The Star around the Sun 明日星程...

RileyXin_28

166K 21.4K 1.4K

Zawgyiအတွက် Synopsisမှာ ပြောပြထားပါတယ်။ ဝင်ကြည့်လိုက်ပါနော် The Star Around the Sun (明日星程) Associated name... Еще

Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Here is your KittyKitling
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
TSATS Theme Song
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100

Chapter 61

1.3K 234 59
RileyXin_28


ဟွမ်းကျီစင်းက ကိစ္စတိုင်းကို သေသေချာချာစီစဉ်တတ်သူဖြစ်ပြီး သူ ကြိုတင်စာရင်းပေးထားသည့်စားသောက်ဆိုင်မှာ ချောင်ကျဝေးလံကာ လူသိနည်းတာမို့ ရှရှင်းချန်နှင့် တင်းဝမ်ရွှမ်းတို့ကို သီးသန့်အခန်းထဲတွင်ညစာစားရင်း စကားလွတ်လွတ်လပ်လပ်ပြောလို့ ရစေသည်။ သူက သူတို့ကို လိုက်ပို့ပေးပြီးနောက် ထွက်မသွားခင်၌ ထမင်းစားပြီးပါက သူ့ကို ဖုန်းဆက်လှမ်းခေါ်ဖို့ ရှရှင်းချန်ကို မှာသွားသည်။

ရှရှင်းချန်နှင့် တင်းဝမ်ရွှမ်းက သူတို့အပေါ်ဝတ်များကို ချွတ်ပြီး စားပွဲထိုးအား လှမ်းပေးကာ အင်္ကျီချိတ်နှင့် ချိတ်ထားစေလိုက်သည်။ ကြိုမှာထားသည့် ဟင်းပန်းကန်များက စားပွဲပေါ်တွင် နေရာချထားလျက် ရှိနေပြီး စားပွဲထိုးကသီးသန့်အခန်းထဲမှထွက်ကာ သူတို့နှစ်ယောက်အတွက် တံခါးပိတ်ခဲ့ပေးလိုက်သည်။

တင်းဝမ်ရွှမ်း ထိုင်လိုက်သည်။ သူ့ဆွယ်တာအင်္ကျီလက်ကို ခေါက်တင်နေချိန်အတွင်း သူ ရှရှင်းချန် မေးလာတာကိုကြားလိုက်ရသည်။

"ဒါရိုက်တာတင်း၊ ခင်ဗျား ကျွန်တော့်ကို ဒီဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ပေးတာ ယန်ယိုမင်ကြောင့်လား။"

ရှရှင်းချန် ထိုမေးခွန်းကို အလေးအနက်ထားသည့်လေသံဖြင့် မေးလာသည်။

တင်းဝမ်ရွှမ်း ရယ်လိုက်သည်။ "ဘာလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူးလား။"

ရှရှင်းချန် ပြုံးရယ်ခြင်းမရှိ။ သူ့စိတ်အခြေအနေမှာ ရှုပ်ထွေး၍နေသည် - တစ်ဖက်မှာလည်း ယန်ယိုမင်က သူ့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရအောင် ကြိုးစားပေးလာမယ်ဟု သူ မထင်ထား။ သူ့စိတ်ထဲတစ်စုံတစ်ယောက်က သူ့နှလုံးသားကို ဆွဲကိုင်ရစ်ပတ်ထားသလိုပင်၊ မနာကျင်ပေမယ့် တစစ်စစ်ဖြစ်နေခြင်းကတောင့်ခံဖို့အတွက် ခက်ခဲလွန်းလှသည်။ ထို့အပြင် အစကတည်းက ထွက်ပေါက်ရှာမရပဲ အုံကြွတက်နေသည့် ခံစားချက်များက သူ့ရင်ကို ပိုပိုပြီး အားကုန်ဖိထားတော့သည်။ တစ်ဖက်မှာလည်း သူ ဒုတိယစစ်ဆေးပွဲကို ယန်ယိုမင်နှင့်အဆက်အသွယ်ရှိလို့ အောင်မြင်သွားရတယ်ဆိုပါက ထိုကိစ္စက လူရွေးပွဲ ကျရှုံးရခြင်းထက်ပင် ပိုအရှက်ရစရာကောင်းလိမ့်မည်။ အကုန်လုံး ပြောဆို၊ လုပ်ကိုင်ပြီးသွားသည့်နောက်တွင် သူက ယန်ယိုမင်နှလုံးသားထဲဘယ်လောက်တောင် အသုံးမကျတဲ့ ပုံရိပ်တစ်ခုအနေနှင့် ထင်ကျန်နေခဲ့မလဲ သူမသိ။

