"သူတောင်းစား"
"မင်းဒီနေ့အလုပ်ရှိတယ်ဆိုတာမေ့သွားလို့..."
"တော်တော့!"
နာနေတဲ့ခါးကိုကိုင်ရင်း အင်္ကျီကြယ်သီးစေ့ဖို့ လည်ပင်းကိုနောက်တစ်ကြိမ်အကြည့်ရောက်သွားမိပြန်တော့...
"ချီးပဲ"
ထပ်ပြီးဆဲမိပြန်တယ်။
"ငါမင်းကို မုဒိန်းမှုနဲ့တရားစွဲမှာ"
"ဘာလို့ မုဒိန်းဆိုတဲ့စကားကိုခဏခဏပြောထွက်ရက်တာလဲ"
"မင်းကငါ့ကိုမုဒိန်းကျင့်ကျင့်နေတာလေ။ ဒီလည်ပင်းကဟာကြီးကိုဘယ်လိုလုပ်ပေးမှာလဲ။ ဘယ်လိုလုပ်ပေးမှာလဲလို့"
"အိမ်ထောင်သည်ဘဝကဒီလိုပဲဆိုတာလူတိုင်းသိတာပဲကို"
"ချီးကိုအိမ်ထောင်သည်လား"
အခဲမကျေနိုင်တဲ့မျက်စောင်းတစ်ချက်ထိုးပြီး အံဆွဲထဲက ပလာစတာတစ်ခုဆွဲထုတ်လိုက်တယ်။ အဲ့အကျင့်မကောင်းတဲ့ကောင်ကြောင့် ကွန်ဒုံးထက် ပလာစတာကတောင်ပိုသုံးရနေသလိုပဲ။
"ငါကပ်ပေးမယ်"
"တော်ပါ"
ငြင်းလိုက်ပေမဲ့ သူ့လက်ထဲမှာပလာစတာက ကျေကျေနပ်နပ်ကြီးပျော်မြူးပြီးပါသွားလေရဲ့။ ပြီးတော့ ပြုံးစိစိနှုတ်ခမ်းတွေနဲ့ ကျွန်တော့်နားကိုတိုးကပ်လာတဲ့စစ်နေ။
"လာရယ်နေတယ်။ သေချင်..."
"ငြိမ်ငြိမ်နေလေ"
ရွယ်လိုက်တဲ့လက်ကို ဖျတ်ခနဲ အသာလေးဖမ်းဆွဲပြီး တားလာတယ်။ ပြီးတော့ ပလာစတာအခွံကို ခပ်သွက်သွက် ဆွဲခွာပြီး ခရမ်းရင့်ရောင်အမှတ်ထက်မှာ ကျကျနနလေးကပ်ပေးလာတယ်။ အာရုံစိုက်နေတဲ့စစ်နေရဲ့မျက်နှာကို မျက်လုံးလေးထောင့်ကပ်ပြီးကြည့်လိုက်မိတယ်။
"ဒီနေ့ရော မင်းအဖေရဲ့အလုပ်တွေလုပ်ပေးရဦးမှာလား"
"အင်း။ မနေ့ညကမလုပ်ဖြစ်လိုက်တာတွေနဲ့ဆို ငါအကြွေးပါပိသွားတာ"
အမှန်အတိုင်းပြောရရင် စစ်နေအဖေက အဖွဲ့ထဲအလုပ်တွေအရမ်းပုံနေရင်တောင် ဝန်ထမ်းတွေဆီတာဝန်စနစ်တကျခွဲပေးနိုင်တဲ့သူ။ ဟိုတစ်လောက ကုမ္ပဏီတစ်ခုက ငွေလိမ်သွားလို့စာချုပ်ပျက်သွားပြီး ဝန်ထမ်းအားလုံးယောက်ယက်ခတ်နေတဲ့အချိန်မှာတောင် သူတစ်ယောက်တည်းခေါင်းအေးအေးထားပြီး ချက်ကျလက်ကျဖြေရှင်းနိုင်ခဲ့တဲ့သူ။ တကယ်လို့အခုအလုပ်တွေများနေတယ်ဆိုရင်တောင် ဝန်ထမ်းတွေကိုမခိုင်းဘဲ ဘာမှမဆိုင်တဲ့ စစ်နေကို ဆွဲခိုင်းရတာလဲ။ စစ်နေကသူ့ဟာသူတောင် ဆိုင်အလုပ်တွေနဲ့ လိပ်ပတ်မလည်တဲ့ဟာ။ မဟုတ်မှလွဲရော အသက်ငါးဆယ်ကျော်လာလို့များ ဦးနှောက်အခန်းလွတ်သွားတာလား။
"ငါကူညီနိုင်တာတွေရှိလောက်မှာပါ။ ငါလုပ်နေရတဲ့အလုပ်တွေပဲကို။ ငါတို့ဌာနမှာတောင်ဒီရက်ပိုင်းလုပ်စရာပါးနေပြီ။ အကုန်မင်းလုပ်နေရတာမဟုတ်ဘူးလား။ ငါ့ကိုနည်းနည်းခွဲပေး"
"မရဘူး"
အပြုံးတစ်ခုနဲ့ငြင်းရင်း လည်ပင်းကမတပ်ရသေးတဲ့ကြယ်သီးတွေတပ်ပေးလာတယ်။
"ဒီကိစ္စကမင်းဝင်ပါလို့မဖြစ်ဘူး"
"အဲ့ဒါကြောင့်ဘာကိစ္စလဲလို့"
"နားလို့ရတုန်းနားနားနေနေ နေ"
အလုပ်သွားတော့လို့နှင်ထုတ်နေသလိုမျိုး နဖူးကိုရွတ်ခနဲနမ်းလာတယ်။ သူလုပ်နေကျအပြုအမူဆိုပေမဲ့ ဒီနေ့တော့သိပ်ကျေနပ်ချင်တာမဟုတ်ဘူး။
"အလုပ်နဲ့ကိုယ်ရေးကိုယ်တာရောရတာတော့တကယ်မကြိုက်ပေမဲ့ အခုကိုယ်ရေးကိုယ်တာက အလုပ်အထိပါရောက်လာပြီမို့လို့ ပြောမှဖြစ်မယ်ထင်လို့ပါ"
စားပွဲပေါ်ကိုလက်ထောက်ပြီးသူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေတဲ့ ကျွန်တော့်ကို "ဒီကောင်လေးဘာတွေလာရှုပ်ပြန်ပြီလဲ"ဆိုတဲ့အကြည့်နဲ့ စစ်နေအဖေကပြန်ကြည့်လာတယ်။
"မိဘဆိုတာနဲ့သားသမီးကိုအဲ့လိုနှိပ်စက်လို့ရလား"
"မိဘမို့လို့ နှိပ်စက်လို့ရတာပေါ့။ မင်းလည်းနှိပ်စက်ချင်ရင် သားတစ်ယောက်လောက်မွေးလိုက်လေ"
"ဘာဗျ"
"မွေးဖြင့်မမွေးနိုင်ဘဲ"
တကယ်ကတော့ စစ်နေပုံစံနဲ့ဆို ကျွန်တော်သာ သားအိမ်ပါရင် အခုအချိန်ကလေးဆယ်ယောက်လောက်ရနေလောက်ပြီ။ အင်းလေ...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကပဲဆွဲဆောင်တဲ့သူဆိုပေမဲ့။
"ခင်ဗျားကိုယ်တိုင်က ယောကျာ်းယူထားပြီးတော့ တခြားအတွဲကိုဒီလိုလာပြောလို့ဘယ်ရမလဲ"
"အဲ့ဒါကြောင့် ကလေးအဖေတစ်ယောက်ရဲ့ခံစားချက်ကိုနားမလည်ဘဲ ငါ့ကိုဟိုဟိုဒီဒီတွေလာမပြောနဲ့လို့"
"ကလေးအဖေတစ်ယောက်ရဲ့ခံစားချက်က သူ့ဟာသူတောင်အလုပ်နဲ့လက်မလည်တဲ့သားကို မဆိုင်တဲ့ အလုပ်တွေနဲ့ထပ်ဖိတာလား"
"ငါ့ဟာနဲ့ အလုပ်နဲ့ဖိဖိ၊ ဘာနဲ့ဖိဖိ ငါ့သားမို့လို့ ငါ့သဘောပဲ။ မင်းမကျေနပ်ဘူးဆို မင်းစစ်နေရဲ့ရည်စားမလုပ်ဘဲ အဖေလုပ်ပေါ့"
"ရူးနေပြီလား။ ဒီအဘိုးကြိး"ဆိုတဲ့အတွေးကိုစိတ်ထဲမှာ လွှတ်ခနဲအော်လိုက်မိပေမဲ့ မျက်နှာမှာတော့ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုပဲပေါ်သွားတယ်။
"ခွေးခွေးချင်းယှဉ်ကိုက်ရင်တောင် အိမ်ကခွေးကိုပဲနိုင်စေချင်တာ အဖေတစ်ယောက်ရဲ့ခံစားချက်ပဲ"
"အခုစစ်နေက ဘယ်အိမ်ကခွေးကိုရှုံးနေလို့လဲ"
"သူ့အိမ်ကခွေးသူရှုံးနေတာလေ။ ငါ့သားဖြစ်ပြီး ဘယ်လောက်အသုံးမကျလိုက်လဲလို့"
"ဘာကို..."
