Ctrl+Z(Completed)

By LaYate0101

27K 2.4K 2K

ဒီလောက်ဆိုရင်ရော ငါမင်းနဲ့ တွေ့လို့ရပြီလား။ More

Warning
Intro
Chapter 1
Chapter 2
Chapter 3
Chpater 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 17(B)
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chpater 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
New Year Special Chapter
ဟဟ😆
Chapter 42
Chapter 43
Chapter 44 (warning 18+)
Chapter 45 (warning 18+)
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Sorry
Chapter 61 (warning 16+)
Chapter 62
Chapter 63
Chapter 64
Chapter 65(Ending)
စာအုပ်မှာလျှင်ရမည့်လက်ဆောင်များ
Extra (part 1)
Extra (Part 2)
Extra (Part 3)

Chapter 9

397 38 24
By LaYate0101

အပြင်ဘက်မှာ စိမ်းမြနေတဲ့ ဗာဒံပင်ကြီးက အရိပ်အာဝါသကောင်းကောင်းနဲ့ ကျောင်းဝင်အဝင်ကို အုပ်မိုးထားတယ်။ ကျွန်တော်ထိုင်နေကျ ပြတင်းပေါက်ကနေ ကြည့်ရင် ကျောင်းဝင်းအဝင်ကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။ ကျွန်တော့်ဘေးမှာ စစ်နေရှိမနေဘူး။ ပြောချင်တာက သူကျောင်းတက်ဖို့ ကျောင်းထဲကိုဝင်လာရင် ကျွန်တော်သူ့ကိုမြင်နေရဦးမှာ။ သူ့ကိုမြင်လိုက်ရပြီး နောက်သုံးမိနစ်လောက်နေရင် ကျွန်တော့်ဘေးကို သူရောက်လာမှာပေါ့။ ဒါက အခုဆို နေ့တိုင်းဖြစ်ပျက်နေတဲ့ ဘာမဟုတ်တဲ့ကိစ္စမို့ ရိုးအီနေသင့်ပြီ။ ကျွန်တော်နဲ့စစ်နေအတူတူထိုင်တာကို ကျောင်းသားတွေရော၊ ဆရာတွေရော အကျင့်ပါဖြစ်နေပြီ။ စစ်နေလည်း ဒီလိုပဲနေမှာပဲ။ ဒီလိုတွေးလိုက်ရင်လည်း ကျွန်တော်တစ်ယောက်တည်း ဘာတွေလိုက်ဖြစ်နေတာလဲဆိုတဲ့အတွေးနဲ့ ကျွန်တော်ပဲ ပိုစိတ်တိုရပြန်ရော။ စစ်နေနဲ့တွေ့မှ ကျွန်တော်က အရှူံးကိုလက်ခံရမှာ တော်တော်မုန်းတဲ့လူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိရတာ။

"ငါမနေနိုင်တော့ဘူး။ မေးမှဖြစ်တော့မယ်"

"မျိုးမြင့်ထွန်း။ ဟေ့ကောင်။ အဲ့ကိစ္စက မင်းအတွက် ဘာအရေးပါလို့လဲ"

"ပါတယ်ကွ။ ပါတယ်။ အခုကျောင်းတက်ရတာ တစ်စက်မှပျော်စရာမကောင်းတော့ဘူး။ မင်းသူငယ်ချင်းက ရုတ်တရတ်ကြီး ဒီလောက်ပျင်းစရာကောင်းတဲ့ကောင်ကြီးဖြစ်သွားတာ မင်းရော ဘယ်လိုမှ မနေဘူးလား"

"အဲ့ဒါ သော်ညံက..."

"ဒီမှာ သော်ညံ"

တရစပ်ထွက်လာတဲ့ ပွစိပွစိစကားတွေရဲ့နောက်မှာ ကျွန်တော်အာရုံလွင့်နေတယ်အထင်နဲ့ မျိုးမြင့်ထွန်းက ကျွန်တော့်စားပွဲကို လက်ဆစ်နဲ့ခေါက်ပြီး သူပြောတာနားထောင်အောင်လုပ်တယ်။ အပြင်ဘက်ကို ကြည့်နေရင်းကနေ မျက်လုံးတစ်ချက်ရွှေ့ကြည့်လိုက်တော့ မျိုးမြင့်ထွန်းကရှေ့ခုံမှာ နောက်ပြန်ဝင်ထိုင်ပြီး ကျွန်တော်နဲ့ရင်ဆိုင်တယ်။

"ရှေ့လက မင်းနဲ့ စစ်နေရည်တစ်ခုခုဖြစ်ထားလား"

"တစ်ခုခုဖြစ်တယ်ဆိုတာဘာလဲ။ သူနဲ့ငါက ဖြစ်တာများလွန်းလို့ မမှတ်မိတော့ဘူး"

"စာစီစာကုံးပြိုင်ပွဲပြီးတော့ ပြောနေတာ။ ကျောင်းမှာ သတင်းတွေထွက်လာတဲ့ ညနေက မင်း မြန်မာစာဆရာဆီက စစ်နေရည်ရဲ့ စာစီစာကုံးစာရွက် သွားတောင်းတာ ငါမသိဘူးထင်နေလား။ ​နောက်ရက်ကျတော့ စစ်နေရည်က တစ်ယောက်ယောက်ထိုးထားတဲ့ ဒဏ်ရာနဲ့ ကျောင်းလာတယ်။ အဲ့နေ့က မင်းတို့သေချာပေါက်တစ်ခုခု..."

"ဟုတ်တယ်။ ငါလုပ်လိုက်တာ။ စစ်နေကို သူ့အိမ်အထိသွားရှာပြီး ထိုးလိုက်တာ"

"ဘာ"

"ကျောင်းမှာ သတင်းတွေထွက်နေတာကို မကျေနပ်လို့ နည်းနည်းပါးပါး ပညာပြလိုက်တာ။ အဲ့ဒါဘာဖြစ်လဲ"

"ဒါဆို မင်းအခုဘာဖြစ်နေတာလဲ"

"ငါဘာဖြစ်နေလို့လဲ"

"အဲ့နေ့နောက်ပိုင်းကတည်းက မင်း အဲ့ကောင်ကို အရင်လိုမဟုတ်တော့ဘဲ ကောင်းပေးနေလို့ပေါ့"

"ကောင်းပေးတယ်"

ဒါကတော့ ချဲ့ကားတဲ့စကားပါ။ ကျွန်တော် စစ်နေကို အရင်လို သွားရန်မစတော့တာလေးပဲရှိတာပါ။ ပြောရမယ်ဆို ဂစ်တာတစ်လုံးကို မတီးချင်တော့လို့ အခန်းထောင့်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်တာလေးပဲ။ သူ့ဟာသူ ဖုန်တက်တက်၊ ကြွက်ကိုက်ကိုက်၊ ကြိုးလျော့လျော့။ အခုသူပြောနေတဲ့ပုံက နေ့တိုင်းတိုက်ချွတ်ကြိုးညှိပေးပြီး ဂရုတစိုက်တီးနေသေးတဲ့ပုံကြီး။

"ငါကအမြဲ သူ့ကို လိုက်ပြီးအနိုင်ကျင့်နေရမယ်လို့ သတ်မှတ်ထားလို့လား"

"ဒါပေမဲ့ အရမ်းထူးဆန်းနေ..."

"အခုမင်းငါ့ကိုလာပြောနေတာ အနိုင်ကျင့်ရမယ့်သူ မရှိတော့လို့လား။ အဲ့ဒါကြောင့် စစ်နေကို ငါကထပ်အနိုင်ကျင့်ရမှာလား။ ဒါမှမဟုတ် တခြားတစ်ယောက် ထပ်ရှာပေးရမှာလား"

မျိုးမြင့်ထွန်းမျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ဖြတ်မေးလိုက်မိတော့တယ်။ သူ့မှာ အဖြေမရှိပေမဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူ့အမူအရာကတော့ ဟုတ်တယ်လို့ ဖြေနေတာပဲမလား။ ထိုင်ခုံမှာ စိတ်ပျက်လက်ပျက် ကျောမှီချလိုက်ပြီးတော့ အပြင်ဘက် မြေပြင်က ပန်းပင်တန်းလေးကို လှမ်းကြည့်လိုက်မိတယ်။

"မင်းတို့လုပ်ချင်ရင် တစ်ခြားတစ်ယောက်ထပ်ရှာပြီး လုပ်ချင်တာလုပ်ကြ။ ပြောမရရင် ငါ့နာမည်တပ်လိုက်။ ရတယ်"

"အဓိပ္ပါယ်မရှိလိုက်တာ။ မင်းလိုကောင်မျိုးက လူတွေပြောတဲ့ စကားကြောင့် စစ်နေရည်ကို လွှတ်ပေးလိုက်တယ်ဆိုတာကိုက အဓိပ္ပါယ်မရှိတာ"

"ငါက လူတွေပြောတဲ့စကားကြောင့် စစ်နေကို လွှတ်ပေးလိုက်တယ်လို့ ဘယ်သူပြောလဲ"

နောက်တစ်ကြိမ် မျိုးမြင့်ထွန်းနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ ဒီတစ်ခေါက် စားပွဲပေါ်ပါ လက်ထောက်တင်လိုက်တာမို့လို့ ကြားခံနယ်မရှိတဲ့ လေထုထဲမှာ မျိုးမြင့်ထွန်းရဲ့ တုန်လှုပ်ခက်ထန်နေတဲ့ အကြည့်တွေနဲ့ ကျွန်တော့်အကြည့်တွေက ထိပ်တိုက်ပဲ။

"မင်းပဲ ပြောကြည့်စမ်းပါ။ ငါလူတွေပြောတာကိုသာ ဂရုစိုက်တတ်တဲ့ကောင်မျိုးဆို ဒီနေရာကိုရောက်လာဦးမှာလား"

ပြောမထွက်ဘူး။ စစ်နေရဲ့ စာစီစာကုံးကို ဖတ်ပြီး ကျွန်တော် ငိုခဲ့မိတယ်ဆိုတာကို။ ကျွန်တော့်လက်ရေးနဲ့ တမင်ကူးယူထားပြီး ကျွန်တော့်ရဲ့ အလိမ်အညာကြောင့် ကျွန်တော်ရေးတယ်လို့ ယုံကြည်နေတဲ့ အမေက စစ်နေရဲ့ စာစီစာကုံးကို ပိုကောင်းတယ်လို့ ချီးကျူးလိုက်တာကို။ အဲ့ဒီနေ့က ကျွန်တော်ငိုတာကို ကျွန်တော်တွယ်တာရတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ အိမ်က အိမ်တော်ထိန်း အန်တီချိုမြင်သွားခဲ့လို့သာ အတည်ပြုလိုက်နိုင်ပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မယုံချင်လို့ ရင်ထဲမှာ လိပ်ခဲတည်းလည်းနဲ့ မြိုသိပ်ထားခဲ့တာ။ ဒါကို ဘာတဲ့။ လူတွေပြောကြတဲ့ ဘာမှအရည်မရအဖတ်မရတဲ့ အတင်းအဖျင်းစကားတွေကြောင့် ကျွန်တော်က စစ်နေကို လွှတ်ပေးလိုက်တာဆိုပဲ။