တင်းဝမ်ရွှမ်း သူ့ကို ခဏတာမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ "ငါက စကားကို တဲ့တိုးပြောတတ်တဲ့ သူတစ်ယောက်မို့ မင်း အရမ်းကြီး စိတ်ထဲထားဖို့တော့ မလိုပါဘူး။"

သူ ထိုကဲ့သို့ စကားစချီလာတာကို ကြားချိန်တွင် ရှရှင်းချန် နှလုံးသားလေး တုန်လှုပ်သွားသည် - ထိုစကားများကတင်းဝမ်ရွှမ်း နောက်ဆက်ပြောမည့်စကားများသည် နားဝင်ချိုမှာ မဟုတ်မှန်း ပြသနေသည်။ သူ ဂရုမစိုက်ဟန်ဆောင်ရင်းသာ ခေါင်းခါပြလိုက်ရသည်။

တင်းဝမ်ရွှမ်း ဆက်ပြောသည်။ "တကယ်တော့ ပထမ စစ်ဆေးပွဲတုန်းက ငါ မင်းကို သိပ်ပြီး စိတ်ထဲသဘောမကျဘူး။ အဲ့တာနဲ့ ငါ ယန်ယိုမင်ကို ဖုန်းခေါ်ပြီး မင်းနဲ့ ဟောကျန်း သူ့ကို ဘယ်နေရာများ သဘောကျနေကြတာလဲဆိုပြီးမေးလိုက်တယ်။ ငါပြောတာတွေ နားထောင်ပြီးတော့ သူက ငါ့ကို ပြောတယ်၊ မင်းက ဇာတ်ကောင်ထဲ ဝင်ဖို့ အချိန်ယူလေ့ရှိတယ်တဲ့။ ပြီးတော့ သူက မင်းဆီကို ဇာတ်ညွှန်းပို့ပေးပြီး ကြိုးစားကြည့်ဖို့ အခွင့်အရေးထပ်ပေးလိုက်ပါလားဆိုပြီး ငါ့ကို အကြံပေးလာတယ်။"

ရှရှင်းချန် မမေးပဲ မနေနိုင်တော့၊ "သူ .. သူ အဲ့တာပဲပြောတာလား။"

တင်းဝမ်ရွှမ်း ခေါင်းငြိမ့်သည်။ "ငါ အစပိုင်းတုန်းကတော့ လက်မခံချင်ဘူး၊ အဓိက ကတော့ မင်းနဲ့ ပတ်သတ်ပြီး ငါသိပ်ဘဝင်မကျဘူး - ငါ ဟိုင်လန် လက်ထပ်ပွဲကနေပြန်လာတော့ ငါ မင်းရဲ့ အရင် TVဇာတ်လမ်းတစ်ခုကို ရှာကြည့်ခဲ့တာမို့။"

ရှရှင်းချန် ဖော်ပြလို့မရနိုင်သည့် အရှက်တရားအချို့ ခံစားလိုက်ရသည်။

တင်းဝမ်ရွှမ်း ဆက်ပြောသည်။ "ဒါပေမယ့်လည်း ငါ ယန်ယိုမင်ကို ယုံတယ်။ သူ သရုပ်ဆောင်ငယ်တစ်ယောက်ကိုထောက်ခံချက်ပေးတာကိုလည်း ဒါ ပထမဆုံး မြင်ဖူးတာပဲ။ ပြီးတော့ သူ့အသံမှာ ယုံကြည်မှုတွေ ပါနေတာကို ငါကြားနေရတယ်။ ထင်တဲ့အတိုင်းပါပဲ သူ့အကဲဖြတ်မှုက မှန်နေဆဲပဲ။"