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြားတာမို့ နှစ်ယောက်လုံးအချင်းချင်းပေါက်ထွက်မတတ်ကြည့်နေရာကနေ ကိုယ်ရှိန်သတ်လိုက်မိတယ်။ ကျွန်တော်ကစားပွဲပေါ်မှာလက်ထောက်ထားရာကနေခါးကိုပြန်မတ်လိုက်ပြီး သူကလည်းသက်ပြင်းချသံတစ်ခုနဲ့အတူမျက်မှန်ကိုပြန်ပင့်တင်တယ်။
"စကားပြောနေတာတော့သိပါတယ်။ ဒါပေမဲ့ အချက်အလက်တွေရရချင်းလာပေးဆိုလို့"
စစ်နေအဖေရဲ့လက်ထောက်က အသံပြုရင်းဝင်လာတယ်။ ကျွန်တော်ချောင်းတစ်ချက်ဟန့်ပြီး အငွေ့ထွက်စပြုနေတဲ့ ခေါင်းကိုပြန်အေးအောင် စိတ်ထိန်းလိုက်ရတယ်။
"ဒါနဲ့ စစ်နေလေး...ကလေးလေးကိုဒီလောက်ထိ ဘာလို့ခိုင်းနေတာလဲ။ ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေကို"
ဘာ! ဆံပင်တွေကိုဒေါသမှိုင်းခတ်ပြီး မီးလောင်သွားသလိုပဲ။ ကျွန်တော့်ကိုဘေးမှာထားပြီး ဒီလူက စစ်နေကို ဘယ်လိုခေါ်...
"စစ်နေလို့မခေါ်နဲ့လို့ဘယ်နှစ်ခါပြောရမလဲ"
စကားဖြတ်ပြီးတားလိုက်တဲ့ စစ်နေအဖေကို မျက်လုံးထောင့်ကပ်ပြီး လှမ်းကြည့်လိုက်မိတယ်။
"ကလေးလေးလို့လည်းမခေါ်နဲ့။ မင်းထိန်းခဲ့တဲ့ကလေးဆိုပေမဲ့ အခုကလေးမဟုတ်တော့ဘူး။ အရွယ်ရောက်နေပြီ"
"မေ့ပြီးခေါ်မိသွားတာပါ။ မကြိုက်ဘူးဆိုတာသိပါတယ်"
အဲ့လိုကျတော့လည်း သူသိသားပဲ။ ကာကွယ်ပေးသားပဲ။ ကျွန်တော်ရှိနေတဲ့အချိန်မို့လို့မဟုတ်ဘဲ တခြားလူတစ်ယောက်က သူ့သားအပေါ်ချစ်စနိုးပြုမူပြောဆိုတဲ့အခြေအနေကို သူကိုယ်တိုင်ကမကြိုက်ဘူးဆိုတာကမျက်နှာမှာပေါ်နေတယ်။ ဒါဆို...နေပါဦး။ ဆရာဖြစ်သူကရော၊ စစ်နေကိုကိုကရော၊ အဖေကရော၊ ကျွန်တော်ကပါ ကာကွယ်ပေးနေတဲ့စစ်နေက ဘယ်သူ့ကိုများရှုံးနေလို့လဲ။ စစ်နေကလည်းကျွန်တော့်ကိုဝင်မပါရဘူးတဲ့။ သူတို့သားအဖဘာတွေဖြစ်နေကြတာလဲ။
"ဒါနဲ့ ထွက်မသွားသေးဘူးဆိုတော့ပြောစရာကျန်သေးလို့လား"
စစ်နေအဖေရဲ့လက်ထောက် ကျွန်တော့်ကိုလှည့်ပြီးမေးလာမှ စစ်နေအဖေကိုဇဝေဇဝါမျက်စိထောင့်ကပ်ပြီးကြည့်နေရာကနေအသိစိတ်ပြန်ဝင်သွားတယ်။
"ကျန်သေးတယ်"
"အဲ..."
"ဟုတ်တယ်။ မင်းကကိစ္စပြီးရင်သွားပါ့လား။ ဘာရပ်လုပ်နေတာလဲ"
"Sorry"
လက်ထောက်က လျှာတစ်လစ်ထုတ်ပြပြီး လက်အသာထောင်ပြတယ်။ ပြီးတော့ကျွန်တော့်နားနားကိုကပ်ပြီး စစ်နေအဖေမကြားရလောက်တဲ့အသံနဲ့ တိုးတိုးလေးပြောတယ်။
"တံ့ဘုန်းသစ်နဲ့တစ်ခန်းတည်းအကြာကြီးနေနိုင်တာ မင်းတစ်ယောက်တည်းမြင်ဖူးသေးတယ်"
စကားက တကယ်လာတဲ့စကားမို့လို့ ရယ်ချင်သွားပေမဲ့ ခါးပေါ်ကို အားပေးဖို့အတွက် ဘုတ်ခနဲရောက်လာတဲ့ လက်ထောက်ရဲ့ လက်ကြောင့် "အား"ခနဲ အော်မိပြီးစားပွဲပေါ်လက်ပြန်ထောက်ကျသွားတယ်။ မသိရင်ခါးမှာလျှပ်စစ်တွေစီးသွားသလိုပဲ။
"ဘာ...ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား"
"သေလောက်အောင်နာတယ်လို့"
ကျွန်တော့်အံကြိတ်သံက လေဟာနယ်ကိုဖြတ်သွားတဲ့ လှိုဏ်သံမို့လို့ ကြက်သီးထသွားတဲ့လက်ထောက်က နောက်ကိုခြေတစ်လှမ်းဆုတ်တယ်။ သူကကျွန်တော့်ထက်လုပ်သက်ငါးပြန်မကကြီးပြီး ရာထူးလည်းကြီးပေမဲ့ ကျွန်တော့်စိတ်ကိုသိနေတဲ့သူမို့ အမှားအကြီးကြီးတစ်ခုလုပ်လိုက်မိတာကိုကြောက်သွားတဲ့ပုံပဲ။
"တောင်း...တောင်းပန်ပါတယ်။ အက်စီးဒင့်ဖြစ်ထားလို့လား။ ကားတိုက်ထားတာလား။ ဒါ..ဒါမှမဟုတ် လှေကားပေါ်ကပြုတ်ကျတာလား"
လက်ထောက်ကခြေမကိုင်မိလက်မကိုင်မိနဲ့ ယောက်ယက်ခက်နေဆဲ...
"အသက်ကလေး ငုတ်စိနဲ့ ခါးကနာ..."
လှောင်တာလား၊ သူ့ဟာသူရေရွတ်တာလားမသိပေမဲ့ တစ်ပိုင်းတစ်စပဲရေရွတ်လိုက်တဲ့ စစ်နေအဖေက တစ်ခုခုကိုမြင်လိုက်သလို စကားကိုရပ်ပစ်လိုက်တယ်။
"ဒါကဘာလဲ"
ကျွန်တော့်ရဲ့ခပ်ဟဟ ကော်လံကိုခပ်ကြီးကြီးမြင်ရတဲ့အထိ ဆွဲလှန်လိုက်တဲ့ စစ်နေအဖေရဲ့လက်တွေ...။ သူ့မျက်လုံးတွေက ပလာစတာကပ်ထားတဲ့ကျွန်တော့်လည်ပင်းထက်မှာရှိနေတယ်။
အစကတော့လိမ်ပြောမလို့ပဲ။ ပြောခဲ့သလို ကျွန်တော်ကအလုပ်မှာကိုယ်ရေးကိုယ်တာအကြောင်းတွေမပြောချင်ဘူး။ အထူးသဖြင့် စစ်နေအဖေက အလုပ်ရှင်ကလည်းဖြစ်၊ ယောက္ခထီးကလည်းဖြစ်နေသေးတာမလား။ တတ်နိုင်သလောက်အကန့်ခွဲထားမှ အလုပ်ကိုစိတ်ရှင်းရှင်းနဲ့လုပ်နိုင်မှာ။ ဒါပေမဲ့အခုတော့ယုတ်မာချင်သွားတယ်။ စစ်နေမှာ သူ့ကိုပဲအချိန်ပေးဖို့မဟုတ်ဘဲ ကျွန်တော့်ကိုပေးဖို့အချိန်လည်းလိုတယ်ဆိုတာသိစေချင်တယ်လေ။
"ဘာရမှာလဲ။ ခင်ဗျားသားလက်ချက်လေ"
"ဘာ..ဘာတွေပြော"
လက်ထောက်က ကျွန်တော်နဲ့စစ်နေဘာပက်သက်မှုလဲဆိုတာမသိသေးတာလည်းစိတ်ဝင်စားမနေဘူး။ စစ်နေအဖေရဲ့ဝန်ထမ်းတွေကြားမှာ ကျွန်တော်တို့ကိစ္စကိုလျှို့ဝှက်ထားဖို့ကိုလည်းအာရုံမရှိတော့ဘူး။
"ခါးနာနေတာရောလား"
"ခင်ဗျားအသိဆုံးနေမှာပေါ့။ ခင်ဗျားကိုယ်တိုင်လည်း ကိုလင်းအရုဏ်ကို မညှာမတာလုပ်ခဲ့တာတွေရှိမှာပဲမလား"
"ဟင်"
"မင်းပြောတော့ မင်းက...ဦးဆောင်သူဆို..."
