ထိုနေ့က လောင်းကစားရုံထဲ ရိုက်ကူးရေးအပြီးသတ်နိုင်ချိန် အတော်လေးနောက်ကျနေခဲ့ပြီ။ သူတို့ရဲ့မူလအစီအစဉ်အရဆိုလျှင် တင်းဝမ်ရွှမ်က ရှရှင်းချန်ကို ဂါဝန်ရှည်ဝတ်ထားသည့်အနေအထားဖြင့် လူရှုပ်ယှက်ခတ်နေသည့်လမ်းမပေါ် အတင်းအကျပ်လမ်းလျှောက်ခိုင်း၍ ဘေးမှဝိုင်းကြည့်ကြသည့်ပုံစံကို ရိုက်ကူးချင်ခဲ့တာဖြစ်ပေမယ့် ဘေးပတ်ပတ်လည်မှဆိုင်တွေလည်း ပိတ်သွားပြီး လမ်းမထက်တွင်လည်း လမ်းသွားလမ်းလာများ မရှိတော့တာမို့ ရိုက်ကူးရေးကို မနက်ဖြန်သို့ပြောင်းရွေ့လိုက်ရတော့သည်။
ရှရှင်းချန် အင်္ကျီလဲလို့ နှုတ်ခမ်းနီဖယ်ရှားပြီး ပြန်ထွက်လာချိန် တင်းဝမ်ရွှမ်းက ယန်ယိုမင်နှင့်အတူ ညလယ်စာ,စားရန် သူ့ပါခေါ်လိုက်လေသည်။
ဒီတစ်ခေါက်တော့ သူတို့သုံးယောက်တည်းသာဖြစ်၏။ တင်းဝမ်ရွှမ်က ယန်ယိုမင်နှင့်တွေ့ရခဲတာမို့ သီးသန့်စကားစမြည်ပြောချင်နေခဲ့ပြီး ရှရှင်းချန်တစ်ယောက်တည်းကို ဖိတ်ခဲ့ခြင်းက ယန်ယိုမင်နှင့်သူ အချင်းချင်းရင်းနှီးမှန်း သိထားတာမို့ပင်။
သူတို့ ညနက်အထိဖွင့်သေးသည့် နီးစပ်ရာစားသောက်ဆိုင်တစ်ဆိုင်ကို ရှာလိုက်ကြပြီး သီးသန့်အခန်းပြင်ပေးရန်တောင်းဆိုပြီးနောက် အရက်နှင့်ဟင်းပွဲများစွာကို မှာယူလိုက်တော့သည်။
'မတော်တဆလူသတ်မှု' သည် တင်းဝမ်ရွှမ်၏ပွဲဦးထွက်ဇာတ်လမ်းဖြစ်တာမို့ ကြိုးစားအားထုတ်မှုများစွာ ထည့်ပေါင်းထားသလို မျှော်လင့်ထားချက်ကလည်း အရမ်းမြင့်မားလွန်းလှသည်။ သူ စိတ်ပိုင်းဆိုင်ရာဖိအားများစွာကို တောင့်ခံနေရခြင်းမှာ ကြာလှပြီဖြစ်တာမို့ သူ့သူငယ်ချင်းဟောင်းကြီးကိုတွေ့သည်နှင့် အရက်လေးသောက်ရင်း စကားများစွာပြောထွက်လာတော့မည်မှာ ရှောင်လွှဲလို့မရသည့်ကိစ္စတစ်ခုပင်။
ရှရှင်းချန် သူနှင့်ယန်ယိုမင်ပြောနေခြင်းများကို နားထောင်ရင်း ဘေးတွင် တိတ်တဆိတ်ထိုင်လျက် စားပွဲပေါ်ရှိနေသည့်ပဲစိမ်းပြုတ်များကို တစ်ခုပြီးတစ်ခုခွာနေလိုက်သည်။ တစ်နေ့တာရိုက်ကူးရေးပြီးသွားချိန် သူလည်း ပင်ပန်းပြီး ဆာလောင်နေသည်သာ။
ယန်ယိုမင်က နားထောင်သူကောင်းတစ်ယောက်ဖြစ်သည်။ မကြာခဏဆိုသလို ရှရှင်းချိန် သူ့မျက်နှာကို ခိုးခိုးကြည့်မိတိုင်း ယန်ယိုမင်က တလေးတနက်နားထောင်လျက်ရှိနေတတ်ပြီး အလိုအပ်ဆုံးသောတုံ့ပြန်မှုများကိုလည်း ပေးနေတာမို့ ကိုယ်ပြောနေသမျှကိစ္စတိုင်းကို သူက အလေးထားသည်ဆိုသည့်ခံစားချက်မျိုး ခံစားရစေတော့သည်။
