ဟွမ်းကျီစင်းက ရှရှင်းချန်နှင့် အလွန်ကိုအကျွမ်းတဝင်ရှိသည်။ နှစ်များစွာကြာအောင် ရှရှင်းချန် ချစ်သူရည်းစားထားခြင်းနှင့်ပတ်သတ်ပြီး သူ တစ်ခါလေးတောင် တားဆီးခြင်းမရှိခဲ့။ အကြောင်းကား ရှရှင်းချန်အတည်တကျတွဲယူခြင်းမရှိတာကော၊ သူ့ခံစားချက်များက ဝုန်းဒိုင်းဆို ဖြစ်တည်လာပြီး ခဏအတွင်းမှာပဲအနည်ထိုင်သွားတတ်တာကို သူ သိနေ၍ဖြစ်သည်။
သို့ပေမယ့် ဒီတစ်ကြိမ်ကတော့ မတူညီ။ သူ အစိုးရိမ်မိဆုံးက ရှရှင်းချန်နှင့် ယန်ယိုမင် အချစ်ဇာတ်လမ်းသာလူသိရှင်ကြားဖြစ်သွားပါက သူတို့နှစ်ယောက်လုံး၏ နာမည် အဖတ်ဆယ်မရဖြစ်သွားမှာကိုပင်။
သူ စိတ်ရှုပ်လာပြီး ဆေးလိပ်သောက်လိုက်ချင်ပေမယ့် ဒါ ယန်ယိုမင်အခန်းမှန်း သတိရသွားသည်။ နောက်ဆုံးမှာတော့ သူ ရှရှင်းချန်ကို စူးစိုက်ကြည့်လျက် မာမာထန်ထန်ပဲ ပြောလိုက်နိုင်တော့သည်။
"ငါ မင်းကို မထိန်းနိုင်တော့ဘူး။ ပြန်သွားပြီး ဒီအကြောင်း မင်းကိုယ်တိုင် ခေါင်းဆောင်ချိုင်ကို ရှင်းပြလိုက်။"
ထိုပြောဆိုခြင်းမှာ ဒီကိစ္စကို ကုမ္ပဏီက မသိအောင် သူ ကာမပေးဟု သွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။
ရှရှင်းချန်ကလည်း ကြောက်လန့်သွားခြင်းမရှိ။ သူ ပြောလိုက်သည်။ "ရတယ်၊ ကျွန်တော် ဂရုမစိုက်ဘူး။"
ဟွမ်းကျီစင်း သူ့ခေါင်းအလုပ်လုပ်မှုက တကယ်ကို ယိုယွင်းသွားပြီဟု ခံစားလိုက်ရသည်။ သူ၏ စိတ်သုန်မှုန်၊ မကျေမချမ်းဖြစ်မှုကို ပုံချစရာနေရာမရှိ ဖြစ်နေတာမို့ သူ တစ်ဖက်လှည့်ပြီး အခန်းမှ ထွက်ဖို့ ပြင်လိုက်သည်။
ရှရှင်းချန် သူ့ကို လှမ်းဆွဲပြီး ပြောလိုက်သည်။ "ကျွန်တော့်ကို လတ်မှတ်အချိန် ပြောင်းပေးဦး။"
ဟွမ်းကျီစင်း ရှရှင်းချန် လက်ကို မဖယ်ရင်း ဒေါသကို ချုပ်တည်းထားလျက် ပြောလိုက်သည်။ "ငါ မင်းရဲ့လတ်မှတ်အချိန် ပြောင်းပေးရုံတင်မဟုတ်ဘူး၊ မင်းဟိုတယ်ခန်းကိုလည်း Check out လုပ်ထားပြီးပြီ။ ခရီးဆောင်အိတ်တွေလည်း ဒီကို မင်းအတွက် ယူလာပေးဦးမယ်။ ဒီလောက်ဆို အဆင်ပြေပြီထင်လား၊ သခင်ငယ်လေး။"
ရှရှင်းချန် ပြောလိုက်သည်။ "ပြေတယ်။"
ဟွမ်းကျီစင်း သူ့လက်ကို ခေါင်းပေါ်တင်၊ မျက်ရိုးကို လက်ချောင်းများဖြင့် ဖိနှိပ်လိုက်သည်။
"မင်းလည်း ငါပြောတာ နားထောင်သင့်တယ်။ ဒီကိစ္စက မီဒီယာတွေ လုံးဝသိသွားလို့မရဘူး။ မင်း ယန်ယိုမင်နဲ့အပြင်ထွက်တဲ့အခါကျရင် ငါ့အတွက် စည်းမျဉ်းတစ်ခုလောက်တော့ စောင့်ထိန်းပေး။ လုံးဝ လက်မကိုင်နဲ့!"
