Ctrl+Z(Completed)

By LaYate0101

27K 2.4K 2K

ဒီလောက်ဆိုရင်ရော ငါမင်းနဲ့ တွေ့လို့ရပြီလား။ More

Warning
Intro
Chapter 1
Chapter 2
Chapter 3
Chpater 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 17(B)
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chpater 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
New Year Special Chapter
ဟဟ😆
Chapter 42
Chapter 43
Chapter 44 (warning 18+)
Chapter 45 (warning 18+)
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Sorry
Chapter 61 (warning 16+)
Chapter 62
Chapter 63
Chapter 64
စာအုပ်မှာလျှင်ရမည့်လက်ဆောင်များ
Extra (part 1)
Extra (Part 2)
Extra (Part 3)

Chapter 65(Ending)

508 34 8
By LaYate0101

"သော်ညံ"

ဆုပေးပွဲအတွက် ခုံတွေစနစ်တကျစီပြီး ပြင်ဆင်ထားတဲ့ ဟောခန်းမကြီးတစ်ခု။ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ချို့နဲ့ ဆရာမတစ်ချို့ကလွဲရင် ကျန်တဲ့လူတွေရောက်မလာသေးတာမို့ လူနည်းနေတဲ့အခန်းထဲမှာ ခေါ်သံတစ်ခုက လုံလုံလောက်လောက်ကြားရတဲ့အထိ ထွက်ကျလာတယ်။ ထိုင်ခုံမှာ ထိုင်နေရင်းကနေ ကျွန်တော်မော့ကြည့်လိုက်မိတော့ ကျွန်တော့်ကို စစ်နေက ညာဘက်လက်လက်တစ်ဖက် ကမ်းပေးထားပါတယ်။

"ငါနဲ့အတူတူနောက်မှာလာထိုင်လေ"

ကြည်နူးပြုံးကြီးနဲ့မပြုံးမိသွားအောင် ထိန်းလိုက်ပေမဲ့ နှုတ်ခမ်းထောင့်တွေက သူ့အလိုလို ကွေးညွှတ်လို့သွားမိတယ်။

"မထိုင်ချင်ဘူးဆိုရင်ရော"

"ဘာလို့လဲ"

"တစ်ယောက်တည်းပဲနေတတ်လို့"

မေးခွန်သံပါတဲ့အသံမြင့်နဲ့တုံ့ပြန်လ်ုက်တော့ စစ်နေက ထိတ်ခနဲမျက်လုံးဝိုင်းသွားပြီးမှ ပြုံးစိစိလုပ်ပြီး တကယ်ကြီးပေါ့ဆိုတဲ့ အကြည့်ကိုလုပ်တယ်။ ကျွန်တော်က စိတ်ကုန်တဲ့ပုံနဲ့ သက်ပြင်းတစ်ချက်ကိုချပြီး သူ့လက်ကို စိတ်မပါသလိုဆွဲလိုက်တယ်။

"လက်မှာစွပ်ထားတဲ့လက်စွပ်ကို မေ့ပြီးလူပျိုလုပ်နေမှာစိုးလို့"

မျက်စောင်းတစ်ချက်နဲ့ မကျေလည်သလိုပြောလိုက်မှ စစ်နေက ကျွန်တော့်ခေါင်းကို ခပ်ဖွဖွသပ်ပြီး ကျွန်တော့်လက်ကို အသာလေးဆုပ်ညှစ်တယ်။ ဘေးလူတွေရှိနေတာသိပေမဲ့ စစ်နေတောင်ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်ကလည်း သော်ညံပဲမဟုတ်လားလေ။

"မင်းကမှ ထူးထူးဆန်းဆန်းရှေ့ဆုံးတန်းမှာ ဘာထိုင်လုပ်နေတာလဲ"

"ထူးဆန်းလို့"

ကလေးတွေဆုယူနေကျစင်မြင့်ကို လှည့်ကြည့်ရင်း ပြောလိုက်တော့ စစ်နေကလည်း လူသူမရှိခြောက်ကပ်ပြီး ဆုတံဆိပ်တွေ၊ ဒိုင်းတွေဖလားတွေချည်းပဲတင်ထားတဲ့ စင်မြင့်ကိုလှည့်ကြည့်တယ်။

"ငါငယ်ငယ်ကအဲ့ဒီပေါ်ကဆင်းရမှာ သေလောက်အောင်ကြောက်ခဲ့ဖူးတယ်"

"တကယ်ကို ပင်ပင်ပန်းပန်း နေခဲ့ရတယ်မလား"

"ပြန်တွေးကြည့်တော့ ရယ်ချင်စရာတွေပါ"

ရယ်သံသဲ့သဲ့နဲ့ပြောပြီးမှ သူ့ကိုမျက်လုံးတောက်တောက်တွေနဲ့ ပြန်လှည့်ကြည့်မိတယ်။

"မင်းနဲ့တွေ့ရတာကလွဲရင်"

စစ်နေကလည်း ပြုံးပြံးလေးပြန်ပြောတယ်။

"ငါလည်းမင်းနဲ့တွေ့ရတာကလွဲရင် ကျန်တာတွေက ရိုးရှင်းနေတာတွေချည်းပဲ"

ပြတင်းပေါက်ဝင်လာတဲ့နေရောင်ခြည်က အခန်းဧရိယာတော်တော်များများကို ကျူးကျော်လာတယ်။ ခဏနေရင်​တော့ လူတွေရောက်လာတော့မယ်။ ဒီဆုတံဆိပ်တွေက ပိုင်ရှင်ရတော့မယ်။ မိဘတွေက ဂုဏ်ယူကြမယ်။ ပျော်တဲ့ကလေးတွေကပျော်မယ်။ ငိုတဲ့ကလေးတွေကငိုမယ်။ ကိုယ်ကသာမလိုချင်တဲ့အရာဆို ဘာတွေများဖက်တွယ်နေကြဦးမှာလဲ။

"စစ်နေ"

"ဟင်"

"ဆုပေးပွဲမစခင် ငါတို့အခန်းထဲကိုပြန်သွားကြည့်ရအောင်"

ကျွန်တော်တို့ ထောက်ပံ့ကြေးပေးထားတဲ့ ကလေးက တစ်တန်းလုံးမှာ ဒုတိယဆုရတာမို့လို့ ဒီပွဲက မဖြစ်မနေတက်ဖို့ အဖိတ်ခံထားရတဲ့ပွဲ။ အသက်ရှူကြပ်ကြပ်နဲ့လုပ်နေရတဲ့ အဖေ့ရဲ့ ဟန်ရေးပြပွဲကြီးမဟုတ်ဘူး။ တကယ်လို့ အဲ့ဒီလို ဟန်ရေးပြပွဲဆိုရင်တောင် ကျွန်တော့်ဘေးမှာ စစ်နေရှိနေတာမို့လို့ ရင်ဆိုင်ဖို့ သတ္တိမွေးနိုင်ခဲ့ပြီ။ ဒီနေ့တော့ အဖေမပါလာဘူး။ တခြားဘယ်သူမှမပါတဲ့ ကျွန်တော်တို့နှစ်ယောက်တည်းတက်လာတဲ့ပွဲပါ။

အပေါ်ထက်တက်ဖို့ လှေကားဆီလျှောက်လာတဲ့အချိန်မှာပဲ လှေကားရင်းမှာ ထင်မှတ်မထားတဲ့သူနဲ့တွေ့တာမို့လို့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ခြေလှမ်းတွေရပ်တန့်သွားတော့တယ်။

"သော်ညံ မင်းမလား"

လှစ်ခနဲ ပြုံးလိုက်မိတဲ့အပြုံးက အရင်လို ခပ်ရွဲ့ရွဲ့အပြုံးမဟုတ်တော့ပါဘူး။ မျိုးမြင့်ထွန်းက ကျွန်တော်နဲ့ ကျွန်တော့်ဘေးမှာရပ်နေတဲ့ စစ်နေကို နားမလည်သလို တစ်လှည့်စီကြည့်တယ်။

"ရဲနောင်ဇော်ရော။ ငါကမင်းတို့အတူတူလာမယ်ထင်နေတာ"

သူဘာမှမပြောရသေးခင် အရင်ဦးအောင်ပြောလိုက်တော့မှ စစ်နေဆီကိုရောက်နေတဲ့ သူ့အကြည့်တွေက ကျွန်တော့်ဆီပြန်ရောက်လာတယ်။

"မင်းမသိသေးဘူးထင်တယ်။ မင်းကိုရေကူးကန်မှာ သူတို့အုပ်စု လိုက်ရိုက်တဲ့နေ့ကတည်းက ငါသူတို့နဲ့မခေါ်တော့တာ"

"အဲ့နေ့က မင်းပြောပေးလို့ စစ်နေရောက်လာတယ်ဆိုတာ ငါသိပြီးပြီ"

"ဟုတ်လား"

ရုတ်တရတ်ရှက်သွားတဲ့ပုံနဲ့လည်ပင်းကိုပွတ်နေတဲ့ မျိုးမြင့်ထွန်းကို ငေးကြည့်နေမိတယ်။ မတွေ့ရတာ နှစ်တွေတော်တော်ကိုကြာခဲ့ပြီ။ ငယ်ရုပ်ကတော့မပျောက်သေးပေမဲ့ အသက်ကြီးလာတာနဲ့ ရင့်ကျက်မှုက သူ့ဆီစီးဝင်လို့နေပါပြီ။ ပုဆိုးသန့်သန့်တစ်ထည်နဲ့ တိုက်ပုံအင်္ကျီဝတ်ထားတာကိုကြည့်လိုက်ရင် သူလည်းဒီနေ့ဆုပေးပွဲကို အကြောင်းတစ်ခုခုကြောင့်တက်လာတယ်ဆိုတာ မှန်းဆလို့ရတယ်။

"ဒါပေမဲ့ ရဲနောင်ဇော် လွန်ခဲ့တဲ့ငါးနှစ်လောက်ကထင်တယ်။ ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရတယ်လို့ ငါကြားတယ်"

"ဘာလို့လဲ"

"ဒဏ်ရာရလို့ဆိုလား။ သူ့ဟိုဟာလေ..."

