မိုးမြေခစား

Galing kay SummerMaung

569K 21.4K 827

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... Higit pa

Intro
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

11

7.1K 272 8
Galing kay SummerMaung

💌 Part - 11 💌
---------------

"အဲ့ဒီအစ်ကိုကြီးနဲ့က တကယ်တွဲနေတာလား"

သားသားရဲ့မေးခွန်းကြောင့် မိုးမြေ ခဏငြိမ်သွားမိကာ သားသားကိုအကဲခတ်မိတော့ ငြင်းဆန်ကန့်ကွက်လိုဟန်မရှိချေ။
ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် ခစားကိုခင်တွယ်နေပုံလေးက အထင်းသားမို့ သားသားရဲ့ပါးလေးကို ဖွဖွလေးဆွဲဖဲ့ရင်း ပြုံးပြလိုက်သည်။

"ဆိုပါတော့"

"ညဆို ငါ သူနဲ့Gameအတူတူဆော့ဖြစ်တယ်"

"သားသား နင့်မျက်လုံးတွေ သိပ်မကောင်းတော့ဘူးနော် ဘာလို့ဂိမ်းဆော့နေသေးတာလဲ"

"ကောင်းတုန်းလေးဆော့ရတာ"

"ငါလုပ်သဝာ်မိတော့မယ်"

မိုးမြေလက်ရွယ်တော့ သားသားကရယ်ကျဲကျဲနှင့် လက်ကာပြီးရှောင်တိမ်းတာမို့ စိတ်ဆိုးပြသည့်အနေဖြင့် နှုတ်ခမ်းကိုဖိကိုက်ပစ်လိုက်မိသည်။
မွေးရာပါဆီးချိုရောဂါရှိသော သားသားဟာ အမြဲလိုလို ဆေးရုံတက်နေရပြီး သူ့အတွက် ကုန်ကျစားရိတ်ဟာ မနည်းမနော..

"ရှင်က အဖေမဖြစ်သင့်တဲ့သူ.. သိလား ဦးမိုးမြင့်"

အမေက ဖေဖေနဲ့ရန်ဖြစ်တိုင်း ထိုသို့ပြောနေကျဖြစ်ကာ Snookerဝါသနာပါသောဖေဖေက ငွေရှာဖို့ကိုလည်းစိတ်ကူးထဲမရှိ။
သက်သာသလိုသာနေပြီး မိုးမြေတို့သားအမိတွေကို မျက်ကွယ်ပြုထားခဲ့သောနှစ်တွေ မနည်းမနောဖြစ်၏။
သားသား၏ရောဂါအကြောင်းကို လုံးစေ့ပတ်စေ့သိရတော့မှ နောင်တရသွားသည့်အဖေသည် အရင်ကလောက် လူပေါ်လူဇော်မလုပ်တော့ပေမယ့် လက်ကြောတင်းသည်လည်းမဟုတ်ပြန်။

"ထမင်းချက်ထားတယ် အကြော်လေးနဲ့စားလိုက်တော့ အမေဆေးရုံသွားရဦးမှာ"

ဆိုသည့်နေ့တွေ မနည်းမနောဖြစ်ပေမယ့် ဖေဖေသည် Snookerကိုတော့မစွန့်လွှတ်ခဲ့။
အမေ့လုပ်စာတစ်ခုတည်းဖြင့် မိုးမြေကျောင်းတက်ခဲ့ရပြီး Snookerကစားရင်းဖေဖေရှာသမျှကတော့ သားသားရဲ့ဆေးဖိုးလောက်ငှရုံသာဖြစ်သည်။
တစ်ခါတစ်လေ ဖေဖေ့ရဲ့ချိန်းပွဲတွေကြောင့် ကျူခုံအထိလိုက်ခေါ်ရရင်း မိုးမြေ ကျူခုံမှာအိပ်ပျော်သွားခဲ့သည့်အချိန်တွေတောင် ရှိခဲ့သေးသည်။

"သမီးစိတ်ဝင်စားရင် ဖေဖေသင်ပေးမယ် Snookerတစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီအရွယ်လေးကတည်းက လေ့ကျင့်ထားမှ"

"အံ့ဩပါ့ ကျူသမားတစ်ယောက်တည်းနဲ့တောင် ကျွန်မမှာ ခါးချိအောင်လုပ်ကျွေးနေရတာ နှစ်ယောက်သာဆို"

"အကောင်းမြင်စမ်းပါ ငါ့မိန်းမရာ ငါ့သမီးသာ Snookerဖြစ်သွားရင် နှစ်ယောက်စာဝင်ငွေဖြစ်သွားပြီလေ"

"ဟုတ်ပ ရှင်ရှာတဲ့ငွေက သုံးမကုန်ဖြုန်းမကုန်ဆိုတော့"

ထိုသို့ အမေဆူဆဲနေသည့်ကြားမှ မိုးမြေသည် ဖေဖေ့ရဲ့စားကျက်ဖြစ်သော ကျူခုံတွေကြားမှာ အရွယ်ရောက်ခဲ့ရသည်။
လူပေါင်းစုံနှင့်ထိတွေ့ဆက်ဆံပြီးမှ သိလာသည့်အရာက ဤလောကဤပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ဖို့ အရေးအကြီးဆုံးအရာသည် 'ငွေ'…

"မဆိုးဘူး မမ ငါတော့ အဲ့ဒီအစ်ကိုကြီးကိုသဘောကျတယ် ငါ့အတွက်အစ်ကိုတစ်ယောက်လိုပဲ"

"အံမယ် ညွှန်းလိုက်တာ ပြောပါဦး ဘယ်နေရာမှာများ အစ်ကိုလိုဖြစ်သွားတာလဲ"

"ဒီမှာလေ"

ဆို၍ ဖိနပ်ဘူးလေးကိုမြှောက်ပြတော့ မိုးမြေအံ့ဩသွားမိသည်။
ခစား ဘယ်အချိန်က လာသွားလို့လဲဆိုသည့်အတွေးက ခေါင်းထဲချက်ချင်းရောက်လာကာ သားသားဆီမှာ သူ အမြဲတမ်း ဝင်ထွက်နေကျလား..