အစပိုင်းကတည်းက ရှရှင်းချန်၊ ယန်ယိုမင် နှစ်ယောက်လုံးက ယောက်ျားသားများဖြစ်ကြသည်။ တကယ်တမ်း သူတို့နှစ်ယောက် တစ်ညလုံး ဟော်တယ်အခန်းတစ်ခုထဲမှာ ကုန်ဆုံးကြတယ်ဆိုပြီး ဓာတ်ပုံတက်လာလည်း ပြဿနာသိပ်မရှိ။ သူငယ်ချင်းတွေ အရက်အတူသောက်၊ ပါတီပွဲ ကျင်းပကြသည်ဟု ဖြေရှင်းချက်ပေးလို့ရသည်၊ သို့ပေမယ့် ပြဿနာရှိနိုင်သည်က သူတို့နှစ်ယောက်က ယောက်ျားချင်းကြိုက်သည့် ဇာတ်လမ်းတစ်ခုမှာ အတူသရုပ်ဆောင်ထားဖူးသည်။ အင်တာနက်ပေါ်မှာကလည်း အရမ်းကို တက်ကြွနေသည့် CP ပရိတ်သတ်များ ရှိနေသည်၊ ထို့ကြောင့်အပြင်ဘက်မှာ အနည်းငယ်ထက် ပိုလွန်သည့် ရင်းနှီးမှုပြလိုက်မိပါက ချက်ချင်းကို ဖမ်းမိသွားမှာ အသေအချာဖြစ်ပြီး မီးထဲ ဓာတ်ဆီလောင်းချသလိုပင် ဖြစ်သွားလိမ့်ဦးမည်။
ထို့ကြောင့်လည်း ဟွမ်းကျီစင်းမှာ ယန်ယိုမင်နှင့် ဆက်ဆံရေးကို မပေါက်ကြားစေရန် ရှရှင်းချန်ကို သတိပေးနေရသည်။ သူ ပြန်ရောက်ပါက ချိုင်မိန့်တင်းကို အကျိုးအကြောင်းပြောပြီး ချိုင်မိန့်တင်းတွင် ဖြေရှင်းနိုင်မည့်နည်းလမ်းရှိလားဆိုသည်ကို မေးကြည့်ရမည်။ ချိုင်မိန့်တင်းကိုယ်တိုင် ယန်ယိုမင်ကို တိုက်ရိုက်သွားပြောပေးသည်ကတော့ အကောင်းဆုံး ဖြေရှင်းမှုတစ်ခုဖြစ်လိမ့်မည်။ ရှရှင်းချန်က ငယ်ရွယ်ပြီး မိုက်ရူးရဲဆန်သည်။ ယန်ယိုမင်ကဒီအသက်အရွယ်၊ ဒီလိုအဆင့်အတန်းထိ ရောက်နေပြီးမှ တဇွတ်ထိုး ရူးရူးမိုက်မိုက် ဖြစ်နေစရာ အကြောင်းမရှိ။
သူတို့နှစ်ယောက်ကြားထဲက အချစ်ရေးက ဘာအကြောင်းများကြောင့် စတင်ခဲ့ရပြီး ဘာလို့ ဆက်လက်တည်မြဲကြီးထွားသွားရမှာလဲ။
ဟွမ်းကျီစင်း ထွက်သွားပြီး များမကြာခင်မှာပဲ ယန်ယိုမင် အပြင်မှ ပြန်ရောက်လာသည်။
ရှရှင်းချန် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်ရင်း သူ့ကို စောင့်နေခဲ့သည်။ သူ ယန်ယိုမင် ဝင်လာတာကို မြင်သည်နှင့် ဆိုဖာခုံပေါ်မှ ပြေးဆင်းကာ အပြေးသွားဖက်လိုက်သည်။
ယန်ယိုမင် သူ့ခါးသွယ်သွယ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်ထိန်းထားရင်း သူ၏အလျင်လိုနေသည့် အနမ်းနက်နက်တစ်ခုပြီးသွားသည်အထိ စောင့်ပြီးမှ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည်။
"စားရအောင်။"