ရှရှင်းချန် ပဲစိမ်းတောင့် ဆယ်ခုအထက်စားပြီးနောက်မှာတော့ စားပွဲပေါ်လက်တင်လို့ တစ်ဖက်ကိုမျက်နှာမူ၍ ခေါင်းချထားလိုက်သည်။ အစကတော့ သူ လှဲချပြီး နားချင်ရုံဆိုပေမယ့် ခဏအကြာ၌ မနေနိုင်စွာ မျက်လုံးပိတ်ထားမိသွားသည်။
သူ တကယ်အိပ်ပျော်သွားခြင်းမရှိ။ သူ့ဦးနှောက်က ထူးထူးခြားခြားတက်ကြွလှုပ်ရှားနေပြီး ထိုစိတ်လှုပ်ရှားမှုမျိုးသည် သူ့ပင်ပန်းခြင်းကို ဒဏ်ခံနိုင်နေစေသည့်အရာမျိုးဖြစ်ပြီး သူ လေပေါ်လွင့်နေသလိုတောင် ခံစားလိုက်ရတော့သည်။
ယန်ယိုမင်အသံက တိုးလျပြီး ခပ်သြသြရှိ၏။ သူ့မျက်နှာကို ဆွဲကိုင်လို့ နှုတ်ခမ်းနီပေကျံသွားအောင်လုပ်နေချိန် ယန်ယိုမင်မျက်နှာထက်ရှိအမူအရာအား ပြန်တွေးမိနေတော့သည်၊ ဒါက သူ တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိခဲ့သည့် ယန်ယိုမင်ဖြစ်သည်။ ယွီဟိုင်ယန်နှင့်လည်း မတူသလို ယန်ယိုမင်လည်းမဟုတ်။ ဒီဆန်းသစ်တဲ့ခံစားချက်က ရှရှင်းချန်ကို ရိုက်ကူးနေချိန်အတွင်း ကပိုကရိုဖြစ်သွားစေသည်။ တစ်ဖက်မှာလည်း သူကိုယ်တိုင်က ဇာတ်ကောင်ထဲ နစ်ဝင်နေတာမို့ အရှက်ကွဲခံရသလိုခံစားချက်နှင့် တစ်ချိန်တည်းမှာပဲ ဒီအဖြစ်က သူ့ကို စိတ်လှုပ်ရှားနေစေပြီး ယန်ယိုမင်က သူနှင့်ဖလစ်နေသလိုပုံရိပ်ယောင်မျိုးဖန်တီးပေးထားသည်ကြောင့် ထိန်းမရအောင်တုန်ယင်နေစေတော့သည်။ သူ့အနေနှင့် ကင်မရာအရှေ့တွင် ထိုတုန်ယင်မှုကို သေချာထိန်းချုပ်နိုင်ခဲ့သလားဆိုတာတောင် မသိတော့။
ထိုအခန်းငယ်လေးအတွင် ရှရှင်းချန် စိတ်ကူးလှေလေးဖြင့်ရွက်လွှင့်နေချိန် ယန်ယိုမင် တင်းဝမ်ရွှမ်အား ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "ရှင်းချန် အိပ်သွားပြီ။"
တင်းဝမ်ရွှမ် ပြောလာသည်။ "သူလည်း ပင်ပန်းနေပြီပဲ။ ငါတို့ သူ့ကို အရင်ပြန်ပြီးနားခိုင်းလိုက်မလား။"
ရှရှင်းချန် ခေါင်းထောင်ပြီး အိပ်မပျော်သေးကြောင်း ပြောလိုက်ချင်ပေမယ့် ထို့နောက်တွင် ကုလားထိုင်ရွေ့လျားသံနှင့်အတူ ယန်ယိုမင်အသံက သူ့နံဘေးမှပေါ်ထွက်လာတော့သည်။ "ရှင်းချန်၊ မင်း ပြန်ပြီးအိပ်ချင်လား။"
သူ ယန်ယိုမင်ကို မော့ကြည့်၍ပြောလိုက်သည်။ "ကျွန်တော် မအိပ်ချင်သေးဘူး။ ဒီမှာပဲ ခဏလောက်နားချင်သေးတယ်။"
ယန်ယိုမင် တိုးလျလျရယ်သွားသည်။ "ဒါဆိုလည်း နားလေ။"