"သူကပြောတယ် သူ့ကို ငါ့လိုဂရုစိုက်ပေးမယ့်သူမရှိခဲ့ဘူးတဲ့ အစ်ကိုတစ်ယောက်လိုပဲ သဘောထားဆိုပြီး"

"သူက သူဌေးသားနော် ဂရုစိုက်မယ့်သူတွေ ပေါသီနေမှာပါ အဲ့လိုစကားတွေနင်ကယုံတယ်လား"

"ယုံနေသလိုပဲ"

"ဖိနပ်ဝယ်ပေးတာနဲ့ပဲ ယုံသွားတာ နင်က"

"အဲ့လိုမဟုတ်ပါဘူး"

"မဟုတ်ရင်ငြိမ်ငြိမ်လေးနေလိုက်တော့ သားသား မင်းခစားက လူတစ်ယောက် သူ့အပေါ်ချစ်လာအောင် ဘယ်လိုကြိုးကိုင်ရမလဲဆိုတာ အကျွမ်းကျင်ဆုံးပဲ"

"နင်ကရော"

ထင်မှတ်မထားသောမေးခွန်းကြောင့် မိုးမြေပခုံးတွန့်ပြီး ခေါင်းခါပြလိုက်သည်။
ထိုအချိန် ဖေဖေက ဆရာဝန်တစ်ယောက်နှင့်စကားပြောနေလျက် မိုးမြေတို့ဘက်ကိုလျှောက်လာပြီး ဆရာဝန်က လက်ထဲကဖိုင်ကိုကြည့်ပြီးခေါင်းညိတ်နေ၏။
ဆေးရုံကဆင်းရတော့မှာမို့ လိုအပ်သည်တို့ကိုစစ်ဆေးနေတော့ သားသားမျက်နှာလေးက စိတ်ပေါ့ပါးနေသလိုပြုံးရယ်နေခဲ့သည်။
သို့သော် သားသားရဲ့အခြေအနေဟာ နည်းနည်းဆိုးနေခဲ့ပြီမဟုတ်လား…

"ဆရာမှာထားတာကိုမမေ့နဲ့နော် သမီး မိုးသားက ဆေးပြတ်လို့မရဘူး အချိုကိုဒီ့ထက်လျှော့ဖို့လိုမယ် ပြီးတော့ သူ့ရဲ့အမြင်အာရုံက တဖြည်းဖြည်းထိခိုက်လာတော့မှာ သမီးတို့ရော မိုးသားရော ဒါကိုပြင်ဆင်ထားဖို့လိုတယ်"

မိုးမြေ သက်ပြင်းလေးချရင်း ခေါင်းကိုညိတ်ပြကာ ကားငှားနေသောသားသားနဲ့ဖေဖေ့ကိုသာ ခိုးကြည့်လိုက်မိသည်။
ကုလို့ရသည့်​ရာဂါဆို အမြစ်ပြတ်သည်အထိ ကုပေးလိုက်ချင်ပေမယ့် သားသားရဲ့ရောဂါက ဘယ်အချိန်မှ၊ ဘယ်လိုကုလို့မှ ပျောက်သွားမှာမဟုတ်…

ငွေ…
မိုးမြေအတွက်အဓိက,က ငွေသာဖြစ်ပြီး သားသားရှိနေချိန်မှာ သားသားရဲ့ဘဝပြည့်စုံဖို့..
သားသားစားချင်တာစားရဖို့၊ သူ့ရဲ့ဆေးတွေမပြတ်စေဖို့ အလိုအပ်ဆုံးအရာဟာ ငွေ…

💌💌💌💌💌💌

"သွားတော့မယ်"

ဆိုသည့် ချိုအီအီအသံနှင့်အတူ ကားတစ်စီးအနားက ခွာဖို့ပြင်နေသောမိုးမြေကြောင့် မျက်မှောင်ကုတ်သွားမိကာ နာရီကိုမြှောက်ကြည့်လိုက်သည်။
သူမရဲ့အလုပ်ချိန်ကိုရောက်ဖို့ မိနစ်ပိုင်းသာလိုတော့တာမို့ ဒါဟာ အလုပ်လာခြင်းဖြစ်လောက်ပြီး ဘယ်သူ့ကားပေါ်ကဆင်းလာသလဲ…

"မိုးမြေ ဒီကိုလာဦး"

ကာစီနိုထဲဝင်ဖို့ပြင်နေသောသူမသည် သူ့ခေါ်သံကြောင့် မျက်နှာလေးလှည့်လာကာ ချက်ချင်းအနားကိုရောက်လာသည်။
သူ့လက်မောင်းကိုလှမ်းဖက်လိုက်တော့ မိုးမြေဆင်းလာသည့်ကားပေါ်က တစ်စုံတစ်ယောက်ကလည်း ဒါကိုတွေ့လိုက်မည်ထင်၏။

"မင်းကို ဘယ်သူလိုက်ပို့တာလဲ"

"အလုပ်ရှင်တစ်ယောက်ပါ"

"ဘယ်ကအလုပ်ရှင်လဲ မင်းအငှားရည်းစားလိုက်နေပြန်ပြီလား"

"အင်းလေ ဘာဖြစ်လို့လဲ"

"ငါ့ရည်းစားဖြစ်နေတာပဲ မင်းအနေအထိုင်ဆင်ခြင်စမ်းပါ မင်းကိုငါလစာလည်းပေးထားတယ် လိုအပ်ရင်လိုအပ်သလို.."

"ငါလိုအပ်သလောက် နင့်ဆီမှာလက်ဖဝါးဖြန့်ရမှာလား နင့်ကိုငါအဲ့လောက်အားမကိုးဘူး ခစား ငါဒီအလုပ်ကိုလုပ်လာတာ နင်နဲ့မတွေ့ခင်ကတည်းက"

"အဲ့တော့ဘာဖြစ်လဲ အခုနင်ကငါ့စော်"

"နင့်စော်ဖြစ်နေတိုင်း နေရာတကာမှာ မဏ္ဍပ်တိုင်တက်မပြစမ်းနဲ့ ငါလုပ်နေသမျှ နင့်ကိုထိခိုက်တာမရှိဘူးဆိုရင် နင့်ပါးစပ်ပိတ်ထားသင့်တယ်"

"ဘာ!"

ကျောလွန်းသော မိုးမြေစကားကြောင့် ဒေါသတွေချက်ချင်းဖြစ်သွားကာ လှလှပပပြင်ဆင်ထားသောထိုမျက်နှာကို စေ့စေ့ကြည့်ရင်း ရိုဂာ်ပစ်ချင်စိတ်ကတားဆီးမရ။
မိုးသားအတွက်ဆေးဖိုး၊ တစ်မိသားစုလုံးရဲ့စားဝတ်နေရေးဟာ မိုးမြေရဲ့ခေါင်းပေါ်မှာမို့ သူမဒီလိုတွေကြိုးစားနေမှန်းသိသည်။
ဒါကြောင့်လည်း သူမကိုပိုက်ဆံပေးတိုင်း ပိုပေးဖြစ်ခဲ့ခြင်းဖြစ်ကာ ဒီအငှားရည်းစားက မဖြစ်မနေလုပ်ရမည့်အလုပ်လား…

"ဟုတ်တယ် နင်နဲ့ငါက စာချုပ်ထဲမှာပဲတွဲဖြစ်တာပါ လက်တွေ့မှာ နင်ငါ့ကိုချုပ်ချယ်ပိုင်ခွင့်မရှိဘူး ငါ့လွတ်လပ်ခွင့်နဲ့ငါ"

"အဲ့ဒီလွတ်လပ်ခွင့်ကို ငါလည်းချုပ်ကိုင်လို့ရတယ် နင်စာချုပ်ကိုသေချာမဖတ်ဘူးလား"

"ဘယ်လို!"