ရှရှင်းချန် စားပွဲပေါ်ရှိ သူ့လက်ကိုယ်သူ ဆုပ်ကိုင်ထားရင်း တင်းဝမ်ရွှမ်း စကားပြောနေတာကို ငြိမ်ငြိမ်သက်သက်နားထောင်နေလိုက်သည်။

ရှရှင်းချန်ကို ကြည့်နေရင်း တင်းဝမ်ရွှမ်း ထိုင်ခုံနောက်မှီထိုင်ကာ ဆက်ပြောသည်။

"မင်း စိတ်ချလို့ရတာ တစ်ခုတော့ ရှိတယ်၊ ယန်ယိုမင်က ငါ့ဇာတ်ကားထဲမှာ ရင်းနှီးမြှုပ်နှံငွေ မထည့်ထားဘူး။ သူလူရွေးပွဲအတွက် သရုပ်ဆောင် ထောက်ခံပေးတာက ရတယ်၊ ဒါပေမယ့် ရလဒ်ကို အဆုံးအဖြတ်ပေးတာကတော့ထင်သလောက် လွယ်မှာမဟုတ်ဘူး။ မင်း သူ့ကို ငါ့ဇာတ်ကားထဲ အရင်းအနှီးစိုက်ဖို့ အကြံပေးကြည့်ပါလား၊ အဲ့တာဆို သူ သရုပ်ဆောင်တစ်ယောက် ထပ်ထည့်ချင်တယ်ဆိုရင်တောင် ငါ စဉ်းစားပေးလို့ရတယ်။"

ရှရှင်းချန် ရယ်ရင်း ပြောလိုက်သည်။ "ဒါရိုက်တာတင်းက တကယ် ဟာသပြောတတ်တာပဲ။"

သူ ဇွန်းကို ယူကာ စွတ်ပြုတ်ဟင်းရည်ကို တင်းဝမ်ရွှမ်း ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

"တစ်ခုခုစားပါဗျ၊ ဟင်းတွေ အေးကုန်တော့မယ်။" များမကြာခင်မှာပဲ သူထပ်မေးလိုက်သည်။ "ဒါရိုက်တာတင်းကျွန်တော့်ကို ပြောစရာရှိတယ်လို့ ပြောတာ၊ ဘာအကြောင်းများလဲဗျ။"

တင်းဝမ်ရွှမ်း ပြန်ဖြေလိုက်သည်။ "ဒီတိုင်း ဇာတ်လမ်းနဲ့ ဇာတ်ကောင်အကြောင်း ပြောမလို့ပါ၊ အလျင်မလိုဘူး။ ငါတို့ စားရင်းပြောလို့ရတယ်။"

အခန်းထဲက လေထုက နွေးထွေးသည်။

တင်းဝမ်ရွှမ်းက ပေါင်းရသင်းရ ခက်ခဲတဲ့သူ မဟုတ်ဘူးလို့ ရှရှင်းချန် ခံစားမိပြီး ခုနက ဖွင့်ဟစကားပြောမှု ပြီးသွားကတည်းက သူ တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်သွားတော့သည်။ သူတို့ စားလိုက် စကားပြောလိုက် လုပ်နေရင်းနှင့် တင်းဝမ်ရွှမ်း Baijiu (တရုတ်အရက်) သောက်တာကို ရှရှင်းချန် အဖော်ပြုပေးလိုက်သည်။

စားသောက်ပြီးသွားချိန်တွင်တော့ အရက်လွှမ်းမိုးမှုအောက် ရောက်နေသည့် တင်းဝမ်ရွှမ်းတစ်ယောက် သူ့ပါးစပ်ဟကာ ငိုချင်းချညည်းညူတော့သည်။

"ယိုမင်က မင်းအပေါ် တကယ်ကောင်းတာ။"