သူတို့နှစ်ယောက်လုံး အခန်းထဲ၌ နေ့လည်စာ အတူစားလိုက်ကြသည်။ မွန်းတည့်ချိန်လောက်တွင် လီယွမ် ရှရှင်းချန်၏ ခရီးဆောင်အိတ်များကို ယူပြီး အခန်းသို့ ရောက်လာသည်။ ဟွမ်းကျီစင်းက သူ ယန်ယိုမင်အခန်းကို အားအားရှိ အပြေးလာနေတာကို အခြားသူတွေ မြင်သွားရင် မကောင်းဘူးဟု ပြောကြောင်း သူမက ပြန်ပြောလာသည်။
လီယွမ် သူ့ကို ကြည့်သည့်အကြည့်က အေးစက်စက်နိုင်လှသည်ဟု ရှရှင်းချန် ခံစားမိနေသည်။ ထိုအရာက သူ့စိတ်ထင်နေခြင်းပဲလားတော့ သူမသိ။
လီယွမ် ပြန်သွားချိန်တွင် ရှရှင်းချန် ယန်ယိုမင်ကို မေးလိုက်သည်။ "ကော၊ ယွမ်ကျဲကို ကျွန်တော်တို့အကြောင်းပြောထားလား။"
ယန်ယိုမင် ပြတင်းပေါက်နားက ထိုင်ခုံတွင် ထိုင်ရင်း ခေါင်းငုံ့ကာ စာအုပ်တစ်အုပ်ကို ဖတ်လျက်ရှိနေသည်။ သူ ရှရှင်းချန် စကားပြောတာကို နားထောင်ပြီးချိန်တွင်တော့ ခေါင်းမော့ပြီး ပြောလိုက်သည်။
"ကိုယ်မပြောလည်း သူ နားလည်နေလောက်တယ်။"
ရှရှင်းချန် ယန်ယိုမင်ဘေးမှ စားပွဲအသေးလေးနားကို လျှောက်သွားပြီး ထိုင်ချလိုက်သည်။ သူ့ခြေထောက်ကို ဆန့်ချရင်း ယန်ယိုမင်ကို ကြည့်ကာ ပြောလိုက်သည်။
"သူ ကျွန်တော့်ကို မကြိုက်ဘူးလား။"
ယန်ယိုမင် ဖတ်လက်စ စာအုပ်ကို ပေါင်ပေါ်တင်ပြီး သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။
"သူ မင်းကို မကြိုက်ဘူးလို့ ကိုယ့်ကို တစ်ခါမှ မပြောဖူးဘူး။"
ရှရှင်းချန် ယန်ယိုမင် မျက်လုံးများကို ငေးစိုက်ကြည့်မိသည်။ ယန်ယိုမင် သူ့တစ်ယောက်ထဲကိုပဲ စူးစူးစိုက်စိုက်ကြည့်နေချိန်တွင် သူက ယန်ယိုမင်ကမ္ဘာတစ်ခုလုံးအား အပိုင်စီးရထားသလိုပင်။ ဒါက နက်ရှိုင်းစွာ အချစ်ခံရခြင်းဆိုသည့် ပုံရိပ်ယောင်ခံစားချက်များကို ပေးစွမ်းနေသည်။ ဒီအချိန်ခဏလေးမှာ သူ ညှို့စားခံလိုက်ရသည့်အလား သူယန်ယိုမင်ကို မေးလိုက်သည်။
"ကော၊ ကျွန်တော့်ကို ကြိုက်လား။"
ယန်ယိုမင် ခဏကြာအောင် ဆိတ်ငြိမ်သွားပြီးမှ ပြန်ဖြေလာသည်။ "ကြိုက်တယ်။"
ရှရှင်းချန် စိတ်ကျေနပ်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ သူ ကြိုက်နေသ၍ ဖြစ်သည်၊ ကြောင်လေးတစ်ကောင်လို၊ ခွေးလေးတစ်ကောင်လို သူ့ကို သဘောကျတာဆိုရင်လည်း သူ စိတ်ထဲမထား။ သူ ယန်ယိုမင်ကို ငေးကြည့်နေရင်း ဖြည်းဖြည်းချင်း ခေါင်းညွှတ်ပြီး သူ့နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ထို့နောက်မှာတော့ စားပွဲအစွန်းပေါ်မှ လျှောဆင်းပြီး ယန်ယိုမင် ပေါင်ပေါ် ပြောင်းရွေ့ ထိုင်ချလိုက်သည်။