"နင်က တစ်နှစ်တိတိငါ့ရဲ့ဝန်ထမ်း၊ ငါ့ရဲ့ရည်းစားပဲ အဲ့ဒီတစ်နှစ်လုံး ငါ့သိက္ခာကိုထိပါးနိုင်တဲ့ ဘယ်ဖြစ်ရပ်မျိုးကိုမဆို ငါ့မှာတားဆီးခွင့်ရှိတယ်"

ပိုင်နိုင်စွာပြောလိုက်သော သူ့စကားအဆုံးမှာ မိုးမြေမျက်နှာပျက်သွားပြီး ဖက်ထားသည့်လက်ကိုလည်း ချက်ချင်းဖြုတ်ချသွား၏။
မင်းခစားဆိုတာ သာမာန်ညောင်ညမိန်းမမျိုးတွေကို မတွဲတတ်သလို သူ့ရည်းစားဟု နာမည်ကြီးထားသော မိုးမြေဟာလည်း ယောကျာ်းတကာနဲ့တွဲသွားတာမျိုး မရှိရ။
အတ္တကြီးသည်ပဲဆိုဆို သူလိုချင်သည့်အချက်သည် သဏ္ဍာန်လုပ်သရုပ်တူဖြစ်ရမည့် ဤအချက်သာဖြစ်သည်။

"နင် ညစ်တာ"

"စာချုပ်မှာလက်မှတ်မထိုးခင်ကတည်းက နင်သေသေချာချာဖတ်သင့်တာ အဟွန်း.. အခု နင် ယောကျာ်းတကာနဲ့တွဲသွားနေတာ ငါ့သိက္ခာကိုထိခိုက်တယ် အဲ့လိုမိန်းမမျိုးကို ငါမတွဲဘူးဆိုတာလည်း တလောကလုံးသိတယ် ဒါကြောင့်မို့ မင်းခြေငြိမ်စမ်းပါ"

အနိုင်ပိုင်းပြောပစ်ခဲ့ပြီး လှေကားတွေအတိုင်း အပေါ်ထပ်ကိုတက်လာခဲ့ကာ Snookerခန်းမှာ သူ့အတွက် စားပွဲတစ်ခုပြင်ခိုင်းလိုက်သည်။
နေသွေးနှင့် တိမ်တိုက်တို့ကို ဒီညကစားဖို့ပြောထားခဲ့၍ ထိုကောင်တွေရောက်မလာခင် တစ်ပွဲလောက်အရင်ကစားဖို့ စိတ်ကူးကအလိုလိုဖြစ်လာသည်။
သို့သော်…

"ခစား"

ဆိုသည့်အသံကြောင့် လှည့်ကြည့်မိတော့ Designerမလေးနှင့် ပြတ်ပြီးနောက် အခုတလောလိုက်နေသည့်ကောင်မလေးဖြစ်သည်။

"ဟန်နေ"

"အင်း ခစားကို ဒီမှာတွေ့မယ်လို့ထင်မထားဘူး တို့နဲ့sky barကိုလိုက်ခဲ့မလား"

"မကြာဘူးဆိုရင်တော့ရတယ် ကိုယ်ဒီမှာ ဟိုကောင်တွေနဲ့ချိန်းထားလို့"

"မကြာပါဘူး တို့တစ်ယောက်တည်းဖြစ်နေလို့ပါ"

သူ ခေါင်းညိတ်ပြလိုက်ပြီး ကျူခုံအနားကပြန်ထွက်ဖို့ပြင်တော့ အခန်းထဲဝင်လာသောမိုးမြေနှင့် ပက်ပင်းကြီးတိုးတော့၏။
မိုးမြေက သူ့ကိုကြည့်လိုက်၊ ဟန်နေ့ကိုကြည့်လိုက်ဖြင့် ပါးစောင်လေးမှာအရိုးလေးထင်းသွား၍ မသိမသာအံကြိတ်နေမှန်း သိလိုက်သည်။
သို့သော် သူ တမင်မသိဟန်ဆောင်ရင်း ဟန်နေ့ကိုသာအာရုံအပြည့်ထားဟန်ဖြင့် ပြန်အရွဲ့တိုက်ပြလိုက်ကာ sky barရှိရာဆီကိုသာ တက်လာခဲ့၏။

Grave skybarသည် အေးအေးလူလူထိုင်လို့ရသော Barတစ်ခုဖြစ်ပြီး Roofမှာနေရာအပြည့်ချထားတာမို့ မြို့ပြ၏ညခင်းအလှကို အပြည့်အဝခံစားနိုင်သည်။
Cocktailအစုံအလင်လည်းရသလို bandတစ်ခုလည်း ငှားပေးသောကြောင့် သီချင်းဆိုချင်လျှင်လည်း ဆိုခွင့်ပေးထား၏။

"တို့က Martiniသောက်မယ် ခစားကရော"

"Mojito"

"အဟွန်း.."

ဟန်နေက ရယ်သံချိုချိုလေးဖြင့် bandဆီကိုအကြည့်ရောက်သွားတော့ ဒီအထာကို နောကြေနေသည့်သူက အရင်စကားစလိုက်သည်။

"အခုသီချင်းလေးလည်း နားထောင်လို့ကောင်းတယ်မလား"

"တို့ကRockတွေကို သိပ်မခံစားတတ်ဘူး"

"မင်းသိဖို့ကောင်းတယ်သီချင်းက မိန်းကလေးတွေလည်း ကြိုက်ကြပါတယ် ကြားဖူးတယ်မလား
🎵မင်းသိဖို့ကောင်းတယ် 🎶စွဲမိတဲ့မင်းရဲ့အပြုံးလေးတွေ..🎼"

သူ ထိုသီချင်းကို ကိုယ်နေဟန်ထားဖြင့်လိုက်ဆိုပြသည့်အခါ ဟန်နေက ရယ်သံသဲ့သဲ့လေးဖြင့် သူ့ရင်ဘတ်ကိုဘုတ်ခနဲလှမ်းထုလေ၏။
ဟန်နေကလည်း မခေသောနာမည်ကျော်မိန်းကလေးပဲမို့ သူသည် ထိုလက်ကလေးကို ရင်ဘတ်ပေါ်မှဆွဲယူကာ ခပ်ဖွဖွလေးဆုပ်ကိုင်ထားလိုက်သည်။

"ယူ အရမ်းဆိုးတာပဲ"

"ချစ်လို့ဆိုးတာပါ မင်းငြိုငြင်ရက်လို့လား"

"ဟင့်အင်း"

တစ်ယောက်ကိုတစ်ယောက် ကြည်ကြည်နူးနူးစိုက်ကြည့်နေမိရင်းမှ သူ တစ်ချက်ပြုံးကာ ဟန်နေ့လက်ဖမိုးလေးကို နှုတ်ခမ်းနှင့်ထိကပ်နမ်းပစ်လိုက်သည်။
ဟန်နေ့ရဲ့ရှက်ပြုံးလေးက သူ့အတွက်တော့ အပျင်းပြေသီချင်းတစ်ပုဒ် နားထောင်ရသလို ရင်ခုန်စွာစီးမျောချင်စရာအပြည့်…

"Martini နဲ့ Mojitoရပါပြီ"