ပြောရခက်သွားတဲ့ပုံနဲ့စကားခဏရပ်သွားတဲ့ မျိုးမြင့်ထွန်းမျက်နှာကိုမြင်မှ ကျွန်တော်ပါးစပ်ဟောင်းလောင်းပွင့်သွားတာ။ စစ်နေကိုလည်း အလန့်တကြားပြန်လှည့်ကြည့်မိတယ်။ စစ်နေကတော့ သူနဲ့ဘာမှမဆိုင်တဲ့ကိစ္စကိုကြားနေရသလိုပဲ။ ပေကပ်ကပ်နဲ့ရပ်နေတယ်။

"ပြန်ကောင်းသွားတယ်တဲ့လား"

"မပြောတတ်ဘူး။ ငါလည်းအဲ့လောက်တော့မသိဘူး"

ရယ်လည်းရယ်ချင် စိ​တ်ကလည်းရှုပ်ရှုပ်နဲ့ ခေါင်းငုံ့ပြီး မျက်ခုံးတွေကို လက်ညှိုးထိပ်နဲ့ကုတ်နေမိတုန်းမှာ စစ်နေက ကျွန်တော့်ပခုံးကို အသာလေးလာဖက်တယ်။

"ငါတို့သွားရအောင်။ ခဏနေရင်ဆုပေးပွဲစတော့မယ်"

"အင်း"

ကျွန်တော်သူ့ကိုပြန်မော့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။ စစ်နေရဲ့မျက်လုံးထဲကအရောင်က အရမ်းကို ဂုဏ်ယူဝင့်ကြွားနေတဲ့ပုံပဲ။ စစ်နေက ငယ်ငယ်လေးကတည်းက အရွယ်နဲ့မလိုက်အောင်ရင့်ကျက်လို့ နှစ်ဆယ့်ငါးနှစ်ကျော်လာတဲ့ဒီလိုအချိန်မှာ ပိုပြီးတော့ တည်ငြိမ်နေမယ်ထင်ထားတာ။ အခုတော့ ကလေးလေးတစ်ယောက်လို သူ့ပိုင်ဆိုင်မှုသူ မဏ္ဍပ်တိုင်တက်ပြချင်နေလိုက်တာ။ ကြည့်ပါဦး။

မျိုးမြင့်ထွန်းကို အကြည့်နဲ့ပဲ နှုတ်ဆက်ပြီး ဖြတ်လျှောက်လာခဲ့တယ်။ တကယ်ကို နားမလည်နိုင်သေးတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေရာကနေ လှေကားသုံးထစ်လောက်နင်းဆက်ပြီးချိန်ကျမှ နောက်ကနေ လှမ်းခေါ်တယ်။ ကျွန်တော်တို့ လှည့်ကြည့်လိုက်တော့ သူ့နှုတ်ခမ်းတွေက အံ့သြစိတ်နဲ့သိသိသာသာပွင့်ဟလို့နေပါတယ်။

"မဟုတ်မှလွဲရော....မင်းတို့...."

အတိအကျကြီးဆက်မမေးလာဘူး။ ဒါပေမဲ့ သူမေးချင်တဲ့မေးခွန်းကို ကျွန်တော်တို့သိနေပြီးပြီပဲလေ။ အဖြေပြန်ပေးမနေတော့ဘဲ ချထားတဲ့ စစ်နေရဲ့လက်ကို ဖွဖွလေးဆွဲလိုက်တယ်။ စစ်နေရဲ့ဘယ်ဘက်လက်မို့လို့ အဲ့ဒီလက်မှာ ကျွန်တော့်ရဲ့လက်စွပ်လေးရှိနေသလို မျိုးမြင့်ထွန်းမြင်နေရတဲ့ဘက်ခြမ်းက ကျွန်တော့်လက်မှာလည်း စစ်နေရဲ့ လက်စွပ်လေးရှိပါတယ်။

"နောက်မှတွေ့မယ်"

မျိုးမြင့်ထွန်းကို ချန်ထားခဲ့ပြီး သစ်သားနဲ့ဆောက်ထားတဲ့ကျောင်းဆောင်အိုကြီးရဲ့ လှေကားထစ်တွေကို နင်းတက်လာတော့ သစ်သားတွေအော်တဲ့အသံက ဟိုးအရင်ကထက် နည်းနည်း ပိုကျယ်လို့နေပြီ။ အလွတ်ရနေတဲ့​ခြေလှမ်းတွေရဲ့ အဆုံးက စာသင်ခန်းထဲလှမ်းဝင်လိုက်တဲ့အချိန်မှာ စစ်နေက အနောက်ကနေတိတ်တဆိတ်ပါလာတယ်။ ပိတ်ရက်မို့ ကျောင်းသားတွေတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာ အရင်နဲ့မတူတော့တဲ့ ခြေသံနှစ်ခုပဲ ခပ်ဖွဖွကြားနေရတယ်။
ကျွန်တော့် ခြေသံနဲ့ စစ်နေရဲ့ခြေသံ။ မတူခြားနားမှုတွေနဲ့ လမ်းနှစ်လမ်းကိုလျှောက်နေရာကနေ ဒီခြေသံနှစ်ခုက ဘယ်တုန်းကတည်းကဒီလို ထပ်တူကျသွားခဲ့လဲဆိုတာ ကျွန်​တော်မသိဘူး။ သိစရာလည်း မလိုအပ်တော့ဘူး။ ကျွန်တော်တို့က နောက်ပြန်လှည့်စရာတွေလည်းမရှိတော့ဘူးလေ။

ကျွန်တော် ပြတင်းပေါက်ဘေးက နောက်ဆုံးခုံဖြစ်တဲ့ ကျွန်တော့်ခုံမှာဝင်ထိုင်တော့ စစ်နေကလည်း ကျွန်တော့်​ဘေးက သူ့ခုံမှာဝင်ထိုင်တယ်။ ဒီခုံလေးက ဟိုးအရင်တုန်းကလိုပဲ ကျောင်းအဝင်နဲ့ သစ်ပင်ကြီးကို လှမ်းမြင်နေရဆဲပါ။

"မင်းဘာလို့အမြဲ နောက်ဆုံးခုံမှာပဲထိုင်တာလဲ"

စစ်နေက ပထဆုံးအနေနဲ့ မေးလာတယ်။

"လူတိုင်းကငါ့ကိုကျောပေးထားလို့"

"ကျောပေးထားရင် စိတ်သက်သာရလား"

"အင်း"

စစ်နေက ကျွန်တော့်ကိုလှည့်ကြည့်လာတယ်။ Whute Boardပေါ်မှာ ရေးပြီးဖျက်ထားတဲ့ သင်္ချာပုံသေနည်းတစ်ခုရဲ့ ထောင့်စွန်းက မဖျက်မိဘဲ စာလုံးလေးတွေပေါ်​နေတာမို့ ဘာပုံသေနည်းများဖြစ်မလဲလို့တွေးနေမိရာကနေ ကျွန်တော်လည်း စစ်နေရှိရာကို လှည့်ကြည့်လိုက်မိပါတယ်။

"မင်းကျောပြင်ကတော့အရမ်းအထီးကျန်လို့ ငါမင်းဘေးမှာရှိပေးချင်ခဲ့တာ"

အခန်းထဲကို မျက်စိလည်လာပုံရတဲ့ လိပ်ပြာလေးတစ်ကောင်ဝင်လာတယ်။ စစ်နေရဲ့နားမှာ ဟိုဟိုဒီဒီ တဖျတ်ဖျတ်နဲ့ပျံသန်းနေပြီးမှ ကျွနိတော့်နောက်ဘက်က ပြတင်းပေါက်ကနေထွက်သွားတယ်။

"အထီးမကျန်ပါနဲ့"

"ငါအထီးမကျန်တော့ဘူးဆိုတာကို ဒီထက်ပိုပြီး သက်သေပြဖို့ လိုနေသေးလို့လား"

လိပ်ပြာလေးက မြေပြင်ပေါ်က ပန်းခင်းလေးဆီရောက်သွားတဲ့အချိန်မှာ စစ်နေက ကျွန်တော့်နားကို ဖြည်းဖြည်းချင်းတိုးကပ်လာတယ်။ ဖြည်းဖြည်းရောနှောလာတဲ့ထွက်သက်တွေ။ နဂိုတည်းက နံရံကိုမှီထားတာမို့လို့ စစ်နေတိုးလာတဲ့အချိန်မှာ နောက်ဆုတ်စရာနေရာလည်းကျန်မနေတော့တာမို့လို့ ခပ်ဖြည်းဖြည်းလှုပ်ခတ်နေတဲ့နှလုံးခုန်သံထဲ အသက်ကိုမျှင်းရှူရင်း မျက်လွှာချပေးလိုက်မိတယ်။

နဖူးပြင်ကို အသာအယာထိခတ်လာတဲ့ အနမ်းပါးပါးလေးမှာတင် ကျွန်တော့်နှလုံးသားက လေနဲ့အတူလွင့်ပါသွားတော့မလိုပဲ။ ဟောင်းနွမ်းနေတဲ့စာသင်ခန်းဆီက ရင်းနှီးနေတဲ့အငွေ့အသက်တွေရဲ့ လွှမ်းခြုံမှုအောက်မှာ တဖြည်းဖြည်းပူနွေးလာတဲ့အသက်ရှူသံရဲ့ ဆင့်ကဲရိုက်ခတ်မှုကို စစ်နေက အပြုံးတစ်ခုနဲ့စိုက်ကြည့်နေတယ်။ ပြီးတော့ သူထပ်ပြီး ရောင့်တက်လာတဲ့ ဖြူစင်မှုအတွက် ကျွန်တော့်မျက်လုံးတွေမှိတ်ကျသွားရတာပါပဲ။

"ဆရာတွေမိသွားမှာ မကြောက်ဘူးလား"

ကျွန်တော့်အသံအုပ်အုပ်ကိုကြားတော့ သူက မအောင့်နိုင်သလိုရယ်တယ်။ တကယ်က ညင်သာသိမ်မွေ့လွန်းလို့ ဒီလိုစွပ်ကြီးစွဲကြီးနိုင်တဲ့ ​မေးခွန်းမျိုးနဲ့ သူ့အနမ်းကသိပ်မလိုက်ဖက်လှပါဘူး။

"မင်းကအဲ့ဒါမျိုးတွေကြောက်တတ်လို့လား"

"ငါ့ကိုများ အထင်သေးရဲလား"

ပြောရင်းဆိုရင်း သူ့ဆီကို လုပ်ချင်ရာသာလုပ်တော့ဆိုတဲ့သဘောနဲ့ မျက်နှာကိုထိုးပေးပြီး ခန္ဓာကိုယ်ကို သူနဲ့ပိုနီးတဲ့ဆီတိုးကပ်ပေးလိုက်ပေမဲ့ စစ်နေက ဟက်ခနဲရယ်သံနဲ့အတူ စောနကလိုလေးပဲ ခပ်ဖွဖွပဲ ထပ်နမ်းပြီး လွှတ်ပေးတယ်။

"အဲ့ဒီစကားလေ..."

