
"အဲ့လိုေတာ့မရိွၾကေသးဘူးဟ ခစားက ရည္းစားေတာ့မ်ားေပမယ့္ မင္းကလဲြၿပီး ဘယ္မိန္းကေလးမွ ဒီလိုထိေရရွည္မျဖစ္ေသးဘူး Graveမွာေရာ သူ႔ကြန္ဒိုမွာပါ ေနရာရထားမွေတာ့ မင္းက သူ႔အတြက္တစ္ခုခုထူးျခားေနလို႔ေပါ့"
"ေအးေလ ဒီေကာင္ ဒီေလာက္ထိအရည္ေပ်ာ္က်ေနရင္ မင္းကိုတကယ္ႀကီးႂကြေက်ေနလို႔ပဲ အဲ့ဒါဆို မင္းက ေသခ်ာေပါက္ ငါတို႔အုပ္စုဝင္ျဖစ္သြားၿပီ"
မိုးေျမ ဟက္ခနဲရယ္ခ်လိုက္မိ၏။
သူတို႔အျမင္မွာေတာ့ မိုးေျမဟာ ခစားရဲ့ခ်စ္သူရည္းစားျဖစ္ၿပီး မိုးေျမကိုခိုင္းစားဖို႔အတြက္ လက္နဂာ္အျပၫ့္အစံုဆင္ေပးေနေသာ ခစားက သူမတူေအာင္ခ်စ္တတ္သူႀကီးျဖစ္သည္။
သို႔ေသာ္ ဒါကိုေတာ့ထုတ္ေဖာ္မေျပာျဖစ္ဘဲ ေက်ေက်နပ္နပ္ ေခါင္းညိတ္ျပလိုက္ကာ သူ႔သူငယ္ခ်င္းေတြကိုသာ ကပ္ေပါင္းထားဖို႔ စိတ္ကူးလိုက္၏။
Communicationေကာင္းျခင္းဟာ အားသာခ်က္တစ္ခုျဖစ္လာႏိုင္သည္ကိုး…
💌💌💌💌💌💌
Snookerခန္းကိုေရာက္ကတည္းက ဒံုးခနဲအသံေတြ၊ ျခဴသံေတြၾကားလိုက္ရေပမယ့္ ဒါဟာ အထူးအဆန္းမဟုတ္ေတာ့။
သို႔ေသာ္ Snookerတစ္ခန္းလံုးမွာမွ တစ္ခံုတည္းကိုသာ လူေတြဝိုင္းေနၾက၍ မ်က္ေမွာင္ကုတ္သြားမိသည္။
သူေရာက္လာသည္ကို ျမင္လိုက္ေသာ ဝန္ထမ္းေကာင္ေလးက သူ႔အနားသို႔ အေျပးအလႊားေရာက္လာ၍ ထိုခံုကိုေမးဆတ္ျပလိုက္သည္။
"ေၾကးႀကီးဝိုင္းပါ အစ္ကိုခစား"
"ဘယ္ေလာက္ေတာင္မို႔ တျခားခံုေတြကိုပါ ဖ်က္ထားတာလဲ"
"တစ္ခန္းလံုးကို ၂နာရီအျပၫ့္ငွားထားတာပါ အစ္မမိုးေျမနဲ႔ပဲ ကစားခ်င္တယ္ဆိုၿပီး"
"Aww"
ေငြသရဲက ဘယ္ဆိုးလို႔လဲ…
အေတြးျဖင့္ႃပံုးမိေတာ့ ဝန္ထမ္းေလးက နားမလည္သလိုၾကၫ့္ကာ မိုးေျမႏွင့္သာ ကစားခ်င္ပံုရသၫ့္လူအေပၚ သူ ျပႆနာရွာမွာစိုးရိမ္ေနပံုရသည္။
ေအးေဆးေနဖို႔ လက္ကာျပလိုက္ရင္း ထိုခံုအနားသို႔ေလ်ွာက္လာခဲ့ေတာ့ မိုးေျမကိုေတြ့လိုက္ကာ သူမက ရွပ္အက်ႌပန္းေရာင္အကြက္ေလးကို ဂ်င္းေဘာင္းဘီတိုျဖင့္ တဲြဝတ္ထားသည္။
လြတ္လပ္ေပါ့ပါးေသာ လူငယ္ပံုစံေလးျဖစ္ကာ တစ္ဖက္က သေကာင့္သားကေတာ့ Never Landျဖစ္ခဲ့တုန္းက ပိုင္ရွင္ျဖစ္၏။
"Aww အလႉ႔ရွင္ႀကီးပါလား"
"ေအး.. မင္း,ေစာ္ ဘယ္ေလာက္ေတာ္လဲလို႔ လာၾကၫ့္တာ"
"အခုေတြ့ၿပီလား"
"မဆိုးပါဘူး"
"အဟြန္း.."