Waiterက cocktailနှစ်ခွက်လာချပေးသွားတော့ သူက ဟန်နေ့လက်ကလေးကိုမလွှတ်ဘဲ Martiniခွက်ကို သူမဘက်တွန်းပို့လိုက်သည်။
ထိုအချိန် တီးဝိုင်းဆီက ကမ္ဘာကျော် Señoritaသီချင်းသံထွက်လာကာ barထဲကယောကျာ်းလေးအားလုံးလိုလို၏အကြည့်က စတိတ်စင်ပေါ်သို့ရောက်သွားကြသည်။
သူကတော့ ဟန်နေ့ရှေ့မှာ အမှတ်ယူချင်၍ လှည့်မကြည့်ဖြစ်…

"ကောင်မလေးတော်တော်လှတယ်"

"ဟန်နေ့လောက်လှမယ်မထင်ဘူး"

"စောစောကတွေ့ခဲ့ရတဲ့ ကောင်မလေးထင်တယ်"

မိုးမြေလား…
မိုးမြေဖြစ်နေလည်း ဘာဖြစ်လဲ..
ဂျစ်ကန်ကန်အတွေးဖြင့် သူ လှည့်မကြည့်ဘဲနေလိုက်တော့ စင်မြင့်ထက်မှ သီချင်းသံသည် သူ့နားထဲသို့တိုးဝင်လာ၏။

I love it when you call me Señorita
(နင်ငါ့ကိုအချစ်လေးလို့ခေါ်ရင် ငါအရမ်းသဘောကျတာ)

I wish I could pretend I didn't need ya
(ငါ နင့်ကိုမလိုအပ်ချင်ယောင်ဆောင်နိုင်ဖို့လည်း ဆုတောင်းမိပါရဲ့)

Barထိုင်နေသောယောကျာ်းထုကြီး၏ ဟေးခနဲအော်ဟစ်အားပေးသံကြောင့် သူ စိတ်တိုသွားမိပေမယ့် ထိုယောကျာ်းတွေသည် ထိုင်ရာမှထကာ လက်ခေါက်မှုတ်သူကမှုတ်ပြီး အော်ဟစ်နေကြသည်။
ဒေါသအလျောက် မိုးမြေကို လှည့်ကြည့်မိသည့်အခါ သူမက ကိုယ့်ကိုစူးစိုက်ကြည့်ကာ Sexyက, ကနေပြီး ဟိုက်လွန်းသည့်အင်္ကျီကြောင့် ရင်ဘတ်တစ်ခုလုံးအတိုင်းသား။
မှင်သေသောမျက်နှာက professional Sexy Dacnerတစ်ယောက်လို အပြုံးလေးဖြင့်ညှို့ယူနေကာ အကြည့်တွေက သူ့ဆီမှလွှဲဖယ်မသွားချေ။

But every touch is. oo! la la la
(ဒါပေမယ့်အထိအတွေ့တိုင်းက .. oo! la la la)

It's true la la la
(အဲ့ဒါဟာတကယ့်ကို)

ooo! I should be running
(အို! ငါထွက်ပြေးသင့်တာပါ)

Ooh! you keep me coming for ya
(နင့်ဆီကိုလာဖို့ နင်ကအမြဲခေါ်နေတာပဲ)

"ခစား ယူတို့ကဘာလဲ"

ဟန်နေက လက်ကိုပြန်ရုန်းပစ်ရင်း သူ့ကိုမေးလာပေမယ့် မိုးမြေကိုရိုက်သဝာ်ချင်နေပြီဖြစ်သည့်သူသည် မေးခွန်းကိုလည်းပြန်မဖြေနိုင်။
Crop topအင်္ကျီအနက်လေးကြောင့် ဖြူဥသောအသားအရောင်ကထင်းလင်းနေကာ တင်ပါးဖုံးရုံလေးသာရှိသော ဂျင်းဘောင်းဘီက အမွှေးတွေဖွာနေကာ ထိုဝတ်စုံဖြင့် သံစဥ်နှင့်အညီ တွန့်လိမ်စွာက,နေသော ပုံရိပ်တစ်ခုက ဒေါသကိုပိုတိုးလာစေသည်။
သူမ တကယ်လှပစွာ က,တတ်ပါ၏။ သို့သော်…

"ရှင့်ကိုမေးနေတာ မင်းခစား"

"ဟုတ်တယ် အဲ့ဒါငါ့စော်"

"ဘာ!"

"ငါ့ကောင်မလေးလို့ပြောတာကွာ မင်းနားလေးနေတာလား"

သူ့လေသံရော၊ အပြုအမူတွေပါ ဒေါသကြောင့် မညင်သာတော့ဘဲ နေရာမှဝုန်းခနဲထရပ်ကာ မိုးမြေရှိရာ စတိတ်စင်ဆီကိုလျှောက်လာခဲ့သည်။
သူ့ကိုမြင်လိုက်သောမိုးမြေကလည်း စင်ပေါ်ကခုန်ချကာ လူတွေကြားထဲတိုးကာ အကမပြတ်သလို သူ့ကိုလှည့်ကြည့်ပြီး မေးလေးဆတ်ပြသေး၏။
ပိုဆိုးလာသည့်ဒေါသကြောင့် လူပါ တဆတ်ဆတ်တုန်ယင်လာသလိုခံစားရ၍ မိုးမြေအနားရောက်သည်နှင့် ပခုံးပေါ်ထမ်းတင်ပစ်လိုက်တော့ သူမ၏အလန့်တကြားအော်သံက စူးခနဲ…

"ပြန်ချပေး မင်းခစားအစုတ်ပလုတ်"

"ပါးစပ်ပိတ်ထားစမ်း"

💌💌💌💌💌💌

Part 12 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

   
💌 Part - 11 💌
---------------

"အဲ့ဒီအစ္ကိုႀကီးနဲ႔က တကယ္တဲြေနတာလား"

သားသားရဲ့ေမးခြန္းေၾကာင့္ မိုးေျမ ခဏၿငိမ္သြားမိကာ သားသားကိုအကဲခတ္မိေတာ့ ျငင္းဆန္ကန္႔ကြက္လိုဟန္မရိွေခ်။
ခပ္ႃပံုးႃပံုးမ်က္ႏွာေလးျဖင့္ ခစားကိုခင္တြယ္ေနပံုေလးက အထင္းသားမို႔ သားသားရဲ့ပါးေလးကို ဖြဖြေလးဆဲြဖဲ့ရင္း ႃပံုးျပလိုက္သည္။

"ဆိုပါေတာ့"

"ညဆို ငါ သူနဲ႔Gameအတူတူေဆာ့ျဖစ္တယ္"

"သားသား နင့္မ်က္လံုးေတြ သိပ္မေကာင္းေတာ့ဘူးေနာ္ ဘာလို႔ဂိမ္းေဆာ့ေနေသးတာလဲ"

"ေကာင္းတုန္းေလးေဆာ့ရတာ"

"ငါလုပ္သဝာ္မိေတာ့မယ္"

မိုးေျမလက္ရြယ္ေတာ့ သားသားကရယ္က်ဲက်ဲႏွင့္ လက္ကာၿပီးေရွာင္တိမ္းတာမို႔ စိတ္ဆိုးျပသၫ့္အေနျဖင့္ ႏႈတ္ခမ္းကိုဖိကိုက္ပစ္လိုက္မိသည္။
ေမြးရာပါဆီးခ်ိဳေရာဂါရိွေသာ သားသားဟာ အၿမဲလိုလို ေဆးရံုတက္ေနရၿပီး သူ႔အတြက္ ကုန္က်စားရိတ္ဟာ မနည္းမေနာ..