နေရောင်ဟပ်နေတဲ့ စစ်နေရဲ့ပါးပြင်က မသိမသာပန်းရောင်လေးပြေးလာတယ်။ အဲ့ဒီစကားဆိုတာ ဘာစကားမို့လို့ သူဒီလောက်ရှက်နေတာလဲဆိုတာ ချက်ချင်းနားမလည်မိပေမဲ့ သဘောပေါက်သွားတဲ့အချိန်မှာ ကျွန်တော့်ပါးပြင်တွေလည်းပူနွေးလာသလိုပဲ။

"ငါမင်းကိုတစ်ခါမှမပြောခဲ့ရသေးဘူး"

"အဲ့...အဲ့ဒါက ဘာများအံ့သြဖို့ကောင်းလို့ အထူးအဆန်းလုပ်ပြီးပြော...ပြောနေကြတာလဲ ငါနားကိုမလည်နိုင်ဘူး"

"ဒါဆို မင်းမကြိုက်ဘူးလား"

"မကြိုက်ပါဘူး...ကြိုက်စရာဘာရှိလို့"

"နားမထောင်ချင်ဘူးပေါ့"

တဖျတ်ဖျတ်လက်နေတဲ့ဂေါ်လီလုံးလေးနဲ့ အဲ့ဒီအောက်ဘက်က ကမ္ဗလာနုရောင်ပါးပြင်လေးက အရောင်ပြန်ဖျော့သွားတယ်။ ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ မျက်တောင်ဖျားတို့က ကြောင်လိမ္မာလေးတစ်ကောင် သူလိမ္မာနေရဲ့သားနဲ့ လိုချင်တာမရလို့ မျှော်လင့်ချက်မဲ့သွားတဲ့ မျက်ဝန်းမျိုးပါ။ ကျွန်တော့်နားထဲမှာ မြည်နေတာ ဘာအသံလဲ။ ကောင်းကင်ပေါ်က ကြယ်လေးတစ်ပွင့်နေ့ခင်းကြေုင်တောင်ခုန်ဆင်းလာသလိုမျိုး၊ တသဲ့သဲ့စီးသွားတဲ့ စမ်းရေကြည်တို့ထဲ နင်းဖြတ်ရသလိုမျိုး...

"မင်းအဲ့လိုကိစ္စတွေ ဘယ်အချိန်ထိငါ့ကိုခွင့်တောင်းနေဦးမှာလဲ"

ကျွန်တော့်အသံထဲမှာ ဆူပူမှုလေးမသိမသာပါပါတယ်။

"ဘယ်အချိန်ထိ ခွင့်တောင်းပြီးတော့ ငါ့ပါးစပ်က အမှန်အတိုင်းထွက်လာတဲ့အထိ အရှက်ခွဲမှာလဲ"

"ဒါဆို...."

"ငါမင်းကို ပထမဆုံး..."

ကျွန်တော့်အသံက ရှက်စိတ်ကြောင့်သိသိသာသာတိုးဝင်သွားသလို မျက်တောင်ဖျားတို့ကလည်း သိသာသာကခုန်သွားမိတယ်။

"ငါမင်းကို ငါတို့အရင်အိမ်က ရေကန်နားမှာ ပထမဆုံးနမ်းတဲ့ညကတည်းက..."

"ဘာ"

"မသိဘူးလား ခွေးကောင်။ မင်းက အလိုက်ကမ်းဆိုးနားမလည်တဲ့နေရာမှာနှစ်ယောက်မရှိဘူး။ မင်းရဲ့ ချစ်တယ်ဆိုတာပြောဖို့မလိုဘူး ဘာညာဒဿနတွေနဲ့ ကြီးကြီးကျယ်ကျယ် အတွေးအခေါ်တွေကြောင့် ငါတောင်မှ မင်းကို ချစ်တယ်ဆိုတာ ပြောလို့မရ ဖြစ်နေတာမလား"

သေလိုက်ပါတော့...

အသံတွေအားလုံးတိခနဲတိတ်ကျသွားတယ်။ ကျွန်တော့်ကိုတောင်းပန်ဖို့ တင်းတင်းစေ့ထားတဲ့ စစ်နေရဲ့နှုတ်ခမ်းတွေ ခပ်ဟဟလေးပွင့်သွားတဲ့ခဏမှာ တိုက်ခတ်လာတဲ့လေညှင်းက ပူနွေးနေတဲ့ ကျွန်တော့်ပါးပြင်ကို တို့ထိကျီစယ်သွားပြီး စစ်နေရဲ့ ဆံပင်ဖျားတွေနဲ့ နှလုံးသားအထိပွတ်တိုက်သွားတော့တယ်။

"ငါ...မဟုတ်ဘူး...ငါပြောချင်တာက...."

"ငါ့ကိုချစ်တယ်လို့လား"

"မဟုတ်ပါဘူးနော်"

ကမူးရှူးထိုး ထအော်ပစ်မိသွားတယ်။ အသံက တော်တော်လေးကျယ်သွားတာမို့လို့ စာသင်ခန်းရှေ့ဆုံးက ပြတင်းပေါက်ဘောင်ပေါ်နားနေတဲ့ ငှက်ကလေးတောင်လန့်ပြီးထပျံသွားတယ်။

"ဘာပဲဖြစ်ဖြစ် ငါအရင်ပြောတာ။ ငါနိုင်တယ်"

"မဟုတ်ဘူးဆို"

"မဟုတ်ဘူး"

"ကွန်ပျူတာနဲ့ဆို ctrl zခေါက်လိုက်ရင် စောနက မင်းဘာပြောလိုက်လဲ ပြန်နားထောင်လို့ရတယ်"

"ငါဘာမှမပြောဘူး"

"ဒါဆိုငါပြောမယ်လေ"

နောက်တစ်ကြိမ်....နောက်တစ်ကြိမ်ထပ်ပြီး တွန်းထိုးလာပြန်တဲ့ ရင်ခုန်သံ။ ကြားရမှာ ကြောက်သလိုလို စိုးရွံ့သလိုလို ခြေဖျားလက်ဖျားတွေအေးလာပေမဲ့ အောက်ထပ် ခန်းမထဲ လူစုနေပုံရတဲ့ ကလေးတွေရဲ့ဆူညံသံကို အခုခဏလေးမှာ တိတ်ပေးရင်ကောင်းမယ်လို့ဆုတောင်းမိတယ်။ တခြားလူတွေကတော့ ကြားချင်တဲ့အချိန် ပြန်ပြောခိုင်းလို့ရတာပဲလို့ ပြောလောက်တယ်ဆိုပေမဲ့ စစ်နေက အဲ့လိုလူမျိုး မဟုတ်ဘူးရယ်လေ။ သူ့ဆီက ဒီစကားတစ်ခွန်းက ဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတာ မှန်းဆလို့မရဘူး။ အမြဲအရှုံးပေးထားသလိုဆိုပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော့်ကို သူက ဒီလိုပရိယာယ်မျိုးနဲ့ လှလှပပလေးအနိုင်ယူထားတာ။ သူ့အလိမ္မာနည်းတွေနဲ့ ကျွန်တော့်ကို မသိမသာ သိမ်းပိုက်ထားခဲ့တာ။

လက်ညှိုးနဲ့လက်မထိပ်က လက်သည်းအချင်းချင်း ဆောက်တည်ရာမရကုတ်ခြစ်နေမိရင်း စစ်နေရဲ့မျက်လုံးအိမ်ထဲ နင့်ခနဲ မြုပ်သွားတဲ့အထိ ကြည့်မိသွားတဲ့အချိန်မှာပဲ....

"ဟေး ဟိုက ကလေးနှစ်ယောက်"

ဝုန်းခနဲ လူချင်းကွဲသွားသလို နှစ်ယောက်လုံးရဲ့ မကျေလည်တဲ့အကြည့်က အခန်းဝကအသံလာရာဆီကို ပြိုင်တူရောက်သွားတယ်။ အခန်းဝမှာ ရပ်နေတာက ငယ်ငယ်ကအတန်းပိုင်ဆရာ။

"အဲ့မှာ ဘာလုပ်နေတာလဲ။ ပွဲစတော့မယ်။ မလာသေးဘူးလား"

"လာမယ် ဆရာ။ အခုလာခဲ့မယ်"

စစ်နေဆီက ပြေပြေလည်လည်အသံတစ်ခုထွက်လာပေမဲ့ ကျွန်တော့်မျက်ခုံးနှစ်ခုကတော့ အလယ်မှာစုသွားတာ ဘယ်လိုမှဆွဲခွာလို့ရဖြစ်နေမိတယ်။ နှုတ်ခမ်းနှစ်ခုကို တင်းတင်းစေ့ထားရင်း လက်ပိုက်ထိုင်နေမိတုန်း စစ်နေကတော့ ခပ်သွက်သွက်ပဲ မတ်တပ်ထရပ်တော့တယ်။ ချီးထဲမှပဲ။

"လာခဲ့နော် ဆရာပွဲထဲကပဲ စောင့်နေတော့မယ်"

"ဟုတ်ကဲ့ဗျ"

သက်ပြင်းတစ်ချက်ချမိတယ်။ ဘာတတ်နိုင်မှာလဲ။ တစ်သက်လုံးမကြားရတော့ဘူးဆိုလည်း ကျွန်တော့်လိုလူအတွက်က ဒီစကားတစ်ခွန်းဘာများမက်စရာရှိလို့။ အရူးချီးပန်းတွေပြောတဲ့စကား။ တကယ်က လူတွေပေါ့ပေါ့လေးပြောတဲ့ ဒီလိုစကားမျိုးကို ကြားချင်တယ်ဆိုတာ ကျွန်တော်ကမှအရူးထတာ။ အလကားဟာတွေ။

"သော်ညံ"

"သိတယ်။ သွားမယ်လို့"

ပြောရင်းဆိုရင်းကနေ ထရပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲ လည်တိုင်ထက်ကို ရုတ်တရတ်ရောက်လာပြီး သူ့ရှိရာမော့ယူလိုက်တဲ့လက်တွေနဲ့ နက်နက်ရှိုင်းရှိုင်းဖိကျလာတဲ့ အနမ်းနွေးနွေးတွေကြောင့် အသက်ရှူသံတွေရပ်တန့်သွားတယ်။ ကျွန်တော့်လက်တွေ သူ့လက်ဖမိုးပေါ်အုပ်ကိုင်ရက်သားဖြစ်သွား​ပြီး ကျွန်တော့်မျက်လွှာတို့ ကယောင်ကတမ်း မှိတ်ကျသွားတဲ့အချိန်မှာ စောနက ထွက်ပြေးသွားတဲ့ ငှက်ကလေးက ပြတင်းပေါက်ဘောင်ပေါ်ပြန်ရောက်လာပြီး သီချင်းသံလေးတစ်ခုကိုဆိုတယ်။ အဲ့ဒီသီချင်းသံလေးဆုံးသွားတဲ့ခဏ...ကျောင်းတက်ခေါင်းလောင်းသံရပ်သွားတဲ့အချိန်မှာပဲ ဖြည်းဖြည်းချင်းပြန်ဖယ်ခွာသွားပေမဲ့ အဝေးကိုရောက်မသွားတဲ့ ကျွန်တော်ပြုံးစိစိငေးကြည့်နေကျ နှုတ်ခမ်းပါးတို့ကနေ စကားလေးနှစ်လုံးက ငြင်ငြင်သာသာလေးတိုးဖြတ်ထွက်လို့လာပါတော့တယ်။

"ချစ်တယ်"

တကယ်က ဒီအခိုက်အတံ့ကို ကျွန်တော် မကြာခဏအိပ်မက်မက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိပ်မက်ဆိုတာမျိုးကျ တစ်ယောက်တည်းရဲ့စိတ်ကူးမို့လို့ အိပ်မက်သက်သက်ပဲဆိုတဲ့ အတွေးနဲ့ လုံလောက်သွားခဲ့တာမျိုး။ အခုကတော့ အရမ်းကိုနွေးထွေးလို့နေတယ်။ အိပ်မက်နဲ့ထပ်တူညီတဲ့လက်တွေ့တစ်ခုက ဒီလောက်ထိ နွေးထွေးနိုင်တာများလား။ မျက်လုံးအိမ်တွေကို ယောင်ဝါးဝါးဖွင့်ကြည့်လိုက်မိတဲ့အချိန်မှာ တိုးဝင်လာတဲ့ အလင်းရောင်ထုကြီးကြောင့် စစ်နေရဲ့သဏ္ဍာန်က အိပ်မက်တစ်ခုလို၊ မျှော်လင့်ချက်တစ်ခုလို တောက်တောက်ပပ ဝေဝါးလို့နေတာ....