"ရတယ်။ မင်းတို့ပါ အဲ့ဒီလိုယုံချင်တယ်ဆိုရင် လူတွေပြောကြသလို ငါ့စာစီစာကုံးကမကောင်းဘဲ အဖေ့ရာထူးကြောင့် ငါ့ကိုနှစ်မှတ်တည်းနဲ့ကပ်ပြီး တမင်အနိုင်ပေးလိုက်တယ်လို့သာ ယုံလိုက်။ မင်းတို့ငါ့ကို မယုံလို့လည်း ငါ့အသားကပဲ့ပါမသွားဘူး"

"မဟုတ်ဘူး သော်ညံ"

တည်မြဲက ဝင်ပြောတယ်။

" မျိုးမြင့်ထွန်းက မင်းဘာလို့တစ်ယောက်တည်း တိတ်ဆိတ်ပြီးနေနေလဲဆိုတာ သိချင်နေတာ။ မင်းအဲ့နေ့ပြီးကတည်းက အရမ်းငြိမ်ကျသွားတာ ငါတို့သိတယ်။ အဲ့ဒါကြောင့် မင်းကို အခုလိုမဖြစ်စေချင်လို့ ပြောနေတာ။ ငါတို့က မင်းကို ဘာလို့ မယုံရမှာလဲ။ မင်းဘယ်လောက်တော်လဲဆိုတာ ဆရာတွေလည်းသိလို့ မင်းကို အနိုင်ပေးတာပေါ့။ ငါလည်းသိတယ်"

"ငါတော့မသိဘူး"

တည်မြဲ ဝင်ဖျောင်းဖျနေတဲ့စကားက မျိုးမြင့်ထွန်းရဲ့ စကားအဖြတ်မှာ ရပ်တန့်သွားတယ်။ တဖြည်းဖြည်းနဲ့ ရာသီဥတုက အေးစက်လာတယ်။ ဘေးက ကျောင်းသားကျောင်းသူတွေရဲ့ အသံတွေဆူညံနေလည်း ကျွန်တော်တို့ သုံးယောက် ထိုင်နေတဲ့နေရာလေးကပဲ ကွက်ပြီး တိတ်ဆိတ်လို့နေခဲ့တာ။

"မင်းက တကယ်စိတ်ဝင်စားဖို့မကောင်းတော့ဘူး သော်ညံ။ မင်းလည်း ခပ်ပျော့ပျော့ထဲက လူတစ်ယောက်ပဲ"

"ငါကလည်း မင်းက နဂိုတည်းက ငါ့သူငယ်ချင်း မဟုတ်ဘူးဆိုတာ သိတယ်"

မျိုးမြင့်ထွန်းအကြည့်တွေက ပိုစူးရဲလာတယ်။ မျှော်လင့်ထားပြီးသားရလဒ်မို့လို့ ကျွန်တော်ကတော့ လိုတာထက်ပိုတည်ငြိမ်နေမိတယ်ထင်တာပဲ။ ကျွန်တော်က တည်မြဲလိုလူ ကျွန်တော့်ဘေးက ထွက်သွားမယ်ဆိုရင်တောင် ဝမ်းနည်းပါတယ်ဆိုတာကို ထုတ်မပြချင်တဲ့သူ။ မျိုးမြင့်ထွန်းလို နဂိုထဲက သိပ်စိတ်မဝင်စားတဲ့လူဆို လှည့်ကိုကြည့်မှာမဟုတ်ဘူး။

"မင်းက အစကတည်းက ငါ့ကိုပေါင်းချင်တာမဟုတ်ဘူး။ ငါ့မှာရှိနေတဲ့အာဏာနဲ့ဂုဏ်ကိုပေါင်းချင်တာ။ အဲဒါကို မသိဘဲနဲ့များ မင်းကို လည်ပင်းဖက်ပေါင်းနေတယ်ထင်ရအောင် ငါ့ကိုအရူးများမှတ်နေလား"

"သော်ညံ"

"မနာနဲ့။ ပုပ်ပြီးသားအနာပေါ်တုတ်ကျရင် နာစရာအ​ကြောင်းမရှိဘူး"

မျိုးမြင့်ထွန်း တောက်ခေါက်ပြီး ဝုန်းခနဲ ထရပ်လိုက်တဲ့ အသံကြောင့် တစ်ခန်းလုံး ရှဲခနဲတိတ်သွားတော့တယ်။ အားလုံးရဲ့အကြည့်တွေက ကျွန်တော်တို့ဆီရောက်လာတယ်။ သွားစမ်းပါ။ တစ်စက်မှ ဝမ်းမနည်းတာမို့လို့။ အဖေအမြဲပြောတဲ့စကားရှိတယ်။ လူဆိုတာ မွေးကတည်းက တစ်ယောက်တည်းမွေးလာတာ။ နောက်ဆုံးကျရင် ကျွန်တော်ဆိုတာက တစ်ယောက်တည်း ကျန်ခဲ့ရမှာပဲ။

"နောက်ဆုံးအနေနဲ့ သံယောဇဉ်ကိုထောက်ပြီး တစ်ခုတော့ သတိပေးလိုက်မယ်"

လှည့်ထွက်သွားတဲ့ မျိုးမြင့်ထွန်းခြေလှမ်းတွေ တုံ့ခနဲ ရပ်ပြီး ကျွန်တော့်ကို တင်းမာနေတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်တယ်။

"စစ်နေက မင်းရန်သွားစလို့ရနိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူး"

ဘာလို့ အဲ့ဒီစကားကို ပြောလိုက်မိတာလဲ ဆိုတာကို မသိတော့ဘူး။ တကယ်က သူ့တို့ဟာသူတို့ ဘာဖြစ်ဖြစ် လွှတ်ပေးလိုက်ရမှာ။ မျိုးမြင့်ထွန်းနဲ့ ပေါင်းလာခဲ့တဲ့နှစ်တွေရဲ့ သံယောဇဉ်ကို တကယ်ပဲ ထောက်မိသွားတာလား။ ဒါမှမဟုတ်...

မျက်လွှာပြန်ချလိုက်တဲ့အချိန်မှာ ဘေးကလွတ်နေတဲ့ခုံကို လှစ်ခနဲ မြင်လိုက်ရတယ်။ စစ်နေကျောင်းကို ရောက်မလာသေးဘူး။ ပုံမှန်ထက်နောက်ကျနေတယ်ဆိုတာကို သိပေမဲ့ ရောက်မလာသေးတဲ့အတွက်ပဲ စိတ်သက်သာရာရမိသလိုပဲ။ ဘာလို့လဲတော့မသိဘူး။ ကျွန်တော်ပြောလိုက်မိတဲ့ စကားကို သူ့ကို မကြားစေချင်ဘူး။

ဟုတ်တယ်...မင်းမကြားလိုက်တာပဲကောင်းတယ်။ မဟုတ်ရင် ငါမင်းကို ကြောက်နေတယ်လို့ မင်းတွေးသွားတော့မှာ။

Ctrl+Z

အဲ့ဒီနောက်ပိုင်း မျိုးမြင့်ထွန်းနဲ့ ကျွန်တော်စကားမပြောဖြစ်တော့ဘူး။ တည်မြဲ ဆက်ပေါင်းနေလား၊ မပေါင်းနေလားတော့မသိပေမဲ့ ကျွန်တော့်အတွက်တော့ လူတစ်ယောက်ကို ကျွန်တော့်ဘဝထဲက စွန့်ပစ်လိုက်ရတာ အရမ်းလွယ်တယ်။ ကျွန်တော်တို့နဲ့ အရင်လို သွားသွားလာလာမရှိတော့တဲ့ နောက်ပိုင်းမှာ မျိုးမြင့်ထွန်းက သူ့အရင်ဘော်ဒါတွေဖြစ်တဲ့ ဟိုဘက်ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ပြီး တရုန်းရုန်းဖြစ်လာတယ်။ ကျောင်းဆင်းချိန်ဆို ဟိုနားဒီနားမှာ သူတို့အုပ်စုကို တွေ့ရတယ်။ ဒါကို တည်မြဲလည်း သတိထားမိပုံရပေမဲ့ ကျွန်တော့်ကို ဘာမှမပြောဘူး။ တိုက်ဆိုင်တာက ထွေးငယ်ငြိမ်းလည်း အဲ့ဒီကျောင်းမှာ တက်နေတာဖြစ်ပြီး စစ်နေလည်း အဲ့ဒီကျောင်းကနေ ကျောင်းပြောင်းလာတာ။ လူတွေပြောကြသလို စစ်နေနဲ့ပြဿနာတက်တယ် ဘာညာဆိုလည်း အဲ့ကောင်တွေပဲ ဖြစ်နိုင်ပေမဲ့ မျိုးမြင့်ထွန်း ဘာမှမပြောတဲ့ပုံထောက်ရင်တော့ စစ်နေကျောင်းပြောင်းလာတာ ရိုးရိုးပဲကျောင်းပြောင်းလာတဲ့ပုံပဲ။ တကယ်လို့ အဲ့ကောင်တွေနဲ့ ပြဿနာတက်မယ်ဆိုရင်တော့ စစ်နေလိုပုံစံနဲ့ လေဖြတ်ပြီး နာတာရှည်ရောဂါနဲ့ ဆေးရုံမှာ နိဂုံးချုပ်သွားနိုင်တာမို့လို့။