"ရွင္က အေဖမျဖစ္သင့္တဲ့သူ.. သိလား ဦးမိုးျမင့္"

အေမက ေဖေဖနဲ႔ရန္ျဖစ္တိုင္း ထိုသို႔ေျပာေနက်ျဖစ္ကာ Snookerဝါသနာပါေသာေဖေဖက ေငြရွာဖို႔ကိုလည္းစိတ္ကူးထဲမရိွ။
သက္သာသလိုသာေနၿပီး မိုးေျမတို႔သားအမိေတြကို မ်က္ကြယ္ျပဳထားခဲ့ေသာႏွစ္ေတြ မနည္းမေနာျဖစ္၏။
သားသား၏ေရာဂါအေၾကာင္းကို လံုးေစ့ပတ္ေစ့သိရေတာ့မွ ေနာင္တရသြားသၫ့္အေဖသည္ အရင္ကေလာက္ လူေပၚလူေဇာ္မလုပ္ေတာ့ေပမယ့္ လက္ေၾကာတင္းသည္လည္းမဟုတ္ျပန္။

"ထမင္းခ်က္ထားတယ္ အေၾကာ္ေလးနဲ႔စားလိုက္ေတာ့ အေမေဆးရံုသြားရဦးမွာ"

ဆိုသၫ့္ေန့ေတြ မနည္းမေနာျဖစ္ေပမယ့္ ေဖေဖသည္ Snookerကိုေတာ့မစြန႔္လႊတ္ခဲ့။
အေမ့လုပ္စာတစ္ခုတည္းျဖင့္ မိုးေျမေက်ာင္းတက္ခဲ့ရၿပီး Snookerကစားရင္းေဖေဖရွာသမ်ွကေတာ့ သားသားရဲ့ေဆးဖိုးေလာက္ငွရံုသာျဖစ္သည္။
တစ္ခါတစ္ေလ ေဖေဖ့ရဲ့ခ်ိန္းပဲြေတြေၾကာင့္ က်ူခံုအထိလိုက္ေခၚရရင္း မိုးေျမ က်ူခံုမွာအိပ္ေပ်ာ္သြားခဲ့သၫ့္အခ်ိန္ေတြေတာင္ ရိွခဲ့ေသးသည္။

"သမီးစိတ္ဝင္စားရင္ ေဖေဖသင္ေပးမယ္ Snookerတစ္ေယာက္ျဖစ္ဖို႔ဆိုတာ ဒီအရြယ္ေလးကတည္းက ေလ့က်င့္ထားမွ"

"အံ့ဩပါ့ က်ူသမားတစ္ေယာက္တည္းနဲ႔ေတာင္ ကၽြန္မမွာ ခါးခ်ိေအာင္လုပ္ကၽြေးေနရတာ ႏွစ္ေယာက္သာဆို"

"အေကာင္းျမင္စမ္းပါ ငါ့မိန္းမရာ ငါ့သမီးသာ Snookerျဖစ္သြားရင္ ႏွစ္ေယာက္စာဝင္ေငျြဖစ္သြားၿပီေလ"

"ဟုတ္ပ ရွင္ရွာတဲ့ေငြက သံုးမကုန္ျဖဳန္းမကုန္ဆိုေတာ့"

ထိုသို႔ အေမဆူဆဲေနသၫ့္ၾကားမွ မိုးေျမသည္ ေဖေဖ့ရဲ့စားက်က္ျဖစ္ေသာ က်ူခံုေတြၾကားမွာ အရြယ္ေရာက္ခဲ့ရသည္။
လူေပါင္းစံုႏွင့္ထိေတြ့ဆက္ဆံၿပီးမွ သိလာသၫ့္အရာက ဤေလာကဤပတ္ဝန္းက်င္မွာ ရွင္သန္ေနထိုင္ဖို႔ အေရးအႀကီးဆံုးအရာသည္ 'ေငြ'…

"မဆိုးဘူး မမ ငါေတာ့ အဲ့ဒီအစ္ကိုႀကီးကိုသေဘာက်တယ္ ငါ့အတြက္အစ္ကိုတစ္ေယာက္လိုပဲ"

"အံမယ္ ၫႊန္းလိုက္တာ ေျပာပါဦး ဘယ္ေနရာမွာမ်ား အစ္ကိုလိုျဖစ္သြားတာလဲ"

"ဒီမွာေလ"

ဆို၍ ဖိနပ္ဘူးေလးကိုၿမွောက္ျပေတာ့ မိုးေျမအံ့ဩသြားမိသည္။
ခစား ဘယ္အခ်ိန္က လာသြားလို႔လဲဆိုသၫ့္အေတြးက ေခါင္းထဲခ်က္ခ်င္းေရာက္လာကာ သားသားဆီမွာ သူ အၿမဲတမ္း ဝင္ထြက္ေနက်လား..

"သူကေျပာတယ္ သူ႔ကို ငါ့လိုဂရုစိုက္ေပးမယ့္သူမရိွခဲ့ဘူးတဲ့ အစ္ကိုတစ္ေယာက္လိုပဲ သေဘာထားဆိုၿပီး"

"သူက သူေဌးသားေနာ္ ဂရုစိုက္မယ့္သူေတြ ေပါသီေနမွာပါ အဲ့လိုစကားေတြနင္ကယံုတယ္လား"

"ယံုေနသလိုပဲ"

"ဖိနပ္ဝယ္ေပးတာနဲ႔ပဲ ယံုသြားတာ နင္က"

"အဲ့လိုမဟုတ္ပါဘူး"

"မဟုတ္ရင္ၿငိမ္ၿငိမ္ေလးေနလိုက္ေတာ့ သားသား မင္းခစားက လူတစ္ေယာက္ သူ႔အေပၚခ်စ္လာေအာင္ ဘယ္လိုႀကိဳးကိုင္ရမလဲဆိုတာ အကၽြမ္းက်င္ဆံုးပဲ"

"နင္ကေရာ"

ထင္မွတ္မထားေသာေမးခြန္းေၾကာင့္ မိုးေျမပခံုးတြန႔္ၿပီး ေခါင္းခါျပလိုက္သည္။
ထိုအခ်ိန္ ေဖေဖက ဆရာဝန္တစ္ေယာက္ႏွင့္စကားေျပာေနလ်က္ မိုးေျမတို႔ဘက္ကိုေလ်ွာက္လာၿပီး ဆရာဝန္က လက္ထဲကဖိုင္ကိုၾကၫ့္ၿပီးေခါင္းညိတ္ေန၏။
ေဆးရံုကဆင္းရေတာ့မွာမို႔ လိုအပ္သည္တို႔ကိုစစ္ေဆးေနေတာ့ သားသားမ်က္ႏွာေလးက စိတ္ေပါ့ပါးေနသလိုႃပံုးရယ္ေနခဲ့သည္။
သို႔ေသာ္ သားသားရဲ့အေျခအေနဟာ နည္းနည္းဆိုးေနခဲ့ၿပီမဟုတ္လား…