ဒီကြားထဲက ကျွန်တော် အသံတိုးတိုးလေးနဲ့ ပြောဖြစ်အောင်ပြောလိုက်ပါသေးတယ်။

"​ဘာပဲဖြစ်ဖြစ် ငါနိုင်တာနော်"

စစ်နေကပြုံးတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးတယ်။ ပြီးတော့ ကျွန်တော့်ပါးပြင်ကို ဖွဖွလေးပွတ်ပြီး ခေါင်းညိတ်ပြလာတယ်။

"ငါက မင်းကို အမြဲအရှုံးပေးထားတဲ့သူပါ သော်ညံရယ်"

အတူတူဖြတ်သန်းလာခဲ့တဲ့ကာလကြီးက ရှည်လျားလွန်းလှပြီဆိုပေမဲ့ ကျွန်တော်တို့စတွေ့ခဲ့တဲ့ အချိန်တွေက ဒီနေရာမှာပဲ ရပ်တန့်လို့နေတုန်း။ တစ်ပြိုင်တည်းမှာပဲ ရွေ့လျားလို့နေတုန်း။ ရထားလမ်းမှာ ခုတ်မောင်းသွားတဲ့ရထားတစ်စင်းလိုပေါ့။ မနေ့က ဒီလမ်းပေါ်ကို ရောက်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာလည်း ထပ်သွားရဦးမှာပဲ။ အရမ်းကိုရှည်ကြာတဲ့အချိန်ထုကြီးမတိုင်ခင်အထိ ဒီလမ်းလေးတွေ၊ ဒီအိမ်တွေနဲ့ ဒီလူတွေရှေ့ကနေ ဖြတ်ပြီးခုတ်မောင်းနေရဦးမှာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီနေ့နဲ့မနက်ဖြန်တွေမှာ ကွဲပြားသွားတဲ့အရာတွေရှိတယ်။ ကြွေကျသွားတဲ့ သစ်ရွက်လေးတွေရှိသလို အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေလည်းရှိမယ်။ လူတိုင်းမှာ အတိတ်တွေရှိကြတယ်။ ဒါပေမဲ့ အချိန်ရဲ့ တိုက်စားမှုမှာ ဒီအတိတ်တွေမှိန်ဖျော့လာလို့ နာကျင်မှုနဲ့ပျော်ရွှင်မှုတွေ အနည်ထိုင်တဲ့အခါ ကိုယ်က ဘယ်ရေခွက်ကို ပြန်ဆူပွက်အောင်လုပ်မလဲဆိုတာပါပဲ။

ကျွန်တော်က အခုထိ အတိတ်ကိုဖက်တွယ်ထားဆဲပါ။ ဒါပေမဲ့ အဲ့ဒီအတိတ်ကနာကျင်မှုတွေကြောင့်ပဲ ဘယ်အရာကို ပိုတန်ဖိုးထားသင့်လဲဆိုတာ သိခဲ့ရတယ်ထင်တယ်။ ဒီလိုအတိတ်မျိုးနဲ့သာမဟုတ်ခဲ့ရင်ရော ကျွန်တော်တို့နှစ်ယောက်ရဲ့ဘဝတွေအတွက် အရာရာပိုကောင်းသွားမလားလို့ တွေးမိတဲ့အကြောင်း စစ်နေကိုပြောတော့ စစ်နေက ပြန်ပြောတယ်။

"ဒါဆိုရင် ငါတို့ဒီလောက်ထိ အတူတူရှိနေကြပါ့မလား"တဲ့။

စစ်နေအခန်းထဲ စာအုပ်စင်ပေါ်က ဟယ်ရီပေါ်တာစာအုပ်လေးထဲက ပြဲရာလေးကလည်းပြောတယ်။ "တစ်ချက်တစ်ချက်တော့ သာမန်စာရွက်တွေထက် ပိုနာရပေမဲ့ ငါအဆင်ပြေပါတယ်"တဲ့။ အဲ့ဒီစာရွက်ပေါ်မှာ ဖိကပ်ထားတဲ့ တိတ်ရာလေးကလည်း ပြန်ပြောတယ်။ "ငါက မင်းမနာကျင်ရအောင် တစ်သက်လုံးဒီတိုင်းလေး ကပ်ရက်နေပေးပါ့မယ်"တဲ့။

သိလား...စစ်နေ။ မိုးတွေရွာခဲ့တဲ့နေ့တစ်နေ့က မင်းကို လက်ကမ်းပေးခဲ့မိတာကို ငါဘယ်တုန်းကမှ နောင်တမရခဲ့ဘူးထင်ပါတယ်။

မဟုတ်ဘူး...တကယ်ကို နောင်တမရခဲ့ဘူး။ ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး။

Ctrl Z

A/N :: ကဲ...ပထမဆုံး Updateပျက်မိတဲ့ Fic, ပထမဆုံး ကိုယ့်ကိုယ်ကိုယ်မုန်းတဲ့အထိ အားမလိုအားမရဖြစ်တဲ့ Fic, ပထမဆုံး Plotမခင်းဘဲ ရေးတဲ့ Fic, ပြီးသွားခဲ့ပါပြီ။ ဘယ်လောက်ပဲ လိုအပ်ချက်တွေများနေပါစေ။ စစ်နေနဲ့သော်ညံကတော့ ရိပ်ရဲ့ characterလေးတွေပဲမို့ တစ်သက်လုံးတန်ဖိုးထားသွားမှာပါ။

ဒီတစ်ခါတော့အကြာကြီးခွဲကြမယ်။ ခွဲကြမယ်ဆိုတာ အရင်ကလည်း တစ်ပုဒ်လုံးကို တစ်နှစ်လောက် ရေးပြီးမှ ပြန်လာတာမို့လို့ အခုတစ်ခေါက်လည်း စာရေးဖို့အချိန်ကောင်းကောင်းရတဲ့နေ့ကျမှ နောက်Ficအသစ်ကိုရေးပြီး အဲ့ဒီFicကို Update မပျက်ဘဲတင်နိုင်တဲ့နေ့ကိုရောက်မှ ပြန်လာခဲ့မှာ။ ဒီထက်အများကြီးပိုကြိုးစားနိုင်တဲ့နေ့ကိုရောက်မှ ပြန်လာခဲ့ပါ့မယ်။ ဒါပေမဲ့လည်း အလွန်ဆုံးကြာ နှစ်နှစ်ပါပဲ။ ရိပ်က ဘယ်တော့မှ ဒီနေရာလေးကို ပစ်မသွားပါဘူး။ စာရေးသူအနေနဲ့မဟုတ်ရင်တောင် စာဖတ်သူအနေနဲ့ရှိနေမှာမို့လို့ အမြဲ ဒီကလူတွေနဲ့အတူတူရှိနေမှာပါ။

​ပြောချင်တဲ့သတင်းတစ်ခုက မကြာခင် ရိပ်စာအုပ်တစ်အုပ်ထွက်ဖို့ရှိပါတယ်။ အသေးစိတ်ကိုတော့ သေချာသိရမှ ပြန်ပြောပေးပါ့မယ်နော်။❤

နောက်မှပြန်တွေ့ကြမယ်❤

Ctrl Z Ctrl Z Ctrl Z Ctrl Z Ctrl Z Ctrl Z

"ေသာ္ညံ"

ဆုေပးပြဲအတြက္ ခုံေတြစနစ္တက်စီၿပီး ျပင္ဆင္ထားတဲ့ ေဟာခန္းမႀကီးတစ္ခု။ အျဖဴအစိမ္းဝတ္ ေက်ာင္းသားတစ္ခ်ိဳ႕နဲ႕ ဆရာမတစ္ခ်ိဳ႕ကလြဲရင္ က်န္တဲ့လူေတြေရာက္မလာေသးတာမို႔ လူနည္းေနတဲ့အခန္းထဲမွာ ေခၚသံတစ္ခုက လုံလုံေလာက္ေလာက္ၾကားရတဲ့အထိ ထြက္က်လာတယ္။ ထိုင္ခုံမွာ ထိုင္ေနရင္းကေန ကြၽန္ေတာ္ေမာ့ၾကည့္လိုက္မိေတာ့ ကြၽန္ေတာ့္ကို စစ္ေနက ညာဘက္လက္လက္တစ္ဖက္ ကမ္းေပးထားပါတယ္။

"ငါနဲ႕အတူတူေနာက္မွာလာထိုင္ေလ"

ၾကည္ႏူးၿပဳံးႀကီးနဲ႕မၿပဳံးမိသြားေအာင္ ထိန္းလိုက္ေပမဲ့ ႏႈတ္ခမ္းေထာင့္ေတြက သူ႕အလိုလို ေကြးၫႊတ္လို႔သြားမိတယ္။

"မထိုင္ခ်င္ဘူးဆိုရင္ေရာ"

"ဘာလို႔လဲ"

"တစ္ေယာက္တည္းပဲေနတတ္လို႔"

မေးခွန်သံပါတဲ့အသံမြင့်နဲ့တုံ့ပြန်လ်ုက်တော့ စစ္ေနက ထိတ္ခနဲမ်က္လုံးဝိုင္းသြားၿပီးမွ ၿပဳံးစိစိလုပ္ၿပီး တကယ္ႀကီးေပါ့ဆိုတဲ့ အၾကည့္ကိုလုပ္တယ္။ ကြၽန္ေတာ္က စိတ္ကုန္တဲ့ပုံနဲ႕ သက္ျပင္းတစ္ခ်က္ကိုခ်ၿပီး သူ႕လက္ကို စိတ္မပါသလိုဆြဲလိုက္တယ္။