ရှရှင်းချန် မျက်လုံးမမှိတ်ထားဘဲ စားပွဲပေါ် ပြန်လှဲနေရင်း ယန်ယိုမင် သူ့အပေါ်အင်္ကျီ ထယူ၍ သူ့ပခုံးထက် လွှမ်းခြုံပေးတာကို ကြည့်နေမိသည်။ ထို့နောက်မှာတော့ ယန်ယိုမင် သူ့ဆံပင်လေးအား ထိုးဖွပေးလာခြင်းကိုလည်း ခံစားရလိုက်တော့သည်။
ရင်းနှီးနေသည့်အနွေးဓာတ်နှင့်အငွေ့အသက်များ ဝန်းရံထားတာမို့ ရှရှင်းချန် ချက်ချင်းဆိုသလိုငိုက်မြည်းလာတော့သည်။ သူ့မျက်ဝန်းမှိတ်ထားရင်း ခဏလေးအတွင်းမှာပဲ အသိစိတ်ကလည်း ဝေဝါးဝါးနှင့် အိပ်ပျော်သွားခဲ့သည်။
သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသလဲတောင် မသိခဲ့။ သို့ပေမဲ့ သိပ်တော့ကြာလှဦးမည်မဟုတ်လှ၊ ယန်ယိုမင် သူ့ကိုနိုး၍ ပြန်တော့မည့်အကြောင်းပြောလာလေသည်။
ရှရှင်းချန် အိပ်ချင်မူးတူးထရပ်ပြီး ယန်ယိုမင်ကို ကုတ်အင်္ကျီပြန်ပေးရန်လုပ်ရာ ယန်ယိုမင်က သူ့လက်ကို လှမ်းတားလာသည်။ "ဝတ်ထား"
သူတို့ ဟော်တယ်သို့ ကားငှားပြန်သွားလိုက်ကြသည်။ တင်းဝမ်ရွှမ်က ယန်ယိုမင်တည်းခိုဖို့ ဟော်တယ်ခန်းတစ်ခန်း ပြင်ဆင်ခိုင်းထားပြီးဖြစ်၍ ထိုအခန်းက တင်းဝမ်ရွှမ် တည်းသည့်အထပ်တွင်ရှိပြီး ရှရှင်းချန်ရှိရာအထပ် မဟုတ်လှ။
ဓာတ်လှေကားက ရှရှင်းချန် တည်းသည့်အလွှာသို့ရောက်ချိန် သူ ဓာတ်လှေကားထဲမှထွက်၍ ယန်ယိုမင်ကို 'ဘာလို့လိုက်မထွက်လာသလဲ' ဆိုပြီး နားမလည်နိုင်သည့်အကြည့်များဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
ယန်ယိုမင် ရယ်လျက်ပြောလာသည်။ "စောစောသွားနားတော့။"
ဓာတ်လှေကားတံခါး ဖြည်းဖြည်းချင်းပြန်ပိတ်သွားချိန်မှသာ ရှရှင်းချန် အသိစိတ်ပြန်ဝင်လာတော့သည်။ သူ အခန်းရှိရာသို့ လျှောက်သွားရင်း ယန်ယိုမင်ကို 'အောက်ပြန်ဆင်းလာဦးမလား' ဟု စာပို့မေးထားလိုက်သည်။
ယန်ယိုမင် ချက်ချင်း စာမပြန်လာ။ ရှရှင်းချန် သူ့အခန်းထဲပြန်သွားပြီးနောက် လက်ထဲဖုန်းကိုင်ထားရင်း အိပ်ရာထက်လှဲ၍ ယန်ယိုမင် wechat မှ စာမပြန်သေးခင်မှာပဲ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့၌ ရှရှင်းချန် ဖုန်းသံကြောင့် နိုးလာခဲ့ရပြီး ဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ ယန်ယိုမင် မနေ့ညက ကောင်းကောင်းအိပ်ဖို့နှင့် မနက်ဖြန်ညမှ လာခဲ့မည့်အကြောင်း စာပို့ထားမှန်းတွေ့လိုက်ရလေသည်။