အဲ့မတိုင်ခင်ကတည်းက ယန်ယိုမင်က စာအုပ်ကို အဝေးတင်ထားပြီးပြီဖြစ်သည်။ လက်တစ်ဖက်ဖြင့် ရှရှင်းချန်ခါးကို ထိန်းပေးထားရင်း ကျန်လက်တစ်ဖက်ဖြင့် စာအုပ်အား စားပွဲဝိုင်းပေါ် လှမ်းတင်လိုက်လေသည်။
ရှရှင်းချန် သူ့မျက်နှာကို လေးလေးနက်နက် ထိကိုင်ရင်း နမ်းရှိုက်နေသည်။ ယန်ယိုမင် မျက်နှာတစ်ဝှိက်ကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်နေရင်း ယန်ယိုမင် နှုတ်ခမ်းကို နမ်းနေလျက်မှ မေးချွန်ချွန်လေးဆီသို့ အနမ်းမိုးဆက်ရွာသွန်းသွားသည်။ သိသာခြင်းမရှိသည့် နှုတ်ခမ်းမွေးငုတ်တိုများ ရှိနေပေမယ့် လျှာဖြင့် လျက်လိုက်ချိန်တွင်တော့ ကြမ်းရှမှုဟူသည့်အထိအတွေ့ကို ခံစားလို့ ရနေသည်။
ယန်ယိုမင် သူ့စိတ်ကြိုက်လုပ်ခွင့်ပေးထားပြီး ခေါင်းကိုပင် အနည်းငယ် မော့ထားပေးလေသည်။
ရှရှင်းချန် သူ့လည်ပင်းအား နောက်ထက်တစ်ကြိမ် နမ်းရှိုက်ဖို့ ခရီးဆက်လိုက်သည်။ လည်ပင်းအနားရှိ အသားရည်များက တင်းမာပြီး ခရမ်းဖျော့ရောင် သွေးကြောများကလည်း ထိုးဖောက်မြင်နေရသည်။ အာဒမ်ပန်းသီးလေးကလည်း သိသိသာသာ ထိုးထွက်နေပြီး ရှရှင်းချန်ကို လာရောက်စုပ်ယူရန် ဖိတ်ခေါ်နေသလိုပင်။
အာဒမ်ပန်းသီးတစ်ခုတည်းတင်မဟုတ်။ ရှရှင်းချန်မှာ ပုံချစရာမရှိသလို ခံစားရုန်းကန်နေရပြီး ယန်ယိုမင် လည်ပင်းပေါ်တွင် အမှတ်အသားများ ဖယ်ချန်ထားဖို့ ကြိုးစားနေမိသည်။ သူ လုပ်လို့မရတာကိုလည်း သူ သိသည်။ သို့ပေမယ့် တလောကလုံးကို ယန်ယိုမင်က သူ ပိုင်ဆိုင်ထားသည့်သူ ဖြစ်ကြောင်း သိစေချင်သည်။ သူတို့ ဖက်တွယ်၊ နမ်းရှိုက်ခဲ့ပြီးပြီ။ သူတို့ အိပ်ယာလည်း အတူဝင်ပြီးပြီ။ သူ ယန်ယိုမင် အထွတ်အထိပ်ရောက်ခြင်းကိုလည်း မြင်ဖူးပြီးသူ ယန်ယိုမင်ကို သူ့တကိုယ်လုံးရှိ အားများဖြင့်လည်း မလွှတ်တမ်း ဖက်ထားခဲ့ဖူးပြီးပြီ။