"လက္မွာစြပ္ထားတဲ့လက္စြပ္ကို ေမ့ၿပီးလူပ်ိဳလုပ္ေနမွာစိုးလို႔"

မ်က္ေစာင္းတစ္ခ်က္နဲ႕ မေက်လည္သလိုေျပာလိုက္မွ စစ္ေနက ကြၽန္ေတာ့္ေခါင္းကို ခပ္ဖြဖြသပ္ၿပီး ကြၽန္ေတာ့္လက္ကို အသာေလးဆုပ္ညွစ္တယ္။ ေဘးလူေတြရွိေနတာသိေပမဲ့ စစ္ေနေတာင္ဂ႐ုမစိုက္ဘူးဆိုရင္ ကြၽန္ေတာ္ကလည္း ေသာ္ညံပဲမဟုတ္လားေလ။

"မင္းကမွ ထူးထူးဆန္းဆန္းေရွ႕ဆုံးတန္းမွာ ဘာထိုင္လုပ္ေနတာလဲ"

"ထူးဆန္းလို႔"

ကေလးေတြဆုယူေနက်စင္ျမင့္ကို လွည့္ၾကည့္ရင္း ေျပာလိုက္ေတာ့ စစ္ေနကလည္း လူသူမရွိေျခာက္ကပ္ၿပီး ဆုတံဆိပ္ေတြ၊ ဒိုင္းေတြဖလားေတြခ်ည္းပဲတင္ထားတဲ့ စင္ျမင့္ကိုလွည့္ၾကည့္တယ္။

"ငါငယ္ငယ္ကအဲ့ဒီေပၚကဆင္းရမွာ ေသေလာက္ေအာင္ေၾကာက္ခဲ့ဖူးတယ္"

"တကယ္ကို ပင္ပင္ပန္းပန္း ေနခဲ့ရတယ္မလား"

"ျပန္ေတြးၾကည့္ေတာ့ ရယ္ခ်င္စရာေတြပါ"

ရယ္သံသဲ့သဲ့နဲ႕ေျပာၿပီးမွ သူ႕ကိုမ်က္လုံးေတာက္ေတာက္ေတြနဲ႕ ျပန္လွည့္ၾကည့္မိတယ္။

"မင္းနဲ႕ေတြ႕ရတာကလြဲရင္"

စစ္ေနကလည္း ၿပဳံးၿပံးေလးျပန္ေျပာတယ္။

"ငါလည္းမင္းနဲ႕ေတြ႕ရတာကလြဲရင္ က်န္တာေတြက ရိုးရွင္းေနတာေတြခ်ည္းပဲ"

ျပတင္းေပါက္ဝင္လာတဲ့ေနေရာင္ျခည္က အခန္းဧရိယာေတာ္ေတာ္မ်ားမ်ားကို က်ဴးေက်ာ္လာတယ္။ ခဏေနရင္ေတာ့ လူေတြေရာက္လာေတာ့မယ္။ ဒီဆုတံဆိပ္ေတြက ပိုင္ရွင္ရေတာ့မယ္။ မိဘေတြက ဂုဏ္ယူၾကမယ္။ ေပ်ာ္တဲ့ကေလးေတြကေပ်ာ္မယ္။ ငိုတဲ့ကေလးေတြကငိုမယ္။ ကိုယ္ကသာမလိုခ်င္တဲ့အရာဆို ဘာေတြမ်ားဖက္တြယ္ေနၾကဦးမွာလဲ။

"စစ္ေန"

"ဟင္"

"ဆုေပးပြဲမစခင္ ငါတို႔အခန္းထဲကိုျပန္သြားၾကည့္ရေအာင္"

ကြၽန္ေတာ္တို႔ ေထာက္ပံ့ေၾကးေပးထားတဲ့ ကေလးက တစ္တန္းလုံးမွာ ဒုတိယဆုရတာမို႔လို႔ ဒီပြဲက မျဖစ္မေနတက္ဖို႔ အဖိတ္ခံထားရတဲ့ပြဲ။ အသက္ရႉၾကပ္ၾကပ္နဲ႕လုပ္ေနရတဲ့ အေဖ့ရဲ႕ ဟန္ေရးျပပြဲႀကီးမဟုတ္ဘူး။ တကယ္လို႔ အဲ့ဒီလို ဟန္ေရးျပပြဲဆိုရင္ေတာင္ ကြၽန္ေတာ့္ေဘးမွာ စစ္ေနရွိေနတာမို႔လို႔ ရင္ဆိုင္ဖို႔ သတၱိေမြးနိုင္ခဲ့ၿပီ။ ဒီေန႕ေတာ့ အေဖမပါလာဘူး။ တျခားဘယ္သူမွမပါတဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္တည္းတက္လာတဲ့ပြဲပါ။

အေပၚထက္တက္ဖို႔ ေလွကားဆီေလွ်ာက္လာတဲ့အခ်ိန္မွာပဲ ေလွကားရင္းမွာ ထင္မွတ္မထားတဲ့သူနဲ႕ေတြ႕တာမို႔လို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးရဲ႕ ေျခလွမ္းေတြရပ္တန့္သြားေတာ့တယ္။

"ေသာ္ညံ မင္းမလား"

လွစ္ခနဲ ၿပဳံးလိုက္မိတဲ့အၿပဳံးက အရင္လို ခပ္႐ြဲ႕႐ြဲ႕အၿပဳံးမဟုတ္ေတာ့ပါဘူး။ မ်ိဳးျမင့္ထြန္းက ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္ေဘးမွာရပ္ေနတဲ့ စစ္ေနကို နားမလည္သလို တစ္လွည့္စီၾကည့္တယ္။

"ရဲေနာင္ေဇာ္ေရာ။ ငါကမင္းတို႔အတူတူလာမယ္ထင္ေနတာ"

သူဘာမွမေျပာရေသးခင္ အရင္ဦးေအာင္ေျပာလိုက္ေတာ့မွ စစ္ေနဆီကိုေရာက္ေနတဲ့ သူ႕အၾကည့္ေတြက ကြၽန္ေတာ့္ဆီျပန္ေရာက္လာတယ္။

"မင္းမသိေသးဘူးထင္တယ္။ မင္းကိုေရကူးကန္မွာ သူတို႔အုပ္စု လိုက္ရိုက္တဲ့ေန႕ကတည္းက ငါသူတို႔နဲ႕မေခၚေတာ့တာ"

"အဲ့ေန႕က မင္းေျပာေပးလို႔ စစ္ေနေရာက္လာတယ္ဆိုတာ ငါသိၿပီးၿပီ"

"ဟုတ္လား"

႐ုတ္တရတ္ရွက္သြားတဲ့ပုံနဲ႕လည္ပင္းကိုပြတ္ေနတဲ့ မ်ိဳးျမင့္ထြန္းကို ေငးၾကည့္ေနမိတယ္။ မေတြ႕ရတာ ႏွစ္ေတြေတာ္ေတာ္ကိုၾကာခဲ့ၿပီ။ ငယ္႐ုပ္ကေတာ့မေပ်ာက္ေသးေပမဲ့ အသက္ႀကီးလာတာနဲ႕ ရင့္က်က္မႈက သူ႕ဆီစီးဝင္လို႔ေနပါၿပီ။ ပုဆိုးသန့္သန့္တစ္ထည္နဲ႕ တိုက္ပုံအကၤ်ီဝတ္ထားတာကိုၾကည့္လိုက္ရင္ သူလည္းဒီေန႕ဆုေပးပြဲကို အေၾကာင္းတစ္ခုခုေၾကာင့္တက္လာတယ္ဆိုတာ မွန္းဆလို႔ရတယ္။

"ဒါေပမဲ့ ရဲေနာင္ေဇာ္ လြန္ခဲ့တဲ့ငါးႏွစ္ေလာက္ကထင္တယ္။ ေဆး႐ုံတက္ၿပီး ခြဲစိတ္လိုက္ရတယ္လို႔ ငါၾကားတယ္"

"ဘာလို႔လဲ"

"ဒဏ္ရာရလို႔ဆိုလား။ သူ႕ဟိုဟာေလ..."

ေျပာရခက္သြားတဲ့ပုံနဲ႕စကားခဏရပ္သြားတဲ့ မ်ိဳးျမင့္ထြန္းမ်က္ႏွာကိုျမင္မွ ကြၽန္ေတာ္ပါးစပ္ေဟာင္းေလာင္းပြင့္သြားတာ။ စစ္ေနကိုလည္း အလန့္တၾကားျပန္လွည့္ၾကည့္မိတယ္။ စစ္ေနကေတာ့ သူနဲ႕ဘာမွမဆိုင္တဲ့ကိစၥကိုၾကားေနရသလိုပဲ။ ေပကပ္ကပ္နဲ႕ရပ္ေနတယ္။

"ျပန္ေကာင္းသြားတယ္တဲ့လား"

"မေျပာတတ္ဘူး။ ငါလည္းအဲ့ေလာက္ေတာ့မသိဘူး"

ရယ္လည္းရယ္ခ်င္ စိတ္ကလည္းရႈပ္ရႈပ္နဲ႕ ေခါင္းငုံ႕ၿပီး မ်က္ခုံးေတြကို လက္ညွိုးထိပ္နဲ႕ကုတ္ေနမိတုန္းမွာ စစ္ေနက ကြၽန္ေတာ့္ပခုံးကို အသာေလးလာဖက္တယ္။

"ငါတို႔သြားရေအာင္။ ခဏေနရင္ဆုေပးပြဲစေတာ့မယ္"

"အင္း"

ကြၽန္ေတာ္သူ႕ကိုျပန္ေမာ့ၾကည့္လိုက္ၿပီး ေခါင္းညိတ္ျပလိုက္ပါတယ္။ စစ္ေနရဲ႕မ်က္လုံးထဲကအေရာင္က အရမ္းကို ဂုဏ္ယူဝင့္ႂကြားေနတဲ့ပုံပဲ။ စစ္ေနက ငယ္ငယ္ေလးကတည္းက အ႐ြယ္နဲ႕မလိုက္ေအာင္ရင့္က်က္လို႔ ႏွစ္ဆယ့္ငါးႏွစ္ေက်ာ္လာတဲ့ဒီလိုအခ်ိန္မွာ ပိုၿပီးေတာ့ တည္ၿငိမ္ေနမယ္ထင္ထားတာ။ အခုေတာ့ ကေလးေလးတစ္ေယာက္လို သူ႕ပိုင္ဆိုင္မႈသူ မ႑ပ္တိုင္တက္ျပခ်င္ေနလိုက္တာ။ ၾကည့္ပါဦး။

မ်ိဳးျမင့္ထြန္းကို အၾကည့္နဲ႕ပဲ ႏႈတ္ဆက္ၿပီး ျဖတ္ေလွ်ာက္လာခဲ့တယ္။ တကယ္ကို နားမလည္နိုင္ေသးတဲ့ မ်က္လုံးေတြနဲ႕ ေငးၾကည့္ေနရာကေန ေလွကားသုံးထစ္ေလာက္နင္းဆက္ၿပီးခ်ိန္က်မွ ေနာက္ကေန လွမ္းေခၚတယ္။ ကြၽန္ေတာ္တို႔ လွည့္ၾကည့္လိုက္ေတာ့ သူ႕ႏႈတ္ခမ္းေတြက အံ့ၾသစိတ္နဲ႕သိသိသာသာပြင့္ဟလို႔ေနပါတယ္။

"မဟုတ္မွလြဲေရာ....မင္းတို႔...."