ဟိုဘက်ကျောင်းက အုပ်စုက အုပ်စုလိုက်နေတဲ့ပုံစံ။ ရှင်းရှင်းပြောရရင် ကျွန်တော်နဲ့ သိပ်တော့ မကွာလှပါဘူး။ သူတို့က အုပ်စုလိုက်နေပြီး လူအင်အားပြ အနိုင်ကျင့်မယ်၊ ကျွန်တော်က တစ်ယောက်တည်းနေပြီး အပျင်းပြေရာရှာမယ်။ တစ်ခုရှိတာက သူတို့က လက်ပါလွန်းတယ်။ သူတို့လက်ချက်ကြောင့် ဆေးရုံတက်ရတဲ့ ကလေးတွေအများကြီးပဲ။ ကျောင်းအပြင်မှာလည်း တခြား၊ တခြားကျောင်းကသူတွေနဲ့ ချိန်းပွဲတွေခေါ်တယ်။ ဆရာတွေဝင်ပါရင် သူတို့မိဘတွေပါ ဆွဲထည့်ပြီး အဲ့ဆရာတွေအလုပ်ပြုတ်အောင်လုပ်တော့တာပဲ။ ကျွန်တော်ကျ တည်မြဲနဲ့မျိုးမြင့်ထွန်းအပါအဝင် သုံးယောက်တည်းရှိလို့ပဲလည်း ပါမယ်။ စာတစ်ဖက်နဲ့မို့လို့လည်း ပါမယ်။ ပြီးတော့ ဒီတိုင်း အပျင်းပြေရုံလောက်မို့ အဲ့ကိစ္စကြီးကို အဲ့လောက်ကြီးလုပ်နေဖို့ အချိန်မပေးချင်တာ။ ဒါပေမဲ့ ထပ်ပြောရရင် မျိုးမြင့်ထွန်းပေါင်းနေတဲ့ အဲ့ကောင်တွေနဲ့ ကျွန်တော်က သိပ်ကွာလှတယ်တော့ မဟုတ်ပါဘူး။

အရင်ကဆိုရင်ပေါ့။

"ထွေးငယ်နဲ့ တွေ့ဖြစ်သေးလား"

မျိုးမြင့်ထွန်းနဲ့နေရာလဲပြီး မျိုးမြင့်ထွန်းနေရာဖြစ်တဲ့ ကျွန်တော့်ရှေ့ခုံကိုရောက်လာတဲ့ တည်မြဲက ရုတ်တရတ်ကြီးနောက်လှည့်လာပြီး အဲ့မေးခွန်းကို ကောက်ခါငင်ကာ ထမေးတဲ့အချိန်မှာ ကျွန်တော့်ဘေးမှာ စစ်နေရှိနေတယ်။ ဂရုတော့မစိုက်ပါဘူး။ သူက ကျွန်တော့်အတွက် အခုအချိန်မှာ တစ်ချက်တစ်ချက် ထခိုင်းစားဖို့ကလွဲရင် သေလူပဲ။ အဲ့လိုတွေးရင် ကျွန်တော့်စိတ်လေး အေးချမ်းနေရော။

"စာမေးပွဲတွေနဲ့ မအားပါဘူး"

"သူမအားတာမဟုတ်ဘဲ မင်းမအားတာပါ။ လုပ်ထည့်လိုက်ဦးမယ်"

စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တဲ့ တည်မြဲစကားကို ပြုံးမိသွားတယ်။ သူပြောတာမှန်ပါတယ်။ ထွေးငယ်ငြိမ်းက စာသိပ်မလုပ်ဘူး။ ဆယ်တန်းအောင်တော်ရောပေါ့...အဲ့လိုတွေးတဲ့ ကောင်မလေး။

"ဘာလို့လဲ တွေ့ချင်လို့လား"

"မင်းကြီးတော်။ သူက ငါ့ကိုမှတ်မိပါ့မလားတောင်မသိဘူး"

"မမှတ်မိလည်း ငါမိတ်ဆက်ပေးလို့ရတာပဲ။ ဘယ်လိုလဲ။ ကြိုးစားကြည့်ချင်လား"

"အင်း"

ဓာတ်လိုက်နေတဲ့ပုတ်သင်ညိုလို ခေါင်းတွေအတင်းညိတ်ပြတော့တဲ့ တည်မြဲကို မြင်တဲ့အချိန်မှာတော့ ကျွန်တော် အောင့်မထားနိုင်ဘဲ အသံထွက်တဲ့အထိရယ်မိသွားတယ်။ အခု မျိုးမြင့်ထွန်းရှိမနေတော့တာမို့ တည်မြဲ ထွေးငယ်ငြိမ်းကို ကြိုက်နေတဲ့အကြောင်း လွတ်လွတ်လပ်လပ်ပြောလို့ရတာကိုလည်း စိတ်ပေါ့သွားလို့ဖြစ်မယ်။

ရုတ်တရတ် စပ်ဖြဲဖြဲနဲ့ ခေါင်းညိတ်ပြနေတဲ့ တည်မြဲက ရပ်သွားပြီး ကျွန်တော့်ဘေးကို ကြည့်ရင်း အိုးတို့အန်းတန်းဖြစ်သွားတာကိုမြင်မှ ဘေးမှာ လူတစ်ယောက်ထိုင်နေတာပါလားဆိုတာ သတိရပြီး လှည့်ကြည့်မိတော့...

ဘာလားဟ...ဒီကောင်က ဘာစိတ်ရူးပေါက်လို့ ငါ့ကို လာကြည့်နေတာလဲ။

"သေချင်နေလား"

မျက်နှာကို ချက်ချင်းပြန်တည်ပစ်လိုက်ပြီး ပိတ်ဟောက်ပေးလိုက်မှ အကြည့်လွှဲသွားပြီး သင်္ချာပုစ္ဆာတစ်ခုဖတ်နေတာကို ဆက်ဖတ်နေတယ်။

"ဟေ့ကောင် စစ်နေ"

ပြန်မော့ကြည့်လာတယ်။ ဖုံးဖိထားတယ်ဆိုပေမဲ့ သူ့အကြည့်က "သူပဲ မကြည့်နဲ့ဆိုပြီး ခေါ်ပြန်ပြီ"ဆိုတဲ့အကြည့်။ စစ်နေရည်ဆိုတဲ့ကောင်က အဲ့ဒါတွေ သောက်မြင်ကပ်စရာကောင်းတာ။

"မင်း လက်"

မျက်စပစ်ပြလိုက်တာနဲ့တင် ကျွန်တော်တို့ နှစ်ယောက်ကြား Correction penနဲ့ ဆွဲထားတဲ့စည်းကို သူ့တံတောင်ဆစ်က ကျော်နေမိတယ်ဆိုတာကို သူသတိထားမိသွားပြီး ပြန်ရွှေ့သွားတယ်။ မပက်သက်ချင်လွန်းလို့ အဲ့စည်းကို မကျော်စေနဲ့လို့ ကျွန်တော်ခိုင်းထားတာ။

"နောက်တစ်ခေါက်ကျော်လာရင် လက်တစ်ချောင်းလုံးကျိုးအောင် ရိုက်ချိုးပစ်မှာမို့လို့ သတိကပ်ထား"

တကယ်စိတ်ကုန်ဖို့ကောင်းတယ်။ လူကြည့်လိုက်ရင် မထုံတတ်တေးရုပ်နဲ့ ပြောရဆိုရကလည်း ခက်သေး။ ဒီလိုအချိန်တွေဆို တော်ရုံနဲ့ လက်မပါချင်တဲ့ ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ တကယ်က ဆံပင်ကိုဆွဲပြီး စားပွဲနဲ့နဖူးတိုက်ပေးလိုက်ချင်တာ။

"မင်းအားတဲ့တစ်နေ့ကျရင်ပြော"

တည်မြဲဘက်ပြန်လှည့်လိုက်တယ်။

" ငါ ထွေးငယ်ငြိမ်းနဲ့ချိန်းလိုက်မယ်။ အဲ့ဒါကို မင်းတို့တွေ့လို့ရပြီ"

"တွေ့ပဲတွေ့ချင်တာပါကွာ။ ငါ့မှာ မျှော်လင့်ချက်မရှိပါဘူး။ တစ်ချို့တစ်ချို့တွေလို ညွှန်ကြားရေးမှူးချုပ်ကြီးရဲ့ သားမဟုတ်တော့လည်း မျက်နှာငယ်ရတာပေါ့"

"မင်းဟာမင်း ညွှန်ကြားရေးမှူးချုပ်ထက်သာအောင်လုပ်လိုက်ပေါ့။ မင်းစာတော်လို့ ဒီအခန်းထဲရောက်နေတာပဲ။ ပြီးတော့ လူကြီးတွေ သဘောတူတာမတူတာတွေ ထည့်တွေးမနေနဲ့။ မင်းကြိုက်တဲ့ဟာဆို ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းလက်ထဲရောက်အောင်လုပ်။ ထွေးငယ်ငြိမ်းသာ မင်းကို သဘောကျတယ်ဆို ပွဲသိမ်းပြီ။ ငါလည်း မင်းကျေးဇူးနဲ့ အေးအေးဆေးဆေးနေရမှာပေါ့"

"မင်းတကယ် မကြိုက်ဘူးလား။ ထွေးငယ်ကို"

"ကြိုက်သားပဲ"

"ဘာ!!"

"သူငယ်ချင်းအနေနဲ့ အရမ်းသဘောကျတယ်လို့"

"နည်းနည်းလေးတောင်မပိုဘူးလား။ ယောကျာ်းလေးနဲ့မိန်းကလေးမှာ သူငယ်ချင်းဆိုတာ မရှိဘူးနော်။ ဘာလဲ...မင်းနဲ့ ဒီလောက်နီးစပ်နေတဲ့ ထွေးငယ်ကို မကြိုက်ဘူးဆိုရင် တခြားကြိုက်တဲ့သူရှိနေတာလား"

ကြိုက်တဲ့သူ....တဲ့...

