ရှရှင်းချန် အိပ်မပျော်သည့် ညများ ဆက်လာတာမို့ ညရောက်မှာကိုတောင် ကြောက်လာသည်။
သူ အိပ်ရာထဲ လှဲမအိပ်ခင်, အကယ်၍ သူများ ညလယ်ခေါင် နိုးလာပြီး အိပ်မရတော့ရင် ဘာလုပ်ရမလဲဟု တွေးနေမိတော့သည်။ သူ အိပ်မရတဲ့ ညများ ရှည်ကြာလာပါက သူ့စိတ်အခြေအနေကိုပါ ပို ပိုဆိုးဝါး လာမလားဟု တွေးကာ စိတ်ပူနေတော့သည်။
ရှရှင်းချန် ဒါက စိတ်ပိုင်းဆိုင်ရာ အကြံပေးချက်တစ်ခုသာ ဖြစ်တာကို သိနေပေမယ့်လည်း သူ၏ စိုးရိမ်မှုကို မဖယ်ရှားနိုင်သေး။
ရေချိုးပြီးချိန်၌ ရှရှင်းချန် သူ့ရေချိုးဝတ်ရုံလေးနှင့် အိပ်ယာပေါ် ထိုင်ချပြီး သူ့လက်တော့ပ်ထဲမှ စိတ်တည်ငြိမ်အေးချမ်းစေသည့် သံစဉ်များ ဖွင့်လိုက်သည်။ ဒါက သူ့ကို အကူအညီဖြစ်စေပါ့မလားတော့ သူ မသိ၊ သို့ပေမယ့် သူကြိုးစားကြည့်ချင်သေးသည်။
သီချင်း သံစဉ်ဖွင့်ပြီး မကြာခင်မှာပဲ ရှရှင်းချန် သူ့အခန်းတံခါး လာခေါက်သံကို ကြားလိုက်ရသည်။ သူ အခန်းတံခါး သွားဖွင့်ပေးချိန်တွင် တံခါးပေါက်တွင် ရှောင်းတန် ရပ်နေတာကို တွေ့လိုက်ရသည်။
အထုတ်များကို လက်နှစ်ဖက်လုံးတွင် သယ်ထားပြီး ရှောင်းတန် အခန်းထဲသို့ လိုက်ဝင်လာပြီး ပြောလိုက်သည်။
"ရှင်းကော၊ ကျွန်တော် အစ်ကို့အတွက် နွားနို့ပူပူလေး တစ်ခွက် ယူလာတယ်။"
ရှရှင်းချန် သူ့ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "မင်း ဘယ်နားက နွားနို့ပူတစ်ခွက် ရလာတာလဲ။"
ရှောင်းတန် သူပါလာတဲ့ ပစ္စည်းများကို TV စားပွဲခုံပေါ် တင်ပြီး ရှရှင်းချန်ကို အပူခံ ဓာတ်ဘူးကို လှမ်းပေးကာ"ကျွန်တော် ဟော်တယ်က လူတစ်ယောက်ကို နွေးခိုင်းလိုက်တာ။"
ရှရှင်းချန် ထိုဘူးကို လှမ်းယူလိုက်သည်။ သူ ခဏငုံ့ကြည့်ပြီး ရှောင်းတန်ကို ပြန်ကြည့်ကာ - "ဘာလို့ နွားနို့ပူ လာပေးတာလဲ။"
ရှောင်းတန် ပြုံးလိုက်သည်။ "သူတို့ပြောတာတော့ နွားနို့ပူသောက်ရင် အိပ်ပျော်မြန်တယ်တဲ့။"
ရှရှင်းချန် ရှောင်းထန်ကို ငှါးထားသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ရှောင်းတန်က အရိပ်အကဲ မြန်မြန်သိသူ မဟုတ်မှန်း သူသိသည်။ သူ ရှောင်းတန်ကို အိပ်မရ ဖြစ်နေကြောင်းကို တစ်ခါမှ မပြောဖူး။ ထို့အပြင် ရှောင်းတန်ကလည်း ထိုကိစ္စကို သတိထားမိမှာတောင် မဟုတ်၊ ဘာလို့များ သူက ဒီနွားနို့ပူကို ပြင်ဆင်လာနိုင်မှာလဲ။ သူအိပ်မရဖြစ်နေတဲ့ ကိစ္စကို သိသူမှာ ယန်ယိုမင် တစ်ယောက်သာ။