သူ့နှလုံးခုန်နှုန်းများက မြန်ဆန်လာပြီး သူ့အသက်ရှုခြင်းကလည်း မောဟိုက်လာသည်။ ထို့နောက်မှာတော့ သူ ယန်ယိုမင်ပေါင်ပေါ် ခြေခွထိုင်လျက် သူ့လက်များက ယန်ယိုမင်လည်ပင်းအား မလွှတ်တမ်း သိုင်းဖက်ထားရင်း ဘာဆိုဘာမှမလုပ်ပဲ သူတို့နှစ်ယောက်ကြား လေတိုးဝင်စရာမရှိအောင်ကို တင်းတင်းကြပ်ကြပ် ပူးကပ်နေမိသည်။
ယန်ယိုမင် သူ့အား ပြန်ဖက်လာသည်။ သူ့လက်တစ်ဖက်ကို ခါးပေါ်တင်လျက် ကျန်တစ်ဖက်က သူ့ကျောအား ငြင်ငြင်သာသာပုတ်ပေးနေသည်မှာ ငိုနေသည့် ကလေးတစ်ယောက်ကို ချော့မြူနေသလိုပင်။
ရှရှင်းချန် ရင်ဘတ်မှာ အပေါ်အောက် ပြင်းပြင်းထန်ထန် ရွေ့လျားနေပြီး ဟွမ်းကျီစင်းက မှန်သည်ဟု တွေးနေမိသည်။ သူ့ခေါင်းက တစ်ခုခုချို့ယွင်းနေပြီ ဖြစ်ရမည်။ သူ အသက်နှစ်ဆယ်ကျော် နေပြီးတာတောင်မှ ဒီလိုစိတ်ခံစားချက်မျိုး တစ်ခါလေးတောင် မခံစားဖူး၊ သူတော့ တကယ်အဆုံးသတ်ပြီ။
ညဘက်၊ ရှရှင်းချန် ရေချိုးပြီး ညအိပ်ဝတ်စုံလဲကာ ရေချိုးခန်းထဲမှ ထွက်လာချိန် ယန်ယိုမင် ကုတင်ဘေးကို မှီကာTVကြည့်နေသည်ကို မြင်လိုက်ရသည်။
ယန်ယိုမင် ရှရှင်းချန်ကို လှည့်ကြည့်ကာ သူ့ဘေးကို လက်ပုတ်ပြရင်း ပြောလိုက်သည်။ "ဒီလာ။"
ရှရှင်းချန် အလျင်စလို လျှောက်သွားလိုက်ပြီး သူ့ဖိနပ်ကို ချွတ်ကာ အိပ်ယာပေါ်တက်ရင်း ယန်ယိုမင်ဘေးတွင် ထိုင်ချလိုက်သည်။ သူလည်း TVကို လှမ်းကြည့်ပြီး မေးလိုက်သည်။
"ဘာကြည့်နေတာလဲ။"
ယန်ယိုမင် ပြန်ဖြေလိုက်သည်။ "ဇာတ်ကားဟောင်းတစ်ခု။"
ရှရှင်းချန်လည်း ဇာတ်ကားကို ခဏကြာအောင် ကြည့်နေပြီးမှ စိတ်ဝင်စားဖို့ မကောင်းသလို ခံစားလိုက်ရတာမို့ သူခေါင်းလှည့်ပြီး မီးအိမ်မှ လာသည့် အလင်းရောင်လေးဖြင့် ယန်ယိုမင်ကို ကြည့်နေလိုက်သည်။
ယန်ယိုမင် ပြောလာသည်။ "မနက်ဖြန် ကိုယ် သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့ရမှာ၊ မင်း ကိုယ်နဲ့ အတူသွားချင်လား။"
ရှရှင်းချန် ကြောင်အသွားသည်။ "ကော အပြင်သွားရမှာလား။"
ယန်ယိုမင် ခေါင်းငြိမ့်ပြပြီး ရှရှင်းချန်ကို ပြောလိုက်သည်။ "မင်း မလိုက်ချင်ရင် ကိုယ့်ကို ဟိုတယ်မှာ စောင့်နေခဲ့လို့ရတယ်။"
ရှရှင်းချန်မှာ အနည်းငယ်တုန့်ဆိုင်းနေပုံပေါ်သည်။ သူ ဘာမှပြန်မဖြေပဲ TVရှိရာဘက်ကိုသာ ငေးကြည့်နေသည်။
ယန်ယိုမင် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ "ကိုယ်ပြောတာ မင်းမပြန်ချင်သေးဘူးဆိုရင် စောင့်လို့ရတယ်။ ကိုယ်မင်းကို မောင်းထုတ်တာလည်း မဟုတ်သလို ကိုယ်လည်း မင်းအနားက ထွက်မသွားဘူး။"
ရှရှင်းချန် အလျင်အမြန်ပဲ ခေါင်းခါပြပြီး ပြောလိုက်သည်။ "ကျွန်တော် ကောနဲ့ အတူသွားမယ်။"
ယန်ယိုမင် ခေါင်းငြိမ့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ ရှရှင်းချန် ခါးညွှတ်ရင်း ယန်ယိုမင် အရှေ့သို့ ရွေ့ကာ ယန်ယိုမင်နှင့် မျက်နှာချင်းဆိုင်၊ တင်ပလ္လင်ခွေထိုင်လျက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ဇာတ်ကား ဆက်မကြည့်နဲ့တော့။"
ယန်ယိုမင် သူ့အား အပြုံးတစ်ခုပါဝင်နေသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။ "ဒါဆို ကိုယ်က ဘာကိုကြည့်ရမှာလဲ။"
ရှရှင်းချန် ပြောလိုက်သည်။ "ကျွန်တော့်ကို ကြည့်။"
ယန်ယိုမင် ကုတင်ရင်းကို ခေါင်းမှီချလိုက်ပြီး အပြုံးတစ်ခုဖြင့် ပျင်းရွဲ့ရွဲ့ပြောလိုက်သည်။
"မင်းက ကိုယ့်ကို ဘာပြမှာလဲ။"
ရှရှင်းချန် ခဏကြာအောင် တွေးလိုက်ပြီးမှ သူ ရုတ်တရက် ဒူးထောက်ထိုင်ရင်း အိပ်ယာဘေးမှ ဖုန်းကို လှမ်းယူလိုက်သည်။ သူ ခေါင်းငုံ့ပြီး အလျင်အမြန်ရိုက်ရှာလိုက်သည်၊ ထို့နောက်တွင်တော့ သူ ညှို့အားပြင်း တေးဂီတတစ်ပုဒ်ကို ဖွင့်လိုက်သည်။ သူ ဖုန်းကို အဝေးပစ်ချပြီး သူ ကုတင်ပေါ် မတ်တပ်ထရပ်လျက် ပြောလိုက်သည်။
"ကျွန်တော် ကောအတွက် ဝတ်လစ်စလစ်ကပြဖျော်ဖြေမှု လုပ်ပြမယ်။ ဒါ ကျွန်တော် ပထမဆုံး လုပ်ဖူးတာပဲ။ကော အမြတ်ကြီး မြတ်ပြီ။"
သူ ပြောပြီးသည်နှင့် စည်းချက်အတိုင်း သူ့ခန္ဓာကိုယ်ကို လှုပ်နေပြီး သူ့ညဝတ်အင်္ကျီကြယ်သီးများကို အပြုံးတစ်ခုဖြင့် ဖြည်းဖြည်းချင်း ဆွဲဖြုတ်နေသည်။ ဂီတသံ ပြီးဆုံးခါနီးဖြစ်နေတာကတော့ နှမျောစရာပင်၊ သူ ကြယ်သီးတစ်ဝက်ကျော်တောင် မဖြုတ်ရသေး။ ထို့အပြင် ယန်ယိုမင် ခြေထောက်ကိုလည်း သူ့ခြေဝါးလေးဖြင့် အချိန်တိုင်းလိုလို ပွတ်သီးပွတ်သပ် လုပ်ပေးနေလေသည်။
နောက်ဆုံးမှာတော့၊ ဖြစ်သင့်နေသည့်အလား၊ ယန်ယိုမင် သူ့ခြေချင်းဝတ်ကို လှမ်းကိုင်ပြီး ဆွဲချလိုက်သည်။ သူအိပ်ယာပေါ် ပစ်လဲကျမလိုပင်ဖြစ်သွားသည်။ ထို့နောက်မှာတော့ သူ ယန်ယိုမင်၏ အောက်တွင် အကြိမ်ကြိမ် ဖိချေခြင်း ခံလိုက်ရတော့လေသည်။
KittyKitling