အတိအက်ႀကီးဆက္မေမးလာဘူး။ ဒါေပမဲ့ သူေမးခ်င္တဲ့ေမးခြန္းကို ကြၽန္ေတာ္တို႔သိေနၿပီးၿပီပဲေလ။ အေျဖျပန္ေပးမေနေတာ့ဘဲ ခ်ထားတဲ့ စစ္ေနရဲ႕လက္ကို ဖြဖြေလးဆြဲလိုက္တယ္။ စစ္ေနရဲ႕ဘယ္ဘက္လက္မို႔လို႔ အဲ့ဒီလက္မွာ ကြၽန္ေတာ့္ရဲ႕လက္စြပ္ေလးရွိေနသလို မ်ိဳးျမင့္ထြန္းျမင္ေနရတဲ့ဘက္ျခမ္းက ကြၽန္ေတာ့္လက္မွာလည္း စစ္ေနရဲ႕ လက္စြပ္ေလးရွိပါတယ္။

"ေနာက္မွေတြ႕မယ္"

မ်ိဳးျမင့္ထြန္းကို ခ်န္ထားခဲ့ၿပီး သစ္သားနဲ႕ေဆာက္ထားတဲ့ေက်ာင္းေဆာင္အိုႀကီးရဲ႕ ေလွကားထစ္ေတြကို နင္းတက္လာေတာ့ သစ္သားေတြေအာ္တဲ့အသံက ဟိုးအရင္ကထက္ နည္းနည္း ပိုက်ယ္လို႔ေနၿပီ။ အလြတ္ရေနတဲ့ေျခလွမ္းေတြရဲ႕ အဆုံးက စာသင္ခန္းထဲလွမ္းဝင္လိုက္တဲ့အခ်ိန္မွာ စစ္ေနက အေနာက္ကေနတိတ္တဆိတ္ပါလာတယ္။ ပိတ္ရက္မို႔ ေက်ာင္းသားေတြတစ္ေယာက္မွမရွိဘဲ တိတ္ဆိတ္ေနတဲ့ အခန္းေလးထဲမွာ အရင္နဲ႕မတူေတာ့တဲ့ ေျခသံႏွစ္ခုပဲ ခပ္ဖြဖြၾကားေနရတယ္။
ကြၽန္ေတာ့္ ေျခသံနဲ႕ စစ္ေနရဲ႕ေျခသံ။ မတူျခားနားမႈေတြနဲ႕ လမ္းႏွစ္လမ္းကိုေလွ်ာက္ေနရာကေန ဒီေျခသံႏွစ္ခုက ဘယ္တုန္းကတည္းကဒီလို ထပ္တူက်သြားခဲ့လဲဆိုတာ ကြၽန္ေတာ္မသိဘူး။ သိစရာလည္း မလိုအပ္ေတာ့ဘူး။ ကြၽန္ေတာ္တို႔က ေနာက္ျပန္လွည့္စရာေတြလည္းမရွိေတာ့ဘူးေလ။

ကြၽန္ေတာ္ ျပတင္းေပါက္ေဘးက ေနာက္ဆုံးခုံျဖစ္တဲ့ ကြၽန္ေတာ့္ခုံမွာဝင္ထိုင္ေတာ့ စစ္ေနကလည္း ကြၽန္ေတာ့္ေဘးက သူ႕ခုံမွာဝင္ထိုင္တယ္။ ဒီခုံေလးက ဟိုးအရင္တုန္းကလိုပဲ ေက်ာင္းအဝင္နဲ႕ သစ္ပင္ႀကီးကို လွမ္းျမင္ေနရဆဲပါ။

"မင္းဘာလို႔အၿမဲ ေနာက္ဆုံးခုံမွာပဲထိုင္တာလဲ"

စစ္ေနက ပထဆုံးအေနနဲ႕ ေမးလာတယ္။

"လူတိုင္းကငါ့ကိုေက်ာေပးထားလို႔"

"ေက်ာေပးထားရင္ စိတ္သက္သာရလား"

"အင္း"

စစ္ေနက ကြၽန္ေတာ့္ကိုလွည့္ၾကည့္လာတယ္။ Whute Boardေပၚမွာ ေရးၿပီးဖ်က္ထားတဲ့ သခၤ်ာပုံေသနည္းတစ္ခုရဲ႕ ေထာင့္စြန္းက မဖ်က္မိဘဲ စာလုံးေလးေတြေပၚေနတာမို႔ ဘာပုံေသနည္းမ်ားျဖစ္မလဲလို႔ေတြးေနမိရာကေန ကြၽန္ေတာ္လည္း စစ္ေနရွိရာကို လွည့္ၾကည့္လိုက္မိပါတယ္။

"မင္းေက်ာျပင္ကေတာ့အရမ္းအထီးက်န္လို႔ ငါမင္းေဘးမွာရွိေပးခ်င္ခဲ့တာ"

အခန္းထဲကို မ်က္စိလည္လာပုံရတဲ့ လိပ္ျပာေလးတစ္ေကာင္ဝင္လာတယ္။ စစ္ေနရဲ႕နားမွာ ဟိုဟိုဒီဒီ တဖ်တ္ဖ်တ္နဲ႕ပ်ံသန္းေနၿပီးမွ ကြၽနိေတာ့္ေနာက္ဘက္က ျပတင္းေပါက္ကေနထြက္သြားတယ္။

"အထီးမက်န္ပါနဲ႕"

"ငါအထီးမက်န္ေတာ့ဘူးဆိုတာကို ဒီထက္ပိုၿပီး သက္ေသျပဖို႔ လိုေနေသးလို႔လား"

လိပ္ျပာေလးက ေျမျပင္ေပၚက ပန္းခင္းေလးဆီေရာက္သြားတဲ့အခ်ိန္မွာ စစ္ေနက ကြၽန္ေတာ့္နားကို ျဖည္းျဖည္းခ်င္းတိုးကပ္လာတယ္။ ျဖည္းျဖည္းေရာႏွောလာတဲ့ထြက္သက္ေတြ။ နဂိုတည္းက နံရံကိုမွီထားတာမို႔လို႔ စစ္ေနတိုးလာတဲ့အခ်ိန္မွာ ေနာက္ဆုတ္စရာေနရာလည္းက်န္မေနေတာ့တာမို႔လို႔ ခပ္ျဖည္းျဖည္းလႈပ္ခတ္ေနတဲ့ႏွလုံးခုန္သံထဲ အသက္ကိုမွ်င္းရႉရင္း မ်က္လႊာခ်ေပးလိုက္မိတယ္။

နဖူးျပင္ကို အသာအယာထိခတ္လာတဲ့ အနမ္းပါးပါးေလးမွာတင္ ကြၽန္ေတာ့္ႏွလုံးသားက ေလနဲ႕အတူလြင့္ပါသြားေတာ့မလိုပဲ။ ေဟာင္းႏြမ္းေနတဲ့စာသင္ခန္းဆီက ရင္းႏွီးေနတဲ့အေငြ႕အသက္ေတြရဲ႕ လႊမ္းၿခဳံမႈေအာက္မွာ တျဖည္းျဖည္းပူႏြေးလာတဲ့အသက္ရႉသံရဲ႕ ဆင့္ကဲရိုက္ခတ္မႈကို စစ္ေနက အၿပဳံးတစ္ခုနဲ႕စိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ သူထပ္ၿပီး ေရာင့္တက္လာတဲ့ ျဖဴစင္မႈအတြက္ ကြၽန္ေတာ့္မ်က္လုံးေတြမွိတ္က်သြားရတာပါပဲ။

"ဆရာေတြမိသြားမွာ မေၾကာက္ဘူးလား"

ကြၽန္ေတာ့္အသံအုပ္အုပ္ကိုၾကားေတာ့ သူက မေအာင့္နိုင္သလိုရယ္တယ္။ တကယ္က ညင္သာသိမ္ေမြ႕လြန္းလို႔ ဒီလိုစြပ္ႀကီးစြဲႀကီးနိုင္တဲ့ ေမးခြန္းမ်ိဳးနဲ႕ သူ႕အနမ္းကသိပ္မလိုက္ဖက္လွပါဘူး။

"မင္းကအဲ့ဒါမ်ိဳးေတြေၾကာက္တတ္လို႔လား"

"ငါ့ကိုမ်ား အထင္ေသးရဲလား"

ေျပာရင္းဆိုရင္း သူ႕ဆီကို လုပ္ခ်င္ရာသာလုပ္ေတာ့ဆိုတဲ့သေဘာနဲ႕ မ်က္ႏွာကိုထိုးေပးၿပီး ခႏၶာကိုယ္ကို သူနဲ႕ပိုနီးတဲ့ဆီတိုးကပ္ေပးလိုက္ေပမဲ့ စစ္ေနက ဟက္ခနဲရယ္သံနဲ႕အတူ ေစာနကလိုေလးပဲ ခပ္ဖြဖြပဲ ထပ္နမ္းၿပီး လႊတ္ေပးတယ္။

"အဲ့ဒီစကားေလ..."