"မင်ကောက မင်းကို နွားနို့ပူ ငါ့ဆီ လာပို့ခိုင်းလိုက်တာလား။"
ရှရှင်းချန် ဓာတ်ဘူးအဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အပူငွေ့များက သူ့မျက်နှာကို လာရိုက်တော့သည်။
ရှောင်းတန် ရှက်သွားသလိုလေး ရယ်လာသည်။ "မင်ကောက ကျွန်တော့်ကို ပို့ခိုင်းလိုက်တာ။ ပြီးတော့ ဘာမှ မပြောဖို့လည်း မှာလိုက်သေးတယ်။"
ရှရှင်းချန် အပူခံ သာမိုခွက်ထဲမှ နည်းနည်းလေး ဆူပွက်သလို ဖြစ်နေသည့် နွားနို့အား ငေးကြည့်ပြီး အတွေးနွံထဲနစ်နေတော့သည်။ ထို့နောက် သူ တစ်ငုံ သောက်လိုက်ပြီး အပူချိန်က အနေတော်ပဲဆိုတာ သိလိုက်ရသည်။ သူ နွားနို့သောက်နေရင်းနှင့် TV ခုံဘက် လျှောက်သွားပြီး ရှောင်းတန် ယူလာသည့် ပစ္စည်းများကို ကြည့်လိုက်သည်။
ရှောင်းတန် ယူလာသည့် အထဲတွင် အမွှေးဆီ ထည့်လို့ရသည့် လျှပ်စစ် ပုလင်းနှင့် လာဗင်ဒါ အမွှေးဆီ ဗူးသေးလေးလည်း ပါတာကို တွေ့လိုက်ရသည်။
"ဒါတွေ အကုန် မင်ကော မင်းကို ယူလာခိုင်းတာလား။" ရှရှင်းချန် ရှောင်းတန်ဘက် လှည့်ပြီး မေးလိုက်သည်။
ရှောင်းတန် ခေါင်းညိတ်ပြသည်။ "ယွမ်ကျဲက လာတွေ့ဖို့ ကျွန်တော့်ကို ဖုန်းခေါ်ပြီး ဒါတွေ အကို့ကို ပေးခိုင်းလိုက်တယ်။"
ရှောင်းတန် တွန့်ဆုတ်နေပြီးမှ ဆက်ပြောသည်။
"ရှင်းကော၊ မင်ကောကို ကျွန်တော်က အစ်ကို့ကို ပြောပြလိုက်တယ်လို့ ပြန်မပြောပါနဲ့နော်။"
ရှရှင်းချန် ပြောလိုက်သည်။ "ငါသိတယ်။ ပြန်နားတော့။"
ရှောင်းတန် ထွက်သွားပြီးနောက် အခန်းထဲတွင် ရှရှင်းချန် တစ်ယောက်သာ တစ်ဖန် ပြန်ကျန်ခဲ့တော့သည်။
အပူခံ သာမိုခွက်ထဲတွင် နွားနို့ တစ်ဝက်လောက်သာ ကျန်တော့သည်။ သူ ပြတင်းပေါက်အစွန်းလေးတွင် သွားထိုင်လိုက်ပြီး နွားနို့အား တစ်ငုံ ထပ်ငုံလိုက်သည်။ ဘာလို့မှန်း မသိ သူ ကုန်သွားမှာကို နှမြောနေမိသည်။ နွားနို့တွင်လျှာဖျားနှင့် ထိတုန်းသာ ခံစားရသည့် ချိုမြိန်မှု တစ်ခုရှိသည်။ သို့သော် ရှရှင်းချန်ကတော့ ထိုချိုမြိန်မှုလေးက မြိုချပြီး ကိုယ်ထဲ ရောက်သွားတာတောင် ကျန်ရစ်နေဆဲဟု ခံစားနေရသည်။