အမှန်အတိုင်းဝန်ခံရရင် ကြိုက်တယ်ဆိုတာကို ဘာမှန်းကို နားမလည်သေးတာ။ ဒီတော့မှ ကိုယ့်ကိုယ်ကိုယ် တော်တော်ငယ်သေးမှန်းသိလိုက်တယ်။ ဒါပေမဲ့ တည်မြဲကိုတော့ ထုတ်မပြောချင်ပါဘူး။ ဒီဘက်ခေတ်မှာ​က ဒီအရွယ် အချစ်ကိုမှ နားမလည်ရင်၊ ရည်းစားထားဖို့မတွေးသေးရင် ခေတ်မမီသလို ဘာလိုလို။

"စဉ်းစားကြည့်လိုက်။ အရှင်းဆုံးပြောရရင်တော့ မင်းကို အမြဲ စိတ်အနှောက်အယှက်ပေးနေတဲ့သူပဲ"

"ဘာ"

"မင်းသူ့ကြောင့် အမြဲပူပင်နေရမယ်။ သူ့အကြောင်းပဲတွေးနေမိမယ်။ သူနဲ့ ပက်သက်ပြီဆိုတာနဲ့ မင်းအမြဲတမ်း ထိုင်မရထမရဖြစ်နေမယ်ကွာ။ သူ့ကိုအမြဲမင်းနားမှာ​ပဲ ထားချင်တယ်။ တခြားသူတွေနဲ့မရှိစေချင်ဘူး။ တစ်ခါတစ်လေကျရင် သူနဲ့ပက်သက်ပြီး ရင်ဘတ်ထဲမှာ ပူနေရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုရတဲ့အထိပဲ"

ဒီကောင်...ဘယ်လို အရူးချီးပန်းစကားတွေပြောနေတာလဲ။

အဲ့ဒီအချိန်မှာပဲ ဆရာအတန်းထဲဝင်လာတာမို့ တည်မြဲက ရှေ့ခုံကိုပြန်လှည့်သွားတယ်။ ဆရာက ဟိုနေ့က ထပ်ထားတဲ့ အိမ်စာစာအုပ်တွေ မိန်းကလေးတွေကို ဝေပေးဖို့ အတန်းခေါင်းဆောင်ကို ခိုင်းပြီး ယောကျာ်းလေးတွေကို ဝေပေးဖို့ စစ်နေကို လှမ်းခေါ်တာမို့ စစ်နေထထွက်သွားတယ်။

ဘေးဘက်က ရေခဲငွေ့လွှတ်ရာ ဌာနကြီး ခဏပျောက်သွားတာမို့ စိတ်ချမ်းချမ်းသာသာနဲ့ ပြတင်းပေါက်အပြင်ဘက်ကို ငေးလိုက်မိတယ်။ ကျွန်တော့်မျက်စိတည့်တည့်မှာ ကျောင်းစစ်ဆေးရေးလာတုန်းက ကျောင်းသားတွေ အိမ်ကနေ တစ်ယောက်တစ်ပင်ယူလာပြီး ဟန်လုပ်စိုက်ပြထားတဲ့ ပန်းပင်တန်းလေးတွေရှိနေတယ်။ ထိပ်ဆုံးတန်းရဲ့ အလယ်မှာ ကျွန်တော့်နှင်းဆီပင်လေး။ အဲ့ဒီနောက်တည့်တည့်မှာတော့ စစ်နေရဲ့ ရွက်လှပင်က ကျွန်တော့် နှင်းဆီပင်ကို အုပ်မိုးမိတော့မတတ် အရွက်တွေဝေနေတယ်။

ခဏလေး...အခုမှ တွေးမိတယ်။ သူ့အပင်က ဘာလို့ ကျွန်တော့် နောက်တည့်တည့်မှာ ရှိနေတာလဲ။

တော်တော်ကြာကြာအဖြေထုတ်နေမိပြီးမှ ဘာအဖြေမှ ရေရေရာရာထွက်မလာတဲ့နောက်မှာ ခေါင်းကိုယမ်းမိတယ်။ ဒီလိုမလောက်လေး မလောက်စားကောင်အတွက်များ ဦးနှောက်အလေးခံပြီး ဒါတွေတွေးနေစရာလိုသေးလား။ နေပါဦး... ဘာလို့အမြဲ ကျွန်တော်ကပဲ သူနဲ့ပက်သက်ရင် ဟိုတွေးဒီတွေးနဲ့ လိုက်ပူလောင်နေရတာလဲ။ တစ်နေ့ကျရင် အဆင့်ကျော်တက်သွားနိုင်လို့လား။ ကျွန်တော့်အတွက် လောလောဆယ် ရင်ပူစရာဆိုလို့ ဒီစာမေးပွဲအမှတ်ကိစ္စပဲရှိတာမို့လို့ စစ်နေနဲ့ပက်သက်ပြီး မကျေမနပ်ဖြစ်မယ်ဆိုရင်လည်း ဒီကိစ္စပဲနေမှာပါ။

"ဒီမှာယူလိုက်"

အေးစက်စက်အသံနဲ့ သူ့စားပွဲပေါ်မှာပဲ ကျွန်တော့် စာအုပ်ကိုချပေးပြီး အတန်းရှေ့ကို ပြန်လျှောက်သွားတဲ့ စစ်နေရဲ့ ကျောပြင်ကို အခုချက်ချင်း အန်ထွက်တော့မလို မျက်နှာနဲ့လိုက်ကြည့်မိသွားတာ။ စားပွဲနဲ့ထိုင်ခုံအလယ်က Correctionရာက အဖြူရောင်ကနေ အဝါရောင်ကို ပြောင်းနေပြီဆိုပေမဲ့ ခပ်ထင်းထင်းမြင်နေရတုန်းပါပဲ။ ဒါစည်းကျော်မလားနဲ့ဆိုတဲ့ ကျွန်တော့်စကား တမင်ရွဲ့သွားတာ...ခွေးသား။ စိတ်တိုလွန်းလို့ ကြက်သီးတွေပါထတယ်။

"တစ်ခါတစ်လေကျရင် သူနဲ့ပက်သက်ပြီး ရင်ဘတ်ထဲမှာ ပူနေရလွန်းလို့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုရတဲ့အထိပဲ"

ရုတ်တရတ် ဘယ်ကမှန်းမသိ ခေါင်းထဲ ပြန်ရောက်လာတဲ့စကားသံကြီးကြောင့် လန့်ဖြန့်ပြီး စစ်နေရဲ့ ကျောပြင်ကို အလန့်တကြား လှမ်းကြည့်မိသွားတယ်။ ခေါင်းကြီး အကြီးကြီးဖြစ်လာပြီး ဆံပင်တွေပါထောင်ထလာတာ...လျှပ်စီးကြောင်းမိသွားသလိုမျိုး။ ဘာ...ဘာတွေလဲ။

ကျွန်တော်တို့ဘက်ကို ကျောပေးပြီး ဆရာ့ဘက်လှည့်ရပ်နေတာမို့ မြင်နေရတာက စစ်နေရဲ့ နောက်ကျောဘက်။ ကျောင်းကိုစရောက်လာတဲ့နေ့တုန်းကလိုပဲ ဖြူဖွေးသန့်ပြန့်ပြီး ခေါက်ရိုးကျိုးသပ်ရပ်နေတဲ့ အဖြူအစိမ်း။ အမြဲလိုလိုတည်ငြိမ်နေတဲ့ကျောပြင်။ ဘာလုပ်လုပ် အမြဲဒီလို တည်ငြိမ်သပ်ရပ်နေလို့ကို မုန်းတာ။ ဒီလောက်မုန်းတယ်ဆိုတာ ​သေချာနေတာကြီးကို။

မဖြစ်နိုင်တာတွေ။ ဒီတည်မြဲဆိုတဲ့ကောင်ရူးသွားပြီကိုး။ ဒီကောင်မဟုတ်တမ်းတရားတွေ လျှောက်ပြောလို့ တစ်သက်လုံးဖြစ်လာမှာ မဟုတ်တာကြီးကို ခဏ တွေးမိသွားတယ်မလား။ တွေးမိတဲ့ ကိုယ့်ဦးနှောက်လေးတောင်ကိုယ် သနားသွားတယ်။

"ဟေ့ကောင် တည်မြဲ"

ရှေ့ကိုပဲ အာရုံရောက်နေတဲ့ တည်မြဲခေါင်းတည်တည့်ကို စက္ကူတစ်ရွက် ချေလုံးပြီး ပစ်ပေါက်လိုက်တော့ အူကြောင်ကြောင် လှည့်ကြည့်လာတယ်။

"ငါမင်းကို ထွေးငယ်ငြိမ်းနဲ့ မိတ်မဆက်ပေးတော့ဘူး"

"ဘာ"

တည်မြဲက ခေါင်းကို လက်နဲ့အုပ်ကိုင်ထားရင်းက ဆရာမကြားရလောက်တဲ့ "ဘာ"နဲ့ အထိတ်တလန့် "ဘာ" တယ်။ အဲ့ဒီ "ဘာ"ကို တုံ့ပြန်တဲ့စကားကိုတော့ အံကိုတင်းတင်းကြိတ်၊ လက်သီးကို တင်းတင်းဆုပ်ထားရင်း ယုံကြည်ချက်အပြည့်နဲ့ ​ပြောလိုက်မိတာပါ။ မီတဲ့တစ်ခုတည်းသောနေရာဖြစ်တဲ့ တည်မြဲတင်ပါးကိုတောင် ခြေထောက်နဲ့ မိမိရရကန်လိုက်မိသေးတယ်။

"မင်းသူ့ကို ကြိုက်နေတာ ဟုတ်မှမဟုတ်ဘဲနဲ့ ခွေးကောင်"

Ctrl+Z

++++++++++++++++++++++++++++++++

[Zawgyi]
အျပင္ဘက္မွာ စိမ္းျမေနတဲ့ ဗာဒံပင္ႀကီးက အရိပ္အာဝါသေကာင္းေကာင္းနဲ႕ ေက်ာင္းဝင္အဝင္ကို အုပ္မိုးထားတယ္။ ကြၽန္ေတာ္ထိုင္ေနက် ျပတင္းေပါက္ကေန ၾကည့္ရင္ ေက်ာင္းဝင္းအဝင္ကို ရွင္းရွင္းလင္းလင္းျမင္ရတယ္။ ကြၽန္ေတာ့္ေဘးမွာ စစ္ေနရွိမေနဘူး။ ေျပာခ်င္တာက သူေက်ာင္းတက္ဖို႔ ေက်ာင္းထဲကိုဝင္လာရင္ ကြၽန္ေတာ္သူ႕ကိုျမင္ေနရဦးမွာ။ သူ႕ကိုျမင္လိုက္ရၿပီး ေနာက္သုံးမိနစ္ေလာက္ေနရင္ ကြၽန္ေတာ့္ေဘးကို သူေရာက္လာမွာေပါ့။ ဒါက အခုဆို ေန႕တိုင္းျဖစ္ပ်က္ေနတဲ့ ဘာမဟုတ္တဲ့ကိစၥမို႔ ရိုးအီေနသင့္ၿပီ။ ကြၽန္ေတာ္နဲ႕စစ္ေနအတူတူထိုင္တာကို ေက်ာင္းသားေတြေရာ၊ ဆရာေတြေရာ အက်င့္ပါျဖစ္ေနၿပီ။ စစ္ေနလည္း ဒီလိုပဲေနမွာပဲ။ ဒီလိုေတြးလိုက္ရင္လည္း ကြၽန္ေတာ္တစ္ေယာက္တည္း ဘာေတြလိုက္ျဖစ္ေနတာလဲဆိုတဲ့အေတြးနဲ႕ ကြၽန္ေတာ္ပဲ ပိုစိတ္တိုရျပန္ေရာ။ စစ္ေနနဲ႕ေတြ႕မွ ကြၽန္ေတာ္က အရႉံးကိုလက္ခံရမွာ ေတာ္ေတာ္မုန္းတဲ့လူတစ္ေယာက္ဆိုတာ ကိုယ့္ကိုယ္ကိုယ္သိရတာ။

"ငါမေနနိုင္ေတာ့ဘူး။ ေမးမွျဖစ္ေတာ့မယ္"

"မ်ိဳးျမင့္ထြန္း။ ေဟ့ေကာင္။ အဲ့ကိစၥက မင္းအတြက္ ဘာအေရးပါလို႔လဲ"

"ပါတယ္ကြ။ ပါတယ္။ အခုေက်ာင္းတက္ရတာ တစ္စက္မွေပ်ာ္စရာမေကာင္းေတာ့ဘူး။ မင္းသူငယ္ခ်င္းက ႐ုတ္တရတ္ႀကီး ဒီေလာက္ပ်င္းစရာေကာင္းတဲ့ေကာင္ႀကီးျဖစ္သြားတာ မင္းေရာ ဘယ္လိုမွ မေနဘူးလား"

"အဲ့ဒါ ေသာ္ညံက..."