ေနေရာင္ဟပ္ေနတဲ့ စစ္ေနရဲ႕ပါးျပင္က မသိမသာပန္းေရာင္ေလးေျပးလာတယ္။ အဲ့ဒီစကားဆိုတာ ဘာစကားမို႔လို႔ သူဒီေလာက္ရွက္ေနတာလဲဆိုတာ ခ်က္ခ်င္းနားမလည္မိေပမဲ့ သေဘာေပါက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ပါးျပင္ေတြလည္းပူႏြေးလာသလိုပဲ။

"ငါမင္းကိုတစ္ခါမွမေျပာခဲ့ရေသးဘူး"

"အဲ့...အဲ့ဒါက ဘာမ်ားအံ့ၾသဖို႔ေကာင္းလို႔ အထူးအဆန္းလုပ္ၿပီးေျပာ...ေျပာေနၾကတာလဲ ငါနားကိုမလည္နိုင္ဘူး"

"ဒါဆို မင္းမႀကိဳက္ဘူးလား"

"မႀကိဳက္ပါဘူး...ႀကိဳက္စရာဘာရွိလို႔"

"နားမေထာင္ခ်င္ဘူးေပါ့"

တဖ်တ္ဖ်တ္လက္ေနတဲ့ေဂၚလီလုံးေလးနဲ႕ အဲ့ဒီေအာက္ဘက္က ကမၺလာႏုေရာင္ပါးျပင္ေလးက အေရာင္ျပန္ေဖ်ာ့သြားတယ္။ ပုတ္ခတ္ပုတ္ခတ္လုပ္ေနတဲ့ မ်က္ေတာင္ဖ်ားတို႔က ေၾကာင္လိမၼာေလးတစ္ေကာင္ သူလိမၼာေနရဲ႕သားနဲ႕ လိုခ်င္တာမရလို႔ ေမွ်ာ္လင့္ခ်က္မဲ့သြားတဲ့ မ်က္ဝန္းမ်ိဳးပါ။ ကြၽန္ေတာ့္နားထဲမွာ ျမည္ေနတာ ဘာအသံလဲ။ ေကာင္းကင္ေပၚက ၾကယ္ေလးတစ္ပြင့္ေန႕ခင္းေၾကဳင္ေတာင္ခုန္ဆင္းလာသလိုမ်ိဳး၊ တသဲ့သဲ့စီးသြားတဲ့ စမ္းေရၾကည္တို႔ထဲ နင္းျဖတ္ရသလိုမ်ိဳး...

"မင္းအဲ့လိုကိစၥေတြ ဘယ္အခ်ိန္ထိငါ့ကိုခြင့္ေတာင္းေနဦးမွာလဲ"

ကြၽန္ေတာ့္အသံထဲမွာ ဆူပူမႈေလးမသိမသာပါပါတယ္။

"ဘယ္အခ်ိန္ထိ ခြင့္ေတာင္းၿပီးေတာ့ ငါ့ပါးစပ္က အမွန္အတိုင္းထြက္လာတဲ့အထိ အရွက္ခြဲမွာလဲ"

"ဒါဆို...."

"ငါမင္းကို ပထမဆုံး..."

ကြၽန္ေတာ့္အသံက ရွက္စိတ္ေၾကာင့္သိသိသာသာတိုးဝင္သြားသလို မ်က္ေတာင္ဖ်ားတို႔ကလည္း သိသာသာကခုန္သြားမိတယ္။

"ငါမင္းကို ငါတို႔အရင္အိမ္က ေရကန္နားမွာ ပထမဆုံးနမ္းတဲ့ညကတည္းက..."

"ဘာ"

"မသိဘူးလား ေခြးေကာင္။ မင္းက အလိုက္ကမ္းဆိုးနားမလည္တဲ့ေနရာမွာႏွစ္ေယာက္မရွိဘူး။ မင္းရဲ႕ ခ်စ္တယ္ဆိုတာေျပာဖို႔မလိုဘူး ဘာညာဒႆနေတြနဲ႕ ႀကီးႀကီးက်ယ္က်ယ္ အေတြးအေခၚေတြေၾကာင့္ ငါေတာင္မွ မင္းကို ခ်စ္တယ္ဆိုတာ ေျပာလို႔မရ ျဖစ္ေနတာမလား"

ေသလိုက္ပါေတာ့...

အသံေတြအားလုံးတိခနဲတိတ္က်သြားတယ္။ ကြၽန္ေတာ့္ကိုေတာင္းပန္ဖို႔ တင္းတင္းေစ့ထားတဲ့ စစ္ေနရဲ႕ႏႈတ္ခမ္းေတြ ခပ္ဟဟေလးပြင့္သြားတဲ့ခဏမွာ တိုက္ခတ္လာတဲ့ေလညွင္းက ပူႏြေးေနတဲ့ ကြၽန္ေတာ့္ပါးျပင္ကို တို႔ထိက်ီစယ္သြားၿပီး စစ္ေနရဲ႕ ဆံပင္ဖ်ားေတြနဲ႕ ႏွလုံးသားအထိပြတ္တိုက္သြားေတာ့တယ္။

"ငါ...မဟုတ္ဘူး...ငါေျပာခ်င္တာက...."

"ငါ့ကိုခ်စ္တယ္လို႔လား"

"မဟုတ္ပါဘူးေနာ္"

ကမူးရႉးထိုး ထေအာ္ပစ္မိသြားတယ္။ အသံက ေတာ္ေတာ္ေလးက်ယ္သြားတာမို႔လို႔ စာသင္ခန္းေရွ႕ဆုံးက ျပတင္းေပါက္ေဘာင္ေပၚနားေနတဲ့ ငွက္ကေလးေတာင္လန့္ၿပီးထပ်ံသြားတယ္။

"ဘာပဲျဖစ္ျဖစ္ ငါအရင္ေျပာတာ။ ငါနိုင္တယ္"

"မဟုတ္ဘူးဆို"

"မဟုတ္ဘူး"

"ကြန္ပ်ဴတာနဲ႕ဆို ctrl zေခါက္လိုက္ရင္ ေစာနက မင္းဘာေျပာလိုက္လဲ ျပန္နားေထာင္လို႔ရတယ္"

"ငါဘာမွမေျပာဘူး"

"ဒါဆိုငါေျပာမယ္ေလ"

ေနာက္တစ္ႀကိမ္....ေနာက္တစ္ႀကိမ္ထပ္ၿပီး တြန္းထိုးလာျပန္တဲ့ ရင္ခုန္သံ။ ၾကားရမွာ ေၾကာက္သလိုလို စိုး႐ြံ႕သလိုလို ေျခဖ်ားလက္ဖ်ားေတြေအးလာေပမဲ့ ေအာက္ထပ္ ခန္းမထဲ လူစုေနပုံရတဲ့ ကေလးေတြရဲ႕ဆူညံသံကို အခုခဏေလးမွာ တိတ္ေပးရင္ေကာင္းမယ္လို႔ဆုေတာင္းမိတယ္။ တျခားလူေတြကေတာ့ ၾကားခ်င္တဲ့အခ်ိန္ ျပန္ေျပာခိုင္းလို႔ရတာပဲလို႔ ေျပာေလာက္တယ္ဆိုေပမဲ့ စစ္ေနက အဲ့လိုလူမ်ိဳး မဟုတ္ဘူးရယ္ေလ။ သူ႕ဆီက ဒီစကားတစ္ခြန္းက ဘယ္ေလာက္ထိတန္ဖိုးရွိလဲဆိုတာ မွန္းဆလို႔မရဘူး။ အၿမဲအရႈံးေပးထားသလိုဆိုေပမဲ့ တကယ္တမ္းက်ေတာ့ ကြၽန္ေတာ့္ကို သူက ဒီလိုပရိယာယ္မ်ိဳးနဲ႕ လွလွပပေလးအနိုင္ယူထားတာ။ သူ႕အလိမၼာနည္းေတြနဲ႕ ကြၽန္ေတာ့္ကို မသိမသာ သိမ္းပိုက္ထားခဲ့တာ။

လက္ညွိုးနဲ႕လက္မထိပ္က လက္သည္းအခ်င္းခ်င္း ေဆာက္တည္ရာမရကုတ္ျခစ္ေနမိရင္း စစ္ေနရဲ႕မ်က္လုံးအိမ္ထဲ နင့္ခနဲ ျမဳပ္သြားတဲ့အထိ ၾကည့္မိသြားတဲ့အခ်ိန္မွာပဲ....

"ေဟး ဟိုက ကေလးႏွစ္ေယာက္"

ဝုန္းခနဲ လူခ်င္းကြဲသြားသလို ႏွစ္ေယာက္လုံးရဲ႕ မေက်လည္တဲ့အၾကည့္က အခန္းဝကအသံလာရာဆီကို ၿပိဳင္တူေရာက္သြားတယ္။ အခန္းဝမွာ ရပ္ေနတာက ငယ္ငယ္ကအတန္းပိုင္ဆရာ။

"အဲ့မွာ ဘာလုပ္ေနတာလဲ။ ပြဲစေတာ့မယ္။ မလာေသးဘူးလား"

"လာမယ္ ဆရာ။ အခုလာခဲ့မယ္"

စစ္ေနဆီက ေျပေျပလည္လည္အသံတစ္ခုထြက္လာေပမဲ့ ကြၽန္ေတာ့္မ်က္ခုံးႏွစ္ခုကေတာ့ အလယ္မွာစုသြားတာ ဘယ္လိုမွဆြဲခြာလို႔ရျဖစ္ေနမိတယ္။ ႏႈတ္ခမ္းႏွစ္ခုကို တင္းတင္းေစ့ထားရင္း လက္ပိုက္ထိုင္ေနမိတုန္း စစ္ေနကေတာ့ ခပ္သြက္သြက္ပဲ မတ္တပ္ထရပ္ေတာ့တယ္။ ခ်ီးထဲမွပဲ။

"လာခဲ့ေနာ္ ဆရာပြဲထဲကပဲ ေစာင့္ေနေတာ့မယ္"

"ဟုတ္ကဲ့ဗ်"

သက္ျပင္းတစ္ခ်က္ခ်မိတယ္။ ဘာတတ္နိုင္မွာလဲ။ တစ္သက္လုံးမၾကားရေတာ့ဘူးဆိုလည္း ကြၽန္ေတာ့္လိုလူအတြက္က ဒီစကားတစ္ခြန္းဘာမ်ားမက္စရာရွိလို႔။ အ႐ူးခ်ီးပန္းေတြေျပာတဲ့စကား။ တကယ္က လူေတြေပါ့ေပါ့ေလးေျပာတဲ့ ဒီလိုစကားမ်ိဳးကို ၾကားခ်င္တယ္ဆိုတာ ကြၽန္ေတာ္ကမွအ႐ူးထတာ။ အလကားဟာေတြ။

"ေသာ္ညံ"

"သိတယ္။ သြားမယ္လို႔"