ရှရှင်းချန် ရိုက်ကွင်းအတွက် စောစောထွက်လာခဲ့ပြီး ယန်ယိုမင်ကို မနိုးရက်တာမို့ မွန်းတည့်ချိန်ရောက်မှသာ ကုမ္ပဏီကားအတွင်း တိတ်တဆိတ်ပုန်းကွယ်၍ ယန်ယိုမင်ကို ဖုန်းခေါ်လို့ ဒီနေ့ရိုက်ကွင်းလာမှာလားဟု မေးလိုက်တော့သည်။
"လောင်-တင်းက ယွမ်ကျန့် ဒီနေ့ ရိုက်ကွင်းမှာရှိနေမယ်လို့ပြောတယ်။ ကိုယ် မလာတော့ဘူး။" ယန်ယိုမင်ပြောလာသည်။
ဒီနေ့ ရိုက်ကူးရေးအချိန်စာရင်းက အပြည့်ဖြစ်နေတာမို့ ရှရှင်းချန် သူရိုက်ကူးရမည့်အခန်းမဟုတ်တိုင်း ကားထဲတွင် အနားယူမှိန်းလို့ တစ်စုံတစ်ယောက် သူ့အလှည့်အတွက် လာခေါ်မည်ကို စောင့်နေတတ်သည်။
ရှရှင်းချန် နည်းနည်းတော့အားပျက်သွားရသည်။ "ကျွန်တော် ဒီနေ့ပြန်လာတာ သေချာသလောက်နောက်ကျမှာ။"
ယန်ယိုမင် ပြောလိုက်သည်။ "မင်း အရမ်းပင်ပန်းလွန်းနေပြီ။ အိပ်ရေးဝအောင် အိပ်သင့်တယ်။ ဒီရက်ပိုင်းအတွင်း မင်း ရိုက်ကူးရေးကိစ္စတွေပြီးတာနဲ့ ကိုယ် မင်းကိုအိမ်ပြန်ခေါ်သွားမယ်၊ ဟုတ်ပြီလား။"
ရှရှင်းချန်မှာ 'ဟုတ်' ဟုသာ ပြောနိုင်တော့သည်။
ဒီတစ်ခေါက် ယန်ယိုမင် ရိုက်ကူးရေးရှိရာသို့ လာလည်သည့်ကိစ္စမှာ ဖုံးကွယ်ထားခြင်းမရှိတာမို့ မျက်လုံးတိုင်းက စောင့်ကြည့်အနေအထားဖြစ်နေပြီး သူသာ ရှရှင်းချန်အခန်းအတွင်း ဝင်ထွက်နေခြင်းအား လူတွေမြင်သွားပါက သေချာသလောက် ပြဿနာတက်မည့်ကိစ္စပင်။
ဖုန်းချပြီးတာနှင့် ရှရှင်းချန် ပြန်အိပ်နေလိုက်သည်။
ထိုညက ရှရှင်းချန် ဂါဝန်ရှည်နှင့် ဒေါက်ဖိနပ်ကို ပြန်ပြောင်းဝတ်၍ ကျန်နေသေးသည့်ဇာတ်ကွက်များကို ဆက်လက်ရိုက်ကူးလိုက်ရသည်။
သူက လူရမ်းကားနှစ်ယောက်ရဲ့ဆွဲခေါ်မှုဖြင့် လောင်းကစားရုံအပြင်သို့ရောက်လာခဲ့ရပြီး ထိုနှစ်ယောက်က သူ့လက်ထဲကို ဆိုင်းဘုတ်တစ်ခုထိုးပေး၍ လမ်းတစ်လျှောက် လျှောက်သွားဖို့ပြောလာသည်။
အသက် ၂၀ ကျော်အထိ တစ်ခါမှ မတရားမခံရဖူးသည့် ချန်ချန်းကျင်းမှာ အရှက်တကွဲနှင့် ခေါင်းစိုက်ကျနေလျက် ဆိုင်းဘုတ်ကို ကိုင်ထားတော့သည်။
လူဆိုးနှစ်ယောက်ကတော့ ဆိုင်ကယ်ဖြင့် သူ့အနောက်မှလိုက်လာပြီး ဆိုင်းဘုတ်ပေါ်ရေးထားသည့်နာမည်ကို လူမြင်ရအောင် နည်းနည်းဖွင့်ကိုင်ဖို့ အော်ပြောနေလေသည်။
ချန်ချန်းကျင်း ထိုအတိုင်း လမ်းတစ်လျှောက် ဖရိုဖရဲပုံစံဖြင့် လမ်းလျှောက်နေရပြီး ဒေါက်မြင့်စီးထားသည့်သူ့ခြေထောက်များကလည်း မကြာခဏဆိုသလို ဟိုချော်ဒီချော်ဖြစ်နေတာမို့ လမ်းရှိလူတိုင်း သူ့ကို ရပ်ကြည့်လာကြတော့သည်။