သူ နွားနို့သောက်ပြီးချိန်တွင် ရှရှင်းချန် အလင်း တိုးကာ အမွှေးဆီ ထည့်သည့် လျှပ်စစ် ပုလင်းတွင် ပါသည့်အသုံးပြုပုံအား သေချာ ဖတ်လိုက်ပြီးနောက် ရေချိုးခန်းထဲ ဝင်ကာ ထိုဘူးအား ရေဖြည့်လိုက်သည်။ သူ့ အိပ်ယာဘေး စားပွဲပေါ်တွင် တင်ပြီး လာဗင်ဒါ အမွှေးဆီ အစက် အနည်းငယ် လောင်းချကာ ပလပ်ထိုးပြီး ခလုတ် ဖွင့်လိုက်သည်။
ထိုလျှပ်စစ် ပုလင်းသည် ကျယ်ကျယ်လောင်လောင် အသံများ မထွက်။ ခဏအကြာမှာတော့ သူက လာဗင်ဒါ အနံ့နှင့် အငွေ့လေးများ ထုတ်ပေးလာတော့သည်။
သူ စားပွဲခုံဘေးမှ ကြမ်းပြင်ပေါ် ထိုင်ရင်း အငွေ့များ ပျံ့နှံ့နေတာကို မှင်သက်သက်လေး ကြည့်နေမိသည်။ သူ့ဘဝက အမြဲ ကြမ်းတမ်းနေခဲ့တာမို့ သူ့အိမ်တွင် ဒီလို အထူးကောင်းမွန်လှသည့် ပစ္စည်း သေးသေးလေးများ ပိုင်ဆိုင်ခြင်း မရှိခဲ့။ သူ့မှာ ရှိခဲ့ရင်တောင် သူ မသုံးဖြစ်လောက်။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ ဘာမှ မလုပ်နေချင်။ ခဏကြာရင် တစ်ခါ၊ သူ လက်ကို ဆန့်ထုတ်ကာ ထွက်လာနေသည့် အငွေ့ပေါ် ဖြန့်ထားရင်း သူ့လက်ဖဝါး စိုစွတ်လာတာကို ခံစားနေလိုက်သည်။ ပြီးနောက် သူ့လက်ကို ပြန်ရုတ်ကာ နှာခေါင်းနား ကပ်ကာ လာဗင်ဒါအနံ့လေးကို ရှုရှိုက်ကာ နေသည်။
-
-Script Mood-
ယွီဟိုင်ယန် ရွှေ့ပြောင်းရတော့မည်။ ရွှေ့ပြောင်းခြင်း ဆိုရာတွင် အိမ်ပြောင်းတာ တစ်ခုတည်း မဟုတ်၊ နွေရာသီအဆုံးတွင် သူ့အရင် အလုပ်နေရာကိုပါ ပြန်ရွေ့ပြောင်းရမည် ဖြစ်သည်။ ဒီမြို့ရှိ သူ့အလုပ်မှာ ယာယီ ခဏတာ ရွေ့ပြောင်းရခြင်းသာ ဖြစ်သည်။
ယွီဟိုင်ယန် မထွက်သွားခင် မာမားဖန်းက လက်ထပ် စုံတွဲလေးအတွက် အစားအစာများ ချက်ကျွေးလိုက်သည်။ မာမားဖန်းက အခုမှ ပြန်နေကောင်းကာစမို့ ယွီဟိုင်ယန်က မချက်ကျွေးဖို့ ငြင်းဆိုပေမယ့်လည်း သူမက မနက်အစောကတည်းက ဝယ်စရာရှိတာများ ဝယ်ဖို့ စျေးသို့ ထွက်သွားသည်။ အဲ့ဒါကြောင့် ထိုနေ့လည်ပိုင်းတွင် ယွီဟိုင်ယန်နှင့်ရွှီကျားက မာမားဖန်ကို ညစာ ချက်ပြုတ်ရာတွင် ကူညီပေးလိုက်ကြသည်။
ဖန်းကျန်းယွမ်ကတော့ ကုန်စုံဆိုင်ထဲမှာ ထိုင်နေပြီး ကြုံရာစာအုပ်ကို ဖတ်နေသည်။ သူ စိတ်ကူးယဉ်ဆန် အတွေးများ ခဏလောက်ပဲ ဖြစ်ဖြစ် ဆက်မတွေးမိနေရန် တစ်ခုခု လုပ်နေဖို့ လိုသည်။
စားဖို့ အချိန် မရောက်ခင်အထိ ဖန်းကျန်းယွမ် နေရာမှ မရွှေ့။