ရှရှင်းချန် သူ့ကို ငေးကြည့်နေမိသည်။

တင်းဝမ်ရွှမ်း သူ့ကိုခေါင်းကို တစ်ဖက်စောင်းလိုက်သည်၊ သူ့အင်္ကျီကော်လံက တစ်ဖက်ကိုလျော့ရဲကျလာသည်။

"အဲ့ကောင် - သူကလေ တကယ် သူငယ်ချင်းဖြစ်ရဖို့တောင် မလွယ်တဲ့ကောင်၊ ဒီလောက် နှစ်အကြာကြီးသူငယ်ချင်းဖြစ်လာတာတောင် သူ့မှာ ရင်ဖွင့်မပြောပြတဲ့ ကိစ္စတွေ အများကြီး ရှိနေသေးတယ်။"

ရှရှင်းချန် ထိုအကြောင်းကို တွေးကြည့်ရင်း သူ ယန်ယိုမင်ကို မှန်မှန်ကန်ကန် တန်ဖိုးဖြတ်ပြလို့ မရတာမို့ သူ ရေရာမှုမရှိ ဝိုးတိုးဝါးတား ပြောလိုက်မိသည်။

"ကျွန်တော့်အထင်တော့ သူက အရမ်းကြင်နာတတ်တယ်။"

"ကြင်နာတယ်?" တင်းဝမ်ရွှမ်းပုံစံမှာ ထိုကဲ့သို့ ညွှန်းဆိုပြမှုကို ပထမဆုံး ကြားဖူးသကဲ့သို့ပင်။ သူ စားပွဲခုံကို လက်ဖြင့် တောက်နေသည်။

"ငါတို့ အရင်တုန်းက တွေ့ဖူးတဲ့သူတွေ - များသောအားဖြင့် သူတို့ သူ့အကြောင်း ပြောပြီးဆို သူက ခပ်တန်းတန်းနေတယ်ဆိုတာမျိုးပဲ။ အချို့ဆို သူ့က အေးတိအေးစက်နဲ့ဆိုပြီးတောင် ပြောကြသေးတယ်။ သူ့ကို ကြင်နာတယ်လို့ပြောတာ ဒီလောက်နှစ်တွေအကြာကြီးထဲ မင်းကလွဲပြီး တစ်ယောက်ပဲရှိ -"

သူ ရုတ်တရက် စကားရပ်သွားသည်၊ သူ့နှာခေါင်းယားယံလာ၍ ဖြစ်နိုင်သည်။ သူ လက်မြှောက်ကာ နှာခေါင်းကိုကာထားရင်း နှာချေလိုက်သည်။

ရှရှင်းချန် စားပွဲပေါ်မှ တစ်သျှူးတစ်ခု ယူပြီး သူ့ကို လှမ်းပေးလိုက်ပြီး ဆက်ပြောဖို့ကို ပြင်းပြင်းထန်ထန်တောင့်တနေမိသည်။

သို့ပေမယ့် တင်းဝမ်ရွှမ်း သူ့ပါးစပ်ကို တစ်သျှူးနှင့် သုတ်ပြီး "ကျေးဇူး"လို့ ပြောပြီးချိန်တွင်တော့ အခုနက ပြောနေသည်ကို မေ့သွားပုံပေါ်သည်၊ ဆက်ပြောခြင်းမရှိတော့။

ရှရှင်းချန်မှာ ရွေးချယ်စရာမရှိ မေးခွန်းတစ်ခုဖြင့် အစဖော်လိုက်ရသည်။

"ဒါရိုက်တာတင်း၊ ခင်ဗျားပြောတာ ကျွန်တော့်အပြင်ရှိသေးတယ်ဆိုတာ ဘယ်သူများလဲ။"

တင်းဝမ်းရွှမ်း သူ့ကို အနည်းငယ် ထူးဆန်းသယောင် ကြည့်လာပြီး ပြောလိုက်သည်။ "ဘယ်သူကလဲ။သေချာပေါက် သူ့မိန်းမပေါ့။ ယွမ်ကျင့်လည်း သူက ကြင်နာတယ်ဆိုပြီး ပြောလေ့ရှိတယ်။"

ထိုနာမည်ကို ကြားချိန်မှာတော့ ရှရှင်းချန် ရုတ်တရတ်ဆိုသလို အသက်ရှုရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်ထဲက သွေးများလည်း ချက်ချင်းခြောက်သွေ့ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ ခဏအတွင်းမှာပဲ သူ့ရင်ဘတ်သို့ ပျံ့ကျဲသွားသည့် အေးစက်မှုများက သူ့လက်ချောင်းထိပ်များအထိ ရောက်လာမို့ သူ လက်များကို စားပွဲအောက်သို့ချထားလိုက်ရသည်၊ သူ့တုန်လှုပ်နေသော လက်ချောင်းများကို တင်းဝမ်ရွှမ်း မြင်သွားမှာ သူကြောက်မိသည်။

သူ အံကြိတ်ရင်း မေးလိုက်မိသည်။ "သူတို့ အခုလက်တလော ဆက်ဆံရေးကော အဆင်ပြေကြရဲ့လား။"

တင်းဝမ်ရွှမ်း ပြန်ဖြေသည်။ "ငါ မသိဘူး၊ သိပ်တော့ မဆိုးလောက်ပါဘူး။ ဒီတိုင်း ဒီကြားထဲ ငါ သူတို့နှစ်ယောက်ကိုညစာအတူစားရအောင်ဆိုပြီး မချိန်းဖြစ်တာ အတော်ကြာပြီမို့။"

ထို့နောက် တင်းဝမ်ရွှမ်း ဘာတွေဆက်ပြောသလဲဆိုတာကတော့ ရှရှင်းချန် သေသေချာချာ မှတ်မိနေခြင်း မရှိတော့။

ထိုညက ရှရှင်းချန် ပြန်ရောက်ချိန်တွင် သူ ရေချိုးပြီးနောက် ညဝတ်အင်္ကျီ ဝတ်ထားရင်း အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်နေမိသည်။ သူ့ဖုန်းကိုတော့ သူ အရှေ့မှာ ချထားပြီး အချိန်ကြာအောင် ငေးကြည့်နေမိပေမယ့်လှမ်းပြီး မထိရဲ။

ယဉ်ကျေးမှုအရဆိုရင်တောင်မှ သူ ယန်ယိုမင်ကို ဖုန်းခေါ်တာဖြစ်ဖြစ်၊ စာပို့တာဖြစ်ဖြစ် လုပ်ပြီး စစ်ဆေးပွဲရလဒ်ကိုပြောပြကာ ကျေးဇူးတင်ကြောင်းကို ဖော်ပြပေးရမည်ဖြစ်သည်။ တကယ်တော့ ထိုအရာက လုံလောက်သည်ဆိုတာထက်ပင် လိုသေးသည်။ ယန်ယိုမင်က သူ့ကို အများကြီး ကူညီပေးခဲ့တာမို့ ညစာဖိတ်ကျွေးရင်တောင် ပိုသည်ရှိမှာမဟုတ်။

သို့ပေမယ့် သူ မလုပ်နိုင်သလို လုပ်လည်း မလုပ်ရဲ။

ယန်ယိုမင်က သူ့အတွက်တော့ အဆုံးအဆမဲ့သည့် အသူရာချောက်နက်တစ်ခုဖြစ်သည်။ သူ အရှေ့ကို တစ်လှမ်းလှမ်းမိရင်တောင် ပြန်လာနိုင်ခြင်း မရှိတော့မှာကို ကြောက်ရွံ့နေမိသည်။ ယန်ယိုမင်က ဘာလို့ သူ့အပေါ် အရမ်းကောင်းပေးနေလဲဆိုတာ သူမသိ၊ ဒါပေမယ့် သူကတော့ ဒီလို ဆက်မလုပ်သင့်နေမှန်း သူသိသည်။ ထို့အပြင် ကိစ္စများကို ရှင်းရှင်းလင်းလင်း အဆုံးသတ်လိုက်တာ သူ့အတွက် တကယ်ကို ပိုကောင်းလိမ့်မည်။

ရှရှင်းချန် ယန်ယိုမင်ကို ဆက်သွယ်လို့ရနိုင်သည့် အချက်အလက်များအကုန် ဖျက်လိုက်သည်။ သူ ဖုန်းကို ဘေးပစ်ချပြီး နဖူးပေါ် လက်တင်ထားရင်း အိပ်ရာပေါ် ပစ်လှဲလိုက်သည်။

သူ ကြင်နာတော့လည်း ဘာဖြစ်လဲ၊ ယန်ယိုမင်ရဲ့ ကြင်နာမှုတွေ အကုန်လုံး သူတစ်ယောက်တည်း အပိုင်ရ ထားတာမှ မဟုတ်တာ - မဟုတ်ဘူး၊ ထိုသူရဲ့ကြင်နာမှုတွေက အစကတည်းက သူ့ပိုင်ဆိုင်မှု မဟုတ်ဘူးလို့ သူပြောသင့်တာ။ သူ အရမ်းလောဘကြီးနေမိခဲ့တယ်။

ရှရှင်းချန် လက်မြှောက်ပြီး သူ့မျက်လုံးများကို ဖိပွတ်လိုက်သည်၊ သူ့မျက်လုံးများက အနည်းငယ် နီရဲနေသည်။ အနည်းငယ် နီရဲနေရုံသာ၊ ထိုမျှသာ။

ဇာတ်ကား၏ခေါင်းဆောင်ဇာတ်လိုက်နေရာများက အပြီးသတ် ရွေးချယ်ရခြင်း မရှိသေး။ ထို့အပြင် ထုတ်လုပ်ရေးမတိုင်ခင် ပြင်ဆင်မှုများကလည်း အချိန်အနည်းငယ် ယူဦးမှာမို့ ရှရှင်းချန် ရိုက်ကူးရေးမစခင် နှစ်လ၊ သုံးလလောက် အားလပ်ရက် ရနေသေးသည်။

သူ ပါဝင်ခဲ့သည့် Variety showက အလွန်ကောင်းသည့် တုန့်ပြန််မှုများ ရရှိထားပြီး လိုင်းပေါ်မှာလည်း လူပြောများကြတာမို့ ရှရှင်းချန်အတွက် ပရိသတ်အသစ်များ ဆွဲဆောင်ရရှိလေသည်။ ကုမ္ပဏီကလည်း 'အချိန်ရှိခိုက် လုံလစိုက်' ဆိုသည့် အတွေးနှင့် ရှရှင်းချန် ဇာတ်ကားမရိုက်ခင် အချိန်အပိုင်းအခြားအတွင်း Variety showများဆက်တိုက်သွားစေတော့သည်။

ဒါက နှစ်ကုန်ခါနီးလည်း ဖြစ်နေတာမို့ Fashion ပွဲများ၊ ဆုပေးပွဲ အခမ်းအနားများက တစ်ခုပြီးတစ်ခု ကျင်းပလျက်ရှိနေသည်။ ရှရှင်းချန်က အကြီးမားဆုံးသော ပြည်တွင်း ရုပ်ရှင်ဒရမ်မာ ဆုပေးပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်သူအဖြစ် စင်ပေါ်တွင် သီချင်းဆိုပေးရန်ဟူသည့် ဖိတ်ကြားချက်ကို လက်ခံရရှိထားပြီး သူက ချင်းရွှဲယွဲ့နှင့်အချစ်သီချင်းတစ်ပုဒ် သီဆိုရမည် ဖြစ်သည်။

ထိုဖိတ်ကြားလွှာကို လက်ခံရရှိချိန်၌ ရှရှင်းချန် ဟွမ်းကျီစင်းအား ညည်းတွားပြောဆိုတော့သည်။

"ကျွန်တော်က ဘာလို့ ဒီပရိုဂရမ်အတွက် သွားဖျော်ဖြေပေးရမှာလဲ၊ အနည်းဆုံးတော့ ကျွန်တော့်ကိုဆုပေးသင့်တယ် မဟုတ်ဘူးလား။"