သူ ဆက်လျှောက်လေလေ ဝမ်းနည်းစိတ်က ပိုလေလေဖြစ်လာပြီး ငိုချမိမတတ်ဖြစ်လာရသည်။
လူဆိုးတွေထဲကတစ်ယောက်ဆိုလျှင် "ပြေး၊ ပြေး!" ဟူ၍တောင် ဖိအားပေးလာသည်။
သူတို့က တစ်ဖက်လမ်းရှိ ကင်းလှည့်ရဲကားကိုမြင်ချိန်မှာသာ ပြန်လှည့်ပြီး ထွက်ပြေးသွားကြသည်။
ဒီရိုက်ကွက်က ရှရှင်းချန်အတွက် အတော်လေးခက်ခဲလှသည်။ ခြေချော်မှုတိုင်းက သရုပ်ဆောင်နေခြင်းမဟုတ်ဘဲ သူ့ခြေထောက် တကယ်ခေါက်သွားခြင်းဖြစ်၏။ ထို့ကြောင့် သူတို့ ရိုက်ကွက်အပြီးသတ်ချိန် သူ့ခြေချင်းဝတ်က အနည်းငယ်မျှယောင်ကိုင်းနေလေသည်။ ဝန်ထမ်းတစ်ယောက်က သူ့ခြေချင်းဝတ်ကို ဒဏ်ရာဖြန်းသည့် spray ကူဖြန်းပေးချင်ပေမယ့် သူက အသားကပ်ခြေအိတ်ဝတ်ထားဆဲ,ဖြစ်နေပြီး ရှရှင်းချန်ကလည်း လမ်းမထက် အသားကပ်ခြေအိတ်ကို ဆွဲချွတ်ဖို့ရှက်လှတာမို့ ဝန်ထမ်းထံမှ spray ဘူးကို တောင်း၍ ကားထဲ အင်္ကျီပြန်လဲချိန်မှ ဖြန်းဖို့တွေးထားလိုက်တော့သည်။
သူ့ကုမ္ပဏီကားက လမ်းဘေးတွင်ရပ်ထားပြီး ကားမောင်းသမားရော ဟွားဟွားပါ မရှိနေ။ အထဲက ပိတ်ပိတ်ပိန်းအောင်မဲမှောင်နေပြီး ကားမှန်မှတစ်ဆင့်လည်း အတွင်းကို ဘာဆိုဘာမှမမြင်ရဘဲ ကိုယ့်ပုံရိပ်ကိုသာ ကားမှန်ထက် ပြန်မြင်ရလေသည်။ ထို့အပြင် အရှေ့ထိုင်ခုံနှင့် အနောက်ခုံအကြားရှိ အကန့်က အမြဲလိုလိုထောင်ထားတတ်တာမို့ ကားပြတင်းပေါက်နေကြည့်လျှင်တောင် အရှေ့ထိုင်ခုံများကိုသာ မြင်နေရ၏။
ရှရှင်းချန် ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲခြေချဖို့လုပ်လိုက်ပေမယ့် ဂါဝန်စကို မတော်တဆတက်နင်းမိသွားတာမို့ ကိုယ့်ကိုယ်ကို ဟန်ချက်ပြန်မထိန်းနိုင်ခင် အနည်းငယ်မျှယိုင်ထိုးသွားတော့သည်။ ထို့နောက် သူ စိတ်အေးသွားရသလို သက်ပြင်းချရင်း ကားပေါ်တက်၍ သူ့အနောက်မှတံခါးကို လှမ်းဆွဲပိတ်လိုက်သည်။
ထိုအချိန်၌ ကားထဲရှိတစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက်လှမ်းဆွဲပြီး ရှရှင်းချန်ကို သူ့ပေါင်ပေါ်သို့ ဆွဲချလာသည်။
ရှရှင်းချန်မှာ အရမ်းလန့်သွားတာမို့ ထအော်မိမတတ်။ ထို့နောက်မှာတော့ သူ့နှုတ်ခမ်းပါးများက ဖုံးအုပ်ခံလိုက်ရပြီး ရင်းနှီးနေပြီးသားအသက်ရှုသံလေးက သူ့နားတစ်ဝိုက်တွင်ရစ်သီသွားသည်။ "ကိုယ်ပါ၊ မအော်နဲ့။"