ယွီဟိုင်ယန် မီးဖိုချောင်ထဲမှ ထွက်လာပြီး သူ့အား လာခေါ်သည်။ "ရှောင်းယွမ်၊ စားဖို့ အချိန်ရောက်ပြီ။"
ဖန်းကျန်းယွမ် သူ့ဘောပင်ကို ချပြီး ကောင်တာဘေးမှ ထွက်ကာ ဆိုင်ပိတ်လိုက်သည်။
ယွီဟိုင်ယန်လည်း သူ့အား သွားကူလိုက်သည်။ သူ သစ်သားတံခါး ပိတ်ဖို့ လှမ်းလိုက်ချိန်တွင် သူ့လက််များက ဖန်းကျန်းယွမ် လက်များနှင့် ထိသွားသည်။ ဖန်းကျန်းယွမ် သူ့လက်ကို ချက်ချင်း ပြန်ရုတ်ပြီး ယွီဟိုင်ယန်နှင့် အကွာအဝေး တစ်ခုခြားလိုက်သည်။
ဖန်းကျန်းယွမ် ပါးစပ်မှ ဘာစကားမှ ထွက်မလာပေမယ့် သူ့မျက်နှာ အမူအရာကတော့ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။
မီးဖိုချောင်ထဲမှာတော့ လူလေးယောက်က လေးထောင့် စားပွဲတွင် ဝိုင်းဖွဲ့၍ ထိုင်လိုက်ကြသည်။
မာမားဖန် သက်ပြင်း ဖွဖွ ချကာ ပြောသည်။ "အိုင်း, ရှောင်းယွီ၊ မင်း ဒီမှာ နေတာတောင် မကြာသေးဘူး။ မင်းက ပြန်ရတော့မယ်တဲ့။"
ယွီဟိုင်ယန် ပြောလိုက်သည်။ "အလုပ်အရ ပြောင်းရတာမို့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူးရယ်။ ဒါပေမယ့်ချုန်းဖုန်းနဲ့ ဒီက သိပ်မဝေးပါဘူး။ ကျွန်တော် မကြာခဏ နှစ်ယောက်လုံးကို တွေ့ဖို့ လာလည် ပါမယ်။"
ထိုစကားကို ကြားသောအခါ မာမားဖန်း ဘာမှ မပြောပဲ ပြုံးသာ ပြုံးလိုက်သည်။ သူမအတွက်တော့ ထိုစကားများက ကြားကောင်းအောင် ပြောသင့် ယဉ်ကျေးစကားများသာ။ အဝေးမှာ နေတဲ့ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေတောင် သူတို့ဆီ တစ်နှစ်တစ်ခါ လာမလည်တာ အချိန် ခဏလေးပဲ နေသွားတဲ့ အခန်းငှါးသူဆို ပိုဆိုးပေါ့။
လက်ထဲတွင် တူကိုင်ထားရင်း ဖန်းကျန်းယွမ် စားစရာ ရှိတာများကို အဆက်မပြတ် စားနေသည့်ပုံပေါ်သည်။ သို့ပေမယ့် သူ ဟင်းပွဲအနည်းငယ်ကိုသာ ရွေးပြီး သူ့ပါးစပ်ထဲ အမူအရာမဲ့စွာ ထိုးသွင်းနေခြင်းသာ။
ယွီဟိုင်ယန် ညာဘက်လက်က ထူထပ်သော ပတ်တီးများ ပတ်စည်းထားခြင်းကို ခံထားရသည်။ သူသာ ပတ်တီးကိုဖြည်ချလိုက်ပါက ကိုက်ရာကို မြင်နေရမှာမို့ သူ အပြည့်အစုံ ပျောက်သွားမယ့် အချိန် မရောက်ခင်အထိ မဖြည်ရဲ။သူ တူကို ဘယ်ဘက်လက်ဖြင့် ကိုင်ပြီး ဖန်းကျန်းယွမ် ပန်းကန်ထဲ ငါးဖက် တစ်ဖက်ကို ကို့ယို့ကားယားနိုင်စွာ ထည့်ပေးလိုက်သည်။