ထိုအခ်ိန္မွာပင္ မိုးေျမဆီက ရယ္သံေလးထြက္လာ၍ သူတို႔အားလံုး မိုးေျမဆီအၾကၫ့္ေရာက္သြား၏။
သူမကေတာ့ ေရာင္စံုအလံုးေတြကို တစ္လံုးခ်င္းထိုးခ်ေနၿပီး ခါးကိုကိုင္းၿပီးလက္ေထာက္ထားရင္း ပန္းေရာင္ေဘာလံုးေလးကို ေထာင့္က်င္းသို႔ ခ်ိန္ေနသည္။
"သူက ၂နာရီလံုး ငါနဲ႔ပဲကစားမယ္ဆိုၿပီး တစ္ခန္းလံုးငွားလိုက္တာ ခစား နင့္ကိုေဒါသျဖစ္ေအာင္လုပ္ဖို႔လား ငါ့ကို ႂကြေအာင္လုပ္ဖို႔လားေတာ့မသိဘူး"
"Woww.. ငါကေတာ့ ေဒါသမျဖစ္ပါဘူး"
"ဒါဆိုက်န္တဲ့တစ္ခုေပါ့"
ေျပာေျပာဆိုဆိုထိုးလိုက္ေသာ ထိုးခ်က္ေၾကာင့္ အျဖဴေရာင္ထိုးBallေလးသည္ ပန္းေရာင္အလံုးေလးကိုတိုက္ကာ က်င္းဝင္သြား၏။
ခၽြင္ခနဲအသံႏွင့္အတူ မိုးေျမက မတ္မတ္ရပ္လိုက္ၿပီး ဆံပင္ေလးေတြကို ခါထုတ္ပစ္ကာ…
"ပန္းေရာင္ေဘာလံုးကို က်င္းဝင္ေအာင္မထိုးႏိုင္မွသာ အဲ့ဒီလူက ႏွလံုးသားမွာျပႆနာရိွေနတာ မိုးေျမကေတာ့ေအးေဆးပဲ"
ဆိုကာ က်ူတံထိပ္မွာ ေခ်ာ့ခ္သုတ္ေနတာမို႔ သူ တကယ္ရယ္မိေတာ့သည္။
Pink ballအေၾကာင္းေျပာလာမွေတာ့ မိုးေျမသည္ တကယ့္Snookerအစစ္ျဖစ္ပါ၏။
"ငါမင္းကိုတကယ္စိတ္ဝင္စားတယ္ မိုးေျမ
မင္းသာ ငါနဲ႔အတူတူ အလုပ္တဲြလုပ္ၿပီး ငါ့ရဲ့partnerျဖစ္လာရင္ မင္းကိုငါဘာမွမခိုင္းဘဲ ႏုရြေနေအာင္ဥထားမိမယ္ထင္တယ္"
သူ ပခံုးတြန႔္ျပလိုက္ရင္း Barခံုမွာသြားထိုင္ရင္း ဝီစကီတစ္ခြက္မွာလိုက္ေပမယ့္ မိုးေျမဆီက ဘာစကားထြက္လာမလဲဟု နားစြင့္ေနမိသည္။
ေငြသရဲမ,ဟာ သူႏွင့္မ်က္ႏွာေက်ာမတၫ့္သူမို႔ သူ႔ကိုပလစ္ၿပီး ထိုေကာင္ေနာက္ကို ပါခ်င္ပါသြားႏိုင္ေလာက္သည္။
"ေက်းဇူးပါ ဒါေပမယ့္ မိုးေျမ သူနဲ႔ကင္းကြာၿပီးေနလို႔မရဘူး"
ထင္ထားသလိုျဖစ္မလာ၍ သူ သေဘာတက်ရယ္မိကာ သူမအတြက္ စပ်စ္ဝိုင္တစ္ခြက္မွာလိုက္ၿပီး ထိုႏွစ္ေယာက္ကိုလွၫ့္ၾကၫ့္လိုက္မိသည္။
မိုးေျမကို အေသအလဲႂကြေက်ေနပံုရသၫ့္ ထိုသေကာင့္သားက မ်က္ႏွာပ်က္သြားကာ…
"ဘာျဖစ္လို႔လဲ"
"ဘာျဖစ္မွာလဲ ငါ့ေစာ္ပါဆိုမွ ငါ့ကိုခ်စ္လို႔ေပါ့ကြ မင္းဟာကလည္း Rollေအာက္လိုက္တာကြာ ငါ့ေနရာကိုလာၿပီးငါ့ေစာ္ကိုဖြန္ေနရတယ္လို႔
မိုးေျမ ပဲြသိမ္းပစ္လိုက္ေတာ့"
သူ အျမင္ကတ္ကတ္ျဖင့္ေျပာလိုက္ေတာ့ သေကာင့္သားမ်က္ႏွာႀကီး ရဲခနဲျဖစ္သြားၿပီး မိုးေျမကလည္း သူ႔စကားကို အတိအက်နားေထာင္ေလသည္။
တစ္ခ်က္ထိုး ႏွစ္လံုးဝင္နည္းျဖင့္ က်န္ခဲ့ေသာေဘာလံုးေတြကို အၿပီးသတ္ကာ သူ႔အနားေစြ့ခနဲေရာက္လာ၍ စပ်စ္ဝိုင္ခြက္ကို သူမဆီထိုးေပးလိုက္၏။
"မင္း တကယ္ေတာ္တယ္"
"ငါလိုခ်င္တာကခ်ီးက်ူးစကားမဟုတ္ဘူး ခစား"
"ေအး.. ေငြပဲ.. ငါသိတယ္ ေငြခင္မ.."
"ဒီေန့ နင္ဝယ္ေပးလိုက္တာေတြက ငါ့လစာနဲ႔မဆိုင္ဘူးေနာ္ ငါထိလည္းထိမထားဘူး နင့္ဘာသာပဲစား"
ၾကၫ့္စမ္း.. ဒါေလးေတြကအစ ကပ္တြက္ေနလိုက္တာ..
သူ မိုးေျမကို ခ်ဥ္သလိုၾကၫ့္မိေပမယ့္ စိတ္ထဲမွာေတာ့ သူမကိုသနားသြားမိကာ မိုးေျမဟာ သူမအတြက္ ဘာကိုမွမစဥ္းစားဘူးမလား..
သူမသည္ ေငြကိုရသေလာက္ရွာၿပီး ထိုေငြေတြဟာ အိမ္ကိုပို႔ဖို႔တစ္ခုတည္းသာ…
"ငါဝယ္ေပးတာ ဟုတ္ၿပီလား ထိခ်င္ထိလို႔ရတယ္ ထိရံုမကဘူး ၿမိဳခ်င္လာရင္လည္းၿမိဳခ်လို႔ရတယ္"
"ဘယ္လိုႀကီးေျပာေနတာလဲ နင္က"
"ဘယ္လိုေျပာေျပာ နင္နားလည္ဖို႔ပဲလိုတယ္ ေစတနာေသာ၊ ဘာေသာနားမလည္ဘူး ေငြခင္မ"
သူ တကယ္ပဲ ပ်စ္ပ်စ္ႏွစ္ႏွစ္က်ိန္ဆဲမိေပမယ့္ ဒီတစ္ခါေတာ့ မိုးေျမက စိတ္မဆိုးဘဲ ရယ္ေနေလသည္။
တစ္ခါတစ္ေလက်ေတာ့လည္း သူႏွင့္မိုးေျမသည္ ရင္ခ်င္းဆက္သူငယ္ခ်င္းေတြလို တစ္ေယာက္နဲ႔တစ္ေယာက္ မခဲြမခြာႏိုင္သလို
တစ္ခါတစ္ေလက်ေတာ့လည္း ရန္သူႀကီးေတြလို မ်က္မုန္းက်ိဳးလြန္းလွ၏။
သူမသည္ ကိုယ္နဲ႔တူလြန္းေသာမိန္းကေလးတစ္ေယာက္ျဖစ္ကာ
မိုးေျမခစားဆိုသၫ့္ အတဲြညီေသာ ေဘာ္ဒါအရင္းအခ်ာႀကီးေတြ ျဖစ္မွန္းမသိ၊ ျဖစ္ခဲ့ၾကသည္အထိ။
💌💌💌💌💌💌
Part 14 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997