"ဒီမွာ ေသာ္ညံ"

တရစပ္ထြက္လာတဲ့ ပြစိပြစိစကားေတြရဲ႕ေနာက္မွာ ကြၽန္ေတာ္အာ႐ုံလြင့္ေနတယ္အထင္နဲ႕ မ်ိဳးျမင့္ထြန္းက ကြၽန္ေတာ့္စားပြဲကို လက္ဆစ္နဲ႕ေခါက္ၿပီး သူေျပာတာနားေထာင္ေအာင္လုပ္တယ္။ အျပင္ဘက္ကို ၾကည့္ေနရင္းကေန မ်က္လုံးတစ္ခ်က္ေ႐ႊ႕ၾကည့္လိုက္ေတာ့ မ်ိဳးျမင့္ထြန္းကေရွ႕ခုံမွာ ေနာက္ျပန္ဝင္ထိုင္ၿပီး ကြၽန္ေတာ္နဲ႕ရင္ဆိုင္တယ္။

"ေရွ႕လက မင္းနဲ႕ စစ္ေနရည္တစ္ခုခုျဖစ္ထားလား"

"တစ္ခုခုျဖစ္တယ္ဆိုတာဘာလဲ။ သူနဲ႕ငါက ျဖစ္တာမ်ားလြန္းလို႔ မမွတ္မိေတာ့ဘူး"

"စာစီစာကုံးၿပိဳင္ပြဲၿပီးေတာ့ ေျပာေနတာ။ ေက်ာင္းမွာ သတင္းေတြထြက္လာတဲ့ ညေနက မင္း ျမန္မာစာဆရာဆီက စစ္ေနရည္ရဲ႕ စာစီစာကုံးစာ႐ြက္ သြားေတာင္းတာ ငါမသိဘူးထင္ေနလား။ ေနာက္ရက္က်ေတာ့ စစ္ေနရည္က တစ္ေယာက္ေယာက္ထိုးထားတဲ့ ဒဏ္ရာနဲ႕ ေက်ာင္းလာတယ္။ အဲ့ေန႕က မင္းတို႔ေသခ်ာေပါက္တစ္ခုခု..."

"ဟုတ္တယ္။ ငါလုပ္လိုက္တာ။ စစ္ေနကို သူ႕အိမ္အထိသြားရွာၿပီး ထိုးလိုက္တာ"

"ဘာ"

"ေက်ာင္းမွာ သတင္းေတြထြက္ေနတာကို မေက်နပ္လို႔ နည္းနည္းပါးပါး ပညာျပလိုက္တာ။ အဲ့ဒါဘာျဖစ္လဲ"

"ဒါဆို မင္းအခုဘာျဖစ္ေနတာလဲ"

"ငါဘာျဖစ္ေနလို႔လဲ"

"အဲ့ေန႕ေနာက္ပိုင္းကတည္းက မင္း အဲ့ေကာင္ကို အရင္လိုမဟုတ္ေတာ့ဘဲ ေကာင္းေပးေနလို႔ေပါ့"

"ေကာင္းေပးတယ္"

ဒါကေတာ့ ခ်ဲ့ကားတဲ့စကားပါ။ ကြၽန္ေတာ္ စစ္ေနကို အရင္လို သြားရန္မစေတာ့တာေလးပဲရွိတာပါ။ ေျပာရမယ္ဆို ဂစ္တာတစ္လုံးကို မတီးခ်င္ေတာ့လို႔ အခန္းေထာင့္မွာ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ပစ္ထားလိုက္တာေလးပဲ။ သူ႕ဟာသူ ဖုန္တက္တက္၊ ႂကြက္ကိုက္ကိုက္၊ ႀကိဳးေလ်ာ့ေလ်ာ့။ အခုသူေျပာေနတဲ့ပုံက ေန႕တိုင္းတိုက္ခြၽတ္ႀကိဳးညွိေပးၿပီး ဂ႐ုတစိုက္တီးေနေသးတဲ့ပုံႀကီး။

"ငါကအၿမဲ သူ႕ကို လိုက္ၿပီးအနိုင္က်င့္ေနရမယ္လို႔ သတ္မွတ္ထားလို႔လား"

"ဒါေပမဲ့ အရမ္းထူးဆန္းေန..."

"အခုမင္းငါ့ကိုလာေျပာေနတာ အနိုင္က်င့္ရမယ့္သူ မရွိေတာ့လို႔လား။ အဲ့ဒါေၾကာင့္ စစ္ေနကို ငါကထပ္အနိုင္က်င့္ရမွာလား။ ဒါမွမဟုတ္ တျခားတစ္ေယာက္ ထပ္ရွာေပးရမွာလား"

မ်ိဳးျမင့္ထြန္းမ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး ျဖတ္ေမးလိုက္မိေတာ့တယ္။ သူ႕မွာ အေျဖမရွိေပမဲ့ ေျခမကိုင္မိလက္မကိုင္မိျဖစ္သြားတဲ့ သူ႕အမူအရာကေတာ့ ဟုတ္တယ္လို႔ ေျဖေနတာပဲမလား။ ထိုင္ခုံမွာ စိတ္ပ်က္လက္ပ်က္ ေက်ာမွီခ်လိဳက္ၿပီးေတာ့ အျပင္ဘက္ ေျမျပင္က ပန္းပင္တန္းေလးကို လွမ္းၾကည့္လိုက္မိတယ္။

"မင္းတို႔လုပ္ခ်င္ရင္ တစ္ျခားတစ္ေယာက္ထပ္ရွာၿပီး လုပ္ခ်င္တာလုပ္ၾက။ ေျပာမရရင္ ငါ့နာမည္တပ္လိုက္။ ရတယ္"

"အဓိပ္ပါယ်မရှိလိုက်တာ။ မင္းလိုေကာင္မ်ိဳးက လူေတြေျပာတဲ့ စကားေၾကာင့္ စစ္ေနရည္ကို လႊတ္ေပးလိုက္တယ္ဆိုတာကိုက အဓိပ္ပါယ်မရှိတာ"

"ငါက လူေတြေျပာတဲ့စကားေၾကာင့္ စစ္ေနကို လႊတ္ေပးလိုက္တယ္လို႔ ဘယ္သူေျပာလဲ"

ေနာက္တစ္ႀကိမ္ မ်ိဳးျမင့္ထြန္းနဲ႕ မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ ဒီတစ္ေခါက္ စားပြဲေပၚပါ လက္ေထာက္တင္လိုက္တာမို႔လို႔ ၾကားခံနယ္မရွိတဲ့ ေလထုထဲမွာ မ်ိဳးျမင့္ထြန္းရဲ႕ တုန္လႈပ္ခက္ထန္ေနတဲ့ အၾကည့္ေတြနဲ႕ ကြၽန္ေတာ့္အၾကည့္ေတြက ထိပ္တိုက္ပဲ။

"မင္းပဲ ေျပာၾကည့္စမ္းပါ။ ငါလူေတြေျပာတာကိုသာ ဂ႐ုစိုက္တတ္တဲ့ေကာင္မ်ိဳးဆို ဒီေနရာကိုေရာက္လာဦးမွာလား"

ေျပာမထြက္ဘူး။ စစ္ေနရဲ႕ စာစီစာကုံးကို ဖတ္ၿပီး ကြၽန္ေတာ္ ငိုခဲ့မိတယ္ဆိုတာကို။ ကြၽန္ေတာ့္လက္ေရးနဲ႕ တမင္ကူးယူထားၿပီး ကြၽန္ေတာ့္ရဲ႕ အလိမ္အညာေၾကာင့္ ကြၽန္ေတာ္ေရးတယ္လို႔ ယုံၾကည္ေနတဲ့ အေမက စစ္ေနရဲ႕ စာစီစာကုံးကို ပိုေကာင္းတယ္လို႔ ခ်ီးက်ဴးလိုက္တာကို။ အဲ့ဒီေန႕က ကြၽန္ေတာ္ငိုတာကို ကြၽန္ေတာ္တြယ္တာရတဲ့ တစ္ဦးတည္းေသာသူျဖစ္တဲ့ အိမ္က အိမ္ေတာ္ထိန္း အန္တီခ်ိဳျမင္သြားခဲ့လို႔သာ အတည္ျပဳလိုက္နိုင္ေပမဲ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေတာင္ မယုံခ်င္လို႔ ရင္ထဲမွာ လိပ္ခဲတည္းလည္းနဲ႕ ၿမိဳသိပ္ထားခဲ့တာ။ ဒါကို ဘာတဲ့။ လူေတြေျပာၾကတဲ့ ဘာမွအရည္မရအဖတ္မရတဲ့ အတင္းအဖ်င္းစကားေတြေၾကာင့္ ကြၽန္ေတာ္က စစ္ေနကို လႊတ္ေပးလိုက္တာဆိုပဲ။

"ရတယ္။ မင္းတို႔ပါ အဲ့ဒီလိုယုံခ်င္တယ္ဆိုရင္ လူေတြေျပာၾကသလို ငါ့စာစီစာကုံးကမေကာင္းဘဲ အေဖ့ရာထူးေၾကာင့္ ငါ့ကိုႏွစ္မွတ္တည္းနဲ႕ကပ္ၿပီး တမင္အနိုင္ေပးလိုက္တယ္လို႔သာ ယုံလိုက္။ မင္းတို႔ငါ့ကို မယုံလို႔လည္း ငါ့အသားကပဲ့ပါမသြားဘူး"

"မဟုတ္ဘူး ေသာ္ညံ"

တည္ၿမဲက ဝင္ေျပာတယ္။

" မ်ိဳးျမင့္ထြန္းက မင္းဘာလို႔တစ္ေယာက္တည္း တိတ္ဆိတ္ၿပီးေနေနလဲဆိုတာ သိခ်င္ေနတာ။ မင္းအဲ့ေန႕ၿပီးကတည္းက အရမ္းၿငိမ္က်သြားတာ ငါတို႔သိတယ္။ အဲ့ဒါေၾကာင့္ မင္းကို အခုလိုမျဖစ္ေစခ်င္လို႔ ေျပာေနတာ။ ငါတို႔က မင္းကို ဘာလို႔ မယုံရမွာလဲ။ မင္းဘယ္ေလာက္ေတာ္လဲဆိုတာ ဆရာေတြလည္းသိလို႔ မင္းကို အနိုင္ေပးတာေပါ့။ ငါလည္းသိတယ္"

"ငါေတာ့မသိဘူး"

တည္ၿမဲ ဝင္ေဖ်ာင္းဖ်ေနတဲ့စကားက မ်ိဳးျမင့္ထြန္းရဲ႕ စကားအျဖတ္မွာ ရပ္တန့္သြားတယ္။ တျဖည္းျဖည္းနဲ႕ ရာသီဥတုက ေအးစက္လာတယ္။ ေဘးက ေက်ာင္းသားေက်ာင္းသူေတြရဲ႕ အသံေတြဆူညံေနလည္း ကြၽန္ေတာ္တို႔ သုံးေယာက္ ထိုင္ေနတဲ့ေနရာေလးကပဲ ကြက္ၿပီး တိတ္ဆိတ္လို႔ေနခဲ့တာ။

"မင္းက တကယ္စိတ္ဝင္စားဖို႔မေကာင္းေတာ့ဘူး ေသာ္ညံ။ မင္းလည္း ခပ္ေပ်ာ့ေပ်ာ့ထဲက လူတစ္ေယာက္ပဲ"

"ငါကလည္း မင္းက နဂိုတည္းက ငါ့သူငယ္ခ်င္း မဟုတ္ဘူးဆိုတာ သိတယ္"

မ်ိဳးျမင့္ထြန္းအၾကည့္ေတြက ပိုစူးရဲလာတယ္။ ေမွ်ာ္လင့္ထားၿပီးသားရလဒ္မို႔လို႔ ကြၽန္ေတာ္ကေတာ့ လိုတာထက္ပိုတည္ၿငိမ္ေနမိတယ္ထင္တာပဲ။ ကြၽန္ေတာ္က တည္ၿမဲလိုလူ ကြၽန္ေတာ့္ေဘးက ထြက္သြားမယ္ဆိုရင္ေတာင္ ဝမ္းနည္းပါတယ္ဆိုတာကို ထုတ္မျပခ်င္တဲ့သူ။ မ်ိဳးျမင့္ထြန္းလို နဂိုထဲက သိပ္စိတ္မဝင္စားတဲ့လူဆို လွည့္ကိုၾကည့္မွာမဟုတ္ဘူး။

"မင္းက အစကတည္းက ငါ့ကိုေပါင္းခ်င္တာမဟုတ္ဘူး။ ငါ့မွာရွိေနတဲ့အာဏာနဲ႕ဂုဏ္ကိုေပါင္းခ်င္တာ။ အဲဒါကို မသိဘဲနဲ႕မ်ား မင္းကို လည္ပင္းဖက္ေပါင္းေနတယ္ထင္ရေအာင္ ငါ့ကိုအ႐ူးမ်ားမွတ္ေနလား"

"ေသာ္ညံ"

"မနာနဲ႕။ ပုပ္ၿပီးသားအနာေပၚတုတ္က်ရင္ နာစရာအေၾကာင္းမရွိဘူး"

မ်ိဳးျမင့္ထြန္း ေတာက္ေခါက္ၿပီး ဝုန္းခနဲ ထရပ္လိုက္တဲ့ အသံေၾကာင့္ တစ္ခန္းလုံး ရွဲခနဲတိတ္သြားေတာ့တယ္။ အားလုံးရဲ႕အၾကည့္ေတြက ကြၽန္ေတာ္တို႔ဆီေရာက္လာတယ္။ သြားစမ္းပါ။ တစ္စက္မွ ဝမ္းမနည္းတာမို႔လို႔။ အေဖအၿမဲေျပာတဲ့စကားရွိတယ္။ လူဆိုတာ ေမြးကတည္းက တစ္ေယာက္တည္းေမြးလာတာ။ ေနာက္ဆုံးက်ရင္ ကြၽန္ေတာ္ဆိုတာက တစ္ေယာက္တည္း က်န္ခဲ့ရမွာပဲ။

"ေနာက္ဆုံးအေနနဲ႕ သံေယာဇဥ္ကိုေထာက္ၿပီး တစ္ခုေတာ့ သတိေပးလိုက္မယ္"

လွည့္ထြက္သြားတဲ့ မ်ိဳးျမင့္ထြန္းေျခလွမ္းေတြ တုံ႕ခနဲ ရပ္ၿပီး ကြၽန္ေတာ့္ကို တင္းမာေနတဲ့ မ်က္လုံးေတြနဲ႕ လွည့္ၾကည့္တယ္။

"စစ္ေနက မင္းရန္သြားစလို႔ရနိုင္တဲ့ အဆင့္မ်ိဳး မဟုတ္ဘူး"

ဘာလို႔ အဲ့ဒီစကားကို ေျပာလိုက္မိတာလဲ ဆိုတာကို မသိေတာ့ဘူး။ တကယ္က သူ႕တို႔ဟာသူတို႔ ဘာျဖစ္ျဖစ္ လႊတ္ေပးလိုက္ရမွာ။ မ်ိဳးျမင့္ထြန္းနဲ႕ ေပါင္းလာခဲ့တဲ့ႏွစ္ေတြရဲ႕ သံေယာဇဥ္ကို တကယ္ပဲ ေထာက္မိသြားတာလား။ ဒါမွမဟုတ္...

မ်က္လႊာျပန္ခ်လိဳက္တဲ့အခ်ိန္မွာ ေဘးကလြတ္ေနတဲ့ခုံကို လွစ္ခနဲ ျမင္လိုက္ရတယ္။ စစ္ေနေက်ာင္းကို ေရာက္မလာေသးဘူး။ ပုံမွန္ထက္ေနာက္က်ေနတယ္ဆိုတာကို သိေပမဲ့ ေရာက္မလာေသးတဲ့အတြက္ပဲ စိတ္သက္သာရာရမိသလိုပဲ။ ဘာလို႔လဲေတာ့မသိဘူး။ ကြၽန္ေတာ္ေျပာလိုက္မိတဲ့ စကားကို သူ႕ကို မၾကားေစခ်င္ဘူး။

ဟုတ္တယ္...မင္းမၾကားလိုက္တာပဲေကာင္းတယ္။ မဟုတ္ရင္ ငါမင္းကို ေၾကာက္ေနတယ္လို႔ မင္းေတြးသြားေတာ့မွာ။

Ctrl+Z

အဲ့ဒီေနာက္ပိုင္း မ်ိဳးျမင့္ထြန္းနဲ႕ ကြၽန္ေတာ္စကားမေျပာျဖစ္ေတာ့ဘူး။ တည္ၿမဲ ဆက္ေပါင္းေနလား၊ မေပါင္းေနလားေတာ့မသိေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ လူတစ္ေယာက္ကို ကြၽန္ေတာ့္ဘဝထဲက စြန့္ပစ္လိုက္ရတာ အရမ္းလြယ္တယ္။ ကြၽန္ေတာ္တို႔နဲ႕ အရင္လို သြားသြားလာလာမရွိေတာ့တဲ့ ေနာက္ပိုင္းမွာ မ်ိဳးျမင့္ထြန္းက သူ႕အရင္ေဘာ္ဒါေတြျဖစ္တဲ့ ဟိုဘက္ေက်ာင္းက သူငယ္ခ်င္းေတြနဲ႕ ျပန္ၿပီး တ႐ုန္း႐ုန္းျဖစ္လာတယ္။ ေက်ာင္းဆင္းခ်ိန္ဆို ဟိုနားဒီနားမွာ သူတို႔အုပ္စုကို ေတြ႕ရတယ္။ ဒါကို တည္ၿမဲလည္း သတိထားမိပုံရေပမဲ့ ကြၽန္ေတာ့္ကို ဘာမွမေျပာဘူး။ တိုက္ဆိုင္တာက ေထြးငယ္ၿငိမ္းလည္း အဲ့ဒီေက်ာင္းမွာ တက္ေနတာျဖစ္ၿပီး စစ္ေနလည္း အဲ့ဒီေက်ာင္းကေန ေက်ာင္းေျပာင္းလာတာ။ လူေတြေျပာၾကသလို စစ္ေနနဲ႕ျပႆနာတက္တယ္ ဘာညာဆိုလည္း အဲ့ေကာင္ေတြပဲ ျဖစ္နိုင္ေပမဲ့ မ်ိဳးျမင့္ထြန္း ဘာမွမေျပာတဲ့ပုံေထာက္ရင္ေတာ့ စစ္ေနေက်ာင္းေျပာင္းလာတာ ရိုးရိုးပဲေက်ာင္းေျပာင္းလာတဲ့ပုံပဲ။ တကယ္လို႔ အဲ့ေကာင္ေတြနဲ႕ ျပႆနာတက္မယ္ဆိုရင္ေတာ့ စစ္ေနလိုပုံစံနဲ႕ ေလျဖတ္ၿပီး နာတာရွည္ေရာဂါနဲ႕ ေဆး႐ုံမွာ နိဂုံးခ်ဳပ္သြားနိုင္တာမို႔လို႔။

ဟိုဘက္ေက်ာင္းက အုပ္စုက အုပ္စုလိုက္ေနတဲ့ပုံစံ။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္နဲ႕ သိပ္ေတာ့ မကြာလွပါဘူး။ သူတို႔က အုပ္စုလိုက္ေနၿပီး လူအင္အားျပ အနိုင္က်င့္မယ္၊ ကြၽန္ေတာ္က တစ္ေယာက္တည္းေနၿပီး အပ်င္းေျပရာရွာမယ္။ တစ္ခုရွိတာက သူတို႔က လက္ပါလြန္းတယ္။ သူတို႔လက္ခ်က္ေၾကာင့္ ေဆး႐ုံတက္ရတဲ့ ကေလးေတြအမ်ားႀကီးပဲ။ ေက်ာင္းအျပင္မွာလည္း တျခား၊ တျခားေက်ာင္းကသူေတြနဲ႕ ခ်ိန္းပြဲေတြေခၚတယ္။ ဆရာေတြဝင္ပါရင္ သူတို႔မိဘေတြပါ ဆြဲထည့္ၿပီး အဲ့ဆရာေတြအလုပ္ျပဳတ္ေအာင္လုပ္ေတာ့တာပဲ။ ကြၽန္ေတာ္က် တည္ၿမဲနဲ႕မ်ိဳးျမင့္ထြန္းအပါအဝင္ သုံးေယာက္တည္းရွိလို႔ပဲလည္း ပါမယ္။ စာတစ္ဖက္နဲ႕မို႔လို႔လည္း ပါမယ္။ ၿပီးေတာ့ ဒီတိုင္း အပ်င္းေျပ႐ုံေလာက္မို႔ အဲ့ကိစၥႀကီးကို အဲ့ေလာက္ႀကီးလုပ္ေနဖို႔ အခ်ိန္မေပးခ်င္တာ။ ဒါေပမဲ့ ထပ္ေျပာရရင္ မ်ိဳးျမင့္ထြန္းေပါင္းေနတဲ့ အဲ့ေကာင္ေတြနဲ႕ ကြၽန္ေတာ္က သိပ္ကြာလွတယ္ေတာ့ မဟုတ္ပါဘူး။