ဖန်းကျန်းယွမ် သူ့ကို မော့မကြည့်၊ သူ့ပန်းကန်ထဲမှ ငါးဖက်ကိုလည်း ဒီအတိုင်းသာ ထားထားပြီး ထိချင်စိတ်မရှိ။
မာမားဖန် ပြောလိုက်သည်။ "ရှောင်းယွမ်လည်း ကျောင်းပြန်စတော့မှာ၊ သူလည်း ချုန်းဖုန်းကို ပြန်သွားရတော့မယ်။"
"ခဏနေကျ ကျွန်တော့်အိမ်ဖုန်းနံပါတ်ကို ရှောင်းယွမ်ဆီ ထားခဲ့မယ်။ သူ့ကျောင်းမှာ ကိစ္စ တစ်ခုခု ဖြစ်လာရင် ကျွန်တော့်ကို ဖုန်းဆက်ခေါ်လို့ ရတာပေါ့။" ယွီဟိုင်ယန် ပြောလိုက်သည်။
ရွှီကျားက ဖန်းမိသားစု၏ အမေနှင့်သားကို မရင်းနှီးတာမို့ စကားအများကြီး ဝင်ပြောခြင်းကို ရှောင်ပြီး တိတ်တိတ်ဆိတ်ဆိတ်လေးသာ စားနေသည်။
မာမားဖန်ကတော့ သူ မသိကျိုးကျွန် ပြုမိမှာ ဆိုးတာမို့ ယွီဟိုင်ယန်ကို ပြောလိုက်သည်။
"ရှောင်းယွီ၊ မင်း ဇနီးအတွက်လည်း ဟင်းတွေ ထည့်ပေးလိုက်ဦး။ မင်းတို့ နှစ်ယောက်လုံး ငါ ရှိနေလို့ ဆိုပြီး အားနာစရာ မလိုဘူး။"
ယွီဟိုင်ယန် ဝက်သားဖက် တစ်ဖက်နှင့် မျှစ်ကို ရွှီကျား ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ရွှီကျား ပြောလိုက်သည်။ "ကျွန်မ မျှစ် မစားဘူး။"
သူမ ပန်းကန်ထဲမှ မျှစ်ကို ယူပြီး ယွီဟိုင်ယန် ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်သည်။ ထို့နောက်တွင်တော့ သူမ ယွီဟိုင်ဟန်ကို လုံးဝ ဂရုစိုက်မနေတော့။ ထမင်းစားနေချိန်အတွင်းမှာ သူမ မာမားဖန်းနှင့်သာ အိမ်အခြေအနေ ကိစ္စများကို စကားစမြည် ပြောနေလိုက်သည်။
ယွီဟိုင်ယန်အတွက် ဘယ်လက် သုံးပြီး ထမင်းစားရသည်မှာ အဆင်မပြေ၊ သို့ပေမယ့် ရွှီကျားက သတိမထားမိသလိုသာ နေနေသည်။
ဖန်းကျန်းယွမ် တစ်ယောက်တည်းကသာ ယွီဟိုင်ယန်၏ ပုံစံမကျကာ ကို့ယို့ကားယာဖြစ်နေသည့် တူကိုင်ပုံကိုခဏခဏ လှမ်းကြည့်နေမိသည်။ ထို့နောက်တွင်တော့ သူ စိတ်မဝင်စားသလို အကြည့်လွှဲပြီး ထမင်း ဆက်စားလိုက်သည်။
မာမားဖန်က ဖန်းကျန်းယွမ်ကို ဘီယာ သွားယူဖို့ ခိုင်းချင်ပေမယ့် သူမ ယွီဟိုင်ယန်၏ ဖျောင်းဖျတားမြစ်ခြင်းကို ခံလိုက်ရသည်။ သူမခန္ဓာကိုယ်က ခွဲစိတ်ပြီး အခြေအနေမှာ လုံးဝ ပြန်ကောင်းသေးတာ မဟုတ်တာရယ်၊ ယွီဟိုင်ယန်လက်ကလည်း ဒဏ်ရာ ရထားမို့ရယ်၊ ကျန်သူမှာ ရွှီကျားနှင့် ဖန်းကျန်းယွမ်တို့သာ ဖြစ်တာမို့ ဘီယာ သောက်လို့ မရတော့။