ေျပာရင္းဆိုရင္းကေန ထရပ္ဖို႔ျပင္လိုက္တဲ့အခ်ိန္မွာပဲ လည္တိုင္ထက္ကို ႐ုတ္တရတ္ေရာက္လာၿပီး သူ႕ရွိရာေမာ့ယူလိုက္တဲ့လက္ေတြနဲ႕ နက္နက္ရွိုင္းရွိုင္းဖိက်လာတဲ့ အနမ္းႏြေးႏြေးေတြေၾကာင့္ အသက္ရႉသံေတြရပ္တန့္သြားတယ္။ ကြၽန္ေတာ့္လက္ေတြ သူ႕လက္ဖမိုးေပၚအုပ္ကိုင္ရက္သားျဖစ္သြားၿပီး ကြၽန္ေတာ့္မ်က္လႊာတို႔ ကေယာင္ကတမ္း မွိတ္က်သြားတဲ့အခ်ိန္မွာ ေစာနက ထြက္ေျပးသြားတဲ့ ငွက္ကေလးက ျပတင္းေပါက္ေဘာင္ေပၚျပန္ေရာက္လာၿပီး သီခ်င္းသံေလးတစ္ခုကိုဆိုတယ္။ အဲ့ဒီသီခ်င္းသံေလးဆုံးသြားတဲ့ခဏ...ေက်ာင္းတက္ေခါင္းေလာင္းသံရပ္သြားတဲ့အခ်ိန္မွာပဲ ျဖည္းျဖည္းခ်င္းျပန္ဖယ္ခြာသြားေပမဲ့ အေဝးကိုေရာက္မသြားတဲ့ ကြၽန္ေတာ္ၿပဳံးစိစိေငးၾကည့္ေနက် ႏႈတ္ခမ္းပါးတို႔ကေန စကားေလးႏွစ္လုံးက ျငင္ျငင္သာသာေလးတိုးျဖတ္ထြက္လို႔လာပါေတာ့တယ္။

"ခ်စ္တယ္"

တကယ္က ဒီအခိုက္အတံ့ကို ကြၽန္ေတာ္ မၾကာခဏအိပ္မက္မက္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အိပ္မက္ဆိုတာမ်ိဳးက် တစ္ေယာက္တည္းရဲ႕စိတ္ကူးမို႔လို႔ အိပ္မက္သက္သက္ပဲဆိုတဲ့ အေတြးနဲ႕ လုံေလာက္သြားခဲ့တာမ်ိဳး။ အခုကေတာ့ အရမ္းကိုႏြေးေထြးလို႔ေနတယ္။ အိပ္မက္နဲ႕ထပ္တူညီတဲ့လက္ေတြ႕တစ္ခုက ဒီေလာက္ထိ ႏြေးေထြးနိုင္တာမ်ားလား။ မ်က္လုံးအိမ္ေတြကို ေယာင္ဝါးဝါးဖြင့္ၾကည့္လိုက္မိတဲ့အခ်ိန္မွာ တိုးဝင္လာတဲ့ အလင္းေရာင္ထုႀကီးေၾကာင့္ စစ္ေနရဲ႕သ႑ာန္က အိပ္မက္တစ္ခုလို၊ ေမွ်ာ္လင့္ခ်က္တစ္ခုလို ေတာက္ေတာက္ပပ ေဝဝါးလို႔ေနတာ....

ဒီၾကားထဲက ကြၽန္ေတာ္ အသံတိုးတိုးေလးနဲ႕ ေျပာျဖစ္ေအာင္ေျပာလိုက္ပါေသးတယ္။

"ဘာပဲျဖစ္ျဖစ္ ငါနိုင္တာေနာ္"

စစ္ေနကၿပဳံးတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုၿပဳံးတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ပါးျပင္ကို ဖြဖြေလးပြတ္ၿပီး ေခါင္းညိတ္ျပလာတယ္။

"ငါက မင္းကို အၿမဲအရႈံးေပးထားတဲ့သူပါ ေသာ္ညံရယ္"

အတူတူျဖတ္သန္းလာခဲ့တဲ့ကာလႀကီးက ရွည္လ်ားလြန္းလွၿပီဆိုေပမဲ့ ကြၽန္ေတာ္တို႔စေတြ႕ခဲ့တဲ့ အခ်ိန္ေတြက ဒီေနရာမွာပဲ ရပ္တန့္လို႔ေနတုန္း။ တစ္ၿပိဳင္တည္းမွာပဲ ေ႐ြ႕လ်ားလို႔ေနတုန္း။ ရထားလမ္းမွာ ခုတ္ေမာင္းသြားတဲ့ရထားတစ္စင္းလိုေပါ့။ မေန႕က ဒီလမ္းေပၚကို ေရာက္ခဲ့တယ္။ ဒါေပမဲ့ ဒီေန႕မွာလည္း ထပ္သြားရဦးမွာပဲ။ အရမ္းကိုရွည္ၾကာတဲ့အခ်ိန္ထုႀကီးမတိုင္ခင္အထိ ဒီလမ္းေလးေတြ၊ ဒီအိမ္ေတြနဲ႕ ဒီလူေတြေရွ႕ကေန ျဖတ္ၿပီးခုတ္ေမာင္းေနရဦးမွာေပါ့။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ဒီေန႕နဲ႕မနက္ျဖန္ေတြမွာ ကြဲျပားသြားတဲ့အရာေတြရွိတယ္။ ေႂကြက်သြားတဲ့ သစ္႐ြက္ေလးေတြရွိသလို အသစ္ပြင့္လာတဲ့ ပန္းပြင့္ေလးေတြလည္းရွိမယ္။ လူတိုင္းမွာ အတိတ္ေတြရွိၾကတယ္။ ဒါေပမဲ့ အခ်ိန္ရဲ႕ တိုက္စားမႈမွာ ဒီအတိတ္ေတြမွိန္ေဖ်ာ့လာလို႔ နာက်င္မႈနဲ႕ေပ်ာ္႐ႊင္မႈေတြ အနည္ထိုင္တဲ့အခါ ကိုယ္က ဘယ္ေရခြက္ကို ျပန္ဆူပြက္ေအာင္လုပ္မလဲဆိုတာပါပဲ။

ကြၽန္ေတာ္က အခုထိ အတိတ္ကိုဖက္တြယ္ထားဆဲပါ။ ဒါေပမဲ့ အဲ့ဒီအတိတ္ကနာက်င္မႈေတြေၾကာင့္ပဲ ဘယ္အရာကို ပိုတန္ဖိုးထားသင့္လဲဆိုတာ သိခဲ့ရတယ္ထင္တယ္။ ဒီလိုအတိတ္မ်ိဳးနဲ႕သာမဟုတ္ခဲ့ရင္ေရာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ဘဝေတြအတြက္ အရာရာပိုေကာင္းသြားမလားလို႔ ေတြးမိတဲ့အေၾကာင္း စစ္ေနကိုေျပာေတာ့ စစ္ေနက ျပန္ေျပာတယ္။

"ဒါဆိုရင္ ငါတို႔ဒီေလာက္ထိ အတူတူရွိေနၾကပါ့မလား"တဲ့။

စစ္ေနအခန္းထဲ စာအုပ္စင္ေပၚက ဟယ္ရီေပၚတာစာအုပ္ေလးထဲက ၿပဲရာေလးကလည္းေျပာတယ္။ "တစ္ခ်က္တစ္ခ်က္ေတာ့ သာမန္စာ႐ြက္ေတြထက္ ပိုနာရေပမဲ့ ငါအဆင္ေျပပါတယ္"တဲ့။ အဲ့ဒီစာ႐ြက္ေပၚမွာ ဖိကပ္ထားတဲ့ တိတ္ရာေလးကလည္း ျပန္ေျပာတယ္။ "ငါက မင္းမနာက်င္ရေအာင္ တစ္သက္လုံးဒီတိုင္းေလး ကပ္ရက္ေနေပးပါ့မယ္"တဲ့။

သိလား...စစ္ေန။ မိုးေတြ႐ြာခဲ့တဲ့ေန႕တစ္ေန႕က မင္းကို လက္ကမ္းေပးခဲ့မိတာကို ငါဘယ္တုန္းကမွ ေနာင္တမရခဲ့ဘူးထင္ပါတယ္။

မဟုတ္ဘူး...တကယ္ကို ေနာင္တမရခဲ့ဘူး။ ဘယ္တုန္းကမွ ေနာင္တမရခဲ့ပါဘူး။

Ctrl Z

A/N :: ကဲ...ပထမဆုံး Updateပ်က္မိတဲ့ Fic, ပထမဆုံး ကိုယ့္ကိုယ္ကိုယ္မုန္းတဲ့အထိ အားမလိုအားမရျဖစ္တဲ့ Fic, ပထမဆုံး Plotမခင္းဘဲ ေရးတဲ့ Fic, ၿပီးသြားခဲ့ပါၿပီ။ ဘယ္ေလာက္ပဲ လိုအပ္ခ်က္ေတြမ်ားေနပါေစ။ စစ္ေနနဲ႕ေသာ္ညံကေတာ့ ရိပ္ရဲ႕ characterေလးေတြပဲမို႔ တစ္သက္လုံးတန္ဖိုးထားသြားမွာပါ။

ဒီတစ္ခါေတာ့အၾကာႀကီးခြဲၾကမယ္။ ခြဲၾကမယ္ဆိုတာ အရင္ကလည္း တစ္ပုဒ္လုံးကို တစ္ႏွစ္ေလာက္ ေရးၿပီးမွ ျပန္လာတာမို႔လို႔ အခုတစ္ေခါက္လည္း စာေရးဖို႔အခ်ိန္ေကာင္းေကာင္းရတဲ့ေန႕က်မွ ေနာက္Ficအသစ္ကိုေရးၿပီး အဲ့ဒီFicကို Update မပ်က္ဘဲတင္နိုင္တဲ့ေန႕ကိုေရာက္မွ ျပန္လာခဲ့မွာ။ ဒီထက္အမ်ားႀကီးပိုႀကိဳးစားနိုင္တဲ့ေန႕ကိုေရာက္မွ ျပန္လာခဲ့ပါ့မယ္။ ဒါေပမဲ့လည္း အလြန္ဆုံးၾကာ ႏွစ္ႏွစ္ပါပဲ။ ရိပ္က ဘယ္ေတာ့မွ ဒီေနရာေလးကို ပစ္မသြားပါဘူး။ စာေရးသူအေနနဲ႕မဟုတ္ရင္ေတာင္ စာဖတ္သူအေနနဲ႕ရွိေနမွာမို႔လို႔ အၿမဲ ဒီကလူေတြနဲ႕အတူတူရွိေနမွာပါ။

ေျပာခ်င္တဲ့သတင္းတစ္ခုက မၾကာခင္ ရိပ္စာအုပ္တစ္အုပ္ထြက္ဖို႔ရွိပါတယ္။ အေသးစိတ္ကိုေတာ့ ေသခ်ာသိရမွ ျပန္ေျပာေပးပါ့မယ္ေနာ္။

ေနာက္မွျပန္ေတြ႕ၾကမယ္

Ctrl Z Ctrl Z Ctrl Z Ctrl Z Ctrl Z Ctrl Z

Continue Reading

You'll Also Like

378K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
198K 18.3K 139
အိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ​ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ္မက္ေတြက အသက္ဆက္ေပးေနခဲ့တယ္ ျခ...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.6K 355 36
"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner