Ctrl+Z(Completed)

By LaYate0101

26.8K 2.4K 2K

ဒီလောက်ဆိုရင်ရော ငါမင်းနဲ့ တွေ့လို့ရပြီလား။ More

Warning
Chapter 1
Chapter 2
Chapter 3
Chpater 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 17(B)
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chpater 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
New Year Special Chapter
ဟဟ😆
Chapter 42
Chapter 43
Chapter 44 (warning 18+)
Chapter 45 (warning 18+)
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Sorry
Chapter 61 (warning 16+)
Chapter 62
Chapter 63
Chapter 64
Chapter 65(Ending)
စာအုပ်မှာလျှင်ရမည့်လက်ဆောင်များ
Extra (part 1)
Extra (Part 2)
Extra (Part 3)

Intro

896 49 20
By LaYate0101

ညပုရစ်ကလေးတွေ တကျီကျီမြည်နေတယ်။ အေးမြမြလေပြင်းက ဆံပင်ဖျားတွေလှုပ်ခတ်သွားအောင် သုတ်ခနဲ တိုက်သွားရုံတင်မဟုတ်ဘူး။ နှလုံးသားတစ်ခုလုံးကို ရုတ်တရတ် ရေခဲမုန်တိုင်း ဖြတ်တိုက်သွားသလို အေးခနဲဖြစ်သွားစေတဲ့အထိပဲ။ ဒါပေမဲ့ အေးစက်တုန်လှုပ်နေတဲ့နှလုံးသားကြီးနဲ့ မလိုက်မဖက် နားထင်မှာချွေးအနည်းငယ်ပြန်နေတယ်။ ငုတ်တုတ်ထိုင်နေပါရက်ကနေ တဆတ်ဆတ်တုန်နေတဲ့ဒူးတွေရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ဖိချုပ်ခံထားရတဲ့ လက်ကောက်ဝတ်တွေက အလွန်အမင်းပူလောင်နာကျင်လျက်ပါပဲ။

တစ်ကမ္ဘာလုံးနှေးဝင်သွားသလို....ဘာအသံမှမကြားရတော့သလို...ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားပြီး အရမ်းလှပတဲ့ခံစားမှုလေးနဲ့ တိုးငင်နေတဲ့ နှလုံးသားက သူ့နှုတ်ခမ်းအဖိအဖွမှာ အရည်ပျော်ဝင်...

ဒါတွေက စောက်ရေးမပါတဲ့ ရိုမန့်တစ်ရုပ်ရှင်တွေနဲ့ စာအုပ်တွေထဲက အသုံးမဝင်တဲ့အရေးအသားနဲ့ ပြကွက်တွေမှန်း အခုမှပဲ သိလိုက်ရတာပဲ။ တစ်လောကလုံးကိုမေ့ပါတယ်ဆိုတဲ့ အဲ့အနမ်းကြီးကို ပိုးစိုးပက်စက်အနမ်းခံနေရတဲ့အချိန်မှာ နံရံအကွယ်က ကျွန်တော်တို့ပူးကပ်နေတဲ့ မှောင်ရိပ်နားကို လူတစ်ယောက်တိုးကပ်လာတဲ့ ခြေသံတစ်ခု အတိုင်းသားကြီး ကြားနေရတာမလား။

အထူးသဖြင့် ပထမဆုံးအနမ်းဆိုတာက သာယာသိမ်မွေ့လွန်းလို့ နားထဲ ခေါင်းလောင်းသံလေးတွေ ကြားရတယ်ဆိုပဲ။ တကယ်က ချီးစကားတွေ။ တတ်နိုင်ရင် ဒီသူတောင်းစားရဲ့ မကျွမ်းမကျင် နှုတ်ခမ်းတွေကိုပဲ ပြန်ကိုက်ဖဲ့ပစ်လိုက်ချင်တယ်။ ဒါပေမဲ့လည်း လှုပ်လို့မရဘူး။ လှုပ်မလို့ကြိုးစားလိုက်တိုင်းမှာ ထင်မှတ်မထားရလောက်အောင် သန်မာနေတဲ့ သူ့လက်ဖဝါးတွေရဲ့ ဖိချုပ်မှုကြောင့် လက်တွေ နံရံအမာခဲကြီးထဲ ကြေမွပြီး နစ်ဝင်သွားတော့မလိုပဲ။

"အွန်း"

အမှောင်ထုပဲမျက်စိရှေ့မှာရှိနေတာမှန်ပေမဲ့ အမှောင်ထုကိုက ပြာဝေလို့သွားတာ။ ပိုပြီးတော့ အားပါလာတဲ့ အနမ်း...မဟုတ်ဘူး...ဆဲမယ့်သာဆဲနေတာ ကြည့်ခဲ့သမျှရုပ်ရှင်တွေ၊ ဖတ်ခဲ့သမျှစာအုပ်တွေကို ယုံချင်နေသေးတာမို့ ဒါအနမ်းမဟုတ်ဘူး။ ဒီမသာကောင်ရဲ့ ကြံမိကြံရာ ဒီလုပ်ရပ်ကြီးကို အနမ်းလို့ မသမုတ်နိုင်ဘူး။

သပ်ရပ်နေတဲ့ ရနံ့။ ပူနွေးနေတဲ့လက်ဖဝါးတွေနဲ့ စျေးကြီးအင်္ကျီbrandတွေဆီကပဲရနိုင်တဲ့အထိအတွေ့အပြင်....စာအုပ်တွေထဲကလို ချိုတဲ့အရသာတော့မဟုတ်ပေမဲ့ နှုတ်ခမ်းတွေကြားထဲ ပိုနစ်ဝင်လာတဲ့ စိုစွတ်ပူနွေးနေတဲ့ တိကျရှင်းသန့်နေတဲ့ နှုတ်ခမ်းလွှာတွေ...။ မဆိုးပါဘူးလေ...ပထမဆုံး အနမ်းဆိုလည်း ဘယ်ကကောင်လဲမသိပေမဲ့ ဒီလို သန့်သန့်ပြန့်ပြန့်နဲ့ သူဌေးသားနံ့ထွက်နေတဲ့သူဆီကနေ အနမ်းခံရတယ်ဆိုရင်လည်း....

မဟုတ်ဘူး...ဒါ...ဒါ အနမ်းမဟုတ်ဘူးလေ သော်ညံ။ အခုလေးတင် မင်းတွေးနေတာလေ။

"ငါနားကြားမှားတာပဲနေမှာပါ"

သိပ်မနီးမဝေးက ထွက်လာတဲ့အသံနဲ့အတူ အနားနားထိရောက်လာတဲ့ ခြေသံက တဖြည်းဖြည်းပြန်ဝေးသွားတယ်။ နှစ်ယောက်လုံးရဲ့အသိက ခြေသံဆီမှာပဲ ရှိနေတယ်ဆိုတာ သိသာတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေရာကနေ သိသိသာသာငြိမ်သက်သွားတာမလား။

ညပုရစ်မြည်သံလေးတွေ တကျီကျီပြန်ကြားလာရတယ်။ ဘာကြောင့်မှန်းမသိ ပိတ်ကျသွားမိခဲ့တဲ့ မျက်လုံးနှစ်စုံက ဖြည်းဖြည်းချင်းပြန်ပွင့်လာတဲ့အချိန်ထိ သူ့နှုတ်ခမ်းအစုံဟာ ကျွန်တော့်နှုတ်ခမ်းပေါ်မှာ သတိလက်လွတ်ဖေးတင်ထားတုန်းပဲ။ ဘယ်ကမှန်းမသိတဲ့ခွေးတစ်ကောင်ထဟောင်လိုက်တဲ့အချိန်မှာမှ သူနဲ့ကျွန်တော် အလန့်တကြား လူချင်း ဝုန်းခနဲကွဲသွားတာ။ ကွဲသွားတယ်ဆိုတာထက် ကျွန်တော်သူ့ကို ဆောင့်တွန်းလိုက်တာပါ။

သူမြေပြင်ပေါ်ကို ဖင်ထိုင်ရက်လဲကျသွားတော့မှ တစ်ကိုယ်လုံးသွေးတွေပွက်ပွက်ဆူအောင် ဒေါသငယ်ထိပ်တက်နေတဲ့ ကျွန်တော်က ကလေကချေကောင်ကို တက်ခွပြီး စိတ်ရှိလက်ရှိ ခွပ်ခနဲမြည်အောင်ထိုးချလိုက်တယ်။ အားမရဘူး။ ကော်လံစကနေ ဆွဲဆောင့်ပြီး မတ်တပ်ရပ်ခိုင်းလိုက်တယ်။ လက်ထဲပါလာတဲ့ကောင်ကို စောနက ကျွန်တော် သူ့ကိုယ်လုံးကြားမှာဖိချုပ်ခံထားရတဲ့ ဆိုင်ရဲ့နံရံမှာ ဝုန်းခနဲပစ်ဆောင့်လိုက်ပြီး နောက်တစ်ကြိမ်လက်သီးရွယ်လိုက်တဲ့အချိန်....

"ဒီသေခြင်းဆိုးက....ငါ့ကို ဘာ...."

မတ်တပ်ရပ်လိုက်တာမို့ လရောင်ခြည်တို့ တိုက်ရိုက် ဖြာကျလာတဲ့မျက်နှာတစ်ခု...
နဂိုကတည်းက တိတ်ဆိတ်ပြီး လူရှင်းနေတဲ့ ဆိုင်နံဘေး လမ်းကြားထဲမှာ ထပ်မံတိတ်ဆိတ်ဆွံ့အသွားတဲ့ စကားပြောသံနှစ်ခု....
နောက် ပြေလျော့သွားတဲ့ လက်သီးတစ်ခုနဲ့အတူ...
ပွန်းပဲ့ရာတစ်ခုထင်နေတဲ့ သူ့ညာဘက်နှုတ်ခမ်းထောင့်မှာ သွေးလေးနည်းနည်းစို့လို့နေတယ်။

ခြေသလုံးကိုတိုးနေတဲ့ မြက်ပင်တွေက တစ်ကိုယ်လုံးကို ကလိထိုးသွားသလို ကြက်သီးတွေထောင်ထသွားတာကို ကိုယ့်ကိုယ်ကိုယ်သိလိုက်ပါတယ်။

"မင်း...မင်းရူးသွားတာလား...စစ်နေ"

ကျွန်တော့်အသံတွေက လေ​ပြေကြောင့် ယိမ်းနွဲ့နေတဲ့ မြက်ပင်ငယ်လေးတွေရဲ့ ထိပ်ဖျားလို ပျောက်ရှလုမတတ်ဖြစ်လို့နေတယ်။ သူက တုံးတိတိပြန်ပြောတယ်။

"အင်း အဲလိုထင်ပါရဲ့"တဲ့။

Ctrl+Z

++++++++++++++++++++++++++++++++

ညပုရစ္ကေလးေတြ တက်ီက်ီျမည္ေနတယ္။ ေအးျမျမေလျပင္းက ဆံပင္ဖ်ားေတြလႈပ္ခတ္သြားေအာင္ သုတ္ခနဲ တိုက္သြား႐ုံတင္မဟုတ္ဘူး။ ႏွလုံးသားတစ္ခုလုံးကို ႐ုတ္တရတ္ ေရခဲမုန္တိုင္း ျဖတ္တိုက္သြားသလို ေအးခနဲျဖစ္သြားေစတဲ့အထိပဲ။ ဒါေပမဲ့ ေအးစက္တုန္လႈပ္ေနတဲ့ႏွလုံးသားႀကီးနဲ႕ မလိုက္မဖက္ နားထင္မွာေခြၽးအနည္းငယ္ျပန္ေနတယ္။ ငုတ္တုတ္ထိုင္ေနပါရက္ကေန တဆတ္ဆတ္တုန္ေနတဲ့ဒူးေတြရဲ႕ ဆန့္က်င္ဘက္အရပ္မွာ ဖိခ်ဳပ္ခံထားရတဲ့ လက္ေကာက္ဝတ္ေတြက အလြန္အမင္းပူေလာင္နာက်င္လ်က္ပါပဲ။

တစ္ကမၻာလုံးႏွေးဝင္သြားသလို....ဘာအသံမွမၾကားရေတာ့သလို...ကိုယ့္ကိုယ္ကိုယ္ ေပ်ာက္ဆုံးသြားၿပီး အရမ္းလွပတဲ့ခံစားမႈေလးနဲ႕ တိုးငင္ေနတဲ့ ႏွလုံးသားက သူ႕ႏႈတ္ခမ္းအဖိအဖြမွာ အရည္ေပ်ာ္ဝင္...

ဒါေတြက ေစာက္ေရးမပါတဲ့ ရိုမန့္တစ္႐ုပ္ရွင္ေတြနဲ႕ စာအုပ္ေတြထဲက အသုံးမဝင္တဲ့အေရးအသားနဲ႕ ျပကြက္ေတြမွန္း အခုမွပဲ သိလိုက္ရတာပဲ။ တစ္ေလာကလုံးကိုေမ့ပါတယ္ဆိုတဲ့ အဲ့အနမ္းႀကီးကို ပိုးစိုးပက္စက္အနမ္းခံေနရတဲ့အခ်ိန္မွာ နံရံအကြယ္က ကြၽန္ေတာ္တို႔ပူးကပ္ေနတဲ့ ေမွာင္ရိပ္နားကို လူတစ္ေယာက္တိုးကပ္လာတဲ့ ေျခသံတစ္ခု အတိုင္းသားႀကီး ၾကားေနရတာမလား။

အထူးသျဖင့္ ပထမဆုံးအနမ္းဆိုတာက သာယာသိမ္ေမြ႕လြန္းလို႔ နားထဲ ေခါင္းေလာင္းသံေလးေတြ ၾကားရတယ္ဆိုပဲ။ တကယ္က ခ်ီးစကားေတြ။ တတ္နိုင္ရင္ ဒီသူေတာင္းစားရဲ႕ မကြၽမ္းမက်င္ ႏႈတ္ခမ္းေတြကိုပဲ ျပန္ကိုက္ဖဲ့ပစ္လိုက္ခ်င္တယ္။ ဒါေပမဲ့လည္း လႈပ္လို႔မရဘူး။ လႈပ္မလို႔ႀကိဳးစားလိုက္တိုင္းမွာ ထင္မွတ္မထားရေလာက္ေအာင္ သန္မာေနတဲ့ သူ႕လက္ဖဝါးေတြရဲ႕ ဖိခ်ဳပ္မႈေၾကာင့္ လက္ေတြ နံရံအမာခဲႀကီးထဲ ေၾကမြၿပီး နစ္ဝင္သြားေတာ့မလိုပဲ။

"အြန္း"

အေမွာင္ထုပဲမ်က္စိေရွ႕မွာရွိေနတာမွန္ေပမဲ့ အေမွာင္ထုကိုက ျပာေဝလို႔သြားတာ။ ပိုၿပီးေတာ့ အားပါလာတဲ့ အနမ္း...မဟုတ္ဘူး...ဆဲမယ့္သာဆဲေနတာ ၾကည့္ခဲ့သမွ်႐ုပ္ရွင္ေတြ၊ ဖတ္ခဲ့သမွ်စာအုပ္ေတြကို ယုံခ်င္ေနေသးတာမို႔ ဒါအနမ္းမဟုတ္ဘူး။ ဒီမသာေကာင္ရဲ႕ ႀကံမိႀကံရာ ဒီလုပ္ရပ္ႀကီးကို အနမ္းလို႔ မသမုတ္နိုင္ဘူး။

သပ္ရပ္ေနတဲ့ ရနံ႕။ ပူႏြေးေနတဲ့လက္ဖဝါးေတြနဲ႕ ေစ်းႀကီးအကၤ်ီbrandေတြဆီကပဲရနိုင္တဲ့အထိအေတြ႕အျပင္....စာအုပ္ေတြထဲကလို ခ်ိဳတဲ့အရသာေတာ့မဟုတ္ေပမဲ့ ႏႈတ္ခမ္းေတြၾကားထဲ ပိုနစ္ဝင္လာတဲ့ စိုစြတ္ပူႏြေးေနတဲ့ တိက်ရွင္းသန့္ေနတဲ့ ႏႈတ္ခမ္းလႊာေတြ...။ မဆိုးပါဘူးေလ...ပထမဆုံး အနမ္းဆိုလည္း ဘယ္ကေကာင္လဲမသိေပမဲ့ ဒီလို သန့္သန့္ျပန့္ျပန့္နဲ႕ သူေဌးသားနံ႕ထြက္ေနတဲ့သူဆီကေန အနမ္းခံရတယ္ဆိုရင္လည္း....

မဟုတ္ဘူး...ဒါ...ဒါ အနမ္းမဟုတ္ဘူးေလ ေသာ္ညံ။ အခုေလးတင္ မင္းေတြးေနတာေလ။

"ငါနားၾကားမွားတာပဲေနမွာပါ"

သိပ္မနီးမေဝးက ထြက္လာတဲ့အသံနဲ႕အတူ အနားနားထိေရာက္လာတဲ့ ေျခသံက တျဖည္းျဖည္းျပန္ေဝးသြားတယ္။ ႏွစ္ေယာက္လုံးရဲ႕အသိက ေျခသံဆီမွာပဲ ရွိေနတယ္ဆိုတာ သိသာတယ္။ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနရာကေန သိသိသာသာၿငိမ္သက္သြားတာမလား။

ညပုရစ္ျမည္သံေလးေတြ တက်ီက်ီျပန္ၾကားလာရတယ္။ ဘာေၾကာင့္မွန္းမသိ ပိတ္က်သြားမိခဲ့တဲ့ မ်က္လုံးႏွစ္စုံက ျဖည္းျဖည္းခ်င္းျပန္ပြင့္လာတဲ့အခ်ိန္ထိ သူ႕ႏႈတ္ခမ္းအစုံဟာ ကြၽန္ေတာ့္ႏႈတ္ခမ္းေပၚမွာ သတိလက္လြတ္ေဖးတင္ထားတုန္းပဲ။ ဘယ္ကမွန္းမသိတဲ့ေခြးတစ္ေကာင္ထေဟာင္လိုက္တဲ့အခ်ိန္မွာမွ သူနဲ႕ကြၽန္ေတာ္ အလန့္တၾကား လူခ်င္း ဝုန္းခနဲကြဲသြားတာ။ ကြဲသြားတယ္ဆိုတာထက္ ကြၽန္ေတာ္သူ႕ကို ေဆာင့္တြန္းလိုက္တာပါ။

သူေျမျပင္ေပၚကို ဖင္ထိုင္ရက္လဲက်သြားေတာ့မွ တစ္ကိုယ္လုံးေသြးေတြပြက္ပြက္ဆူေအာင္ ေဒါသငယ္ထိပ္တက္ေနတဲ့ ကြၽန္ေတာ္က ကေလကေခ်ေကာင္ကို တက္ခြၿပီး စိတ္ရွိလက္ရွိ ခြပ္ခနဲျမည္ေအာင္ထိုးခ်လိဳက္တယ္။ အားမရဘူး။ ေကာ္လံစကေန ဆြဲေဆာင့္ၿပီး မတ္တပ္ရပ္ခိုင္းလိုက္တယ္။ လက္ထဲပါလာတဲ့ေကာင္ကို ေစာနက ကြၽန္ေတာ္ သူ႕ကိုယ္လုံးၾကားမွာဖိခ်ဳပ္ခံထားရတဲ့ ဆိုင္ရဲ႕နံရံမွာ ဝုန္းခနဲပစ္ေဆာင့္လိုက္ၿပီး ေနာက္တစ္ႀကိမ္လက္သီး႐ြယ္လိုက္တဲ့အခ်ိန္....

"ဒီေသျခင္းဆိုးက....ငါ့ကို ဘာ...."

မတ္တပ္ရပ္လိုက္တာမို႔ လေရာင္ျခည္တို႔ တိုက္ရိုက္ ျဖာက်လာတဲ့မ်က္ႏွာတစ္ခု...
နဂိုကတည္းက တိတ္ဆိတ္ၿပီး လူရွင္းေနတဲ့ ဆိုင္နံေဘး လမ္းၾကားထဲမွာ ထပ္မံတိတ္ဆိတ္ဆြံ႕အသြားတဲ့ စကားေျပာသံႏွစ္ခု....
ေနာက္ ေျပေလ်ာ့သြားတဲ့ လက္သီးတစ္ခုနဲ႕အတူ...
ပြန္းပဲ့ရာတစ္ခုထင္ေနတဲ့ သူ႕ညာဘက္ႏႈတ္ခမ္းေထာင့္မွာ ေသြးေလးနည္းနည္းစို႔လို႔ေနတယ္။

ေျခသလုံးကိုတိုးေနတဲ့ ျမက္ပင္ေတြက တစ္ကိုယ္လုံးကို ကလိထိုးသြားသလို ၾကက္သီးေတြေထာင္ထသြားတာကို ကိုယ့္ကိုယ္ကိုယ္သိလိုက္ပါတယ္။

"မင္း...မင္း႐ူးသြားတာလား...စစ္ေန"

ကြၽန္ေတာ့္အသံေတြက ေလေျပေၾကာင့္ ယိမ္းႏြဲ႕ေနတဲ့ ျမက္ပင္ငယ္ေလးေတြရဲ႕ ထိပ္ဖ်ားလို ေပ်ာက္ရွလုမတတ္ျဖစ္လို႔ေနတယ္။ သူက တုံးတိတိျပန္ေျပာတယ္။

"အင္း အဲလိုထင္ပါရဲ႕"တဲ့။

Ctrl+Z

Continue Reading

You'll Also Like

10K 786 21
မြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11...
1.6M 67.3K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
332K 8.3K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
5.4K 553 14
ကျွန်တော်တို့တွေက ချစ်ခြင်းမေတ္တာကို ပုံစံမျိုးစုံနဲ့ ပုံဖော်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံပြင်တွေနဲ့ပေါ့။ ကျွန်တော့်မှာလည်း ကိုယ်ပိုင်နာမည်...