သူ စိတ်အေးသွားသလိုသက်ပြင်းချ၍ လက်မြှောက်ပြီး အမှောင်ထဲရှိ ယန်ယိုမင်မျက်နှာကို ထိကိုင်ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ "မင်ကော? ဒီကို ဘယ်အချိန်တုန်းက ရောက်နေတာလဲ။"
ယန်ယိုမင်ပြောလာသည်။ "ကိုယ် ခုနကတည်းက ရောက်နေတာ။ ဒီကနေ မင်း သရုပ်ဆောင်တာကို ကြည့်နေတာ။"
ရှရှင်းချန် ကားအတွင်းရှိမဲမှောင်မှုကို ကျင့်သားရသွားချိန်၌ သူ ကားမှန်မှတစ်ဆင့် ဝင်လာသည့်အလင်းရောင်ခပ်ဖျော့ဖျော့လေးဖြင့် ယန်ယိုမင်ကို မြင်နိုင်သွားတော့သည်။ ယန်ယိုမင်ကလည်း သူကိုင်ထားသည့် spray ဘူးကို မြင်နေရတာမို့ မေးလိုက်သည်။ "မင်း ခြေထောက်ဒဏ်ရာရသွားတာလား။"
"နည်းနည်းခေါက်သွားရုံပါ။" ရှရှင်းချန် တစ်ဖက်ကိုပြဖို့ ခြေထောက်ကိုမြှောက်လိုက်ပြီးမှ သူက အခုထိ ဒေါက်မြင့်နှင့် အသားကပ်ခြေအိပ်ဝတ်ထားသေးမှန်း သတိရသွားသည်။ သူ ချက်ချင်း ခြေပြန်ချ၍ ရှက်သွားတော့သည်။
သို့သော်ငြား ယန်ယိုမင်က ရှရှင်းချန်ဒူးခေါင်းပေါ် သူ့လက်ကို လှမ်းတင်ထားလိုက်သည်။ ထိုလက်က သူ့ခြေထောက်အောက်သို့ တဖြည်းဖြည်းလျှောကျလာပြီး အသားကပ်အပေါ်မှ ဖြတ်ပြီးရရှိလာသည့်အထိအတွေ့များက သူတို့နှစ်ယောက်လုံးကို စူးစမ်းကြည့်ချင်စရာခံစားချက်အသစ်မျိုး ရရှိနေစေ၏။ နောက်ဆုံးမှာတော့ ယန်ယိုမင် သူ့ခြေချင်းဝတ်ကို ကိုင်လျက် ကားထိုင်ခုံပေါ်သို့ မတင်၍ပြောလာသည်။ "ကိုယ် မင်းအတွက် ဆေးဖြန်းပေးမယ်။"
ရှရှင်းချန် သူ့နှုတ်ခမ်းကို ယန်ယိုမင်နားရွက်အပေါ် ဖိကပ်ထား၍ တစ်ခုခုကို တိုးလျလျရေရွတ်ပြောလိုက်သည်။
သူ့အသံက ယန်ယိုမင်နားအတွင်း မရှင်းမလင်းဖြစ်နေတာမို့ ယန်ယိုမင် ပြန်မေးလာသည်။ "မင်း ဘာပြောလိုက်တာလဲ။"
ရှက်ရွံ့မှုနှင့်အတူ စိတ်လှုပ်ရှားမှုများ ရောယှက်နေသည့်ခံစားချက်ဖြင့် ရှရှင်းချန်ပြန်ပြောလိုက်သည်။ "ဒါက ခြေအိတ်ကို အရင်ချွတ်ရမှာ။" သူ စိတ်အားထက်သက်မှုများဖြင့် ဆက်ပြောသည်။ "ဒါမှမဟုတ် ဆွဲဖြဲလိုက်ပါလား။"
ယန်ယိုမင် ထိုစကားများကြားလိုက်ရချိန် တိုးလျလျရယ်သွားပြီး အသံကို တမင်နိမ့်ချ၍ပြောလာသည်။ "ကိုယ် မင်းကိုပေးထားတဲ့ခြေအိတ်၊ ဆွဲဖြဲလို့ပြောတာနဲ့ဆွဲဖြဲလိုက်ရတော့မှာလား။"
ရှရှင်းချန် သူ့လည်ပင်းကိုဖက်ထားရင်း ပြန်ပြောလိုက်သည်။ "မင်ကောက နှစ်ယောက်ကြား အမှတ်မှားနေတာပဲ။ ကြည့်ရတာ အရမ်းပြီးပြည့်စုံနေတဲ့လူနဲ့လည်း မတူပါလား။"
ယန်ယိုမင် သူ့မေးဖျားကို ဖျစ်ညှစ်လို့ လှုပ်ခါပေးလာသည်။ "မင်ကောဖတ်ခဲ့တဲ့စာအုပ်တွေက နည်းတာနဲ့ပဲ မင်ကောက ပညာမတတ်တဲ့လူဆိုးကြီးဖြစ်သွားတာမှ မဟုတ်တာ။" ပြောပြီးသည်နှင့် သူ ရှရှင်းချန်ဝတ်စုံအတွင်း လက်လျှိုလို့ သူ့တင်ပါးကို တစ်ချက်ရိုက်၍ လူယုတ်မာဆန်ဆန်ပြောလာတော့သည်။ "တင်ပါးကို အပေါ်မြှောက်ထား"
ရှရှင်းချန် နာခံမှုအပြည့်ဖြင့် သူတင်ပါးကို အပေါ်သို့နည်းနည်းမြှောက်ထားပေးလိုက်ပြီး ယန်ယိုမင်က ဂါဝန်ထဲမှတစ်ဆင့် သူ့ခါးတစ်ဝိုက်ရှိအသားကပ်ကို ဆွဲကိုင်လို့ သူ့တင်ပါးမှ ပေါင်အရင်းနားထိ ဆွဲချွတ်ချလျက် ထို့နောက်မှာတော့ သူ့ဒဏ်ရာရနေသည့်ခြေချင်းဝတ်ကိုပါ လွတ်မြောက်ခွင့်ပေးလိုက်လေသည်။
ထိုလုပ်ငန်းစဉ်တစ်လျှောက် ရှရှင်းချန်က လိုက်လိုက်လျောလျောပူးပေါင်းပါဝင်ပေးလာပြီး သူ့စိတ်ထဲ လိင်အပြောင်းအလဲကွာခြားမှုခံစားချက်မျိုးရလိုက်တာမို့ ယန်ယိုမင်ကို ဖက်ထားရင်းပြောလိုက်သည်။ "မင်ကော၊ ကောက ခြေအိတ်ချွတ်တဲ့နေရာမှာ အတော်လေးကျွမ်းတဲ့ပုံပဲ။"
ခပ်ဖျော့ဖျော့အလင်းရောင်ဖြင့် သူ့ခြေချင်းဝတ်ဒဏ်ရာကို စစ်ဆေးပေးနေသည့်ယန်ယိုမင်မှာ ထိုစကားကိုကြားသည်နှင့် သူ့ကိုပြန်လှည့်ကြည့်ပြီး ပြောလာသည်။ "ကိုယ်က မင်းလောက်တော့ မကျွမ်းပါဘူး၊ မဟုတ်ဘူးလား။"
ရှရှင်းချန် ချက်ချင်း ပါးများနီရဲသွားပြီး တစ်ဖက်သူပခုံးပေါ် မျက်နှာအပ်ထားရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ "ကျွန်တော်တော့ ကော ဘာပြောနေလဲ မသိပါဘူးနော်။"
ယန်ယိုမင် spray ဘူးကို လှမ်းယူ၍ လှုပ်ခါပြီးနောက် ရှရှင်းချန်ခြေချင်းဝတ်ပေါ်သို့ အကြိမ်အနည်းငယ်မျှဖျန်းမှုတ်လာသည်။ ချက်ချင်းဆိုသလို အေးစိမ့်သွားသည့်ခံစားချက်က တစစ်စစ်နာကျင်နေမှုကို နည်းနည်းပါးပါးတော့ ဖြေဖျောက်ပေးသွားနိုင်နေသည်။
ရှရှင်းချန် တရွေ့ရွေ့နှင့် ယန်ယိုမင်ပေါင်ကိုခွ၍ မျက်နှာချင်းဆိုင်ပြောင်းထိုင်ရင်း ခြေထောက်နှစ်ဘက်ကို ခုံပေါ်တင်ထားသည့်အနေအထားနှင့် ယန်ယိုမင်ခါးတစ်ဝိုက် တွယ်ချိတ်လို့ ယန်ယိုမင်လည်ပင်းကိုဖက်လျက် ပြောလိုက်သည်။ "မင်ကော၊ ကျွန်တော်လှလား။"
ယန်ယိုမင် ရယ်သွားသည်။ "မင်း အခု ဘယ်လောက်လှနေလဲသိရဖို့ မှန်ထဲကြည့်ချင်သေးလား။"