"ဘယ်တုန်းကလဲ"
"ဟို....ကျွန်တော်အပြင်ထွက်နေလိုက်တာကောင်းမယ်ထင်တယ်"
လက်ထောက်ကဘယ်အတိုင်းအတာအထိနားလည်သွားလဲတော့မသိပေမဲ့ ဌာနရဲ့စိတ်အကြီးဆုံးလူနှစ်ယောက် အားပြိုင်နေတဲ့နေရာမှာတော့ မနေချင်တော့သလို ခပ်မြန်မြန်ထွက်ပြေးသွားတော့တယ်။
"ခင်ဗျားတို့သားအဖကိစ္စကိုဝင်မပါစေချင်ဘူးဆိုရင် စစ်နေရဲ့ကိုယ်ပိုင်အချိန်ကိုလည်း ခင်ဗျားကဝင်မပါနဲ့ပေါ့"
ဘာမှပြန်မဖြေဘူး။ ကျွန်တော့်မျက်နှာကိုမယုံနိုင်သလိုငေးကြည့်နေတုန်းပဲ။
"ကလေးက ကောင်းကောင်း မအိပ်ရတာ သုံးပတ်ကျော်နေပြီကို"
မကျေမနပ် ရေရွတ်လိုက်တာကို ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ဂရုမစိုက်တော့ဘူး။ လက်ညှိုးတစ်ချောင်းကိုမာန်ပါပါထောင်လိုက်တယ်။
"ခင်ဗျားကအဖေဆိုတဲ့အကြောင်းပြချက်နဲ့ နောက်နေ့တွေ စစ်နေကိုထပ်ခိုင်းနေဦးမယ်ဆိုရင် ကျွန်တော်က စစ်နေရဲ့အမျိုးသားအနေနဲ့ ပြီးတော့ နောက်လာမယ့် Projectရဲ့လက်ထောက်ခေါင်းဆောင်အနေနဲ့ အဲ့ဒီproject ခင်ဗျားရဲ့အမိန့်ကိုမစောင့်ဘဲ စိတ်ထင်ရာလုပ်မှာပါ။ သတိပေးနေတာမို့လို့ ရလာမယ့်သိန်းရာဂဏန်းကိုလက်လွှတ်နိုင်တယ်ဆိုရင် နောက်နေ့စစ်နေကိုအလုပ်ခိုင်းဖို့ဖုန်းဆက်ရင်ဆက်ပေါ့"
စိတ်ထဲရှိတာပြောပြီးပြီဆိုတာနဲ့ သူဆောင့်ဆွဲထားလို့ တွန့်နေတဲ့ကော်လံစကိုပြန်ဖြန့်ပြီး အခန်းထဲက ခါးကော့ပြီးထွက်လာလိုက်တယ်။
အဲ့ဒါမှမရပ်သေးဘူးဆိုရင် ကိုလင်းအရုဏ်နဲ့တက်တိုင်ပြမယ်။ သူကျတော့ သူ့အိမ်ကလူသူ မျက်လုံးလေးတောင်လှန်မကြည့်ရဲဘဲနဲ့။
====
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြားကတည်းကသိလိုက်ပါတယ်။ တော်ရုံလူတွေက မှန်တံခါးကိုမခေါက်တတ်ဘူးမလား။ သူမှန်းသိသာအောင်တမင်လုပ်တတ်တာလားတော့မသိပေမဲ့ ဖန်ခွက်တွေသုတ်နေရင်းကနေလှည့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း သော်ညံကခေါင်းလေးပဲတိုးလာပြီး ဆိုင်ထဲကျွန်တော်ရှိမရှိကြည့်နေတယ်။
"ဆိုင်မသိမ်းသေးလောက်ဘူးဆိုပြီးလာလိုက်တာ"
"ဖုန်းမဆက်လိုက်ဘဲနဲ့"
"ကြိုသိတော့ပျင်းစရာကြီးလေ"
လှစ်ခနဲပြုံးပြီး ဆိုင်ထဲတက်တက်ကြွကြွလေးလျှောက်ဝင်လာတယ်။ ပြီးတော့ ဝန်ထမ်းတွေနဲ့သူကလွဲရင်ဝင်ခွင့်မရတဲ့ ကောင်တာအနောက်ကို ဝင်လာတယ်။
"ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ။ ဝန်ထမ်းတွေကိုမခိုင်းဘဲနဲ့"
"ဒီနေ့လစာထုတ်ရက်လေ။ စောစောပြန်ကြပြီး မိသားစုကိုအချိန်ပေးဖို့ စောစောဆင်းပေးရမှာပေါ့"
ပြောရင်းဆိုရင်း ကျွန်တော်သုတ်နေတဲ့ဖန်ခွက်ထဲကတစ်ခွက်ကိုဆွဲယူရင်း ပိတ်စတစ်စဆွဲထုတ်ပြီးသူကိုယ်တိုင်ဝင်သုတ်တယ်။ သူ့အလုပ်ကိုယ်ကူပြီး၊ ကိုယ့်အလုပ်သူကူတာကရိုးနေတဲ့ကိစ္စမို့လို့ တားနေစရာမလိုတော့ပါဘူး။
"ဘယ်သူမှမရှိတော့ဘူးလား"
"အင်း ဝန်ထမ်းတွေကတော့..."
စကားမဆုံးလိုက်ခင်မှာပဲ ကျွန်တော့်ကိုအင်္ကျီကော်လံစကနေဆွဲချပြီး ခပ်ဖွဖွငုံထွေးနမ်းလာတယ်။ သူစိတ်ထင်တဲ့အချိန်တိုင်း အမြဲလုပ်နေကျဆိုပေမဲ့ အချိန်တိုင်း ထင်မှတ်မထားတဲ့အချိန်တွေမို့လို့၊ သော်ညံမို့လို့ လိပ်ပြာတွေကတဖျတ်ဖျတ်ပျံဆဲပါ။ အနည်းငယ်အလောကြီးသွားတာမို့ ခဏပြန်ခွာပြီး အသက်ဝဝရှိုက်နေတယ်။ စီရီနေတဲ့မျက်တောင်ဖျားတွေကိုငေးကြည့်ရင်း တံတွေးမြိုချမိသွားတာကိုသူမြင်ရင် ကျွန်တော်နှာဘူးဘွဲ့ထပ်တပ်ခံရဦးမှာ။
ဒိလိုအချိန်နဲ့ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ရုံးမှာတစ်ယောက်ယောက်နဲ့ရန်ဖြစ်လာရလို့ အားပြန်ယူတဲ့သဘောပဲ။ ရှေ့တော့ဆက်လိမ့်မှာမဟုတ်လောက်ဘူးလို့ထင်လိုက်ပေမဲ့ သူ့လက်ထဲက ခွက်ကို စားပွဲပေါ်တင်လိုက်တဲ့ အသံ ခလွပ်ဆိုပြီးကြားလိုက်ရပြီး ဘေးတိုက်အနေအထားကနေ ကျွန်တော့်ဘက်လှည့်လာပြီး ကျွန်တော့်ရင်ခွင်ထဲတိုးဝင်လာတယ်။
"ခ...ခဏလေး"
"ဘာလဲ"
စိတ်မရှည်တော့သလိုမျိုး မျက်မှောင်ကုတ်သွားတာမို့လို့ ကျွန်တော့်မှာအားနာပါးနာနဲ့ ကိုင်ထားမိတဲ့ခါးကို အသာလေးဆွဲဖယ်လိုက်ရတယ်။
"ဟို...အိမ်ရောက်တဲ့အထိသည်းခံလို့မရဘူးလား"
"ငါကဘာကိစ္စ..."
"ဧည့်သည်တွေရှိနေသေးတာဆိုတော့လေ.."
မျက်လုံးနက်တို့ဆတ်ခနဲပြူးကျယ်ဝိုင်းစက်သွားတယ်။ ပြီးတော့ ကျွန်တော်လှမ်းကြည့်လိုက်တဲ့နေရာကို ချာခနဲလှည့်ကြည့်လိုက်ပြီး အခန်းထောင့်မြင်ကွင်းသိပ်မသာနဲ့နေရာမှာထိုင်နေတဲ့ကောင်မလေးနှစ်ယောက်ကိုမြင်သွားတယ်။ ကောင်မလေးနှစ်ယောက်ကလည်း ကောင်တာထဲဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိတောင်သိတဲ့ပုံမပေါက်ပေမဲ့ သော်ညံကတော့ တော်တော်လေးကိုရှက်သွားတဲ့ရုပ်ကလေး။
"ဘာ...ဘာလို့ငါ့ကိုစောစောမပြောတာလဲ"
"တောင်းပန်ပါတယ်။ ငါမင်းကို ငြင်းတာမဟုတ်ဘူး"
ဆဲသံတိုးတိုးနဲ့ ကောင်တာစားပွဲနဲ့ကွယ်ရင်း ထိုင်ချလိုက်တယ်။ ပြီးတော့ခေါင်းလေးပဲပြန်ထွက်ပြီး ကောင်မလေးတွေမြင်သွားလားမမြင်သွားလားချောင်းကြည့်တယ်။
"သူတို့မမြင်ပါဘူး။ သူတို့အာရုံနဲ့သူတို့"
ကျွန်တော့်စကားသံထဲမှာ ရယ်သံဖွဖွပါသွားပေမဲ့ သော်ညံကအဲ့ဒါကိုတောင်အရေးမစိုက်တော့ဘဲ ဆံပင်ကိုသပ်ရင်းမတ်တပ်ပြန်ရပ်လိုက်တယ်။ ပြီးတော့ဘာမှမဖြစ်ခဲ့သလို၊ သူရှက်မနေသလို ချောင်းတစ်ချက်ဟန့် အင်္ကျီကိုဆွဲဆန့်ပြီး မျက်နှာတည်တည်နဲ့ ခွက်တွေပြန်လှည့်သုတ်နေတယ်။ ပြုံးနေမိတာကိုမရပ်နိုင်တဲ့ကျွန်တော်က သူ့ခေါင်းကိုခပ်ဖွဖွပွတ်ပေးပြီး သူနဲ့ဘေးချင်းပြန်ယှဉ်ရပ်ကာ ကျန်နေတဲ့ခွက်တစ်ခွက်ကောက်ကိုင်လိုက်တယ်။
"ဒါနဲ့..."
ကောင်မလေးတွေကိုတစ်ချက်ပြန်လှည့်ကြည့်တယ်။
"မင်းဆိုင်ကနိုင်ငံခြားသားတွေတောင်လာနေပြီလား"
သော်ညံသတိထားမိရလောက်အောင် မြင်တာနဲ့သိသာတဲ့ရုပ်မျိုးပါ။ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်မြှောက်စီးထားတဲ့အမျိုးသမီးက ဖျတ်ခနဲကြည့်လိုက်ရင်တော့ မြန်မာထဲမှာတော်တော်ကိုထူးခြားတဲ့အလှကိုပိုင်ထားတယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့နိုင်ငံခြားသူတစ်ယောက်။
"ဘယ်နိုင်ငံကလဲ။ ငါသူတို့ပြောနေတာမကြားရဘူး"
"ဂျပန်က။ တစ်ယောက်တည်းပါ။ နောက်တစ်ယောက်ကမြန်မာမလေး"
"မြန်မာလား"
"အင်း။ အအေးကသူမှာပေးတာ"
"ငါကနှစ်ယောက်လုံးနိုင်ငံခြားသူထင်နေတာ"
"တော်တော်ချစ်ကြတဲ့ပုံပဲ"
"ဟင်"
သော်ညံက ကျွန်တော့်ကိုတအံ့တသြမော့ကြည့်ပြီးမှ သဘောပေါက်သွားသလိုယောင်ယောင်လေးပြုံးသွားတယ်။
"ဟိုနေ့ကတစ်ခါလာသေးတယ်။ ဂျပန်ကကောင်မလေးက ဒီကကောင်မလေးအတွက်မွေးနေ့ကိတ်လာလုပ်ပေးတာ။ ငါတို့ဆီမှာက နိုင်ငံခြားသား လာရင်တော်တော်များများက အင်္ဂလိပ်တွေများတော့ သူအင်္ဂလိပ်လိုမပြောတတ်ဘဲ ကြိုးစားပမ်းစားမှာပေးနေတာ မှတ်မိသွားတာ။ Google translateနဲ့ပြောတာ။ သူ့ကောင်မလေးနာမည်က နှင်းရိပ်ပြာဆိုလား"
"နိုင်ငံခြားသူနဲ့ဆိုလွယ်မယ်တော့မထင်ဘူး"
"သူတို့မှာလည်း လုံလောက်တဲ့ဇာတ်လမ်းတစ်ပုဒ်ရှိမှာပါ"
"ဟုတ်တယ်"
သော်ညံကဟက်ခနဲရယ်တယ်။
"ငါတို့တောင်လွယ်ခဲ့လို့လား"
ကျွန်တော်တို့အကြည့်ချင်းဆုံသွားတယ်။ အပြုံးနှစ်ခုရောပေါ့။ ပြီးမှအကြည့်ပြန်လွှဲသွားပြီး ကျွန်တော့်ကိုယ်ငွေ့ကိုတောင်းတနေသလို အနားကိုတိုးကပ်လာတယ်။ သော်ညံ့လက်တွေက ခွက်ကိုမနားတမ်းသုတ်နေတုန်းဆိုပေမဲ့ ကျွန်တော့်ပခုံးပေါ်မှာဘေးတိုက်အနေအထားကနေပဲခေါင်းမှီချလိုက်ရင်း အားတစ်ခုခုလွှဲပြောင်းယူသလိုမျိုးမျက်လုံးလေးတွေခဏမှိတ်ထားတယ်။
"ဒီနေ့ ပင်ပန်းလို့လား"
"အင်း ပင်ပန်းတယ်။ လူကြီးနဲ့ရန်ဖြစ်ရတယ်"
"အဖေနဲ့လား"
မဖြေဘူး။ ခေါင်းမှီထားတာကိုမခွာဘဲနဲ့ မော့ကြည့်တယ်။ ကျွန်တော်နဲ့အကြည့်ချင်းဆုံသွားတော့မလုံမလဲဖြစ်သွားတဲ့ရုပ်နဲ့အကြည့်ပြန်လွှဲသွားပြီး ကျွန်တော့်ပခုံးမှာနဖူးကိုတိုက်ပစ်တယ်။
"မင်းအဖေမင်းကိုအလုပ်တွေခိုင်းသေးလား"
ထပ်ပြီး ကျွန်တော့်အတွက်နဲ့ရန်ဖြစ်ပြန်ပြီလားလို့ ဆူလိုက်ချင်ပေမဲ့ သော်ညံ့ကြည့်ရတာတအားပင်ပန်းနေတဲ့ပုံပဲ။ ကျွန်တော့်ဆီကဆူတာထက်နှစ်သိမ့်ပေးတာကိုလိုအပ်နေတာလေ။
"အဖေမခိုင်းတော့လို့ ငါအခုဆိုင်မှာအေးအေးဆေးဆေးနေလို့ရတာမဟုတ်ဘူးလား"
"ဟုတ်လား။ အလုပ်တွေပြန်သိမ်းသွားပြီလား"
"အင်း"
"ဒါပဲလေ။ ဒီလိုပဲဖြစ်ရမှာပေါ့"
"ဘာလို့လဲဆိုတာမင်းသိလား"
"မသိဘူးလေ"
လက်ထဲကခွက်ကိုချလိုက်ပြီး ခေါင်းလုံးလုံးလေးကိုအသာထိန်းကိုင်ပြီး ဆံပင်တွေကြားနှာခေါင်းနှစ်ပြီး ဖွဖွလေးနမ်းလိုက်မိတယ်။ ဘာအကြောင်းပြချက်ကြောင့် အဖေကျွန်တော့်ကိုအလုပ်တွေခိုင်းနေလဲဆိုတာကို သော်ညံက မသိဘဲ ဘာအကြောင်းပြချက်ကြောင့် အလုပ်တွေပြန်သိမ်းသွားလဲဆိုတာကိုလည်း ကျွန်တော်က မသိပေမဲ့ သူဖြစ်စေချင်တာဖြစ်သွားပြီမို့ သော်ညံပျော်သွားတာလေ။ သူပျော်နေပြီမို့ ကျွန်တော့်အတွက်ဘာမှထပ်မလိုတော့ပါဘူး။
ကျွန်တော်မျှော်လင့်တဲ့ညမျိုးဆိုတာ လမင်းကြီးမလင်းရင်တောင် ကြယ်ရောင်တွေအောက် သူ့လက်ကလေးကိုဆုပ်ကိုင်ထားဖို့ပါပဲ။
======
"သူေတာင္းစား"
"မင္းဒီေန႕အလုပ္ရွိတယ္ဆိုတာေမ့သြားလို႔..."
"ေတာ္ေတာ့!"
နာေနတဲ့ခါးကိုကိုင္ရင္း အကၤ်ီၾကယ္သီးေစ့ဖို႔ လည္ပင္းကိုေနာက္တစ္ႀကိမ္အၾကည့္ေရာက္သြားမိျပန္ေတာ့...
"ခ်ီးပဲ"
ထပ္ၿပီးဆဲမိျပန္တယ္။
"ငါမင္းကို မုဒိန္းမႈနဲ႕တရားစြဲမွာ"
"ဘာလို႔ မုဒိန္းဆိုတဲ့စကားကိုခဏခဏေျပာထြက္ရက္တာလဲ"
"မင္းကငါ့ကိုမုဒိန္းက်င့္က်င့္ေနတာေလ။ ဒီလည္ပင္းကဟာႀကီးကိုဘယ္လိုလုပ္ေပးမွာလဲ။ ဘယ္လိုလုပ္ေပးမွာလဲလို႔"
"အိမ္ေထာင္သည္ဘဝကဒီလိုပဲဆိုတာလူတိုင္းသိတာပဲကို"
"ခ်ီးကိုအိမ္ေထာင္သည္လား"
အခဲမေက်နိဳင္တဲ့မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး အံဆြဲထဲက ပလာစတာတစ္ခုဆြဲထုတ္လိုက္တယ္။ အဲ့အက်င့္မေကာင္းတဲ့ေကာင္ေၾကာင့္ ကြန္ဒုံးထက္ ပလာစတာကေတာင္ပိုသုံးရေနသလိုပဲ။
"ငါကပ္ေပးမယ္"
"ေတာ္ပါ"
ျငင္းလိုက္ေပမဲ့ သူ႕လက္ထဲမွာပလာစတာက ေက်ေက်နပ္နပ္ႀကီးေပ်ာ္ျမဴးၿပီးပါသြားေလရဲ႕။ ၿပီးေတာ့ ၿပဳံးစိစိႏႈတ္ခမ္းေတြနဲ႕ ကြၽန္ေတာ့္နားကိုတိုးကပ္လာတဲ့စစ္ေန။
"လာရယ္ေနတယ္။ ေသခ်င္..."