ဟွမ်းကျီစင်း သူ့အား ပျင်းတိပျင်းရွဲ့ ပြန်ဖြေပေးလိုက်သည်။ "မင်းကို ဆုပေးလိုက်ရင် အင်တာနက်ပေါ်မှာ မင်းအဆူခံထိမှာ ကြောက်လို့ နေမှာပေါ့။"

ရှရှင်းချန်မှာ ပို၍ပင် စိတ်ညစ်သွားတော့သည်။

ဟွမ်းကျီစင်း ပြောလိုက်သည်။ "ဒါ သူတို့ရိုက်တဲ့ Variety Showကို လူပိုသိအောင် ကြေငြာဖို့လုပ်တာပဲ၊ ပြီးတော့ အဲ့ဒါကလည်း ဒီTV station က လုပ်တဲ့ Variety showလေ။"

ရှရှင်းချန် ဆိုဖာပေါ်လှဲနေရင်း ခေါင်းဘေးစောင်းလိုက်သည်။ "ကျွန်တော် တကယ်မသွားချင်ဘူး။"

အကြောင်းအရင်းမှာ သူ မနေ့ညက လိုင်းသုံးနေစဉ်အတွင်း ယန်ယိုမင်က ထိုဆုပေးပွဲသို့ ဂုဏ်ကျက်သရေရှိဧည့်သည်တော်အဖြစ် တက်ရောက်ပေးရန် ဖိတ်ကြားခြင်း ခံထားရသည်ဟူသည့် ပေါက်ကြားလာသည့် သတင်းအချို့ကို မြင်လိုက်ခြင်းကြောင့်ပင်။ သူ ယန်ယိုမင်နှင့် တွေ့ဆုံရမှာကို ကြောက်နေသည်။

ဟွမ်းကျီစင်းက တိတ်ဆိတ်နေသည်။

ရှရှင်းချန် မော့ကြည့်ချိန်တွင်တော့ သူက ဆိုဖာပေါ် ထိုင်နေရင်း အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ဖုန်းကိုဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရှရှင်းချန် သူ့ရှည်လျားသည့် ခြေထောက်ကို ဆန့်ထုတ်ကာကန်လိုက်သည်။

"ဘာဖြစ်နေတာလဲ။"

ဟွမ်းကျီစင်း တစ်ဖက်လှည့်လာပြီး ရှရှင်းချန်ကို ကြည့်ကာ ယုံရခက်နေပုံဖြင့် ပြောလာသည်။

"ယန်ယိုမင်နဲ့ ယွမ်ကျင့် ကွာရှင်းလိုက်ကြပြီတဲ့။"

KittyKitling

T/N : လက်တွေတောင် တုန်တယ်၊ ဒီတစ်ပိုင်းကို စာTypeရတာ

Kit ဒီကြားထဲ Rileyကိုတောင် ပြောနေတာ Ch61ကို အမြန်ရောက်ချင်နေပြီဆိုပြီး၊ ဆိုတော့ကား သုံးရက်ဆက်တိုက်Update ဖြစ်သွားတယ်ပေါ့၊ ခွိ တန်ပါတယ် .. တန်ပါတယ် ><

အဲ့တော့ ..!

ဘယ်လိုခံစားချက် ရလဲ!! ရှိသမျှ တွေးသမျှ အကုန် ပြောပြကြပါလို့ .. ><

တကယ်ကြီး ဒီအပိုင်းကို ဖတ်ပြီး ခံစားရတဲ့ ခံစားချက်ကကွာ ဘယ်လိုဆိုပြီး ပြောပြစေချင်မိတာပါ။

Ch62ကိုတော့ Cliffhanger ဆိုတဲ့ ချိတ်နဲ့ ချိတ်ထားခဲ့ပါ့မယ် ^^ By-e!

Продолжить чтение

Вам также понравится

Over My Dead Body Rebelle Fleur

Любовные романы

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...