ရှရှင်းချန်အနေနှင့် သူ့နှုတ်ခမ်းထက် လိုင်းကျော်ဆွဲထားသည့်နှုတ်ခမ်းနီရှိနေသေးမှန်း သိထားသည်။ တစ်ချောင်းကြိုးဝတ်စုံနှင့် သူ့ဆံပင်တိုလေးကလည်း ထူးထူးဆန်းဆန်းပေါင်းစပ်မှုမျိုးဆိုပေမယ့် သူပြောလိုက်သေးသည်။ "ကောပဲ ကျွန်တော့်ကို နှုတ်ခမ်းနီဆိုးပေးထားတာမဟုတ်ဘူးလား။"
ယန်ယိုမင် အရှေ့သို့ အနည်းငယ်မျှကိုင်းညွှတ်လို့ သူ့ကိုကြည့်၍ပြောလာသည်။ "ဟုတ်တာပဲ။ ကိုယ့်အနေနဲ့ တစ်ယောက်ယောက်ကို နှုတ်ခမ်းနီဆိုးပေးဖူးတာ ဒါပထမဆုံးပဲ။ မင်းကြိုက်ရဲ့လား။"
ရှရှင်းချန် ပြောလိုက်သည်။ "ကျွန်တော် သဘောကျတယ်။ ကျွန်တော် ကောကို နည်းနည်းပြန်မျှပေးရမလား။"
ပြောပြီးတာနှင့် သူ ယန်ယိုမင်နှုတ်ခမ်းထက် အနမ်းခြွေချလိုက်တော့သည်။ ဒါက ပရမ်းပတာဆန်လှသည့်အနမ်းမျိုးဖြစ်သည်။ သူ ယန်ယိုမင်နှုတ်ခမ်းကို တတိတိကိုက်လို့ ယန်ယိုမင်နှုတ်ခမ်းထက် သူ့နှုတ်ခမ်းနီများ ပေကျံသွားရန်လုပ်ဖို့ကြံစည်နေတော့သည်။
ရှရှင်းချန် သူ့ခြေထောက်ပေါ်ရှိနေသည့်ယန်ယိုမင်လက်ကို ဆွဲယူ၍ သူ့ဝတ်စုံအောက်ကို ထိုးထည့်လိုက်သည်။ သို့ပေမယ့် သူ ထိုင်ချလိုက်တာနှင့် သူ့ခြေထောက်အောက်ရှိ အင်္ကျီစက သူ့ကိုဆွဲငင်ထားတာမို့ ရှရှင်းချန် စိတ်မရှည်မှုများဖြင့် ဆွဲထုတ်လို့ ဝတ်စုံတစ်ခုလုံးကို ဆွဲမပြီးနောက် ယန်ယိုမင်နှုတ်ခမ်းများဖြင့်ခွဲခွာ၍ သူ့ဝတ်စုံကို ကိုက်ခဲထားလိုက်သည်။
သူ့တစ်ကိုယ်လုံး အဝတ်အစားမကပ်တော့။
ယန်ယိုမင် ရှရှင်းချန်တင်ပါးကို ဖိညှစ်လို့ သူ့အနားဆွဲခေါ်ရင်း ရှရှင်းချန်နားရွက်ထက် အနမ်းများခြွေချရင်း သူ့အသက်ရှုသံများကပါ ပြင်းထန်လာတော့သည်။ "ဒီမှာမရဘူး၊ ရှင်းချန်"
ကားက လမ်းဘေးမှာရပ်ထားတာဖြစ်ပြီး လှုပ်ခါနေမှုများက သေလမ်းဖွင့်ပေးလိုက်သလိုပင်။
ရှရှင်းချန်လည်း ဒါကို မေးခွန်းထုတ်စရာမလိုအောင် သိနေတာမို့ သူ့ဝတ်စုံကို ကိုက်ထားရင်း အသက်လုရှုရင်း အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။ "ကျွန်တော့်ကို ထိပေး"
ယန်ယိုမင်လက်က သူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကို အုပ်ကိုင်လာတာနှင့် သူ အောင့်မထားနိုင်စွာအသံထွက်မိသွားပြီး အဝတ်စလေးက သူ့ပါးစပ်ထဲမှလွှတ်ထွက်လို့ ယန်ယိုမင်မျက်နှာပေါ် ဖုံးသွားတော့သည်။ "ခဏ၊ ကျွန်တော် ဒီအင်္ကျီစကို ပြန်ယူလိုက်ဦးမယ် ..."
ပြုံးလျက် ယန်ယိုမင်ပြန်ပြောလိုက်သည်။ "ဟုတ်ပြီ။"
KittyKitling
T/N : Long time no see TT