"ၿငိမ္ၿငိမ္ေနေလ"
႐ြယ္လိုက္တဲ့လက္ကို ဖ်တ္ခနဲ အသာေလးဖမ္းဆြဲၿပီး တားလာတယ္။ ၿပီးေတာ့ ပလာစတာအခြံကို ခပ္သြက္သြက္ ဆြဲခြာၿပီး ခရမ္းရင့္ေရာင္အမွတ္ထက္မွာ က်က်နနေလးကပ္ေပးလာတယ္။ အာ႐ုံစိုက္ေနတဲ့စစ္ေနရဲ႕မ်က္ႏွာကို မ်က္လုံးေလးေထာင့္ကပ္ၿပီးၾကည့္လိုက္မိတယ္။
"ဒီေန႕ေရာ မင္းအေဖရဲ႕အလုပ္ေတြလုပ္ေပးရဦးမွာလား"
"အင္း။ မေန႕ညကမလုပ္ျဖစ္လိုက္တာေတြနဲ႕ဆို ငါအေႂကြးပါပိသြားတာ"
အမွန္အတိုင္းေျပာရရင္ စစ္ေနအေဖက အဖြဲ႕ထဲအလုပ္ေတြအရမ္းပုံေနရင္ေတာင္ ဝန္ထမ္းေတြဆီတာဝန္စနစ္တက်ခြဲေပးနိုင္တဲ့သူ။ ဟိုတစ္ေလာက ကုမၸဏီတစ္ခုက ေငြလိမ္သြားလို႔စာခ်ဳပ္ပ်က္သြားၿပီး ဝန္ထမ္းအားလုံးေယာက္ယက္ခတ္ေနတဲ့အခ်ိန္မွာေတာင္ သူတစ္ေယာက္တည္းေခါင္းေအးေအးထားၿပီး ခ်က္က်လက္က်ေျဖရွင္းနိုင္ခဲ့တဲ့သူ။ တကယ္လို႔အခုအလုပ္ေတြမ်ားေနတယ္ဆိုရင္ေတာင္ ဝန္ထမ္းေတြကိုမခိုင္းဘဲ ဘာမွမဆိုင္တဲ့ စစ္ေနကို ဆြဲခိုင္းရတာလဲ။ စစ္ေနကသူ႕ဟာသူေတာင္ ဆိုင္အလုပ္ေတြနဲ႕ လိပ္ပတ္မလည္တဲ့ဟာ။ မဟုတ္မွလြဲေရာ အသက္ငါးဆယ္ေက်ာ္လာလို႔မ်ား ဦးႏွောက္အခန္းလြတ္သြားတာလား။
"ငါကူညီနိုင္တာေတြရွိေလာက္မွာပါ။ ငါလုပ္ေနရတဲ့အလုပ္ေတြပဲကို။ ငါတို႔ဌာနမွာေတာင္ဒီရက္ပိုင္းလုပ္စရာပါးေနၿပီ။ အကုန္မင္းလုပ္ေနရတာမဟုတ္ဘူးလား။ ငါ့ကိုနည္းနည္းခြဲေပး"
"မရဘူး"
အၿပဳံးတစ္ခုနဲ႕ျငင္းရင္း လည္ပင္းကမတပ္ရေသးတဲ့ၾကယ္သီးေတြတပ္ေပးလာတယ္။
"ဒီကိစၥကမင္းဝင္ပါလို႔မျဖစ္ဘူး"
"အဲ့ဒါေၾကာင့္ဘာကိစၥလဲလို႔"
"နားလို႔ရတုန္းနားနားေနေန ေန"
အလုပ္သြားေတာ့လို႔ႏွင္ထုတ္ေနသလိုမ်ိဳး နဖူးကို႐ြတ္ခနဲနမ္းလာတယ္။ သူလုပ္ေနက်အျပဳအမူဆိုေပမဲ့ ဒီေန႕ေတာ့သိပ္ေက်နပ္ခ်င္တာမဟုတ္ဘူး။
"အလုပ္နဲ႕ကိုယ္ေရးကိုယ္တာေရာရတာေတာ့တကယ္မႀကိဳက္ေပမဲ့ အခုကိုယ္ေရးကိုယ္တာက အလုပ္အထိပါေရာက္လာၿပီမို႔လို႔ ေျပာမွျဖစ္မယ္ထင္လို႔ပါ"
စားပြဲေပၚကိုလက္ေထာက္ၿပီးသူ႕ကိုစူးစူးဝါးဝါးစိုက္ၾကည့္ေနတဲ့ ကြၽန္ေတာ့္ကို "ဒီေကာင္ေလးဘာေတြလာရႈပ္ျပန္ၿပီလဲ"ဆိုတဲ့အၾကည့္နဲ႕ စစ္ေနအေဖကျပန္ၾကည့္လာတယ္။
"မိဘဆိုတာနဲ႕သားသမီးကိုအဲ့လိုႏွိပ္စက္လို႔ရလား"
"မိဘမို႔လို႔ ႏွိပ္စက္လို႔ရတာေပါ့။ မင္းလည္းႏွိပ္စက္ခ်င္ရင္ သားတစ္ေယာက္ေလာက္ေမြးလိုက္ေလ"
"ဘာဗ်"
"ေမြးျဖင့္မေမြးနိုင္ဘဲ"
တကယ္ကေတာ့ စစ္ေနပုံစံနဲ႕ဆို ကြၽန္ေတာ္သာ သားအိမ္ပါရင္ အခုအခ်ိန္ကေလးဆယ္ေယာက္ေလာက္ရေနေလာက္ၿပီ။ အင္းေလ...ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကပဲဆြဲေဆာင္တဲ့သူဆိုေပမဲ့။
"ခင္ဗ်ားကိုယ္တိုင္က ေယာက်ာ္းယူထားၿပီးေတာ့ တျခားအတြဲကိုဒီလိုလာေျပာလို႔ဘယ္ရမလဲ"
"အဲ့ဒါေၾကာင့္ ကေလးအေဖတစ္ေယာက္ရဲ႕ခံစားခ်က္ကိုနားမလည္ဘဲ ငါ့ကိုဟိုဟိုဒီဒီေတြလာမေျပာနဲ႕လို႔"
"ကေလးအေဖတစ္ေယာက္ရဲ႕ခံစားခ်က္က သူ႕ဟာသူေတာင္အလုပ္နဲ႕လက္မလည္တဲ့သားကို မဆိုင္တဲ့ အလုပ္ေတြနဲ႕ထပ္ဖိတာလား"
"ငါ့ဟာနဲ႕ အလုပ္နဲ႕ဖိဖိ၊ ဘာနဲ႕ဖိဖိ ငါ့သားမို႔လို႔ ငါ့သေဘာပဲ။ မင္းမေက်နပ္ဘူးဆို မင္းစစ္ေနရဲ႕ရည္စားမလုပ္ဘဲ အေဖလုပ္ေပါ့"
"႐ူးေနၿပီလား။ ဒီအဘိုးႀကိး"ဆိုတဲ့အေတြးကိုစိတ္ထဲမွာ လႊတ္ခနဲေအာ္လိုက္မိေပမဲ့ မ်က္ႏွာမွာေတာ့ခပ္႐ြဲ႕႐ြဲ႕အၿပဳံးတစ္ခုပဲေပၚသြားတယ္။
"ေခြးေခြးခ်င္းယွဥ္ကိုက္ရင္ေတာင္ အိမ္ကေခြးကိုပဲနိုင္ေစခ်င္တာ အေဖတစ္ေယာက္ရဲ႕ခံစားခ်က္ပဲ"
"အခုစစ္ေနက ဘယ္အိမ္ကေခြးကိုရႈံးေနလို႔လဲ"
"သူ႕အိမ္ကေခြးသူရႈံးေနတာေလ။ ငါ့သားျဖစ္ၿပီး ဘယ္ေလာက္အသုံးမက်လိဳက္လဲလို႔"
"ဘာကို..."
"ေဒါက္ ေဒါက္"
တံခါးေခါက္သံၾကားတာမို႔ ႏွစ္ေယာက္လုံးအခ်င္းခ်င္းေပါက္ထြက္မတတ္ၾကည့္ေနရာကေန ကိုယ္ရွိန္သတ္လိုက္မိတယ္။ ကြၽန္ေတာ္ကစားပြဲေပၚမွာလက္ေထာက္ထားရာကေနခါးကိုျပန္မတ္လိုက္ၿပီး သူကလည္းသက္ျပင္းခ်သံတစ္ခုနဲ႕အတူမ်က္မွန္ကိုျပန္ပင့္တင္တယ္။
"စကားေျပာေနတာေတာ့သိပါတယ္။ ဒါေပမဲ့ အခ်က္အလက္ေတြရရခ်င္းလာေပးဆိုလို႔"
စစ္ေနအေဖရဲ႕လက္ေထာက္က အသံျပဳရင္းဝင္လာတယ္။ ကြၽန္ေတာ္ေခ်ာင္းတစ္ခ်က္ဟန့္ၿပီး အေငြ႕ထြက္စျပဳေနတဲ့ ေခါင္းကိုျပန္ေအးေအာင္ စိတ္ထိန္းလိုက္ရတယ္။
"ဒါနဲ႕ စစ္ေနေလး...ကေလးေလးကိုဒီေလာက္ထိ ဘာလို႔ခိုင္းေနတာလဲ။ ကြၽန္ေတာ္တို႔လုပ္ရမယ့္အလုပ္ေတြကို"
ဘာ! ဆံပင္ေတြကိုေဒါသမွိုင္းခတ္ၿပီး မီးေလာင္သြားသလိုပဲ။ ကြၽန္ေတာ့္ကိုေဘးမွာထားၿပီး ဒီလူက စစ္ေနကို ဘယ္လိုေခၚ...
"စစ္ေနလို႔မေခၚနဲ႕လို႔ဘယ္ႏွစ္ခါေျပာရမလဲ"
စကားျဖတ္ၿပီးတားလိုက္တဲ့ စစ္ေနအေဖကို မ်က္လုံးေထာင့္ကပ္ၿပီး လွမ္းၾကည့္လိုက္မိတယ္။
"ကေလးေလးလို႔လည္းမေခၚနဲ႕။ မင္းထိန္းခဲ့တဲ့ကေလးဆိုေပမဲ့ အခုကေလးမဟုတ္ေတာ့ဘူး။ အ႐ြယ္ေရာက္ေနၿပီ"
"ေမ့ၿပီးေခၚမိသြားတာပါ။ မႀကိဳက္ဘူးဆိုတာသိပါတယ္"
အဲ့လိုက်ေတာ့လည္း သူသိသားပဲ။ ကာကြယ္ေပးသားပဲ။ ကြၽန္ေတာ္ရွိေနတဲ့အခ်ိန္မို႔လို႔မဟုတ္ဘဲ တျခားလူတစ္ေယာက္က သူ႕သားအေပၚခ်စ္စနိုးျပဳမူေျပာဆိုတဲ့အေျခအေနကို သူကိုယ္တိုင္ကမႀကိဳက္ဘူးဆိုတာကမ်က္ႏွာမွာေပၚေနတယ္။ ဒါဆို...ေနပါဦး။ ဆရာျဖစ္သူကေရာ၊ စစ္ေနကိုကိုကေရာ၊ အေဖကေရာ၊ ကြၽန္ေတာ္ကပါ ကာကြယ္ေပးေနတဲ့စစ္ေနက ဘယ္သူ႕ကိုမ်ားရႈံးေနလို႔လဲ။ စစ္ေနကလည္းကြၽန္ေတာ့္ကိုဝင္မပါရဘူးတဲ့။ သူတို႔သားအဖဘာေတြျဖစ္ေနၾကတာလဲ။
"ဒါနဲ႕ ထြက္မသြားေသးဘူးဆိုေတာ့ေျပာစရာက်န္ေသးလို႔လား"
စစ္ေနအေဖရဲ႕လက္ေထာက္ ကြၽန္ေတာ့္ကိုလွည့္ၿပီးေမးလာမွ စစ္ေနအေဖကိုဇေဝဇဝါမ်က္စိေထာင့္ကပ္ၿပီးၾကည့္ေနရာကေနအသိစိတ္ျပန္ဝင္သြားတယ္။
"က်န္ေသးတယ္"
"အဲ..."
"ဟုတ္တယ္။ မင္းကကိစၥၿပီးရင္သြားပါ့လား။ ဘာရပ္လုပ္ေနတာလဲ"
"Sorry"
လက္ေထာက္က လွ်ာတစ္လစ္ထုတ္ျပၿပီး လက္အသာေထာင္ျပတယ္။ ၿပီးေတာ့ကြၽန္ေတာ့္နားနားကိုကပ္ၿပီး စစ္ေနအေဖမၾကားရေလာက္တဲ့အသံနဲ႕ တိုးတိုးေလးေျပာတယ္။
"တံ့ဘုန္းသစ္နဲ႕တစ္ခန္းတည္းအၾကာႀကီးေနနိုင္တာ မင္းတစ္ေယာက္တည္းျမင္ဖူးေသးတယ္"
စကားက တကယ္လာတဲ့စကားမို႔လို႔ ရယ္ခ်င္သြားေပမဲ့ ခါးေပၚကို အားေပးဖို႔အတြက္ ဘုတ္ခနဲေရာက္လာတဲ့ လက္ေထာက္ရဲ႕ လက္ေၾကာင့္ "အား"ခနဲ ေအာ္မိၿပီးစားပြဲေပၚလက္ျပန္ေထာက္က်သြားတယ္။ မသိရင္ခါးမွာလွ်ပ္စစ္ေတြစီးသြားသလိုပဲ။
"ဘာ...ဘာျဖစ္တာလဲ။ အဆင္ေျပရဲ႕လား"
"ေသေလာက္ေအာင္နာတယ္လို႔"
ကြၽန္ေတာ့္အံႀကိတ္သံက ေလဟာနယ္ကိုျဖတ္သြားတဲ့ လွိုဏ္သံမို႔လို႔ ၾကက္သီးထသြားတဲ့လက္ေထာက္က ေနာက္ကိုေျခတစ္လွမ္းဆုတ္တယ္။ သူကကြၽန္ေတာ့္ထက္လုပ္သက္ငါးျပန္မကႀကီးၿပီး ရာထူးလည္းႀကီးေပမဲ့ ကြၽန္ေတာ့္စိတ္ကိုသိေနတဲ့သူမို႔ အမွားအႀကီးႀကီးတစ္ခုလုပ္လိုက္မိတာကိုေၾကာက္သြားတဲ့ပုံပဲ။
"ေတာင္း...ေတာင္းပန္ပါတယ္။ အက္စီးဒင့္ျဖစ္ထားလို႔လား။ ကားတိုက္ထားတာလား။ ဒါ..ဒါမွမဟုတ္ ေလွကားေပၚကျပဳတ္က်တာလား"
လက္ေထာက္ကေျခမကိုင္မိလက္မကိုင္မိနဲ႕ ေယာက္ယက္ခက္ေနဆဲ...
"အသက္ကေလး ငုတ္စိနဲ႕ ခါးကနာ..."
ေလွာင္တာလား၊ သူ႕ဟာသူေရ႐ြတ္တာလားမသိေပမဲ့ တစ္ပိုင္းတစ္စပဲေရ႐ြတ္လိုက္တဲ့ စစ္ေနအေဖက တစ္ခုခုကိုျမင္လိုက္သလို စကားကိုရပ္ပစ္လိုက္တယ္။
"ဒါကဘာလဲ"
ကြၽန္ေတာ့္ရဲ႕ခပ္ဟဟ ေကာ္လံကိုခပ္ႀကီးႀကီးျမင္ရတဲ့အထိ ဆြဲလွန္လိုက္တဲ့ စစ္ေနအေဖရဲ႕လက္ေတြ...။ သူ႕မ်က္လုံးေတြက ပလာစတာကပ္ထားတဲ့ကြၽန္ေတာ့္လည္ပင္းထက္မွာရွိေနတယ္။
အစကေတာ့လိမ္ေျပာမလို႔ပဲ။ ေျပာခဲ့သလို ကြၽန္ေတာ္ကအလုပ္မွာကိုယ္ေရးကိုယ္တာအေၾကာင္းေတြမေျပာခ်င္ဘူး။ အထူးသျဖင့္ စစ္ေနအေဖက အလုပ္ရွင္ကလည္းျဖစ္၊ ေယာကၡထီးကလည္းျဖစ္ေနေသးတာမလား။ တတ္နိုင္သေလာက္အကန့္ခြဲထားမွ အလုပ္ကိုစိတ္ရွင္းရွင္းနဲ႕လုပ္နိုင္မွာ။ ဒါေပမဲ့အခုေတာ့ယုတ္မာခ်င္သြားတယ္။ စစ္ေနမွာ သူ႕ကိုပဲအခ်ိန္ေပးဖို႔မဟုတ္ဘဲ ကြၽန္ေတာ့္ကိုေပးဖို႔အခ်ိန္လည္းလိုတယ္ဆိုတာသိေစခ်င္တယ္ေလ။
"ဘာရမွာလဲ။ ခင္ဗ်ားသားလက္ခ်က္ေလ"
"ဘာ..ဘာေတြေျပာ"
လက္ေထာက္က ကြၽန္ေတာ္နဲ႕စစ္ေနဘာပက္သက္မႈလဲဆိုတာမသိေသးတာလည္းစိတ္ဝင္စားမေနဘူး။ စစ္ေနအေဖရဲ႕ဝန္ထမ္းေတြၾကားမွာ ကြၽန္ေတာ္တို႔ကိစၥကိုလွ်ို႔ဝွက္ထားဖို႔ကိုလည္းအာ႐ုံမရွိေတာ့ဘူး။
"ခါးနာေနတာေရာလား"
"ခင္ဗ်ားအသိဆုံးေနမွာေပါ့။ ခင္ဗ်ားကိုယ္တိုင္လည္း ကိုလင္းအ႐ုဏ္ကို မညွာမတာလုပ္ခဲ့တာေတြရွိမွာပဲမလား"
"ဟင္"
"မင္းေျပာေတာ့ မင္းက...ဦးေဆာင္သူဆို..."
"ဘယ္တုန္းကလဲ"
"ဟို....ကြၽန္ေတာ္အျပင္ထြက္ေနလိုက္တာေကာင္းမယ္ထင္တယ္"
လက္ေထာက္ကဘယ္အတိုင္းအတာအထိနားလည္သြားလဲေတာ့မသိေပမဲ့ ဌာနရဲ႕စိတ္အႀကီးဆုံးလူႏွစ္ေယာက္ အားၿပိဳင္ေနတဲ့ေနရာမွာေတာ့ မေနခ်င္ေတာ့သလို ခပ္ျမန္ျမန္ထြက္ေျပးသြားေတာ့တယ္။
"ခင္ဗ်ားတို႔သားအဖကိစၥကိုဝင္မပါေစခ်င္ဘူးဆိုရင္ စစ္ေနရဲ႕ကိုယ္ပိုင္အခ်ိန္ကိုလည္း ခင္ဗ်ားကဝင္မပါနဲ႕ေပါ့"
ဘာမွျပန္မေျဖဘူး။ ကြၽန္ေတာ့္မ်က္ႏွာကိုမယုံနိုင္သလိုေငးၾကည့္ေနတုန္းပဲ။
"ကေလးက ေကာင္းေကာင္း မအိပ္ရတာ သုံးပတ္ေက်ာ္ေနၿပီကို"
မေက်မနပ္ ေရ႐ြတ္လိုက္တာကို ၾကားသည္ျဖစ္ေစ၊ မၾကားသည္ျဖစ္ေစ ဂ႐ုမစိုက္ေတာ့ဘူး။ လက္ညွိုးတစ္ေခ်ာင္းကိုမာန္ပါပါေထာင္လိုက္တယ္။
"ခင္ဗ်ားကအေဖဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ ေနာက္ေန႕ေတြ စစ္ေနကိုထပ္ခိုင္းေနဦးမယ္ဆိုရင္ ကြၽန္ေတာ္က စစ္ေနရဲ႕အမ်ိဳးသားအေနနဲ႕ ၿပီးေတာ့ ေနာက္လာမယ့္ Projectရဲ႕လက္ေထာက္ေခါင္းေဆာင္အေနနဲ႕ အဲ့ဒီproject ခင္ဗ်ားရဲ႕အမိန့္ကိုမေစာင့္ဘဲ စိတ္ထင္ရာလုပ္မွာပါ။ သတိေပးေနတာမို႔လို႔ ရလာမယ့္သိန္းရာဂဏန္းကိုလက္လႊတ္နိုင္တယ္ဆိုရင္ ေနာက္ေန႕စစ္ေနကိုအလုပ္ခိုင္းဖို႔ဖုန္းဆက္ရင္ဆက္ေပါ့"
စိတ္ထဲရွိတာေျပာၿပီးၿပီဆိုတာနဲ႕ သူေဆာင့္ဆြဲထားလို႔ တြန့္ေနတဲ့ေကာ္လံစကိုျပန္ျဖန့္ၿပီး အခန္းထဲက ခါးေကာ့ၿပီးထြက္လာလိုက္တယ္။
အဲ့ဒါမွမရပ္ေသးဘူးဆိုရင္ ကိုလင္းအ႐ုဏ္နဲ႕တက္တိုင္ျပမယ္။ သူက်ေတာ့ သူ႕အိမ္ကလူသူ မ်က္လုံးေလးေတာင္လွန္မၾကည့္ရဲဘဲနဲ႕။
====
"ေဒါက္ ေဒါက္"
တံခါးေခါက္သံၾကားကတည္းကသိလိုက္ပါတယ္။ ေတာ္႐ုံလူေတြက မွန္တံခါးကိုမေခါက္တတ္ဘူးမလား။ သူမွန္းသိသာေအာင္တမင္လုပ္တတ္တာလားေတာ့မသိေပမဲ့ ဖန္ခြက္ေတြသုတ္ေနရင္းကေနလွည့္ၾကည့္လိုက္ေတာ့ ထင္ထားတဲ့အတိုင္း ေသာ္ညံကေခါင္းေလးပဲတိုးလာၿပီး ဆိုင္ထဲကြၽန္ေတာ္ရွိမရွိၾကည့္ေနတယ္။
"ဆိုင္မသိမ္းေသးေလာက္ဘူးဆိုၿပီးလာလိုက္တာ"
"ဖုန္းမဆက္လိုက္ဘဲနဲ႕"
"ႀကိဳသိေတာ့ပ်င္းစရာႀကီးေလ"
လွစ္ခနဲၿပဳံးၿပီး ဆိုင္ထဲတက္တက္ႂကြႂကြေလးေလွ်ာက္ဝင္လာတယ္။ ၿပီးေတာ့ ဝန္ထမ္းေတြနဲ႕သူကလြဲရင္ဝင္ခြင့္မရတဲ့ ေကာင္တာအေနာက္ကို ဝင္လာတယ္။
"ဘာလို႔ကိုယ္တိုင္လုပ္ေနတာလဲ။ ဝန္ထမ္းေတြကိုမခိုင္းဘဲနဲ႕"
"ဒီေန႕လစာထုတ္ရက္ေလ။ ေစာေစာျပန္ၾကၿပီး မိသားစုကိုအခ်ိန္ေပးဖို႔ ေစာေစာဆင္းေပးရမွာေပါ့"
ေျပာရင္းဆိုရင္း ကြၽန္ေတာ္သုတ္ေနတဲ့ဖန္ခြက္ထဲကတစ္ခြက္ကိုဆြဲယူရင္း ပိတ္စတစ္စဆြဲထုတ္ၿပီးသူကိုယ္တိုင္ဝင္သုတ္တယ္။ သူ႕အလုပ္ကိုယ္ကူၿပီး၊ ကိုယ့္အလုပ္သူကူတာကရိုးေနတဲ့ကိစၥမို႔လို႔ တားေနစရာမလိုေတာ့ပါဘူး။
"ဘယ္သူမွမရွိေတာ့ဘူးလား"
"အင္း ဝန္ထမ္းေတြကေတာ့..."
စကားမဆုံးလိုက္ခင္မွာပဲ ကြၽန္ေတာ့္ကိုအကၤ်ီေကာ္လံစကေနဆြဲခ်ၿပီး ခပ္ဖြဖြငုံေထြးနမ္းလာတယ္။ သူစိတ္ထင္တဲ့အခ်ိန္တိုင္း အၿမဲလုပ္ေနက်ဆိဳေပမဲ့ အခ်ိန္တိုင္း ထင္မွတ္မထားတဲ့အခ်ိန္ေတြမို႔လို႔၊ ေသာ္ညံမို႔လို႔ လိပ္ျပာေတြကတဖ်တ္ဖ်တ္ပ်ံဆဲပါ။ အနည္းငယ္အေလာႀကီးသြားတာမို႔ ခဏျပန္ခြာၿပီး အသက္ဝဝရွိုက္ေနတယ္။ စီရီေနတဲ့မ်က္ေတာင္ဖ်ားေတြကိုေငးၾကည့္ရင္း တံေတြးၿမိဳခ်မိသြားတာကိုသူျမင္ရင္ ကြၽန္ေတာ္ႏွာဘူးဘြဲ႕ထပ္တပ္ခံရဦးမွာ။
ဒိလိုအခ်ိန္နဲ႕ ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ ႐ုံးမွာတစ္ေယာက္ေယာက္နဲ႕ရန္ျဖစ္လာရလို႔ အားျပန္ယူတဲ့သေဘာပဲ။ ေရွ႕ေတာ့ဆက္လိမ့္မွာမဟုတ္ေလာက္ဘူးလို႔ထင္လိုက္ေပမဲ့ သူ႕လက္ထဲက ခြက္ကို စားပြဲေပၚတင္လိုက္တဲ့ အသံ ခလြပ္ဆိုၿပီးၾကားလိုက္ရၿပီး ေဘးတိုက္အေနအထားကေန ကြၽန္ေတာ့္ဘက္လွည့္လာၿပီး ကြၽန္ေတာ့္ရင္ခြင္ထဲတိုးဝင္လာတယ္။
"ခ...ခဏေလး"
"ဘာလဲ"
စိတ္မရွည္ေတာ့သလိုမ်ိဳး မ်က္ေမွာင္ကုတ္သြားတာမို႔လို႔ ကြၽန္ေတာ့္မွာအားနာပါးနာနဲ႕ ကိုင္ထားမိတဲ့ခါးကို အသာေလးဆြဲဖယ္လိုက္ရတယ္။
"ဟို...အိမ္ေရာက္တဲ့အထိသည္းခံလို႔မရဘူးလား"
"ငါကဘာကိစၥ..."
"ဧည့္သည္ေတြရွိေနေသးတာဆိုေတာ့ေလ.."
မ်က္လုံးနက္တို႔ဆတ္ခနဲျပဴးက်ယ္ဝိုင္းစက္သြားတယ္။ ၿပီးေတာ့ ကြၽန္ေတာ္လွမ္းၾကည့္လိုက္တဲ့ေနရာကို ခ်ာခနဲလွည့္ၾကည့္လိုက္ၿပီး အခန္းေထာင့္ျမင္ကြင္းသိပ္မသာနဲ႕ေနရာမွာထိုင္ေနတဲ့ေကာင္မေလးႏွစ္ေယာက္ကိုျမင္သြားတယ္။ ေကာင္မေလးႏွစ္ေယာက္ကလည္း ေကာင္တာထဲဘာေတြျဖစ္ပ်က္ေနလဲဆိုတာကို သိေတာင္သိတဲ့ပုံမေပါက္ေပမဲ့ ေသာ္ညံကေတာ့ ေတာ္ေတာ္ေလးကိုရွက္သြားတဲ့႐ုပ္ကေလး။
"ဘာ...ဘာလို႔ငါ့ကိုေစာေစာမေျပာတာလဲ"
"ေတာင္းပန္ပါတယ္။ ငါမင္းကို ျငင္းတာမဟုတ္ဘူး"
ဆဲသံတိုးတိုးနဲ႕ ေကာင္တာစားပြဲနဲ႕ကြယ္ရင္း ထိုင္ခ်လိဳက္တယ္။ ၿပီးေတာ့ေခါင္းေလးပဲျပန္ထြက္ၿပီး ေကာင္မေလးေတြျမင္သြားလားမျမင္သြားလားေခ်ာင္းၾကည့္တယ္။
"သူတို႔မျမင္ပါဘူး။ သူတို႔အာ႐ုံနဲ႕သူတို႔"
ကြၽန္ေတာ့္စကားသံထဲမွာ ရယ္သံဖြဖြပါသြားေပမဲ့ ေသာ္ညံကအဲ့ဒါကိုေတာင္အေရးမစိုက္ေတာ့ဘဲ ဆံပင္ကိုသပ္ရင္းမတ္တပ္ျပန္ရပ္လိုက္တယ္။ ၿပီးေတာ့ဘာမွမျဖစ္ခဲ့သလို၊ သူရွက္မေနသလို ေခ်ာင္းတစ္ခ်က္ဟန့္ အကၤ်ီကိုဆြဲဆန့္ၿပီး မ်က္ႏွာတည္တည္နဲ႕ ခြက္ေတြျပန္လွည့္သုတ္ေနတယ္။ ၿပဳံးေနမိတာကိုမရပ္နိုင္တဲ့ကြၽန္ေတာ္က သူ႕ေခါင္းကိုခပ္ဖြဖြပြတ္ေပးၿပီး သူနဲ႕ေဘးခ်င္းျပန္ယွဥ္ရပ္ကာ က်န္ေနတဲ့ခြက္တစ္ခြက္ေကာက္ကိုင္လိုက္တယ္။
"ဒါနဲ႕..."
ေကာင္မေလးေတြကိုတစ္ခ်က္ျပန္လွည့္ၾကည့္တယ္။
"မင္းဆိုင္ကနိုင္ငံျခားသားေတြေတာင္လာေနၿပီလား"
ေသာ္ညံသတိထားမိရေလာက္ေအာင္ ျမင္တာနဲ႕သိသာတဲ့႐ုပ္မ်ိဳးပါ။ ဆံပင္ရွည္ေတြကို ခပ္ျမင့္ျမင့္ျမႇောက္စီးထားတဲ့အမ်ိဳးသမီးက ဖ်တ္ခနဲၾကည့္လိုက္ရင္ေတာ့ ျမန္မာထဲမွာေတာ္ေတာ္ကိုထူးျခားတဲ့အလွကိုပိုင္ထားတယ္လို႔ထင္ရေပမဲ့ တကယ္တမ္းက်ေတာ့နိုင္ငံျခားသူတစ္ေယာက္။
"ဘယ္နိုင္ငံကလဲ။ ငါသူတို႔ေျပာေနတာမၾကားရဘူး"
"ဂ်ပန္က။ တစ္ေယာက္တည္းပါ။ ေနာက္တစ္ေယာက္ကျမန္မာမေလး"
"ျမန္မာလား"
"အင္း။ အေအးကသူမွာေပးတာ"
"ငါကႏွစ္ေယာက္လုံးနိုင္ငံျခားသူထင္ေနတာ"
"ေတာ္ေတာ္ခ်စ္ၾကတဲ့ပုံပဲ"
"ဟင္"
ေသာ္ညံက ကြၽန္ေတာ့္ကိုတအံ့တၾသေမာ့ၾကည့္ၿပီးမွ သေဘာေပါက္သြားသလိုေယာင္ေယာင္ေလးၿပဳံးသြားတယ္။
"ဟိုေန႕ကတစ္ခါလာေသးတယ္။ ဂ်ပန္ကေကာင္မေလးက ဒီကေကာင္မေလးအတြက္ေမြးေန႕ကိတ္လာလုပ္ေပးတာ။ ငါတို႔ဆီမွာက နိုင္ငံျခားသား လာရင္ေတာ္ေတာ္မ်ားမ်ားက အဂၤလိပ္ေတြမ်ားေတာ့ သူအဂၤလိပ္လိုမေျပာတတ္ဘဲ ႀကိဳးစားပမ္းစားမွာေပးေနတာ မွတ္မိသြားတာ။ Google translateနဲ႕ေျပာတာ။ သူ႕ေကာင္မေလးနာမည္က ႏွင္းရိပ္ျပာဆိုလား"
"နိုင္ငံျခားသူနဲ႕ဆိုလြယ္မယ္ေတာ့မထင္ဘူး"
"သူတို႔မွာလည္း လုံေလာက္တဲ့ဇာတ္လမ္းတစ္ပုဒ္ရွိမွာပါ"
"ဟုတ္တယ္"
ေသာ္ညံကဟက္ခနဲရယ္တယ္။
"ငါတို႔ေတာင္လြယ္ခဲ့လို႔လား"
ကြၽန္ေတာ္တို႔အၾကည့္ခ်င္းဆုံသြားတယ္။ အၿပဳံးႏွစ္ခုေရာေပါ့။ ၿပီးမွအၾကည့္ျပန္လႊဲသြားၿပီး ကြၽန္ေတာ့္ကိုယ္ေငြ႕ကိုေတာင္းတေနသလို အနားကိုတိုးကပ္လာတယ္။ ေသာ္ညံ့လက္ေတြက ခြက္ကိုမနားတမ္းသုတ္ေနတုန္းဆိုေပမဲ့ ကြၽန္ေတာ့္ပခုံးေပၚမွာေဘးတိုက္အေနအထားကေနပဲေခါင္းမွီခ်လိဳက္ရင္း အားတစ္ခုခုလႊဲေျပာင္းယူသလိုမ်ိဳးမ်က္လုံးေလးေတြခဏမွိတ္ထားတယ္။
"ဒီေန႕ ပင္ပန္းလို႔လား"
"အင္း ပင္ပန္းတယ္။ လူႀကီးနဲ႕ရန္ျဖစ္ရတယ္"
"အေဖနဲ႕လား"
မေျဖဘူး။ ေခါင္းမွီထားတာကိုမခြာဘဲနဲ႕ ေမာ့ၾကည့္တယ္။ ကြၽန္ေတာ္နဲ႕အၾကည့္ခ်င္းဆုံသြားေတာ့မလုံမလဲျဖစ္သြားတဲ့႐ုပ္နဲ႕အၾကည့္ျပန္လႊဲသြားၿပီး ကြၽန္ေတာ့္ပခုံးမွာနဖူးကိုတိုက္ပစ္တယ္။
"မင္းအေဖမင္းကိုအလုပ္ေတြခိုင္းေသးလား"
ထပ္ၿပီး ကြၽန္ေတာ့္အတြက္နဲ႕ရန္ျဖစ္ျပန္ၿပီလားလို႔ ဆူလိုက္ခ်င္ေပမဲ့ ေသာ္ညံ့ၾကည့္ရတာတအားပင္ပန္းေနတဲ့ပုံပဲ။ ကြၽန္ေတာ့္ဆီကဆူတာထက္ႏွစ္သိမ့္ေပးတာကိုလိုအပ္ေနတာေလ။
"အေဖမခိုင္းေတာ့လို႔ ငါအခုဆိုင္မွာေအးေအးေဆးေဆးေနလို႔ရတာမဟုတ္ဘူးလား"
"ဟုတ္လား။ အလုပ္ေတြျပန္သိမ္းသြားၿပီလား"
"အင္း"
"ဒါပဲေလ။ ဒီလိုပဲျဖစ္ရမွာေပါ့"
"ဘာလို႔လဲဆိုတာမင္းသိလား"
"မသိဘူးေလ"
လက္ထဲကခြက္ကိုခ်လိဳက္ၿပီး ေခါင္းလုံးလုံးေလးကိုအသာထိန္းကိုင္ၿပီး ဆံပင္ေတြၾကားႏွာေခါင္းႏွစ္ၿပီး ဖြဖြေလးနမ္းလိုက္မိတယ္။ ဘာအေၾကာင္းျပခ်က္ေၾကာင့္ အေဖကြၽန္ေတာ့္ကိုအလုပ္ေတြခိုင္းေနလဲဆိုတာကို ေသာ္ညံက မသိဘဲ ဘာအေၾကာင္းျပခ်က္ေၾကာင့္ အလုပ္ေတြျပန္သိမ္းသြားလဲဆိုတာကိုလည္း ကြၽန္ေတာ္က မသိေပမဲ့ သူျဖစ္ေစခ်င္တာျဖစ္သြားၿပီမို႔ ေသာ္ညံေပ်ာ္သြားတာေလ။ သူေပ်ာ္ေနၿပီမို႔ ကြၽန္ေတာ့္အတြက္ဘာမွထပ္မလိုေတာ့ပါဘူး။
ကြၽန္ေတာ္ေမွ်ာ္လင့္တဲ့ညမ်ိဳးဆိုတာ လမင္းႀကီးမလင္းရင္ေတာင္ ၾကယ္ေရာင္ေတြေအာက္ သူ႕လက္ကေလးကိုဆုပ္ကိုင္ထားဖို႔ပါပဲ။
======