"ဆရာမွာထားတာကိုမေမ့နဲ႔ေနာ္ သမီး မိုးသားက ေဆးျပတ္လို႔မရဘူး အခ်ိဳကိုဒီ့ထက္ေလ်ွာ့ဖို႔လိုမယ္ ၿပီးေတာ့ သူ႔ရဲ့အျမင္အာရံုက တျဖည္းျဖည္းထိခိုက္လာေတာ့မွာ သမီးတို႔ေရာ မိုးသားေရာ ဒါကိုျပင္ဆင္ထားဖို႔လိုတယ္"

မိုးေျမ သက္ျပင္းေလးခ်ရင္း ေခါင္းကိုညိတ္ျပကာ ကားငွားေနေသာသားသားနဲ႔ေဖေဖ့ကိုသာ ခိုးၾကည့္လိုက္မိသည္။
ကုလို႔ရသၫ့္​ရာဂါဆို အျမစ္ျပတ္သည္အထိ ကုေပးလိုက္ခ်င္ေပမယ့္ သားသားရဲ့ေရာဂါက ဘယ္အခ်ိန္မွ၊ ဘယ္လိုကုလို႔မွ ေပ်ာက္သြားမွာမဟုတ္…

ေငြ…
မိုးေျမအတြက္အဓိက,က ေငြသာျဖစ္ၿပီး သားသားရိွေနခ်ိန္မွာ သားသားရဲ့ဘဝျပၫ့္စံုဖို႔..
သားသားစားခ်င္တာစားရဖို႔၊ သူ႔ရဲ့ေဆးေတြမျပတ္ေစဖို႔ အလိုအပ္ဆံုးအရာဟာ ေငြ…

💌💌💌💌💌💌

"သြားေတာ့မယ္"

ဆိုသၫ့္ ခ်ိဳအီအီအသံႏွင့္အတူ ကားတစ္စီးအနားက ခြာဖို႔ျပင္ေနေသာမိုးေျမၾကောင့္ မ်က္ေမွာင္ကုတ္သြားမိကာ နာရီကိုၿမွောက္ၾကၫ့္လိုက္သည္။
သူမရဲ့အလုပ္ခ်ိန္ကိုေရာက္ဖို႔ မိနစ္ပိုင္းသာလိုေတာ့တာမို႔ ဒါဟာ အလုပ္လာျခင္းျဖစ္ေလာက္ၿပီး ဘယ္သူ႔ကားေပၚကဆင္းလာသလဲ…

"မိုးေျမ ဒီကိုလာဦး"

ကာစီႏိုထဲဝင္ဖို႔ျပင္ေနေသာသူမသည္ သူ႔ေခၚသံေၾကာင့္ မ်က္ႏွာေလးလွၫ့္လာကာ ခ်က္ခ်င္းအနားကိုေရာက္လာသည္။
သူ႔လက္ေမာင္းကိုလွမ္းဖက္လိုက္ေတာ့ မိုးေျမဆင္းလာသၫ့္ကားေပၚက တစ္စံုတစ္ေယာက္ကလည္း ဒါကိုေတြ့လိုက္မည္ထင္၏။

"မင္းကို ဘယ္သူလိုက္ပို႔တာလဲ"

"အလုပ္ရွင္တစ္ေယာက္ပါ"

"ဘယ္ကအလုပ္ရွင္လဲ မင္းအငွားရည္းစားလိုက္ေနျပန္ၿပီလား"

"အင္းေလ ဘာျဖစ္လို႔လဲ"

"ငါ့ရည္းစားျဖစ္ေနတာပဲ မင္းအေနအထိုင္ဆင္ျခင္စမ္းပါ မင္းကိုငါလစာလည္းေပးထားတယ္ လိုအပ္ရင္လိုအပ္သလို.."

"ငါလိုအပ္သေလာက္ နင့္ဆီမွာလက္ဖဝါးျဖန႔္ရမွာလား နင့္ကိုငါအဲ့ေလာက္အားမကိုးဘူး ခစား ငါဒီအလုပ္ကိုလုပ္လာတာ နင္နဲ႔မေတြ့ခင္ကတည္းက"

"အဲ့ေတာ့ဘာျဖစ္လဲ အခုနင္ကငါ့ေစာ္"

"နင့္ေစာ္ျဖစ္ေနတိုင္း ေနရာတကာမွာ မ႑ပ္တိုင္တက္မျပစမ္းနဲ႔ ငါလုပ္ေနသမ်ွ နင့္ကိုထိခိုက္တာမရိွဘူးဆိုရင္ နင့္ပါးစပ္ပိတ္ထားသင့္တယ္"

"ဘာ!"

ေက်ာလြန္းေသာ မိုးေျမစကားေၾကာင့္ ေဒါသေတြခ်က္ခ်င္းျဖစ္သြားကာ လွလွပပျပင္ဆင္ထားေသာထိုမ်က္ႏွာကို ေစ့ေစ့ၾကၫ့္ရင္း ရိုဂာ္ပစ္ခ်င္စိတ္ကတားဆီးမရ။
မိုးသားအတြက္ေဆးဖိုး၊ တစ္မိသားစုလံုးရဲ့စားဝတ္ေနေရးဟာ မိုးေျမရဲ့ေခါင္းေပၚမွာမို႔ သူမဒီလိုေတြႀကိဳးစားေနမွန္းသိသည္။
ဒါေၾကာင့္လည္း သူမကိုပိုက္ဆံေပးတိုင္း ပိုေပးျဖစ္ခဲ့ျခင္းျဖစ္ကာ ဒီအငွားရည္းစားက မျဖစ္မေနလုပ္ရမၫ့္အလုပ္လား…

"ဟုတ္တယ္ နင္နဲ႔ငါက စာခ်ဳပ္ထဲမွာပဲတဲြျဖစ္တာပါ လက္ေတြ့မွာ နင္ငါ့ကိုခ်ဳပ္ခ်ယ္ပိုင္ခြင့္မရိွဘူး ငါ့လြတ္လပ္ခြင့္နဲ႔ငါ"

"အဲ့ဒီလြတ္လပ္ခြင့္ကို ငါလည္းခ်ဳပ္ကိုင္လို႔ရတယ္ နင္စာခ်ဳပ္ကိုေသခ်ာမဖတ္ဘူးလား"

"ဘယ္လို!"

"နင္က တစ္ႏွစ္တိတိငါ့ရဲ့ဝန္ထမ္း၊ ငါ့ရဲ့ရည္းစားပဲ အဲ့ဒီတစ္ႏွစ္လံုး ငါ့သိကၡာကိုထိပါးႏိုင္တဲ့ ဘယ္ျဖစ္ရပ္မ်ိဳးကိုမဆို ငါ့မွာတားဆီးခြင့္ရိွတယ္"

ပိုင္ႏိုင္စြာေျပာလိုက္ေသာ သူ႔စကားအဆံုးမွာ မိုးေျမမ်က္ႏွာပ်က္သြားၿပီး ဖက္ထားသၫ့္လက္ကိုလည္း ခ်က္ခ်င္းျဖဳတ္ခ်သြား၏။
မင္းခစားဆိုတာ သာမာန္ေညာင္ညမိန္းမမ်ိဳးေတြကို မတဲြတတ္သလို သူ႔ရည္းစားဟု နာမည္ႀကီးထားေသာ မိုးေျမဟာလည္း ေယာက်ာ္းတကာနဲ႔တဲြသြားတာမ်ိဳး မရိွရ။
အႂတၲကီးသည္ပဲဆိုဆို သူလိုခ်င္သၫ့္အခ်က္သည္ သ႑ာန္လုပ္သရုပ္တူျဖစ္ရမၫ့္ ဤအခ်က္သာျဖစ္သည္။

"နင္ ညစ္တာ"

"စာခ်ဳပ္မွာလက္မွတ္မထိုးခင္ကတည္းက နင္ေသေသခ်ာခ်ာဖတ္သင့္တာ အဟြန္း.. အခု နင္ ေယာက်ာ္းတကာနဲ႔တဲြသြားေနတာ ငါ့သိကၡာကိုထိခိုက္တယ္ အဲ့လိုမိန္းမမ်ိဳးကို ငါမတဲြဘူးဆိုတာလည္း တေလာကလံုးသိတယ္ ဒါေၾကာင့္မို႔ မင္းေျခၿငိမ္စမ္းပါ"

အႏိုင္ပိုင္းေျပာပစ္ခဲ့ၿပီး ေလွကားေတြအတိုင္း အေပၚထပ္ကိုတက္လာခဲ့ကာ Snookerခန္းမွာ သူ႔အတြက္ စားပဲြတစ္ခုျပင္ခိုင္းလိုက္သည္။
ေနေသြးႏွင့္ တိမ္တိုက္တို႔ကို ဒီညကစားဖို႔ေျပာထားခဲ့၍ ထိုေကာင္ေတြေရာက္မလာခင္ တစ္ပဲြေလာက္အရင္ကစားဖို႔ စိတ္ကူးကအလိုလိုျဖစ္လာသည္။
သို႔ေသာ္…

"ခစား"

ဆိုသၫ့္အသံေၾကာင့္ လွၫ့္ၾကၫ့္မိေတာ့ Designerမေလးႏွင့္ ျပတ္ၿပီးေနာက္ အခုတေလာလိုက္ေနသၫ့္ေကာင္မေလးျဖစ္သည္။

"ဟန္ေန"

"အင္း ခစားကို ဒီမွာေတြ့မယ္လို႔ထင္မထားဘူး တို႔နဲ႔sky barကိုလိုက္ခဲ့မလား"

"မၾကာဘူးဆိုရင္ေတာ့ရတယ္ ကိုယ္ဒီမွာ ဟိုေကာင္ေတြနဲ႔ခ်ိန္းထားလို႔"

"မၾကာပါဘူး တို႔တစ္ေယာက္တည္းျဖစ္ေနလို႔ပါ"

သူ ေခါင္းညိတ္ျပလိုက္ၿပီး က်ူခံုအနားကျပန္ထြက္ဖို႔ျပင္ေတာ့ အခန္းထဲဝင္လာေသာမိုးေျမႏွင့္ ပက္ပင္းႀကီးတိုးေတာ့၏။
မိုးေျမက သူ႔ကိုၾကၫ့္လိုက္၊ ဟန္ေန့ကိုၾကၫ့္လိုက္ျဖင့္ ပါးေစာင္ေလးမွာအရိုးေလးထင္းသြား၍ မသိမသာအံႀကိတ္ေနမွန္း သိလိုက္သည္။
သို႔ေသာ္ သူ တမင္မသိဟန္ေဆာင္ရင္း ဟန္ေန့ကိုသာအာရံုအျပည့္ထားဟန္ျဖင့္ ျပန္အရဲြ႔တိုက္ျပလိုက္ကာ sky barရိွရာဆီကိုသာ တက္လာခဲ့၏။

Grave skybarသည္ ေအးေအးလူလူထိုင္လို႔ရေသာ Barတစ္ခုျဖစ္ၿပီး Roofမွာေနရာအျပၫ့္ခ်ထားတာမို႔ ၿမိဳ႔ျပ၏ညခင္းအလွကို အျပၫ့္အဝခံစားႏိုင္သည္။
Cocktailအစံုအလင္လည္းရသလို bandတစ္ခုလည္း ငွားေပးေသာေၾကာင့္ သီခ်င္းဆိုခ်င္လ်ွင္လည္း ဆိုခြင့္ေပးထား၏။

"တို႔က Martiniေသာက္မယ္ ခစားကေရာ"

"Mojito"

"အဟြန္း.."

ဟန္ေနက ရယ္သံခ်ိဳခ်ိဳေလးျဖင့္ bandဆီကိုအၾကၫ့္ေရာက္သြားေတာ့ ဒီအထာကို ေနာေၾကေနသၫ့္သူက အရင္စကားစလိုက္သည္။

"အခုသီခ်င္းေလးလည္း နားေထာင္လို႔ေကာင္းတယ္မလား"

"တို႔ကRockေတြကို သိပ္မခံစားတတ္ဘူး"

"မင္းသိဖို႔ေကာင္းတယ္သီခ်င္းက မိန္းကေလးေတြလည္း ႀကိဳက္ၾကပါတယ္ ၾကားဖူးတယ္မလား
🎵မင္းသိဖို႔ေကာင္းတယ္ 🎶စဲြမိတဲ့မင္းရဲ့အႃပံုးေလးေတြ..🎼"

သူ ထိုသီခ်င္းကို ကိုယ္ေနဟန္ထားျဖင့္လိုက္ဆိုျပသၫ့္အခါ ဟန္ေနက ရယ္သံသဲ့သဲ့ေလးျဖင့္ သူ႔ရင္ဘတ္ကိုဘုတ္ခနဲလွမ္းထုေလ၏။
ဟန္ေနကလည္း မေခေသာနာမည္ေက်ာ္မိန္းကေလးပဲမို႔ သူသည္ ထိုလက္ကေလးကို ရင္ဘတ္ေပၚမွဆဲြယူကာ ခပ္ဖြဖြေလးဆုပ္ကိုင္ထားလိုက္သည္။

"ယူ အရမ္းဆိုးတာပဲ"

"ခ်စ္လို႔ဆိုးတာပါ မင္းၿငိဳျငင္ရက္လို႔လား"

"ဟင့္အင္း"

တစ္ေယာက္ကိုတစ္ေယာက္ ၾကည္ၾကည္ႏူးႏူးစိုက္ၾကၫ့္ေနမိရင္းမွ သူ တစ္ခ်က္ႃပံုးကာ ဟန္ေန့လက္ဖမိုးေလးကို ႏႈတ္ခမ္းႏွင့္ထိကပ္နမ္းပစ္လိုက္သည္။
ဟန္ေန့ရဲ့ရွက္ႃပံုးေလးက သူ႔အတြက္ေတာ့ အပ်င္းေျပသီခ်င္းတစ္ပုဒ္ နားေထာင္ရသလို ရင္ခုန္စြာစီးေမ်ာခ်င္စရာအျပၫ့္…

"Martini နဲ႔ Mojitoရပါၿပီ"

Waiterက cocktailႏွစ္ခြက္လာခ်ေပးသြားေတာ့ သူက ဟန္ေန့လက္ကေလးကိုမလႊတ္ဘဲ Martiniခြက္ကို သူမဘက္တြန္းပို႔လိုက္သည္။
ထိုအခ်ိန္ တီးဝိုင္းဆီက ကမ႓ာေက်ာ္ Señoritaသီခ်င္းသံထြက္လာကာ barထဲကေယာက်ာ္းေလးအားလံုးလိုလို၏အၾကၫ့္က စတိတ္စင္ေပၚသို႔ေရာက္သြားၾကသည္။
သူကေတာ့ ဟန္ေန့ေရ႔ွမွာ အမွတ္ယူခ်င္၍ လွၫ့္မၾကၫ့္ျဖစ္…

"ေကာင္မေလးေတာ္ေတာ္လွတယ္"

"ဟန္ေန့ေလာက္လွမယ္မထင္ဘူး"

"ေစာေစာကေတြ့ခဲ့ရတဲ့ ေကာင္မေလးထင္တယ္"

မိုးေျမလား…
မိုးေျမျဖစ္ေနလည္း ဘာျဖစ္လဲ..
ဂ်စ္ကန္ကန္အေတြးျဖင့္ သူ လွၫ့္မၾကၫ့္ဘဲေနလိုက္ေတာ့ စင္ျမင့္ထက္မွ သီခ်င္းသံသည္ သူ႔နားထဲသို႔တိုးဝင္လာ၏။

I love it when you call me Señorita
(နင္ငါ့ကိုအခ်စ္ေလးလို႔ေခၚရင္ ငါအရမ္းသေဘာက်တာ)

I wish I could pretend I didn't need ya
(ငါ နင့္ကိုမလိုအပ္ခ်င္ေယာင္ေဆာင္ႏိုင္ဖို႔လည္း ဆုေတာင္းမိပါရဲ့)

Barထိုင္ေနေသာေယာက်ာ္းထုႀကီး၏ ေဟးခနဲေအာ္ဟစ္အားေပးသံေၾကာင့္ သူ စိတ္တိုသြားမိေပမယ့္ ထိုေယာက်ာ္းေတြသည္ ထိုင္ရာမွထကာ လက္ေခါက္မႈတ္သူကမႈတ္ၿပီး ေအာ္ဟစ္ေနၾကသည္။
ေဒါသအေလ်ာက္ မိုးေျမကို လွၫ့္ၾကၫ့္မိသၫ့္အခါ သူမက ကိုယ့္ကိုစူးစိုက္ၾကၫ့္ကာ Sexyက, ကေနၿပီး ဟိုက္လြန္းသၫ့္အက်ႌေၾကာင့္ ရင္ဘတ္တစ္ခုလံုးအတိုင္းသား။
မွင္ေသေသာမ်က္ႏွာက professional Sexy Dacnerတစ္ေယာက္လို အႃပံုးေလးျဖင့္ၫွို႔ယူေနကာ အၾကၫ့္ေတြက သူ႔ဆီမွလႊဲဖယ္မသြားေခ်။

But every touch is. oo! la la la
(ဒါေပမယ့္အထိအေတြ့တိုင္းက .. oo! la la la)

It's true la la la
(အဲ့ဒါဟာတကယ့္ကို)

ooo! I should be running
(အို! ငါထြက္ေျပးသင့္တာပါ)

Ooh! you keep me coming for ya
(နင့္ဆီကိုလာဖို႔ နင္ကအၿမဲေခၚေနတာပဲ)

"ခစား ယူတို႔ကဘာလဲ"

ဟန္ေနက လက္ကိုျပန္ရုန္းပစ္ရင္း သူ႔ကိုေမးလာေပမယ့္ မိုးေျမကိုရိုက္သဝာ္ခ်င္ေနၿပီျဖစ္သၫ့္သူသည္ ေမးခြန္းကိုလည္းျပန္မေျဖႏိုင္။
Crop topအက်ႌအနက္ေလးေၾကာင့္ ျဖဴဥေသာအသားအေရာင္ကထင္းလင္းေနကာ တင္ပါးဖံုးရံုေလးသာရိွေသာ ဂ်င္းေဘာင္းဘီက အေမႊးေတြဖြာေနကာ ထိုဝတ္စံုျဖင့္ သံစဥ္ႏွင့္အညီ တြန႔္လိမ္စြာက,ေနေသာ ပံုရိပ္တစ္ခုက ေဒါသကိုပိုတိုးလာေစသည္။
သူမ တကယ္လွပစြာ က,တတ္ပါ၏။ သို႔ေသာ္…

"ရွင့္ကိုေမးေနတာ မင္းခစား"

"ဟုတ္တယ္ အဲ့ဒါငါ့ေစာ္"

"ဘာ!"

"ငါ့ေကာင္မေလးလို႔ေျပာတာကြာ မင္းနားေလးေနတာလား"

သူ႔ေလသံေရာ၊ အျပဳအမူေတြပါ ေဒါသေၾကာင့္ မညင္သာေတာ့ဘဲ ေနရာမွဝုန္းခနဲထရပ္ကာ မိုးေျမရိွရာ စတိတ္စင္ဆီကိုေလ်ွာက္လာခဲ့သည္။
သူ႔ကိုျမင္လိုက္ေသာမိုးေျမကလည္း စင္ေပၚကခုန္ခ်ကာ လူေတြၾကားထဲတိုးကာ အကမျပတ္သလို သူ႔ကိုလွၫ့္ၾကၫ့္ၿပီး ေမးေလးဆတ္ျပေသး၏။
ပိုဆိုးလာသၫ့္ေဒါသေၾကာင့္ လူပါ တဆတ္ဆတ္တုန္ယင္လာသလိုခံစားရ၍ မိုးေျမအနားေရာက္သည္ႏွင့္ ပခံုးေပၚထမ္းတင္ပစ္လိုက္ေတာ့ သူမ၏အလန္႔တၾကားေအာ္သံက စူးခနဲ…

"ျပန္ခ်ေပး မင္းခစားအစုတ္ပလုတ္"

"ပါးစပ္ပိတ္ထားစမ္း"

💌💌💌💌💌💌

Part 12 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

400K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
48.3K 1.2K 14
နှလုံးသားဖြင့် ခံစားပါ... (ပထမဆုံး fic လေးမို့ စာဖတ်သူတို့ မျှော်လင့်ထားသလောက် ဖြစ်ချင်မှလည်း ဖြစ်မယ်၊ စာဖတ်သူတို့ကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ရင်တ...
811K 26.1K 73
"ရှင်သာ ပါမောက္ခဆိုပြီး အာဏာပါဝါလာမပြနဲ့နော်" " မပြောတတ်ဘူးလေ..ငါကပါမောက္ခပဲ..." >>>>>> " စူးခင်းလမ်းမှာလိုက်မလာနိုင်ရင် ပန်းခင်းလမ်းကြမှ မမျှော်လင့်...