အရင္ကဆိုရင္ေပါ့။

"ေထြးငယ္နဲ႕ ေတြ႕ျဖစ္ေသးလား"

မ်ိဳးျမင့္ထြန္းနဲ႕ေနရာလဲၿပီး မ်ိဳးျမင့္ထြန္းေနရာျဖစ္တဲ့ ကြၽန္ေတာ့္ေရွ႕ခုံကိုေရာက္လာတဲ့ တည္ၿမဲက ႐ုတ္တရတ္ႀကီးေနာက္လွည့္လာၿပီး အဲ့ေမးခြန္းကို ေကာက္ခါငင္ကာ ထေမးတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ေဘးမွာ စစ္ေနရွိေနတယ္။ ဂ႐ုေတာ့မစိုက္ပါဘူး။ သူက ကြၽန္ေတာ့္အတြက္ အခုအခ်ိန္မွာ တစ္ခ်က္တစ္ခ်က္ ထခိုင္းစားဖို႔ကလြဲရင္ ေသလူပဲ။ အဲ့လိုေတြးရင္ ကြၽန္ေတာ့္စိတ္ေလး ေအးခ်မ္းေနေရာ။

"စာေမးပြဲေတြနဲ႕ မအားပါဘူး"

"သူမအားတာမဟုတ္ဘဲ မင္းမအားတာပါ။ လုပ္ထည့္လိုက္ဦးမယ္"

စိတ္ေပါက္ေပါက္နဲ႕ ေျပာလိုက္တဲ့ တည္ၿမဲစကားကို ၿပဳံးမိသြားတယ္။ သူေျပာတာမွန္ပါတယ္။ ေထြးငယ္ၿငိမ္းက စာသိပ္မလုပ္ဘူး။ ဆယ္တန္းေအာင္ေတာ္ေရာေပါ့...အဲ့လိုေတြးတဲ့ ေကာင္မေလး။

"ဘာလို႔လဲ ေတြ႕ခ်င္လို႔လား"

"မင္းႀကီးေတာ္။ သူက ငါ့ကိုမွတ္မိပါ့မလားေတာင္မသိဘူး"

"မမွတ္မိလည္း ငါမိတ္ဆက္ေပးလို႔ရတာပဲ။ ဘယ္လိုလဲ။ ႀကိဳးစားၾကည့္ခ်င္လား"

"အင္း"

ဓာတ္လိုက္ေနတဲ့ပုတ္သင္ညိုလို ေခါင္းေတြအတင္းညိတ္ျပေတာ့တဲ့ တည္ၿမဲကို ျမင္တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္ ေအာင့္မထားနိုင္ဘဲ အသံထြက္တဲ့အထိရယ္မိသြားတယ္။ အခု မ်ိဳးျမင့္ထြန္းရွိမေနေတာ့တာမို႔ တည္ၿမဲ ေထြးငယ္ၿငိမ္းကို ႀကိဳက္ေနတဲ့အေၾကာင္း လြတ္လြတ္လပ္လပ္ေျပာလို႔ရတာကိုလည္း စိတ္ေပါ့သြားလို႔ျဖစ္မယ္။

႐ုတ္တရတ္ စပ္ၿဖဲၿဖဲနဲ႕ ေခါင္းညိတ္ျပေနတဲ့ တည္ၿမဲက ရပ္သြားၿပီး ကြၽန္ေတာ့္ေဘးကို ၾကည့္ရင္း အိုးတို႔အန္းတန္းျဖစ္သြားတာကိုျမင္မွ ေဘးမွာ လူတစ္ေယာက္ထိုင္ေနတာပါလားဆိုတာ သတိရၿပီး လွည့္ၾကည့္မိေတာ့...

ဘာလားဟ...ဒီေကာင္က ဘာစိတ္႐ူးေပါက္လို႔ ငါ့ကို လာၾကည့္ေနတာလဲ။

"ေသခ်င္ေနလား"

မ်က္ႏွာကို ခ်က္ခ်င္းျပန္တည္ပစ္လိုက္ၿပီး ပိတ္ေဟာက္ေပးလိုက္မွ အၾကည့္လႊဲသြားၿပီး သခၤ်ာပုစ္ဆာတစ္ခုဖတ္ေနတာကို ဆက္ဖတ္ေနတယ္။

"ေဟ့ေကာင္ စစ္ေန"

ျပန္ေမာ့ၾကည့္လာတယ္။ ဖုံးဖိထားတယ္ဆိုေပမဲ့ သူ႕အၾကည့္က "သူပဲ မၾကည့္နဲ႕ဆိုၿပီး ေခၚျပန္ၿပီ"ဆိုတဲ့အၾကည့္။ စစ္ေနရည္ဆိုတဲ့ေကာင္က အဲ့ဒါေတြ ေသာက္ျမင္ကပ္စရာေကာင္းတာ။

"မင္း လက္"

မ်က္စပစ္ျပလိုက္တာနဲ႕တင္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကား Correction penနဲ႕ ဆြဲထားတဲ့စည္းကို သူ႕တံေတာင္ဆစ္က ေက်ာ္ေနမိတယ္ဆိုတာကို သူသတိထားမိသြားၿပီး ျပန္ေ႐ႊ႕သြားတယ္။ မပက္သက္ခ်င္လြန္းလို႔ အဲ့စည္းကို မေက်ာ္ေစနဲ႕လို႔ ကြၽန္ေတာ္ခိုင္းထားတာ။

"ေနာက္တစ္ေခါက္ေက်ာ္လာရင္ လက္တစ္ေခ်ာင္းလုံးက်ိဳးေအာင္ ရိုက္ခ်ိဳးပစ္မွာမို႔လို႔ သတိကပ္ထား"

တကယ္စိတ္ကုန္ဖို႔ေကာင္းတယ္။ လူၾကည့္လိုက္ရင္ မထုံတတ္ေတး႐ုပ္နဲ႕ ေျပာရဆိုရကလည္း ခက္ေသး။ ဒီလိုအခ်ိန္ေတြဆို ေတာ္႐ုံနဲ႕ လက္မပါခ်င္တဲ့ ကိုယ့္ကိုယ္ကိုယ္ အားမရဘူး။ တကယ္က ဆံပင္ကိုဆြဲၿပီး စားပြဲနဲ႕နဖူးတိုက္ေပးလိုက္ခ်င္တာ။

"မင္းအားတဲ့တစ္ေန႕က်ရင္ေျပာ"

တည္ၿမဲဘက္ျပန္လွည့္လိုက္တယ္။

" ငါ ေထြးငယ္ၿငိမ္းနဲ႕ခ်ိန္းလိုက္မယ္။ အဲ့ဒါကို မင္းတို႔ေတြ႕လို႔ရၿပီ"

"ေတြ႕ပဲေတြ႕ခ်င္တာပါကြာ။ ငါ့မွာ ေမွ်ာ္လင့္ခ်က္မရွိပါဘူး။ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြလို ၫႊန္ၾကားေရးမႉးခ်ဳပ္ႀကီးရဲ႕ သားမဟုတ္ေတာ့လည္း မ်က္ႏွာငယ္ရတာေပါ့"

"မင္းဟာမင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ထက္သာေအာင္လုပ္လိုက္ေပါ့။ မင္းစာေတာ္လို႔ ဒီအခန္းထဲေရာက္ေနတာပဲ။ ၿပီးေတာ့ လူႀကီးေတြ သေဘာတူတာမတူတာေတြ ထည့္ေတြးမေနနဲ႕။ မင္းႀကိဳက္တဲ့ဟာဆို ဘယ္နည္းနဲ႕ျဖစ္ျဖစ္ မင္းလက္ထဲေရာက္ေအာင္လုပ္။ ေထြးငယ္ၿငိမ္းသာ မင္းကို သေဘာက်တယ္ဆို ပြဲသိမ္းၿပီ။ ငါလည္း မင္းေက်းဇူးနဲ႕ ေအးေအးေဆးေဆးေနရမွာေပါ့"

"မင္းတကယ္ မႀကိဳက္ဘူးလား။ ေထြးငယ္ကို"

"ႀကိဳက္သားပဲ"

"ဘာ!!"

"သူငယ္ခ်င္းအေနနဲ႕ အရမ္းသေဘာက်တယ္လို႔"

"နည္းနည္းေလးေတာင္မပိုဘူးလား။ ေယာက်ာ္းေလးနဲ႕မိန္းကေလးမွာ သူငယ္ခ်င္းဆိုတာ မရွိဘူးေနာ္။ ဘာလဲ...မင္းနဲ႕ ဒီေလာက္နီးစပ္ေနတဲ့ ေထြးငယ္ကို မႀကိဳက္ဘူးဆိုရင္ တျခားႀကိဳက္တဲ့သူရွိေနတာလား"

ႀကိဳက္တဲ့သူ....တဲ့...