"အိုင်းး -" မာမားဖန်း သက်ပြင်းချလိုက်သည်။ "မင်းကဖြင့် မကြာခင် ထွက်သွားရတော့မယ်။ ငါက မင်းနဲ့တောင်မသောက်ပေးလိုက်နိုင်ဘူး။"
ပြုံးပြီး ယွီဟိုင်ယန် ပြောလိုက်သည်။ "အနာဂတ်မှာ အတူသောက်ဖို့ အခွင့်အရေးတွေ ရှိလာမှာပါ။"
ညစာ စားပြီးချိန်မှာတော့ ရွှီကျားက မာမားဖန် စားပွဲရှင်းတာနှင့် ပန်းကန်ဆေးခြင်း လုပ်ငန်းကို ကူပေးလိုက်သည်။
ဖန်းကျန်းယွမ်ကတော့ ဒုတိယထပ်ကို တပ်တော့မယ့် လှေကားနားတွင် ယွီဟိုင်ယန် လှမ်းတားခြင်းကို ခံလိုက်ရသည်။
လှေကားဘေးမှ မီးများက မဖွင့်ထား။ အပြင်မှ မီးအလင်းရောင်များကသာ ပြတင်းပေါက်ကို ဖြတ်ပြီး ထိုးကျနေသည်။
ယွီဟိုင်ယန် ဖန်းကျန်ယွမ်အား ပြောလိုက်သည်။
"ရှောင်းယွမ်၊ ကိုယ် သွားရတော့မယ်။"
ဖန်းကျန်းယွမ် ရုတ်တရက် ယွီဟိုင်ယန် သူ့ပန်ကာအား အောက်ထပ်မှ အပေါ်ထပ် အထိ ကူသယ်ပေးခဲ့တဲ့ ညကို ပြန်အမှတ်ရလာတော့သည်။ "ကိုယ့်ကလေးလေး စိတ်ဆိုးရတာ ကိုယ့်အမှားပဲ"ဟု ပြောခဲ့သည်မှာ ဒီနေရာတွင်ဖြစ်သည်။
ချက်ချင်းဆိုသလို သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာတော့သည်။
KittyKitling
[T/N : မတွေ့ရတာ တကယ် တကယ်ကြီးကို ကြာပါပြီ TT .. အလုပ်ရှုပ်နေတယ်ဆိုတာထက် ပြဿနာတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတော့ ခဏလေး အနားယူမိသွားတယ်။
အဓိက ကတော့ Riley .. အခြား ပြန်နေတဲ့ စာအုပ်နှစ်အုပ်ကို Updateသေချာ လုပ်ပြီးမှ ဒီကို ပြန်လာဆိုတော့ ထင်ထားတာထက်လည်း ကြာသွားတယ် TT
Update လေးကို လွမ်းနေမလားတော့ မသိပေမယ့် တကယ် အကုန်လုံးကို သတိရနေမိပါတယ် UwU >< ]
Double Update ဆိုပေမယ့်လည်း ညနေ မတင်ခင်လေး -
"ဇာတ်ကောင် ယွီဟိုင်ယန်ကို ဇာတ်ကောင် ဖန်းကျန်းယွမ်က ဘာပြန်ပြောမယ်လို့ ထင်လဲ။
ဇာတ်ကောင် ယွီဟိုင်ယန်ကကော ဘယ်လို စကားကို အကြားချင်ဆုံး ဖြစ်မလဲ။"
.............
Riley - အယ် အယ် အယ် အယ်.... အိုမို အိုမို အိုမိုနော်
အောက်ပိုင်း ဖတ်လိုက်မိလို့တော်သေး
ဝွန်းးးး
အိုင့်ကို လူဇိုးကြီးလို့ မထင်ကြပါနဲ့။ ယူတို့တွေ "ရှောင်ပိုင်ယန်"လေး အပိုင်း များများ ဖတ်ရအောင် ဒီက အိုက်ကိုလေးက ဖင်ကနေ တွန်းတင်ပေးနေတဲ့သဘောပါ။
"ရှောင်ပိုင်ယန်"က My little poplarပါ။