အမွန္အတိုင္းဝန္ခံရရင္ ႀကိဳက္တယ္ဆိုတာကို ဘာမွန္းကို နားမလည္ေသးတာ။ ဒီေတာ့မွ ကိုယ့္ကိုယ္ကိုယ္ ေတာ္ေတာ္ငယ္ေသးမွန္းသိလိုက္တယ္။ ဒါေပမဲ့ တည္ၿမဲကိုေတာ့ ထုတ္မေျပာခ်င္ပါဘူး။ ဒီဘက္ေခတ္မွာက ဒီအ႐ြယ္ အခ်စ္ကိုမွ နားမလည္ရင္၊ ရည္းစားထားဖို႔မေတြးေသးရင္ ေခတ္မမီသလို ဘာလိုလို။

"စဥ္းစားၾကည့္လိုက္။ အရွင္းဆုံးေျပာရရင္ေတာ့ မင္းကို အၿမဲ စိတ္အႏွောက္အယွက္ေပးေနတဲ့သူပဲ"

"ဘာ"

"မင္းသူ႕ေၾကာင့္ အၿမဲပူပင္ေနရမယ္။ သူ႕အေၾကာင္းပဲေတြးေနမိမယ္။ သူနဲ႕ ပက္သက္ၿပီဆိုတာနဲ႕ မင္းအၿမဲတမ္း ထိုင္မရထမရျဖစ္ေနမယ္ကြာ။ သူ႕ကိုအၿမဲမင္းနားမွာပဲ ထားခ်င္တယ္။ တျခားသူေတြနဲ႕မရွိေစခ်င္ဘူး။ တစ္ခါတစ္ေလက်ရင္ သူနဲ႕ပက္သက္ၿပီး ရင္ဘတ္ထဲမွာ ပူေနရလြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ စိတ္တိုရတဲ့အထိပဲ"

ဒီေကာင္...ဘယ္လို အ႐ူးခ်ီးပန္းစကားေတြေျပာေနတာလဲ။

အဲ့ဒီအခ်ိန္မွာပဲ ဆရာအတန္းထဲဝင္လာတာမို႔ တည္ၿမဲက ေရွ႕ခုံကိုျပန္လွည့္သြားတယ္။ ဆရာက ဟိုေန႕က ထပ္ထားတဲ့ အိမ္စာစာအုပ္ေတြ မိန္းကေလးေတြကို ေဝေပးဖို႔ အတန္းေခါင္းေဆာင္ကို ခိုင္းၿပီး ေယာက်ာ္းေလးေတြကို ေဝေပးဖို႔ စစ္ေနကို လွမ္းေခၚတာမို႔ စစ္ေနထထြက္သြားတယ္။

ေဘးဘက္က ေရခဲေငြ႕လႊတ္ရာ ဌာနႀကီး ခဏေပ်ာက္သြားတာမို႔ စိတ္ခ်မ္းခ်မ္းသာသာနဲ႕ ျပတင္းေပါက္အျပင္ဘက္ကို ေငးလိုက္မိတယ္။ ကြၽန္ေတာ့္မ်က္စိတည့္တည့္မွာ ေက်ာင္းစစ္ေဆးေရးလာတုန္းက ေက်ာင္းသားေတြ အိမ္ကေန တစ္ေယာက္တစ္ပင္ယူလာၿပီး ဟန္လုပ္စိုက္ျပထားတဲ့ ပန္းပင္တန္းေလးေတြရွိေနတယ္။ ထိပ္ဆုံးတန္းရဲ႕ အလယ္မွာ ကြၽန္ေတာ့္ႏွင္းဆီပင္ေလး။ အဲ့ဒီေနာက္တည့္တည့္မွာေတာ့ စစ္ေနရဲ႕ ႐ြက္လွပင္က ကြၽန္ေတာ့္ ႏွင္းဆီပင္ကို အုပ္မိုးမိေတာ့မတတ္ အ႐ြက္ေတြေဝေနတယ္။

ခဏေလး...အခုမွ ေတြးမိတယ္။ သူ႕အပင္က ဘာလို႔ ကြၽန္ေတာ့္ ေနာက္တည့္တည့္မွာ ရွိေနတာလဲ။

ေတာ္ေတာ္ၾကာၾကာအေျဖထုတ္ေနမိၿပီးမွ ဘာအေျဖမွ ေရေရရာရာထြက္မလာတဲ့ေနာက္မွာ ေခါင္းကိုယမ္းမိတယ္။ ဒီလိုမေလာက္ေလး မေလာက္စားေကာင္အတြက္မ်ား ဦးႏွောက္အေလးခံၿပီး ဒါေတြေတြးေနစရာလိုေသးလား။ ေနပါဦး... ဘာလို႔အၿမဲ ကြၽန္ေတာ္ကပဲ သူနဲ႕ပက္သက္ရင္ ဟိုေတြးဒီေတြးနဲ႕ လိုက္ပူေလာင္ေနရတာလဲ။ တစ္ေန႕က်ရင္ အဆင့္ေက်ာ္တက္သြားနိုင္လို႔လား။ ကြၽန္ေတာ့္အတြက္ ေလာေလာဆယ္ ရင္ပူစရာဆိုလို႔ ဒီစာေမးပြဲအမွတ္ကိစၥပဲရွိတာမို႔လို႔ စစ္ေနနဲ႕ပက္သက္ၿပီး မေက်မနပ္ျဖစ္မယ္ဆိုရင္လည္း ဒီကိစၥပဲေနမွာပါ။

"ဒီမွာယူလိုက္"

ေအးစက္စက္အသံနဲ႕ သူ႕စားပြဲေပၚမွာပဲ ကြၽန္ေတာ့္ စာအုပ္ကိုခ်ေပးၿပီး အတန္းေရွ႕ကို ျပန္ေလွ်ာက္သြားတဲ့ စစ္ေနရဲ႕ ေက်ာျပင္ကို အခုခ်က္ခ်င္း အန္ထြက္ေတာ့မလို မ်က္ႏွာနဲ႕လိုက္ၾကည့္မိသြားတာ။ စားပြဲနဲ႕ထိုင္ခုံအလယ္က Correctionရာက အျဖဴေရာင္ကေန အဝါေရာင္ကို ေျပာင္းေနၿပီဆိုေပမဲ့ ခပ္ထင္းထင္းျမင္ေနရတုန္းပါပဲ။ ဒါစည္းေက်ာ္မလားနဲ႕ဆိုတဲ့ ကြၽန္ေတာ့္စကား တမင္႐ြဲ႕သြားတာ...ေခြးသား။ စိတ္တိုလြန္းလို႔ ၾကက္သီးေတြပါထတယ္။

"တစ္ခါတစ္ေလက်ရင္ သူနဲ႕ပက္သက္ၿပီး ရင္ဘတ္ထဲမွာ ပူေနရလြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ စိတ္တိုရတဲ့အထိပဲ"

႐ုတ္တရတ္ ဘယ္ကမွန္းမသိ ေခါင္းထဲ ျပန္ေရာက္လာတဲ့စကားသံႀကီးေၾကာင့္ လန့္ျဖန့္ၿပီး စစ္ေနရဲ႕ ေက်ာျပင္ကို အလန့္တၾကား လွမ္းၾကည့္မိသြားတယ္။ ေခါင္းႀကီး အႀကီးႀကီးျဖစ္လာၿပီး ဆံပင္ေတြပါေထာင္ထလာတာ...လွ်ပ္စီးေၾကာင္းမိသြားသလိုမ်ိဳး။ ဘာ...ဘာေတြလဲ။

ကြၽန္ေတာ္တို႔ဘက္ကို ေက်ာေပးၿပီး ဆရာ့ဘက္လွည့္ရပ္ေနတာမို႔ ျမင္ေနရတာက စစ္ေနရဲ႕ ေနာက္ေက်ာဘက္။ ေက်ာင္းကိုစေရာက္လာတဲ့ေန႕တုန္းကလိုပဲ ျဖဴေဖြးသန့္ျပန့္ၿပီး ေခါက္ရိုးက်ိဳးသပ္ရပ္ေနတဲ့ အျဖဴအစိမ္း။ အၿမဲလိုလိုတည္ၿငိမ္ေနတဲ့ေက်ာျပင္။ ဘာလုပ္လုပ္ အၿမဲဒီလို တည္ၿငိမ္သပ္ရပ္ေနလို႔ကို မုန္းတာ။ ဒီေလာက္မုန္းတယ္ဆိုတာ ေသခ်ာေနတာႀကီးကို။

မျဖစ္နိုင္တာေတြ။ ဒီတည္ၿမဲဆိုတဲ့ေကာင္႐ူးသြားၿပီကိုး။ ဒီေကာင္မဟုတ္တမ္းတရားေတြ ေလွ်ာက္ေျပာလို႔ တစ္သက္လုံးျဖစ္လာမွာ မဟုတ္တာႀကီးကို ခဏ ေတြးမိသြားတယ္မလား။ ေတြးမိတဲ့ ကိုယ့္ဦးႏွောက္ေလးေတာင္ကိုယ္ သနားသြားတယ္။

"ေဟ့ေကာင္ တည္ၿမဲ"

ေရွ႕ကိုပဲ အာ႐ုံေရာက္ေနတဲ့ တည္ၿမဲေခါင္းတည္တည့္ကို စကၠဴတစ္႐ြက္ ေခ်လဳံးၿပီး ပစ္ေပါက္လိုက္ေတာ့ အူေၾကာင္ေၾကာင္ လွည့္ၾကည့္လာတယ္။

"ငါမင္းကို ေထြးငယ္ၿငိမ္းနဲ႕ မိတ္မဆက္ေပးေတာ့ဘူး"

"ဘာ"

တည္ၿမဲက ေခါင္းကို လက္နဲ႕အုပ္ကိုင္ထားရင္းက ဆရာမၾကားရေလာက္တဲ့ "ဘာ"နဲ႕ အထိတ္တလန့္ "ဘာ" တယ္။ အဲ့ဒီ "ဘာ"ကို တုံ႕ျပန္တဲ့စကားကိုေတာ့ အံကိုတင္းတင္းႀကိတ္၊ လက္သီးကို တင္းတင္းဆုပ္ထားရင္း ယုံၾကည္ခ်က္အျပည့္နဲ႕ ေျပာလိုက္မိတာပါ။ မီတဲ့တစ္ခုတည္းေသာေနရာျဖစ္တဲ့ တည္ၿမဲတင္ပါးကိုေတာင္ ေျခေထာက္နဲ႕ မိမိရရကန္လိုက္မိေသးတယ္။

"မင္းသူ႕ကို ႀကိဳက္ေနတာ ဟုတ္မွမဟုတ္ဘဲနဲ႕ ေခြးေကာင္"

Ctrl+Z

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
12.1K 1.7K 17
"ခင်ဗျားကလေ ပြစ်မှုတစ်ခုကိုလွယ်လွယ်လေးကျူးလွန်နိုင်တာပဲ...ကျွန်တော့်နှလုံးသားကို လွယ်လွယ်လေးခိုးယူသွားပြီး အခုထိတာဝန်မယူဘူး မကောင်းတဲ့လူ" "မင်း ရူးနေ...
3.6K 450 11
မူးယဇ်ဆေးအမှုကြီးရဲ့ အဓိကသက်သေကျန်းဟောက်ဟာ လူဆိုးဂိုဏ်းတွေလုပ်ကြံမှုကြောင့် သေဆုံးသွားပြီး Fanfic Character တခုအဖြစ် နိုးထလာတဲ့အခါ --- *Warning: Plot...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...